Sunday, January 26, 2014

အိမ်မှာတစ်ယောက်တည်းနေရင် ငပေါလိုပဲနေတယ်ဆိုတဲ့ အဆိုတော်မလေး

Posted by drmyochit Sunday, January 26, 2014, under | No comments

လူသန်းပေါင်းခြောက်ဆယ်ထဲ မှာအောင်မြင်ကျော်ကြား တဲ့ သူ တစ် ယောက်ဖြစ်ဖို့ဆိုတာက တကယ်ကို မလွယ်လှတဲ့ ကိစ္စရပ်ပါ။ အောင်မြင် ကျော်ကြားသူတွေမှာ ဘယ်လိုကိုယ် ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်ထားလဲ၊ သူတို့ကဘယ်လို အကြောင်းအရာ တွေပေါ်မှာအသေးစိတ် အာရုံစိုက် ပြင်ဆင်ထားလဲဆိုတာ စိတ်ဝင်စားစ ရာပါပဲ။

အခုလိုမျိုး အိမ့်ချစ်ဆိုပြီး အောင်မြင်မှုတွေရရှိလာတာ ဘာ ကြောင့်လို့ထင်လဲ

နံပါတ်(၁)က အိမ့်ချစ်ဝါသနာ အရင်းခံတယ်။ နံပါတ်(၂)က ၀ါသ နာအပေါ်မှာကြိုးစားတယ်။ နံပါတ် (၃)က အိမ့်ချစ်ရဲ့ ကံ၊ စန်း အတွက် ဘာသာတရားလိုက်စားတယ်။ နံ ပါတ်(၄) အိမ့်ချစ် ရဲ့အမေက အများ ကြီးထောက်ပံ့တယ်။ တွန်းအား တွေပေး တယ်။ အဲဒါတွေနဲ့အောင် မြင်လာတယ် လို့အိမ့်ချစ် ထင်ပါ တယ်။

ပရိသတ်ကရော အိမ့်ချစ်ကို ဘာကြောင့်ကြိုက်တယ်လို့ထင်လဲ

အဲဒါကတော့ ကုသိုလ်ကံပေါ့။ ပရိသတ်ချစ်တဲ့ကံလေးပါလာတယ် လို့ထင်ပါတယ်။

MTV တွေရိုက်တဲ့အခါ၊ ရှိုး တွေဆိုတဲ့အခါ မိတ်ကပ်လိမ်းတာကိုအိမ့်ချစ်ကြိုက်နှစ်သက်လား

မကြိုက်လည်းလိမ်းရတာပဲ။ ဒါပေမဲ့ အိမ့်ချစ်က မိတ်ကပ်လိမ်း ရတာကိုမကြိုက်ဘူး။ အပြင်ထွက် ရင်တောင် မျက်နှာပြောင်နဲ့ပဲထွက် တာ။ စင်ပေါ်တက်မှသာ မိတ်ကပ် လိမ်းတာ။

တစ်ယောက်တည်းရှိရင်ရော ဘာအမူအကျင့်တွေလုပ်တတ်လဲ

ကိုယ့်အိမ်ထဲမှာကိုယ့်ဘာသာ ကိုယ်တစ်ယောက်တည်းဆိုရင် ငပေါလိုပဲနေတယ်။ ပြောချင်တာပြော တယ်။ ဆိုချင်တာဆိုတယ်။ အိမ့်ချစ် ကယောက်ျားလေးလည်းနည်းနည်း ဆန်တယ်။

အိမ့်ချစ်ခန္ဓာကိုယ်မှာ ကိုယ် တိုင်ကြိုက်နှစ်သက်ပြီး လှတယ်လို့ ထင်တဲ့အစိတ်အပိုင်းက ဘာဖြစ်မလဲ

ဘာမှမရှိဘူး။ မပြောတတ် ဘူး။ သူများတွေပြောတာကတော့ အိမ့်ချစ်က မျက်နှာတန်ဆာပလာ ကောင်းတယ်တဲ့။ မျက်ခုံးကောင်း တယ်လို့ပြောကြတယ်။ ဒါပေမဲ့ အိမ့်ချစ်က အကုန်လုံးကိုစိတ်ညစ် တယ်။ မျက်ခုံးကောင်းတာလည်း မ ကြိုက်ဘူး။ နှာခေါင်းချွန်တာလည်း မကြိုက်ဘူး။ မျက်လုံးပြူးတာလည်း မကြိုက်ဘူး။ ခြေထောက်တွေ၊ လက်တွေလည်းမလှဘူး။ လက်တွေ ဆိုလည်းမလှဘူး။ ယောက်ျားလက် တွေလိုပဲ တုံးတုံးလေးတွေ။ ခြေ ထောက်တွေဆိုလည်း တိုတိုလေး တွေ။ ဘယ်နေရာလှလဲဆိုတာ မ ပြောတတ်ဘူး။

တေးရေးဆရာက သီချင်း တစ်ပုဒ်ပေးလိုက်ရင် သီချင်းအ လိုက်ကို လွယ်လွယ်နဲ့ရတတ်တဲ့သူ လား

အလေ့အကျင့်တော့ဖြစ်နေပါ ပြီ။ ကြော်ငြာဆို သီချင်းချက်ချင်း ချပေး ချက်ချင်းဆိုရတာ။ ကြော် ငြာဆိုရင် တစ်နာရီလောက်ပဲအချိန် ရတာ။

8 Days

ထိုင်းအတိုက်အခံ ခေါင်းဆောင် ပစ်သတ်ခံရ

Posted by drmyochit Sunday, January 26, 2014, under | No comments

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂ ရက်နေ့ လုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ အတွက် ကြိုတင် မဲပေးပွဲမှာ မဲမပေးနိုင်အောင် ကန့်ကွက် တားမြစ်မှုတွေ ဖြစ်ခဲ့ပြီး ပစ်ခတ်မှုအထိ ဖြစ်ပွား ခဲ့ပါတယ်။

ဘန်ကောက်မြို့ ဘန်နားအရပ်မှာ မဲရုံကို ကန့်ကွက်သူ တွေကို သေနတ်နဲ့ ပစ်ခတ် ခဲ့ပါတယ်။

တလက် မကတဲ့ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆန္ဒပြ ခေါင်းဆောင် တဦးဖြစ် တဲ့ စူထင်း ထားရားထင်း သေဆုံး သွားပါတယ်။

နောက်ထပ် ၁ဝ ဦးလည်း ဒဏ်ရာရ သွားတယ်လို့ ထိုင်း ကျန်းမာရေး ဌာနက သတင်း ထုတ်ပြန်ပါတယ်။

ကြိုတင် ဆန္ဒပြပွဲကို ကန့်ကွက် ပိတ်ဆို့မှုတွေ လုပ်လို့ ဘန်ကောက် ခရိုင် ၃ ပုံ ၂ လောက် မှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘဲ ရပ်ဆိုင်း ခဲ့ရတယ်။

တစ်နိုင်ငံလုံးက ၇၇ ခရိုင်မှာ ၁ဝ ခရိုင် ကျော်က ကြိုတင် မဲပေးပွဲ မလုပ်နိုင်ဘဲ ဖြစ်သွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


ဘန်ကောက် ၃ ပုံ ၂ မှာ ကြိုတင် မဲပေးမှု ရပ်ဆိုင်း

မလေးရှားတွင် (၁၄) ထပ်မှ အသက် (၂) နှစ်နှင့် (၃၅) နှစ်အရွယ် ချင်းလူမျိုး (၂) ဦး ပြုတ်ကျ ကွယ်လွန်

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Taman Sungai Besi Apartment ၏ (၁၄) ထပ်မှ ချင်း လူမျိုးများဖြစ်ကြသော အသက် (၃၅) နှစ်အရွယ်ရှိ Khen Hrang နှင့် အသက် (၂) နှစ်အရွယ် Pu Van Thang ၏ သား David တို့ ပြုတ်ကျကာ ကွယ်လွန်မှု ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂၅) ရက်
နံနက် (၉း၄၀) ခန့်တွင် ဖြစ်ပွားခဲ့သည်။

Malaysia အခြေစိုက် The Chin Times ၏ ဖော်ပြချက်အရ- ခလေးငယ် David သည် အိမ်၏ ၀ရမ်တာတွင် ကလေးသဘာဝဆော့ကစားနေရာမှ ကစားသည့်အရုပ် အပြင်သို့ထွက်ကျ သွားရမှာ- သွားရောက် ဆယ်ယူရန် ကြိုးစားရင်း အောက်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

David အောက်သို့ကျခြင်းကို သူ၏ ဦးလေးဖြစ်သူ (David ဖခင်၏ ညီ)မှ တွေ့ပြီး၊ အောက်သို့ ဓါတ်လှေကားမှ တဆင့် သွားရောက် ကြည့်ရှု့ရန်စောင့်ဆိုင်းသော်လည်း ဓါတ်လှေကား ကြာလှသဖြင့်၊ သူ၏ ချစ်လှစွာသော တူကလေးဆီသို့ ထပ်မံခုန်ချခဲ့ခြင်းဖြစ်သည်။

ခုန်ချခါနီးတွင် အခြားလူများမှ- မခုန်ချရန်နှင့် ခလေးမှာ ကွယ်လွန်ပြီးဖြစ်ကြောင်း ဖျောင်းဖြကြသော်လည်း မည်သို့မျှ တားဆီး၍မရဖြစ်ခဲ့ရသည်ဟု သိရသည်။

ကွယ်လွန်သူများ၏ ရုပ်ကလာပ်အား ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ဈာပနအစီအစဉ်ပြုလုပ်မည် ဖြစ်သည်။

Credit to: Chin World

နေဝင်ချိန် အကြင်နာလက်ဖြင့် ဖေးကူသူများ

Posted by drmyochit Sunday, January 26, 2014, under | No comments

ဇရာ၏သရုပ်ကို အဝေးမှပင် လှမ်းမြင်နေရသည်။ ထိုသရုပ်သည်ပင် ဘဝ၏ နေဝင်ချိန်ကို အဘိုးအဘွားတို့ အတူ ကျော်ဖြတ်တော့မည် ဖြစ်သည်။ ထိုသို့ ကျော်ဖြတ်ရာတွင် စိတ်ဓာတ်ကျ အားငယ်နေခြင်းများ ကင်းဝေးရန်၊ အထီးကျန်မှုများ မရှိစေရန်အတွက် မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်း တစ်ခုဖြစ်သည့် သက်ကြီး ဆရာဝန်များ အဖွဲ့အစည်းတို့က တည်ထောင်ထားသည့် Day Care Center များ ဖွင့်လှစ် ဆောင်ရွက်လာသည်ကို တွေ့နိုင်ပေသည်။
“ဒီအသက် ဒီအရွယ်မှာ သားသမီးကိုလည်း ကိုယ့်ကြောင့် စိတ်မပူစေချင်ဘူးလေ။ ဒီမှာ လာနေရဖို့ အတွက်ကို သားသမီးတွေက ပထမတော့ သဘောမတူဘူး” ဟု ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာတွင် နေ့ပိုင်းစောင့် ရှောက်မှု ခံယူနေသည့် အဘွား ဒေါ်လှလှဌေးက ဆိုသည်။

Day Care Center ကဲ့သို့သော သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာမျိုးတွင် သူမအသက် ၆၀ လောက်ကတည်းက နေချင်နေ ခဲ့ကြောင်း၊ မြို့ပြ၏ စီးပွားရေးစနစ်အရ အိမ်ရှိ လူကုန် အလုပ် လုပ်ကြသည့် ကာလမျိုးတွင် မိသားစုများ အလုပ်သွားနေကြသည့် အချိန်မျိုးတွင် တစ်ယောက်တည်း အိမ်အကူနှင့် ကျန်ခဲ့ရသည့် အတွက် အထီးကျန်ခြင်းမျိုးကို ခံစားရကြောင်း၊ မြေးများ ရှိသော်လည်း အသက်အရွယ်၊ ခေတ်ကာလ အပိုင်းအခြားကြောင့် အတူနေသော်လည်း မတူညီသည့် သဘော တရားများ ရှိသည့်အတွက် သက်ကြီးရွယ်အိုများ စောင့်ရှောက်ပေးသည့် ဂေဟာများ ရှိလာသည်ကို ကျေနပ်မိကြောင်း အသက် ၇၀ ကျော် အရွယ်ရှိ ၎င်းက ပြောကြားသည်။

လက်ရှိ ကမ္ဘာ့လူဦးရေသည် သန်း ခုနစ်ထောင်ကျော် ရှိလာပြီဖြစ်ရာ အဆိုပါ လူဦးရေများအနက် အသက် ၆၀ နှင့် အထက် သက်ကြီးရွယ်အို သိန်း ၇၀၀ ကျော် ခန့် ပါဝင်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ယခုနှစ်ထက် နှစ်ဆ မြင့်တက်လာပြီး ၂၀၅၀ ပြည့်နှစ် တွင် နှစ်ဘီလီယံအထိ ရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

“လူမှုအဖွဲ့အစည်းတွေ အနေနဲ့လည်း သူတို့အပေါ် ကျရောက် လာမယ့် လူအို ပြဿနာကို ကာကွယ်နိုင် ဖို့ ခုကတည်းက ပါဝင် စောင့်ရှောက် သင့်တယ်” ဟု သက်ကြီး ဆရာဝန်များ အထောက်အကူ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ပါမောက္ခ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က ဆိုသည်။

