Saturday, November 16, 2013

မေတ္တာသည် ဒေါသဖြစ်သူအတွက် လက်နက်ကောင်း

Posted by drmyochit Saturday, November 16, 2013, under | No comments


လူတို့သည် မကျေနပ်သောအကြောင်းအရာတခုခုကြောင့် ဒေါသများ ဆူဝေလာကြပါသည်။ ထိုဒေါသများ ဆူဝေလာမှုကြောင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး မဖြစ်သင့်သော ခိုက်ရန်ဒေါသများ ဖြစ်ပေါ်လာကာ တဦးနှင့်တဦး မုန်းတီးကြခြင်း၊ ရန်ဖြစ်ကြခြင်း၊ ရိုက်နှက်ကြခြင်းနှင့် နောက်ဆုံးလူသတ်သည်အထိပါ ဖြစ်ပေါ်လာတော့သည်။

ဤသို့ မဖြစ်သင့်သောကိစ္စများ မဖြစ်ပေါ်လာစေဘဲ မိမိတဦးတည်းသာ ဒေါသများကို တအုံတနွေးနွေးနဲ့ စိတ်အနှောင့်အယှက်များကို မဖြေဖျောက်နိုင်ဘဲ ဖြစ်နေပါက စိတ်များ ဆူဝေလာပြီး စိတ်နာမှု၊ အသားတဆတ်ဆတ် တုန်မှု၊ ခေါင်းကိုက်ခဲမှုများ ဖြစ်လာတတ်သည်ကို တွေ့ဖူး ကြုံဖူးကြပါလိမ့်မည်။

အနောက်တိုင်း စိတ်ပညာရှင်အချို့တို့၏ အဆိုအရ ဒေါသကြောင့်ဖြစ်ပေါ်လာသည့် စိတ်လှုပ်ရှားမှုတို့ကို ပြေပျောက်စေရန် မိမိကိုယ်ကိုမိမိ ရိုက်ပုတ်ခြင်း၊ တစုံတခုကို ပစ်ပေါက်ခြင်း၊ အိုးခွက်ပန်းကန်တို့ကို ရိုက်ခွဲခြင်းတို့သည် ဒေါသကိုပြေရာပြေကြောင်း ဖြစ်စေသည်ဟု ဆိုကြသည်ကို ဖတ်ခဲ့ရဖူးပါသည်။

ထိုအဆိုသည် မှားသည်ဟုမဆိုလိုသော်လည်း မှန်သည်ဟုတော့ မဆိုနိုင်ပါ။ ထိုနည်းလမ်းတို့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ဖီလာကန့်လန့်ကြီးဖြစ်နေသည် မဟုတ်ပါလော။

**အော်ဟစ်ဆဲဆိုခြင်းသည် ဒေါသကိုမလျော့**
ဒေါသဖြစ်သူတဦးသည် အော်ဟစ်ဆဲဆိုလိုက်လျှင် ဒေါသပြေပျောက်သွားမည်ဟု အနောက်တိုင်း ပညာရှင် တချို့က ထင်ကြသည်။ မဟုတ်ပါချေ။ ဒေါသများ မယုတ်လျော့သည့်အပြင် မိမိက အော်ဟစ်ဆဲဆိုလိုက်၍ ခံရသူတဦး၏ အငြိုးအတေးထားခြင်းကိုသာ ခံရဖို့ရှိပေသည်။ သို့အတွက် ကြောင့် သေးနုပ်သော အနှောင့်အယှက်ဖြစ်စေကာမူ စော်ကားသော အမူအရာဖြင့်ဖြစ်စေ၊ ချေပရာ၌ ကြီးကျယ်သော ခိုက်ရန်ဒေါသများ ဖြစ်လာနိုင်ပါသည်။

 အနောက်တိုင်းအယူအဆ ဆရာတို့၏ ဒေါသပြေပျောက်နည်းများ ရှိပါသေးသည်။

**တစ်မှ တစ်ထောင်ထိ ရေပါ**
ဒေါသထွက်လာပါက ပြေပျောက်အောင် မည်သို့ဆောင်ရွက်သင့်သည်ကို လေးနက်စွာ နည်းလမ်းရှာကြံသင့်သည်။ မည်သည့်စိတ် လှုပ်ရှားမှုမျိုးကိုမဆို အချိန်ကြာကြာစောင့်ဆိုင်း၍

ငြိမ်သက်စွာနေပါက အမျက်ဒေါသတို့ တဖြည်းဖြည်း ယုတ်လျော့သွားမည်သာ ဖြစ်သည်။

ထို့ကြောင့် တစ်မှ တစ်ထောင်အထိ ရေတွက်နေပါက တဖြည်းဖြည်းနှင့် ဒေါသများ ပြေသွားမည်ဖြစ်သည်။ ဒါသည် ပုံသေနည်းတရပ်ဖြစ်သည်ဟု တချို့ကဆိုကြပါသည်။

**ဒေါသဖြစ်နေချိန် ဘာကိုမှ မလုပ်ပါနဲ့**
ဒေါသဖြစ်ပေါ်နေချိန်တွင် ဘာမှမလုပ်ခြင်းသည် အကောင်းဆုံးဖြစ်လေသည်။ ဘာမှမလုပ်ခြင်းဖြင့် ထိုအကြောင်းအရာကို မေ့လျော့သွားပါလိမ့်မည်။ တိတ်ဆိတ်စွာနေခြင်းသည် စိတ်ကိုငြိမ်းချမ်းခွင့် ပေးထား၍ ထိုကိစ္စများကို ဆက်လက်ဆွေးနွေးရန် သင့်,မသင့်ကို ချင့်ချိန်ဆုံးဖြတ်နိုင်ခွင့် ရှိလာပါလိမ့်မည်။

**ရန်စ, ရန်လုပ်လာသူကို ကိုယ်ချင်းစာကြည့်ပါ**
ငါ့ကို သူက ဘာထင်လို့ မထီမဲ့မြင်လုပ်ရတာလဲ။ အတွေးအခေါ်မရှိတဲ့ အောက်တန်းစားအမျိုးတွေ၊ ရုပ်ကိုကြည့်ပါ၊ လင်ငယ်နေမယ့်ရုပ်မျိုး စသည်ဖြင့် ပြောဆိုမှုများကြောင့် အစောကားခံရသည့်အခါများတွင် ပို၍အမျက်ဒေါသထွက်တတ်ကြပေသည်။

သည်အခါတွင် နင်ပဲငဆပြောဆိုသူအား ကိုယ်ချင်းစာပြီး သူ ဘာကြောင့်ပြောသည်ဆိုတာကို အထောက်အထားကြိုးစားပြီးရှာပါ။ မည်သို့ဆက်လုပ်ရမည်ကိုလည်း နည်းလမ်းရှာဖွေသင့်ပါသည်။
ပြောဆိုသည့်ပုဂ္ဂိုလ်သည် ဒုက္ခနှင့်ကြုံတွေ့နေရသလား၊ ဤသို့ပြောဆိုခြင်းမှာ သူ စိတ်မချမ်းမသာ ဖြစ်နေ၍သာ ထိုသို့ပြောဆိုသည်ဟု နှလုံးသွင်း၍ အဖြေကိုရှာဖွေသင့်ပါသည်။

**ရယ်မောလိုက်ပြီး ဒေါသကို ချုပ်တည်းပါ**
အလိုမကျဘဲ မျက်မှောင်ကုတ်၍ တောက်ခေါက်မှုနှင့် ဝမ်းသာပျော်ရွှင်၍ ရွှင်ပြုံးမှုတို့ တချိန်တည်း၌ မလုပ်နိုင်သည်မှန်သော်လည်း အချို့စိတ်ပညာသမားများသည် ဒေါသထွက်နေသူတို့အား ပြုံးရယ်ရွှင်လန်း၊ ရယ်မောလာအောင် ကုစားနည်းကို အသုံးပြုကြလေသည်။

ကလေးငယ်များ ဒေါသထွက်နေပါလျှင် ဟာသရုပ်ရှင်ကားများ ကြည့်စေခြင်းဖြင့် ကလေး ငယ်တို့အား ရယ်မောလာအောင် နောက်ပြောင်၍ ရယ်စရာစကားများ ပြောဆိုခြင်းတို့ ပြုလုပ်လိုက်ပါက ဒေါသများချုပ်ငြိမ်း၍ ရယ်မောလာပါလိမ့်မည်။

**သမထနည်းဖြင့် ဒေါသကို ထိန်းပုံ**
အမျက်ဒေါသ ထွက်လွယ်သူများအဖို့ အကောင်းဆုံးနည်းမှာ စိတ်နှင့်ကိုယ်ကို တည်ငြိမ်အောင်
နှလုံးသွင်းမှုပင် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ သမထထိုင်နည်းနှင့် ဝိပဿနာတရား ပွားများနည်း၊ အိန္ဒိယ, ဟိန္ဒူ ယောဂီများ၏ ယောဂကျင့်စဉ်တို့သည် စိတ်များပျံ့လွင့်စေမှုတို့ ချုပ်ငြိမ်းစေပြီး ဒေါသပြေပျောက်မှုတို့ကို ရရှိစေပါသည်။
ထို့ကြောင့် အနောက်တိုင်း စိတ်ပညာရှင်များက ထိုနည်းတို့ကို နည်းယူလက်ခံ၍ လိုက်စားနေကြလေသည်။

**ထုတ်ဖော်ပြောကြားမှုများသည် ဒေါသကို လျော့သွားနိုင်ပါသလား**
ဒေါသထွက်ပေါ်မှုများကို အိပ်သွန်ဖာမှောက် ပြောဆိုလိုက်ရ၍ ပေါ်ပေါက်လာတဲ့

ဒေါသအာဃာတများ လျော့ပါးသွားစေပါတယ်လို့ အနောက်နိုင်ငံသားများက ယူဆနေကြပါတယ်။ တချို့ပညာရှင်များကတော့ ဤသို့ပေါက်ကွဲထွက်မှုသည် ဒေါသများ၊ အာဃာတများပင် ပျောက်မသွားဘဲ ထပ်တလဲလဲ ပွားများစေကြောင်းကိုလည်း သဘောပေါက်ကြပါသည်။

ခံစားချက်များကို ခရေစေ့တွင်းကျ ပြောဆိုလာမှုကြောင့် ထိုလူ၏ စိတ်လှုပ်ရှားမှုတို့သည် ပိုမိုကြီးထွားလာစေသည်သာမက ဒေါသ၊ အာဃာတများမှာလည်း ပိုမို၍ ကြီးထွား လာစေနိုင်ပါသည်။ ဒေါသလျော့ပါးစေလိုပြီး ဆက်ဆံပေါင်းသင်းမှု ပြေပြစ်စေလိုပါလျှင် တဖက်ကို ပြန်၍မပြောဘဲ အလျှော့ပေး၍ တိတ်တိတ်နေသင့်ပါသည်။ စိတ်ဆိုးမြဲ ဆိုးနေပါစေ၊ မြန်မာတို့ ဆိုရိုးစကားအတိုင်း မောလျှင် ရပ်သွားလိမ့်မည်ဆိုသလိုပါပဲ။ ထိုဖော်ပြချက်များမှာ အနောက်တိုင်း စိတ်ပညာရာတို့၏ ယေဘုယျယူဆချက်များ ဖြစ်ကြပါသည်။

**ဗုဒ္ဓဟောကြားခဲ့သော ဒေါသရန်ငြိုး ဖြေဖျောက်နည်း**
်မြတ်ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့သည့် တရားတော်များအရ တဦးတယောက်အား အမျက်ဒေါသထွက်၍ ရန်ငြိုးများရှိခဲ့ပါလျှင် ထိုရန်ငြိုးဒေါသတရားတို့ကို တားဆီးနိုင်သောတရားမှာ
မေတ္တာဓာတ်သာဖြစ်သည်ဟု ဟောကြားတော်မူခဲ့ပါသည်။
မေတ္တာဘာဝနာကို စနစ်တကျ ပွားများသွားပါက ဒေါသကြောင့်ဖြစ်ပေါ်လာသော ရန်ငြိုးကြီးမားခြင်း၊ ပြစ်မှားခြင်း၊ ဖျက်ဆီးခြင်း၊ မုန်းခြင်း၊ စိတ်သဘောထား ကွဲလွဲခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းတို့ ပြေပျောက်စေနိုင်ရန် ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ မေတ္တာပွားများ၍ ရရှိသော အကျိုးတရား များကို ဟောကြားတော်မူခဲ့ပါသည်။
ဒေါသတရားများ ဖြစ်ပေါ်လာခဲ့ပါလျှင် ဖြစ်ပေါ်လာသည့် အမျက်ဒေါသတရားတို့ကို ဆင်ခြင်ကာ မေတ္တာပွားများ၍ ရန်ငြိုးပြေစေသော နည်း(၁၁)နည်းကို ဝိသုဒ္ဓိမဂ်၌ ဤသို့ဟောကြားတော်မူခဲ့ပါသည်။

**ရန်ငြိုးရန်စဖြေဖျောက်နည်း (၁၁)နည်း**
(၁) မေတ္တာဈာန်ဝင်စား၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(၂) ဒေါသအပြစ်တို့ကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(၃) ရန်သူ၏ အကျင့်ကောင်းများကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(၄) ကရုဏာဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း။
(၅) ဘုရားရှင်ဟောကြားတော်မူသည့် တရားတော်များ၊ သြဝါဒများကို ဆင်ခြင်ပွားများ၍ မိမိကိုယ်ကိုမိမိ ဆုံးမကာ ရန်ငြိုးဖြေဖျောက်ခြင်း။
(၆) ကမ္မဿကတာဉာဏ်ဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း။
(၇) မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် ဇာတ်တော်လာ သည်းခံနည်းများဖြင့် ရန်ငြိုး ဖြေဖျောက်ခြင်း။
(၈) သံသရာတလျှောက်လုံး၌ မိဘ ညီအကိုမောင်နှမ ဆွေမျိုးမတော်စပ်ခဲ့ဖူးသူ မရှိပါလားဟု ဆင်ခြင်သည့်နည်းဖြင့် ရန်ငြိုးဖြေဖျောက်ခြင်း။
(၉) မေတ္တာအကျိုးတရားများကို ဆင်ခြင်၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(၁၀) ဓာတ်ခွဲ၍ ရန်ငြိုးဖြေဖျောက်ခြင်း။
(မိမိ၏ ရုပ်နာမ်မမြဲခြင်းသဘောကို ဆင်ခြင်၍ ငါလည်း တချိန်သေရမည်၊ သူတို့လည်း တချိန်သေရမည်ဟု နှလုံးသွင်း၍ မရဏာနုဿတိတရား ပွားများ၍ ရန်ငြိုးဖြေဖျောက်ခြင်း)။
(၁၁) ပစ္စည်းဥစ္စာ ပေကမ်းထောက်ပံ့သောနည်းဖြင့် ရန်ငြိုးဖြေဖျောက်ခြင်းတို့ပင် ဖြစ်ကြပါသည်။

သဒေါသံ စိတ္တံ သဒေါသံ စိတ္တန္တိ ပဇာနာတိ၊ဒေါသစိတ်ဖြစ်သည်၊ ဒေါသစိတ်ဖြစ်သည်ဟု ထပ်တလဲလဲ သတိတရားယှဉ်၍ နှလုံးသွင်းရပါမည်။

**တောင်တန်းသာသနာပြု ဆရာတော်ကြီး၏ ရေမေတ္တာ**
အလျဉ်းသင့်၍ ခန္ဓာဝန်ချတော်မူခဲ့ပြီးဖြစ်သော တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ၏ ရေမေတ္တာကိုလည်း အသုံးပြုပါက မုန်းသည့်သူကို ချစ်ခင်လာနိုင်တာ၊ စိဖြေဖျောက်လာနိုင်တာကို လက်တွေ့ခံစားရပါမည်။
ဥပမာ---ဘာအကြောင်းကြောင့်ဖြစ်စေ၊ တစုံတယောက်သောသူက ရန်မူလာလျှင် ရန်မူသောထိုသူကို စိတ်အာရုံညွတ်၍ သူ့ခမျာ ငါ့ကို ရန်မူနေတဲ့အတွက် စိတ်နှလုံးပူလောင်နေရှာမှာပဲ-ဟု ကရုဏာစိတ်ကို ဦးစွာဖြစ်စေပါ။ သနားထိုက်သော သနားစရာကောင်းသော သတ္တဝါအဖြစ်ထား၍ ကရုဏာစိတ် ဝင်စားပြီးလျှင် နောက်မှတဆက်တည်း တကယ်ချမ်းသာကောင်းစားစေလိုသော စေတနာဖြင့် လှိုက်လှိုက်လှဲလှဲ မေတ္တာပို့လွှတ်ပေးရမည်။ အမြဲမပြတ် မလုပ်နိုင်သော်လည်း မေတ္တာပို့နေသောအခိုက်တွင် လှိုက်လှဲသောစေတနာ ထက်သန်မှုရှိစေရမည်။ ထက်သန်မှုရှိမှ ထိရောက်သည်။ တန်ခိုးထက်မြက်သည်။

