Thursday, May 22, 2014

လက်ဖြင့်​ လိင်စိတ်​ဖျော်​ဖြေမှုလွန်ကဲ၍ ဘရာဇီး​လ်ဆယ်​ကျော်သက် ​သေဆုံး​သွား

Posted by drmyochit Thursday, May 22, 2014, under | 1 comment


ဘရာဇီး​လ်နိုင်ငံမှ ဆယ်​ကျော်သက် လူငယ် တစ်ဦး​သည် လက်ဖြင့်​ လိင်စိတ်​ဖြေ​ဖျောက်မှု လွန်ကဲရာမှ အသက်ဆုံး​ရှုံး​သွား​ကြောင်း​ သိရသည်။
၎င်းသည် ပြီး​ခဲ့​သည့်​လက တစ်ညအတွင်း​ လိင်စိတ်​ဖြေမှု အကြိမ် ၄၀ မျှ ပြုလုပ်ခဲ့​သည်ဟု ယူဆရ​ကြောင်း​ ဆရာဝန်များ​က ခန့်​မှန်း​ခဲ့​သည်။ ရလဒ်အ​နေနှင့်​ ​နောက်တစ်​နေ့​ မနက်လင်း​ချိန်တွင် အသက် ၁၆ နှစ်အရွယ် လူငယ်၏ အ​လောင်း​ကို မိခင်ြ ဖစ်သူက အိပ်ခန်း​ထဲတွင် ရှာ​ဖွေ ​တွေ့​ရှိခဲ့​သည်။

မိခင်က သူမသည် သား​ဖြစ်သူ၏ လွန်ကဲ​သော အ​ခြေအ​နေကို သိရှိ​နေသဖြင့်​ လိင်စွဲလန်း​မှု ကုထုံး​တစ်ရပ် ခံယူနိုင်​စေရန် စီစဉ်​နေ​သော်လည်း​ ​နောက်ကျသွား​ပြီဖြစ်​ကြောင်း​ ဖွင့်​ဟခဲ့​သည်။ ထိုလူငယ်၏ အတန်း​ဖော်များ​က ၎င်းသည် လိင်စိတ်လှုံ့​ဆော်မှု ပြင်း​ပြလွန်း​ပြီး​ အမျိုး​သမီး​များ​ကို ပုံသဏ္ဍန်မ​ရွေး​၊​ အရွယ်မ​ရွေး​ ​တောင့်​တ​နေတတ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

၎င်းသည် မိမိလက်ဖြင့်​ လိင်စိတ်​ဖြေ​နေခြင်း​ကို Webcamမှတဆင့်​ ကြည့်​ရှုရန် အတန်း​ဖော်များ​ကို ဖိတ်​ခေါ်တတ်​သေး​ကြောင်း​လည်း​ သိရသည်။ ၎င်း၏ အခန်း​ထဲတွင် အပြာမဂ္ဂဇင်း​စာအုပ် အများ​အပြား​ကို ရဲများ​က ​တွေ့​ရှိခဲ့​သည်။ ထို့​အပြင် လိင်စိတ်လှုံ့​ဆော်​သော ရုပ်ပုံများ​နှင့်​ ညစ်ညမ်း​ဗီဒီယိုများ​ကိုလည်း​ ကွန်ပျူတာအတွင်း​ ​တွေ့​ရှိခဲ့​ရ​ကြောင်း​ သိရှိရသည်။

Credit: FWD Mail

လူတစ်ယောက်၏ တန်ဖိုး

Posted by drmyochit Thursday, May 22, 2014, under | No comments

(အလွန်းကောင်းတဲ့ အသိပညာပေး ပို့စ်ကောင်းတစ်ခုမို့ ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်)
တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"
" ကျွန်တော် မတတ်ပါဘူး""ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
" ဒါဆိုရင် ခင်ဗျား ကွန်ပျူတာသုံးတတ်သလား"
"စိတ်မကောင်းပါဘူး... ဒါလဲ ကျွန်တော်မတတ်ပါဘူး" ဆရာမှာ ခေါင်းခါပြီး
"သချာင်္မတတ်ရင် လူ့ဘ၀ရဲ့၆ပုံ၂ပုံကိုခင်ဗျားဆုံးရှုံးမယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပျူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"..
"ခင်ဗျားရဲ့ ဘ၀၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ...."
ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။
ထိုအခါ လှေသမားက ဆရာအား
" ခင်ဗျားရေကူးတတ်သလား"ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး
"ကျွန်တော်မကူးတတ်ဘူး တစ်ခါမှ မသင်ဖူးဘူး"ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..
" ဒါဆိုရင် ခင်ဗျားရဲ့ဘ၀၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်"ဟု ပြန်ဖြေခဲ့သည်။
လူတယောက်ဟာ ကိုယ့်ရဲ့အဆင့်အတန်း ကိုယ့်ရဲ့စံချိန်နဲ့အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာပညာရှင်တစ်ဦးပါ။သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပျူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာအဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။
ဒါဟာ ပညာရှင်တွေရဲ့အယူအဆပါ။လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာကသူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။
ဒါပေမဲ့ အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။လှေမှောက်သွားရင်ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။
တပါးသူကို အထင်မသေးပါနဲ့။"ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး... ဒါပေမဲ့ သူဟာ ရိုးသားတယ်... မကောင်းတာကို မကြံစည် တတ်ဘူး။
ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကိုကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ "အရည်အချင်း" သူ့မှာမရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့.....
အဓိက ကတော့ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့ ကြိုးစားပါ။ ကိုယ့်စံနှုန်းနဲ့ သူများကို တိုင်းတာဖို့ မစဉ်းစားပါနဲ့တဲ့......
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
တကယ်တမ်းတော့ တော်တော်မလွယ်လှပါဘူး။
(သီတဂူဆရာတော်ကြီး၏ တရားတော်မှ)
Page ၀န်ဆောင်မှုပေးခြင်းမှ ပြန်လည်မျှဝေပါသည်။
Photo credit: Cute myanmar girls
Credit to ဘ၀စာမျက်နှာ

ရောဂါသုံးမျိုး တိုက်ဖျက်ရေး အမေရိကန်ဒေါ်လာ ၉၁ သန်း 3MDG ထောက်ပံ့မည်

Posted by drmyochit Thursday, May 22, 2014, under | No comments

ရန်ကုန်၊ မေ ၂၁

မြန်မာနိုင်ငံတွင် HIV/AIDS၊ တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၉၁ သန်းကို ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေအဖွဲ့ (3MDG) က သုံးနှစ် စီမံကိန်းချ ထောက်ပံ့သွားမည် ဖြစ်ကြောင်း မေလ ၂၁ ရက်နေ့တွင် 3MDG က ထုတ်ပြန်သည်။

စီမံကိန်းအားလုံးကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ရရှိထားပြီး ဆင်းရဲနွမ်းပါးပြီး သွားလာရ ခက်ခဲသော ဒေသများကို ဦးစားပေး ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း၊ 3MDG က ရွေးချယ်ထားသော စီမံချက်မြို့များကို ယခုနှစ် ဧပြီလမှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ ထောက်ပံ့သွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရောဂါကြီး သုံးမျိုးထဲမှ ရွှေ့ပြောင်းလုပ်သားများကို ခြိမ်းခြောက်နေသော ငှက်ဖျားရောဂါအတွက် အသုံးစရိတ် အများဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၄၂ သန်းကျော် ချထားပြီး HIV/AIDS အတွက် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် သုံးစွဲမည် ဖြစ်ကြောင်း 3MDG က စုံစမ်းသိရှိရသည်။

