Tuesday, October 01, 2013

အနားယူဖို့ လိုအပ်ကြောင်း ခန္ဓာကိုယ်က ဖော်ပြနေသောအချက်များ

Posted by drmyochit Tuesday, October 01, 2013, under | No comments


၁။ ခေါင်းကိုက်ခြင်း

တစ်ပတ်လုံး ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေက စနေ၊ တနင်္ဂနွေရုံးပိတ်ရက်ရောက်တဲ့အခါ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ဆိုးဆိုးရွားရွား ခံစားရတာမျိုးဖြ...စ်တတ်ပါတယ်။
အဲဒီလို မဖြစ်ရလေအောင် သင်ဘယ်လောက်ပဲ အလုပ်များများ အိပ်ချိန်၊ စားချိန်ကို ပုံမှန်ဖြစ်အောင် ကြိုးစားပါ။

၂။ ကြွက်တက်ခြင်း

တစ်ခါတစ်ရံ စိတ်ဖိစီးတာများလွန်းတဲ့အခါ ကြွက်တက်တာကို နာနာကျင်ကျင် ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးတာကြောင့် ခန္ဓာကိုယ်တွင်းက ဟော်မုန်းတွေ မညီမမျှ ဖြစ်တာကြောင့်ပါ။

အဲဒီလိုမဖြစ်ရလေအောင် အားကစားရုံသွားပြီး တတ်ကျွမ်းတဲ့ နည်းပြရဲ့ စနစ်တကျ သင်ပြတဲ့ လေ့ကျင့်ခန်းတွေကို ဂရုတစိုက် သင်ယူလေ့ကျင့်ပေးပါ။ ထိန်းချုပ်မှုမဲ့ အာရုံကြောရဲ့ လုပ်ဆောင်ချက်တွေကို လျှော့ချပေးနိုင်တာကြောင့် ကြွက်တက်တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၃။ မေးရိုးနာကျင်ခြင်း

သင်သွားကြိတ်တာကြောင့် ဖြစ်ရတာပါ။ သင့်မှာ စိတ်ဖိစီးမှုတွေများတဲ့အခါ ညအိပ်နေရင်း သင်မသိလိုက်ပေမယ့် သွားကြိတ်မိတတ်ပါတယ်။

အဲဒီလိုမဖြစ်အောင် သွားကိုကာကွယ်ပေးတဲ့ သွားဖုံးစွပ်တပ်ပြီးအိပ်ပါ။ ၇၀ ရာခိုင်နှုန်းထိ သွားမကြိတ်အောင် ကာကွယ်နိုင်ပါတယ်။ တချို့တွေမှာ သွားလုံးဝမကြိတ်တော့တဲ့အထိ ထိရောက်မှုရှိပါတယ်။

၎။ အိပ်နေရာမှ လန့်နိုးခြင်း

တစ်ခါတစ်ရံ အိပ်ပျော်နေရင်း မကြာခဏလန့်နိုးနေတာမျိုး သင်ဖြစ်ဖူးမှာပါ။ သတိမထားမိပါဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သင့်ကို စိတ်ပူပန်စရာတွေက လန့်နိုးနေတာပါ။

အဲဒီလိုမဖြစ်ရလေအောင် တစ်နေ့ကို ၇-၈ နာရီလောက် အိပ်ချိန်ရပါစေ။ အိပ်ခါနီး ကဖင်းဓာတ်ပါတာတွေနဲ့ အရက်သောက်သုံးတာကို ရှောင်ကြဉ်ပါ။

၅။ သွားဖုံးသွေးယိုခြင်း

စိတ်ဖိစီးမှုများတဲ့လူတွေဟာ သွားနဲ့ သွားဖုံးရောဂါတွေဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ ကြာရှည် စိတ်ဖိစီးတာကြောင့် ထွက်လာတဲ့ ကော်တီဇော (Cortisol) က ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လျော့နည်းစေတာကြောင့် သွားဖုံးမှာ ဘက်တီးရီးယားတွေဝင်ဖို့ အခွင့်အလမ်းပိုရသွားပါတယ်။

အဲဒီလိုမဖြစ်ရလေအောင် ညစာစားပြီးတဲ့အခါတိုင်း သွားတိုက်ပေးပါ။

၆။ ဝက်ခြံထွက်ခြင်း

စိတ်ဖိစီးမှုများတဲ့အခါ သင့်အရေပြား ရောင်ရမ်းရာကနေ ဝက်ခြံတွေထွက်တတ်ပါတယ်။

အဲဒီလို မဖြစ်ရလေအောင် ဆယ်လီစလစ်အက်စစ် (Salcylic acid)နဲ့ ဘန်ဇွိုင်းပါအောက်ဆိုက် (Benzoyl peroxide)တွေ ပါဝင်တဲ့ လိုရှင်းတွေ လိမ်းပေးပါ။ အရေပြားခြောက်သွေ့နေရင် အစိုဓာတ်ထိန်းသိမ်းပေးတဲ့ ခရင်မ်တစ်ခုခုပါ ထပ်လိမ်းပေးပါ။ ရက်အနည်းငယ်အတွင်း မသက်သာခဲ့ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။

၇။ နာကျင်ကိုက်ခဲခြင်း

စိုးရိမ်ပူပန်စရာတွေနဲ့ စိတ်ဖိစီးမှုတွေများတဲ့အခါ ခေါင်းကိုက်တာ၊ ခါးနာတာ၊ အိပ်မပျော်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။

အဲဒီလိုမဖြစ်ရလေအောင် လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ကိုဖြေလျှော့ပါ။ အေးငြိမ်းရာနေရာမှာ တရားထိုင်ပါ။

YeeMon' Diary

သံတွဲဒေသ ပဋိပက္ခ တစ်ဦးသေဆုံး နေအိမ် ၇၀ ကျော် မီးရှို့ခံရ

Posted by drmyochit Tuesday, October 01, 2013, under | 1 comment

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်က ပေါက်တောကျေးရွာနဲ့ သူဌေးတိုက်နယ်က သဗြုချိုင်ကျေးရွာနှစ်ရွာမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့် မွတ်ဆလင်အမျိုးသမီးတစ်ဦးသေဆုံးပြီး၊ နေအိမ် ၇၀ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေပိုင်း အခြေအနေတွေကို သံတွဲဒေသတွင်း သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ သံတွဲခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဝင်းနိုင်က RFA ကို အခုလို ပြောပါတယ်။

"ဒီနေ့အခြေအနေကတော့ သဗြုချိုင်မှာ မီးရှို့နေတယ်၊ ရဲကလည်း မိုးပေါ်ထောင်ပစ်နေပါတယ်၊ အဲဒီမှာ ရွာသားတွေက ချောင်ပိတ်မိနေပါတယ်"

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က လုံခြုံရေးမရှိသေးတဲ့ ကျေးရွာတွေမှာ အဲဒီလို မီးရှို့တိုက်ခိုက်မှုတွေဖြစ်ခဲ့တာလို့ အခုလို ပြောပါတယ်။

"ဒီဖြစ်တာက မြို့ပေါ်မှာမဟုတ်ဘူး၊ ဒီမြို့ပေါ်ကပြီးသွားပြီ၊ မြို့နဲ့ လုံခြုံရေးနဲ့ အလှမ်းဝေးတဲ့နေရာပေါ့၊ ရွှေလီဘက်ဆိုရင် မြို့နဲ့မိုင် ၂ဝ လောက်ဝေးတယ်၊ အဲလိုဖြစ်လို့သတင်းကြားတာနဲ့ တခါတည်း အဲနေရာကိုတော့သွားတာပေါ့၊ သဗြုချိုင်လည်းအဲလိုပဲ၊ ဖြစ်မယ်ထင်လို့ ဒီနေ့မနက်မှာ လုံခြုံရေးမရောက်ခင်အချိန်လေးမှာပဲ ဒီပြဿနာတွေဖြစ်တယ်လို့ပဲ သိရတယ်"

နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေကြောင့် သဗြုချိုင်ကျေးရွာနဲ့ ပေါက်တောကျေးရွာတွေမှာ နေအိမ် ၂၀ ထက်မနည်း မီးလောင်ကျွမ်း မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပေမဲ့ ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ မီးရှို့ခံရတဲ့ နေအိမ်အရေအတွက်ကို အတည်ပြုပြောကြားတာ မရှိပါဘူး။

ဒီနေ့ မီးရှို့တိုက်ခိုက်ခံရတဲ့ သဗြုချိုင်နဲ့ ပေါက်တောကျေးရွာတွေဟာ အစ္စလာမ်ဘာသာဝင် ကမန်တိုင်းရင်းသား အများစုနေထိုင်တဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ရက်နေ့ ညနေက သံတွဲမြို့ပေါ်မှာ ကမန်အမျိုးသားတစ်ဦးနဲ့ ရခိုင်တိုင်းရင်းသားတစ်ဦးတို့ သုံးဘီးဆိုင်ကယ်ရပ်နားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာကနေ မီးရှို့မှုဖြစ်ပြီး နေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

RFA Burmese

ထိုင်းဘုရင့်သမီးတော် သီရိဒုံရဲ့ မွေးနေ့ပွဲမှာ သွားရောက် ဖျော်ဖြေမယ့် ချမ်းချမ်း

Posted by drmyochit Tuesday, October 01, 2013, under | No comments

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ကန်ချနာပူရီမှာကျင်းပမယ့် ထိုင်းဘုရင့် သမီးတော် သီရိဒုံရဲ့ မွေးနေ့အလှူပွဲမှာ Rဇာနည်၊ ဝိုင်းစုခိုင်သိန်း၊ ချမ်းချမ်းတို့ကတေးသီချင်းများ နဲ့သွားရောက်သီဆိုဖျော်ဖြေမယ်လို့ သိရပါတယ်။