အထူးသတိပြုရန်မှာ စိတ်ညွတ်၍ မေတ္တာပို့သောအခါ မိမိစိတ်ထဲသို့ ဒေါသဝင်မလာစေရပါ။ တဖက်သား ပျက်စီးစေလိုခြင်း၊ ဒုက္ခရောက်သွားစေလိုခြင်း စသော ဒေါသစိတ် (အာဃာတ-ရန်ငြိုးစိတ်၊ ဒေါမနဿ-မကျေမချမ်း နာကြည်းစိတ်) ဝင်လာတတ်သည်။ ဝင်လာလျှင် လွတ်အောင်ဖယ်ထုတ်ပစ်ပါ။ ယင်းဒေါသစိတ်ကင်းအောင် ဖယ်ထုတ်ပစ်နိုင်လျှင် ရန်သူအပေါ် မိမိကအောင်နိုင်ပြီဟူ၍ မှတ်ပါ။

အကယ်၍ ရန်သူကို စိတ်အာရုံညွတ်၍ မေတ္တာပို့ရုံသက်သက်ဖြင့် အမြန်ပြေအေးသွားမည် မထင်လျှင် ဖန်ခွက်တခုကို ဆေးကြော၊ ရေအေးအေး သန့်သန့်ထည့်ပြီး အမှိုက်သရိုက်မကျအောင် အဖုံး,ဖုံး၍ ဘုရားစင်မှာ တင်ထား၊ ရန်မူသူကို ကိုယ်စားရည်မှတ်၍ ကျောက်စရစ် ခဲကလေးကိုဖြစ်စေ၊ တုတ်ချောင်းကလေးကို ဖြစ်စေ ထိုရေဖန်ခွက်ထဲသို့ချပြီး စိမ်ထား။ သူ့ကို အေးချမ်းသွားစေရန် မေတ္တာရေ စိမ်ထားပြီ-ဟု စိတ်ရှင်းစွာထား၍ မေတ္တာပို့လွှတ်ပေးနေပါ။

ထိုရန်မူနေသူကို ကောင်းစားချမ်းသာစေလိုသော မေတ္တာစိတ်ပို့လွှတ်ပေးနေလျှင် ခုနစ်ရက်အတွင်း မူပြောင်းလာလိမ့်မည်။ ထူးခြားသည်မှာ သူ့မှာဒေါသမရှိလျှင်၊ ဒေါသနည်းလျှင် ချစ်ခင်လာလိမ့်မည်။ ကိုယ့်ကို သနားစိတ်ဝင်လာလိမ့်မည်။ သူပြောမှားရှိသမျှ ဝန်ချတောင်းပန်လာလိမ့်မည်။ အကယ်၍ လူကိုယ်တိုင် လာရောက်မတောင်းပန်စေကာမူ ဆက်လက်၍ ရန်မမူတော့ချေ။ မီးကို ရေနှင့်ဖျန်းလိုက်သလို ငြိမ်းသွားလိမ့်မည်။

သို့သော် သူ့မှာ မကျေနပ်နိုင်၊ မအေးနိုင်အောင် ဒေါသရှိနေသေးလျှင်ကား ကိုယ့်အနားမှာ နေလို့မရ၊ ဝေးရာသို့ တနည်းနည်းဖြင့် ဖယ်ခွါသွားရတတ်သည်။ အားလုံး ဤပုံစံချည်းပင်။ ထုံးစံပင်တည်း။ မလွဲနိုင်ချေ။

ထိုမှတပါး အခြားမည်သည့်လုပ်ငန်းကိစ္စမဆို တွေ့ကြုံနေရသော နှောင့်ယှက်သူကို ဖြစ်စေ၊ နေထိုင်စားသောက်ရေးကိစ္စ၌ တွေ့ကြုံရသူကိုဖြစ်စေ တွေ့ကြုံရလေသမျှ အထက်ပါနည်း အတိုင်းသာ လိုက်နာလုပ်ဆောင်ပါ။ မေတ္တာစိတ်ဓာတ်ခိုင်မြဲသော အဆောင်တန်ခိုးဖြင့် ကြည်လင်အေးမြခြင်းကို ဖြစ်စေရမည်။ အောင်နိုင်ရမည်ဟူ၍ ညွှန်ကြားအပ်ပါသည်။

အိမ်မှ စိတ်ကောက်ပြီး ထွက်သွားသူကိုလည်း ဤနည်းအတိုင်း လုပ်ဆောင်ပါ။ ပြန်ရောက် လာပါလိမ့်မည်။ သူတော်ကောင်းတို့မည်သည် မေတ္တာတရားကို လက်ကိုင်ထားရမည်။ အခြားနည်းကို လက်ကိုင်ထားလျှင် မှားရော-မှတ်ပါ။ မေတ္တာလောက် ကောင်းတာ လောကမှ ဘာမှမရှိပါ။


ဤရေမေတ္တာကို ပြုလုပ်နေသူသည် အောက်ပါအချက်များကိုတော့ လိုက်နာရပါလိမ့်မည်။
(၁) အရက်သေစာ မသောက်ဖို့၊
(၂) တတ်နိုင်လျှင် ဥပုသ်စောင့်ဖို့၊
(၃) သွေးသံရဲရဲ သားစိမ်း၊ ငါးစိမ်း မစားရ၊ (ငါးခြောက်လိုဟာမျိုး စားနိုင်တယ်)
(၄) ရန်ရှာတဲ့လူအပေါ်ကို ဒေါသစိတ် အလျှင်းမထားနဲ့၊ စကားကို ညင်ညင်သာသာပြော။
(၅) ရေထဲသို့ထည့်ထားသည့် ကျောက်ခဲလေးအား မိမိမေတ္တာပို့သူ၏ ရုပ်ကို ပေါ်အောင်ကြည့်၍ စူးစူးစိုက်စိုက် မေတ္တာပို့လွှတ်ပါ။

တဦးပေါ်တဦး မေတ္တာနှင့်ယှဉ်သောစိတ်များ မွေးမြူနိုင်ကြပါက သည်ကမ္ဘာမြေကြီးသည် ထာဝစဉ် မေတ္တာပန်းများ ပွင့်လန်းနေကြပါမည်။

ကောင်းကျိုးလိုရာပြည့်ပါစေ
**မောင်လှယဉ်(မော်လမြိုင်)**
ရတနာဝါသဘုရားကျောင်း

တန်ဆောင်မုန်းလပြည့် 'သာမညဖလ အခါတော်နေ့'

Posted by drmyochit Saturday, November 16, 2013, under | No comments


Written by - အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ) 

တန်ဆောင်မုန်း လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်တို့က သာမညဖလ အခါတော်နေ့ဟု ခေါ်ဆိုကြပါသည်။ ဘုရားမြတ်စွာသည် အဇာတသတ် မင်းသားအား သာမညဖလ သုတ္တန်ကို ဟောကြားတော်မူရာ နေ့ဖြစ်သောကြောင့် ဟူ၏။

သာမညဖလ အခါတော်နေ့ ဖြစ်ပေါ်လာခြင်း

အရှင်ဒေ၀ဒတ်သည် ဘုရားရှင်ကဲ့သို့ ဂုဏ်သတင်း ကျော်ကြားချင်၏။ လူတို့၏ လာဘ်ပူဇော်သက္ကာရ ပြုခြင်းကိုလည်း ခံယူလို၏။ အရှင် သာရိပုတ္တရာ၊ အရှင် မောဂ္ဂလာန်၊ အရှင် အာနန္ဒာတို့ကဲ့သို့လည်း လူများစွာ၏ ကြည်ညိုမှုကို ခံချင်၏။ အရှင် ဒေ၀ဒတ်သည် သူ့သန္တာန်၌ ဖြစ်သော အလိုကြီးခြင်း လောဘရမ္မက်ကို မထိန်းကွပ်နိုင် ဖြစ်လာပြီး"ဒါတွေရဖို့ဆိုလျှင် ဘုရားဖြစ်ဖို့ လိုမယ်။ ဘုရားဖြစ်ဖို့ဆိုလျှင် လက်ရှိဘုရားကို လုပ်ကြံသတ်ဖြတ် ရမယ်။ဘုရားကို လုပ်ကြံဖို့ဆိုလျှင် နောက်ခံအင်အားကြီးသူရဲ့ ထောက်ပံ့ကူညီမှု လိုအပ်တယ်။ ဗိမ္ဗိသာရ မင်းကြီးက အသက်ကြီးပြီ။ သူက ဘုရားဒကာ၊ ကျောင်းဒကာ သူ့ကိုကပ်လို့တော့ မရနိုင်။ သူ့သား အဇာတသတ် မင်းသားကား ငယ်ရွယ်သူ၊ အရာခပ်သိမ်း သိနားလည်ခြင်း မရှိနိုင်သေးတဲ့အရွယ်။ သူ့ကိုအသုံးချပြီး ဘုရားကို လုပ်ကြံသတ်ဖြတ်ရမယ်"ဟု မကြံအပ် မကြံစည်ရာကို စိတ်ကူးပြီး သူ့စီမံကိန်းကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတော့သည်။

အရှင်ဒေ၀ဒတ်သည် သူရထားသော လောကီ အဘိညာဉ်ဖြင့် အဇာတသတ် မင်းသားကို တန်ခိုးပြလျှက် ဦးစွာ ကြည်ညိုအထင်ကြီးစေလျက် သူ့အလိုပါလာအောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့၏။ "မင်းသား၊ ရှေးတုန်းက လူတွေက အသက်ရှည်ကြတယ်။ အခု လူ့သက်တမ်းတိုလာပြီ။ ခမည်းတော်သေမှ ရှင်ဘုရင် ဖြစ်မယ်ဆိုရင် မင်းသားအတွက် ရှင်ဘုရင်လုပ်ချိန် သိပ်မရှိနိုင်တော့ဘူး။ သင့်ခမည်းတော်ကလည်း အရွယ်က အကောင်းကြီး ရှိသေးတာ" စသဖြင့် နားသွင်းပေး၏။ သွေးထိုးပေး၏။ သူမျှော်မှန်း ထားသည့်အတိုင်း အဇာတသတ် မင်းသားက"ဘာလုပ်ရမှာပါလဲ ဘုရား" ဟု မေးလာချိန်မှာတော့"ခမည်းတော်ကို သတ်ပြီး ရှင်ဘုရင်လုပ်ပေါ့"ဟု ပြောဆိုပါသည်။
လောကတွင် ကိုယ့်အတွက် လိုလိုနှင့် သူ့အတွက် ကိုယ့်ကို အသုံးချသွားတတ်ကြ၏။ လူကိုလူကပင် အသုံးချတတ်၏။ ဤလောကတွင် အရှင်ဒေ၀ဒတ်ကဲ့သို့သော လူများစွာတို့ကို ကိုယ်ကျိုးအတွက် အသုံးချနေသူများ၊ အဇာတသတ် ကဲ့သို့သော ကိုယ့်ကို အသုံးချနေမှန်းလည်း မသိ၊ အသုံးချ ခံနေရခြင်းကိုပင် ကြည်ဖြူစွာ ခံယူနေကြသူများလည်း ရှိတတ်ပါသည်။ အဇာတသတ် မင်းသား ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်ပြီးနောက် ရှင်ဘုရင်ဖြစ်သည်နှင့် အရှင်ဒေ၀ဒတ်သည် မင်းဆရာဟူသော အရှိန်ဖြင့် မင်းမှုထမ်းများအပြင် နာဠာဂီရိ ဆင်ထိန်းကိုပါ"ငါသည် မင်းဆရာဖြစ်သည်။ ရာထူးမြင့်သူတို့ကို ရာထူးကျအောင်၊ ရာထူးနိမ့်သူတို့ကို ရာထူးမြင့်အောင် ဆောင်ရွက်နိုင်သူ ဖြစ်တယ်။ မင်းတို့ ငါ့အလိုလိုက်၊ ငါ့အကြိုက် ဆောင်ပေးနိုင်မယ်ဆိုရင် မင်းတို့ ရာထူးတိုးစေရမယ်"ဟု မက်လုံးပေး စည်းရုံးပြီး ဘုရားရှင်ကို လုပ်ကြံသတ်ဖြတ် စေပါတော့သည်။ အရှင် ဒေ၀ဒတ် ကိုယ်တိုင်ပင် ဘုရားရှင်ကို ဂိဇ္ဈကုဋ် တောင်မှအဆင်း ကျောက်တုံးဖြင့် ပစ်ချပြီး လုပ်ကြံသတ်ဖြတ်၏။ အစိန္တေယျဂုဏ်ရှင် ဘုရားသခင်ကား သူတစ်ပါးပယောဂဖြင့် ပရိနိဗ္ဗာန်စံဝင်ရိုး ထုံးစံမရှိ။

အဇာတသတ်မင်းသည် ခမည်းတော်အား သတ်ဖြတ်ပြီးနောက် စိတ်သောက အလွန်ရောက်လျှက် မအိပ်နိုင် မစားနိုင် ဖြစ်နေတော့၏။ အိပ်မည်ဟု သလွန်ပေါ်လျောင်းစဉ် မျက်လုံးမှိတ်လိုက်သည်နှင့် လှံပေါင်းများစွာ ထိုးဆွခံရ ဘိသကဲ့သို့ ၀ူးဝူးဝါးဝါး ထအော်တော့၏။ မင်းမှုထမ်းတို့က"ဘာပါလဲ"ဟုမေးမြန်းသော် ဘာဆိုဘာမျှ မပြောနိုင်။ ထို့ကြောင့် အဇာတသတ်မင်းသည် အိပ်ခြင်းကို မနှစ်သက်တော့။ အိပ်ရမည်ကို ကြောက်နေတော့၏။
မှူးမတ်တို့ ကိုးကွယ်သော ထိုခေတ်က နိုင်ငံအတွင်း ကျော်ကြားသော ခြောက်ဦးထံ စိတ်သက်သာရာ ရလိုရငြား ဦးစွာချဉ်းကပ်ခဲ့၏။ သဲကိုညှစ်၍ ဆီမထွက်သကဲ့သို့ ကျေနပ်ဖွယ်လောက်သော စိတ်သက်သာရာကို မရနိုင်ခဲ့၍ ဆေးဆရာ ဇီဝက အကူအညီဖြင့် ဘုရားရှင်ထံ ဆည်းကပ်တရားနာယူချင်စိတ် ဖြစ်ပေါ်လာပါသည်။

