Friday, March 07, 2014

မကြာခဏ နုံးချည့်ညောင်းညာတတ်သူတို့ စွမ်းအင်တိုးစေမည့်နည်းများ

Posted by drmyochit Friday, March 07, 2014, under | No comments


မကြာခဏ နုံးချည့်ညောင်းညာပြီး ပင်ပန်းသလိုလို စွမ်းအင်မရှိသလိုလို ဖြစ်နေပါသလား။ ရိုးစင်းတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိလာပါလိမ့်မယ်။

(၁) ရေများများသောက်ပေးပါ
ရေဓာတ်ခန်းခြောက်မှုဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့်ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက်ပေးရပါမယ်။


(၂) ကဖင်းဓာတ်ကို သတိထားပါ
တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင်တိုးစေပြီး စိတ်ရွှင်လန်းစေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများမှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင်ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာတို့ကို ဖြစ်စေနိုင်ပါတယ်။


(၃) နံနက်စာကို ပုံမှန်စားပါ
နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ်ပေါ်မှာ မူတည်နေတဲ့အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲနေရင် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတာကြောင့် နုံးချည့်နွမ်းနယ်မှု ဖြစ်လွယ်ပါတယ်။


(၄) အာဟာရပြည့်ဝအောင်စားပါ
ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာ (ဥပမာ- ဆန်လုံးညို၊ ခေါက်ဆွဲညို)၊ အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်း၊ အဆီနည်းအသား၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တို့ကို များများစားရင် အာဟာရ ပြည့်ဝစေပါတယ်။ အဆီ၊ သကြားနဲ့ ဆားများတဲ့ အစာတွေကို လျှော့စားပါ။ အမျိုးသမီးတွေ အနေနဲ့ သံဓာတ်ချို့တဲ့မှုဖြစ်ရင် နုံးချည့် ညောင်းညာတတ်တာကြောင့် အဆီနည်းအသားလို သံဓာတ်ပါဝင်မှုများတဲ့ အစာ စားပေးသင့်ပါတယ်။


(၅) ရက်တို အစာလျှော့နည်းများ မကျင့်သုံးပါနှင့်
ကိုယ်အလေးချိန် ကျဖို့အတွက် ရက်တိုတိုအတွင်း အလေးချိန်ကျစေမယ့် အစာ၊ အဆီကျဆေး စတာတွေသုံးပြီး ကိုယ်အလေးချိန် မလျှော့ချပါနဲ့။ ဒီလို အစာလျှော့တာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေကို မရရှိဘဲ နုံးချည့်ညောင်းညာ နိုင်ပါတယ်။


(၆) အိပ်ရေးဝဝအိပ်ပါ
တစ်ညကို ရှစ်နာရီလောက် အိပ်ချိန်ပေးသင့်ပါတယ်။ အိပ်စက်ချိန်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုပါတယ်။ အိပ်ရာထဲ ရောက်တဲ့အခါ ပူပင်စရာ အတွေးတွေကို မေ့ပစ်ပြီး ဝင်လေထွက်လေ မှတ်တာ၊ ဘုရားစာရွတ်တာတို့နဲ့ အပန်းဖြေကာ အိပ်စက်အနားယူပါ။


(၇) အိပ်ဆေးမသောက်ပါနှင့်

အိပ်ဆေးတွေက အိပ်မပျော်တဲ့ ဝေဒနာအတွက် ရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ ဒီဆေးတွေက အိပ်မပျော်တဲ့ အကြောင်းရင်းကို ကုသတာ မဟုတ်တဲ့အတွက် ဘာကြောင့် အိပ်မပျော်ရတာလဲဆိုတာ အဖြေရှာပါ။ အိပ်မပျော်ဘဲ နုံးချည့်ညောင်းညာနေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်ပါတယ်။