တစ်ကမ္ဘာလုံးတွင် အရေးကြီးသော ကျန်းမာရေး ပြသနာတစ်ရပ်မှာ သက်ကြီးရွယ်အိုများ များပြားလာခြင်း ဖြစ်ကြောင်း၊ အသက် ၈၀ ကျော်သူများကို စောင့်ရှောက်ရန် လိုအပ်ကြောင်းနှင့် မြန်မာနိုင်ငံရှိ လူဦးရေ၏ ၁၀ဒသမ၄ ရာခိုင်နှုန်းကျော်မှာ သက်ကြီးရွယ်အိုများ ဖြစ်ကြောင်းလည်း ၎င်းကပင် ဆိုသည်။

သက်ကြီးစောင့်ရှောက်ရေး စင်တာကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တွင် သက်ကြီး ဆရာဝန်များက ဦးဆောင်ပြီး ရန်ကုန်မြို့ တာမွေမြို့နယ် တောင်မြင်းပြိုင် ကွင်းလမ်းတွင် ဖွင့်လှစ်ခဲ့သည်။ ထိုစင်တာက အသင်းဝင်များ အားလုံးကို အခမဲ့ အသင်းဝင်ခွင့် ပြုပေးထားပြီး အသင်းဝင်တိုင်း ကျန်းမာရေး စောင့်ရှောက်မှုများ ပေးပြီး မကျန်းမာ၍ ဆေးရုံတက်ရောက် ကုသမှု ခံယူပါက ကျပ်ငွေ ငါးသောင်း၊ မျက်လုံး တစ်ဖက်ခွဲပါက သုံးသောင်းနှုန်းဖြင့် နှစ်ဖက်ခွဲပါက ခြောက်သောင်း၊ နာရေးဖြစ်ပါက သုံးသောင်း ထောက်ပံ့ ကူညီကြောင်းလည်း သက်ကြီး ဆရာဝန်များ အသင်းကပင် သိရသည်။

“အခြားနိုင်ငံတွေမှာ အခကြေးငွေနဲ့ ဖွင့်တယ်။ ကိုယ့်ဆီမှာကတော့ အခမဲ့ပါ။ အဓိကက ကျန်နေတဲ့ သက်တမ်းမှာ ပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိရှိ နေထိုင်သွားနိုင်အောင်ပါ” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာန သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာ ဂေဟာမှူး ဒေါက်တာ ဒေါ်ကေသီကျော်က ဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနက သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းတွင် ဖွင့်လှစ်ခဲ့ပြီး ယင်းဂေဟာတွင် စာဖတ်ခြင်း၊ ကွန်ပျူတာ၊ အင်တာနက် အသုံးပြုခြင်း၊ ရုပ်သံလိုင်း ကြည့်ရှုခြင်း၊ ကာရာအိုကေ သီဆိုခြင်း၊ တရားထိုင်ခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်း၊ စစ်တုရင် ထိုးခြင်း၊ အခြားအားကစား နည်းများ ကစားနိုင်ခြင်း၊ ပြင်ပ လေ့လာရေး ခရီးသွားခြင်း၊ မိမိဝါသနာပါရာများ လုပ်ဆောင်နိုင်ခြင်း စသည်ဖြင့် အပန်းဖြေ အနားယူနိုင်ရန်လည်း စီစဉ်ပေးထားကာ အသက် ၇၀ ကျော် အထီးကျန်သူ အဘိုး အဘွားများကို မိသားစုကိုယ်စား စောင့်ရှောက် ပေးနေပြီ ဖြစ်သည်။

“ဒီကိုလာနေရတာက အိမ်မှာနေရတာထက် ပိုအဆင်ပြေတယ်။ ဘာသာရေးကအစ နှီးနှော ဖလှယ်နိုင်တယ်” ဟု ဂေဟာအတွက် မိမိတတ်ထားသည့် ပန်းချီဆွဲ ပညာဖြင့် သူနေ့ပိုင်း လာရောက် နေထိုင်သည့် ဂေဟာကို လက်ဆောင်ပေးရန် ရေးဆွဲနေသည့် အဘိုး ဦးဘသန်းက ပြောသည်။
သက်ကြီးရွယ်အိုများ ဆိုင်ရာ ကမ္ဘာ့ညီလာခံကြီးကို သြစတြီးယားနိုင်ငံ ဗီယင်နာ မြို့၌ ၁၉၈၂ ခုနှစ်က ကျင်းပခဲ့ပြီး ယင်းညီလာခံ၏ ရှေးလုပ်ငန်းစဉ် ရည်ရွယ်ချက်များအရ သက်ကြီးရွယ်အိုဆိုင်ရာ လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် နိုင်ငံအသီးသီးက အစိုးရများနှင့် လူမှုရေး အဖွဲ့အစည်းများ၏ စွမ်းအားကို ဖြည့်တင်းရန်၊ သက်ကြီးရွယ်အိုများ၏ စွမ်းအားကို ဖြည့်တင်းရန်၊ သက်ကြီးရွယ်အိုများ၏ မှီခိုမှု လိုအပ်ချက်နှင့် ဖွံ့ဖြိုးတိုးတက်လာမှု အလားအလာများကို ကိုင်တွယ် ဆောင်ရွက်နိုင်ရန်တို့ ပါဝင်သည်။

မြန်မာနိုင်ငံသည် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်း တစ်ခုဖြစ်သည့် စေတနာ့ဝန်ထမ်း ဘိုးဘွားရိပ်သာများ ထူထောင်ခြင်း လုပ်ငန်းကို ၁၉၁၅ ခုနှစ် ကတည်းက ဆောင်ရွက်ခဲ့ပြီး မန္တလေးမြို့ရှိ ပိုးကုန်သည်ကြီး ကရုဏာရှင် ဘွားဦးဇွန်းက မျိုးစေ့ချပေးခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ဘိုးဘွားရိပ်သာ များစွာ ပေါ်ထွန်းလာပြီး ဘိုးဘွားပေါင်းများ စွာကို စောင့်ရှောက် ထားနိုင်ခဲ့သည်။ ထို့အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေး စီမံကိန်း၏ ပထမ သက်တမ်း ကာလ ၂၀၀၄-၂၀၀၆ ခုနှစ်နှင့် ဒုတိယ သက်တမ်းကာလ ၂၀၀၆-၂၀၀၉ ခုနှစ်တို့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခုမှ စီမံကိန်းမြို့နယ် ၁၇ ခုတွင် ဆောင်ရွက်ခဲ့ပြီး တတိယ သက်တမ်းကို ၂၀၀၉-၂၀၁၂ ခုနှစ် အထိ သတ်မှတ်ထား၍ ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခု၊ စီမံကိန်းဝင်မြို့နယ် ၂၁ ခု တို့တွင် ဆောင်ရွက်ပြီးကြောင်း သိရသည်။
“အသက်ကြီးလို့ သူတို့ကိုယ် သူတို့ မလုပ်နိုင်ဘူးလို့ အတွေး မဝင်အောင် သူတို့ လုပ်နိုင်သေးပါလား ဆိုတဲ့ စိတ်လေး ဝင်အောင် အဘိုးအဘွားတွေ လုပ်တတ်တာ မှန်သမျှ ဒီဂေဟာကနေ ကူညီ ပံ့ပိုး ပေးထားတယ်” ဟု ဂေဟာမှူးကပင် ဆိုသည်။

လူမှုဝန်ထမ်း ဦးစီးဌာန ဂေဟာကို တနင်္လာနေ့မှ သောကြာနေ့အထိ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များမှ အပ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲ အထိ ဖွင့်လှစ်ထားပြီး အကြောင်း အမျိုးမျိုးကြောင့် စောင့်ရှောက်မှု မပေးနိုင်သည့် အဘိုးအဘွားများကို စောင့်ရှောက်ပေးကြောင်း လတ်တလောတွင် အဘိုးအဘွား ၇၀ ကျော် ရှိကြောင်းလည်း ယင်းဂေဟာမှပင် သိရှိရသည်။
“လိုအပ်ချက်ရှိလို့ ဒီစင်တာကို ဖွင့်တာ။ ဖြစ်နိုင်ရင် ရပ်ကွက်တိုင်း၊ ရပ်ကွက် တိုင်းမှာရှိတဲ့ ဓမ္မာရုံတွေမှာ တစ်ပတ်တစ်ခါ ဒါမှမဟုတ် တစ်လတစ်ခါတော့ အသက်ကြီးတဲ့သူတွေ ဆုံတွေ့ စကား ပြောသင့်တယ်” ဟု Day Care Center ထူထောင်သူ သက်ကြီး ဆရာဝန်များ အထောက်အကူ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်က က အကြံပြုသည်။

မြန်မာနိုင်ငံသည် တခြားနိုင်ငံများကဲ့သို့ သက်ကြီးရွယ်အို အလွန်အမင်း များပြားသည့် ပြဿနာကို ရင်မဆိုင် ရသေးသော်လည်း နောင်လာမည့် ဆယ်စုနှစ်များတွင် ယင်းပြဿနာကို ရင်ဆိုင်ရမည်ဖြစ် ကြောင်း၊ တိုးပွားလာမည့် သက်ကြီးရွယ်အိုများ အားလုံး ဂုဏ်သိက္ခာ ရှိရှိနှင့် သွက်လက် ကျန်းမာပြီး လုံခြုံစိတ်ချရသော ဘဝမျိုးဖြင့် လျှောက်လှမ်းနိုင်မည့် အစီအစဉ်ကို နိုင်ငံတော် အပါဝင် ပါတီအဖွဲ့အစည်းများကလည်း အဓိက လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

လာမည့် ၂၀၁၄-၁၅ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ရန် စီစဉ်ထားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် တိုးချဲ့ လုပ်ဆောင်သွားမည့် အစီအစဉ်များလည်း ရှိကြောင်း၊ ထို့အပြင် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် Help Age International တို့ ပူးပေါင်းကာ ၂၀၀၈ ခုနှစ်က စတင်ပြီး ဌာနေ ရုံးခွဲ ဖွင့်လှစ်ပြီး သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အထက်မြန်မာပြည်ရှိ ပြင်ဦးလွင်၊ အရာတော် နှင့် မလှိုင်မြို့နယ်တို့ရှိ ကျေးရွာ ၁၀၀ ကျော်၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်တချို့နှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် တချို့တို့တွင် ဘိုးဘွားများအတွက် အိမ်တိုင်ရာရောက် စောင့်ရှောက်ရေး စီမံချက်များကို ၂၀၀၄ ခုနှစ်မှ စတင် လုပ်ဆောင်ခဲ့ကြောင်း Help Age International ပြန်ကြားရေး တာဝန်ခံထံမှ သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး၌ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများမှ တည်ထောင်သော သက်ကြီးရွယ်အိုများကို စောင့်ရှောက်မှု ပေးလျက်ရှိသည့် ရိပ်သာပေါင်း ၇၀ ကျော် ရှိပြီး ဘိုးဘွားစုစုပေါင်း ၃၀၀၀ ကျော်ကို စောင့်ရှောက်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော စာရင်းဇယားများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများ လျင်မြန်စွာ တိုးပွားလာခြင်းကြောင့် ကြုံတွေ့နိုင်သော စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ကြိုတင် ပြင်ဆင် ထားသင့်ကြောင်း၊ လာမည့် ၂ နှစ် အတွင်း မြန်မာနိုင်ငံ၏ လူဦးရေတွင် သက်ကြီးရွယ်အို ပါဝင်မှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အနာဂတ် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းသည် သမားရိုးကျ ဘိုးဘွားရိပ်သာများ ထူထောင် စောင့်ရှောက် သည့် လုပ်ငန်းစနစ် တစ်ခုတည်းနှင့် လုံလောက်မှု မရှိတော့သည့်အတွက် တခြား နည်းစနစ်များကိုလည်း ရှာဖွေ ဆောင်ရွက်လျက်ရှိကြောင်း ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံသည် အာဆီယံ-ကိုရီးယား အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ အပါအဝင် အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံ ၂၈ နိုင်ငံမှ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်း ဆောင်ရွက်နေသည့် ကိုယ်စားလှယ်များ၊ ကျွမ်းကျင် ပညာရှင်များနှင့် သက်ကြီးရွယ်အို စုစုပေါင်း ၁၂၀ ကျော် တက်ရောက်ခဲ့သည့် ညီလာခံ တစ်ခုကိုလည်း ပြီးခဲ့သည့် မေလတွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ရာ ယင်းဆွေးနွေးပွဲတွင် ညီလာခံသို့ တက်ရောက်လာသော အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများ၏ သက်ကြီးရွယ်အို စောင့် ရှောက်ရေးဆိုင်ရာ မူဝါဒများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ပတ်သက်သည့် အားသာချက်၊ အားနည်းချက် စသည့် အတွေ့အကြုံများကို ဖလှယ်ခွင့် ရရှိခဲ့ကြောင်းလည်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ စုံစမ်းသိရသည်။
“အသက်ကြီးတဲ့သူတွေ အနေနဲ့လည်း ငါသေရတော့ မှာပါလားလို့ အတွေး မဝင်ဘဲ အသက်ရှင်နေတဲ့ တစ်နေ့တာကာလ တွေတိုင်း အဓိပ္ပာယ်ရှိရှိနဲ့ နေထိုင် သွားနိုင်အောင် ဒီလို ဂေဟာမျိုးတွေ နေရာဒေသတိုင်းမှာ ဖွင့်ပေးသင့်တယ်” ဟု ယင်းဂေဟာ ၌ လာရောက်နေထိုင်သူ ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) စိုးမြင့်က သူ၏ အမြင်ကို ဆိုသည်။