ပွဲကျင်းပမယ့်ရက် ကတော့ စက်တင်ဘာ ၂၈၊ ၂၉ရက်နေ့ဖြစ်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲအရင် ပြုလုပ်မှာဖြစ်တဲ့ အတွက် ၂၆ရက်နေ့က တည်းက သွားမယ် လို့ပြောပြခဲ့တဲ့အဆိုတော်ချမ်းချမ်းက “ဒီပွဲလေး က အလှူပေါ့နော်။မြန်မာတွေရဲ့ရပ်ကွက်ထဲမှာ ထုံးစံလုပ်နေကျအလှူလေး ပါပဲ။အဲဒီမှာ သူတို့ အလှူလည်း လုပ်ရင်းရှိုးပွဲလေးလုပ်မယ်ပေါ့နော်။ အဲဒါနဲ့ အစ်မရယ်၊ဝိုင်းစုခိုင်သိန်းရယ်၊ကျွိုဇာနည် ရယ် သုံးယောက်သွားဖြစ်မယ်။ အရင်တုန်းက အဲဒီ လိုသွားဆိုဖို့ ကို သူတို့ဘက်ကရက်ချိတ်ပေးတယ်။ အစ်မတို့ကတစ်ယောက်နဲ့တစ်ယောက်မအားတော့ ပြန်မမေးဖြစ်တာနဲ့အစ်မတို့သုံးယောက်စလုံးအားမယ့်ရက်ကို ပြန်ရွေး ပြီးတော့လုပ်ဖြစ်ခဲ့တာပါ။ အခုလို သွားဖျော်ဖြေတာကတော့ ဒါပထမဆုံးပေါ့နော်။ဟို ရောက်ရင်လည်း ဆိုနေကျ သီချင်းလေးတွေပဲဆိုဖြစ်မယ်။ဟိုရောက်မှပဲအကတွေ တိုက်တော့ မယ်။ အချိန်လည်း ရတော့လေ။ ဟိုတုန်းကဆိုရင်လည်းအဲဒီကဘုရင်မကြီး ရဲ့မွေးနေ့ဆိုလို့ ရှိရင်လည်း မြန်မာတွေရဲ့ရပ်ကွက်ထဲမှာ ပွဲတွေလုပ် တယ်လေ။အခုတစ်ခေါက်ကျတော့သူတို့ဆီက နိုင်ငံခြားရေးရာကသံအမတ်တွေကပါ ဝိုင်းလုပ်ပေးကြတဲ့ အတွက်အားလုံးအဆင်ပြေတယ်” လို့ ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်
Popular Journal

ဇနီးလက်ကိုဆွဲလို့ ခင်ပွန်းဖြစ်သူက ဓါးဖြင့် ထိုးသတ်

Posted by drmyochit Tuesday, October 01, 2013, under | No comments

ဖမ်းဆီးရမိသူ ဂျပု(ခ)မျိုးလွင်

ရန်ကုန်၊ အောက်တိုဘာ ၁

၂၉.၉.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် မြောက်ဥက္ကလာပ မြို့နယ်နေ ဒေါ်တင်အေးသည် နေအိမ်တွင် ရှိနေချိန် တူဖြစ်သူ ချီးဗူး(ခ)တင်ထွန်းအောင်မှာ သုမိတ္တာ တံတားထိပ်ရှိ သစ်သားတံတား ပေါ်သို့ တက်လာနေစဉ် အမည်မသိ အမျိုးသား တစ်ဦး လိုက်လာသည်ကို မြင့်တွေ့ရကြောင်း၊ တံတားအဆင်းအရောက် ၎င်းအမျိုးသားမှ တူဖြစ်သူ ချီးဗူး(ခ)တင်ထွန်းအောင်အား မင်းတော်တော် ရစ်ပါလား ဟု ပြောဆိုကာ မည်သည့်အရာမှန်း မသိသည့်လက်နက်ဖြင့် ၀ဲဘက်ရင်အုံအားထိုးခဲ့၍ ချီးဗူး(ခ)တင်ထွန်းအောင်မှာ လဲကျသွားသည်ကို မြင်တွေ့ရကြောင်း၊ ထိုသို့လဲကျသွားစဉ်ထပ်မံ၍ ၀ဲဘက်လက်အား ထိုးသည်ကို မြင်တွေ့သဖြင့် ၎င်းမှပတ်ဝန်းကျင်အား အော်ဟစ်အကူအညီ  တောင်းခဲ့ကြောင်း၊ ထိုသို့အကူအညီတောင်းနေစဉ် အဆိုပါအမျိုးသားမှာ အမျိုးသမီးတစ်ဦးနှင့်အတူ စက်ဘီးစီးနင်းကာ ထွက်ပြေးသွားခဲ့ကြောင်း၊ တူဖြစ်သူ ချီးဗူး(ခ)တင်ထွန်းအောင်အား သွားရောက်ကြည့်ရှုရာ ၀ဲရင်အုံတွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲလက်၊ယာပါးတို့တွင် ပြတ်ရှဒဏ်ရာများရရှိသည်ကိုတွေ့ရှိရ၍ မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွား ခဲ့ကြောင်းတို့ကိုပြောပြတိုင်တန်း ခဲ့သဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၇၇၆/၂၀၁၃၊ ပုဒ်မ ၃၀၂/၁၁၄ ဖြင့်အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ ဂျပု(ခ)မျိုးလွင်နှင့် ၎င်း၏ဇနီး မမိုးမိုးတို့ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ၃၀.၉.၂၀၁၃ ရက်နေ့ ၁၈၃၀ အချိန်တွင် ဂျပု(ခ)မျိုးလွင်(ဘ)ဦးဘဆွေ၊ မြောက်ဥက္ကလာပ မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဇနီး မမိုးမိုးမှာ ထွက်ပြေး တိမ်းရှောင် နေသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါသည်။

ဖမ်းဆီးရမိသူ ဂျပု(ခ)မျိုးလွင်အား စစ်ဆေးချက်အရ အခင်းဖြစ်ချိန်က ၎င်းသည်ဇနီးဖြစ်သူ မမိုးမိုးနှင့် သုမိတ္တာ(၄)လမ်းနှင့်(၅)လမ်းကြားတွင် ရှိနေစဉ် ဇနီးဖြစ်သူ၏လက်အား သေဆုံးသူ ချီးဗူး(ခ)တင်ထွန်းအောင်မှ လာရောက်ဆွဲခဲ့သဖြင့် စကားများရန်ဖြစ်ပြီး ၎င်းမှအသင့်ပါလာသောဓါးဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံပစ္စည်းများသိမ်းဆည်းကာ အမှုဖြင့်ဆက်လက် အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ထန်းတပင်မြို့နယ်မှ မိခင်အရင်းကိုသတ်သည့်သားအား မော်လမြိုင်တွင် ဖမ်းဆီးရမိ

Posted by drmyochit Tuesday, October 01, 2013, under | No comments

မိခင်အရင်းကိုသတ်သည့်သား


ရန်ကုန်၊ အောက်တိုဘာ ၁

၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊ဆန္ဒယော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းစိုးသည် တစ်ရွာတည်းနေ ဒေါ်ထွေးကြည် (ခ)ဒေါ်မိုးမိုး မှာနေအိမ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရ၍သွားရောက်ကြည့်ရှုခဲ့ရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးတွင် ဦးခေါင်းနောက် စေ့ပြတ်ရှဒဏ်ရာ၊ ဦးနှောက်ထွက်၊ ၀ဲလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ၊ ၀ဲလက်ညှိုးပြတ်၊ ၀ဲကျောကုန်း ထိုးသွင်းဒဏ်ရာ၊ ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၃)ချက်၊ ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့် သေဆုံး နေသည်ကိုတွေ့ရှိရပြီး အနီးတွင် ရဲတင်း(၁)လက်၊ အရိုးအသွား (၆)လက်မခန့်ရှိဝါးရိုးတပ်မီးဖိုချောင် သုံးဓါးအကျိုး(၁)ချောင်းတို့အား တွေ့ရှိခဲ့ရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍စုံစမ်းရာ ဒေါ်ထွေးကြည်(ခ)ဒေါ်မိုးမိုးမှာ ယင်းနေ့နံနက် ၀၃၃၀ အချိန်ခန့်က ၎င်း၏သားအရင်းဖြစ်သူ တင်ထွန်းဝင်းနှင့်စကားများခဲ့ကြောင်း၊ တင်ထွန်းဝင်းမှာ ထွက်ပြေး
တိမ်းရှောင်နေကြောင်း သိရှိရသဖြင့် အရေးယူပေးပါရန်ဦးကျော်မင်းစိုးမှ တိုင်တန်းခဲ့၍ တက်သစ်နယ်မြေရဲစခန်း (ပ)၉၆/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်တက်သစ်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ အမှုမှ ပြစ်မှုကျူးလွန်ထွက်ပြေးတိမ်းရှောင်နေသူ တင်ထွန်းဝင်းအား ဖမ်းဆီးရမိရေးအတွက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းသည်မော်လမြိုင်မြို့တွင် ရောက်ရှိ တိမ်းရှောင်နေကြောင်း သိရှိရသဖြင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရှာဖွေဖမ်းဆီးခဲ့ရာ ၃၀.၉.၂၀၁၃ရက်နေ့ ၁၈၄၅ အချိန်တွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ တိုးချဲ့(၃)လမ်းတွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဦးရေပြားယားယံခြင်းအတွက် လွယ်ကူသက်သာနည်းလမ်းများ

Posted by drmyochit Tuesday, October 01, 2013, under | No comments


ဦးရေပြားယားယံခြင်းဟာ ဗောက်ထခြင်းကြောင့် အဓိကဖြစ်ရပါ တယ်။ ဆိုးရွားပြင်းထန်တဲ့ အခြေ အနေမှာ ဆိုရင် နာကျင်ခြင်း၊ အကွက် များပေါ်ခြင်းနဲ့ ပူလောင်တဲ့ ခံစားမှု တွေကိုပါ ဦးရေပြားမှာ ကြုံတွေ့ရနိုင် ပါတယ်။ သက်သာစေမယ့် နည်း လမ်းတချို့ကို ပြောပြပေးပါ့မယ်။

၁။ ရနံ့သင်းတဲ့ အလှဆီကိုသုံးပါ
ဒီ aroma oil တွေကို ရနံ့ကုထုံး အတွက် သာမကဘဲ ဦးရေပြားအတွက်လည်း သုံးလို့ရပါတယ်။ လာဗင် ဒါရနံ့၊ လက်ဖက်ရနံ့၊ အုန်းသီးရနံ့၊ သံလွင်ဆီစသဖြင့် အမျိုးမျိုးရှိပါ တယ်။ သတိပြုရမှာကတော့ ရနံ့ဆီ ကိုရေနဲ့ ရောပြီးသာ အသုံးပြုရပါမယ်။ ပြီးရင်ဦးရေပြားကို အဲဒီရနံ့အဆီကို အသုံးပြုပြီး နှိပ်နယ်ပေးခြင်းဟာ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို ကာကွယ်ပေးပြီး ဦးရေပြားယားယံခြင်းကို သက်သာစေပါတယ်။