YaTaNarPon

ခင်ပွန်းရဲ့ အအေးခံထားတဲ့ သုက်ပိုးကို ဆက်လက်ထိန်းသိမ်းခွင့်ဥပဒေကြောင်းအရ အနိုင်ရ

Posted by drmyochit Friday, March 07, 2014, under | No comments

ယူကေနိုင်ငံ ဘာမင်ဂမ်မြို့က Beth Warren ဆိုသူ အမျိုး သမီးဟာ သေဆုံးသွားတဲ့ သူ့ခင်ပွန်းရဲ့ အအေးခံထားတဲ့ သုက်ပိုး ကို ဆက်လက်ထိန်းသိမ်းခွင့်အတွက် ဥပဒေကြောင်းအရ အနိုင်ရလိုက်တယ်လို့ ဆိုပါတယ်။

သူမရဲ့ ခင်ပွန်းဟာ ကင်ဆာရောဂါနဲ့ မသေဆုံးမီကတည်းက သူ့ရဲ့ သုက်သွေးကို အအေးခံ သိမ်းဆည်းထားခဲ့ပြီး သူသေဆုံးပြီးနောက်ပိုင်း သူ့ဇနီးသည် အသုံးပြုခွင့်အတွက် စာရွက်စာတမ်းနဲ့ ချန်ထားရစ်ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က Beth Warren ရဲ့ အမျိုးသား သေဆုံးခဲ့ပြီး လက်ရှိ ဥပဒေအရ ၂၀၁၅ ခုနှစ် ဧပြီမှာ သူ့ရဲ့ သုက်သွေးတွေကို ဖျက်ဆီးပစ်ရမှာဖြစ်ပါတယ်။

ဒီလို ဖျက်ဆီးပစ်ရမှာကို လက်မခံနိုင်လို့ Beth Warren က ဥပဒေကြောင်းအရ ရင်ဆိုင်ခဲ့တာဖြစ်ပြီး အခုတော့ ဖျက်ဆီးပစ်စရာ မလိုတော့ဘဲ ဆက်လက်ထိန်းသိမ်းခွင့် ရသွားတာ ဖြစ်ပါတယ်။


BBC Burmese

မြန်မာစာပါဝင်လာတဲ့ Note2(N7100)jellybean 4.3

Posted by drmyochit Friday, March 07, 2014, under | No comments


Note2 N7100 Official Jellybean 4.3 မှာမြန်မာစာမရဘူးပြောနေကြတဲ့ဘော်ဘော်တွေအတွက် Note2 N7100 official Jelly bean 4.3 Thai region latest မှာမြန်မာစာ လည်းပါပြီးမြန်မာ လိုအ ဆင်ပြေတယ်ပြောပါ တယ်ခင်ဗျ။ ဒေါင်းခြင်တဲ့ညီအကိုများဒေါင်းနိုင်ပါပြီခင်ဗျား။

Down Load 

Credit to:Ko AungBoBo Lwin

Credit: Myanmar Mobile App Store

မတ်လအတွက် (၇) ရက်သားသမီး ဟောစာတမ်း

Posted by drmyochit Friday, March 07, 2014, under | No comments


တနင်္ဂနွေ သားသမီးများ

အလုပ်အကိုင်များ အဆင်ပြေချင်သော်လည်း လူယုံ သစ္စာဖေါက် မှုကြောင့် စိတ်ညစ်ရ တတ်သည် ။ အလုပ်ထဲတွင် ငွေများမြု တ်နေ လိမ့်မည် ယခုလ အတွင်းစွန့် ၂ စား၂ ရင်းနှီးမြှုတ်နှံမှုမလုပ်ပါနှင့် ။ညီအကို ချင်း မောင်နှမချင်း လင်မယားချင်း စကားများ ရတတ်သည် ။ကြာသပတေးနံသင့်ပစ္စည်းများဝင်လျှင် လက်မခံပါနှင့် အကြီးအကျယ်စိတ်ညစ်ရမည် ။

ယတြာ ။ ။ ပိတောက် (၁၂ )ခက်ကို စနေ နံဘုရား တနင်္ဂနွေ ထောင့်တွင် လှုပြီးလိုရာဆုတောင်းပါ ။