ယင်းအပြင် သွားလာရ ခက်ခဲသော ဒေသများတွင် တီဘီရောဂါ စစ်ဆေးမှု ဆောင်ရွက်ရန် ကျန်းမာရေး ဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ သုံးသန်းကျော် ကူညီပံ့ပိုးရန် သဘောတူညီပြီး ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း မြို့နယ် ၇၅ ခုတွင် တီဘီရောဂါ ရွေ့လျားစစ်ဆေးမှု အစီအစဉ်များ ဆောင်ရွက်မည် ဖြစ်ကြောင်း မေလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆေးယဉ်ပါး ငှက်ဖျားတိုက်ဖျက်ရေးနှင့် ပြင်းထန်သော ငှက်ဖျားရောဂါရှင်များကို ဆေးရုံ၊ ဆေးပေးခန်းများသို့ လွှဲပြောင်း ပို့ဆောင်သော လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ကို မြို့နယ် ၅၄ ခုတွင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ကိုင်ရန် သဘောတူညီချက် ရရှိပြီးကြောင်း 3MDG ပြန်ကြားရေး တာဝန်ရှိသူများထံမှ သိရသည်။

HIV/AIDS ရောဂါတိုက်ဖျက်ရေးအတွက် မူးယစ်ဆေး သုံးစွဲသူ လေးသောင်းကျော်နှင့် ၎င်းမိသားစုဝင်များကို အသိပညာပေး အစီအစဉ်များ၊ တစ်ခါသုံး ဆေးထိုးအပ်နှင့် ကွန်ဒုံးများ ဖြန့်ဝေရန် စီစဉ်ထားကြောင်း ၎င်းတို့က ဆိုသည်။

3MDG ရန်ပုံငွေ အဖွဲ့ကို ဥရောပသမဂ္ဂနှင့် နိုင်ငံ ခုနစ်နိုင်ငံက ရန်ပုံငွေ ထောက်ပံ့ထားပြီး မြန်မာနိုင်ငံတွင် မိခင်နှင့်ကလေး ကျန်းမာရေး စောင့်ရှောက်ရေးနှင့် ရောဂါသုံးမျိုး တိုက်ဖျက်ရေး စီမံကိန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

The Voice Weekly

၃ ဂျီကွန်ရက်က မြန်မာနိုင်ငံကို အကြီးအကျယ် တိုးတက်ပြောင်းလဲစေရန် ဆောင်ရွက်ပေးနိုင်ဟုဆို

Posted by drmyochit Thursday, May 22, 2014, under | No comments


မြန်မာနိုင်ငံရှိ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော ကာတာအခြေစိုက် အော်ရီးဒူး၏
အလုပ်အမှုဆောင် မစ္စတာ ကောမက်က ၃ ဂျီကွန်ရက်သည် မြန်မာနိုင်ငံကို အကြီးအကျယ်
တိုးတက်ပြောင်းလဲစေရန် ဆောင်ရွက်ပေးနိုင်မည်ဟု ပြောကြားထားကြောင်း မေလ ၁၆ ရက်နေ့က
၎င်း၏ တရားဝင်အင်တာ နက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

"ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်သစ် ၃ ဂျီကွန်ရက်က မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်
ရင်းနှီးမြုပ်နှံမှုတွေ အများအပြား ပေါ်ပေါက်လာပြီး တိုင်းပြည်အကြီးအကျယ် တိုးတက်ပြောင်းလဲ
လာအောင် ဆောင်ရွက်သွားမယ်။ တွန်းအားပေးမယ်။ ပြီးတော့အထောက်အကူတွေလည်း
အများကြီးပေးနိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်"ဟု အော်ရီးဒူးမြန်မာ၏
အလုပ်အမှုဆောင် အရာရှိချုပ် Ross Cormack က အမေရိကန်စီးပွားရေး မိတ်ဖွဲ့
ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

၃ ဂျီ ကွန်ရက်ဟုဆိုရာတွင် ထိုကွန်ရက်တွင် အသံခေါ်ဆိုမှုများအပြင် ရုပ်ပိုင်းဆိုင်ရာခေါ်ဆိုမှု
(Video Calling) စနစ်ပါ ပါဝင်မည်ဖြစ်ပြီး အင်တာနက်အမြန်နှုန်းအနေဖြင့် တစ်စက္ကန့်လျှင်
၂၀ မက်ဂါဘိုက်မှ ၄၁ မက်ဂါဘိုက်အထိ ဒေတာကူးပြောင်းနိုင်မှု အလွန်မြင့်မားသည်။

၃ ဂျီကို third generation of mobile phone standard ဟု ကမ္ဘာတစ်လွှားသိထားကြပြီး
ဗြိတိန်နှင့် တောင်ကိုရီးယားနိုင်ငံတို့တွင် လွန်ခဲ့သည့်နှစ်များကပင် ၃ ဂျီထက်မြင့်သော ၄ ဂျီစနစ်ကို
သုံးစွဲနေလျက်ရှိကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပါဝင်ဆွေးနွေးသူများမှာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ
တာဝန်ရှိသူများ၊ အမေရိကန်ပြည်ထောင်စုမှ လူမှုရေးရာများဆိုင်ရာ စွန့်ဦးလုပ်ငန်းရှင်များ၊
ရင်းနှီးမြှုပ်နှံသူများနှင့် အများအကျိုးအတွက် ပရဟိတဒါရှင်များပါဝင်ကြပြီး အပြည်ပြည်ဆိုင်ရာ
စီးပွားချိတ်ဆက်ခြင်းများအတွက် The Richardson ဗဟို၊ The Aspen သိပ္ပံတို့ ဦးဆောင်ကာ
မြန်မာပြည်တွင်း၌ ရှိနေသော လူထုအကျိုးပြုသည့် ရင်းနှီးမြုပ်နှံခြင်းအခွင့်အလမ်းများ၊
မြန်မာနိုင်ငံတော် အစိုးရ၏ တိုင်းပြည်ကို ဒီမိုကရေစီနည်းလမ်းကျစွာ ကူးပြောင်းရန် ခိုင်မာသော
ကတိထားရှိခြင်းများအပြင် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး ပိတ်ပင်တားဆီးမှုများ
ရုတ်သိမ်းခြင်းစသည့် မြန်မာစီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုများသည် မည်သို့ အကျိုးသက်ရောက်
ကြောင်း ဆွေးနွေးခဲ့ကြသည်။

Myanmar Times

တရုတ်နှင့် ရုရှား နှစ် ၃၀ သဘာဝဓာတ်ငွေ့အရောင်းအ၀ယ် စာချုပ်ချုပ်ဆို

Posted by drmyochit Thursday, May 22, 2014, under | No comments


တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံဖိုးတန် အနှစ် ၃၀ သဘာဝဓါတ်ငွေ့ အရောင်းအ၀ယ်စာချုပ်ကို မနေ့က ချုပ်ဆိုခဲ့ကြပါတယ်။

အရောင်းအ၀ယ်စာချုပ်ကို ရုရှားအစိုးရပိုင် ဂတ်စပရုန် Gazprom နဲ့ တရုတ်နိုင်ငံပိုင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းတို့က တရုတ်နိုင်ငံ၊ ရှန်ဟိုင်း မြို့မှာ ချုပ်ဆိုခဲ့ကြတာဖြစ်ပြီး နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးတွေက သဘောတူစာချုပ်လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။

ခရိုင်းမီးယားအရေးအခင်းဖြစ်ပြီးနောက်ပိုင်း အီးယူဟာ ရုရှားသဘာဝဓာတ်ငွေ့တွေကို အားမကိုးတော့ပဲ တခြားနေရာတွေမှာ ရှာဖွေနေတာကြောင့် ကမ္ဘာ့စွမ်းအင်သုံးစွဲမှု အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံကို ရုရှားနိုင်ငံက လှည့်ပြီးရောင်းချခဲ့တာပါ။