ကုမုဒြာ ကြာတို့ပွင့်ရာ၊ မိုးလေးလတို့၏ နောက်ဆုံး၊ ဆီးနှင်းမြူတိမ် အသူရိန်မီးခိုးညစ်မျိုးတို့ ကင်းစင်သဖြင့် အလွန်တင့်တယ် သာယာသော တန်ဆောင်မုန်း လပြည့်နေ့ ညဦးတွင်"ဒီကနေ့ည အလွန်သာယာလိုက်တာ။ ဒီလိုညမျိုးမှာ ရဟန်း၊ ပုဏ္ဏားတစ်ဦးဦး ထံချဉ်းကပ်ပြီး ပြဿနာမေး၊ တရားနာယူရလျှင်တော့ စိတ်ကြည်လင်ပြီး အေးချမ်းလိမ့်မယ်ထင်ပါရဲ့"ဟု အဇာတသတ်မင်းသည် ၀မ်းမြောက်ဝမ်းသာ ထုတ်ဖော် နှုတ်မြွက်လိုက်ပါသည်။
မှူးမတ်တို့က မင်းတရား တရားနာယူလိုဟန်တူရဲ့ဟု တွေးကြပြီး မိမိတို့ကိုးကွယ်သော ဆရာကြီးများထံ ချဉ်းကပ်တရားနာယူဖို့ သံတော်ဦး တင်ကြပြန်ပါတယ်။ သရက်သီးမှည့် စားလိုသော ယောက်ျားသည် ၀ါဝင်းပြီး အရသာအပြည့်ရှိသော သရက်သီးမှည့်ကို လက်ထဲမှာ ရှိနေလျှင် ကံပြင်းသီးကို မမက်မောတော့သကဲ့သို့ မင်းတရားသည်လည်း ဈာန်အဘိညာဉ်တို့နှင့် ယှဉ်သော လက္ခဏာရေးသုံးပါးကို ထင်ရှားပြတတ်သော ချိုမြိန်သော တရားတော်ကို ယခုနာယူလိုသည် ဖြစ်၍ ယခင်က နာကြားခဲ့ဖူးသော ဆရာကြီးတို့၏ တရားကို နှစ်သက်မှုမရှိ၍ တိတ်ဆိတ်စွာ ဆိုင်းငံ့နေပါသည်။အဇာတသတ်မင်းက မှူးမတ်တို့နည်းတူ ဆရာဇီဝကလည်း သူကိုးကွယ်သော ဘုရားမြတ်စွာထံသို့ ချဉ်းကပ် တရားနာယူရန် ကမ်းလှမ်းမည်ဟု မျှော်လင့်ပြီး တိတ်ဆိတ်စွာနေခြင်းဖြစ်၏။ ကျောင်းဒကာ၊ ဘုရားဒကာ ခမည်းတော်ကို သတ်သူဖြစ်၍ သူကိုယ်တိုင်လည်း ဘုရားထံမသွားဝံ့၊ မျက်နှာမပြရဲ၊ ဆရာ ဇီဝက၏ အကူအညီကို ရမှဖြစ်မည်။ ထို့ကြောင့်"အမောင်ဇီဝက အခြားမှူးမတ်တွေက သူတို့ကိုးကွယ်တဲ့ ဆရာတွေရဲ့ဂုဏ်ကို ထုတ်ဖော်ပြောဆိုနေကြတာ ပါးစပ်တောင် မဆံ့ကြဘူး။ သင့်မှာရော ကိုးကွယ်တဲ့ဆရာ မရှိဘူးလား။ သင်မဆင်းရဲပါဘူး။ ခမည်းတော်က သင့်ကို စည်းစိမ်များစွာ ပေးထားတယ် မဟုတ်လား။ သင့်မှာ သဒ္ဓါတရား မရှိဘူးလား"ဟု နဂါးအဆီကိုသောက်ပြီး အဆီရစ်နေသော ဂဠုန်ကဲ့သို့ တိတ်ဆိတ်နေသော ဆရာဇီဝကကို စကားပြောဆိုစေရန် အဇာတသတ်မင်းက စကားဦး သန်းလိုက်၏။

ဆရာဇီဝကသည် ဘုရားရှင် သီတင်းသုံးတော်မူရာ သရက်ဥယျာဉ် ကျောင်းတော်ဘက် မျက်နှာမူ လက်အုပ်ချီလျှက် ဘုရားရှင်၏ အနှိုင်းမဲ့ ဂုဏ်တော်များကို ထုတ်ဖော်ပြောဆို၍ ယခုအခါ မြတ်စွာဘုရားနှင့်အတူ ရဟန်းတော် များသည် သရက်ဥယျာဉ်ကျောင်းတွင် သီတင်းသုံး နေထိုင်တော်မူပါသည်။ ဘုရားမြတ်စွာထံ ချဉ်းကပ်တရားနာယူမည်ဆိုလျှင် မင်းတရား၏စိတ်သည် ဧကန်ကြည်လင်မည် ဖြစ်ကြောင်းကို အဇာတသတ်မင်းအား သံတော်ဦး တင်ပါသည်။အဇာတသတ်မင်းသည် အချိန်မဆိုင်းနေတော့ဘဲ ယခုချက်ချင်းပင်လျှင် ဘုရားထံသို့ တရားသွားရောက် နာယူမည်။ အမောင်ဇီဝ အမြန်စီစဉ်ပါဟု စေခိုင်း၍ ဘုရားရှင် သီတင်းသုံးတော်မူရာ ဆရာဇီဝက ဆောက်လုပ်လှူဒါန်းအပ်သော သရက်ဥယျာဉ်ကျောင်းသို့ ဆီမီးမြိုင်မြိုင် ထွန်းညှိကိုင်ဆောင်ကြစေလျှက် ဆင်မယာဉ်ကိုစီးပြီး ကြီးကျယ်ခမ်းနားသော မင်းပရိသတ်တို့နှင့်အတူ ကြွချီတော်မူပါသည်။ ထိုညကား တန်ဆောင်မုန်း လပြည့်နေ့ည ဖြစ်၏။

သာမညဖလသုတ္တန်

ရဟန်းပြုခြင်းကြောင့် ရအပ်သောအကျိုးတို့ကို ပြဆိုရာဒေသနာဖြစ်၍ သာမညဖလသုတ္တန်ဟု ခေါ်ဆိုပါသည်။ အဇာတသတ်မင်းသည် ဘုရားထံမှောက် ရောက်၍ ရှိခိုးဦးချပြီးနောက် ဘုရားမြတ်စွာအား "အရှင်ဘုရား လောကမှာ ဆင်စီးအတတ်၊ မြင်းစီအတတ်၊ ဓားခုတ်လှံထိုး အတတ်စသော အတတ်ပညာ တတ်ကျွမ်းကျင်သူတို့သည် သူတို့ရဲ့ အတတ်ပညာကို အမှီပြုပြီး ချမ်းချမ်းသာသာ အသက်မွေးမြူနိုင်ပါတယ်။ ဇနီးမယား၊ သမီးသား၊ ဆွေမျိုးမိတ်ဆွေတို့ကိုလည်း လုပ်ကျွေး ပြုစုနိုင်ပါတယ်။ ရဟန်းပုဏ္ဏားတို့အား လှူဒါန်းပြီး နတ်ပြည်သို့လည်း ရောက်နိုင်ကြပါတယ်။ ဒါဟာ အတတ်ပညာရဲ့ ပစ္စက္ခ အကျိုးပါဘုရား၊ ရဟန်းပြုရင်ရော ပစ္စက္ခမှာ ဘာအကျိုးရတယ်လို့ ဆိုနိုင်ပါသလား ဘုရား"ဟု မေးလျှောက်သဖြင့် ဘုရားမြတ်စွာသည် သာမညဖလသုတ္တန်ကို အကျယ် ဟောကြားတော်မူပါသည်။

"မင်းတရား၊ ကျွန်ရဟန်းပြုသွားလျှင် သူ့သခင်က သူ့ကို စေခိုင်းလို့ မရနိုင်တော့ဘူး။ ရှိခိုးဦးချရမယ်။ အလားတူ လယ်ကူလီ (စာရင်းငှား) ရဟန်းပြုသွားလျှင်လည်း လယ်ရှင်က သူ့ကို လယ်ထွန်ခိုင်းလို့ မရတော့ဘူး။ ရှိခိုးဦးချရမယ်။ ထို့အတူ ဒကာတော်မင်းကြီးရဲ့ မင်းမှုထမ်း ရဟန်းပြုသွားလျှင် မင်းတရားက သူ့ကို စစ်တိုက်ခိုင်းလို့ မရနိုင်တော့ဘူး။ ရှိခိုးဦးချရမယ်။ ပစ္စည်းလေးပါး လှူဒါန်းရမယ်။ တရားနဲ့အညီ စောင့်ရှောက်ပေးရမယ်။ ဒါဟာ ရဟန်းပြုခြင်းကြောင့် ရအပ်တဲ့အကျိုး (သာမညဖလ) ဖြစ်တယ်"ဟု မိန့်တော်မူသော်-

"ဒါတင်ပဲလားဘုရား၊ ဒီထက်သာလွန် မြင့်မြတ်တဲ့ သာမညဖလရော မရှိနိုင်တော့ဘူးလား ဘုရား"ဟု အဇာတသတ်မင်းက ဆက်လက်မေး လျှောက်သဖြင့်]]မင်းတရား သဒ္ဓါတရားနဲ့ ပြည့်စုံတဲ့ အမျိုးကောင်းသားသည် ဗုဒ္ဓရဲ့ဂုဏ်တော်များကို ကြည်ညိုပြီး အိမ်ရာတည်ထောင် လူ့ဘောင်ကို ခွာရှောင်လျှက် ရဟန်းပြုခဲ့တယ်"ရဟန်းပြုပြီးနောက်"ရဟန်းတော်များ စောင့်ထိန်းလိုက်နာကြရတဲ့ ပါတိမာက္ခ သံဝရသီလကို စောင့်ထိန်းခြင်း၊ အကျင့် ကျက်စားရာနဲ့ ပြည့်စုံခြင်း၊ အာပတ်တို့ကို ကြောက်စရာ ဘေးစဖွယ်ရှုငဲ့ပြီး အာပတ်မသင့်အောင် နေခြင်း၊ စင်ကြယ်တဲ့ အပြုအမူ အပြောအဆိုနဲ့ ပြည့်စုံခြင်း၊ စင်ကြယ်စွာ အသက်မွေးခြင်း၊ မျက်စိ၊ နား၊ လျှာ၊ ကိုယ်၊ စိတ် ဣနြေ္ဒ ခြောက်ပါးကို အသိ၊ သတိတို့ဖြင့် လုံခြုံအောင် နေခြင်း၊ ရသမျှနဲ့ တင်းတိမ်ရောင့်ရဲခြင်းတို့ဖြင့်သာ နေထိုင်ပါတယ်။ မင်းတရား၊ ထိုကဲ့သို့ အကျင့်မြတ်ဖြင့် ပြည့်စုံသော ရဟန်းသည် မြို့ရွာပူသံ မဆူညံဘဲ လူသံ ကင်းဆိတ် တိတ်ဆိတ်ငြိမ်းသော အရပ်သို့ ချဉ်းကပ်ပြီး ကမ္မဋ္ဌာန်းတရားကိုသာ ပွားများ အားထုတ်နေပါသည်။ အားထုတ်ဖန်များ၍ ရှုအားတွေသန်၊ ရှုဥာဏ်တွေ ကောင်းလာသော် ၁။ စိတ်အညစ်အကြေး (နီဝရဏ) တို့မှ ကင်းစင်ပြီး ဈာန်လေးပါးကို ဦးစွာရ၏။ ၂။ ဈာန်ကြောင့် သမာဓိ အလွန်ကောင်းပြီး မိမိခန္ဓာကိုယ်အတွင်း ဥာဏ်သွင်းလျက် ခန္ဓာ၏ မမြဲခြင်း၊ ဖောက်ပြန်ပြောင်းလွဲ ပြိုကွဲပျက်စီးခြင်း အနိစ္စအချက်ကို မြင်အောင် ရှုပွားနိုင်သော ၀ိပဿနာဥာဏ် ဖြစ်ပေါ်၏။၃။ထို့နောက် အထက်အထက်သော အဘိညာဉ်တို့ကိုရပြီး အဆုံးတွင် အာသ၀က္ခယဥာဏ်သို့ ရောက်လျက် ရဟန္တာ ဖြစ်သွားတော့၏။ ဤသည်တို့ကား ဓရဟန်းပြုခြင်းကြောင့် ပစ္စက္ခတွင် ရအပ်သော သာမညဖလ" ဖြစ်၏ဟု သုတ္တန်ကို အကျယ်တ၀င့် ဟောကြားတော်မူပါသည်။

အဇာတသတ်မင်းသားသည် သရဏဂုံ ဆောက်တည် ဥပါသကာအဖြစ် ခံယူပြီး ဓမ္မရာဇာဖြစ်သည့် ခမည်းတော်ကို အသိ၊ မိုက်မဲ၊မလိမ္မာသည့်အလျောက် သတ်မိမှားခဲ့ပါပြီဟု သူ့အပြစ်ကို ၀န်ခံလျက် ရှိခိုးဦးချ ပြန်သွားပါသည်။

သုတ္တန်ကြားနာရကျိုး

"ရဟန်းတို့ အဇာတသတ်မင်းသည် ပါပမိတ္တ (မိတ်ဆွေယုတ်) နှင့် မပေါင်းမိဘဲ ခမည်းတော်ကို အကယ်၍ မသတ်ခဲ့ဘူးဆိုလျှင် ဤသုတ္တန်အဆုံး၌ သောတာပန် ဖြစ်မည်။ အဇာတသတ်မင်းသည် သောတာပန် ဖြစ်နိုင်သော ပါရမီ ကုသိုလ်ထူးကြီး ရှိခဲ့သော်လည်း သူကိုယ်တိုင် ထိုကုသိုလ်ကို ဖျက်ဆီး တူးဖြိုပစ်ခဲ့၏။ သို့သော် အချည်းအနှီးတော့မဖြစ် ဓမ္မသြဇာပြည့်ဝသော ဤသာမညဖလသုတ္တန်ကို နာယူလိုက်ရသဖြင့် အဇာတသတ်မင်းသည် အိပ်ပျော်သည့်အပြင် အ၀ီစိငရဲကျမည့် ဘေးမှလည်း လွတ်မည်။ လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းခံရပြီး ထိုငရဲမှလွတ်ပြီးသော် ၀ိဇိတာဝီအမည်ဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်မည်။ ရတနာသုံးပါးကို ကြည်ညိုသော ပုထုဇဉ်ပုဂ္ဂိုလ်တို့တွင် အဇာတသတ်မင်းထက် သာလွန်သူ မရှိနိုင်"ဟူ၍ အဇာတသတ်မင်း ရအပ်သော ကောင်းကျိုးများကို မိန့်ကြားတော်မူပါသည်။

စက်မပျက်ကြပါစေနဲ့

အရှင်ဒေ၀ဒတ်သည် သူ၏လုပ်ရပ်များကို လူအများသိပြီး ရာဇဂြိုဟ်မှ ထွက်ခွာခဲ့ရ၏။ ဘုရားရှင်ထံ တောင်းပန်ဖို့အသွား ဇေတ၀န် ကျောင်းတော်အနီး၌ သွေးအန်၊ မြေမျိုပြီး အ၀ီစိငရဲသို့ ကျရောက်သွားတော့၏။"ဘုရား ရှင်က"ရဟန်းတို့ အသီး သီးခြင်းသည် ငှက်ပျောပင်၊ ၀ါးပင်တို့ကို သန္ဓေသားသည် အဿထိုရ်မြင်းမကို သေဖို့ရာသာ ဖြစ်သကဲ့သို့ အလိုကြီးခြင်း လောဘရမ္မက်သည်လည်း လူသားတို့ကို သေဖို့သာဖြစ်၏"အလိုရမ္မက်နောက်သို့ မလိုက်ပါကြရန် သံဃာတော်များကို ဆုံးမတော်မူပါသည်။ အဇာတသတ်သည် ရှေးကပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှုရှိခဲ့၍ မင်းမျိုးမင်းနွယ်၌ ဖြစ်ရ၏။ မိတ်ဆွေယုတ်နှင့် ပေါင်းသင်းဆက်ဆံမိခြင်းကြောင့် မိမိကိုယ်ကို ကောင်းမှု၌ ထားခြင်း (အတ္တသမ္မာပဏိဓိစက်) ပျက်ခဲ့ရရှာ၏။ ထို့ကြောင့် အပါယ်မှ ကင်းဝေးပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သော သောတာပန်ဖြစ်ခွင့် လက်လွှတ်ဆုံးရှုံးရတော့၏။ အဇာတသတ်မင်းကဲ့သို့ မိမိတို့ကိုယ်ကိုယ် ကောင်းသောအမှု၌ ထားနိုင်ခြင်း အတ္တသမ္မာပဏိဓိစက် မပျက်အောင် ထိန်းသိမ်းစောင့် ရှောက်နိုင်ကြပါစေဟု တိုက်တွန်း အသိပေးလိုက်ရပါသည်။