တနင်္လာ သားသမီးများ

ငွေကျပျောက်ခြင်း ငွေအထားမှားခြင်း ငွေလိမ်ခံ ရကိန်းများရှိသည် ။ မည်သူ့ ကိုမှငွေမချေးပါနှင့် ။ မိန်းကလေးဖြစ်ပါက ယောင်္ကျားလေးများနှင့်ပတ်သက်ပြီး စွတ်စွဲခံရခြင်း အထင်လွဲခံရခြင်းများ ဖြစ်တတ်သည် ။ အရင်းအနှီးများသော စီးပွားရေးလုပ်ငန်းများ မလုပ်သင့်ပါ။ ခါးကိုက် ခေါင်း ကိုက်ခြင်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာရခြင်းများဖြစ်တတ်သည် ။ ယတြာ ။ ။ ကလေးများအား ကျောက်ကျော လှုပေးပါ ခိုစာ ငါးစာကြွေးပါ ။

၃ ။ အင်္ဂါ သားသမီးများ
စပ်တူလုပ်ငန်းများအကျိုးပေးမည် ။ စက်ပစ္စည်း ဆေးပစ္စည်းများ ရောင်းဝယ်လျှင် အကျိုးရှိမည် ။ ဆွေမျိုးသားချင်းမှ ကူညီမစခြင်း ခံရမည် ။ အောက်လက်ငယ်သား ( သို့ ) မိမိထက်ငယ်ရွယ်သူကြောင့် စိတ်ညစ်စရာကြုံမည်။ မမျှော်လင့်ပဲ ငွေဝင်လာခဲ့သော် ၃ ၂ ၄ ၁ ပါသောဂဏန်းများနှင့်ထီထိုးပါ ။

ယတြာ ။ ။ မိမိမွေးနေ့ အိမ်က ဘုရားတွင် ဇီးယိုလှုပေးပါ။

၎။ ဗုဒ္မဟူး သားသမီးများ
အလုပ်ထဲတွင်စိတ်ရှည်ပါ ။ စိတ်မ၇ှည်ဒေါသထွက်ခြင်းကြောင့် လုပ်ငန်းများ လက်လွှတ်ရခြင်း အထက်လူကြီး၏ ဆူပူ ခြင်းခံရတတ်သည် ။ သို့ သော် သီးခံတတ်လျှင်သင်အောင်မြင်မည် ။ ခရီးသွားလျှင် သင်ငွေဝင်မည် ။ ယခုလအတွင်း တနင်္ဂနွေသားသမီးနှင့်သတိထားဆက်ဆံ ပါ ။ အတွင်းလူ ဒုက္ခပေးတတ်သည် ။

ယတြာ ။ ။ အိုးတစ်လုံးထဲသို့  အုတ်ခဲ ၆ လုံး အုန်းရေ အုန်းရွက် ၆ ရံက်ထည့်ပြီး ငါ့ကိုယ်စားနင်ခံဟုပြောပြီး ရေထဲသို့ စွန့်ပေးပါ ။

ကြာသပတေးသားသမီးများ

အပြိုင် အဆိုင်တွေနဲ့ တွေ့ မယ် ။ ရင်းနှီးထားတဲ့ လုပ်ငန်းများအရှုံးပေါ်တတ်တယ် ။ အရမ်းမစွန့် စားပါနှင့် ။ အခွင့်အလမ်းကောင်းတွေနဲ့  ကပ်လွဲ လွဲ နေတတ်မယ် ။ လုပ်ထားတဲ့ကိစ္စ တွေအဆင်မပြေလို့  ။ စိတ်ညစ်နေရလိမ့်မယ် ။ ကြားခံလူ ဒုက္ခ ပေးလို့ ငွေကြေး ကိစ္စ ဖြေရှုင်းရလိမ့်မယ် ။ ညာဖက်ခြေထောက်မှာ ဒဏ်ရာရတတ်တယ်။ မိန်းမတယောက်ကိုယုံမိလို့  ပြသနာဖြစ်လိမ့်မယ် ။ ကျမ္မာရေး ဂရုစိုက်ပါ ။

ယတြာ ။ ။ မိမိအိမ်ရှေ့ လမ်းပေါ်တွင် ပုဂံပြား ကြီးကြီးထဲသို့  မြေပဲပြုတ်အပြည့် အမောက်ထည့်ပြီး ကလေးများကို နှိုက်စားပါစေ ။ အိမ်ကဘုရားတွင် တစ်လ တိတိ ပေါက်ပေါက် ကို မပြတ်လှုထားပါ ။