၂။ လီမွန်သီးကို အသုံးပြုပါ
ခေါင်းမလျှော်ခင် လီမွန်သီးတစ်လုံးကို အရည်ညှစ်ပြီး ဦးရေပြားကို သုတ်လိမ်းပေးရင် ဗောက်ထခြင်းကို တားဆီးပေးပါတယ်။ တကယ်လို့ ဦးရေပြား ခြောက်သွေ့နေတယ်ဆိုရင်တော့ လီမွန်သီးအရည်ထဲမှာ ဒိန်ချဉ် လက်ဖက်စားဇွန်း လေးငါး ဇွန်းလောက်ထည့်ပြီး သုတ်လိမ်းပေးပြီးမှ ခေါင်းလျှော်ပေးပါ။

၃။ ပန်းသီးဝိုင်
ပန်းသီးနဲ့ပြုလုပ်ထားတဲ့ ဗီနီဂါ သို့မဟုတ် ၀ိုင်ဟာ ဦးရေပြားကို ရောင်ရမ်းခြင်းကနေ သက်သာစေပြီး ဦးရေပြားယားယံခြင်းကို ကာကွယ်ပေးပါတယ်။ ရေငါးဆ၊ ပန်းသီး ဗီနီဂါသို့ ၀ိုင်တစ်ဆကို ရောထားတဲ့ အရည်ကို ဦးရေပြားကို သုတ်လိမ်းပေးပါ။ ၁၅မိနစ်လောက်ကြာရင် ရေ သန့်သန့်နဲ့ဆေးချပေးပါ။ ဒါဆိုရင် ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ် နိုင်ပါပြီ။

၎။ ရှားစောင်းလက်ပတ်အမှုန့်
ဦးရေပြားနေလောင်ခြင်း၊ အဖု ပေါက်ခြင်းတွေအတွက်ကတော့ ရှားစောင်းလက်ပတ်ပေါင်ဒါမှုန့်ကို ဦးရေ ပြားကို လိမ်းပေးပါ။ ပေါင်ဒါမရလည်း ဂျယ်လ်ကို အသုံးပြုနိုင်ပါတယ်။ ဘက်တီးရီးယားတွေ ဦးရေပြားကို ခိုအောင်းနေတာကို ကာကွယ်ပေးတဲ့ အပြင် အေးမြတဲ့ ရှားစောင်းလက်ပတ်ဟာ ဦးရေပြားပူလောင်ခြင်းကို သက် သာစေပါတယ်။

သက်ကို
ref: medindia
Health Updates Journal

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲမှု ငါးဆကျော်အထိ တိုးတက်လာမည်ဟု တယ်လီနောခန့်မှန်း

Posted by drmyochit Tuesday, October 01, 2013, under | No comments

ရန်ကုန်မြို့တစ်နေရာတွင် မိုဘိုင်းဖုန်းသုံးစွဲနေသူတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ဘန်ကောက် ၊ စက်တင်ဘာ ၃၀

တယ်လီနောကုမ္ပဏီအတွက် ဈေးကွက်သစ်တစ်ခုဖြစ် သော မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ငှားရမ်းသုံးစွဲမှုမှာ ၂၀၁ရ အကုန် ၌ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ခန့်အ ထိ ငါးဆကျော်မြင့်တက်လာမည် Telenor ASA ၏ အမှုဆောင် အရာရှိချုပ်ဂျွန်ဖရက်ဒရစ်ဘက်ခ် ဆတ်စ်က ပြောကြားခဲ့သည်။  ယခုနှစ်ကုန်တွင် လိုင်စင် တရားဝင်ချပေးလိမ့်မည်ဟု နော့ ဒစ်ဒေသ၏ အကြီးဆုံးဖုန်းကုမ္ပဏီ နှင့် မြန်မာ့ဆက်သွယ်ရေးကွန် ရက်တည်ဆောက်ရေးအတွက် ရွေးချယ် ခံရသော အော်ပရေတာ နှစ်ဦးအနက်တစ်ဦးဖြစ်သော တယ် လီနောက မျှော်လင့်ထားသည်ဟု မစ္စတာ ဘက်ခ်ဆတ်စ်က ပြော ကြားခဲ့သည်။ ယင်းသို့ချထားပေး ပြီးနောက် ခုနစ်လမှ ရှစ်လအတွင်း ဝန်ဆောင်မှုများစတင်မည်ဖြစ် ကြောင်းလည်း စက်တင်ဘာ ၂၈ ရက်က စင်ကာပူတွင်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။

''အခုအချိန်မှာ မြန်မာနိုင်ငံ ရဲ့မိုဘိုင်း ဖုန်းသုံးစွဲမှုဟာ ၁ဝရာခိုင်နှုန်း အောက်သာရှိပေမယ့် အချိန်တို အတွင်း သိသိသာသာမြင့်တက် လာလိမ့်မယ်''ဟု မစ္စတာဘက်ခ် ဆက်စ်ကပြောကြားခဲ့သည်။ လာ မည့်သုံးနှစ်အတွင်း မိုဘိုင်းဖုန်းသုံး စွဲမှုမှာ ရာခိုင်နှုန်း ၅ဝရှိလာနိုင် သည်ဟု ၎င်းကပြောကြားခဲ့သည်။  မဖော်ထုတ်ရသေးသည့် ကမ္ဘာ့နောက်ဆုံးဈေးကွက်များထဲ မှတစ်ခုကို ဖွင့်လှစ်ပေးသည့်အ နေဖြင့် မြန်မာသည် ဇွန်လက တယ်လီနောနှင့် အူရီဒူးကို ရွေး ချယ်ခဲ့သည်။ မြန်မာနိုင်ငံတွင် မို ဘိုင်းဖုန်းသုံးစွဲမှုကျယ်ပြန့်လာခြင်း က တယ်လီနော၏ ရောင်းချရမှု ကို ၂၀၂ဝပြည့်နှစ်တွင် ခုနစ်ရာ ခိုင်နှုန်းမှရှစ်ရာခိုင်နှုန်းအထိ မြင့် တက်လာနိုင်ကြောင်း  Swedbank AB  ၏ ဩဂုတ်လခန့်မှန်းချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု အတွက် ဘဏ္ဍာရေးဆိုင်ရာရည် မှန်းချက်များပြောကြားခြင်းကိုမူ မစ္စတာဘက်ခ်ဆက်စ်က ငြင်းပယ် ခဲ့သည်။  လိုင်စင်များအရ တယ်လီ နောနှင့် အူရီဒူးသည် မြန်မာနိုင်ငံ ၏ လူဦးရေ၅၉သန်းခန့်အတွက် ဝန်ဆောင် မှုပေးမည့် နိုင်ငံတစ်ဝန်း ကြိုးမဲ့ကွန်ရက်လုပ်ငန်းကို ၁၅နှစ် ကြာ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ် အားလိုင်းများထက် နိုင်ငံတွင်းရှိ ကွန်ရက်လုပ်ငန်းများအတွက် နေ ရောင်ခြည်စွမ်းအင်ကိုသာ ပိုမို အားထား ရမည်ဟု အသက် ၅၈ နှစ်အရွယ်ရှိ မစ္စတာဘက်ခ်ဆက်စ် က ပြောကြားခဲ့သည်။ အခြေစိုက်စခန်းတိုင်းအ တွက် စွမ်းအင်လိုအပ်သော်လည်း ကျေးလက်ဒေသများတွင် လျှပ် စစ်ဓာတ်အားလိုင်းမရှိသည့်အ တွက် စွမ်းအင်ကဏ္ဍကို မိမိတို့ကိုယ် တိုင် ထူထောင် ထုတ်လုပ်သွား မည်ဟု ဘက်ခ်ဆက်စ်က ပြော ကြားခဲ့သည်။

Yangon Media Group

အသွင်တူလွန်းသဖြင့် ကလူနီးနှင့် ချစ်သူများ မဖြစ်ခဲ့ခြင်းဟု ဆန်ဒရာ ဘူးလော့ခ်ဆို

Posted by drmyochit Tuesday, October 01, 2013, under | No comments

ဆန်ဒရာနှင့် ဂျော့ဂ်ျတို့သည် အချို့သော ပွဲလမ်း သဘင် များတွင် အတူတွဲ တက်ရောက်ခဲ့ဖူးသော်လည်း ချစ်သူများ အဖြစ် လုံးဝ မတွဲခဲ့ကြချေ။

သူမနှင့် ဂျော့ဂ်ျကလူနီးတို့သည် အသွင်တူလွန်းသဖြင့် ချစ်သူများ မဖြစ်ခဲ့ခြင်းဟု ဟောလီးဝုဒ် မင်းသမီး ဆန်ဒရာ ဘူးလော့ခ်က ထုတ်ဖော် ပြောကြားလိုက်သည်။ ဆန်ဒရာနှင့် ဂျော့ဂ်ျတို့သည် အချို့သော ပွဲလမ်းသဘင်များတွင် အတူတွဲ တက်ရောက်ခဲ့ဖူးသော်လည်း ချစ်သူများအဖြစ် လုံးဝ မတွဲခဲ့ကြချေ။ Gravity ဇာတ်ကားတွင် ဂျော့ဂ်ျနှင့်အတူ တွဲဖက်သရုပ်ဆောင်ထားသည့် ဆန်ဒရာက ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးနှင့် ပတ်သက်ပြီး မေးမြန်းမှုများအား ထူးခြားသော ရှုထောင့်တစ်ခုမှ ဖြေကြားခဲ့သည်။ ဂျေးလီနို၏ The Tonight Show အစီအစဉ်တွင် ဆန်ဒရာက မိမိနှင့် ဂျော့ဂ်ျတို့သည် ရင်းနှီးလွန်းသော မိတ်ဆွေများ ဖြစ်သော်လည်း မည်သည့်အခါကမျှ Dateခဲ့ခြင်း မရှိဟု အတည်ပြုခဲ့သည်။