မဲဇလီဖူး ဆေးဖက်ဝင်အောင်သုပ်နည်း

Posted by drmyochit Saturday, November 16, 2013, under | No comments


''လပြည့်ည မှာ သုပ်စား တဲ့ မဲဇလီ ဖူးသုပ် က ဆေးဖက် ဝင် တယ်။ ကျေးလက် တော ရွာတွေ မှာ နေတဲ့ သူတွေ ဆိုရင် လပြည့်နေ့ လရောင် ကျထား တဲ့ မဲဇလီဖူး တွေကို ခူးသင့် ပါတယ်။ လရောင် ထိထား တဲ့ မဲဇလီတွေ ကဆေး ပေါင်းခ ပြီး ဆေးစွမ်း ထက်ပါ တယ်။ မြို့မှာ နေတဲ့ သူတွေ ဆို ရင်တော့ လပြည့်ည မတိုင်မီ ခူးထား တဲ့ မဲ ဇလီဖူးတွေ ကို လပြည့်ည နက္ခတ် စုံချိန်ကျ မှာ ရေနွေး ဖျော ပြီး သုပ် စား သင့် ပါတယ်။ နက္ခတ် စုံချိန် နှစ်ချိန် ရှိပါတယ်။ လပြည့်နေ့ ည ၉ နာရီ ၁၆ မိနစ်နဲ့ လပြည့် နေ့ သန်းခေါင် ယံ အချိန်မှာ မဲဇလီ ဖူးသုပ် ကို သုံးဆောင် သင့် ပါတယ်'' ဟု ယင်း က ဆိုသည်။ ဆေးပေါင်း ခချိန်တွင် မဲ ဇလီဖူး သုပ်စားခြင်း ဖြင့် အသက် ရှည်ပြီး အနာ ရောဂါ ကင်းမဲ့စေ နိုင်ကြောင်း၊ မဲဇလီရွက် သည် နတ်ပြည် တွင် နတ်သက် ရှည်ရန် စားလေ့ ရှိသည့် မဉ္ဇူသက နတ် ပန်း နှင့်ဆင် တူသော ကြောင့် မဲဇလီ ရွက်များ ကို စားသုံး ခြင်းဖြင့် အ သက် ရှည်၊ အနာကင်း နိုင်ကြောင်း ရှေးသူ ဟောင်း တို့မှ အကြံပြု ခဲ့သ ဖြင့် ယင်း ဓလေ့မှာ ယနေ့ တိုင် ထွန်းကား နေဆဲ ဖြစ်ကြောင်း သိ ရသည်။

Aung Zaw Oo အေးမြသာစည်ရွာ

ပြန်ပေးတရားခံသုံးဦးအား ဆုငွေထုတ်

Posted by drmyochit Saturday, November 16, 2013, under | No comments


ရန်ကုန်- တွံတေးမြို့နယ်အတွင်း ဇနီးမောင်နှံနှစ်ဦးအား အက်ရှင်ဇာတ်ကားဆန်ဆန် ပြန်ပေးဆွဲမှုကျူးလွန်ခဲ့သည့် တရားခံများ လွတ်မြောက်နေသောကြောင့် ၎င်းတို့အား သတင်းပေးနိုင်သူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ထိုက်တန်စွာ ဆုချီးမြှင့်သွားမည်ဟု ကြေညာသည်။
်ပြန်ပေးသမားသုံးဦးကို ပြစ်မှုကျူးလွန်ချိန်မှ ၁၀ရက်ကြာသည်အထိဖမ်းမမိသေးသောကြောင့် ၎င်းတို့၏ဓာတ်ပုံများကိုလည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြကာ သတင်းပေးနိုင်သူအား ထိုက်တန်စွာဆုချီးမြှင့်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ပြန်ပေးသမားတွေကို ဆုတော်ငွေထုတ်ထားတာ တိုင်းရဲတပ်ဖွဲ့က ကိုင်တွယ်လိုက်တာပဲ။ ကျွန်တော်တို့ကလည်း အမြန်ဖမ်းမိဖို့ ပိုက်စိပ်တိုက်ရှာနေတယ်။ အခုအချိန်အထိ မမိသေးဘူး။ ဖြစ်ဖြစ်ချင်း သူတို့နဲ့ဆုံတော့လည်း ညအချိန်မှောင်ကြီးထဲမှာဆိုတော့ သူတို့တွေကို မမှတ်မိလိုက်ဘူး။ အဓိကတရားခံက ကထီးဆိုတဲ့သူပဲ။ သူ့ဓာတ်ပုံရအောင် မနည်းကြိုးစားလိုက်ရတယ်။ သူတို့ ဘာကြောင့်ပြန်ပေးဆွဲတယ်ဆိုတာ သုံးယောက်တည်းက တစ်ယောက်လောက်မိရင်ပေါ်ပြီ။ အခုအထိတော့ တစ်ယောက်မှဖမ်းမမိသေးဘူး”ဟု တွံတေးမြို့မရဲစခန်းမှ ဒုရဲမှူးသန်းတင့်ကပြောသည်။

အမှုဖြစ်ပွားပုံမှာ နိုဝင်ဘာ ၆ ရက် မွန်းတည့်ချိန်တွင် ဦးကျော်မင်းဦးနှင့် ဇနီးဒေါ်မိုးမိုးအေးတို့၏ ဇနီးမောင်နှံနှစ်ဦး တွံတေးမြို့နယ်၊ ဘုရားကြီးရွာမှ ဒလမြို့သို့ ဆိုင်ကယ်ဖြင့်သွားနေစဉ် လမ်း၌ အမျိုးသားသုံးဦးက ကားပေါ်တင်ကာ ပြန်ပေးဆွဲသွားသည်။

ထို့နောက် ငွေကျပ်သိန်း ၂၀၀၀ ဖြင့် လာရွေးရန် ညီမဖြစ်သူ မမိုးမိုးအောင်ကို အကြောင်းကြားသဖြင့် အရေးယူထားသည့် အမှုဖြစ်သည်။ ယင်းအမှုတွင် အဓိကတရားခံသည် ပြစ်ဒဏ် (၆၄)နှစ်ကျခံနေရာမှ ထွက်ပြေးနေသည့်အသက် (၄၁)နှစ်အရွယ် အင်းစိန်မြို့နယ်၌ ကျော်ဝင်းစိန်(ခ)ကျင်စိမ်းဖြစ်သည်။

ကျန်တစ်ဦးမှာ ၎င်းနှင့်အတူနေထိုင်သော ပြစ်ဒဏ်(၁၇) နှစ်ကျခံနေရာမှ ထွက်ပြေးနေသည့် ၃၃ နှစ်အရွယ် စိုးမင်းဦး(ခ)သံပါးစပ် ဖြစ်သည်။ ကျန်တရားခံမှာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သော ကထီး(ခ)သူရဇော်ဦး ဖြစ်သည်။

သတင်းပေးပို့ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များမှာ ၀၁-၂၃၀၇၄၇(ကွပ်ကဲမှုခန်းမ)၊ ၀၉-၅၂၄၀၁၁၂(ရဲမှူး-ဦးစီး)၊ ၀၉-၈၆၀၂၃၆၃(ရဲမှူး-မှုခင်း)၊ ၀၉-၈၆၀၂၃၆၄(အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး)၊ ၀၉-၈၆၀၂၃၆၇ (အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊ ၀၉-၈၆၀၂၃၆၉ (တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊ ၀၉-၈၆၀၂၃၈၆(မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး) တို့ဖြစ်သည်။ တရားခံများရှိနိုင်သည့် နေရာအား တိကျသေချာစွာ သတင်းပေးနိုင်ပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထိုက်တန်စွာ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Journal

စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ

Posted by drmyochit Saturday, November 16, 2013, under | No comments


အမေရိကန်နိုင်ငံမှာပါ။ Chris Zane လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ မိဘ ၂ ပါးက စက်ဘီး ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်တာပါ။ 

နောက်တော့ စက်ဘီးဆိုင်က အရောင်းမထွက်ပဲ ပိတ်ခါနီးအချိန် အသက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ Chris Zane က ဆက်ဖွင့်ရန် တောင်းဆိုပါတယ်။ အဘိုးဖြစ်သူထံက အမေရိကန်ဒေါ်လာ ၂၃၀၀၀ ကိုအတိုးနဲ့ ချေးငှားခဲ့ပြီး စက်ဘီးဆိုင်လေးကို ပြန်ဖွင့် ပါတယ်။ စက်ဘီးပဲ ရောင်းတာ မဟုတ်တော့ ပါဘူး။ စက်ဘီး လေထိုး၊ ကျွတ်ဖာတာကစလို့ သူကိုယ်တိုင် လုပ်ကိုင်ပါ တယ်။ မနက်ပိုင်း ကျောင်းသွားချိန် အမေ့ကို ဆိုင်စောင့်ခိုင်းပြီး ညနေမှာ ဆိုင်ကို သူတာဝန်ယူပါတယ်။ 

ယနေ့ Chris Zone ရဲ့  အသက်က ၄၆ နှစ်ရှိသွားပါပြီ။ သူ့ရဲ့ နှစ်စဉ်ဝင်ငွေ ကလည်း အမေရိကန်ဒေါ်လာ ၂၁ သန်းအထိ မြင့်တက် သွားပါတယ်။ သူ အသက်ငယ်စဉ် စတင်လုပ်ကိုင်တုန်းက စက်ဘီး သိပ်အများကြီး မတင်ရောင်းနိုင်ခဲ့ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် သူ့လုပ်ငန်းငယ်လေးကို တိုးချဲ့ လာတာ အမေရိကန်က စက်ဘီး ကုမ္မဏီတို့ အားထားရတဲ့ အရောင်းဆိုင် တစ်ခု ဖြစ်လာပါတယ်။ ယနေ့မှာ Chris Zone ဟာ သန်းကြွယ် သူဌေးဖြစ်ပြီး အများလေးစားခံရတဲ့ Entrepreneur တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: inc
အောင်ခမ်း

ဝဘ်ဆိုဒ် တစ်ခုကြောင့် သန်းကြွယ် သူဌေး ဖြစ်သွားသူ ၂ ဦး

Posted by drmyochit Saturday, November 16, 2013, under | No comments


အမေရိကန်ပြည်ထောင်စု Minnesota က Brooklyn Park မြို့ ငယ်လေး မှာ နေထိုင်ပါတယ်။ အမေရိကန်မှာက ပြည်နယ် တစ်ခုနဲ့ တစ်ခု ဆီဈေးက မတူပါဘူး။ အနည်းဆုံး 2 Cent, 3 Cent ကတော့ ၁၀ ဒေါ်လာနီးပါး အထိ ဈေးနှုန်းကွားခြားတဲ့အထိ ဖြစ်ပါတယ်။ ဒီတော့ အမေရိကန်မှာ ရှိတဲ့ ကားဒရိုင်ဘာတွေက ဆီဈေးနှုန်းသက်သာတဲ့ ဆိုင်တွေဆီ ရွေးပြီး သွားဝယ်တတ်ကြပါတယ်။ 

အဲ့လိုရွေးဝယ်ဖို့ဆိုတာ ဆီဈေး သတင်းတွေ ပုံမှန်တက်နေဖို့လိုတာလေ။ ဒီတော့ ဆီဆိုင်တွေ တစ်ခုချင်းဆီက ဈေးတွေကို တစ်နေရာတည်းမှာ စုပြီးဖော်ပြမယ့် ဝဘ်ဆိုဒ်လေးလို့ဖို့ သူငယ်ချင်း ၂ ဦး စိတ်ကူးရကြပါတယ်။ လိုအပ်တဲ့ အချက်အလက်ကိုလည်း အမေရိကန် တစ်တိုင်းပြည်လုံးသွားပြီး လိုက်မကောက်နိုင်တော့ စိတ်ညစ်ရပါ လေရော။ ဒါနဲ့ သတင်းအချက် အလက်လာကြည့်သူတွေပဲ ကိုယ်တိုင် တင်တဲ့ စနစ်တစ်ခုကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ GasBuddy.com လို့အမည်ရတဲ့ ဝဘ်ဆိုဒ်ကို တည်ထောင်ပြီး လာရောက်ကြည့်ရှုသူက User Account ဖွင့်ရပါ မယ်။ ပြီးတော့ သူသိတဲ့ အနီးအနားဆိုင်က ဆီဈေးကို တင်လိုက်ပါမယ်။ ဒါကတော့ လွယ်လွယ်လေးပါ။ Map option ပေးထားပြီးသားမို့ ဂဏန်းလေး ထည့်ပေးရုံမို့ ကားသမားတွေလည်း ထည့်ကြပါတယ်။ 

ဒီလိုနဲ့ ဟိုလူထည့်၊ ဒီလူထည့် နဲ့ များလာတာကြောင့် ဆီဈေး သက်သာမယ့် ဆိုင်တွေကို တွေ့ရှိကြပြီး အချင်းအချင်း အွန်လိုင်းမှာ ပြန် Posting လုပ်ကြပါတယ်။ ဒါနဲ့ တွေ့ကြပြန်ပြီး ဆိုင်တွေကို စိတ်ကြိုက်ရွေးသွား ပါတော့တယ်။ ဒီတော့ ဆီဆိုင်တွေရဲ့  ကြော်ငြာ စရာ နေရာတစ်ခု လည်း ဖြစ်လာသလို၊ အမေရိကန်ပြည်ထောင်စုက ကားသမားများ လက်စွဲ အသုံးပြုတဲ့ ဝဘ်ဆိုဒ် ဖြစ်လာပါတယ်။ သက္ကရာဇ် ၂၀၀၉ ခုနှစ်မှာ ဒါကို အကွက်ကြိုမြင်တဲ့ Jason Toews နဲ့ Dustin Coupal က မိုဘိုင်း Application ကို ဖန်တီးပြီး ဖြန်ချိတော့လည်း အောင်မြင်ပြန်ပါတယ်။ အမေရိကန်မှာတင် မဟုတ်တော့ပဲ လုပ်ငန်းက ကနေဒါ အတွက်ပါ ဝန်ဆောင်မှု ပေးတဲ့အထိ ပိုမိုတိုးတက်လာပါတယ်။ 

နောက်တော့ အမေရိကန်က အကြီးမားဆုံး စီးပွားရေး လုပ်ငန်းစုများထဲမှ တစ်ခုရဲ့  ကမ်းလှမ်းဝယ်ယူမှုကို လက်ခံ ရရှိခဲ့ပြီး Founder ၂ ဦးကပဲ ဆက်လက် လုပ်ကိုင်ပေးနေ ပါတယ်။ သွားဆရာဝန်က ကွန်ပြူတာနဲ့ ပက်သက်လို့ ဘာမှ သိပ်မသိပေမယ့် ပရိုဂမ်မာ သူငယ်ချင်း လိုအပ်တဲ့ အချက်အလက်တွေကို စုစည်းပေးခြင်း၊ တင်ပေးခြင်း၊ သူလိုချင်တဲ့ အိုင်ဒီယာကို ထုတ်ပေးခဲ့ပါတယ်။ ပရိုဂမ်မာကလည်း သူ့အိုင်ဒီယာနဲ့အတူ၊ သူငယ်ချင်း သွားစရာဝန်ရဲ့  အကြံအဥာဏ်များနဲ့ User Friendly ဖြစ်တဲ့ ဆိုဒ်တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။ 

Team work အားကောင်းမှုကြောင့်လည်း အောင်မြင်သွားပါတယ်။ ယခု သူတို့ ၂ ဦးစလုံးဟာ အမေရိကန်မှာ လူအလေးစားခံရတဲ့ Entrepreneur များစာရင်းထဲမှာ ထိပ်တန်း ပါဝင်ကြောင်း သိရ ပါတယ်။

Ref: inc
အောင်ခမ်း ( smart.com.mm )