သောကြာ သားသမီးများ

လုပ်ငန်းတွေ တပိုင်းတစ ဖြစ်နေမယ် ။ ပြဿသနာ(၂) ခုတပြိုင်နက်ရင်ဆိုင်ရတတ်တယ် ။ သီးခံမှ ကိုယ်အနိုင်ရလိမ့်မယ် ။ ဂတိပျက်တဲ့သူနဲ့ တွေ့ ပြီး အနည်းငယ်စိတ်ညစ်ရတတ်တယ် သီးမခံရင် ရေရှည်အမှုမျိုး ရင်ဆိုင်ရတတ်တယ် ။ မိန်းမကိစ္စနဲ့ အရှက်တကွဲ အကျိုးနဲဖြစ်လိမ့်မယ် ။ မြေအရောင်းအ၀ယ် လုပ်ရင်သတိထားပါ ။ထွက်ငွေများနေတတ်သည် ။ ကိုယ့်ဆရာသမားက ကူညီလိမ့်မည်။

ယတြာ ။ ။ တာအိုး တစ်လုံးအတွင်း သဲ (၂၁) ဇွန်း ။ သံ (၂၁) ချောင်း ။ သီဟိုခက် (၂၁ ) ခက် စိုက်ပြီး ။မိမိ နေအိမ်၏ အရှေ့ တောင်အရပ် ရေထဲ ကန်ထဲ ချောင်းထဲသို့  စွန့် ပစ်ပါ ။

စနေသားသမီးများ

ကျမ်းမာရေး မဆိုးပါ ။ မိတ်ဆွေကောင်းနှင့်ပေါင်းပြီး လုပ်ငန်း အသစ်များလုပ်ကိုင်ပါ ။ မမျှော်လင့်ပဲ ရွှေကောက်ရခြင်း ရွှေဝင်လာတတ်သည် ။ ငွေဝင်သော်လည်း ထွက်ငွေကများနေတတ်သည် ။လူငယ်များအချစ်ရေးစန်းပွင့်သော လဖြစ်သည် ။ ယခုလ အတွင်းချစ်သူကို အဖြေတောင်းလျှင် အဆင်ပြေလိမ့်မည် ။ အင်္ဂါ ဗုဒ္မဟူးသား သမီးများ သင့်ကိုအကျိုးပြု မည် ။

ယတြာ ။ ။ မွေးနံ ဘုရားထောင့်တွင်ထီးအနီ တစ်လက်ကိုလှုပြီးလိုရာဆုတောင်းပါ ။

အစစအရာရာ အဆင်ပြေပါစေ ....
ကိုမောင်မောင် (ဆန်းသုတေသီ)