သူတို့၏ လျှောက်လှမ်းခဲ့ရသော ဘဝခရီးများတွင် နောင်လာနောင်သားများ အတုယူေ လ့လာစရာများလည်း ရှိမည်၊ သင်ခန်းစာများလည်း ရှိမည်၊ ထိုသူများကဲ့သို့ပင် မိမိတို့သည်လည်း သူတို့ကဲ့သို့ အိုမင်းမစွမ်း အချိန်ကို မလွဲမရှောင်သာ ရောက်ကြဦးပေမည်။

သက်ကြီးရွယ်အို အဘိုးအဘွားများ အနေဖြင့် လူ့သက်တမ်းအရ အသက် ကိန်းဂဏန်းများ ကြီးလာသည်နှင့်အမျှ သူတို့ ဖြတ်သန်းခဲ့သည့် ဘဝ အတွေ့အကြုံများမှာလည်း များလှသည့် ထိုအဘိုး အဘွားများကို ဆရာမင်းသုဝဏ်၏ လောကဓံကို မှတ်ကျောက် တင်သည့်
“ထိုပင် ငုတ် တို ပျဉ်းမအိုသည်စစ်ကိုလည်းကြုံ ခြအုံလည်းဖြစ် ဓားထစ် လည်းခံ နေလျှံလည်းတိုက်
လေပြင်းခိုက် လျက် မငိုက်ဦးခေါင်းနွေသစ်လောင်းသော် ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ငယ်ရုပ်ဆင်သည် အသင်ယောက်ျား ကောင်းတကား” ဟူသည့် ပျဉ်းမငုတ်တို ကဗျာလေးအတိုင်း သက်ကြီးရွယ်အိုများကို ပုံခိုင်းနှိုင်း တင်စားလိုက်ချင်ပါသည်။

Written by  ခင်မြန်မာအောင်

The Voice Weekly

UltimateZip 7.0 with Serial Keygen

Posted by drmyochit Sunday, January 26, 2014, under | No comments

ဒါကတော့ Zip ဖိုင်တွေကိုပြုလုပ်ပေးပါတယ် ကျွန်တော်မပြောလဲသိပြီးလောက်မယ်ထင်ပါတယ် ဒါပေမဲ့ တစ်ခုတော့ ရှိတယ်ခင်ဗျားသင့်ရဲ့စက်မှာဒါလေးမရှိရင်တော့ မရဘူးနော် ဒါလေး ကတော့တော်တော်လေး ကိုအသုံးဝင်ပါတယ် မိတ်ဆွေများ အတွက်လဲ အကျိုးများ စွာသက်ရောက် ပါတယ် လိုအပ်မယ်ဆိုရင်တော့အောက်မှာဒေါင်းသွားလိုက်နော်..
ဖိုင်ဆိုဒ်ကတော့ 5.67Mb ရှိပြီး Full Versionဖြစ်ဖို့ အထဲမှာ Keygen ဖိုင်ပါပါတယ်ခင်ဗျာ...



  • Superior ZIP and ZIPX Support. UltimateZip can create and extract ZIP and ZIPX files. It is very fast in creating and extracting. UltimateZip’s Zip-Engine is highly optimized.
  • Superior 7-Zip Support. UltimateZip completely supports the new 7-Zip Format (including the new LZMA2 Method).
  • Multiple Formats Support. UltimateZip supports most popular compressed and encoded formats currently in use. Create, open and extract: ZIP, ZIPX, 7-ZIP, LHA (LZH), CAB, TAR, GZIP, BZIP2, XXE, UUE, and MIME (Base 64) files. Open and extract: RAR, ARJ, ARC, ACE, and ZOO.
  • Portable. UltimateZip is 100% portable. You can take it anywhere on your USB-Stick and run it anywhere on any Computer.
  • UAC Elevation. Create and extract archives anywhere on your computer, even in directories like “Program Files”.
  • Integrated View and Preview feature. The integrated View /Preview feature supports more than 100 file types including the most common graphic and office formats. It is possible to view files inside archives without extracting them. The viewer supports syntax highlighting for the most common programing languages.
  • Strong Encryption. UltimateZip comes with full support for WinZip AES standard(128-bit/192-bit/256-bit AE-1 & AE-2), and offers strong file encryption with the UZE encryption format(AES-258, Twofish).
  • Multi-Core Support. UltimateZip supports Multi-Core processors and improves the speed while adding files.
  • ZIP and ZIPX Repair. Repair broken ZIP and ZIPX files.
  • Automated Backups. With the build-in backup wizard, it’s very easy for you to backup your important data.
  • Self-Extracting Archives. Create Self-Extracting Archives for ZIP, ZIPX and 7-ZIP format. The SFX files support AES Encryption.
  • Windows Integration. UltimateZip is possible to create, extract or mail archives without leaving the Explorer and “Drag & Drop” from and to the Explorer.
  • Command Line Tools. UltimateZip comes with a full set of command line tools. All important archive operations can be done via command line.
  • Batch compress. Batch compress support: Compress multiple files to multiple archives.
  • Batch extract support. Extract multiple archives with only one mouse click.
  • Checkout feature. To examine or run files in an archive.
  • Zip Comments. View and edit Zip comments.
  • Integrity test. Test your archives for errors.

Download From Google Drive


ဒေါင်းရန်===>> File==> Downlaod

ကိုယ့်ရဲ့ဖူးစာဖက်ကို အနုပညာလောကထဲက မဖြစ်စေချင်ဘူးလို့ ဆိုလိုက်တဲ့ မိုးယုစံ

Posted by drmyochit Sunday, January 26, 2014, under | No comments


ချစ်စဖွယ်အပြုံးလေးနဲ့ ပရိသတ်ကို ဖမ်းစားထားခဲ့သူလေး မိုးယုစံကတော့ ဖေဖော်ဝါရီလ ၁၄မှာ ကျရောက်မယ့် ချစ်သူများနေ့ကို ဘယ်လိုဖြတ်သန်းမယ်ဆိုတာနဲ့ ပတ်သက်ပြီး ခုလို ဖွင့်ဟပါတယ်။ ‘နှစ်တိုင်းတော့ ကားရိုက်ပါပဲ။ ပရိသတ်တွေကတော့ လက်ဆောင်တွေပို့ပေးကြတယ။် ဒီနှစ်က သူများ ကိုလဲပေးဖို့မရှိဘူး။ ဒီနှစ်ရဲ့ ဖြတ်သန်းမှုကလဲ ရှုတင်နဲ့ပဲဆိုတော့ ထူးခြားမှုတော့မရှိပါဘူး’လို့ သူမက ပြောပါ တယ်။ ဒါ့အပြင် အချစ်ရေးနဲ့ မင်္ဂလာသတင်းကိုလည်း သူမက ‘မိုးယုရဲ့ မင်္ဂလာသတင်းက အဝေးကြီး လိုပါသေး တယ။် ကိုယ့်အစ်မတွေရဲ့ မင်္ဂလာသတင်းကြားရတော့ ၀မ်းသာမိတယ်။ ချစ်တဲ့သူ အချင်းချင်း ယူကြတယ် ဆိုတော့ ကိုယ်လဲအားကျပါတယ။် အချစ်ဆိုတာက အမြဲတမ်းကြီး အကောင်း ပဲတော့ မသွားဘူး။ အချစ်ရေး ကံကောင်းမကောင်းဆိုတာ ကိုယ့်ရဲ့ ဖူးစာဖက်အပေါ်မှာလဲ မူတည်သေး တယ်။ ကိုယ်နဲ့ဖူးစာကံပါမဲ့သူက ဘယ်သူမှန်းမသိသေးတော့ ခုချိန်က အချစ်ရေးနဲ့ ပတ်သတ်ပြီး ဘာမှမရှိသေးဘူး။ ရွေးချယ်ဖြစ်မယ်ဆိုရင်တော့ အပြင်ကပဲ ဖြစ်ဖြစ် ဒီထဲကဖြစ်ဖြစ် လူပဲလေ။ ကိုယ့်ဖူးစာကံပါမဲ့သူပေါ့။ ဒါပေမဲ့ညီမက အနုပညာ အလုပ်လုပ်တဲ့သူမို့လို့လား မသိဘူး။ ညီမရဲ့ဖူးစာဖက်ကို အနုပညာလောကထဲကလူ မဖြစ်စေချင်ပါဘူး။ အိမ်ကတော့ ဘာမှမပြောထားပါဘူး။ အခုထက်စာရင် အရင်တုန်းက အများကြီးချုပ်ချယ်တယ်။ ကိုယ်လဲစဉ်းစားတတ်တဲ့ အရွယ်ရောက်ပြီဆိုတော့ ညီမကိုစဉ်းစားခိုင်းပါတယ်’တဲ့။

Trend Myanmar

ကင်ဆာရာဂါကို နှစ် ၃၀ နီးပါး ရင်ဆိုင်အံတု ခဲ့တဲ့ ခင်ယုမေ

Posted by drmyochit Sunday, January 26, 2014, under | No comments

Q. ကျန်းမာရေးနဲ့ ပတ်သက်ပြီး အန်တီမေ မှာ ဘယ်လိုမျိုး ဝေဒနာတွေ ခံစားနေရ ပါသလဲ။

A. အန်တီမေက ၁၉၈၂ ခုနှစ်မှာ ရင်သား ကင်ဆာ ရောဂါ စဖြစ်ခဲ့တယ်။ အဲဒီကနေ ၁၉၉၅ လောက်မှာ ကင်ဆာဆဲလ်တွေက သားအိမ် ကို ကူးပြန်တာကြောင့် သားအိမ် ကို ဖြတ်ထုတ် ခဲ့ရ တယ်။ နောက်ပြီး ကင်ဆာရဲ့ နောက်ဆက်တွဲ ဝေဒနာတွေနဲ့ အရိုးပွ၊အရိုးပါးတာတွေ ခံစား နေရပါတယ်။

Q. ကင်ဆာဖြစ်မှန်း သိတော့ ဘယ်လိုမျိုး ကုသမှု ခံယူခဲ့ ပါသလဲ။
A. စသိသိချင်းတုန်းက မြောက်ဥက္ကလာပ ဆေးရုံမှာ ကုသမှု ခံယူခဲ့ပါတယ်။
ဓာတ်ကင်ခဲ့ရတယ်။ ကင်ဆာဆေးတွေလည်း သောက်ခဲ့ရ ပါ တယ်။ အဲဒီကတည်းက ဆရာဝန်နဲ့
သေချာပုံမှန် ပြဖြစ်ခဲ့ပါတယ်။

Q. ရင်သားကင်ဆာ စတင် ခံစား နေရချိန်မှာ ဘယ်လိုရောဂါ လက္ခဏာ တွေကို ခံစားရပါသလဲ။

A. အန်တီမေက အရမ်း အကြမ်း ခံနိုင်တဲ့သူပါ။ ရိုက်ရတာလည်း ဇာတ်ကြမ်းကား တွေပေါ့။ အန်တီမေ တစ်ခါမှ ပင်ပန်းတယ်၊ မောတယ် မရှိခဲ့ဘူး။
နောက်ပိုင်းကျတော့ အပင်ပန်းလည်း မခံနိုင်၊ ညဘက် တွေလည်း အိပ်မပျော်၊
အသားအရေကလည်း တဖြည်းဖြည်း ခြောက် လာတယ်။ နေမကောင်းဘူး ပေါ့ကွယ်။ ရင်သား
ကင်ဆာရယ်လို့တော့ မသိခဲ့ပါဘူး။ နေမကောင်းလို့ အားဆေး သွားသွားထိုးနေတဲ့ ဆေး
ခန်းက ဆရာဝန်မလေးက အထူးကု ဆရာဝန်နဲ့ ပြဖို့ ပြောတယ်လေ။ အန်တီမေ ရင်သားမှာ
မန်ကျည်းစေ့လောက် အကျိတ်လေး ဖြစ်နေ တာပေါ့။ အန်တီမေကတော့ ဒီလို
အကျိတ်မျိုးဆိုတာ လူတိုင်းရှိတယ်ပဲ ထင်ပြီး ပေါ့ခဲ့တယ်။ ပြီးတော့ ဆရာဝန်ကို
ကိုယ့်ရင်သား ပြရမှာ လည်း ရှက်ခဲ့တာပေါ့။ အဲဒါတွေကြောင့် ကြန့်ကြာသွားပြီး
မန်ကျည်းစေ့လောက် အကျိတ်လေးကနေ ခုံညင်းဒိုးလောက်ထိ ဖြစ်လာတယ်။ အဲဒီ
အချိန်ကျမှ သွားပြတော့ အသားစ ထုတ်ပြီး စစ်ဆေးတယ်။ ကင်ဆာ တွေ့တယ်။
အဲဒီအချိန်ကျတော့ ထုတ်ရုံတင် မရတော့ဘူး။ ရင် သားပါ ဖြတ်ထုတ် လိုက်ရတယ်။