မြန်မာ ယူ ၂၃ တိုက်ပွဲဝင်ရမည့် ရွှေရောင် ပန်းတိုင်တစ်ခု

Posted by drmyochit Saturday, November 16, 2013, under | No comments


၂၇ ကြိမ်မြောက် ဆီးဂိမ်းပွဲကြီး စတင်ဖို့ရန် ရက်ပိုင်းမျှသာ လိုတော့သည်၊ ယခု ဆီးဂိမ်းပွဲကိုတော့ ခါတိုင်းနှစ်တွေနဲ့မတူ ပြည်တွင်း နှင့် ပြည်ပမှ မြန်မာပရိတ်သတ်များ အထူး စိတ်ဝင်တစားရှိကြပါတယ်။ နှစ်တော်တော်ကြာမှ တဖန် အိမ်ရှင်အဖြစ် ပြုလုပ်ကျင်းပနိုင်ခဲ့သည့် ယခုအားကစားပွဲတော်ကြီးတွင် မြန်မာအားကစားအဖွဲ့၏ အောင်မြင်မှုများကိုလည်း ပရိတ်သတ်များ မျှော်လင့်တောင့်တလျှက်ရှိကြပါတယ်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ယခုနှစ်ဆီးဂိမ်းပွဲတွင် အားကစားနည်း (၃၃) မျိုးထည့်သွင်းကျင်းပမည်ဟုလည်း သိရပါသည်။ ထိုအားကစားနည်းတွေထဲကမှ ရွှေနဲ့ဝေးကွာနေရသည့် အားကစားနည်းများကို ပိုမိုရစေချင်မိကြမှာတော့ မိမိဆန္ဒနှင့် ထပ်တူကျမည်ဟု ယူဆမိပါတယ်။ ထိုအထဲတွင် ကဖေးပရိတ်သတ်တစ်ဦးမှ မေးလာသည့် မေးခွန်းတစ်ခုကို သွားမြင်မိ၏်။ မြန်မာ ယူ ၂၃ အကြောင်းသုံးသပ်ချက်လေးနဲ့ ရွှေရနိုင်ချေရှိမရှိ ခန့်မှန်းပေးပါရန်ဆိုပြီး တောင်းဆိုတဲ့ message လေးတစ်ခုကိုတွေ့ခဲ့ရမိပါတယ်။ ထို့အတွက်ကြောင့် ယခုလို ခန့်မှန်းချက်လေးရေးဖို့ ဖြစ်တည်ခဲ့ရခြင်းဖြစ်ပါတယ်။

ဆီးဂိမ်း၏ အုပ်စုခွဲဝေမှု အခြအနေအရ သုံးသပ်ရရင် ဖီလစ်ပိုင်အသင်းမပါတော့တဲ့ အသစ်ပြန်လည်ရေးဆွဲထားသော ပွဲစဉ်အနေအထားအရ မြန်မာ ယူ ၂၃ အသင်းသည် အုပ်စု (ခ) မှာ ကမ္ဘောဒီးယား၊ ထိုင်း၊ တီမော၊ အင်ဒိုနီးရှား စတဲ့အသင်းများဖြင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး၊ ဒီဇင်ဘာ (၇) တွင် ပွဲဦးထွက်အဖြစ် ကမ္ဘောဒီးယားအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။ ထို့နောက်မှာတော့ ဒီဇင်ဘာ (၉) တွင် မြန်မာ နှင့် တီမောတို့နှင့် ကန်ရမှာပါ။ အုပ်စု (က) ပွဲစဉ်တွေကိုတော့ နေပြည်တော် ဇေယျာသီရိကွင်းမှာ ယှဉ်ပြိုင်ကစားစေမှာဖြစ်ပြီး၊ မြန်မာ ယူ၂၃၏အုပ်စု (ခ)ကိုတော့ မြန်မာတို့၏အောင်မြေလို့ပြောလို့ရတဲ့ ရန်ကုန် သုဝဏကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဘဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအသင်းအနေနဲ့ အုပ်စုပွဲစဉ်အစတွေမှာ အသင်းငယ်တွေနဲ့ စတင်ကစားမှာ ဖြစ်ပြီး၊ အနိုင်သေချာသလောက် အနေအထားရှိပေမဲ့လည်း ဂိုးပြတ်နိုင်ထားပါမှ နောက်တစ်ဆင့် အာမခံချက်အတွက် ပိုသေချာစေမည်ဟု ထင်မိပါတယ်။ ထို့နောက်မှာတော့ အသင်းကြီးဖြစ်တဲ့ အင်ဒိုနီးရှား နဲ့ ထိုင်းတို့က ဒီဇင်ဘာ (၁၂) ရက်နေ့ မှာ ထိပ်တိုက်တွေ့ဆုံကန်မှာဖြစ်ပြီး၊ မြန်မာအသင်းကတော့ (၄) ရက်အနားရနေမှာဖြစ်ပါတယ်။ ပြီးမှ အင်ဒိုနီးရှားနဲ့ ဒီဇင်ဘာ (၁၄) မှာတပွဲ နှင့် ထိုင်းနဲ့ ဒီဇင်ဘာ (၁၆) ရက်မှာစသဖြင့် အသီးသီးပွဲစဉ်ဇယားဆွဲထားကိုတွေ့ရပါတယ်။ လက်ရှိ ပွဲစဉ်ဇယား အခြေအနေအရ မြန်မာအသင်း အုပ်စုဗိုလ်ဖြစ်ရေး အခြေအနေကောင်းတခုလို့ ယူဆနိုင်ပါတယ်။ နောက်ဆုံး နှစ်ပွဲကို အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပြီး၊ အနာတရ ကင်းကင်းနဲ့ အုပ်စု ပထမနေရာကနေ တက်လာနိုင်ရင် ဆီမီးအဆင့်မှာ အနည်းငယ်သက်သာတဲ့ ပြိုင်ဘက်မျိုးနဲ့ တွေ့နိုင်မှာပါ။ တစ်ဖက်အုပ်စုကတော့ ခန့်မှန်းအနေနဲ့ မလေးရှား နဲ့ ဗီယက်နမ်အသင်းတို့ အုပ်စု ပထမ နဲ့ ဒုတိယနေရာကို လုရနိုင်တယ်လို့ ထင်မြင်ယူဆမိပါတယ်။
ပြိုင်ဘက်အသင်းများ၏ ပြင်ဆင်မှုအနေအထားကတော့ အသင်းကြီးတိုင်းအားလုံးက ဒီပွဲအတွက် ရည်မှန်းချက်ထားပြီး ကြိုတင် ပြင်ဆင်နေကြတာကိုတွေ့ကြရမိမှာပါ။ လက်ရှိချန်ပီယံ မလေးဆိုရင်လည်း မာဒေးကား နှင့် BIDC ဖလားပွဲတွေမှာစေလွတ်ယှဉ်ပြိုင်ခဲ့သလို၊ ဗီယက်နမ်ကလည်း သူ့လေ့ကျင့်မှုနဲ့သူ နဲ့ ကြိုးစားလေ့ကျင့်နေကြတဲ့သူတွေပါ။ ပြီးခဲ့တဲ့ BIDC မှာ ချန်ပီယံဖြစ်ခဲ့တဲ့ ထိုင်းအသင်းကိုလည်း လျော့တွက်လို့ မရပါဘူး ရွှေနဲ့ဝေးကွာနေတဲ့ ထိုင်းကလည်း ဒီနှစ်အတွက် ကြိုပြင်လာပုံရပါတယ်။ ဒီ့နောက်မှာမှ စင်ကာပူ နဲ့ အင်ဒိုနီရှားကလည်း ပေါ့ဆ ကစားလို့မရတဲ့အထဲမှာပါပါတယ်။ အရင် မြန်မာ ယူ ၂၃ တတိယရခဲ့စဉ်က ခြေစွမ်းမျိုးအတိုင်း ရနေခဲ့မယ်ဆိုရင် ရွှေအတွက် အဓိကပြိုင်ဘက်က လက်ရှိချန်ပီယံ မလေး နဲ့ ဗီယက်နမ် ဘဲဖြစ်မှာပါ။

ြ်မန်မာအသင်း၏ ခြေစမ်းပွဲ နှင့် ပြိုင်ပွဲရလဒ်များကို ကြည့်မယ်ဆိုရင် တလောက မာဒေးကားပြိုင်ပွဲမှာ အိမ်ရှင်မလေးကို အုပ်စု နဲ့ ဖိုင်နယ်မှာ (၂) ပွဲလုံးရှုံးနိမ့်ထားသလို၊ ဗီယက်နမ်အသင်းကိုလည်း အိမ်ကွင်း ခြေစမ်းပွဲမှာ (၃) ဂိုး (၁) ဂိုးနဲ့ ရှုံးနိမ့်ထားသည်ကိုတွေ့ရပါတယ်။ ဒါပေမဲ့လည်း ပတ်ဆောင်ဟွာက လက်ရှိရလဒ်များကို ထည့်သွင်းမစဉ်းစားဘဲ လိုအပ်ချက်များကို အချိန်မှီပြုပြင်ပြီး အကောင်းဆုံးလုပ်ဆောင်သွားမည်ဟု သူက ဂျပန် နှင့်ကိုရီးယားနိုင်ငံသို့ လေ့ကျင့်ရေးခရီးစဉ်မသွားခင် ပြောခဲ့ပါတယ်။ နိုဝင်ဘာလ (၁၀) ရက်နေ့မှာတော့ မြန်မာ ယူ ၂၃ အသင်း တောင်ကိုရီးယား နှင့် ဂျပန်ခရီးစဉ်တို့မှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ တောင်ကိုရီးယားခရီးစဉ်အတွင်း ကိုရီးယားကလပ် နှင့် တက္ကသိုလ်ကလပ်အသင်းများနှင့် (၅) ပွဲခြေစမ်းကစားခဲ့ရာတွင် ဟိုနန်တက္ကသိုလ်ကို တပွဲနိုင်ခဲ့ပြီး ကျန်ပွဲများတွင် ဂွမ်ဂျူး FC နှင့် ချိုဟမ်တက္ကသိုလ် ကို ၁ ဂိုးစီသရေနဲ့ ကျန်ပွဲများတွင် ရှုံးခဲ့ပါတယ်။ ဂျပန်ခရီးစဉ်ကိုလည်း ယခုလအတွင်းမှာ သွားရောက်လေ့ကျင့်ခြေစမ်းခဲ့ပြီ အိုဆာကာယူ တသင်းကိုဘဲ ဂိုးပြတ်နိုင်ပြီး ကျန်တဲ့ ဂျပန်ကလပ်အသင်းများကိုတော့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမဲ့ အရင်နှစ်တွေတုန်းက တောင်ကိုရီးယား နှင့် ဂျပန်မှာ လေ့ကျင့်ပြီး ပြန်လာတိုင်း ကောင်းမွန်တဲ့အနေအထားမျိုးကိုတွေ့ရတာကြောင့် ယခုလည်း မြန်မာလူငယ်အသင်း ခြေစွမ်းကောင်း နှင့် နည်းပြ၏ ကစားကွက်ထဲမှာ အံဝင်ခွင်ကျနဲ့ ရွှေတံဆိပ်အတွက် လေ့ကျင့်သားပြည့်ဝနေပြီဟုတော့ ထင်မြင်မိပါတယ်။

တောင်ကိုရီးယားနှင့် ဂျပန် နိုင်ငံများသို့ Joint Training သွားရောက် ခဲ့ပြီးသော မြန်မာ ယူ-၂၃ အသင်းကို (၃) ရက်အနားပေးပြီး နိုဝင်ဘာ ၁၄ရက်နေ့ ညနေပိုင်းမှ စတင်ကာ လေ့ကျင့်ရေးများ ပြန်လည် ပြုလုပ်နေပြီ ဖြစ်ကြောင်းကိုလည်း သိရပါတယ်။ ဆီးဂိမ်းပွဲမတိုင်မှီ ခြေစမ်းပွဲ (၄) ပွဲကစားအုံးမည်ဟုလည်း သိရပါတယ်။ နိုဝင်ဘာလ (၂၀) ရက်တွင် ပြိုင်ဘက်ကောင်းဟု သက်မှတ်ရမည့် ဂျပန် ယူ -၂၀ အသင်းနဲ့ သုဝဏကွင်းတွင် ခြေစမ်းဖို့ရှိကြောင်းလည်း သိရပါတယ်။ ထို့နောက်မှာတော့ နိုဝင်ဘာလ ၂၃၊ ၂၇၊ ၃၀ ရက်များမှာ ပြည်တွင်းကလပ်များဖြင့် ခြေစမ်းကစားမည်ဖြစ်ကြောင်းကိုလည်း သိရပါတယ်။ ရွှေတံဆိပ် ရယူနိုင်ရေး စောင့်ကြည့်ပွဲအဖြစ် ဂျပန်နဲ့ ပွဲစဉ်ကို ပရိတ်သတ်များ အကဲခတ်စောင့်ကြည့်ရတော့မှာပါ။

ဒဏ်ရာအနာတရ အနေဖြင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဂျပန်ကလပ်နဲ့ ခြေစမ်းပွဲစဉ်မှာ ကြည်လင်း ခြေချင်းဝတ်ဒဏ်ရာကြောင့် တစ်ပတ်ကျော်ခန့် အနားရဖွယ်ရှိသည်ဟုသိရပြီး၊ အဓိက ကစားသမား တစ်ဦးဖြစ်သူ ကျော်ကိုကိုကတော့ ဒဏ်ရာရထားသည့်အခြေအနေမှ ကောင်းမွန်နေပြီဟု သိရပါတယ်။ ကျန်တဲ့ကစားသမားများကတော့ ကြံ့ခိုင်မှု ပြည့်ဝလျှက်ရှိကြောင်းကို ကြားသိရပါတယ်။ မြန်မာအသင်း တိုက်စစ်၏ သွေးကြောဖြစ်တဲ့ ကြည်လင်း နှင့် ကျော်ကိုကိုတို့ အကောင်းဆုံးအနေအထားဖြင့် ကစားနိုင်မှု ရှိမရှိကလည်း ရွှေရောင်မျှော်လင့်ချက်အတွက် အရေးပါလှတဲ့ အကြောင်းအရာတစ်ခုလို့ ထင်မြင်သုံးသပ်မိပါတယ်။

အဆုံးသတ် အနေဖြင့် လက်ရှိ မြန်မာ ယူ ၂၃ အသင်းသည် အုပ်စုခွဲဝေမှု အခြေအနေကောင်းကို ပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ပြီး၊ ဒဏ်ရာရ ကစားသမားများနည်းပါးလျှက်၊ အမိအိမ်ကွင်း ပရိတ်သတ်၏ အားပေးသံတွေနဲ့အတူ နောက်ဆုံး ဗိုလ်လုပွဲကျင်းပမည်ဟု သိရတဲ့ နေပြည်တော် ဇေယျာသီရိကွင်းမှာ ပြည်သူ ပြည်သားတို့၏ ရွှေမျှော်လင့်ချက်ကို ဖြည့်စွမ်းပေးနိုင်မည်ဟုယူဆမိကြောင်း နှင့် ဖြည့်စွမ်းပေးနိုင်ပါစေကြောင်း လည်း မိမိအနေဖြင့်ဆုတောင်းရင်း သုံးသပ်ရေးသားမိပါ၏။

Football Café

လက်တစ်ကမ်းမှ အဆိပ်သင့်အစိမ်းရောင်ကမ္ဘာ

Posted by drmyochit Saturday, November 16, 2013, under | No comments


သင်ဟာ ဟင်းသီးဟင်းရွက်ကို ခုံမင်စွာ စားသုံးသူတစ်ဦး ဖြစ်နေပါသလား။ ယုတ်စွအဆုံး ထမင်းစားစဉ် ဟင်းသီးဟင်းရွက်တို့ကို အတို့အမြှုပ်အဖြစ်ထည့်သွင်း စားသုံးသူ တစ်ဦး ဟုတ်နေပါသလား။ ဟုတ်မှန်တယ်ဆိုရင် သင်ဟာ ဟင်းသီးဟင်းရွက်ကိုသန့်စင်စွာ စိတ်ချလက် ချဆေးကြောကာ စားသုံးရပါမည်။ ထိုသို့ မဟုတ်ပါက ကင် ဆာရောဂါအပါအဝင် လတ်တလော ဘေးဒုက္ခဖြင့် ရင်ဆိုင်ကြုံ တွေ့ရနိုင်သည်ဟု ဇီဝနည်းပညာဘာသာ ရပ်ဖြင့် အီတလီမှ ပါရဂူဘွဲ့ ရရှိထားသော ဒေါက်တာ သန်း သန်းစိန်က သတိပေး စကားပြောကြားထားသည်။