သူမက "ကျွန်မတို့ချင်း ရင်းနှီးသလို တစ်ယောက်အကြောင်းလည်း တစ်ယောက် သိခွင့်ရခဲ့ပါတယ်။ ကျွန်မတို့ နှစ်ယောက်ဟာ ဒီနယ်ပယ်မှာ နီးစပ်လွန်းလျှက်နဲ့ Dateခဲ့တာမျိုး မရှိတဲ့ ရှားရှားပါးပါး အခြေအနေလို့တောင် ညွှန်းချင်ပါတယ်။ ဖြစ်နိုင်တာက ကျွန်မတို့နှစ်ယောက်ဟာ ခံယူချက်ချင်း၊ ပုံစံချင်း တော်တော်လေး ဆင်တူတာကြောင့် ဖြစ်နိုင်တယ်။ ဒီအခြေအနေက ကျွန်မတို့ကို မိတ်ဆွေဆိုတဲ့ ဆက်ဆံရေးထက် မပိုအောင် အရာရာ တားဆီးပြီးသား ဖြစ်သွားစေတယ်လေ"ဟု ပြောကြားခဲ့သည်။

အော်စကာဆုရှင် မင်းသမီးက သူမ၏ (၃)နှစ်အရွယ် သားငယ် လူးဝစ်သည် ဂျော့ဂ်ျအပြင် ဂျော့ဂ်ျရော သူမနှင့်ပါ ခင်မင်သည့် ရန်ဒီဂါဘာတို့ကိုပါ အလွန်အားကျလေ့ ရှိကြောင်းလည်း ဆိုသည်။ ဂါဘာသည် စူပါမော်ဒယ်လ် စင်ဒီကရော့ဖို့ဒ်နှင့် လက်ထပ်ထားသူ ဖြစ်သည်။ ဆန်ဒရာက "ကျွန်မသားလေးက ခုကတည်းက လူကြီးတွေကို အတုခိုးတတ်နေပြီ။ သူက ဂျော့ဂ်ျနဲ့ ရန်ဒီတို့ ပျောက်နေရင် ကျွန်မကို အမြဲတမ်းမေးတယ်။ သူက လူကြီးနှစ်ယောက်နဲ့ အတူရှိရတာကို သဘောကျတယ်။ သူတို့ကိုလည်း တော်တော်လေး အားကျပြီး လိုက်အတုခိုးတတ်တယ်"ဟု ပြောကြားသွားသည်။

From: Planet Myanmar Network

ဓမ္မစက္က ဆရာဦးမောင်မောင်မှ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ သတင်းဋ္ဌာနများနှင့် ဖြေကြားချက် ( သူခိုးဓားရိုးကမ်း အသိမဲ့တဲ့ သူတွေ မဖြစ်မနေဖတ်ပါ)

Posted by drmyochit Tuesday, October 01, 2013, under | 2 comments


အမျိုးစောင့်ဥပဒေကို မြန်မာပြည်သူပြည်သား အများစုက ၀မ်းသာအားရ ထောက်ခံနေကြပေမယ့် တစ်ချို့သော နိုင်ငံရေးသမားများ၊ လူမှုရေးလှုပ်ရှားသူများ၊ အမျိုးသမီးအဖွဲ့အစည်းဝင်များ၊ လူ့အခွင့် သမား ဆိုသူများ ကလည်း အမျိုးသမီးအခွင့်အရေးကို ပိတ်ပင်တားဆီးတယ်၊ လူ့အခွင့်အရေးနဲ့ မကိုက်ညီဘူးဆိုပြီး ဝေဖန် ဆန့်ကျင် ကန့်ကွက်တာတွေ ရှိနေပါတယ်။ ဒါဟာ လည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိလို့ ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် တကယ်သိမြင်နားလည်တဲ့ ပညာဥာဏ်နဲ့ တွေးခေါ်ပြောတာလား၊
သူများပြောတာ သံယောင်လိုက်ပြောတာလား ဆိုတာကိုတော့ ကိုယ့်ဟာကိုယ် ပြန်မေး ခွန်း ထုတ်သင့် ပါတယ်။

အမျိုးစောင့် ဥပဒေမှာ ဘယ်အချက်ကို သဘောမကျတာလဲဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြော ဆိုနိုင်မယ် ဆိုရင် အချင်းချင်း စကားများစရာလဲ မလိုတော့ဘူး။ ရေးဆွဲသူတွေက ပွင့်လင်းမြင်သာစွာ အကြောင်း အ ကျိုးရှင်းပြထားသလို ကန့်ကွက်သူတွေဖက်ကလည်း ပွင့်ပွင့်လင်းလင်း ဘာကိုတော့ ဘာကြောင့် သဘောမတူဘူးဆိုပြီး ပြောပြရင် အမျိုးသားရှေ့ရေးအတွက် ပူးပေါင်းကူညီရာ ရောက်မှာပါ။ ခုတော့ ဘယ်သူ့ မျက်နှာကြည့်ပြီး မျက်စိမှိတ် ကန့်ကွက်နေသလဲဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။

အမျိုးစောင့် ဥပဒေဆိုပေမယ့် တကယ်တော့ ဘာသာကူးပြောင်းတဲ့အခါ စည်းကမ်းစနစ်တကျ ဥပဒေနဲ့အညီ ကူးပြောင်းနိုင်အောင်နဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းး ဥပဒေ နှစ်ရပ်ကို အမျိုးစောင့် ဥပဒေဆိုပြီး ခေါ်တာပါ။

တကယ်တော့ ဒီဥပဒေကြမ်းဟာ ဗုဒ္ဓဘာသာများသာမက ဘာသာအားလုံးအတွက် ကန့်ကွက်စရာ မရှိဘူးလို့ မြင်ပါတယ်။ ဘာသာခြားတွေကိုလည်း တန်းတူ ကာကွယ်ပေးထားတာပါ။
ဥပမာဗျာ - ခရစ်ယာန်မိဘတွေဟာ သူတို့ သားသမီး မူဆလင်ဘာသာကို မပြောင်းစေချင်သလို မူဆလင်မိဘတွေကလည်း သူတို့ သား သမီးတွေကို ဗုဒ္ဓဘာသာ ပြောင်းစေချင်မှာ မဟုတ်ပါဘူး၊
ဒါကြောင်း ဖြားယောင်းလို့  အတင်းအဓမ္မ၀င်ခိုင်းလို့ နှိပ်စက်လို့ ခြိမ်းခြောက်လို့ ဘာသာကူးပြောင်း ရတယ်ဆိုတဲ့ ပြဿနာလည်း ရှိမှာမဟုတ်တော့ပါဘူး။

ဘယ်ဘာသာဝင်မဆို ကြိုက်တဲ့သူနဲ့ အိမ်းထောင်ပြုခွင့် လက်ထပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ပေါက်လွှတ်ပဲစား စည်းကမ်းမဲ့လုပ်လို့တော့ တရားမ၀င်ဘူး။ ဒီလိုလုပ်ခဲ့လို့ မြန်မာမတွေ ဒူးနဲ့မျက်ရည်သုတ်ခဲ့ရတာတွေ များလှပါပြီ။ သာလာယံဇရပ်လို ၀င်ချင်တိုင်းဝင် စော်ကားချင်တိုင်း စော်ကားခွင့် ရနေခဲ့ကြတာဟာ ပြတ်သားခိုင်မာတဲ့ ဥပဒေတစ်ခု မရှိလို့ဆိုတာ ခုတော့ထင်ရှားလာလို့ ဒီဥပဒေတွေကို ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားကြတာပါ။

တစ်ခြားဘာသာမှာ ဥပဒေအဖြစ် ပြဋ္ဌာန်းထားတော့ အမျိုးစောင့်အုတ်တံတိုင်းကြီးတွေ အခိုင်အမာ ရှိပြီးသားပါ။ ကျွန်တော်တို့က ခံရလွန်းလို့ ခုမှ ၀ါးခြံစည်းရိုးလေး သစ်သားစည်းရိုးလေးကာဖို့ ကြိုးစားတာပါ။ ဒါကို ဝေဖန်ခံလိုက်ရတာ နားမလည်နိုင်အောင်ပါဘဲ။

၁၉၅၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေရှိပေမယ့် မြန်မာတွေဟာ ဥပဒေလေ့လာမှုအားနည်းတာက တစ်ကြောင်း ပြဿနာဖြစ်လာရင် ငွေများတရားနိုင်ဖြစ်လွန်းလို့ အမှုအခင်းမဖြစ်ချင်တာကြောင့် ကျိတ်မှတ်သည်းခံလာခဲ့ကြတာ ရင်ထဲမှာ ခံစားချက်တွေတင်းကျပ်ပြီး ယမ်းအိုးကြီးဖြစ်နေကြတာ ခုလိုပြဿနာမီးပွားတွေ စလိုက်တာနဲ့ သံသယတွေပေါက်ကွဲပြီး ပဋိပက္ခကြီးတွေ ဖြစ်ကုန်ကြတော့တာပါပဲ။ အဲဒီ သမိုင်းနောက်ခံတွေနဲ့ ပြဿနာဇစ်မြစ်တွေကို နားလည်ဖို့ လိုပါတယ်။ ပြဿနာအကြောင်းရင်းကို သိအောင်မလုပ်ပဲနဲ့တော့ ငြိမ်းချမ်းရေးဟာ မနီးပါဘူး။ များသောအားဖြင့် မြန်မာမိန်းကလေးတွေဟာ မူဆလင်နဲ့ ရပြီးရင် အစ္စလာမ်ကို နည်းအမျိုးမျိုးနဲ့ အဓမ္မသိမ်းသွင်းခြင်း ခံကြရပါတယ်။ ဒီတော့ ၅၄ ဥပဒေက ဗုဒ္ဓဘာသာ မဟုတ်တော့တဲံ့အတွက်
အကာအကွယ် မပေးနိုင်တော့ပါဘူး။ ဒါဟာ လက်တွေ့ ရင်ဆိုင်နေရတဲ့ တကယ့်ဖြစ်ရပ်မှန်ပါ။

