Wednesday, November 06, 2013

ဗုဒ္ဓဂယာဗုံးခွဲမှု အသေးစိတ် ဖေါ်ထုတ်လိုက်ပြီ

Posted by drmyochit Wednesday, November 06, 2013, under | No comments

• Indian Mujahideen (အိန္ဒိယ-မူဂျာဟီဒင်) အဖွဲ့ကTehsin Akhtar (တက်ဆင် အက်ထား) နဲ့ Haidar Ali (ဟိုက်ဒါ အလီ) တို့ကနေ စီစဉ်ခဲ့တာလို့ သိလာရပါတယ်။
• ဒီအကြမ်းဖက် မွတ်ဆလင်တွေကဘဲ ၂၇-၁ဝ-၂ဝ၁၃ နေ့က ပတ္တနားမှာ ဗုံးခွဲခဲ့ကြာတာ ဖြစ်ပါတယ်။
• ပတ္တနားမှာ ဗုံးခွဲခဲ့သူတွေထဲက Imtiaz Ansari (အမ်တစ်ဇ် အင်ဆာရီ) ဆိုသူကို ဖမ်းမိထားပြီးဖြစ်ပါတယ်။ သူကနေ ဗုဒ္ဓဂယာဗုံးခွဲတာကို (တက်ဆင် အက်ထား) ကလုပ်ခဲ့တာလို့ ဖြောင့်ချက်ပေးပါတယ်။
• ဖမ်းဆီးရမိထားတဲ့ ဇယားထဲမှာ ဗုဒ္ဓဂယာ၊ ထိုင်းဘုန်းကြီးကျောင်းမှာ (အမ်တစ်ဇ် အင်ဆာရီ) ကဗုံးထောင်ခဲ့တယ်။
Ainul alias Tarique (အိုင်နူးလ်) ခေါ် (တားရစ်) က Targhar Monastery (တာရ်ဂါး) ဘုန်းကြီးကျောင်းမှာ ထောင်တယ်။ ဒီလူကတော့ ပတ္တနားမှာဗုံးထောင်ရင်း ဒဏ်ရာရပြီး သေသွားပြီဖြစ်တယ်။
• စီးနင်းခဲ့တဲ့ ဟော်တယ်မှာ တည်းနေတဲ့ Mujib (မူဂျစ်) ဆိုသူလဲ ဗုဒ္ဓဂယာမှာဗုံးထောင်ခဲ့သူတွေထဲက တယောက် ဖြစ်တယ်။ အခုဖမ်းဆီးရရှိတာလဲ ဗုံးပေါင်း ၂၇ လုံးရှိပါတယ်။ 
သတင်းပေါင်းစုံ 
ဒေါက်တာတင့်ဆွေ
၆-၁၁-၂ဝ၁၃

Zumwalt Destroyer

Posted by drmyochit Wednesday, November 06, 2013, under | No comments

Zumwalt-class destroyers ဆိုတာ ကတော့ အမေရိကန် ရေတပ်ရဲ့ နောက်မျိုးဆက်သစ် အဆင့်မြင့် ဘက်စုံသုံး ဖျက် သဘောင်္ပဲ ဖြစ်ပါတယ်။
US navy အနေနဲ့ အစက ပိုမိုကြီး မားတဲ့ DD-21 vessel တွေထုတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ဘတ်ဂျက် မပြည့်စုံမှုကြောင့် ပိုမို သေးငယ်တဲ့ Zumwalt-class ကိုပဲ ထုတ်လုပ် ခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်မှုမှာ နံပတ်၅ နေရာမှာ ရှိတဲ့ General Dynamics ရဲ့ဌာနခွဲ တစ်ခုဖြစ်တဲ့ Bath Iron Works ကတာဝန်ယူ တည်ဆောက်တဲ့ ပထမဆုံး Zumwalt-class destroyers ကို Bath, Maine, US မှာရှိတဲ့ သူတို့ရဲ့ သဘောင်္ကျင်းမှာ စမ်းသပ် ရေချခဲ့ ပါတယ်။ ပေ ၆၁၀ ရှည်လျားတဲ့ ဒီ သဘောင်္မှာ radar reflecting angles လို့ခေါ်တဲ့ ရေဒါနဲ့ မထောက် လှမ်း နိုင်အောင် ပြုလုပ်ထားပြီး၊ inward-sloping tumblehome hull, an all-electric integrated power system, an advanced gun system အစရှိတဲ့ ခေတ်မီ နည်းပညာ တွေ တပ်ဆင်ထား ပါတယ်။ 

Tumblehome Hull
သဘောင်္ အတွင်းပိုင်းမှာ Raytheon တီထွင် ထားတဲ့ Total Ship Computing Environment (TSCE) လို့ခေါ်တဲ့ operating system ကို တင်ဆင် ထားပါတယ်။ TSCE ဆိုတာက US ရေတပ်ရဲ့ ပထမဆုံး open-architecture ကိုခေါ်ဆို တာပါ။ ဒီစနစ်ဟာ Zumwalt ရဲ့ on-board system တွေကို အတူတကွ စုစည်းပေးပြီး ထိန်းချုပ်ရာမှာ အဆင်ပြေ လွယ်ကူအောင် ပြုလုပ် ပေးပါတယ်။ သဘောင်္ သား ၁၃၀နဲ့ အထူးတပ်ဖွဲ့ ၂၈ယောက် တင်ဆောင် နိုင်ပါတယ်။ Raytheon ကတော့ သဘောင်္ရဲ့ open-architecture ကြောင့်နောက်လာမယ့် နှစ်တွေမှာ သဘောင်္ကို ပြုပြင်တာတွေ၊ အဆင့်မြှင့် တာတွေ ပြုလုပ်ဖို့ လွယ်ကူ စေမယ်လို့ ဆိုပါတယ်။ 