၎င်းက မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမံနှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများ အသင်း၏ အကြံပေးတစ်ဦးဖြစ်သည့်အပြင် မန္တလေး နည်းပညာ တက္ကသိုလ် ဇီဝနည်းပညာဌာန၌ ဧည့်ပါမောက္ခတစ်ဦးအဖြစ် တာ ဝန်ထမ်းဆောင်နေပြီး လက်ရှိမြန်မာတွင် ကြီးမားစွာ ရင်ဆိုင်နေရသော ကင်ဆာ ရောဂါ အပါအဝင် အစာ အဆိပ်သင့်မှု ဖြစ်ရပ်တို့နည်းပါးသွားရန် လမ်းညွှန်လိုက် ခြင်းနည်းလမ်းတစ်ခုသာဖြစ်သည်။ ”အခု တောင်သူတွေလွဲမှားစွာနဲ့ အဆမတန်အသုံး ပြုနေကြတဲ့ ပိုးသတ်ဆေးေ တွရဲ့အန္တရာယ် ခြိမ်းခြောက်မှုက စလာပြီ” ဟု ဒေါက်တာ သန်းသန်းစိန်က ဆိုလိုက်သည်။

ပိုးသတ်ဆေးသုံးစွဲမှု အချိန်အဆ မကျွမ်းကျင်မှု၊ ခူးဆွတ်ချိန်ကာလ စော ခြင်းစသော စိုက်ပျိုးရေးပညာပေး ဗဟုသုတမရှိခြင်းတို့ကြောင့် ဆိုးကျိုးများဖြစ်ကာ ကင်ဆာဖြစ် မှုနှုန်းကို အားပေးနေ သည်ဟု ၎င်းကဆိုသည်။ သူ့သတိပေးမှုကလည်း မှားမည်မ ထင်။ ကမ္ဘာက ယနေ့မြန်မာကို အဆင့် သတ်မှတ်ပေးလာမှုကလည်း ရှိလာနေပြီ။ ဤအရာကား သည်ကမ္ဘာပေါ်တွင် မြန် မာကအဆင့်-၂။ တိုးတက်မှုနှုန်းတော့ မဟုတ် ကင်ဆာဖြစ်မှုနှုန်း။ ဒါက နိုင်ငံတကာ၏ အသိအမှတ်ပြုမှုပင်။ ထိုမျှ မက သေး မြန်မာ ဘက်က ကိန်းဂဏန်းကလည်း ကြောက်ခမန်းလိလိပင် လွန်ခဲ့သည့် ၈နှစ် ကထက် နှစ်ဆများလာကြောင်း ရန်ကုန် ဆေးရုံကြီး၏ ကင်ဆာဌာ နမှတ်တမ်းတွင် မှတ်တမ်းပြု စုထားပြီးဖြစ်သည်ဟုသိရသည်။
ထိုအခြေအနေအတိုင်းဆိုပါက ပြည် သူတို့ သတိထားကြဖို့လိုနေပြီး ကျန်းမာ ရေးအတွက် ဘေးကင်းသော အစားအ သောက်နေ့စဉ်ဖြစ်ဖို့က အရေးကြီးလာပြီ ဟု ဒေါက် တာ သန်းသန်းစိန်ကဆက်ပြောသည်။ ယနေ့ အစားအသောက်တို့က စိတ်မချရ။ ထိုထက်ဆိုးလာသည်က ဟင်းသီးဟင်းရွက်ဘက်ကိုပင် စိတ်မချရမှုက သိသိ သာသာ တိုးလာနေပြီဟု သူကပင် စိုးရိမ်စွာ ပြောလာပြန်သည်။

အစာလည်းအဆိပ် အဆိပ်လည်းအစာ
ကင်ဆာကိုနောက်ထား ယခုလတ်တလော မြင်နေရသော အစာအဆိပ်သင့်မှုကြောင့် လူတို့ဘေးတွေ့လာကြကြောင်း ဒေါက်တာသန်းသန်းစိန်က အထောက်အ ထာြး ဖင့် ပြောလာပြန်သည်။ ၂ဝ၁၃ ခုနှစ် အတွင်း ရန်ကုန်တိုင်းဒေသကြီး ကျောက် တန်းမြို့နယ် သောင်ကြီးကျေးရွာတွင် တရုတ်နိုင်ငံထုတ် အပင်အားတိုးဆေးဖျန်း ထား သည့် ကန်စွန်းရွက်ကို စားသုံးခဲ့သ ဖြင့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ အသက် ခုနစ်နှစ်အရွယ်ကလေးငယ်မှ အသက် ၆ဝ အရွယ် ၁၆ ဦးတို့ မူးဝေ ခြင်း၊ အော့ အန်ခြင်း များ ဖြစ်ပွားခဲ့ဖူးကြ သည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း ယက်ဖကျေးရွာတွင် သစ်ပါး လွှာစက်ရုံမှ ဝန်ထမ်းများ မနက်စာ စား ရင်း ဂေါ်ဖီထုပ်ကြောင့် အစာအဆိပ်သင့် သဖြင့် လူ ၃၂ ဦး (ကျား ၁၇၊ မ ၁၅) ဆေးရုံတင်ရရာ မ နှစ်ဦးသေဆုံး သွား သည်။ ဖြစ်ရပ်နှစ်ခုတွင် သူတို့စားကြသည် က ဂေါ်ဖီထုပ်နှင့် ကန်စွန်းရွက် ကိုသာ။ ရဲက ကျွမ်းကျင်သူတို့နှင့် စစ်ဆေးကာ ဖြစ်ရပ်နှစ်ခုစလုံးကို ပိုးသတ်ဆေးများ အလွန်အကျွံ ပါဝင်နေသောကြောင့် ဖြစ် သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။ အဓိက လက်သည်မှာ ပိုးသတ်ဆေးဓာတ်ကြွင်း ကြောင့် အန္တရာယ်ဖြစ်ပြီး လူအများ စား သုံးမိကာ ကျန်းမာရေးဆိုင်ရာ ထိခိုက် ခြင်းဖြစ်သည်။ 

လူတိုင်းက အသက်ရှည် လိုကြ သည်။ သို့သော် ”အစားမတော် တစ်လုတ်” ဆိုသော စကားက သတိပေး လာနေပြီ။ စားသောက်ရသမျှက ”ဆေး လည်းအစာ အစာ လည်းဆေး” မဖြစ်ဘဲ ”အဆိပ်လည်း အစာ အစာလည်းအဆိပ်” ဟု ပြောင်းလဲရမည့် အခြေအနေ ရောက် သွားနေသည်။ ထိုဖြစ်ရပ်တို့က ပိုးသတ် ဆေးဖျန်းထားပြီး ရက် မစေ့ဘဲ ချက်ချင်း ခူး၊ ချက် ချင်း ဈေး ကွက်ထဲရောက်၊ ယင်း ကိုပင် ရေနှင့်စင်အောင် မဆေးကြသဖြင့် ယခုလို အန္တရာယ်ကြုံရခြင်းဖြစ်သည်ဟု စိုက်ပျိုးရေး ပညာရှင် တို့ က ပြောကြသည်။
ဆေးသုတေသနဦးစီးဌာန၏ ပြောကြား ချက်အရမူ ဆေးဖျန်းပြီး ၇ ရက်ကြာသည် အထိ လူကိုအန္တရာယ်ပေးနိုင်သည့် အာနိ သင်ရှိနေသည်ဟုဆို၏။ ထိုသို့သောအစား အသောက်က အခြေခံလူတန်းစားတို့၏ အများဆုံးစားသော အစားအသောက်များ တွင် ပါဝင်သည်က ပြဿနာပင်။ဒေါက်တာ သန်းသန်းစိန်က ထိုဖြစ်ရပ်က တောင်သူတို့ မသိနားမလည်ရာက တမင်လုပ်သလို ဖြစ်နေကြောင်း သူ့အမြင်ကို ပြောလာသည်။


”ဒါကို ကျွန်မတို့တွေ လိုက်နာဖို့အတွက်ကို ပညာပေးဖို့၊ အသိပေးဖို့ များများလိုလာပါပြီ” ဟု ၎င်းက ပြောသည်။ သူ၏ ပြောပုံအရပညာပေးမှုက ရှိနေသော်လည်း လိုက်နာ မှုက မရှိဆိုသည်ကို ညွှန်း ချင်ပုံရနေသည်။ စုံစမ်းရသလောက် လတ်ဆတ်သောသစ်သီးဝလံများနှင့်ဟင်း သီးဟင်းရွက်များကို ပိုးသတ်ဆေးနှင့် ပတ်သက်၍ စနစ်တ ကျသုံးကြရန် ဟောပြော၊ ဆွေးနွေး၊ ရေးသားမှုများကို ဌာန ဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပိုးသတ်ဆေးရောင်းချသူများ မကြာခဏ လည်းပြု လုပ်ေ နကြကြောင်းကို ကြားသိနေ ရသည်။ ထို့အပြင် ပိုးသတ်ဆေး ပေါ်စ အချိန်ကာလက ဆရာစံထွန်းအောင်က ပိုးသတ်ဆေးမှာ တောမီးနှင့်တူကြောင်း တင်စားထားသော ”ပိုးသတ်ဆေး တောမီး” စာအုပ်ကို စာပေဗိမာန်မှရေးသား ထုတ်ဝေခဲ့ဖူးပါသည်။ သို့သော်လည်း ဘေးဖြစ်မှုက ရပ်မသွားခဲ့။ ထုံးစံအတိုင်းလိုက်နာမှုက အားနည်းနေသည်။

ပိုးသတ်ဆေးသည် ပိုးတို့ကိုသာ သတ်နိုင်သည်မဟုတ်
ပိုးသတ်ဆေးဆိုသည်က စိုက်ပျိုး ရေးလုပ်ငန်းခွင်တွင် အသုံးပြုသောဓာတု ဆေးဝါးဖြစ်သည်။ မိမိစိုက်ပျိုးထားသော သီးနှံတို့ အောင်မြင်စွာ ဖြစ်ထွန်းရန်နှင့် ရှင်သန်ကြီး ထွားရန် ပိုးမကျစေရန် အသုံးပြုသည့် ဆေးဝါးဖြစ်သည်။ စိုက်ပျိုးရေး ပညာရှင်တို့ကမူ ပိုးသတ်ဆေးကို အန္တရာယ် ရှိသော ဓာတုပစ္စည်းဟု ဖွင့်ဆိုကြသည်။ အဘ ယ်ကြောင့်ဆိုသော် ပိုးသတ်ဆေး ဆိုသည်မျိုးက အပင်တို့ကို သတ်သော အကောင်ဗလောင်တို့အား သတ်သော ဆေးဖြစ်သည့်အတွက်ကြောင့် အဆိပ် တွေဟု ဖွင့် ဆိုကြ ခင်း ဖြစ်သည်။ သို့သော် တောင်သူတို့က ယင်းအဆိပ်ကို အဘယ်ကြောင့် သုံးနေကြရပါသနည်းဟု အမေး ရှိလာလျှင် တောင်သူတို့အဆိုက သီးနှံ များ မဖြစ် ထွန်းသည့် အတွက်ကြောင့်နှင့် ပိုတိုးကာ လိုချင်သည့်အတွက်ကြောင့်ဟု အဖြေပေးကြပြောကြသည်။ 

ဥက္ကံမြို့နယ် မှ တောင်သူဦးခင်လှအောင်က ”ကြော် ငြာ အားေ ကာင်းတာရယ်။ အဖြစ် မြန်ချင် တာကြောင့်ပါပဲ” လက်ရှိအခြေအနေကို ရှင်းပြသည်။ လက်ရှိ တောင်သူတို့ အသုံး ပြုနေမှုက နည်းစနစ် မမှန်တာတွေ ရှိနေ ကြောင်း ကိုတော့ သူကမု သားမပါ၊ အမှန် အတိုင်းပြောသည်။
အဓိကကတော့ အချိန်အဆမမှန်ဘဲ တအားသုံးတာဟု ၎င်းကပြောသည်။ ဆိုးကျိုးကဖြင့် ဆေးယဉ်သွားကာ ဆေးမတိုးသည့် ပြဿနာက ကပ်ပါလာသည်ဟု ၎င်း က ပြောသည်။ ဒါက အပင်အန္တရာယ်၊ လူအန္တရာယ်က လည်း နေရာအချို့တွင် ခပ်စိပ်စိပ်ရှိလာ နေသည်။ ပိုးသတ်ဆေးအကြွင်းက ပမာဏနည်းလျှင် ချက်ချင်းသိ သာစွာ အာနိသင်မပြဘဲ စားတာများလာသည်နှင့် အမျှကင်ဆာ စသည့် ကုမရနိုင်သော ရောဂါများဖြစ်တတ်ကြောင်း သိပ္ပံပညာ ရှင်တို့က သတိပေး ထားကြောင်း ဒေါက် တာ သန်းသန်းစိန်ထံမှ သိရသည်။

”စားသုံးသူတွေ ဆိုတာက ဒုတိယ အဆင့်မှပါ၊ ပထမဆုံးအန္တရာယ်များတာက တော့ လယ်သမားကိုယ်တိုင်ပါပဲ” ဟု ၎င်းက လက်ရှိ အခြေအနေ ကို ပြောပြ သည်။ မြန် မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းမှ ပြောကြားချက်အရ ယခုနှစ်တွင် မကွေး၌ ဆေးဖျန်းနေရင်း မိသားစု သုံးဦးစလုံး မူးမေ့လဲကျသွားခဲ့သောဖြစ်စဉ် အပါအဝင်အလားတူ ဖြစ်စဉ်တို့က ရှိနေသည်ဟုသိရကာ စားသုံးသူသာမက သုံးစွဲသူကိုပါ ဘေးသင့် လာနေပြီဖြစ် သည်ဟု သိ ရသည်။စိုက်ပျိုး ရေးဆေး ရောင်းချသူတို့ကမူ မြန်မာတွင် မှတ်ပုံတင်ထားပြီးဖြစ်သော ဆေးကို အညွှန်းအတိုင်း စနစ်တကျသုံးစွဲ ပါက ဘေး မရှိကြောင်း ထောက်ပြကြ သည်။လိုအပ်သည့်အတွက် ထိုဆေးက ရှိနေသည်ဟုပါ ထည့်သွင်းပြောကြသည်။

တရားမဝင်အဆိပ်ကို တရားဝင်သုံးခြင်းသည်လည်းကောင်း
်မြန်မာ့ သြဘာလုပ်ငန်းစုမှ ဦးမြင့်စိုး က ”ကျွန်တော်တို့ တောင်သူတွေက ငွေ မနိုင်လို့ သိပ်မသုံးနိုင်ပါဘူး။ ခုဖြစ်နေ တာတွေက ထိုင်းတို့၊ တရုတ်တို့ကနေ ဝင် လာတဲ့ တ ရား မဝင်တာတွေကြောင့်ပါ” ဟု ပြောသည်။ ယင်းဆေးတို့ အသုံးပြု ပုံကို မြန်မာစာလုံးဖြင့် မရေးထားသည့် အတွက်ကြောင့် အသုံးမပြုတတ်ရာမှတစ် ဆင့်ဖြစ်ကြောင်း ၎င်းက အကြောင်းရင်း ကို ပြောသည်။ သို့သော်ဈေးကွက်တွင် ထိုဆေးတို့ နေရာယူမှုက ကြီးနေပြီဖြစ် သည်။ ယခုနှစ်ပိုင်းက နိုင်ငံအများစုတွင် ပိတ်ပင်ထားသော စိုက် ပျိုးရေးသုံး ပိုး သတ်ဆေးများမှာ မြန်မာနိုင်ငံတွင် ပျံ့နှံ့ နေကြောင်း ဆန်စပါးလုပ်ငန်းအသင်းချုပ် မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်း အောင်က တပ်လှန့် သတိပေးခဲ့ ဖူး သည်။ အထူးသဖြင့် ဧရာဝတီနှင့် ပဲခူးတိုင်းဒေသ ကြီးတို့တွင် ဥရောပ၊ အမေရိကနှင့် တရုတ် နိုင်ငံတို့ကပင် ပိတ်ပင်တားဆီးထားသည့် ပိုး သတ်ဆေး တစ် မျိုး ရောင်း ချနေသည်ကို တွေ့ရှိနေရကြောင်း ၎င်းက ထုတ်ဖော် ပြောခြင်းဖြစ်သည်။ ထိုတရားမဝင် ပိုးသတ်ဆေးများ သည် မူဆယ်၊ မြဝတီနယ်စပ်လမ်းကြောင်း များ မှ ဝင်လာခဲ့ သည်ဟု စစ်ဆေးဖော် ထုတ်ချက်များအရ နောက်ပိုင်းတွင် သိရှိ ခဲ့ရသည်။
ြ်မန်မာက ပိုးသတ်ဆေးဥပဒေကို ၁၉၉ဝ ခုနှစ် မတ်လ ၅ ရက်တွင် ထုတ် ပြန်ခဲ့ပြီး ပိုးသတ်ဆေးဥပဒေပါ စည်း မျဉ်းစည်းကမ်းများနှင့်အညီ ပိုးသတ်ဆေး အုပ်စုခြောက် အုပ်စုကို ခွင့်ပြုထားခဲ့သည်။ 