ဓမ္မတာလာချိန်မှာ အကိုက်အခဲ သက်သာစေဖို့နည်းလမ်းကောင်းများ

Posted by drmyochit Friday, March 07, 2014, under | No comments


အမျိုးသမီးတိုင်း တစ်လတစ်ကြိမ် လစဉ် ခံစားရလေ့ရှိတဲ့ အရာကတော့ ဓမ္မတာလာစဉ် ကိုက်ခဲခြင်းပါပဲ။ ဒီကိစ္စကို အမျိုးသမီးထုရဲ့ (၉၀)ရာခိုင်နှုန်းလောက်ကတော့ မလွဲမသွေ ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဒီတော့ ဒီကိစ္စကို အသက်သာဆုံးနဲ့ အလွယ်ကူဆုံးဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလဲ သိချင် လာကြပါပြီ။
(၁)     အများစုက ပရိုတိန်းဓါတ်ကို ညစာလောက်မှသာ ဖြည့်တင်းစားသောက်လေ့ ရှိပါတယ်။ ဒါပေမယ့် ပရိုတိန်းဓါတ်ကို မနက်စာ ၊ နေ့လည်စာနဲ့ ညစာပါ တစ်နေ့လုံး ထည့်သွင်းစားသောက်ပေးမယ် ဆိုရင်တော့ သင့်ရဲ့ အသဲကို အကူအညီပေးနိုင်ပြီး လစဉ် ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ ဒီတော့ ပရိုတိန်းဓါတ်များတဲ့ ကြက်သား ၊ ငါး ၊ ကြက်/ဘဲဥတွေကို နေ့စဉ် မပါမဖြစ်အားပြုပြီး စားသုံးပေးပါ။
(၂)     လဖက်စိမ်းရည် သောက်ခြင်းက သင့်ရဲ့စိတ်ကို တည်ငြိမ်စေနိုင်ပြီး ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။ ဒါကြောင့် တစ်နေ့ကို လက်ဖက်ရည်ကြမ်း သုံးခွက်လောက်အနည်းဆုံး သောက်သုံးပေးသင့်ပါတယ်။ ဒါပေမယ့်လည်း ယနေ့ခေတ်မှာ ဓါတုဓါတ်ပြုမှုနဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ခြောက်တွေက များနေတာကြောင့် သဘာဝပစ္စည်းများကိုသာ အသုံးပြုထားပြီး ဓါတုပစ္စည်းမပါဝင်တဲ့ ထုတ်ကုန်မျိုးကိုသာ ရွေးချယ်သောက်သုံး ဖြစ်ဖို့တော့ အရေးကြီးပါတယ်။
(၃)     ယောဂကျင့်စဉ်ကျင့်ပါ။ မှန်ပါတယ်။ ယောဂလို ပုံမှန်လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းမျိုးဟာ သင့်ခန္ဓာကိုယ်ရဲ့ သွေး ၊ ချွေး လှည့်ပတ်မှုနှုန်းများကို ပုံမှန်ဖြစ်စေတာကြောင့် ဓမ္မတာလာချိန် ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။

(၄)     အသားတွေ ၊ ငါးတွေကို ချက်ပြုတ်ရာမှာ တိုက်ရိုက်အပူရှိန် (မီးကင်ခြင်း ၊ မီးဖိုနဲ့ချက်ခြင်း)နဲ့ ထိတွေ့ရတာဖြစ်ပါက အပူချိန် ၃၀၀ ဒီဂရီဖာရင်ဟိုက်အောက်သာ ရှိသင့်ပါတယ်။ အပူချိန် အလွန်များတဲ့အခါ အသားတွေ လောင်ကျွမ်းမှုကနေ ထွက်လာတဲ့ (HCAs) (PAHs) စတဲ့ ဓါတု ဓါတ်ပြုမှုတွေက သင့်ကိုကင်ဆာ ရောဂါဖြစ်ဖို့ အလားအလာရှိနိုင်ပြီး ဓမ္မတာဖြစ်စဉ်အတွက်လည်း အထောက်အကူမပြုပါဘူး။

(၅)     အစားအသောက်ပြီး နောက်တစ်ခုက စိတ်ကိုလည်း ဂရုတစိုက် ပြုပြင်ထားဖို့လိုပါမယ်။ ဖိအား များနေတဲ့အချိန်မျိုးမှာ ဓမ္မတာဖြစ်စဉ် ဖြစ်လာခဲ့ရင် ဝေဒနာပိုဖြစ်လွယ်တာမို့ စိတ်ကိုထိန်းချုပ်နိုင်ရပါမယ်။ ဒါကြောင့်ကြိုတင်ကာကွယ်မှု အနေနဲ့ တစ်နေ့ကို တစ်နာရီလောက်တော့ စိတ်အပန်းဖြေတဲ့အချိန် ထားရှိဖို့ လိုပါလိမ့်မယ်။


တစ်လစာအတွက်ဒီလို ကြိုတင်ပြင်ဆင်သွားမယ်ဆိုရင်တော့ သင့်အတွက် ခက်ခဲတဲ့ ရာသီစက်ဝန်း ဆိုတာ မရှိနိုင်တော့လို့ လာမယ့်ရက်ကို ကြိုတင်တွက်ပြီး စိတ်ညစ်နေစရာလဲ မလိုတော့ပါဘူး။ အရေးကြီးတာက သင့်ရဲ့ တစ်နေ့တာ ကျန်းမာရေးဂရုစိုက်မှုနဲ့ နေပုံထိုင်ပုံပဲဖြစ်ပါတယ်။


Ref:womenhealthmag.com
ထက်ဆု
Trend Myanmar

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်