ခုဟာကလည်း မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးတာပဲ ပါပါတယ်။ အပြစ်ကျူးလွန်သူဟာ အမျိုးသားပဲဖြစ်လို့ သူ့ကိုပဲ ပြစ်ဒဏ်သတ်မှတ်ထားတာကို ကန့်ကွက်ရမှာက ယောင်္ကျားလေး ဖြစ်ရမှာ မိန်းမတွေက ကန့်ကွက်နေတာဆိုတော့ ဘယ်လိုနားလည်ရမှာပါလဲ။ ယောင်္ကျားအခွင့်အရေး ဆုံးရှုံးနေတယ်ဆို ဟုတ်တုတ်တုတ်ပါပဲ။
ခုတော့ ကျွန်မတို့ ကုလားယူယူ တရုတ်ယူယူ ကပ်ပလီကြီးယူယူ လင်သရမ်းချင်တိုင်း သရမ်းမယ် ဒါ ကျွန်မတို့အခွင့်အရေးပဲ။ ကျွန်မလင်ကို မထိနဲ့ မီးပွင့်သွားမယ် ဆိုပြီး ရန်တွေ့နေတာနဲ့တူပါတယ်။

ဒါကြောင့် မျိုးစောင့်ဥပဒေကို လွှတ်တော်မတင်ခင် ဖြစ်သင့်တာတွေကို ထပ်ပြီးဆွေးနွေးကြအုံးမှာပါ။ မြန်မာပြည်သူတွေအတွက် အနာဂါတ်ခိုင်မာအောင် ဘာအာဏာ ပါဝါကိုမှ မမျှော်ကိုးဘဲ အမျိုး ဘာသာ သာသနာ ချစ်စိတ်တစ်ခုတည်းနဲ့ ဆောင်ရွက်နေကြတာဖြစ်လို့ နားလည်ပေးကြပါ။ မှားတာရှိလည်း ထောက်ပြပေးကြပါ။ တိုင်းပြည်အကျိုးကိုရှေ့ရှုလို့ အတူတကွ နားလည်မှုတည်ဆောက်ပြီး စည်းလုံးညီညွတ်ကြပါစို့။
ရန်သူတွေ ၀မ်းသာအောင် မလုပ်ကြပါနဲ့။ မိမိအတ္တကြောင့်  တိုင်းပြည်နဲ့ အမျိုးသားရေးကို သစ္စာဖောက်သလို မဖြစ်ပါစေနဲ့ သမိုင်းကို ပြည်သူတွေက ရေးသားမှတ်တမ်းတင်တယ်ဆိုတာ သတိပြုစေလိုပါတယ်။ ကမ္ဘာမှာ လူ့အခွင့်အရေးလို့ လူကြားကောင်းအောင် အော်ပြနေကြပေမယ့် တကယ်မှာတော့ ဘယ်နိုင်ငံမှာမှ အမျိုးသားရေးရှေ့ကို နေရာမပေးပါဘူးဆိုတာ သိစေချင်ပါတယ်။

ဒီနိုင်ငံမှာ နောင်နှစ်ပေါင်းများစွာ မြန်မာဆိုတာ ရှိနေစေဖို့ရယ် ဘာသာတိုင်း အေးချမ်းစွာ ပြဿနာမရှိ အတူယှဉ်တွဲနေနိုင်ဖို့ ဒီဥပဒေဟာ အရေးကြီးပါတယ်။ အိမ်ရှင်လူမျိုး အိမ်ရှင်ဘာသာဆိုတာ အသိအမှတ်ပြု လေးစားမှ စော်ကားမှုကင်းပြီး သူ့စည်းကိုယ့်စည်းနဲ့ ငြိမ်းချမ်းရေးကို ထာဝရ ဖြစ်ပေါ်စေမှာ အမှန်ပါဘဲ။

ဓမ္မစက္က ဦးမောင်မောင်

KIA မှ ဒေသခံရွာသူ/ရွာသား (၃) ဦးအား လက်ပြန်ကြိုးတုပ် ဖမ်းဆီးခေါ် ဆောင်မှု ၀ိုင်းမော်မြို့နယ်တွင် ဖြစ်ပွား

Posted by drmyochit Tuesday, October 01, 2013, under | No comments



အောက်တိုဘာလ ၁ ရက် ၂၀၁၃

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာ၊ ရပ်ကွက် (၃) ၌ နေထိုင်သော ရွာသူ/ရွာသား (၃) ဦးအား စက်တင်ဘာ (၂၈) ရက်နေ့ ညနေပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့ တစ်ဖွဲ့မှ ရွာထဲသို့ ၀င်လာပြီး လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ယင်းဒေသခံများ ထံမှ သိရှိ ရ သည်။

“ အဖမ်းခံရတာက ယောင်္ကျားလေးနှစ်ယောက်နဲ့ မိန်းကလေး တစ်ယောက်ပါ၊ ရွာရဲ့ အရှေ့မြောက်ဘက်ကို ဖမ်းခေါ်သွားတာ မြင်တဲ့ရွာသားတွေလည်းရှိ တယ်၊ ဒါပေမယ့် ဘာမှ မလုပ်ရဲကြပါဘူး၊ နန်ဇော်ယန်စခန်းမှာ ဖမ်းချုပ်ထား တယ်လို့ သတင်းရပါတယ် ” ဟု ယင်းရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောပြသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အဖမ်းခံရသည့် အကြောင်းအရင်းကို မေးမြန်းကြည့်ရာ မူးယစ်ဆေးဝါးကိစ္စနှင့် ပတ်သက်၍ စစ်ဆေးစရာရှိသည်ဟု အကြောင်းပြကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း အဖမ်းခံရသူများမှာ မောင်ငွါး ဆာ၊ မောင်ပေါ်စန်းတူနှင့် မချမ်းဝမ်တို့ဖြစ်ကြကြောင်း သိရှိရသည်။

“ မချမ်းဝမ်က မောင်ငွါးဆာရဲ့အိမ်မှာ သူ့မိန်းမ မရီရွယ်ဂျားနဲ့အတူ တီဗွီကြည့်နေကြတာ၊ အဲဒီအချိန်မှာ ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေ အိမ်ပေါ်တက်လာပြီး မောင်ငွါးဆာနဲ့ မချမ်းဝမ်တို့ကို လက်ပြန်ကြိုးတုပ်တော့ တာပဲ ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး စစ်ဆေးစရာရှိတယ်ဆိုပြီး ဖမ်းခေါ်သွားတာ၊ မရီရွယ်ဂျားကိုလည်း သက်ဆိုင်ရာကို အကြောင်းကြားရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်သွားသေးတယ် ” ဟု ယင်းရွာခံတစ်ဦးက ပြောပြသည်။

KIA အဖွဲ့မှ အဆိုပါ (၂) ဦးအား ဖမ်းဆီးခေါ်ဆောင်သွားစဉ် အပြန်လမ်း၌ နန့်မီးခချောင်းတွင် မောင်ပေါ်စန်းတူ အား တွေ့ရှိသဖြင့် ထပ်မံဖမ်းဆီး သွားခြင်းဖြစ်ကြောင်း ယင်းရွာခံက ဆက်လက်ပြောပြသွားသည်။

“ မောင်ငွါးဆာရော မချမ်းဝမ်ပါ တောင်သူတွေပါ၊ ရိုးရိုးသားသားပဲ လုပ်ကိုင် စားသောက်နေကြတာပါ၊ မူးယစ် ဆေးဝါးနဲ့ ဘာမှ မပတ်သက်ဘူးဆိုတာ တစ်ရွာလုံးသိနေတာပဲ၊ ကချင်တပ်က သက်သက်မဲ့ အကြောင်းရှာပြီး လာဖမ်းတာ၊ မူးယစ်ဆေးသုံးလို့ ဖမ်းကြေးဆိုရင် သူတို့တပ်ဖွဲ့ဝင်အားလုံးကို လည်းပြန်ဖမ်းရမှာပဲ၊ အကုန်လုံး ဘိန်းစားတွေချည်းပဲ၊ အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်တုန်းက ဘိန်းတွေကျွေးပြီး KIA တပ်ဖွဲ့ဝင်တွေကို စစ်တိုက်ခိုင်းတာ ကျွန်တော်တို့သိနေတာပဲ၊

သူတို့ကိုယ်တိုင်ကျူးလွန်နေတာကျတော့ ဘာမှ မလုပ်ဘဲနဲ့ အပြစ်မရှိတဲ့ ရွာသားတွေကို ဖမ်းတာတော့ တော်တော်တရားလွန်တယ်ဗျာ ” ဟု ယင်းရွာမှ ပညာတတ်ဘွဲ့ရ လူငယ်တစ်ဦးက ပြောပြသွားသည်။

အတင်းအဓမ္မဖမ်းဆီးခြင်းခံရသော ရွာသူရွာသား (၃) ဦး၏ မိသားစုများမှာ သက်ဆိုင်ရာသို့ တိုင်ကြားခြင်းမပြု လုပ်ရဲဘဲ ကြောက်ရွံ့နေကြကြောင်း၊ KIA မှ သက်ဆိုင်ရာကို တိုင်ကြားပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ထား ကြောင်း၊ သို့သော် ၀ိုင်းမော်မြို့ရှိ အစိုးရဌာနဆိုင်ရာရုံးများသို့ သွားရောက်တိုင်ကြားရန် ရွာသူရွာသားများက စီစဉ်နေကြကြောင်း ၊ တရားဥပဒေမဲ့လုပ်ရပ်များကို KIA က ယခုလို ကျူးလွန်နေခြင်းကို တရားဥပဒေနှင့်အညီ ဖြေရှင်းပေးရန် ဆန္ဒရှိနေကြကြောင်း ယင်းကျေးရွာသူ/ရွာသားများ၏ ပြောပြချက်အရ သိရှိရပါသည်။

ခွန်နော်
ကချင်နေ့စဉ်သတင်း

"ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူသို့ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ"

Posted by drmyochit Tuesday, October 01, 2013, under | No comments


မိဘပြည်သူများခင်ဗျား

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေး ပြောကြားနေ ကျဖြစ်တဲ့အတိုင်း ယခုလည်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်းဖြစ်ပါတယ်။

ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံဆက်သွယ်ပြောကြားတဲ့ အစီအစဉ်မှာ ခင်လကအထူးပြုပြောကြားခဲ့
တဲ့ ရေရှည်တည်ဆောက်ရမယ့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွေကို ဦးစားပေးပြောကြားသွားမှာဖြစ်ပါတယ်။ လက်ရှိမြန် မာနိုင်ငံ မှာ ရရှိထားတဲ့ နိုင်ငံရေး၊ စီးပွားရေးဖြစ်ထွန်းတိုးတက်မှုများဟာလည်း ငြိမ်းချမ်းရေး တည်ဆောက် မှုဖြစ်စဉ် များနဲ့ အခြေခံကျကျ ဆက်နွှယ်နေတဲ့အတွက် ယခုလမှာ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်နဲ့ပတ်သက်တဲ့ ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက် နဲ့ သဘောထားတွေ ကို ရှင်းလင်း တင်ပြ သွားမှာဖြစ် ပါတယ်။