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ယနေ့ အထိ ပိုးသတ်ဆေး အမျိုးအစားပေါင်း ၁၇၁၆ ခုကို ခွင့်ပြုပေးထားကြောင်းလယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှသိရသည်။ အစိုးရသစ်ကာလ ပြည် နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့အသီး သီးမှ စစ်ဆေးရေးအဖွဲ့တို့ဖြင့် တရားမဝင် ပိုးသတ်ဆေးများ အပေါ် အရေးယူဆောင် ရွက်လျက်ရှိသည်ဟု သြဂုတ် ၂၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ဒုတိယ ဝန်ကြီး က ပြောကြားခဲ့ သော်လည်း လက်တွေ့တွင် ရှိနေသေး ကြောင်း မြန်မာ့သြဘာလုပ်ငန်းစုမှ ဦးမြင့် စိုးက ပြောပြသည်။ ”ဒါတွေကြောင့်ပေါ့ ဗျာ သုံးသူရော စားသူပါ ဒုက္ခေ တွ့နေ တာ ပေါ့” ဟု ၎င်းက ဆက်ပြောသည်။ ဒေါက်တာသန်းသန်းစိန်က ပိုးသတ်ဆေး မှာ ဖျန်းပြီးပါက ချက်ချင်း ဓာတ်ပြယ်မသွားတ တ်ကြောင်း၊ နောက် ဆက်တွဲ အနေ ဖြင့် ဓာတ်ကြွင်းအန္တရာယ်ကပ်ပါလာကြောင်း အဓိကက ဓာတ်ကြွင်းကြောင့် အန္တရာယ်ရှိကြောင်း၊ သို့သော်လည်း သတ်မှတ်ရက် ၁၄ ရက် သို့မဟုတ် ရက် ၂ဝ ကြာ လျှင် ဖြစ်စေ၊ မိုးရွာလျှင်ဖြစ်စေ၊ နေပူလျှင်ဖြစ် စေ ဓာတ်ကြွင်းအာနိသင်ကုန်သွားပါ သည်ဟု ရှင်းပြသည်။

”ဒါတွေနဲ့ မကိုက်ညီဘူးဆိုရင် အန္တ ရာယ်ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ သို့သော်လည်းပဲ မြန်မာနိုင်ငံတစ် နိုင်ငံလုံး၌ ပိုးသတ်ဆေးသုံးစွဲမှုနှုန်းက ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ၁၁၁ဝ၁ ဒသမ ၄၁မက်ထရစ်တန်။ ၂ဝဝ၂-၂ဝဝ၃ ဘဏ္ဍာနှစ်တွင် ၂၈၇၄ ဒသမ ၆ဝ မက် ထရစ်တန်ရှိနေသည်။ ယခင် ဆယ်စုနှစ် နှင့် နှိုင်းယှဉ်ပါက အဆ မတန် မြင့်တက် သွားသည်။ ထိုပမာဏကို ကြည့်လျှင် အစိုးရိမ်ကြီး မဖြစ်လျှင်တောင် သတိထား ဖို့ ကိန်းဂဏန်းကပြနေပြီဖြစ်သည်။ င်္ဗဥ ၏ ထုတ်ပြန်မှု တွင် ဆေး များကြောင့် ဖြစ် သော ရောဂါများကြောင့် ပိုးသတ်ဆေးသုံး စွဲသူများလည်း သေဆုံးကြမှု ပိုများလာ ကြောင်း အသိပေးခဲ့ဖူးသည်။ အစားအ သောက် လမ်းညွှန် ချက်များ တွင် လတ် ဆတ်သော သစ်သီးဝလံများနှင့် ဟင်းသီး ဟင်းရွက်များကို တစ်နေ့လျှင် ၄ ကြိမ်မှ ၁ဝ ကြိမ် အထိ အသက်အရွယ်ကို လိုက် ၍ စားသုံးသင့်သည်ဟု အကြံပြု ထား သည်ကို တွေ့ရသည်။ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို အမယ်စုံအောင် စားသုံးပါက အချို့သော ကင်ဆာရောဂါ များအပါအဝင် နာတာ ရှည်ရော ဂါများ ဖြစ်နိုင်ခြေနည်းပါးသည်ဟုလည်း ပြောဆို ထားကြသည်။ သို့သော် အထူးအကြံပြု ထားသည်က သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များကို ချက်ပြုတ်ပြီး မှသာ စား သုံးသင့်ကြောင်းနှင့် အကယ်၍ သစ်သီးဝလံ များနှင့် ဟင်းသီးဟင်းရွက်များကို မချက် ပြုတ်ဘဲ အစိမ်းစားမည်ဆိုပါက အထက် ပါ ဆေးကြောသန့်စင်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို မလွှဲမရှောင်ဘဲ အတိအကျ လိုက်နာ၍ အထူးအလေးထားဆောင် ရွက်ပါရန် ထည့်သွင်းတိုက်တွန်းထားချက် ပါဝင်နေသည်။ ပါမောက္ခ ဆရာ ဝန်ကြီး များက ကင်ဆာရောဂါဖြစ်ရခြင်းကို အကြောင်းအရင်းများစွာ ရှိသည့်အနက် က အစားအစာများကြောင့် ကင်ဆာ ရောဂါဖြစ်ပွားနှုန်းမှာ ပိုမိုများပြားကြောင်း မှတ် ချက်ပြု ထားခဲ့ပြီး ဖြစ်သည်။

ဖခင်ဖြစ်သူက ဆေးလိပ်နှင့် အရက် မသောက်၊ သက်သတ်လွတ်သာစားသော် လည်း လည်ချောင်းကင်ဆာဖြင့် သေဆုံး သွားခဲ့ဖူးသည်ကို သမီးဖြစ်သူက အံ့သြစွာ ဆိုခဲ့ဖူးသောဖြစ်ရပ်။ ဆေးလိပ် မသောက် အရက်မသောက် သို့သော် အဆုတ်ကင် ဆာဖြင့် သေဆုံးသွားသည်ဆိုသော သတင်း စကား။ ထိုစကားများက ရပ်ရွာထဲတွင် ပျံ့နှံ့စီညံနေပြီ။ သေဆုံးလိုက်တိုင်း ကင် ဆာဆိုသော သတင်းစကားကို မရိုးနိုင်စွာ ပြောဆိုနေကြရသည်။

ဒါမှမဟုတ်ရင် ဘာလဲ။လမ်းညွှန်ဆိုင်းဘုတ်ရှိပြီလား
လမ်းမတော်မြို့နယ်မှ အိမ်ရှင်မ တစ်ဦးက ”ဒါဆိုဘာစားရမလဲ” ဟု မေး ခွန်းထုတ်သည်။ ထိုသို့ဆိုလျှင် အန္တရာယ် ကင်းသည့် အစားအသောက်က အော်ဂဲ နစ်စားစရာ သာ ဖြစ်နေတော့သည်။ စိုက် ပျိုးတဲ့အချိန်မှ ဈေးဆိုင်ပေါ်ရောက်သည် အထိ ပိုးသတ်ဆေးနှင့် ဓာတုမြေသြဇာ များ အသုံးပြုထားခြင်းမရှိသည့် စားစရာ များ ကို အော် ဂဲနစ်စားစရာဟု ခေါ်ပြီး နိုင်ငံတကာတွင် နေရာယူလာနေပြီဖြစ် သည်။ ပိုးသတ်ဆေးများ အန္တရာယ်ရှိသော ဓာတု ပစ္စည်းများနှင့် ထိတွေ့မှုမရှိတော့ သည့် အ တွက် အော်ဂဲနစ်စားစရာများမှာ ကောင်းကျိုးများစွာသာရှိနေသည်။ ကြွင်းကျန်ခဲ့သော ပိုးသတ်ဆေးကို ရှောင်ရှား နိုင်ရုံသာမက အာဟာရဓာတ်များ ပိုမို ကြွယ်ဝစွာ ပါဝင် မှုကြောင့် ရွေးချယ်လာ ကြပြီဖြစ်သော်လည်း ဈေးကြီးခြင်း၊ ဝယ်ယူရရှိရန် ခက်ခဲခြင်း စတာတွေကြောင့် အကန့်အသတ် ရှိနေသည်။

သို့သော်မြန်မာအတွက်က ထိုကဲ့သို့ အတားအဆီးမရှိ သြဂဲနစ်စိုက်ခင်းများကို သစ်သီးဝလံပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချသူများအ သင်းနှင့် အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့က ပူးပေါင်းကာဆောင်ရွက်သွားတော့ မည်ဟု သိရသည်။ ဒေါက်တာသန်းသန်း စိန်က ”တစ်ပိုင် တစ်နိုင် စိုက်ခင်းတွေ ပေါ်လာတာ များရင် ဈေးမကြီးပါဘူး။ စကြဖို့ပဲလိုပါတယ်” ဟု ပြောသည်။ ထို့ အပြင် တစ်ဖက်ကလည်း ပိုးသတ်ဆေး လျှော့သုံးရန် အစိုးရအပါအဝင် လူမှု အဖွဲ့အစည်းတို့က ကျယ်ပြန့်စွာပညာပေး ရန်နှင့် တရားမဝင်လာသော ပိုးသတ်ဆေး ကို ထိရောက်သော အရေးယူမှုဖြင့် တား ဆီးဖို့လိုကြောင်း ၎င်းက မေတ္တာရပ်ခံ သည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်မှုအရ အရှေ့တောင်အာရှနိုင်ငံ များတွင် ကျန်းမာရေးဂျီဒီပီအဆင့်က မြန် မာနိုင်ငံမှာ ၂ ရာခိုင်နှုန်း၊ လာအိုက ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိနေရာ ကျန်းမာ ရေးအဆင့်နိမ့်ကျသော နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် မြန်မာနိုင်ငံမှာအနိမ့်ဆုံးအဆင့် တွင် နေရာယူနေ သည်ဟု သိရသည့်အ ပြင် မြန်မာနိုင်ငံမှာ ကင်ဆာရောဂါသည် များအတွက် ရောဂါကုသမှု စက်ကိရိယာ ဖြစ်သော ဓာတ်ရောင်ခြည်စက်မှာလည်း တစ်ပြည်လုံးမှာ သုံးလုံးသာရှိသည့်အတွက် ဝေဒနာဆိုး ခံစားမသွားရအောင် အား လုံးပါဝင်မှသာဖြစ်မည်ဟု စိုက်ပျိုးရေး ပညာရှင်တို့က တောင်းဆိုသည်။ ဒါ ရိုက်တာမင်းထင်ကိုကိုကြီးက ”အင်းသီး” ဆိုသော မှတ်တမ်းရုပ်ရှင်အဖြစ် ပိုးသတ် ဆေးကိုကားတိုလေး ရိုက်ကာ ပညာပေး ခဲ့မှုက စိုးရိမ်စရာ သို့မဟုတ် မဖြစ်မနေ ကာကွယ်ရတော့မည့် အရေးပေါ်ြ ပဿနာ တစ်ခုအား သတိပေးခေါင်းလောင်းသံထိုး လိုက်ခြင်းပင် ဖြစ်သည်။ သင်သည် ဟင်းသီးဟင်းရွက်ကို နှစ်ခြိုက်ခုံမင်စွာ အမြဲစားသုံးနေသူ ဖြစ် ပါသလား..။ ထိုသို့ ဆိုလျှင်…။
Credit>>
Popular Myanmar News Journal

မိဘဆိုသည်မှာ...........

Posted by drmyochit Saturday, November 16, 2013, under | No comments


ရှေးရှေးတုန်း အသီးတွေ အရမ်းသီးသော ပန်းသီး ပင်ကြီး တပင် ရှိပါတယ်။ ထိုပန်းသီးပင်ကြီး၏ အောက်တွင် နေ့စဉ်နှင့်အမျှ လာရောက် ဆော့ကစားသော ကလေးငယ်လေး တစ်ယောက် ရှိပါတယ်။ 

ကလေးငယ်ဟာ ပန်းသီးပင်ကြီး၏ အပေါ်ကို တက်တယ် ပန်းသီးတွေကို ခူးယူစားသောက် ပါတယ်။ ဒါကြောင့် သစ်ပင်ကြီးဟာလည်း ကလေးလေး ကို ချစ်သလို ကလေးလေးကလည်း သစ်ပင်ကြီးကို ချစ်ပါတယ်။

ဒီလိုနဲ့ ကလေးလေးလည်း အရွယ်ရောက်လာ ပါတော့တယ်။ ဒါကြောင့် အရင်ကလို နေ့တိုင်း သစ်ပင်ကြီးနဲ့ မဆော့တော့ဘူးပေါ့။ ဒါကြောင့် သစ်ပင်ကြီးက ကလေးလေး မလာတဲ့ နေ့တွေဆိုရင် တစ်ယောက်တည်း ပျင်းနေပြီးတော့ ကလေးလေးကို မျှော်နေရပါတော့တယ်။

တစ်နေ့မှာတော့ ကလေးလေး သစ်ပင်ကြီးဆီကို ရောက်လာပါတော့။ ကလေးလေး၏ မျက်နှာက မရွှင်မပြနဲ့ တစ်ခုခု စိတ်ညစ်နေဟန် ပေါ်နေပါတယ်။

" ကောင်လေး မင်း ငါနဲ့ ဆော့အောင် လာတာလား "

" ငါမင်းနဲ့ မဆော့ချင်တော့ဘူး ၊ ငါ အရုပ်တွေနဲ့ ပဲ ဆော့ချင်တယ်၊ ဒါကြောင့် ငါ အရုပ်လိုချင်တယ် ငါ့မှာ ပိုက်ဆံ မရှိဘူး မင်း ဝယ်ပေးနိုင်မလား " လို့ ကောင်လေးက ပြောလိုက်တယ်။

" တောင်ပန်းပါတယ် ကလေးရယ် ၊ ငါ မင်းကို အရုပ်တွေတော့ ဝယ်မပေးနိုင်ဘူး ဒါပေမယ့် အရုပ်တွေ ရအောင်တော့ လုပ်ပေးနိုင်ပါတယ်။ 
မင်း ငါ့ရဲ့ အပင်ပေါ်က ပန်းသီးတွေကို ခူးသွားပါ။ ပြီးရင် မင်းရောင်းပြီး ရလာတဲ့ ပိုက်ဆံတွေကို အရုပ်ဝယ်လိုက်ပါလို့ " ပြောလိုက်တယ်။

သစ်သီးတွေ ခူးသွားပြီးနောက် ရက်အတော် ကြာအောင် ကောင်လေး ဟာ သစ်ပင်ကြီးဆီသို့ ပြန်မလာခဲ့ပါဘူး။ သို့ပေမယ့် တစ်ရက်မှာတော့ ကောင်လေးဟာ သစ်ပင်ကြီးဆီသို့ ပြန်လာပါတော့တယ်။

" ကောင်လေး မင်း ငါနဲ့ ကစားဖို့ ပြန်လာတာလား " 

" ကျွန်တော် ခင်ဗျားနဲ့ ကစားဖို့ အချိန်မရှိဘူး။ မိသားစု အတွက် အလုပ်လုပ်နေရတယ်၊ ငါ အခု အိမ်တစ်လုံး အလို ရှိတယ် မင်းကူညီနိုင်မလား " လို့ ကောင်လေးက ပြောလိုက်ပါတယ်။

" ဝမ်းနည်းပါတယ် ကောင်းကလေးရယ် ငါ မင်းကို အိမ်တစ်လုံး မဆောက်ပေးနိုင်ဘူး။ ဒါပေမယ့် အိမ်တစ်လုံး ရအောင်တော့ ကူညီပေးနိုင်ပါတယ်။ မင်း ငါ့ရဲ့ အကိုင်းအခက်တွေ အားလုံးကို ခုတ်သွားပါ " လို့ သစ်ပင်ကြီးက ပြောလိုက်ပါတယ်။