Ready, Aim, Fire
DDG 1000 Zumwalt သဘောင်္မှာ ဒေါင်လိုက် ဒုံးကျည် ပစ်လွှတ် နိုင်တဲ့ Peripheral Vertical Launching System ( PVLS ) ပါဝင်ပြီး PVLS အစိတ် အပိုင်း တစ်ခုစီ မှာလည်း MK57 Vertical Launching System တစ်ခုစီ ပါဝင် ကာကွယ် ပေးထား ပါတယ်။ ကွန်ပျူတာ ထိန်းချုပ် လက်နက် စနစ်ထဲမှာ 155-millimeter advanced gun systems ပါဝင်ပြီး ဒုံးကျည် ထိပ်ဖူးတွေကို ရေမိုင် ၈၃မိုင်အထိ ပစ်လွှတ် နိုင်ပါတယ်။ ဒီစနစ်ရဲ့ firepower က 155m howitzers အမြှောက် ၁၂လက်ရဲ့ ပစ်အားနဲ့ တူညီ တယ်လို့ ရေတပ်က ဆိုပါတယ်။ 


Design features and systems
Zumwalt-class destroyers တွေကို နောက်မျိုးဆက်သစ် ဖျက်သဘောင်္ တွေအဖြစ် မြေပြင် တိုက်ပွဲ တွေ၊ ရေပြင်တိုက်ပွဲ တွေနဲ့ လေကြောင်း တိုက်ပွဲတွေမှာ အသုံးပြုဖို့ US Navy က ရည်ညွှန်း ထား ကြပါတယ်။ General Dynamics’ Bath Iron Works မှာရှိတဲ့ အလုပ်သမား တွေဟာ တစ်နှစ်ပတ်လုံး ဒီသဘောင်္ တည်ဆောက် ရေးမှာ ဆက်လက် လုပ်ဆောင် ကြမှာပါ။ ၂၀၁၄ နှောင်းပိုင်း မှာ သဘောင်္ကို ရေတပ်ကို အပ်နှံဖို့ အချိန် သတ်မှတ် ထားပါတယ်။ ပထမဆုံး Zumwalt ကိုတော့ ၂၀၁၆ မှာစတင် အသုံး ပြုဖို့ မျှော်လင့်ထား ကြပါတယ်။ 

Autonomic Fire Suppression System
တိုက်ခိုက်ရေး စွမ်းရည် မြင့်မားလာ တာနဲ့အတူ Zumwalt’s Automatic Fire Suppression System က ဒီ သဘောင်္ကို damage-control system တပ်ဆင်ပေး ထားပါတယ်။ ဒီစနစ်မှာ sensors တွေ cameras တွေ အလို အလျောက် မီးငြိမ်းသတ် စနစ်တွေ ပါဝင်ပြီး Zumwalt ကိုအထိအခိုက် အပျက် အစီး တွေကို အမြန် ဆုံး တုန့်ပြန် နိုင်အောင် ကူညီပေး ပါတယ်။ 

Under Construction
သဘောင်္ရဲ့ မြေပြင်ပေါ်မှာ တည်ဆောက် နေရာကနေ ရေချတဲ့ လုပ်ငန်းကို Oct 25, 2013 မှာ လုပ်ဆောင် ခဲ့ပါတယ်။ 


Enhanced stealth capabilities
တိတ်ဆိတ်ပြီး အသုံးဝင်လှတဲ့ all-electric propulsion ကြောင့်သဘောင်္ရဲ့ inward-sloping hull design ဟာအရှိန်၊ ထိန်းချုပ် နိုင်စွမ်းနဲ့ တည်ငြိမ်မှု ရှိစေပြီး အင်ဂျင် စက်သံကိုပါ လျှော့ချပေး ပါတယ်။ 

Big ship, low profile
ရွက်တိုက် မြင့်မြင့်တွေ၊ လည်နေတဲ့ antennas တွေမပါဝင် တာကြောင့် Zumwalt-class destroyer ဟာသ တိထား မိဖို့ ခက်ပါတယ်။ လေ အေးပေး စနစ် ပါဝင်တာကြောင့် အပူထုတ် လွှတ်မှုကို လျှော့ချ ပေးပြီး လက်ရှိ သုံးနေတဲ့ Arleigh Burke-class destroyer ထက် ၄၀ ရာခိုင်နှုန်း ပိုမို ကြီးမား ပေမယ့် ရေဒါမှာတော့ စစ်သဘောင်္ ဆိုတာထက် သာမန် ငါးဖမ်း သဘောင်္ လို့ပဲ ပေါ်နေမှာပါ။ 


Images from www.newstimes.com , www.jeffhead.com, breakingdefense.com, popularmilitary, Source - CNET

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်