အခုလို သဘာဝဓာတ်ငွေ့အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုနိုင်လိုက်တာကြောင့် သမ္မတပူတင် အနေနဲ့ နိုင်ငံရေးအရ အသားစီးရသွားတယ်လို့ ဆိုပါတယ်။

စီးပွားရေးအရ ဘယ်နိုင်ငံက ပိုတွက်ချေကိုက်မလဲဆိုတာကတော့ နှစ်နိုင်ငံ တကယ် တည့်သွားတဲ့ဈေးနဲ့ တခြားသဘောတူညီချက်တွေပေါ်မှာ မူတည်မယ်လို့ စီးပွားရေး သုံးသပ်သူ တွေက ဆိုပါတယ်။

နှစ်နိုင်ငံ အရောင်းအ၀ယ်တည့်သွားတဲ့ဈေးကို ဂတ်စပရုန်က ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ အမေရိကန်ဒေါ်လာ ၃၅၀ ၀န်းကျင်နဲ့ အရောင်းအ၀ယ်ဖြစ်သွားနိုင်တယ်လို့ တွက်ချက်ကြတာကြောင့် တရုတ်နိုင်ငံအနေနဲ့ ရုရှား သဘာဝဓာတ်ငွေ့တွေကို အောက်ဈေးနဲ့ ရရှိခဲ့တာကြောင့် တရုတ်နိုင်ငံက ပိုအမြတ် ထွက်တယ်လို့လည်း သုံးသပ်ကြပါတယ်။ အီးယူကို ရောင်းချနေခဲ့တဲ့ဈေးကတော့ ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၈၀ ရှိပါတယ်။

သဘာဝဓာတ်ငွေ့ကို ၂၀၁၈ ခုနှစ်က စတင်ပြီး ဆိုက်ဘေးရီးယားကနေတဆင့် တရုတ်နိုင်ငံကို တင်ပို့မှာဖြစ်ပါတယ်။

ဒီဗွီဘီ 

လည်ချောင်းနာခြင်းအတွက် လက်တွေ့ပျောက်စေမည့် သဘာဝကုထုံး

Posted by drmyochit Thursday, May 22, 2014, under | No comments


ဘတ်တီးရီးယားပိုများ၊ ကူးစက်တတ်သည့် ဗိုင်းရပ်ပိုများကြောင့် လူတွေဟာ မကြာခဏ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ကြပါတယ်။
လည်ချောင်းနာခြင်းအတွက် အလွယ်တကူ အိမ်တွင်းကုထုံးများကို
ပြုလုပ်ပေးနိုင်ကြပါတယ်။


၁။ ရှောက်သီး သို့မဟုတ် သံပရာသီးကို ပါးပါးလှီး၍ ရေနွေးကြမ်း (လက်ဖက်ရည်)ခွက်ထဲ စိမ်ထားပြီး သောက်ပေးပါ။ ပျားရည်အနည်းငယ် ထည့်သောက်ပါက ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါမည်။
၂။ လက်ဖက်ရည်(ရေနွေးကြမ်း)ခွက်ထဲကို ဂျင်း လက်မ၀က်ခန့် ထည့်စိမ်ထားပြီး သောက်ပေးနိုင်ပါတယ်။
၃။ ရေနွေးခွက်ထဲကို ဆားအနည်းငယ် သို့မဟုတ် နနွးအနည်းငယ်ထည့်၍ ပလုတ်ကျင်းပေးပါ။
၎။ ပင်စိမ်းရွက်ကို ကျိတ်ပြီး ပြုတ်သောက်ပါ။ ပလုတ်ကိုလည်း ကျင်းပေးပါ။
၅။ ကြက်စွပ်ပြုတ် ပူပူလေးကို သောက်ပေးပါ။

ကြက်စွပ်ပြုတ်သည် အာဟာရဓါတ်ပြည့်ဝသည့်အတွက်လည်ချောင်းနာခြင်းကို ပျောက်ကင်းစေရုံ
မက ခုခံအားကောင်းစေ၍ အခြားရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါသည်။
စောနွဲ့နေဆိုင် (ပူတာအို) ဘာသာပြန်သည်။

Ref: Sore Throat: Medline Plus
ကျန်းမာရေးသတင်းများ

ဘဝဆက်တိုင်း ချစ်သူတို့ လက်တွဲရမယ့် နည်းလမ်း

Posted by drmyochit Thursday, May 22, 2014, under | No comments


ဗုဒ္ဓဘာသာ ဘုရားဟော နည်းလမ်းအရ ချစ်သူတို့ ဘဝဆက်တိုင်း ပေါင်းဖက် ရမယ့် နည်းလမ်း ရှိပါတယ်။ သာမန် အကြမ်းအားဖြင့်က အချစ် ဆိုတာ တဏှာ လို့ သိထားပေမယ့် ယင်း တဏှာကိုပဲ အခြေခံလို့ နိဗ္ဗာန်ရောက် အောင်သွားတဲ့ လမ်းစဉ် ရှိပါတယ်။

ဘုရားရှင် လက်ထက်က နိဗ္ဗာန် ဝင်သွားတဲ့ ဇနီးမောင်နှံ နှစ်ဦး ဟာဆို ဘဝ ဆက်တိုင်း အတူ ပါရမီ ဖြည့်ကျက်ပြီး နောက်ဆုံးတော့ အတူ လောကီမှ လျွှါ်မြောက်သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူတို့ ဘဝ ဆက်တိုင်း မကွဲချင်ရင် အောက်ပါ အချက်များ လုပ်ဆောင်ရန် လိုအပ်ပါတယ်။

၁။ ကုသိုလ် အတူ ပြုလုပ်ခြင်း
၂။ မတူ မပြုနိုင်တောင် တစ်ဦးက ကုသိုလ် ပြုလျှင် နောက်တစ်ဦးက အားပေး ကူညီ ထောက်ပံ့ပေးခြင်း
၃။ နှစ်ဦး စလုံးက ဝိပဿနာ တရား ကျင့်ကြံကြခြင်း

ယင်း အချက် သုံးချက်က ပြောရင်သာ လွယ်ပေမယ့် တကယ် လုပ်ဆောင်တဲ့ အခါကျ ခဲယင်းပါတယ်။ တစ်ဦးက ကောင်းမှု ပြုတဲ့အခါ တစ်ဦးက လှိုက်လှိုက်လှဲလှ ဖြစ် အာေးပး၊ ကူညီခြင်း ဖြစ်ဖို့က တစ်ခါတစ်လေကျ ခက်ခဲ တတ်ကြ ပါတယ်။ ယင်းခက်ခဲတာကို ကျော်လွန်ပြီး လက်တွဲတဲ့ ဘဝ တစ်ခုစာ အတွင်း တစ်ယောက်နဲ့ တစ်ယောက် မှားနေတာတွေ ထိန်းကျောင်း ပြင်ပေး သွားမယ်။

မှန်တဲ့ အလုပ်တွေကျ အတူတူ ထပ်ခါထပ်ခါ ပြုလုပ်ကြမယ် ဆိုရင် နောက်ဘဝတွေမှာ ပြန်တွေ့နိုင်ချေ ပိုများပြီး ပါရမီ ဖြည့်ဘက်တွေ ဖြစ်ကြ အုံးမှာ ဖြစ်ပါတယ်။ သောတပန် အတူဖြစ် ပြီးရင် နိဗ္ဗာန် ဝင်ခါနီး အချိန်အထိတောင် ပါရမီ ဖြည့်ဖို့ အခွင့် အရေး ရကြအုံးမှာ ဖြစ်ပါတယ်။

စကားချပ် အနေနဲ့ အကုသိုလ် ပြုတဲ့ သူများလည်း ဖြစ်လေရာ ဘုံဘဝမှာ အကုသိုလ် ပြုဖော် အဖြစ် ပြန်စုံ နိုင်ပါသေးတယ်။ ဒီတော့ ဘယ်လို ဘုံဘဝမှာ ပြန်စုံမယ်ဆိုတာ မိမိတို့ရဲ့ ရွေးချယ်မှုသာ ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