Q. ရင်သားကင်ဆာ ဝေဒနာ ရှိနေတော့ အန်တီမေ ရဲ့ အနုပညာ လုပ်ငန်းမှာ ဘယ်လောက်ထိ ထိခိုက်ပါသလဲ။
A. ထိခိုက်တာ မဟုတ်ပါဘူး။ လုံးဝကို မလုပ်နိုင် တော့တာပါ။ ကားရိုက်တယ်
ဆိုတာက ကြည့်တော့သာ လွယ်ပေမယ့် စိတ်ပန်း လူပန်း လေ၊ အန်တီမေ အဲဒီဒဏ်တွေကို
မခံနိုင်တော့တာနဲ့ ၀ါသနာပါတဲ့ အလုပ် ကို စွန့်လွှတ် လိုက်ရတယ်။ ဇာတ်ကားတွေ
မရိုက် ဖြစ်တော့ ပါ ဘူး။

Q. ကျန်းမာရေး မကောင်းတော့ အနုပညာ အလုပ်အပြင် အခြား လူမှုရေး၊ စီးပွားရေး တွေမှာပါ ဘယ်လို အခက်အခဲ ကြုံရပါ သေးလဲ။

A. မကျန်းမမာနဲ့ နေမကောင်းတဲ့ အချိန်မှာ သေချာ သိလိုက်ရတာက လူဆိုတာ သိပ်ကြောက်ဖို့ ကောင်းတယ် ဆိုတာပါပဲ။ အန်တီမေ တို့ က သားအမိ နှစ်ယောက်ပဲ
ရှိတာလေ။ သားလေးက အမေရိကားမှာ ဒီကိုပြန်လာဖို့ မလွယ်ဘူး။ အန်တီမေ
တစ်ယောက်တည်းပေါ့။ အရင် က ရုပ်ရှင်ထုတ်လုပ်ရေး ရှိခဲ့တယ်လေ။ အဲဒါတွေ လည်း
မကျန်းမာတော့ ဆက်မလုပ်နိုင် တော့ပါဘူး။ တခြား အန်တီမေရဲ့ အိမ်တွေ၊ ခြံ
တွေဆိုတာလည်း ကိုယ်နေမကောင်း တော့၊ ကိုယ်တိုင် မလိုက်နိုင် တော့တာနဲ့ လူတွေ
လိမ်လိုက်၊ ညာလိုက်ကြတာ..တရားကျဖို့ ကောင်း ပါတယ်ကွယ်။

Q. အဲဒီအခါ အန်တီမေ ကြုံရတဲ့ ဝေဒနာတွေ၊ ပြဿနာတွေ နဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှု မဖြစ်အောင် ဘယ်လို ပြုမူပါသလဲ။

A. တချို့ကတော့ ကင်ဆာဆိုတာနဲ့ လန့်ပြီး တစ်ဝက်လောက် သေသွားပြီ။ အန်တီမေ ကတော့ မကြောက် ပါဘူး။ ကြောက်နေလို့ ပျောက် မှာတဲ့လား။ ရဲရဲရင်ဆိုင် ရုံပေါ့။ဆေးကု စရာ ရှိတာ ကုတယ်။ စိတ်ကို ဖြေတယ်။ အဓိက ကတော့ တရားနဲ့ ဖြေတာပါပဲ။ အန်တီမေ က ရိပ် သာမှာ တရားသွားထိုင်ဖို့ အဆင်မပြေဘူး။ ရောဂါတွေ ရှိနေတော့ ထိုင်ရထ ရတာ၊ အိမ်သာ သွားရတာ အစစ အရာရာ အန်တီမေ့ အတွက် မလွယ်ဘူး။ အဲဒါကြောင့် ဆရာတော် ဦးဇောတိကရဲ့ တရားစာအုပ်တွေ ဖတ်တယ်။ TV က လာတဲ့
တရားတွေနာတယ်။ စာရေးဆရာမ ခင်စောတင့်ရဲ့ ၀တ္ထုလေးတွေ ဖတ်တယ်။ စိတ်ကို
အဲဒီလိုလေးပဲ ဖြေရပါတယ်။ အန်တီမေ ပြောချင်တာက ဥပမာ-လူဆိုတာ ကင်ဆာဖြစ်
နေပြီ၊ နောက်လပိုင်းလောက်ပဲ အသက်ရှင်နိုင်တော့မယ် ဆိုရင် သူ့မှာ
ဘယ်သူ့ကိုမှ ရန်လို မုန်းတီးတာတွေ ရှိမှာ မဟုတ်ဘူး။ မိသားစုနဲ့ လည်း
စည်းစည်းလုံးလုံးလေး နေချင်မှာပဲ။ အများကောင်းကျိုး အတွက် ကိုလည်း
သူစဉ်းစား မှာပဲ။ သူက သေခြင်းတရားနဲ့ နီးနေတာကိုး။ ပတ်ဝန်းကျင်မှာ အန်တီမေ
တွေ့ရ သလောက်တော့ လူအချင်းချင်း နိုင်ထက်စီးနင်း ပြုတာတွေ၊ လိမ်ညာတာတွေ၊
လက်စားချေတာတွေ၊ မောက်မာတာတွေ တော်တော်တွေရတယ်။ တစ်သက်လုံးပဲ အသက်ရှင်
နေတော့မယ့်အတိုင်း၊ မသေတော့မယ့် လူတွေလိုပဲ သတိလက် လွတ် နေနေကြတာ တွေ့ရတယ်။
တကယ်တော့ တရားဆိုတာ အဝေးကြီးမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်မှာကို ရှိနေတာပါ။
အန်တီမေဆို
တစ်ခါတလေ မင်းသမီး ဘ၀က ပုံလေးတွေ ပြန်ကြည့်တယ်။ ငါအဲဒီ အရွယ်တုန်းက နာတယ်၊
မောတယ်ဆိုတာ ဘာမှန်း မသိခဲ့ပါလား ဆိုပြီး ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်တဲ့
သဘောတွေ ကို တွေ့ရတယ်။ အခုချိန်မှာတော့ ကျော်ကြားမှု၊ အောင်မြင်မှု၊ လှပ
နုနယ်မှုတွေဟာ ဘာမှ မဟုတ်တော့တာ ကိုယ်တွေ့ပဲလေ။

Q. အန်တီမေတို့ ခေတ်တုန်းက လည်ပင်းမှာ ပ၀ါလေး ပတ်ခဲ့တဲ့ ဖက်ရှင်က အန်တီခင်ယုမေ ဖက်ရှင်ရယ်လို့ အခုချိန်ထိ ခေတ် စားနေတုန်းပါပဲ။ ဖက်ရှင်တို့၊ အလှအပတို့နဲ့ ပတ်သက်ပြီး အန်တီမေ အတွေ့အကြုံ တွေကို ပြောပြပေးပါ။
A. အန်တီမေက လည်ပင်းမှာ ပ၀ါလေး စည်းရတာကို အရမ်း ကြိုက်တာလေ။ တခြားလည်း အန်တီမေ Fashion ဆိုပြီး အင်္ကျီလေးတွေ လည်း ရှိခဲ့ပါတယ်။ အလှအပက အန်တီမေတို့
ခေတ်မှာ ဘာမှ သိပ်မရှိဘူး။ မျက်ခုံးမွေးဆွဲ ခဲတံရယ်၊ ပေါင်ဒါနဲ့
နှုတ်ခမ်းနီရယ်ပဲ ရှိခဲ့တာ။ တော်တော်လေးကြာမှ မျက်တောင်တု ပေါ်လာတာလေ။
မိတ်ကပ် ဆိုတာလည်း ပန်ခရို မိတ်ကပ် ခေါ်တာပေါ့။ မျက်နှာဖုံးကြီး စွပ်ထားတဲ့
အတိုင်း ရေလဲမစိုဘူး။ အဲဒီလို မိတ်ကပ်တွေ သုံးခဲ့ရတာ။ အန်တီမေ ကတော့
မလိုအပ်ရင် မိတ်ကပ် မလိမ်းဘူး။ သနပ်ခါးပဲ လိမ်းတယ်။ ရိုက်ကွင်းပြီးတာနဲ့
မိတ်ကပ် ချက်ချင်းဖျက်တယ်။ အဲဒါတွေက တင်းတိပ်တို့၊ ၀က်ခြံတို့ ဖြစ်တယ်လေ။

Q. ကိုယ်လက်လှုပ်ရှားမှု အနေနဲ့ အန်တီမေ ဘာတွေ လုပ်ဖြစ်သေးလဲ။
A. အိမ်အလုပ်တွေ လုပ်တယ်လေ။ တံမြက်စည်း လှည်းတာ၊ ကြမ်းတိုက်တာ တွေပေါ့။ အခု နောက်ပိုင်းတော့ လက်တွေက ရောင်ပြီး အ ရိုးအဆစ်တွေ နာတော့ သိပ်မလုပ်
ဖြစ်တော့ဘူး။ ဟိုးအရင် မင်းသမီး ဘ၀တုန်း ကတော့ မနက်တိုင်း မြင်းစီးတယ်။
မြင်းစီးတာက ကျန်းမာရေးအတွက် သိပ်ကောင်းတာ။ သူက ကိုယ်၊ လက်၊ ခြေထောက်
တစ်ခုမှ မအားရဘူး။ အကုန် လှုပ်ရှားနေရတာ ဆိုတော့ အဆီ လည်း မတက်ဘူး။ မနက်
အစောကြီးဆိုတော့ လေကောင်းလေသန့် လည်းရတယ်။

Q. အန်တီမေတို့မှာ ကင်ဆာ မျိုးရိုးကော ရှိလား။

A. အန်တီမေတို့မှာ ကင်ဆာမျိုးရိုး မရှိခဲ့ဘူး။ ဒါပေမဲ့ အန်တီမေ့မှာ ရင်သားကင်ဆာ ဖြစ်သလို အန်တီမေ့ ညီမကျတော့ သားအိမ် ကင်ဆာ ဖြစ်တယ်။ သူကတော့
သိတာလည်း မြန်ပြီး ချက်ချင်း ကုသလိုက် တော့ ဓာတ်ကင်ရုံနဲ့ ပျောက်သွားတယ်။

Q. အန်တီမေ့မှာ ရင်သားကင်ဆာ ဝေဒနာ ခံစားရတာ ဘာ အကြောင်းကြောင့်လို့ ထင်လဲ။

A. အန်တီမေက ပေါင်မုန့် ထောပတ်သုတ်၊ Sandwich နဲ့ အကြော် အလှော်စာတွေ အစားများတယ်။ အဲဒါတွေကြောင့် လို့ထင်တယ်။

Q. ဒါဆို အန်တီမေ အနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကြံပေး စကားလေး ပြောစေချင်ပါတယ်။
A. အဲဒါကတော့ အန်တီမေ့လို ရင်သားကင်ဆာ မဖြစ်အောင် ပေါင်မုန့်မီးကင်၊
ပေါင်မုန့် ထောပတ်သုတ်၊ Sandwich နဲ့ အကြော်အလှော် စာတွေ သိပ်မစားဖို့နဲ့
အစိမ်းရောင်ရှိတဲ့ ဟင်းသီး ဟင်းရွက်တွေ များများ စားပါ။ ကိုယ့်ရင်သားမှာ
မသင်္ကာစရာ အလုံးအကျိတ် တွေ့ရင် မ ရှက်ပါနဲ့။ ဆရာဝန်နဲ့ အမြန်ဆုံးပြပြီး
ကုသမှု ခံယူပါလို့ ပြောချင်ပါတယ်။

မြေးဖြစ်သူကိုပြန်မုဒိန်းကျင့်နေတဲ့မူဆလင်ခေါင်းဆောင် ရဲ့ ဗီဒီယို အွန်လိုင်းမှာ ပြန့် နှံ့ 

Posted by drmyochit Sunday, January 26, 2014, under | No comments


မြေးဖြစ်သူကိုပြန်မုဒိန်းကျင့်နေတဲ့စွပ်စွဲပြောဆိုသံတွေပါဝင်တဲ့ မုတ်ဆိတ်နဲ့  လူတစ်ယောက်ရဲ့ ဗီဒီယိုကို ယူကျုမှာတင်ထားတာတွေ့ ရပါတယ်။ ဒီလူဟာဆီးရီးယားက အတိုက်အခံအဖွဲ့  ရဲ့ ခေါင်းဆောင် ရှိတ်မိုဟာမက်ကာဆင်အယ်လ်နာ လို့ ဖော်ပြထားပါတယ်။ဒီလူဟာ အီမင်ဖြစ်တယ်လို့ ဆိုပါတယ်။
ဗီဒီယိုထဲမှာ ခင်ဗျားမြေးနဲ့ လိင်ဆက်ဆံနေရလား လို့ မေးပြီးစစ်ဆေးမှုတွေလုပ်နေ တာကို
လည်းတွေ့ ရပါတယ်။

မြေးဖြစ်သူရဲ့ အမည်ကိုတော့ဖော်ပြခြင်းမရှိပါဘူး။

ဆီးရီးယားအစိုးရဟာ ဗီဒီယိုအတုတွေရိုက်ပြီးအတိုက်အခံကိုသိက္ခာချဖို့ ဖြန့် ဝေမှုတွေလုပ်တတ်လို့ 
ဒီဗီဒီယိုမှန်ကန်တယ်လို့ တထစ်ချမယူဆနိုင်ပါဘူးလို့ ArabDigestကပြောပါတယ်။

ဒီဗီဒီယိုကိုအသက် ၁၈ နှစ်ပြည့်မှကြည့်ပါ။

Warning - Item Syrian opposition leader caught raping his

granddaughter might contain content that is not suitable for

all ages.