ထို့ကြောင့် ကောင်လေးဟာ သူ့မိသားစု နေဖို့ အိမ်ရရှိရန် သစ်ပင်ကြီး၏ အကိုင်အခတ်တွေအားလုံးကို ခုတ်ယူလို့ သွားပါတော့ တယ်။ 

ဒါကြောင့် ကောင်လေးရယ် သစ်ပင်ကြီးဆီသို့ အတော် ကြာ မသွားခဲ့ပါဘူး။ 
သို့ပေမယ့် တစ်ခုသော နွေရာသီမှာ ကောင်လေး သစ်ပင်ကြီးဆီသို့ သွားပါတော့တယ်။

" မင်း ငါနဲ့ ဆော့အောင် ပြန်လာတာလား "

" ငါ အိုနေပြီ ဒါကြောင့် ငါမင်းနဲ့ မဆော့နိုင်တော့ ဘူး။ ငါ အပန်းဖြေ ခရီးထွက်ဖို့ အတွက် လှေတစ်စင်း လိုချင်တယ်။ မင်း ငါ့ကို ကူညီနိုင်မလား " 


" ငါ အရမ်းဝမ်းနည်းပါတယ်ကွာ မင်းကို ငါ လှေတစ်စင်း မပေးနိုင်ဘူး။ ဒါပေမယ့် မင်း ငါ့၏ ပင်စည်ကို ခုတ်ပြီး လှေလုပ်လိုက်ပါ " 

လို့ဆိုပါတယ်။ ကောင်းလေးလည်း သစ်ပင်ကြီးကို ခုတ်ကာ လှေလုပ်ပြီး သူ၏ အပန်းဖြေခရီးကို ထွက်သွားပါတော့တယ်။ 

သစ်ပင်ကြီးလည်း ကောင်လေးကို ကူညီလိုက်ရလို့ ဝမ်းနည်းမှု မရှိ ပျော်ရွှင်နေတာပေါ့။

ဒီလိုနဲ့ပဲ နှစ်အတော်ကြာ ကောင်လေး သစ်ပင်ကြီးဆီကို ပြန်မလာခဲ့ပါဘူး။ သစ်ပင်ကြီးကလည်း တစ်ယောက်တည်း မျှော်နေရတာပေါ့။

နောက်ဆုံးမှာတော့ ကောင်လေးဟာ သစ်ပင်ကြီးဆီကို ပြန်လာပါ တော့တယ်။ 

" အလွန်းဝမ်းနည်းပါတယ် ကောင်ကလေးရယ် ငါ မင်းကို ကူညီဖို့ ဘာမှ မရှိတော့ဘူး။ ငါ့မှာ ရှိတာတွေ အကုန်ကုန်ပြီ။ ငါတောင်းပန်ပါတယ်။

" ပြဿနာ မရှိပါဘူး သစ်ပင်ကြီး။ ငါဟာ အသက်ကြီးလို့ သွားတွေ မရှိတော့ဘူး။ ဒါကြောင့် ဘာမှလည်း မစားနိုင်တော့ဘူး။ မင်းရဲ့ အပေါ်ကိုလည်း မတက်နိုင်တော့ဘူး။ 
" ငါ တကယ်မင်းအတွက် ဘာမှ လုပ်မပေးနိုင်တာကို တောင်းပန်ပါတယ်ကွာ " 

" ဘာမှ ငါ မလိုအပ်တော့ပါဘူး။ ဒါပေမယ့် ငါ အခု အချိန်မှာ အနားယူဖို့ အတွက် နေရာတစ်ခုလောက် လိုချင်တယ် သစ်ပင်ကြီး ၊ ငါ အရမ်းမောပန်း နေပြီကွာ" လို့ပြောလိုက်ပါတယ်။

" ကောင်လေးရယ် မင်း အတော် ပင်ပန်းနေပြီ ဒါကြောင့် မင်းအနားယူဖို့ ငါ့ရဲ့ အမြစ်တွေ အပေါ်မှာ ထိုင်ပါ " လို့ သစ်ပင်ကြီးက ပြုံးရွှင်စွာပြောလိုက်ပါတယ်။

ဒီပုံပြင်ဟာ လူတိုင်းအတွက် ဖြစ်ပါတယ်။ သစ်ပင်ကြီးဟာ ကျွန်တော် တို့၏ မိဘများနှင့် တူပါတယ်။ ကျွန်တော်တို့ ငယ်ရွယ်စဉ်မှာ သူတို့နှင့်အတူ ဆော့ကစားကြတယ်။ ကြီးလာသောအခါ ကျွန်တော်တို့က သူတို့ကို ထားခဲ့ကြတယ်လေ။ သို့သော်လည်း " ခလုပ်ထိမှ အမိတ" ဆိုသလိုပဲ ကျွန်တော်တို့ အကူအညီတွေ လိုရင် သူတို့ဆီကို ပြန်ကြတယ်။ ဒါပေမယ့် သူတို့ဟာ ကျွန်တော်တို့အတွက် ကူညီဖို့ အဆင့်သင့် ပါပဲ။ ကျွန်တော်တို့ ဘယ်လိုအမှားတွေ လုပ်လုပ် သူတို့က အမြဲတန်း ခွင့်လွှတ်ပြီးသားပါ။ သူတို့ဟာ ကျွန်တော်တို့ကို မြင်နေရတယ်ဆို ရင်ပဲ ပျော်ရွှင်နေကြတာပါ။

သင်ဟာ တွေးနိုင်ပါတယ်။ ကောင်လေးဟာ သင်ပင်ကြီး အပေါ်မှာ ရက် စက်စွာ ပြုလုပ်ခဲ့သော်လည်း သစ်ပင်ကြီးဟာ မမုန်းပါဘူး။ 
ထို့နည်းတူ ပါပဲ မိဘတွေကို ကျွန်တော်တို့ အတွက် အမြဲတန်း ကူညီဖို့ အတွက် အဆင့်သင့်ပါ။

စာရေးသူ အနှစ်ချုပ်ဖြင့် ဆိုသော် မိဘတွေ အပေါ်မှာ ချစ်ချစ်ခင်ခင် ဆက်ဆံပါ။ 

မိဘ၏ တန်ဖိုးကို သင်ကိုယ်တိုင် မိဘနေရာကို ရောက် ချိန်မှာ ကောင်းကောင်းကြီး သိလာပါလိမ့်မယ်။ 

သင့်ရဲ့ မိဘ ထိုင်နေကြ ခုံလေး လစ်ဟာနေမှ မိဘကို ပြုစုစောင့်ရှောင့်ခွင့် မရလိုက်ပါလားဟု နောင်တတွေ မရပါစေနဲ့။ 

သင်ဟာ သင့်မိဘကို ဘယ်တော့မှ ကျေးဇူးဆပ် လို့ ကုန်မှာ မဟုတ်ပါဘူးလို့ စာရေးသူ နိဂုံးချုပ်လိုက် ပါရစေ။ 
ကျော်လင်းနိုင် (MM Social Sky)ထံမှတစ်ဆင့် ပြန်လည်မျှဝေသည်။

တရုတ်ပျော်တော်ဆက် ဇနီးအဖြစ် ရောင်းချခံရသော မြန်မာအမျိုးသမီးများ ပေါက်ဈေး ၂၅ သိန်းမှ သိန်း ၅၀ ကြားရှိ

Posted by drmyochit Saturday, November 16, 2013, under | No comments


တရုတ်ပျော်တော်ဆက် ဇနီးအဖြစ် ရောင်းချခံရသော မြန်မာအမျိုးသမီးများ ပေါက်ဈေး ၂၅ သိန်းမှ သိန်း ၅၀ ကြား ရှိနေကြောင်း သိရသည်။

တရုတ်ဇနီးအဖြစ် ရောင်းစားခြင်းခံရသော မြန်မာအမျိုးသမီးများမှာ ခြောက်လခန့် အကြာတွင် အခြားတရုတ် တစ်ယောက်ထံငွေဖြင့် ထပ်မံရောင်းစားခြင်း ခံနေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ သိရသည်။

မကြာသေးမီက မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားထားချက်အရ မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှု၏ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားတို့၏ ဇနီး၊မယားအဖြစ် ရောင်းသည့်အတွက် ယင်းသို့ ဖြစ်ပေါ်နေခြင်းမှာ လူကုန်ကူးခံရမှု အခြေအနေများတွင် ပိုမိုစိုးရိမ်ဖွယ် အနေအထား တစ်ခုသို့ ရောက်ရှိနေကြောင်း သိရသည်။

လူမှုဝန်ထမ်း ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ''တရုတ်ကို ရောင်းစားခံပြီးသွားတဲ့ အမျိုးသမီးတွေဟာဆိုရင် တရုတ်မယားအဖြစ် ပေါင်းသင်းခြင်းကို အများဆုံးခံရတယ်။ ပြီးတော့လုပ်ခ လစာလည်း မရဘူး။ ခေတ်သစ် ငွေဝယ်ကျွန် ဖြစ်သွားတယ်။ နောက်ပြီး ကျွန်တော်တို့ စစ်ဆေးတွေ့ရှိချက် အရမှာတော့ တရုတ်အိမ်ရောက်ပြီး ခြောက်လခန့် ကြာတဲ့အခါမှာ အခြားတရုတ် တစ်ယောက်ထံကို ငွေနဲ့ပြန်ရောင်းစားခြင်းတွေ ဖြစ်ပေါ်နေတယ်'' ဟု ပြောကြားသည်။

တရုတ်နိုင်ငံ၏ ထုံးတမ်းအစဉ်အလာ တစ်ရပ်ဖြစ်သော တစ်အိမ်ထောင် သားသမီးတစ်ယောက် စနစ်တွင် အမျိုးသမီးများ ရှားပါးမှု ကြုံတွေ့လာမှုနှင့် ယင်းနိုင်ငံတွင် လက်ထပ်ရန်အတွက် မြန်မာငွေကျပ်သိန်း ၁၀၀ ခန့် ရှိနေသဖြင့် အိမ်နီးချင်း နိုင်ငံများမှ အမျိုးသမီးများကို ဈေးပေါပေါနှင့် ၀ယ်ယူရရှိခြင်းတို့ကြောင့် ဇနီးအဖြစ်ယူခြင်း၊ ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ အတင်းအဓမ္မ ထိမ်းမြားခြင်းတို့ ဖြစ်ပေါ်နေရကြောင်း လူကုန်ကူးတားဆီး နှိမ်နှင်းရေးတပ်ဖွဲ့မှ သိရသည်။

ယင်းအခြေအနေမှာ မြန်မာနိုင်ငံသို့ အများစုထိခိုက်မှု ဖြစ်ပေါ်နေပြီး ယခုနှစ်နောက်ပိုင်းများတွင် လူကုန်ကူးခံရမှု မြင့်တက်လာကာ အဓိက ဆက်သွယ်ခံရသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်နေပြီး လူကုန်ကူး ပွဲစားများထံမှ ၀ယ်ယူရာတွင် မြန်မာအမျိုးသမီးများကို ကျပ် ၂၅ သိန်းနှင့် သိန်း ၅၀ အကြား ပေးနေကြောင်းကို စစ်ဆေးတွေ့ရှိ ရကြောင်းလည်း သိရသည်။
ြ်မန်မာနိုင်ငံ အစိုးရအဖွဲ့ အနေဖြင့် ယင်းအခြေအနေကို ထိန်းချုပ်တားဆီးနိုင်ရန် တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ လူကုန်ကူး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စု ၂၇ ဖွဲ့အား အင်အားတိုးချဲ့ သွားမည်ဟုလည်း လူကုန်ကူး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။
ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ မိသားစုအတွင်း အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ပဋိပက္ခများနှင့် စစ်ဖြစ်ပွားမှု အခြေအနေရှိခြင်း၊ သဘာဝဘေးကပ် ကျရောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံ ခံရခြင်းတို့မှာ လူကုန်ကူးခံရမှု ဖြစ်ပွားနေရခြင်း၏ အဓိကအကြောင်းအရာ ဖြစ်နေကြောင်းလည်း သိရသည်။

လူကုန်ကူးမှုနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ထားသော အချက်အလက်များအရ ယခုနှစ်ပိုင်းတွင် လူကုန်ကူးမှုများ ပိုမိုများပြား လာသဖြင့် လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်၌ လူကုန်ကူးမှုများ ပိုမိုမြင့်တက်လာသည်ကို တွေ့ရသည်။

လူကုန်ကူးမှု အမှုအရေအတွက်မှာ နှစ်စဉ် ၅၀ ကျော်မှ ၂၀၀ နီးပါးအထိ ရှိနေကြောင်း၊ လူကုန်ကူးခံရ သူများမှာလည်း ၂၀၀ ခန့်မှ ၄၀၀ ၀န်းကျင်ထိ ရှိနေပြီး အမျိုးသမီးများနှင့် ကလေးငယ်များမှာ အများဆုံး ဖြစ်နေကြောင်း သိရသည်။ ၁၉၉၂ ခုနှစ်မှ ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ တရုတ်၊ ထိုင်း အပါအ၀င် နိုင်ငံပေါင်း ငါးနိုင်ငံမှ ပြန်လည် ကယ်ဆယ်ခဲ့ရသော လူကုန်ကူးခံရသူ ၂၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ သိရသည်။

အထူးသဖြင့် ရှမ်းပြည်နယ်အတွင်း လူကုန်ကူးခံရသည့် အမျိုးသမီးများမှာ ၀င်ငွေရ တရားဝင်လုပ်ငန်း နည်းပါးမှုကြောင့် တစ်ဖက်နိုင်ငံသို့ ပြန်လည်ရောက်ရှိ ရသူများလည်းရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ပြောကြားသည်။

''ယနေ့မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာလာသော အချို့သော စီးပွားရေး လုပ်ငန်းရှင်ကြီးများ ရှိလာသော်လည်း ပြည်သူအများစုမှာမူ ဆင်းရဲတွင်းနက်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။ အချို့က အဆိုပါ လုပ်ငန်းရှင်များ ရှိသောကြောင့် လုပ်သားထောင်ပေါင်းများစွာ အလုပ်အကိုင် ရရှိနေသည်ဟု ပြောဆိုငြားလည်း တစ်ပြေးညီ ပြိုင်ဆိုင်မှု ကင်းမဲ့သော ဈေးကွက်စီးပွားရေး အခင်းအကျင်းကြောင့် မြန်မာလူမျိုး သန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်နေခြင်းနှင့် မြန်မာလူမျိုး သန်းပေါင်းများစွာ ပြည်ပနိုင်ငံများတွင် ရရာအလုပ် (အောက်ခြေသိမ်း အလုပ်များ အပါအ၀င်) လုပ်နေရခြင်း၊ လူကုန်ကူးခြင်းများ ခံနေရခြင်းနှင့် မက်ခရို စီးပွားရေးအင်အား နိမ့်ကျခြင်း ဖြစ်သကဲ့သို့ မြန်မာ့စီးပွားရေးမှာလည်း လူတစ်ဦးချင်း ၀င်ငွေအရ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များထဲတွင် အောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်'' ဟု ဆောင်းပါးရှင် ဒေါက်တာအောင်ကိုကို၏ ဆောင်းပါးတွင် ထည့်သွင်းသုံးသပ် ထားသည်ကို တွေ့ရသည်။

''လူကုန်ကူးမှုတွေ မြင့်တက်နေတယ် ဆိုတာ တိုင်းပြည်ဆင်းရဲလို့ပါ။ ဒါကြောင့် ပြည်ထောင်စု ၀န်ကြီးတွေ အနေနဲ့ မဖြစ်နိုင်တဲ့ လစာ ၆ သိန်းတို့ သမ္မတလစာ ၁၅ သိန်းတို့ လျှော့ယူမယ်ဆိုတဲ့အစား ပြည်သူတွေရဲ့ လက်တွေ့ဆင်းရဲ မှုတွေကြောင့် လူကုန်ကူး ခံရတာတွေကို အဲဒီနယ်စပ်ဂိတ်တွေမှာ သွားထိုင်စောင့် ကြည့်သင့်တယ်'' ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကိုဘိုဘိုက သုံးသပ်ခဲ့ပါသည်။

Eleven Media Group
(မြန်မာ-တရုတ်နယ်စပ် ၀င်ပေါက် ထွက်ပေါက် တစ်ခုဖြစ်သော မူဆယ်-ကျယ်ဂေါင် နယ်စပ်ဂိတ်အား တွေ့ရစဉ်)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်