ခေတ်အဆက်ဆက်မှာ ငြိမ်းချမ်းရေးတည်ဆောက်မှုကို အစဉ်တစိုက်ကြိုးပမ်းခဲ့ကြပါတယ်။ လုပ်ဆောင်မှု ပုံစံနှင့် စိတ်စေတနာ မှန်ခြင်း၊ မှားခြင်းဆိုတဲ့ ကိစ္စရပ်ကတော့ သမိုင်းက အဆုံး အဖြတ်ပေးတဲ့ ကိစ္စရပ်ဖြစ် ပါတယ်။ သေချာ တဲ့အရှိတရားတစ်ခုကတော့ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေပြီး ပြည်သူ လူထု တစ်ရပ်လုံး လိုလားတောင့် တနေတဲ့ ခိုင်မာ၍ရေရှည် တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးတာ ပဲဖြစ်ပါ တယ်။ ဒါဟာ ကျွန်တော်တို့ခေတ်ရဲ့ နိုင်ငံရေးအရှိတရားပဲဖြစ်ပါတယ်။

သမိုင်းဖြစ်ရပ်တွေကို အခြေခံတဲ့ လက်တွေ့သင်ခန်းစာတွေက ညွှန်ပြနေတဲ့အချက်တစ်ခုကတော့ တိုင်းရင်းသား များအားလုံးပါဝင်တဲ့ ခိုင်မာ၍ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တစ်ရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပစ်အခတ်ရပ်စဲရေးတစ်ခုတည်းနဲ့ မလုံလောက်ဘဲ လက်နက်ကိုင်ပဋိပက္ခများရဲ့ ဇာစ်မြစ်ဖြစ်တဲ့ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့က အဓိကဖြစ်တယ်ဆိုသည့် အချက်ပဲဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများဖြေ ရှင်းပြီးငြိမ်းချမ်းရေး တည်ဆောက်မှုအောင်မြင်ဖို့ စတင်စဉ်းစားတဲ့ ကာလကတည်းက ရှေ့မှာပြောကြားခဲ့တဲ့ အရှိတရားတွေကို ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွေကို အစပြုခဲ့ပါတယ်။

ကျွန်တော်တို့အစိုးရသစ် စတင်ဖွဲ့စည်းပြီး များမကြာမီမှာကျွန်တော့်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း အားလုံးကို ငြိမ်းချမ်းရေးစားပွဲဝိုင်းကို လာရောက်ဖို့ ကြိုတင် စည်းကမ်း သတ်မှတ်ချက်များ မပါဘဲ စိတ်ရင်းစေတနာသန့်သန့်ဖြင့် ဖိတ်ခေါ်ခဲ့တာအားလုံးအသိပဲဖြစ်ပါတယ်။ အဲဒီဖိတ်ခေါ်ချက်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုများနဲ့ စတင်ခဲ့ ပါတယ်။

လိုအပ်ချက်များစွာ၊ စိန်ခေါ်မှုများစွာကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့ကြတဲ့ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ် အသီး သီးရဲ့ မှန်ကန်တဲ့စိတ်ရင်းစေတနာနဲ့ ကျော်လွှားပြီးယနေ့ရရှိထားတဲ့ ဖြစ်ထွန်းမှုတွေကို တက်လှမ်းနိုင် ခဲ့တာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို အဆင့်ဆင့် အောင်မြင် စွာရေး ထိုးနိုင်ခဲ့ သည့်တိုင် မလွှဲမရှောင်နိုင်ခဲ့တဲ့ ထိတွေ့မှုများဖြစ်ပွားခြင်းများရှိသလို တပ်မတော် နဲ့ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်း အဆင့်ဆင့်ညှိနှိုင်းမှုများဖြင့် တိုက်ပွဲပေါင်းများစွာ ကိုရှောင်လွှဲနို င်ခဲ့တဲ့ သာဓကများ ရှိတယ်ဆိုတာကိုလည်း ပြောကြားလိုပါတယ်။ တိုက်ပွဲကြီး/ငယ်ဖြစ်ခဲ့ရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို လည်း ဆွေးနွေးညှိနှိုင်းမှုနည်းလမ်းများနဲ့ စစ်ရှိန်လျှော့ ချနိုင်ခဲ့ တာပဲဖြစ်ပါတယ်။

ဒီသာဓကတွေကိုကြည့်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များ အပါ အဝင် ပါဝင်ပတ်သက်သူအားလုံးအနေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ပြင်းပြတဲ့ ဆန္ဒရှိကြ တယ် ဆိုတဲ့ အချက် ရယ်၊ လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ စိတ်ရှည်ခြင်း၊ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းတွေ ကို အခြေခံပြီး ညှိနှိုင်းမှုများကို ဇွဲသန်သန်ဖြင့် လုပ်ဆောင်နို င်ခဲ့တယ် ဆိုတဲ့ အချက်နှစ် ချက် ကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

လိုအပ်ချက်ပေါင်းများစွာနဲ့ အားနည်းချက်ပေါင်းများစွာရှိနေတဲ့ကြားက ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်
အတွက် ကြိုးပမ်းအားထုတ်မှုများနဲ့ အဆင့်ဆင့်တက်လှမ်းနိုင်ခဲ့တဲ့ အောင်မြင်မှုများကို ချိန်ထိုးကြည့် မယ်ဆိုရင် တစ်ဖက် ကရှိနေတဲ့ လိုအပ်ချက်ပေါင်းများစွာနဲ့ အားနည်းချက်တွေထက် အောင်မြင်မှုများက များစွာကျော်လွန် တဲ့အတွက် ကျွန်တော်တို့နဲ့ဆွေးနွေးဖက်များဖြစ်တဲ့ တိုင်းရင်းသား အဖွဲ့ အစည်း အသီး သီး ရဲ့ ခေါင်းဆောင်များကိုလည်းကောင်း၊ တပ်မတော်ကိုလည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီး ကိုလည်းကောင်း ချီးကျူးဂုဏ်ပြုရမှာဖြစ်ပါတယ်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တိုးတက်မှုတွေအနက် ကျွန်တော့်အနေနဲ့ အားရမှုအရှိဆုံးရလဒ်ကတော့ မိမိတို့ သဘော အလျောက် ပြည်ထောင်စုအတွင်းပါဝင်ခြင်းဆိုတဲ့ အခြေခံမူကိုထင်ဟပ်စေတဲ့ ပြည်ထောင် စုမှ ခွဲထွက်ခြင်းမပြုဆိုတဲ့သဘောထားရပ်တည်ချက်များကို တိုင်းရင်းသားများအားလုံးက အခိုင်အမာ ဆုပ်ကိုင် ထားမှုပဲဖြစ်ပါတယ်။

အထက်ပါဖြစ်ထွန်းမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုခိုင်မာစေဖို့အတွက် တစ်ပြည်လုံး အတိုင်း အတာ အကျုံး ဝင်သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ကို မကြာမီကာလများမှာ ရေးထိုးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။ ဒီလုပ်ငန်းရပ်ဟာ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးနဲ့ ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် သဘော တူညီချက်များရေးထိုးစဉ်က တောင်းဆို ထားတဲ့ အချက် ကို အကောင် အထည်ဖော်ဖို့အတွက်ဖြစ်ပါတယ်။ အခုလိုရေးထိုးခြင်းဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အပစ် အခတ် ရပ်စဲရေး တစ်ခုတည်းဖြင့် ရပ်တန့်ရန်ကြိုးပမ်းမှုမဟုတ်ဘဲ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးရဲ့ လိုလားချက်ဖြစ်တဲ့ မိမိတို့နိုင်ငံ၏လက်နက်ကိုင်ပဋိပက္ခများကို အခြေခံဇာစ်မြစ်များမှ ဖြေရှင်းနိုင် ရန်အ တွက် နိုင်ငံရေးဆွေးနွေးပွဲများ အစပြုနိုင်ရန်ဖြစ်ပါတယ်။

နိုင်ငံရေးဆွေးနွေးမှုများအတွက် ပိုမိုခိုင်မာတဲ့ အာမခံချက်ရရှိစေဖို့ တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတာနဲ့ တစ်ပြိုင်နက် နိုင်ငံရေးဆွေးနွေးပွဲများ အစပြုရန် လိုအပ်မယ့် ပြင်ဆင် မှုတွေဖြစ်တဲ့နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်(Political Dialogue Framework)များ ညှိနှိုင်းခြင်း၊ ရေးဆွဲခြင်းများကို ပြုလုပ်သွားမှာဖြစ်ပါတယ်၊ မူဘောင်ကိစ္စဆိုင်ရာ ညှိနှိုင်းမှုတွေကို ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ၊လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးတို့ အဆင့်ဆ င့်ညှိနှိုင်းရေးဆွဲ၍ သဘောတူညီမှုရရှိအောင်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များသဘောတူညီချက်ရရှိပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲများကို အစပြုပြီး တစ်ပြည်လုံးအတိုင်းအတာ လွှမ်းခြုံနိုင်တဲ့ အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံတစ်ရပ်ကျင်းပရန် ဦးတည်ချက်ထား လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံကျင်းပခြင်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ကို ဆွေးနွေးပွဲအဆင့်ဆင့်မှာ မည်သို့မည်ပုံ ကျင်းပမယ်၊ အချိန်ကာလမည်မျှ သတ်မှတ်ထား ရှိမယ်၊ ကိုယ်စားလှယ်တွေ ဘယ်လိုရွေးချယ်မယ်၊ ဘယ်လိုကိစ္စရပ်တွေကို ဆွေးနွေးမယ်ဆိုတဲ့ လုပ်ငန်းစဉ် အဆင့် ဆင့်ကို ဆွေးနွေးညှိနှိုင်းမှုများအပေါ်အခြေခံ၍ ကျွန်တော့် အနေဖြင့် ပြည်သူလူ ထုတစ်ရပ်လုံးကို အလျဉ်းသင့်သလိုတင်ပြသွားမှာလည်း ဖြစ်ပါတယ်။