By clicking on CONTINUE you confirm that you are 18 years and over.

the melting pot 4 U

နာမည်ကြီး အဆိုတော် တစ်ဦး၏ မိခင် ကျပ်သိန်းပေါင်း ငါးသောင်းကျော် အလွဲသုံးစားမှုဖြင့် တရားစွဲခံရ လိမ်လည်ခံရသူများတွင် နာမည်ကြီး အဆိုတော်များလည်း ပါဝင်

Posted by drmyochit Sunday, January 26, 2014, under | No comments


ယုံကြည်စွာဖြင့် အကျိုးတူခံစားခွင့် ရရှိရန် အစုငွေ ထည့်ဝင်ထားသော ကျပ်သိန်းပေါင်း ငါးသောင်းကျော်အား ရှယ်ယာရှင်များကို မရှင်းပေးဘဲ တိမ်းရှောင်နေသူ ဒေါ်ဆွေဆွေအုန်းအား ပုဒ်မ ၄၀၆ ဖြင့် ၂၁-၁-၂၀၁၄ တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ် အရေးယူထားသည်ဟု ကျပ်(၁၃၁၈)သိန်း ထည့်ဝင်သူ ကိုဖြိုးမင်းသိန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

၎င်းက ““ကျွန်တော်တို့က အမှတ်(၅) ရှင်စောပုလမ်း၊ စမ်းချောင်းမှာ နေတာပါ။ ကျွန်တော်တို့ တိုက်ခန်းကို ဒေါ်ဆွေဆွေအုန်းတို့က ငှားနေပါတယ်။ ဒီ ၂၀၁၄ မတ်လကျမှ စာချုပ် ပြည့်ပါမယ်။ တိုက်ခန်း ငှားရမ်းခက တစ်လကို လေးသိန်းပါ။ စာချုပ်မှာ တစ်နှစ်ချုပ်ပေမယ့် လစာကိုတော့ ၆လ တစ်ခါ ရှင်းပါတယ်။ သူက လုပ်ငန်း ကြီး လုပ်ကိုင်တော့ ရှယ်ယာတွေ ထည့်ဝင်ကြတာပေါ့။ Cupid ပရိဘောဂပစ္စည်း ထုတ်တာပေါ့နော်။ ဒဂုံဆိပ်ကမ်း မြို့နယ် စက်မှုဇုန်(၂)၊ ဦးဘိုးလှိုင်လမ်းမှာလည်း သူ့စက်ရုံ ရှိတယ်လို့ သိရတယ်။ ကျွန်တော် တို့နဲ့ ခင်နေတာလည်း အတော်ကြာပါပြီ။ အစုထည့်ဝင်ငွေအတွက် တစ်လကို ကျပ်(၄၄) သိန်း ကျွန်တော်တို့က ရတယ်။ ပထမတော့ အမြတ်ငွေကို မှန်မှန်ပေးတယ်။ နောက်တော့ လုပ်ငန်းရှုံးလို့ဆိုပြီး ငါးသိန်းပေးလိုက်၊ ငါးသိန်းပေးလိုက် တစ်ခါတလေ သိန်း(၅၀)ပေးနဲ့ လစဉ်ရှင်းရမယ့် ငွေကြေးက အမြဲတမ်း ကျန်တယ်။ ခုပြီးသွားတဲ့ ဒီဇင်ဘာဆိုရင် ငွေ(၇)သိန်းပဲ ရသေးတယ်””ဟု ပြောသည်။

၎င်းကဆက်၍ ““ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင် တိုက်ခန်း အမှတ်(၈) ဆိုရင်လည်း တစ်ခန်း ရောင်းပြီးသားကို နောက်လူထပ်ရောင်းနဲ့ ပြဿနာတွေ ကြားနေရတယ်။ ကျွန်တော် ငှားထားတဲ့ အခန်းကိုလည်း ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတယ်။ ကျွန်တော့်ဦးလေးတွေ အဒေါ်တွေဆိုရင် ၀န်ထမ်းလစာ ရတဲ့ငွေကို စုဆောင်းပြီး ထည့်ထားတာ ခုတော့ သူဘယ်လို ရှင်းမလဲ။ ကျွန်တော်တို့ ရမယ့် ငွေကြေးအတွက် ရှိတာကုန် သွားမှာမို့ တရားလည်း မစွဲနိုင်တော့ပါဘူး။ တချို့ဆို လူကို ယုံကြည်မှုနဲ့ စာချုပ်တောင် မချုပ်ဘဲ အလွတ် ပေးကြတာတွေ ရှိတယ်။ ခုလိုအရေးယူ ခံရတယ် ဆိုတော့လည်း စိတ်မကောင်းပါဘူး။ သူ့ကိုတွေ့ရင် မေးချင်တာ တစ်ခုပဲ ရှိတယ်။ ဒီလောက်ငွေတွေ အများကြီး ဘာတွေ သုံးလိုက်တာလဲ ဆိုတာပါပဲ””ဟု ပြောသည်။

အဆိုပါ ဒေါ်ဆွေဆွေအုန်းထံတွင် အစုရှယ်ယာ ထည့်ဝင်ကြသည့် လူတန်းစားများမှာ တရားရုံးချုပ်(ငြိမ်း) တရားသူကြီးများ၊ နာမည်ကြီး အဆိုတော်များ၊ နိုင်ငံခြား ရောက်နေသူများ ပါဝင်ပြီး နာမည်ကြီး အဆိုတော် တစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ အစုထည့်ဝင်ခြင်း မဟုတ်ပါဟု ငြင်းဆိုသည်။ ထိုသူမှာ ထွန်းထွန်း (Example) ဖြစ်သည်။

သိန်းပေါင်း (၆၃၀၀) အစု ထည့်ဝင်သူ (အမည်မဖော်လိုသူ) ကလည်း ““ကျွန်မ ဖခင်နဲ့မိခင်က နိုင်ငံခြားမှာ သွားအလုပ်လုပ်ပြီး ပြန်လာတာ၊ ဒေါ်ဆွေဆွေအုန်းကို ယုံကြည်ပြီး ရှယ်ယာ ထည့်ပါတယ်။ တစ်ခါတည်း ဆုံးရော။ သူနဲ့ ရန်ဖြစ်ရတာလည်း အတော်မောနေပြီ၊ အမှုလည်း ဆက်မလုပ် ချင်တော့ပါဘူး။ အရင်ဘ၀က ၀ဋ်ကြွေးလို့ပဲ သဘောထားပါတယ်။ သိပ်လည်း မရင်းနှီးဘဲ ဒီလောက် ငွေကြေးတွေ ထည့်ဝင်ဖြစ်တာ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြလို့ မဆုံးဘူး။ သြော် ငါးထမင်းချဉ်တော့ မကြာခဏ လာပို့တယ် ””ဟု ပြောသည်။

မှတ်ချက်။ (အဆိုပါသူအား ဂုဏ်သိက္ခာအရ အမည် မဖော်ပြသော်လည်း တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း နိုင်သည်။)

ပတ်ဝန်းကျင်တွင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်လည်း သိန်း (၁၀၀၀) ပါဝင်သည်ဟု သတင်းကြားသဖြင့် ဆက်သွယ် မေးမြန်းရာ အ၀င်ဖုန်း ပိတ်ထားသည်ဟု ဖြေကြားသည်။

တရားလို (အမည်မဖော်လိုသူ) ကျွန်းပါကေးတုံးပေါင်း (၃၅၁၀၀)တန်ဖိုးငွေကျပ် သိန်း (၃၀၀) အတွက် အမှုဖွင့် ထားသူကလည်း ရှယ်ယာငွေ ကျပ်သိန်း(၂၀၀၀) ထည့်ထားသည့် အမှုအတွက် မည်သို့မျှ ဒေါ်ဆွေဆွေအုန်းနှင့် မရင်ဆိုင်ရသေးကြောင်း၊ ယင်းသိန်း ၂၀၀၀ သည် ဆွေမျိုးများ၏ ၀ိုင်းဝန်း ထည့်ဝင်ငွေများ ဖြစ်ပြီး ၄င်းက တာဝန်ခံ ထားသဖြင့် စိုက်ရှင်းရမည် ဖြစ်၍ ခေါင်းခဲလျက် ရှိကြောင်း ပြောကြားသည်။

““ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ဆိုတာက မည်သူမဆို ရာဇ၀တ် မကင်းသော ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်ရင် အဲဒီလူကို သုံးနှစ်ထိ ထောင်ဒဏ် ဖြစ်စေ၊ တစ်မျိုးမျိုးကို ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမယ်တဲ့။ နောက်ပြီး အာမခံ မပေးနိုင်ဘူး။ ကျေအေးခွင့် မရှိဘူး၊ ရဲအရေးပိုင်တဲ့ အမှုဖြစ်တယ်””ဟု တရားရုံးချုပ် လ/ထ ညွှန်ကြားရေးမှူး (ငြိမ်း) တရားလွှတ်တော် ရှေ့နေ ဦးသောင်းမြင့်က ပြောသည်။

အဆိုပါ အစုရှယ်ယာရှင် အချို့ထံ ဒေါ်ဆွေဆွေအုန်းက ငါးထမင်းချဉ် ပေးပို့လေ့ ရှိသည်ဟုလည်း သိရပြီး ၂၂-၁-၂၀၁၄ တွင် အစုရှယ်ယာရှင်များကို ဒေါ်ဆွေဆွေအုန်းက တွေ့ဆုံ ညှိနှိုင်းမည်ဟု အကြောင်းကြား ထားသော် လည်း ၂၁-၁-၂၀၁၄ တွင် ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံး၌ ပုဒ်မ ၄၀၆ ဖြင့် အရေးယူ ခံထားရသဖြင့် မည်သို့ ဆက်လက် ဆောင်ရွက်မည် မသိကြောင်း အခုရှယ်ယာရှင် ကိုဖြိုးမင်းသိန်းက ထပ်လောင်း ပြောကြားသည်။

ဒေါ်ဆွေဆွေအုန်း၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)ထံ ဆက်သွယ် မေးမြန်းရာ ““မိသားစု သော်လည်းကောင်း၊ ဆွေမျိုး များမှသော်လည်းကောင်း အမှုကိစ္စနှင့် ပတ်သက်၍ အမှုသည်၏ ညွှန်ကြားချက်အရ ပြောဆိုမည် ဖြစ်သော်လည်း ညွှန်ကြားချက်နှင့် သွေဖည်သော မည်သည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းအား ပြောကြားခွင့် မရှိပါ။ အခြား လိုအပ်တာ မှန်သမျှ လုံးဝ ကူညီမည်”” ဟုပြောသည်။

စိန်မျက်ခုံး

ဖြူတစ်ကောင် ဓာတ်တိုင်ပေါ်က ပြုတ်ကျလို့ ခေါင်းမှာ ဆူး (၂၇၂)ချောင်း စိုက်ဝင်သွားတဲ့ အမျိုးသမီး

Posted by drmyochit Sunday, January 26, 2014, under | No comments

Sandra Nabucco လို့ခေါ်တဲ့ အမျိုးသမီးဟာ သူ့ရဲ့ ခွေးနဲ့အတူ Rio de Janeiro မြို့မှာ လမ်းလျှောက် ထွက်နေတုန်း ဓာတ်တိုင်ပေါ်ကနေ ဖြူကောင်တစ်ကောင်ဟာ သူမခေါင်းပေါ်ကို ပြုတ်ကျခဲ့ပါတယ်။

အသက် ၅၂နှစ်ရှိ ဘရာဇီးလ်နိုင်ငံသူ Sandra Nabucco ကို ဆေးရုံပို့ခဲ့ကြရပြီး သူမခေါင်းမှာ စိုက်ဝင်နေခဲ့တဲ့ ဆူး (၂၇၂)ချောင်းကို ဖယ်ထုတ်ပစ်ခဲ့ရပါတယ်။ ဒီမတော်တဆမှုဖြစ်ပြီးနောက် ကူးဆက်ရောဂါပိုးမ၀င်ဖို့အတွက် သူမဟာ ပဋိဇီဝဆေးတွေ သုံးနေရပါတယ်။
“ကျွန်မက လူသန်တစ်ယောက်မို့လို့ပေါ့။ တခြား သက်ကြီးတစ်ယောက်၊ ဒါမှမဟုတ် ကလေးတစ်ယောက်ဆို သေတောင် သေသွားနိုင်တယ်။ အဲ့ဒီ့နေရာ တစ်ဝိုက်မှာ ဖြူကောင် နှစ်ကောင် ရှိတယ်လို့တော့ တစ်ယောက်ယောက်က ပြောတာပဲ။ ဒါပေမဲ့ ကျွန်မကတော့ တစ်ခါမှ မမြင်ဖူးခဲ့တာ။” လို့ Sandra Nabuccoက ပြောပါတယ်။