ကိုးကား - အဘိဓမ္မာကျမ်း

ညီအစ်ကိုချင်း ရန်ဖြစ်စဉ် ညီမရိုက်၍ တစ်ဦးသေဆုံး

Posted by drmyochit Thursday, May 22, 2014, under | No comments

ရန်ကုန်၊ မေ ၁၆

ညီအစ်ကိုနှစ်ဦး စကားများ ရန်ဖြစ်နေသည်ကို အမေဖြစ် သူမှ ဝင်ရောက်ဖျန်ဖြေပေးနေစဉ် ညီမ ဖြစ်သူမှ အစ်ကိုဖြစ်သူအား သစ်သား ပိုင်းဖြင့် ဝင်ရိုက်သဖြင့် အစ်ကိုဖြစ်သူမှာ အခင်းဖြစ်သည့်နေရာတွင်ပင် သေဆုံး ခဲ့မှု သုံးခွတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေ ၁၃ ရက်က သုံးခွမြို့နယ် (၁)ရပ်ကွက် အနော်ရထာလမ်းရှိ မိခင် ဖြစ်သူ၏နေအိမ်တွင် နေလင်းအောင် ၃၈ နှစ်နှင့် ညီဖြစ်သူ စိုးမင်းအောင်အား ကွမ်း ယာဝယ်ခိုင်းသည့်ကိစ္စဖြင့် နေအိမ်ရှေ့ ခန်းတွင် တစ်ယောက်တစ်ခွန်း စကား များရန်ဖြစ်နေသည့်အတွက် မိခင်ဖြစ်သူ မှ ဝင်ရောက်ဖျန်ဖြေနေစဉ် အတူနေသမီး ဖြစ်သူ မအိအိထွန်း ၂၈ နှစ်မှ အရှည် ၂ ပေ ကျော်ရှည်သော ၃ လက်မ x ၁ လက်မခွဲ သစ်သားပိုင်းကို ကိုင်ဆောင်၍ နေအိမ်ရှေ့သို့ တက်လာပြီး အစ်ကိုဖြစ် သူ နေလင်းအောင်၏ဦးခေါင်းအား နှစ် ချက်ရိုက်လိုက်ရာ နောက်စေ့ပေါက်ပြဲ ဒဏ်ရာဖြင့် အခင်းဖြစ်သည့်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှုခင်းမှတ်တမ်းအရ သိရသည်။
ယင်းသို့ သားဖြစ်သူသေဆုံး သွားသဖြင့် သမီးဖြစ်သူ မအိအိထွန်းအား အရေးယူပေးပါရန် မိခင်ဖြစ်သူမှ တိုင် တန်းသဖြင့် သုံးခွမြို့မရဲစခန်းမှ (ပ)၁၈၆/ ၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် မေ ၁၃ ရက်တွင် အမှုဖွင့်ပြီး တရားခံအား ဖမ်း ဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Flower News Journal | အတွဲ ၁၀ ၊ အမှတ် ၁၉

မိမိအပေါ် အဖေလို ဦးလေးလို ချစ်တဲ့ ၆ နှစ်အရွယ်မိန်းကလေးကို ငွေလို၍ သတ်ပစ်ကာ နားကပ်ချွတ်ယူတဲ့ ရက်စက်သည့် ဖြစ်ရပ်

Posted by drmyochit Thursday, May 22, 2014, under | No comments

ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် အမျိုးသားတစ်ဦးက ခြောက်နှစ်အရွယ် မိန်းကလေးကို သတ်ကာ နားကပ်အားချွတ်ယူပြီး အလောင်းကို ကျေးရွာသင်္ချိုင်းတွင် မြေမြှုပ်ထားမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်နီမော်ကျေးရွာ အုပ်စု မြောက်ပိုင်းရပ်ကွက်တွင် မေလ၁၉ ရက်က အဆိုပါ မိန်းကလေးငယ်ပျောက် ဆုံးခဲ့ပြီး မေလ ၂၁ ရက်မှသာ တောင်ပိုင်းရပ်ကွက်သင်္ချိုင်းတွင် ကလေးငယ်အလောင်းကိုပြန် တွေ့ခြင်းဖြစ်ကြောင်း အမှတ် ၃၂ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ ဒုတိယရဲမှူးကြီး ညီညီထွန်းက ပြောသည်။

‘‘အသတ်ခံရတဲ့ ကလေးက သူ့ကိုသတ်တဲ့လူကို အဖေလို၊ ဦး လေးလို အရမ်းချစ်တာ။ အိမ်ချင်း ကပ်နေကြတဲ့သူတွေ။ မသင်္ကာ လို့ စစ်ကြည့်လို့ ပိုက်ဆံအရေးတ ကြီးလိုလို့ သတ်တာလို့ ၀န်ခံပါ တယ်။ ဘာမှမဟုတ်ဘဲ ပိုက်ဆံ ကြောင့် ကလေးတစ်ယောက် အ သတ်ခံရတာ တခြားမိဘတွေ သင် ခန်းစာယူဖို့ ကောင်းပါတယ်’’ဟု ဒုတိယရဲမှူးကြီး ညီညီထွန်းက ပြောသည်။

ကျူးလွန်သူမှာ အသက် (၃၅) နှစ်အရွယ် ကမန်လူမျိုးတစ် ဦးဖြစ်ပြီး သေဆုံးသူ ကလေးငယ် မှာလည်း ကမန်လူမျိုးဖြစ်သည်။ မေလ ၁၉ ရက်ညနေက ကလေး ကိုသတ်ကာ နားကပ် ချွတ်ယူပြီးနောက် တောင်ပိုင်းရပ်ကွက် သင်္ချိုင်းရှိ လိုဏ်ခေါင်းတစ်ခုထဲ တွင် မြှုပ်ထားခြင်းဖြစ်ပြီး ၂၁ ရက်နံနက်မှသာအလောင်းကို ပြန်ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

Credit : 7Day Daily

ဆယ်နှစ်ကျော်ကြာပြန်ပေးဆွဲခံထားရသောအမျိုးသမီး

Posted by drmyochit Thursday, May 22, 2014, under | No comments

ကယ်လီဖိုနီးယားပြည်နယ်တွင် ၁၅နှစ်အရွယ်ထဲ ကပြန်ပေးဆွဲခံထားရပြီး ယခုလွတ်မြောက်လာချိန်တွင် အသက်၂၅နှစ်ရှိသူအမျိုးသမီးသည် သူမ၏ဖြစ်စဉ်များကို ရဲဌာနအားအကြောင်းကြားပြီး၊ ပြစ်မှုကျုးလွန်ခံခဲ့ရသည် များကိုထုတ်ဖော်ပြောကြားခဲ့သည်။ သူမသည်ပြန်ပေးဆွဲ ခံရသည့်အပြင် လိင်မှုဆိုင်ရာကျူးးလွန်မှုများ၊ စိတ်ပိုင်း ဆိုင်ရာစော်ကားမှုများ၊ ကိုယ်ထိလက်ရောက်နှိပ်စက်မှု များကိုခံခဲ့ရသည်။ ပြစ်မှုကျူးလွန်သူမှာအသက် ၄၁နှစ်အရွယ် ဂါဆီယာဟုခေါ်သည်။ သူမသည်ထိုသူနှင့်ကလေးတစ်ယောက်ထွန်းကားခဲ့သည်ဟုလည်းထွက်ဆိုသည်။