ယခုလို ပြင်ဆင်ဆဲကာလမှာ နိုင်ငံတော်သမ္မတတစ်ဦးအနေဖြင့် ပြောကြားနိုင်တဲ့ သဘောထား နဲ့ရပ် တည်ချက် ကတော့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဆိုသည့် အချက်များကို အခြေခံမူများအဖြစ်ခံယူပြီး အပြုသဘောဆောင်သည့် နိုင်ငံတည်ဆောက်ရေး၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးခိုင်မာစေရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးမှုများအားလုံးကို တံခါးဖွင့်ကြိုဆိုလျက်ရှိကြောင်း ပြောကြားလိုပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုပြီး ကျွန်တော့်အနေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း
လူ့အဖွဲ့ အစည်းမှ ခေါင်းဆောင်များနဲ့ စက်တင်ဘာလလယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ရပ်ဖြစ်ဖို့နဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ် ရှင်သန်ခိုင်မာစေဖို့ ကျွန်တော်တို့ အနေနဲ့ အစဉ်ရှေးရှုလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ ထူးခြားမှုတစ်ရပ်ကတော့ ဒီနှစ် နိုင်ငံတကာငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်၊
မန္တလေး၊ မောလ မြိုင၊် မြစ်ြကီး နား အစရှိတဲ့မြို့ကြီးတွေမှာ ငြိမ်းချမ်း ရေးပွဲတော်တွေကို ပြည်သူ လူထုရဲ့ အသ၊ံ ဆန္ဒတွေကို ထင်ဟပ်ပြီး ဝိုင်းဝန်းကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး လိုချင်တဲ့ ဆန္ဒ၊ အထူးသဖြင့်တိုင်းပြည်တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြရမယ့် လူငယ်တွေရဲ့ ငြိမ်းချမ်းရေး ကို လိုလားတဲ့ ပြင်းပြတဲ့ ဆန္ဒကနေပေါက်ဖွားလာတဲ့ တက်ကြွ လှုပ်ရှား မှုတွေ၊ အနုပညာ လှုပ်ရှား မှုတွေကို ကျွန်တော့်အနေနဲ့ အားရကျေနပ်မိပါတယ်။ပြည်သူလူထုပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အောင်မြင်မှုရရှိမှာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ဒီမို ကရေစီပြုပြင်ပြောင်း လဲရေး လုပ်ငန်းများကို ကြိုးစားအကောင်အထည်ဖော်
ဆောင်ရွက် လာ ခဲ့တာမှာ ဒီမိုကရေစီနဲ့ခွဲခြားလိုမရစကောင်းတဲ့ လွတ်လပ်ခွင့်ကိုလည်း ကြိုးစား အကောင် အထည်ဖော်ပေးခဲ့ တာကို မိဘပြည်သူများအသိပင်ဖြစ်ပါတယ်။

လွတ်လပ်ခွင့်တွေထဲက တစ်ခုဖြစ်တဲ့ မီဒီယာ လွတ်လပ်ခွင့် ကိုလည်းအရှေ့တောင် အာရှနိုင်ငံ အတော်များ များ ထက်ပင် ရှေ့ရောက်နိုင်အောင် တိုးတက်ဖော်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။လွတ်လပ်ခွင့် ရှိလာတာနဲ့ အမျှ တာဝန် ယူမှုလည်း ပိုမို တိုးတက် လာဖို့ လိုပါတယ်။ ဒါမှသာ ဘက်ညီမျှတတဲ့ လူ့ဘောင် ကိုဖန်တီးနိုင် မှာဖြစ်ပါတယ်။ ယခုလို ဒီမိုကရေစီအတွက် မရှိမဖြစ်လိုအပ်တဲ့ မီဒီယာလွတ်လပ်ခွင့်ကို မျိုးစေ့ချဆောင် ရွက်နေ တဲ့အချိန်မှာ မီဒီယာကျင့်ဝတ်၊ မီဒီယာစည်းကမ်းများကို လိုက်နာဖို့၊ အခြေအမြစ် မရှိတဲ့ သတင်းတွေ၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက် ပုတ်ခတ် မှုတွေ ပြုလုပ်ခြင်းကိုရှောင်ရှားကြဖို့လည်း ကျွန်တော့်အနေနဲ့ တိုက်တွန်းပြောကြား လိုပါတယ်။ ယခုလို သမိုင်းဝင်၊ နိုင်ငံတည်ဆောက်ရေး လုပ်ငန်း စဉ်ကြီး ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြရမယ့် အချိန် အခါ မျိုးမှာ မီဒီယာ လွတ်လပ် ခွင့်ကို ခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ၊မီဒီယာစည်းကမ်းနဲ့မညီတဲ့ အပြုအမူတွေကို မပြုလုပ်ကြဘဲ အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုပါတယ်။

ကျွန်တော့်အနေနဲ့ ထပ်မံပြောကြားလိုတဲ့ အချက်တစ်ချက်ကတော့ ကျွန်တော်တို့အစိုးရအနေနဲ့ ဆောင်ရွက် အကောင်အထည်ဖော်နေတဲ့ ပြည်သူလူထုဗဟိုပြု အုပ်ချုပ်မှုဆိုင်ရာပြုပြင်ပြောင်းလဲရေးများနဲ့ ပတ်သက်ပါတယ်။ကျွန်တော်တို့ အစိုးရအဖွဲ့တာဝန်ယူမယ့် ကျန်တဲ့ အချိန်တွေမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကိုထိရောက်စွာ အကောင် အထည်ဖော်နိုင်ဖို့နဲ့ နိုင်ငံတော်သစ်ကို တည်ဆောက် တဲ့နေရာမှာ ပြည်သူတွေရဲ့ လိုအင်တွေ၊အင်အားတွေနဲ့ အစိုးရရဲ့လုပ်ဆောင်မှုတွေကို ဟန်ချက်ညီညီ ပေါင်းစည်းနိုင်ဖို့ အတွက် မြို့မိမြို့ဖတွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြုကော် မတီ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီတွေကို ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော် မတီအ ဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးတွေက ပြည်နယ်/တိုင်းဒေသကြီးအားလုံးကို ကွင်းဆင်းသွားရောက်ခဲ့ပြီး ပွင့်ပွင့် လင်းလင်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခဲ့သလို ပြည်သူလူထုရဲ့ နေ့စဉ် ဘဝဆိုင်ရာ လက်တွေ့သတင်းအချက်အလက်တွေကို ရယူခဲ့ပါတယ်။ ဒီအချက်အလက်တွေအပေါ် အခြေခံပြီးနောက် ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းရေးဆွဲတဲ့အခါမှာ ပြည်သူတွေရဲ့ လက်တွေ့ လိုအပ်ချက်၊ နိုင်ငံရဲ့လိုအပ်ချက်နဲ့ အမှန်တကယ်ကိုက်ညီစေမယ့် ဘတ်ဂျက်ကိုရေးဆွဲအတည်ပြုနိုင်ဖို့ ကြိုးစား သွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထု ပါဝင်တာနဲ့ အမျှ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ပိုမိုမြန်ဆန်၊ ထိရောက်၊ အောင်မြင်လာမှာဖြစ်တဲ့အတွက် ဒီဖွဲ့စည်းထားတဲ့ကော်မတီတွေမှာလည်း စိတ်အားထက်သန်စွာ ပါဝင်အကြံပြုတိုက်တွန်းကြဖို့ ကျွန်တော့်အနေနဲ့ ပန်ကြားလိုပါတယ်။

ယခုလမှာ ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဖြစ်ထွန်းတိုးတက်မှုများ၊ သဘောထား ရပ်တည် ချက်များကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြနိုင်တဲ့အတွက် အားရကျေနပ်မိသလို ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ် စဉ်ကိုစိုးရိမ်စိတ်တွေ၊သံသယတွေ၊ မယုံကြည်မှုတွေ ရှိနေရင်လည်း လုံလောက် တဲ့ရှင်း လင်း မှုတွေ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ပတ်သက်လို့ ရှေ့မှာပြောကြားခဲ့တဲ့အတိုင်း ပါဝင်ပတ်သက်သူအသီးသီးရဲ့ စိတ်ရင်းစေတနာကို အခြေခံတဲ့ ယုံကြည်မှုဖြင့်သာ တည်ဆောက်ထားရတဲ့အတွက် အစိုးရ၊ လွှတ်တော် များ၊ နိုင်ငံရေးပါတီများ၊နိုင်ငံရေးအင်အားစုအသီးသီး၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊စီးပွားရေး အသင်း အဖွဲ့များ၊ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များ၊ တပ်မတော်နဲ့ ပြည်သူလူထုတစ်ရပ်လုံးပါဝင်မှသာ ငြိမ်းချမ်းရေး တည်ဆောက်မှုမှာ အောင်မြင်မှုရရှိမှာဖြစ်ပါတယ်။
လက်ရှိ အြေ ခအနေမှာ ကျွန်တော်တို့ နိုင်ငံသားတစ်ဦးချင်းစီ ပူးပေါင်းပါဝင်တဲ့ အမျိုးသားရေးအင်အားစု
တစ်ရပ် တည်ဆောက်နိုင်မယ်ဆိုပါက မိမိတို့အားလုံး ရယူပိုင်ဆိုင်လိုတဲ့ ခိုင်မာ၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိနိုင်မှာဖြစ်ကြောင်း အလေးထားပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော်တာဝန်ယူထားတဲ့ သက်တမ်းအတွင်းမှာ ပြည်တွင်းငြိမ်းချမ်းရေးရရှိ
အောင်၊ ပြည်သူတွေရဲ့လူမှုစီးပွားဘဝ ပိုမိုတိုးတက်ကောင်းမွန်လာအောင် နောင် အနာဂတ် မျိုးဆက်တွေ အတွက်ပါ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ဘဝတွေ ပိုင်ဆိုင်လာကြဖို့အတွက် ရေရာသေချာတဲ့ အနာဂတ်တစ်ခုကို ရှေးရှုပြီး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။


Popular Myanmar News Journal

ကမ္ဘာမြေကြီး အပူရှိန် မြင့်တက်လာမှုအရှိန် လျော့နည်းကျဆင်း လာနေပြီဟု သိပ္ပံပညာရှင်တစ်စုက ထုတ်ဖော်ပြောကြား