ပြုတ်ကျတဲ့ ဖြူကောင်ကတော့ မသေဘူးလို့ ပြောကြတာပါပဲ။

Ref: www.dailymail.co.uk

Facebook သည် ကူးစက်ရောဂါကဲ့သို့ တစ်ဟုန်ထိုး ပျံ့နှံ့လာပြီးနောက် မှေးမှိန်သွားလိမ့်မည်ဟု သုတေသနတစ်ရပ်အရ သိရ

Posted by drmyochit Sunday, January 26, 2014, under | No comments

ကာလီဖိုးနီးယားရှိ Facebook ရုံးချုပ်ကို ၂၀၁၃ ခုနှစ် ဇူလိုင်က ရိုက်ကူးထားသည့်ဓာတ်ပုံ

Facebook သည် ကူးစက်ရောဂါတစ်ခုကဲ့သို့ တစ်ဟုန်ထိုးပုံစံဖြင့် ပျံ့နှံ့လာသော်လည်း ပြန်လည်မှေး မှိန်သွား လိမ့်မည် ဖြစ်ကြောင်း အမေရိကန်သုတေသနပညာရှင်များ၏ သုတေသနရလဒ်အရ သိရသည်။ ၎င်းတို့ ၏ လေ့လာချက်အရ လူမှုရေးကွန်ရက်တစ်ခု ဖြစ်သော Facebook သည် ၂၀၁၇ ခုနှစ်သို့ အရောက် တွင် သူ့အား အသုံးပြုနေသူပေါင်း၏ ရာခိုင်နှုန်း ၈၀ ကို ဆုံးရှုံးရလိမ့်မည်ဖြစ်ကြောင်း သိရသည်။

ပရင်စတန်တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာနှင့် လေကြောင်း အာကာသအင်ဂျင်နီယာပညာတို့ဖြင့် ပါရဂူဘွဲ့ယူရန် ကျမ်းပြုနေသူနှစ်ဦးက သူတို့၏လေ့လာချက်စာတမ်းကို အွန်လိုင်း၌ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

MySpace ၏ အတက်အကျအပေါ်တွင် အခြေခံ၍ ဂျွန်ကန်နာရယ်လာနှင့် ဂျိုရွှားစပက်ချယ်လာတို့ နှစ်ဦးက သမိုင်းတွင် အကြီးမားဆုံး အွန်လိုင်းလူမှုရေးကွန်ရက်ဖြစ်သော Facebook သည် အကြီးအကျယ်ကျဆင်း သွားတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “သဘောကတော့ ရောဂါတွေလိုပါပဲ၊ လူတွေကြားမှာ အကြီးအကျယ် ကူးစက်ပျံ့နှံ့မယ်၊ နောက်တော့ အခါအားလျော်စွာ အရှိန်ကုန်သွားမှာပဲ။ ဒါကို ကူးစက်ရောဂါပျံ့နှံ့တဲ့ ပုံစံတွေနဲ့ အောင်အောင်မြင်မြင် ရှင်းပြနိုင်ပါတယ်”ဟု ၎င်းတို့က ရေးသားခဲ့သည်။

သူတို့သည် ဂူးဂဲလ်တွင် အများပြည်သူရယူနိုင်သော အချက်အလက်များကို အသုံးပြုလျက် အွန်လိုင်းလူမှုရေးကွန်ရက်များကို အသုံးပြုသူများ၏ လှုပ်ရှားမှုအရွေ့သဘောကို ရှင်းပြရန် ရောဂါပျံ့နှံ့ပုံကို ဖော်ပြသည့်ပုံစံအား အထူးပြုသုံးစွဲခဲ့သည်။ ၎င်းတို့၏ လေ့လာဖော်ပြချက်က ကမ္ဘာတစ်လွှား၌ အသုံးပြုသူပေါင်း ၁ ဒသမ ၁ ဘီလျံရှိနေပြီး လာမည့်လတွင် စတင်တည်ထောင်မှု ၁၀ နှစ်ပြည့်တော့မည့် Facebook အား ပူးတွဲ ထူထောင်သူ မက်ဇက္ကာဘတ်အတွက် မသက်မသာဖြစ်သွားစေသည်ဟု ဆိုသည်။

သူတို့၏ လေ့လာချက်အရ၏ ရှယ်ယာသည် ယခုသီတင်းပတ်အတွင်း ဒေါ်လာ ၅၈ ဒသမ ၅၁ သို့ မြင့်တက်သွားသော်လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်းအတွင်း အချက်အလက်အသုံးပြုမှုကျဆင်းခြင်းနှင့် ကြုံတွေ့ရကြောင်း သိရသည်။ Facebook သည် လာမည့်နှစ်များအတွင်း အလျင်အမြန်ကျဆင်းလာဖွယ်ရှိရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာသို့ အရောက်တွင် ရာခိုင်နှုန်း ၂၀ ကျဆင်းသွားမည်ဟု အွန်လိုင်းရှိ ArXiv.org. တွင် ဖော်ပြထားသော အစီရင်ခံစာအရ သိရသည်။ Facebook သည် ဆက်တိုက်ကျဆင်းလာဖွယ် ရှိပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကြားတွင် အမြင့်ဆုံးအသုံးပြုသည့် အရေအတွက် ရာခိုင်နှုန်း ၈၀ ဆုံးရှုံးရလိမ့်မည်ဟု ဆိုသည်။ သို့သော် ယခုလက်ရှိတွင် Facebook ၏ ကံကြမ္မာသည် ကောင်းမွန်လျက်ရှိပြီး ဇက္ကာဘတ်သည်လည်း အမေရိကန်ဒေါ်လာ ၁၉ ဘီလျံခန့် ချမ်းသာလျက်ရှိကြောင်း သိရသည်။

Ref:AFP

ကိုရီးယားမှာလည်း ကားပြပွဲအတွက် မော်ဒယ်ကို အားပြုနေရ

Posted by drmyochit Sunday, January 26, 2014, under | No comments

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် ၂၀၁၃ ခုနှစ် ကားပြပွဲတခုမှာ ရိုက်ထားတဲ့ပုံတွေပါ။
ချောမောတဲ့ မော်ဒယ် ၂ဦးရဲ့ပုံများ ဖြစ်ပါတယ်။
photos - www.koreanwonders.com 
- အာရှရဲ့ ထုံးစံအတိုင်း ကားကိုပြဖို့အတွက် မော်ဒယ်တွေရဲ့အားကို အပြည့်အ၀ ယူထားပါတယ်။

အင်္ကျီနီနီနဲ့က Han Ji Eun ပါပဲ။
အမည်းနဲ့က Im Ji Hye ဖြစ်ပါတယ်။

အရပ်မြင့်မြင့် လှလှပပ ရင်သားကြီးကြီး Im Ji Hye က ကိုရီးယားရဲ့ အထင်ကရ မော်ဒယ်တဦးပါ။
သူတို့ဆီက ကားပြပွဲ၊ အိုင်တီပစ္စည်းပြပွဲတွေမှာ သူ့ကို မော်ဒယ်အဖြစ် မြင်ရပါမယ်။ သူ မပါရင် ကားပြပွဲ လူမလာတော့ဘူးထင်ပါရဲ့။
-
လူကြိုက်များထင်ရှားတဲ့သူ့ကို အဲဒီပြပွဲတွေနဲ့တွေ့ရ၊ ကိုရီးယားစတိုင် Maxim စာစောင်၊ ကာလသားကြိုက်စာစောင်မျက်နှာဖုံးမှာ တွေ့ရပါတယ် တဲ့။
-

ဒီပုံထဲ ဟန်ရေးပြနေသူတွေကတော့ ကားရေဆေးတဲ့ဝန်ထမ်းတွေဖြစ်မယ်လို့ ကိုရီးယားရောက် ဓာတ်ပုံဆရာက မှတ်ချက်ပေးထားပါတယ်။

အင်း... ဖြစ်နိုင်ပါတယ်။
လှလှပပများလည်း ကားရေဆေးခွင့်ရှိတယ်မဟုတ်လား။

ကားတွေကို လာကြည့်ဖို့ မော်ဒယ်တွေကို ထုတ်ပြရ၊ ပိုပိုပြီး စိတ်ဝင်စားဖို့ မလိုအပ်ဘဲ ကားရေဆေးပြနေရ ... ဒါတွေဟာ ဈေးကွက်သဘောအရဖြစ်မယ်လို့ ယူဆရပါတယ်။




လူ့အခွင့်အရေးတန်းတူရချင်သလို လိင်တူချစ်သူတွေ ဘက်ကလည်း အနေအထိုင်ဆင်ခြင်ကြဖို့ မန္တလေးက လိင်တူချစ်သူများ နှိုးဆော်လိုက်ကြ

Posted by drmyochit Sunday, January 26, 2014, under | No comments


အလှမယ်ပွဲမှာ စိတ်ကြိုက်ပွဲတက်ဝတ်စုံ ၀တ်ဆင်ပြီး ပြိုင်ပွဲဝင်နေကြတဲ့ မိန်းမလျာအလှမယ်များ။ စည်သူလွင်/မြန်မာတိုင်း(မ်)

အနောက်တိုင်းဆန်ဆန် ရွှေရောင်ဖဲကြိုးခပ်ကြီးကြီးတွေနဲ့ ပြည်တွင်းဖြစ် လတ်လတ်ဆတ်ဆတ်
ပန်းပွင့်တွေကို ရစ်ပတ်အလှဆင်ထားတဲ့ အ၀င်ဝ ခန်းမကြီးဟာ ၀င်လာတဲ့ ဧည့်ပရိသတ်တွေကို
လှလှပပ စောင့်ကြိုနေသလို ကြွရောက်လာသူတွေကလည်း အခမ်းအနားနဲ့အပြိုင် လိုက်ဖက်စွာ
တောက်ပ လှပနေကြပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ လိင်တူချစ်သူတွေကို ခွဲခြားဖိနှိပ်ရာမှာ နာမည်ကျော်ခဲ့တဲ့
မန္တလေးမြို့မှာ ဒီနှစ် ၂၀၁၄ နှစ်ဦးမှာပဲ ကျင်းပလိုက်တဲ့ မိန်းမလျာအလှမယ်ပြိုင်ပွဲ (Miss Beauty
Concert 2014) ပဲဖြစ်ပါတယ်။

အိပ်ခ်ျအိုင်ဗီဝေဒနာရှင်တွေ အတွက် ရန်ပုံငွေရှာဖွေတဲ့အနေနဲ့ ပြုလုပ်တဲ့ဒီပွဲကြီးကို ဇန်န၀ါရီလ
၁၇ ရက်နေ့က Oriental House စားသောက်ဆိုင်မှာ ကျင်းပခဲ့တာဖြစ်ပြီး မန္တလေးမြို့ရဲ့
အထင်ကရပန်းအလှပြင်သူတွေ၊ မိတ်ကပ်ပညာရှင်တွေ၊ ဒီဇိုင်နာတွေ၊ ကျန်းမာရေးပညာရှင်တွေနဲ့
လူ့အခွင့်အရေးလုပ်ဆောင်သူတွေဟာ အလှမယ်ပြိုင်ပွဲကြီးကို အားပေးဖို့ အတွက် ပွဲမစခင်
ကတည်းက ခန်းမအပြင်ရော အတွင်းဘက်မှာပါ နေရာယူထားကြတာကို တွေ့ရပါတယ်။

ဒီလိုပွဲမျိုး မန္တလေးမြို့မှာ ကျင်းပတာ ပထမဆုံးအကြိမ် မဟုတ်တော့ပေမယ့် မနှစ်ကကြုံခဲ့ရတဲ့
အဖြစ်အပျက်တွေ နောက်ပိုင်းမှာ ပထမဆုံး ပြန်လည် ကျင်းပတာမို့ လိင်တူချစ်သူတွေအဖို့
စိတ်လှုပ်ရှားစရာကောင်းတဲ့၊ အကောင်း ဘက်ကို ရောက်လာတယ်လို့ ပြောရမယ့် ပွဲတစ်ပွဲလို့
ပြောရမှာ ဖြစ်ပါတယ်။

ရတနာပုံမင်းနေပြည်တော် နန်းစိုက်ရာမြို့ဖြစ်တဲ့မန္တလေးမြို့မှာ အခုလို မိန်းမလျာတွေအတွက်
အလှမယ်ပြိုင် ပွဲတွေကျင်းပတာဟာ လိင်တူချစ်သူတွေအတွက် ခွဲခြားမှုတွေ တဖြည်းဖြည်း
လျော့နည်းလာစေတာ မှန်ပေမယ့် စင်ပေါ်မှာ တင်အောင်မြင်တာမျိုး မဟုတ်ဘဲ နေရာအနှံ့မှာပါ
လူဝင်ဆံ့ စေချင်တယ်လို့ ပွဲတက်လာသူတစ်ဦးဖြစ်တဲ့ Equality Myanmar Organization မှ
ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။