၂၀၀၄ ခုနှစ်အတွင်း ပြစ်မှုကျုးလွန်သူ ဂါဆီယာနှင့်ပြစ်မှုကျုးလွန်ခဲ့ရသူ မိန်းကလေး၏မိခင်တို့ မှာ ချစ်သူရည်းစားများဖြစ်ကြပြီး အိမ်တစ်အိမ်တွင် အတူနေထိုင်ကြသူများဖြစ်သည်။ အတူနေထိုင်ကြစဉ်အတွင်း မိခင်မှာသူမ၏သမီးကို သူမ၏ရည်းစားမှလိင်မှုဆိုင်ရာစော်ကားမှုရှိနေပြီဟု သကာင်္မကင်းဖြစ်ရာမှ ဂါဆီယာမှာ ထိုမိန်းကလေးကို ဂျွန်လ ၂၀၀၄ခုနှစ်တွင်တပါးတည်း အိမ်ကထွက်ပြေးကာခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တွင်မိန်းကလေး၏အသက်မှာ ၁၅နှစ်ဖြစ်သည်။

ဖမ်းဆီးခေါ်သွားခဲ့ပြီး ဂါဆီယား၏နေအိမ်ရှိ ကားဂိုထောင်တွင်ချုပ်နောင်ထားခြင်းခံရသည်။ ၂၀၀၇ခုနှစ်တွင်အတင်းအကျပ်လက်ထပ်ခံရပြီး ၂၀၁၂ခုနှစ်တွင် ကလေးတစ်ယောက်ထွန်းကား ခဲ့သည်ဟုတာဝန်ရှိရဲများကိုထွက်ဆိုထားသည်။

အဆိုပါပြစ်မှုများကြောင့် ဂါဆီယား ကိုဖမ်းချုပ်ထားသော်လည်း ပြစ်မှုအမိန့် ချမှတ်ထားခြင်းမရှိသေးပေ။တရားခံသည် သူ၏အပြစ်မှသက်သာစေရန် ရှေ့ နေဌားရမ်းထားသည်ကိုလည်းသိရှိရပါသည်။

Ref: Yahoo
World Myanmar

ဘင်္ဂလာဒေ့ရှ် အစိုးရမှ သူတို့နိုင်ငံအတွင်း RSO အကြမ်းဖက်သောင်းကျန်းသူများမရှိဟု ငြင်းဆို မြန်မာဘက် မှ တင်းမာမှုများရှိခဲ့

Posted by drmyochit Thursday, May 22, 2014, under | No comments

 

Thursday, May 22, 2014

ယနေ့နေ့လည် ၁၁ နာရီတွင် ပြုလုပ်ခဲ့သော နှစ်နိုင်ငံနယ်စပ်လုံခြုံရေးဆိုင်ရာ အလံတင်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ကွပ်ကဲရေးမှူးမှ မကြာသေးမီက ဖြစ်ပွားသွားခဲ့သော အကြမ်း ဖက်မှုများတွင် တစ်ဘက်နိုင်ငံမှ တာဝန်များစွာရှိကြောင်း၊ အဆိုပါသောင်းကျန်းသူများသည် တစ်ဘက်နိုင်ငံ တွင် အခြေပြုလှုပ်ရှားနေသူများဖြစ်ကြောင်း၊
မိမိတို့အနေဖြင့် အဆိုပါ သောင်းကျန်းသူများအား ပူးပေါင်း နှိမ် နှင်းပေးစေလိုကြောင်း ပြောကြားရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ BGB တပ်ရင်းမှ (လက်ထောက်ညွှန်ကြားရေးမှူးချုပ်)တပ်ရင်းမှူး ရာဖိခ်ဟာစိန်မှ ဆိုပါသောင်းကျန်းသူများသည် မိမိနိုင်ငံတွင် ရှိသူများမဟုတ်ကြောင်း အတိအလင်းငြင်းဆိုခဲ့ပါသည်။

သူမှ ယခုဖြစ်ပွားခဲ့သော အကြမ်းဖက်မှုအား မြန်မာနိုင်ငံအတွင်းရှိ သောင်းကျန်းသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့ခြင်းဟုသာ သိရှိခဲ့ရ ကြောင်း၊ အဆိုပါ အကြမ်းဖက်သမားများသည် မြန်မာနိုင်ငံအတွင်း ၌ သာအခြေပြုလှုပ်ရှားသူများသာဖြစ်သည် ဟုလည်း ပြောခဲ့ကြောင်း၊
သို့ပေမယ့် မိမိတို့ဘက်မှလည်း လှည့်ကင်းများဖြင့် စီစစ် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်းသိရှိရသည်။



ထို့နောက် မြန်မာနိုင်ငံဘက်မှ ကွပ်ကဲရေးမှူးမှလည်း မိမိတို့နိုင်ငံအတွင်း သေချာစွာ စီစစ်ပြီးဖြစ်ကြောင်း၊ ၄င်းအကြမ်းဖက်သမားများ တစ်ဘက်နိုင်ငံတွင်သာ အခြေပြုလှုပ်ရှားသူများဖြစ်ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ အဆိုပါအကြမ်းဖက်သမားများအား ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ တာဝန်ယူ ဖမ်းဆီးပေးသင့်ကြောင်း၊
အကယ်၍ တာဝန်ယူမပေးပါက နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားနိုင်ကြောင်း၊ မိမိမှ ထိုသို့ အနုတ်လက္ခဏာမဖြစ်စေလိုကြောင်း၊ ယခုတောင်းဆိုချက်များအား အရေးယူဆောင်မှုများ မရှိပါက မိမိတို့မှ နောက်ထပ်ယခုကဲ့သို့ မျက်နှာချင်းဆိုင် ဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန် မလိုတော့ပါကြောင်း၊
နှစ်နိုင်ငံအထက်လူကြီးချင်း သံတမန် နည်းအရ ဖြေရှင်းသွားတော့မည်ဖြစ်ကြောင်း ပြော ကြားခဲ့ကြောင်း၊
ထို့နောက် အစည်းအဝေးအား နေ့လည် (၂း၃၀)ခန့်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Western Gate Guard

မိုင်းတစ်လုံး နင်းမိ ပေါက်ကွဲမှု ဖြစ်ပွား

ဒဏ်ရာရရှိသော ကိုရင် နန္ဒိမ အား တွေ့ရစဉ်

နမ့်ဆန် ၊ ၂၂-၅-၂၀၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ဆန်မြို့ မှ လွယ်ဂျယ်မြို့နယ် ကောင်းဆာရွာ သို့ အလှူခံ ထွက်လာသော ကိုရင် နန္ဒိမ ၂၂ နှစ် (ဘ) ဦးညီတော သည် မေလ ၁၉ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ကောင်းဆာရွာ အ၀င်၌ KIA (ကချင်) လက်နက်ကိုင် အဖွဲ့မှ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲသဖြင့် ညာဘက် ခြေမ ပြတ် ၊ ခြေဖ၀ါး စုတ်ပြတ် ၊ ၀ဲ-ယာ ခြေသလုံး မိုင်းစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ သဖြင့် လွယ်ဂျယ် မြို့နယ်ရှိ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

PyiChitThar

ဗီယက်နမ်နိုင်ငံသားများ၏ ဆန္ဒပြသူများအတွင်း ၀န်ထမ်း ၄ ဦးသေဆုံးပြီး ၁၂၆ ဦး ဒဏ်ရာရရှိဟု တရုတ် MCC ကုမ္ပဏီ ထုတ်ဖော် ပြောကြား

