Wednesday, July 23, 2014

ယနေ့(၂၃.၇.၂၀၁၄) တွင် Ooredoo Myanmar SIM Card အစမ်းအသုံးပြုရန် စတင်ဝေပေးခဲ့

Posted by drmyochit Wednesday, July 23, 2014, under | No comments



ယနေ့(၂၃.၇.၂၀၁၄) တွင် Ooredoo SIM Card အစမ်းအသုံးပြုရန် စတင်ဝေပေးခဲ့ကြောင်းသိရပါတယ်။

ဒီနေ့ ရန်ကုန် ၊ မန္တလေးမှာ ooredoo sim card ကိုစတင် အစမ်းအသုံးပြုနေကြသူတွေရဲ့ Ooredoo Card ဖုန်းအင်တာနက်ကိုအသုံးပြု ကြပြီး ပြန်လည်ပြောကြားချက်တွေအရ
-အင်တာနက် Speed အနည်းဆုံးကိုက 500 KB / 800 KB လောက် ရှိခြင်း
-Youtube ကို HD streaming နဲ့အကြည် ကို မထစ်ဘဲကြည့်နိုင်ခြင်း
-Data စနစ်နဲ့ အင်တာနက်ခကိုကောက်တာဖြစ်တဲ့အတွက် ဖိုင်ကြီးကြီး Download လုပ်/HD Video တွေအများကြီးကြည့်လိုက်တာနဲ့ မိနစ်အနည်းငယ်အတွင်း Bill အတော်ကုန်သွားနိုင်ခြင်း
- အင်တာနက် APN setting အနေနဲ့ name နေရာမှာ ooredoo
apn နေရာမှာ internet
အဲဒီ ၂ မျိုးပဲထည့်ရန်လိုခြင်း

ယခုချပေးခဲ့တဲ့ Ooredoo Sim card များဟာ Ooredoo အရောင်းကိုယ်စားလှယ်များအား အစမ်းသုံးအနေဖြင့် ပေးဝေခဲ့ခြင်းဖြစ်ပြီး သြဂုတ်လမှာစတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Thet Naing Soe (Myanmar Mobile App Store)

Photo Credit: Edward Smile

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်