"အခုလို လိင်တူချစ်သူတွေကို အားပေးရာရောက်တဲ့ပွဲမျိုး ခပ်စိပ်စိပ် ကျင်းပနိုင်လေလေ သူတို့ကို
လူသတိထားမှု များများရပြီး လက်ခံနိုင်လေလေဖြစ်မှာပါ။ ဒါပေမဲ့ အခုလို သိသာထင်ရှားတဲ့
နေရာမျိုးမှာ အသိုင်းအ၀ိုင်း တစ်ခုလောက်အတွင်းမှာပဲ လက်ခံလာတာ ကျယ်ပြန့်လာတာမျိုး
ထက် စင်အောက်ကနေရာအနှံ့မှာရှိတဲ့ လိင်တူချစ်သူတွေအတွက်လည်း စဉ်းစားပေးဖို့ လိုအပ်
ပါလိမ့်မယ်"လို့ ဦးအောင်မျိုးမင်းက ထောက်ပြပြောဆိုပါတယ်။

အလှမယ်ပွဲမှာ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ အီမို ယှဉ်ပြိုင်နေစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)

၂၀၁၃ ခုနှစ်တွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အဆိုးဆုံးအဖြစ် မန္တလေးမြို့မှာ လိင်တူ
ချစ်သူတွေ ကို ဖမ်းဆီးနှိပ်ကွပ်ခဲ့တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့တာကြောင့် ၂၀၁၄ နှစ်စမှာ
ပွဲဦး ထွက် ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့တဲ့ ဒီပွဲကြီးက ဖိနှိပ်သူတွေကို စိန်ခေါ်တာမျိုးတော့
မဟုတ်ပါဘူး လို့လည်း သူက ဆက်ပြောပါတယ်။

"လိင်တူချစ်သူတွေရဲ့ အစွမ်းအစကို ဖော်ထုတ်တာဖြစ်လို့ ကျွန်တော်တို့ဘက်က စိန်ခေါ်တာမျိုး
တော့ မဟုတ်ပါဘူး။ လူကို လူလိုတန်ဖိုးထား အသိအမှတ်ပြုစေချင်တာဖြစ်ပြီး လိင်တူချစ်သူတွေ
ဘက်ကလည်း အလှအပ တစ်ခုတည်းမဟုတ်ဘဲ လူသားအကျိုးပြုအလုပ်တွေပါ လုပ်ဖို့လိုအပ်ပါ
တယ်"လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ပွဲတက်ခဲ့ကြတဲ့ အခြားလိင်တူချစ်သူတွေကလည်း သူတို့အပေါ် ပုံမှန်လူသားတစ်ဦးလိုပဲ
တန်ဖိုးထား ဆက်ဆံစေလိုကြပြီး လိင်တူချစ်သူတွေအနေနဲ့လည်း အများအမြင်မှာ မသင့်တော်တဲ့
အပြုအမူမျိုး မပြုလုပ်မိအောင် ထိန်းသိမ်းသင့်တယ်လို့ပြောဆိုခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်ကတည်းက အာဆီယံနှီးနှောဖလှယ်ပွဲတွေမှာ ပါဝင်ဆွေးနွေးခဲ့
သလို ပြည်တွင်းမှာကျင်းပတဲ့ မိန်းမလျာအလှမယ်ပွဲတွေမှာ ဆုများစွာရရှိသူလည်းဖြစ်၊
လူ့အခွင့်အရေးအတွက်လှုပ်ရှား သူလည်းဖြစ်တဲ့ အိမ့်လေးကလည်း ဦးအောင်မျိုးမင်းပြောသလိုပဲ
အခုလို အလှမယ်ပွဲတွေဆက်နေတာမျိုးက သူတို့ကို လူတွေ ပိုသတိထားမိစေတယ်လို့
သူ့အမြင်ကို ပြောခဲ့ပါတယ်။

"အခုလိုပွဲတွေက ကိုယ့်ရုပ်ကို ဘယ်လောက်လှတယ်ဆိုတာ ပြချင်တာသက်သက်မဟုတ်ဘဲ
မိန်းမလျာတွေလည်း သာမန်လူတွေလို လူရှေ့မှာ ထွက်ရပ်ရဲတယ်ဆိုတာကိုပြစေပါတယ်။
ပြီးတော့ ပြိုင်ပွဲတွေကလည်း အလှအပ တစ်ခုတည်းမဟုတ်ဘဲ အရည်အချင်းပိုင်းနဲ့ ဗဟုသုတ
ပိုင်းဆိုင်ရာတွေလည်း တော်တော်လေး ထပ်ပေါင်းလာပါပြီ" လို့ ၂၀၁၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့
မိန်းမလျာအလှမယ်ပြိုင်ပွဲတွေမှာ Best Activist, Miss Popular, Miss Human Rights စတဲ့
ဆုတွေရဲ့ပိုင်ရှင် ဖြစ်ခဲ့တဲ့ အိမ့်လေးက ပြောပါတယ်။

မနှစ်ကကြုံခဲ့ရတဲ့ မန္တလေးမြို့နေ လိင်တူချစ်သူတွေကို ခွဲခြားဖိနှိပ်တဲ့ အခြေအနေတွေကို
၂၀၁၄ ခုနှစ်မှာ ဆက်မဖြစ်အောင် လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကြိုးစားနေသလို လိင်တူ
ချစ်သူတွေအနေနဲ့လည်း အသွားအလာအနေအထိုင်တော့ ဆင်ခြင်သင့်တယ်လို့ ဆိုပါတယ်။

"ဒီမှာက တခြားမြို့တွေထက် ဖိနှိပ်တာ ပိုခံခဲ့ရတော့ အခုချိန်မှာ မိန်းမလျာတွေကို သာမန်အချိန်
တွေမှာထက် အခုလိုပွဲမျိုးရှိတဲ့အချိန်မှ ဘွားခနဲအများကြီးကို တွေ့ရတာ။ လူသားထုတစ်ရပ်ဖြစ်တဲ့
ကျွန်မတို့မိန်းမလျာတွေကို မနှိပ်စက်စေချင်သလို ကိုယ်တွေရဲ့ လူ့အခွင့်အရေး အပြည့်အဝ
တန်းတူရဖို့အတွက် လိင်တူချစ်သူတွေဘက်ကလည်း မျက်စိနောက်အောင်တော့ မနေသင့်ဘူး
ပေါ့"လို့ အိမ့်လေးက ပြောပါတယ်။

အလှမယ်ပွဲမှာ စိတ်ကြိုက်ပွဲတက်ဝတ်စုံ ၀တ်ဆင်ပြီး ပြိုင်ပွဲဝင်နေကြတဲ့ မိန်းမလျာအလှမယ်များ။ စည်သူလွင်/မြန်မာတိုင်း(မ်)
အိမ့်လေးအနေနဲ့ ဒီလိုပြောဆိုလိုက်ပေမယ့်လည်း ပွဲကျင်းပရာညက စင်ပေါ်က အလှမယ်တွေကို
စင်အောက် မှာ အားပေးနေတဲ့ လိင်တူချစ်သူတွေကိုယ်တိုင်က အော်ကြီးဟစ်ကျယ် လှောင်ပြောင်
စနောက် ခဲ့တာကတော့ ရိုင်းပင်းကြရမယ့် သူတွေအချင်းချင်းပေါ်မှာ ရိုင်းပျသလိုမျိုးဖြစ်ခဲ့တဲ့
ရုပ်ဆိုး လှတဲ့မြင်ကွင်းလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။

ပါဝင်ယှဉ်ပြိုင်သူ အလှမယ်တွေဟာ ၀တ်စုံသုံးစုံနဲ့ ပြိုင်ပွဲဝင်ခဲ့ကြတာဖြစ်ပြီး အလန်းစားဝတ်စုံတွေနဲ့
ဝတ်ဆင် ယှဉ်ပြိုင်ခဲ့ကြတာမို့ ပုံမှန်အလှမယ်ပွဲတွေလို အရည်အချင်းပြသပွဲတွေ၊ ဉာဏ်စမ်းပွဲတွေ
မထည့်ခဲ့ပေမယ့် ဖျော်ဖြေရေးအနေနဲ့ ကြည့်လို့ ကောင်းတဲ့ပွဲတစ်ပွဲလို့ ဆိုရပါမယ်။

မန္တလေးမြို့ရဲ့နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ မျိုးမင်းစိုးကတော့ မန္တလေးမြို့မှာ ဒီလိုပွဲမျိုး ကျင်းပ
လာနိုင်တာဟာ လိင်တူချစ်သူတွေကို ဖိနှိပ်တာတွေ အတော်လေး လျော့နည်းလာပြီး လိင်တူ
ချစ်သူ အသိုင်းအ၀ိုင်းဟာလည်း အရင်ကထက်စာရင် ပွင့်လင်းလာတာကြောင့်လို့ ပြောပါတယ်။

"တချို့က မန္တလေးမြို့မှာ အခုထိ မိန်းမလျာတွေကို အဖမ်းအဆီးတွေရှိနေတုန်းပဲလို့ ထင်ကြတယ်။
တကယ်က အခုချိန်မှာ မန္တလေးမြို့ မှာ တော်တော်ပွင့်လင်းလာလို့ အခုလိုမျိုးပွဲတွေလည်း လုပ်ခွင့်
ရလာတာပါ။ အသိုင်းအ၀ိုင်း အဆင့်အတန်းတစ်ခုချင်းစီကို လုပ်ကြတဲ့ပွဲမျိုးတွေထက် အလှအပကို
စိတ်ဝင်စားတဲ့ မိန်းမလျာအားလုံး ပါဝင်နိုင်တဲ့ ပွဲမျိုးတွေလည်း များများလုပ်ဖို့ လိုအပ်ပါလိမ့်မယ်"
လို့ မျိုးမင်းစိုးက ပြောပါတယ်။

ဒီလိုပွဲတွေ ကျင်းပတာဟာ လိင်တူချစ်သူ အချင်းချင်း ချစ်ခင်စည်းလုံးစေတဲ့အပြင် သူတို့
အသိုင်းအ၀ိုင်းကိုလည်း ယုံကြည်ချက်ပိုရှိစေပေမယ့် အများပြည်သူတွေအနေနဲ့ ၀ိုင်းမကူညီရင်
တော့ ဘယ်လိုမှ အောင်မြင်မှာမဟုတ်ပါဘူးလို့ ပွဲတက်လာသူ မိန်းမလျာအလှမယ်ဟောင်း
တစ်ယောက်ဖြစ်တဲ့ စိုးက ပြောပါတယ်။

"ရန်ကုန်နဲ့ ယှဉ်လိုက်ရင် မန္တလေးက နယ်လိုဖြစ်သွားပေမယ့် မီဒီယာတွေကတစ်ဆင့် လူ့
အခွင့်အရေး လှုပ်ရှားသူတွေကတစ်ဆင့် လိင်တူချစ်သူတွေဆိုတာ လူတန်းစားတစ်ရပ်ဆိုတာ
သိလာကြပါပြီ။ ပြီးတော့ လူ့အခွင့်အရေး တစ်ရပ်အဖြစ် တောင်းဆိုနေထိုင်နိုင်တယ်ဆိုတာလည်း
သိလာကြပြီ။ ဒါပေမဲ့ စည်းလွတ် ၀ါးလွတ်နေလို့တော့ ဘယ်အရာမှ အဆင်ပြေမှာ မဟုတ်ပါဘူး။
ဒီတော့ ကိုယ်တွေဘက်ကလည်း စည်းကမ်းတကျနဲ့ အဆင့်အတန်းရှိရှိနေတတ်ဖို့ လိုပါတယ်"လို့
စိုးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီပွဲကြီးကို ပန်းအလှပညာရှင် မာမီကင်းက ဦးဆောင်ကျင်းပခဲ့တာဖြစ်သလို ရရှိခဲ့တဲ့အလှူ
ငွေကျပ်သိန်း ၂၀ ကို မန္တလေးမြို့မှာနေထိုင်တဲ့ အိပ်ခ်ျအိုင်ဗီဝေဒနာရှင်တွေအတွက် အစိုးရ
မဟုတ်တဲ့ အဖွဲ့အစည်းတွေကနေတစ်ဆင့် လှူဒါန်းသွားမှာဖြစ်ပါတယ်။

"ဒီပွဲကို စလုပ်မယ်လို့ ရည်ရွယ်ကတည်းက အိပ်ခ်ျအိုင်ဗီဝေဒနာရှင်တွေကို ပြေးမြင်မိလို့ပါ။
ရောဂါပိုးကူးစက်ခံရတဲ့ မိန်းမလျာတွေအပြင် ကလေးငယ်တွေနဲ့ ကူးစက်ခံရသူမှန်သမျှကို ကူညီ
လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်။ ဒီလိုပွဲမျိုးက အလှအပဆိုတာ ချည်းသက်သက်မဟုတ်ဘဲ
ကျန်းမာရေးအသိပညာပေးနိုင်တဲ့၊ လိင်တူချစ်သူအချင်းချင်းစုစည်းပြီး ဗဟုသုတတွေဖလှယ်နိုင်တဲ့
ပွဲမျိုးဖြစ်စေချင်တာပါ"လို့ ပွဲကျင်းပဖြစ်တဲ့ ရည်ရွယ်ရင်းကို မာမီကင်းက ပြောပြပါတယ်။