Posted by drmyochit Thursday, May 22, 2014, under | No comments


ဟောင်ကောင် ၊ ၂၂-၅-၂၀၁၄

ဗီယက်နမ် နိုင်ငံတွင် လွန်ခဲ့သော သီတင်းပတ် အတွင်းက ဖြစ်ပွားခဲ့သော တရုတ် ဆန့်ကျင်ရေး ဆန္ဒပြမှုများ အတွင်း ၄င်း နိုင်ငံတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခု၌ အလုပ်လုပ် နေသည့် မိမိတို့ ကုမ္ပဏီ၏ အလုပ်သမား ၄ ဦး သေဆုံး ခဲ့ရပြီး စုစုပေါင်း ၁၂၆ ဦး ဒဏ်ရာ ရရှိခဲ့သည် ဟု မေလ ၂၁ ရက်တွင် တရုတ်နိုင်ငံ၏ ဓာတ်သတ္ထု ကော်ပိုရေးရှင်း ကုမ္ပဏီ လီမိတက် ( MCC ) က ထုတ်ပြန် ပြောကြား ခဲ့သည်။

ဗီယက်နမ် နိုင်ငံတွင်းရှိ  တရုတ် ဆန့်ကျင်ရေး ဆန္ဒပြမှု များသည် အငြင်းပွား နေသည့် တောင်တရုတ် ပင်လယ် အတွင်း၌ တရုတ်တို့က ရေနံတူးစင် ဆောက်လုပ်ခဲ့ခြင်း မှ စတင်ခဲ့သည် ဟု သိရသည်။ ဗီယက်နမ် နိုင်ငံသား ဆန္ဒပြသူ ထောင်ပေါင်း များစွာသည် မေလ ၁၄ ရက်က ၄င်းတို့ နိုင်ငံအတွင်း ရှိ Formosa Plastics, Ha Tinh သံမဏိစက်ရုံ ၏ ဆောက်လုပ်ရေး လုပ်ငန်းခွင် အပါအ၀င် ပြည်ပ လုပ်ငန်းခွင် များစွာကို မီးရှို့ ဖျက်ဆီးမှုများပြုလုပ် ခဲ့ကြကြောင်း ၊ အဆိုပါ သံမဏိ စက်ရုံတွင် မိမိတို့၏ အလုပ်သမား အချို့ လုပ်ငန်းခွင် ၀င်နေခဲ့ကြောင်း MCC က ထုတ်ပြန် ပြောကြားသည်။

ဗီယက်နမ် ဆန္ဒပြ သူမျာ ဖျက်ဆီးခဲ့သည့် ကုမ္ပဏီများတွင် တရုတ် (တိုင်ပေ) ၏ Formosa Plastics, Ha Tinh သံမဏိ စက်ရုံသည် ထိခိုက် နစ်နာမှု အကြီးမားဆုံး ဖြစ်ခဲ့ရကြောင်း ၊ ကုမ္ပဏီတွင် လုပ်ငန်းခွင် ၀င်နေကြသော အလုပ်သမား ၃၅၀၅ ဦး၏ လုံခြုံရေး နှင့် အသက် ရှင်သန်မှု တို့မှာ ခြိမ်းခြောက်ခံ ခဲ့ရကြောင်း Formosa Plastics, Ha Tinh စက်ရုံမှ ဆောက်လုပ်ရေး ကန်ထရိုက်တာ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

PyiChitThar

မုန်တိုင်းသတင်း

Posted by drmyochit Thursday, May 22, 2014, under | No comments

၂၀၁၄ခုနှစ်၊ မေလ(၂၂)ရက်နေ့ မြန်မာစံတော်ချိန်( ၀၇း၀၀) နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန်တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည်၊ မြန်မာနိုင်ငံ ၊ဂွမြို့၏ အနောက်တောင်ဘက် မိုင်(၂၂၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် (၂၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါမုန်တိုင်းငယ်သည်မြောက်-အရှေ့မြောက်သို့ဆက်လက် ဦးတည်ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။

မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာအဝါရောင်အဆင့်သာရှိသော်လည်းလာမည့်(၂)ရက်အတွင်းမြန်မာဘင်္ဂလားဒေ့ရှ်ကမ်းခြေဒေသများသို
့ဦးတည်ရွေ့လျားနိုင်ပါသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့်ယနေ့ညနေမှနောက်(၃)ရက်အတွင်းပဲခူးတိုင်းဒေသကြီးတွင်နေရာစိပ်စိပ်၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်
နေရာအနှံအပြား မိုးထစ်ချုန်းရာပြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင်နေရာ ကွက်မိုးကြီးမည်။မြစ်ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်နှင့်ကမ်းလွန်
ပင်လယ်ပြင် တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင်မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

မိုးလေ၀သနင့် ဇလဗေဒညွန့်ကြားမှု ဦးစီးဌာန

The Voice Weekly

လေဖြတ်ပြီးခြေလက်မသယ် မလှုပ်ရှားနိုင်သူတို့ အတွက် ဆေးနည်း (လက်တွေ့ကုထုံး)

Posted by drmyochit Thursday, May 22, 2014, under | No comments

မီးတောက်အရက်(အရက်
ပြင်း) ၅၀ကျပ်သားကို
ရောစပ်၍မလှုပ်ရှားနိုင်
သည့်ဘက်ကိုလိမ်းပေးပါ။

ဒါမှမဟုတ် ချင်းတက်အစိမ်း
ကိုထုထောင်း၍ယင်း
သတ္တုရည်ဖြင့်လိမ်းပေးပါ။
မလှုပ်ရှားနိုင်သောခြေလက်
များမြန်ဆန်စွာလှုပ်ရှား
လာပါလိမ့်မယ်.
(တစ်နေ့သုံးကြိမ်နော်)
တိုင်းရင်းဆေးပညာသုတ
ရရှိကြပါစေ။

Tun Tun Aung

ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယား ကျောင်းသူတွေလွတ်ဖို့ ကန် တပ်ဖွဲ့စေလွှတ်

Posted by drmyochit Thursday, May 22, 2014, under | No comments


နိုင်ဂျီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ပြန်ပေးဆွဲခံလိုက်ရတဲ့ ကျောင်းသူလေး ၂၅၀ ကျော်ကို ကူညီရှာဖွေပေးဖို့ အမေရိကန်တပ်ဖွဲ့ဝင် ၈၀ ကို အိမ်နီးချင်း Chad နိုင်ငံထဲကို သမ္မတ Barack Obama က စေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းနဲ့ အဲဒီအနီးဝန်းကျင် ဒေသတွေမှာ ထောက်လှမ်းရေး လုပ်ငန်း၊ စောင့်ကြည့်တဲ့အစီအစဉ်၊ လေယာဉ်ကတဆင့် ကင်းထောက်တဲ့လုပ်ငန်း စတဲ့ အစီအစဉ်တွေမှာ ကူညီ လုပ်ဆောင်ပေးသွားမှာ ဖြစ်တဲ့အကြောင်း ကွန်ဂရက်လွှတ်တော်ကို ဗုဒ္ဓဟူးနေ့က ပေးပို့တဲ့စာထဲမှာ သမ္မတ အိုဘားမားက ဖော်ပြထားပါတယ်။

ကျောင်းသူကလေးတွေ ရှာဖွေရေးလုပ်ငန်းမှာ မလိုအပ်တော့တဲ့အချိန်အထိ အမေရိကန်တပ်ဖွဲ့တွေ Chad နိုင်ငံထဲမှာ ရှိနေမယ်လို့ ဆိုပါတယ်။ အခုပို့တဲ့ တပ်ဖွဲ့ဝင်တွေဟာ လေတပ်က အများစုဖြစ်ပြီး သူတို့အနေနဲ့ Chad နိုင်ငံ တောင်ပိုင်းကနေ မောင်းသူမဲ့ယာဉ်တွေကို ကြီးကြပ် စီစဉ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ဂျီးရီးယားနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ Cameroon၊ Niger နဲ့ Chad နိုင်ငံတွေအနီးက ဝေးလံခေါင်ဖျားတဲ့အရပ်မှာ ဖွင့်ထားတဲ့ ကျောင်းက အဲဒီ ကျောင်းသူလေးတွေကို Boko Haram အဖွဲ့က ဧပြီလ ၁၄ ရက်နေ့က ပြန်ပေးဆွဲသွားခဲ့တာ ဖြစ်ပါတယ်။ အခုချိန်ထိ သူတို့ ဘယ်မှာရှိနေတယ်ဆိုတာကို မသိနိုင်သေးပါဘူး။

အဲဒီဒေသကို ကင်းထောက်လေယာဉ်တွေ စေလွှတ်ခဲ့ပြီး ဂြိုဟ်တုက ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကိုလည်း နိုင်ဂျီးရီးယားအစိုးရကို ပေးခဲ့တယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဌာနနဲ့ ဗဟိုထောက်လှမ်းရေးအဖွဲ့က အရာရှိတွေလည်း ကျောင်းသူတွေ ပြန်တွေ့ရေး အတွက် ကူညီ ရှာဖွေပေးနေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ဧရာဝတီတိုင်း သာပေါင်းကျေးရွာ လူကုန်ကူးမှု ကန့်ကွက်ဆန္ဒပြ

Posted by drmyochit Thursday, May 22, 2014, under | No comments


ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာ လူကုန်ကူးခံရမှုနဲ့ ပတ်သက်လို့ ဆန္ဒပြမှုတွေ ရှိနေတာပါ။ သာပေါင်းမြို့နယ် ကန်ကြီးဒေါင့်အပိုင်က ကျေးရွာသားတွေ ဟာ ဒေသခံတွေအချင်းချင်း အဆက်အသွယ်နဲ့ ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့ကြပြီး အဲ့ဒီမှာ လုပ်အားခေါင်းပုံဖြတ်ခံရတာနဲ့ လူကုန်ကူးခံရမှုတွေ ရှိတယ်ဆိုပြီး တိုင်တန်းရာကနေပြီးတော့ တစုံတရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် ဆန္ဒပြရတာဖြစ်တယ်လို့ ထွက်ပြေး လွတ်မြောက်လာသူတဦးက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ဧရာဝတီတိုင်း သာပေါင်းနဲ့ ကန်ကြီးဒေါင့်မြို့နယ်ထဲမှာပါတဲ့ ကျေးရွာသားတွေ ကို  တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူးကနေ ထိုင်းနိုင်ငံမှာ အလုပ်ကောင်းရမယ်ဆိုပြီး ပို့ဆောင်ပေးခဲ့တာပါ။ ဒီအတွက် ပုသိမ်မြို့မှာရှိတဲ့ လူကုန်ကူးတိုက်ဖျက်ရေး ရဲတွေကို တိုင်ကြားခဲ့ပေမဲ့ အရေးယူ ဆောင်ရွက်မှု မရှိဘဲ တိုင်ကြားသူကို ခေါ်ယူစစ်ဆေး ဖိအားပေးခံရကြောင်း ဒီအတွက်  ဆန္ဒပြတာဖြစ်ကြောင်း ထိုင်းနိုင်ငံကနေ ထွက်ပြေးလွတ်မြောက်လာသူ ကိုမောင်ဇော် က ဆိုပါတယ်။

“လ၀ကဦးစီးက ခေါ်ပြီးတော့မေးတဲ့အခါမှာ ကျနော့်ကို သူများနိုင်ငံမှာ သွားအလုပ်လုပ်တာ တရားဝင် ပတ်စ်ပို့မရှိဘဲ သွားတဲ့အတွက်ကြောင့်ဆိုပြီး သူက ကျနော့်ကို ထောင် ၆ လကနေ ၆ နှစ် ချပိုင်ခွင့်ရှိတယ်ဆိုပြီးတော့ ဖိအားပေးပြီးတော့ ညှဉ်းပမ်းတာရှိတယ်။ နောက်ရက်ကျတော့ ကျနော့်ကို ထပ်ပြီးတော့ ခေါ်စစ်တဲ့အခါမှာ ဖိအားပေးပြီးတော့ တရားခံတွေကို စစ်ဆေးမေးမြန်းခြင်းလုပ်ရမယ့်ဟာကို အဲ့လိုမလုပ်တော့ဘဲနဲ့ ကျနော့်ကိုသာ သူတို့က ခဏခဏ ခေါ်စစ်တာပဲရှိတယ်။ ခေါ်စစ်တယ်ဆိုတာကလည်း ဖိအားပေးစစ်နေတာ။ ဒီအမှုမှန်ပေါ်ပေါက်အောင်လို့ စစ်တာမဟုတ်ဘဲနဲ့ ကျနော့်ကို ခေါ်ပြီးတော့ မာန်မဲနေတယ်။ သူတို့လုပ်မပေးတော့လည်း ကျနော်တို့က နေပြည်တော်ကို လှမ်းအကူအညီတောင်းတယ်။ နေပြည်တော် ကလည်း ကျနော့်ကို လှမ်းအကူအညီပေးပါတယ် ကျနော့်ကို။ ဖြစ်တဲ့ဟာတွေကို ပုသိမ်ကို အကြောင်းကြားပေးပါမယ်ဆိုပြီး အကြောင်းကြားပေးပါတယ်။ ပုသိမ်ဌာနက ကျနော့်ကို လှမ်းခေါ်ပြီးတော့ နေပြည်တော်ကို ဖုန်းဆက်လို့ဆိုပြီးတော့ ကျနော့်ကို မာန်မဲပါတယ်။ အုပ်ချုပ်ရေးမှူးဦးသိန်းအောင်က လွတ်နေပြီးတော့ ဖိနှိပ်မှုတွေ တအားလုပ်နေတယ်။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့က မခံနိုင်အားကြီးလို့ ဆန္ဒပြဖြစ်တာပါအမ။”

လူကုန်ကူးခံရသူတွေနဲ့ သူတို့မိသားစုဝင်တွေ အပါအ၀င် လူ ၁၀၀ ခန့်က ပုသိမ်လူကုန်တား ရဲတပ်ဖွဲ့ရုံးရှေ့မှာ ဆန္ဒပြကြတာပါ။ မြန်မာနိုင်ငံ ထားဝယ်မြို့ဘက်ကနေ တောလမ်း၊ ရေလမ်း၊ ကားလမ်းတွေနဲ့ ထိုင်းနိုင်ငံထဲကို တရားမ၀င် ပို့ဆောင်တာ ခံခဲ့ရပုံကိုလည်း ကိုမောင်ဇော် က ပြောပါတယ်။

“တောထဲလမ်းအတိုင်း ကျနော်တို့ကို ခေါ်ပါတယ်ခင်ဗျ။ ၅ သိန်းနဲ့ခေါ်ပြီးတော့ ထိုင်းနယ်စပ်လည်းရောက်ရော ကျနော်တို့က ပြေးရပါသေးတယ်ခင်ဗျ။ ၃ နာရီလောက်ပြေးပြီးတော့ တောထဲမှာ ၀င်ပုန်းနေရပါသေးတယ်။ ထိုင်းပုလိပ်တွေလို့ သူတို့ ပြောလို့သာ ကျနော်တို့က ပြေးရတာ တောထဲမှာ ပုန်းနေရပါသေးတယ် ကျနော်တို့။ ကျနော်တို့ရောက်သွားတော့ လယ်ရောင်မြို့ဆိုတဲ့နေရာကို ရောက်သွားပြီး နေရတာခင်ဗျ။ ကျနော်တို့ ဟိုကျမှ စုံစမ်းကြည့်တော့ ကမ္ဘောဒီးယားအစပ်လို့တော့ ပြောတယ် ကျနော်တို့ကို။ ကျနော်တို့ ဟိုနိုင်ငံကိုရောက်သွားတော့ စက်ရုံလည်း မဟုတ်ပါဘူး။ နေပူကျဲကျဲ ပင်လယ်ကမ်းစပ်က လှည်းကွင်းထဲမှာ ကျနော်တို့ ငါးခြောက်လှမ်းရပါတယ် ခင်ဗျ။”