ပြိုင်ပွဲမှာ ပထမဆုကို မြတ်နိုးသိမ့်၊ ဒုတိယဆုကို ဂျူးဂျူးစံနဲ့ တတိယဆုကိုတော့
နန်းထက်ထက်မွန်းက ရရှိသွားခဲ့ပြီး ကျပ်သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်းနဲ့ ဘန်ကောက်မြို့ကို
သွားရောက်နိုင်ဖို့ အသွားအပြန် လေယာဉ်လက်မှတ်အပြင် မိတ်ကပ်ပြင်ပစ္စည်း တစ်စုံစီပါ
ချီးမြှင့်ခဲ့ပါတယ်။

ငြိမ်းအိအိထွေးနှင့် စည်သူလွင်
မြန်မာတိုင်း(မ်)

ရာသီဥတု ဒဏ်ကြောင့် ခြောက်ကပ်ပြီး ခြေဖ၀ါး ကွဲနေသူများ အတွက်

Posted by drmyochit Sunday, January 26, 2014, under | No comments

ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ ရာသီဥတု ဒဏ်ကြောင့်ပဲ ဖြစ်ဖြစ် ခြောက်ပြီး ကွဲတာတို့ ဖြစ်တတ်ကြ ပါတယ်။ ဒီလိုမျိုး အခြေအနေ မျိုးကို ဘယ်လို ပြန်လည် ကုစားရ မလဲဆိုတာ ဆက်ပြီး ဖတ်ရှုကြ ပါဦး။

ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ သဘာဝ အားဖြင့် စိုစွတ်စေတဲ့ အဆီရည်တွေ ထုတ်ပေးလေ့ မရှိပါဘူး။ ချွေးပေါက်တွေကို မှီခိုပြီး ထွက်လာတဲ့ ချွေးတွေနဲ့ ခြေဖ၀ါး တွေကို စိုနေအောင် ထိန်းထားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်စဉ် မျိုးဟာ တစ်ချို့သော အရာတွေကြောင့် ဖြစ်လေ့ မရှိပါဘူး။ ဆီးချိုရောဂါ၊ Thyroid ရောဂါ၊ အသား အရည်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတွေ၊ ခြေလက် ဖောယောင် တတ်တာတွေနဲ့ အ သက်ကြီး ရင့်ခြင်း တို့ဟာ ခြေဖ၀ါးကို ခန်းခြောက် စေတဲ့ အကြောင်း အရင်းထဲမှာ အဓိက တရားခံ တွေပါ။ ဘတ်တီး ရီးယားတွေ၊ ဗီတာမင် ချို့တဲ့တာတွေ၊ ရေနဲ့ တရားလွန် ထိတွေ့တာတွေ၊ ခြေထောက်နဲ့ ဟန်ကျ မဖြစ်တဲ့ ဖိနပ်တွေ၊ ခြေထောက်နှင့် ခြေဖ၀ါးပိုင်း လုံလောက်တဲ့ လေ ပမာဏနဲ့ ထိတွေ့ခြင်း မရှိတာ ကြောင့်လည်း ပုံမှန် စိုစွတ်တာ ခြောက်ခန်းပြီး ခြေဖ၀ါး ကွဲတာမျိုးတွေ ဖြစ်တတ် ပါတယ်။

How to Fix Dry Cracked Feet

အခု ကျွန်တော်တို့ ခြေဖ၀ါးတွေ ကွဲရတဲ့ အကြောင်းအရင်း တွေကို လေ့လာ သိရှိကြ ပြီးပါပြီ။ ဘယ်လို ကုထုံး မျိုးနဲ့၊ ဘယ်လို နည်းလမ်းမျိုးနဲ့ ကျွန်တော်တို့ ခြေဖ၀ါး တွေကို ကုသကြမလဲ။ ဓာတု ပစ္စည်းနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါး မှန်သမျှ ရာနှုန်းပြည့် စိတ်မချ ရပါဘူး။ ခြေထောက် လိမ်းတဲ့ လိမ်းဆေးရည် တွေထက် ပိုပြီး စိတ်ချပြီး ဈေးသက်သာတဲ့ အိမ်သုံးကုထုံး တွေကသာ အကောင်းဆုံး အာမခံချက် ရှိတဲ့ နည်းလမ်း တွေ ဖြစ်ပါတယ်။ အဆိုပါ နည်းလမ်း တွေကို ဖော်ပြရရင် အောက်ပါ အတိုင်း ဆောင်ရွက် ကြည့်နိုင် ပါတယ်။

နည်း(၁) - ရှာလကာရည် ပန်းကန်လုံး တစ်ခွက် ပမာဏကို ၂ ဂါလန် ပမာဏ ရှိတဲ့ ခပ်နွေးနွေး ရေနဲ့ ရောလိုက်ပါ။ တစ်ပတ် မိနစ် ၃၀ ကနေ ၄၅ မိနစ် စိမ်ပါ။ ပြီးနောက် ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ်ထားပါ။

နည်း(၂) - မုန့်ဖုတ် အမှုန့် Baking Soda ပန်းကန်လုံး တစ်ဝက် ပမာဏကို ၁ ဂါလန် ပမာဏ ရှိတဲ့ ခပ်နွေးနွေး ရေနဲ့ ပျော်ဝင် သွားအောင် ရော လိုက်ပါ။ ရောပြီး ရေထဲမှာ မိနစ် ၃၀ ကနေ ၄၅ မိနစ် အထိ စိမ်ပါ။ ပြီးနောက် ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ် ထားပါ။

နည်း(၃) - ၁ ဂါလန် ကနေ ၂ ဂါလန် ပမာဏ ရှိတဲ့ ရေနွေးထဲကို လက်ဖက်ရွက်ဆီ နည်းနည်း ထည့်လိုက် ပါ။ ပြီးနောက် ရေထဲ စိမ်ပြီး ရေစစ်၊ အခြောက်ခံ၊ Moisturizer သုံးပြီး ခြေအိတ် စွတ်ထားပါ။ ဒီနည်း ကတော့ ဘတ်တီးရီးယားလို၊ မှိုလို မျိုးကြောင့် ခြေဖ၀ါး ကွဲတာမျိုး ဆိုပို ကောင်း ပါတယ်။

နည်း(၄) - ၁ ဂါလန်ကနေ ၂ ဂါလန် ပမာဏ ရှိတဲ့ ရေနွေးထဲကို လက်ဖက် စားဇွန်း ၂ ဇွန်းကနေ ၃ ဇွန်း ပမာ ဏရှိတဲ့ Lemon Juice ထည့်ပါ။ ပြီးနောက် ရေထဲစိမ်ပြီး ရေစစ်၊ အခြောက်ခံပါ။

How to Fix Dry Cracked Feet

အထက်ပါ နည်းတွေ အပြင် လှပတဲ့ ခြေဖ၀ါး ပိုင်ရှင်တွေ ဖြစ်ဖို့ အတွက် မှတ်သား ထားရမှာတွေ ရှိပါ သေးတယ်။ ကုမ္ပဏီထုတ် Lotion တွေ အစား သဘာဝ ကရတဲ့ သံလွင်ဆီ၊ အုန်းဆီ၊ ဖယောင်း ဒါမှမဟုတ် မီးဖိုကြောင်သုံး ဆီပဲဖြစ်ဖြစ် အထက် ဖော်ပြပါ နည်းလမ်း မျိုးတွေ သုံးတဲ့ အခါ တစ်စက်၊ နှစ်စက်သော ပမာဏလောက် အနံ့ကောင်းအောင် ထည့်ပြီး စိမ်ကြည့် ကြပါ။ ရေမွှေး ဆီမျိုးကို မသုံးပါနဲ့။ အကြောင်း ရင်းက အသားအရည် အတွက် စိတ်မချ ရလို့ပါ။ အကောင်းဆုံး နည်းလမ်း တစ်မျိုးကတော့ လက်ဖက် စားဇွန်း ၁ ဇွန်း ပမာဏ သံလွင်ဆီကို Lemon Juice အနည်းငယ်နဲ့ ရောပြီး ခြေဖ၀ါးနဲ့ သက်ဆိုင်တဲ့ နေရာတွေ ကို စိမ့်နေအောင် လိမ်းပါ။ ပြီးရင် သန့်ရှင်းတဲ့ ချည်ခြေ အိတ်နဲ့ စွပ်ထားလိုက် ပါ။

အထက်က ဖော်ပြခဲ့တဲ့ နည်းတွေမှာ ခြေအိတ် သုံးရင် ချည်ခြေအိတ်သာ သုံးသင့် ပါတယ်။ ဒါမှ လေ၀င် လေထွက် ရှိပြီး အကျိုးရှိမှာ ဖြစ် ပါတယ်။ ခြေဖ၀ါးတွေ ကွဲလှပါတယ် ဆိုတဲ့ သူတွေအတွက် သိမှတ်ဖွယ်ရာ တွေကို ဖော်ပြပေး ခဲ့ပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်း တွေကို ကော ပြန်လည် ကုစားရတဲ့ နည်းလမ်း တွေပါ ဖော်ပြပေး ခဲ့တာကြောင့် အသုံးဝင်မှာပါ။ ဖော်ပြပါ သဘာဝနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေ အသုံးပြုပြီး စာဖတ်သူ တွေရဲ့ ခြေဖ၀ါး တွေဟာ လှပပြီး နူးညံ့နိုင် ကြပါစေလို့ မျှော်လင့် ပါတယ်ဗျာ။

ကျန်းမာရေးစာတိုများစုစည်းမှု

နေရောင်ခြည်သည် သွေးပေါင်ချိန်၊ နှလုံးရောဂါနှင့် လေသင်တုန်း ရောဂါ ဖြစ်ပွား မှုကို လျော့ကျ စေနိုင်

Posted by drmyochit Sunday, January 26, 2014, under | No comments



နေရောင်ခြည်နှင့်ထိတွေ့ခြင်းသည် သွေးပေါင်ချိန်ကို လျော့ကျ စေနိုင်ပြီး နှလုံး ရောဂါနှင့် လေသင်တုန်း ရောဂါ ဖြစ်ပွားမှုကို လျှော့ချ ပေးနိုင်ကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။

နေရောင်ခြည်သည် သွေးပေါင်ချိန်ကို လျှော့ချ ပေးနိုင်သည့် သွေးနှင့် အရေပြား အတွင်းရှိ နိုက်ထရစ် အောက်ဆိုက်နှင့် သေးငယ်သော မော်လီကျူး ပမာဏကို ပြောင်းလဲ စေနိုင်ကြောင်း အီဒင်ဘာ့ဂ်နှင့် ဆောက်သမ်တန် တက္ကသိုလ် များမှ ပညာရှင်များ ပြုလုပ်သော သုတေသန တစ်ခုအရ သိရသည်။ အရေပြား အတွင်းရှိ နိုက်ထရစ် အောက်ဆိုက်သည် သွေးပေါင်ချိန် ထိန်းညှိရာတွင် အရေးပါသော အခန်းကဏ္ဍ တစ်ရပ် အနေဖြင့် ပါဝင်ပြီး နေရောင်နှင့် ထိတွေ့သော အခါ နိုက်ထရစ် အောက်ဆိုက် ပမာဏ အနည်းငယ်သည် အရေပြားမှ သွေးလည်ပတ်ခြင်းသို့ ပြောင်းလဲ သွားပြီး သွေးခုန်နှုန်း ကို လျော့ကျစေကာ နှလုံး ရော ဂါနှင့် လေသင်တုန်း ရောဂါ ဖြစ်ပွားမှု ကိုလည်း လျော့ကျစေကြောင်း ဆောက် သမ်တန် တက္ကသိုလ်ရှိ ဆေးပညာနှင့် ဇီဝဗေဒ လေ့လာရေး ဌာနမှ ပါမောက္ခ မာထင် ဖီးလစ်ခ်ျက ပြောကြားခဲ့သည်။

သို့ရာတွင် အရေပြား ကင်ဆာ ရောဂါကို ကာကွယ်ရန် နေရောင် ထိတွေ့မှုကို အကန့်အသတ် ဖြင့်သာ ခံယူသင့်ကြောင်း၊ ယခင် သုတေသန ပြုချက်များတွင် ဖော်ပြ ထားသော်လည်း နှလုံး သွေးကြောနှင့် ဆက်စပ်နေသော အခြေအနေ တိုးမြှင့် လာခြင်းဖြင့် နေရောင် ထိတွေ့မှု နည်းခြင်းသည် အကျိုး မရှိကြောင်း အီဒင်ဘာ့ဂ် တက္ကသိုလ်မှ ဒေါက်တာ ရစ်ချက်ဝယ်လာ ဦးဆောင်သော သုတေသန အဖွဲ့မှ အကြံပြုထားသည်။

နေရောင်ခြည် ထိတွေ့ခြင်းသည် သွေးကြောများကို ကျယ်စေပြီး သွေးပေါင်ချိန်ကို သိသိသာသာ လျော့ကျစေသည့် အပြင် သွေးလည်ပတ်မှု အတွင်းရှိ နိုက်ထရစ် အောက်ဆိုက် ပမာဏကို ဗီတာမင်ဒီ ပမာဏ ပြောင်းလဲမှု မရှိဘဲ အသွင် ပြောင်းစေနိုင်ကြောင်း သုတေသန ပြုချက် တွင် တွေ့ရသည်။

မြ၀တီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်