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဧရာဝတီတိုင်းက လူကုန်ကူးမှု တားဆီရေးရဲတပ်ဖွဲ့က ဒုရဲမှူး သက်ဦးကိုလည်း ဆက်သွယ် မေးမြန်းကြည့်ခဲ့ပါတယ်။

“ဥပဒေကို သေသေချာချာ နားလည်မှု မရှိတဲ့အတွက်ပေါ့ ဒီပြဿနာမျိုးလေးတွေ ပေါ်လာတာပေါ့။”

မေး။          ။ သူတို့တိုင်တဲ့အထဲမှာပေါ့ သူတို့ နယ်စပ်ကနေပြီးတော့ လာရတယ်။ တောလမ်းကနေပြီးဖြတ်ရတယ်။ ထိုင်းနိုင်ငံ လယ်ရောင်မြို့ကို ရောက်တယ်လို့ ပြောတယ်ပေါ့နော်။ အဲ့လိုမျိုးဟာက လူကုန်ကူးမှုမြောက်သလား။ ဒါမှမဟုတ်လို့ရှိရင် ဒီဟာကို ဘယ်လိုအမှုနဲ့များ လူကုန်ကူးမှုတိုက်ဖျက်ရေးက သတ်မှတ်ထားပါသလဲရှင့်။

ဖြေ။           ။ “အဲ့ဒါက ဒါ တဘက်နိုင်ငံကို တရားမ၀င် သွားတယ်လို့ ခေါ်တာပေါ့ခင်ဗျ။ တရားဝင် ပတ်စ်ပို့တွေ၊ ဗီဇာတွေနဲ့ သွားတာမဟုတ်ဘူး။ ငွေကြေးအကျိုးအမြတ်ကို ရယူပြီးတော့ တဘက်နိုင်ငံကို တရားမ၀င်သောနည်းနဲ့ ပို့ဆောင်ပေးတာဖြစ်တဲ့အတွက် ပြည်ပအလုပ်အကိုင် ဆိုင်ရာ ဥပဒေ ၂၆ နဲ့ အရေးယူတာ ဖြစ်ပါတယ်။”

အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ကိုလည်း ဥပဒေကြောင်းအရ လူကုန်ကူးမှု ဖြစ် - မဖြစ် ဆိုတာကိုလည်း မေးကြည့်ခဲ့ပါတယ်။

“အဲ့ဒါက လူကို ဘယ်လိုခိုးသွင်းလဲ။ လှည့်ဖျားပြီးခေါ်ဆောင်သွားတယ်။ လူကို ဖြားယောင်းသွေးဆောင်ပြီးတော့ တနေရာကနေ တနေရာကို ပို့ဆောင်တယ်။ လူကို ဒီနေရာမှာ ဟိုလို အလုပ်ရမယ်ပြောပြီး၊ တခြားအလုပ်ကို ပေးပြီးခိုင်းစေတယ်။ သူ့ကို တနေရာကနေ တနေရာကို ရွှေ့တယ်ဆိုရင်တောင် ဒါ လူကုန်ကူးမှုမြောက်တယ်ဆိုတဲ့ သဘောထားမျိုးဖြစ်တာပဲ။ အဲ့ဒါတွေက အားလုံးက ရာဇသတ်ကြီး ဥပဒေနဲ့ပဲ သွားကြတာပဲ။ လူကို အလုပ်ရမယ်ပြောပြီးတော့ တဘက်ကိုခေါ်ပြီး သူ့ဆီက အဖိုးအခကို ဖြတ်ယူမယ်ဆိုရင် ဒါ လူကုန်ကူးမှု သိပ်မြောက်တာပေါ့။”

ထိုင်းနိုင်ငံကို ပို့ဆောင်ခံထားရတဲ့ သူတွေကတော့ ပြန်လာချင်ပေမဲ့ အကြွေးမကျေသေးတဲ့အတွက် ပြန်လာဖို့ အခက်အခဲတွေ ရှိနေသလို ထွက်ပြေးဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာတော့ လူကုန်ကူးမှုတွေ လျော့နည်းအောင် တိုက်ဖျက်နိုင်ဖို့အတွက် နှစ်နိုင်ငံအစိုးရတွေ ပိုမို လက်တွဲ ဆောင်ရွက်နိုင်ရေး နယ်စပ်တွေမှာ နှစ်နိုင်ငံ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားပေမဲ့ လူမှောင်ခိုမှုတွေကတော့ ဆက်ပြီး ဖြစ်ပွားနေဆဲဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကုန်က မြ၀တီ-မဲဆောက် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆက်ဆံရေးရုံးဖွင့်ပွဲမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ရဲမှူးချုပ် ၀င်းနိုင်ထွန်းက ပြောပါတယ်။ မြန်မာရွှေ့ပြောင်း အလုပ်သးမားတွေကို တရားမ၀င်နည်းနဲ့ ထိုင်းနိုင်ငံထဲမှာ တင်ပို့နေမှုတွေကတော့ ထိုင်းနဲ့မြန်မာအစိုးရတွေအတွက် စိန်ခေါ်မှုဖြစ်ကြောင်းတွေကိုလည်း ပြောပြခဲ့တာပါ။

အခုဆိုရင် ထိုင်းနယ်စပ်ဖြစ်တဲ့ ကော့သောင်းမြို့မှာ လူကုန်ကူးခံရသူတွေကို ယာယီစောင့်ရှောက်ပေးမယ့် ဂေဟာကိုတော့ မကြာသေးခင်ကပဲ အစိုးရက ဖွင့်လှစ်ထားခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ အလုပ်အကိုင်ရှာဖွေဖို့ လာကြရင်းနဲ့ မြန်မာနိုင်ငံသားများဟာ ရာဘာခြံတွေ၊ ပြည်တန်ဆာရုံတွေ၊ ငါးဖမ်းလှေတွေ၊ ရေထွက်လုပ်ငန်းတွေ လုပ်တဲ့ စက်ရုံတွေမှာ ရောင်းစားခံထားရပါတယ်။ တချို့ဆိုရင် နှစ်နဲ့ချီပြီး လုပ်အားခမရဘဲ ကျေးကျွန်တွေသဖွယ် အလုပ်ခိုင်းစေ ခံထားရတာပါ။

အမေရိကန်အစိုးရရဲ့ လူကုန်ကူးမှုဆိုင်ရာ ၂၀၁၃ ခုနှစ် အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံကို တီယာ ၂ (Tire 2) လို့ ခေါ်တဲ့ အလယ်အလတ်အဆင့်မှာ သတ်မှတ်ထားပါတယ်။ လူကုန်ကူးမှု အခြေအနေ ဆိုးရွားနေဆဲဖြစ်ပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးကို အစိုးရဘက်က အားထုတ်လုပ်ဆောင်မှု အပြည့်အ၀ မရှိသေးပေမဲ့လို့၊ တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ သိသာတဲ့ ပြောင်းလဲလုပ်ဆောင်မှုတွေ ရှိလာတဲ့အပေါ်မှာ အခုလို သတ်မှတ်တာဖြစ်ပါတယ်။

အရင် အစိုးရလက်ထက်တုန်းကတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှုတွေနဲ့ ပတ်သက်လို့ အစိုးရဘက်က လုံးဝ ကိုင်တွယ် ဆောင်ရွက်ခြင်းမရှိတဲ့ အဆိုးဆုံး နောက်ဆုံးအဆင့် တီယာ ၃ (Tire 3) မှာ သတ်မှတ်ခဲ့တာဖြစ်ပါတယ်

From: VOA

ဆာလွန်းသောမြွေက မိမိကိုယ်မိမိ ပြန်မျို (ရုပ်/သံ)




Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်