Posted by drmyochit Tuesday, October 01, 2013, under | No comments


ကမ္ဘာ့ဆိုတဲ့ နိုင်ငံကြီးရဲ့ နိုင်ငံသားများဖြစ်ကြတဲ့ ကျွန်တော်တို့ လူသားတွေဟာ ကမ္ဘာကြီးပူနွေးလာမှုဟာ မိမိတို့ရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတယ်လို့ အနည်းနဲ့ အများဆိုသလို လက်ခံထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် အခုမှာတော့ နိုင်ငံတကာမှ သိပ္ပံပညာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုရဲ့ လေ့လာတွေ့ရှိချက်အရ ကမ္ဘာကြီး ပူနွေးလာမှုဟာ အရှိန်လျော့နည်း လာနေပြီဖြစ်ကြောင်း၊ ထို့အပြင် ယခင်က ယူဆထားသကဲ့သို့ လျင်မြင်စွာ ပူနွေးလာခဲ့ခြင်းလည်း မရှိကြောင်း သိရှိရသည်။

ယင်းတွေ့ရှိချက်မှာ ကမ္ဘာတစ်ဝန်းရှိ ပညာရှင်များအား အံ့အားသင့်စေခဲ့သည်။ အထူးသဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် လာမှုနှင့်အတူ လေထုတွင်းသို့ ကာဗွန်ထုတ်လွှတ်မှုလည်း စံချိန်တင် များပြားလာနေသည့် အချိန်၌ ယခုကဲ့သို့ ကမ္ဘာကြီး ပူနွေးလာမှု နှေးကွေးလာနေသည် ဆိုခြင်းမှာ ဆန့်ကျင်ဘက် ဖြစ်နေသည်။

အဆိုပါ အဖွဲ့အနေဖြင့် လတ်တလောကာလအတွင်း အပူချိန် ပြောင်းလဲမှုများအား အနီးကပ်လေ့လာခဲ့ကြရာ လေထုတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပြန့်နှံ့မှုမှာ စက်မှုလုပ်ငန်းများ မဖွံ့ဖြိုးမှီ အချိန်ကထက် ၂ ဆ ကျော် များပြားနေသည်ဟု တွေ့ရှိခဲ့ကြသည်။

ဤလေ့လာတွေ့ရှိမှုမှတဆင့် အဆိုပါ ပညာရှင်များ အနေဖြင့် ကမ္ဘာမြေကြီး၏ အပူချိန်သည် လာမည့် ဆယ်စုနှစ်အတွင်း ၀.၉ မှ ၂.၀ ဒီဂရီစင်တီဂရိတ် (သို့) ၁.၆ မှ ၃.၆ ဒီဂရီဖာရင်ဟိုက် များပြားလာနိုင်သည်ဟု ဖော်ထုတ်နိုင်ခဲ့ကြသည်။ အထက်ပါ ကိန်းဂဏာန်းများမှာ ၂၀၀၇ ခုနှစ်တွင် ကုလသမဂ္ဂမှ ထုတ်ပြန်ခဲ့သည့် ကိန်းဂဏာန်းများထက် လျော့နည်းနေသည်ကိုလည်း တွေ့ရှိရမည်ဖြစ်သည်။

အဆိုပါအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ပါမောက္ခ ရီတိုကနူတီက “ကမ္ဘာကြီး ပူနွေးလာမှုဟာ အရှိန်လျော့နည်း လာနေတယ်ဆိုတာ မှန်ပေမယ့် ယခင်ကတည်းက မျှော်မှန်းထားပြီးဖြစ်တဲ့ ၂.၀ ဒီဂရီစင်တီဂရိတ် ပစ်မှတ်ကတော့ မလွဲအသွေ ရောက်ရှိဦးမှာပါ။ အနှေးနဲ့ အမြန်ပဲ ကွာပါလိမ့်မယ်။ ဒါပေမယ့် အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်နိုင်ဖို့ဆိုရင်တော့ ကမ္ဘာနိုင်ငံများ အနေနဲ့ လေထုတွင်း ကာဗွန်ထုတ်လွှတ်မှုကို အထိရောက်ဆုံးနဲ့ အလျင်မြန်ဆုံး ထိန်းသိမ်းသွားဖို့ လိုအပ်ပါလိမ့်မယ်။” ဟု ဆိုခဲ့သည်။

စက်မှုတော်လှန်ရေး မတိုင်မှီကာလမှ ယနေ့ကာလအတွင်း အပူချိန်မှာ ၀.၈ ဒီဂရီစင်တီဂရိတ် (၁.၄ ဒီဂရီဖာရင်ဟိုက်) မြင့်တက်လာခဲ့ပြီး ဖြစ်သည်ဟု သိရှိရသည်။ ပညာရှင်များ၏ အဆိုအရ အပူချိန်မြင့်တက်မှုသည် ၂ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိသည့်အချိန်မှ စတင်ပြီး ကမ္ဘာပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသည့် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာမည်ဟု သိရှိရပြီး အပူလှိုင်းများ ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း ၊ ရေကြီးခြင်း စသည်တို့ကို အကြီးအကျယ် ခံစားရမည်ဟု သိရှိရသည်။

Myanmar Consumer Guide

ဒီခေတ်မှာ အပျိုစစ်မစစ်က အရေးကြီးလား ။ ကိုယ်ပိုင်အရည်အချင်းအတွေးအခေါ်က အရေးကြီးသလားဟု မြန်မာမိန်းကလေးတစ်ဦးမှ မေးခွန်းထုတ်

Posted by drmyochit Tuesday, October 01, 2013, under | 6 comments


မိန်းကလေးတစ်ယောက် အတွက်တော့ အပျိုစစ်စစ်ဆိုတဲ့ ဂုဏ်ဟာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါ။ တတ်နိုင်ရင် ... ကိုယ့်အပျိုဂုဏ်လေးကို ထိန်းသိမ်းပြီး ကာကွယ်စောင့်ရှောက်သင့်တာ ... မြန်မာ မိန်းကလေး မှ မဟုတ်ဘူး .. ကမ္ဘာမှာ ရှိတဲ့ မိန်းကလေးတိုင်းပါ။

ဒါပေမယ့် ... ဘဝတစ်ကွေ့မှာ ကံအကြောင်းကြောင်းကြောင့်ဖြစ်စေ .. ငယ်ရွယ်နုပျိုချိန်မှာ အမှား အယွင်းကြောင့်ဖြစ်စေ ... ကိုယ့်ချစ်သူနဲ့ကိုယ် အပျိုဘဝကို ယုံကြည်လို့ ပေးဆပ်မိခဲ့တဲ့ မိန်းကလေးတွေ ... အိမ်ထောင်ပြုလိုက်ပြီးမှ အိမ်ထောင်ဖောက်ပြန်လို့ ကွဲရတဲ့ မိန်းကလေးတွေ ... အပျိုစစ်စစ် မဟုတ်တော့တဲ့ မိန်းကလေး ဖြစ်သွားရင်ရော ... လောကကြီးမှာ မျက်နှာငယ်စရာ .. အားငယ်စရာ ... စိုးရွံကြောက်နေဖို့ လိုသလားးး

အပျိုစစ်စစ် ဖြစ်တာ မဖြစ်တာထက် ... မိန်းမတစ်ယောက်ဟာ ... ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရမယ်။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ့်ဘဝကို ပဲ့ကိုင်နိုင်ရမယ်။ ယောကျာ်းထပ်ယူသည်ဖြစ်စေ .. မယူသည်ဖြစ်စေ ... ဘဝမှာ ယောကျာ်းဆိုတာ ကိုယ့်အတွက် မရှိမဖြစ် ဆိုတဲ့ စိတ်ဓါတ်မျိုးကို ဖျောက်ဖျက်ပစ်နိုင်ရမယ်။ ယောကျာ်းတစ်ယောက် ပေးသွားတဲ့ သင်ခန်းစာကို ဘဝရဲ့ တိုးတက်မှုအတွက် ပြောင်းလဲပစ်ရမယ်။ တမြေ့မြေ့ခံစားပြီး ကြေကွဲတမ်းတ မနေရဘူး။

အပျိုစစ်စစ်ကို လက်ထပ်ထားပြီးတော့ ... ဘာမှသုံးစားမရ .. "အိပ် ခံ ပက်လက် .. ထမင်းချက်" ဆိုတဲ့ မိန်းမခေတ် (၂၁) ရာစုမှာ မရှိတော့ဘူး ... အဲလိုမိန်းမမျိုးကို ရထားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဘဝတိုးတက်မှု အလားအလာနဲ့ .. အပျိုမစစ်တဲ့ မိန်းမဖြစ်သော်လည်း .. ဘဝကို ထက်ထက်မြက်မြက် နဲ့ နှစ်ဦးလက်တွဲပြီး စဉ်းစားတွေးခေါ် လျှောက်လှမ်းတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဘဝတိုးတက်မှု အလားအလာဟာ .. အများကြီး ကွာသွားတတ်တယ်။

နွားတစ်ရှဉ်းဆိုတာ .. ဘို့တူမှ အကောင် အရွယ်အစားညီမှ ထွန်လို့ ကောင်းသလိုပေါ့ .. ဘဝဆိုတဲ့ လမ်းကို လျှောက်တဲ့အခါမှာလည်း ..ယောကျာ်းမိန်းမ .. ဦးနှောဏ် အတွေးအခေါ် ဥာဏ်ရည် ညီမျှနေမှ .. ယောကျာ်းက အရိပ်ပြရင် .. မိန်းမက အကောင်မြင်တတ်မှ .. အဆင်ပြေနိုင်မယ်။

ကျွန်မ အပျိုစစ်စစ်ပါမောင် .. .ဆိုတဲ့ ခေတ် .... မှုန်ဝါးဝါးကျန်ခဲ့ပြီ ....

(သမီးဆိုး)

FROM-AYE CHAN MON

ခင်ဝင့်ဝါရဲ့ လျော်ကြေး တချို့ကိုလှူမယ့် ဂျွန်လွင်နဲ့ စကားစမြည်

Posted by drmyochit Tuesday, October 01, 2013, under | No comments


Star & Model Agency နဲ့ စာချုပ်ချုပ်ဆိုထားတာကို ဖျက်သိမ်းပေးဖို့လျော်ကြေး အနေနဲ့ Miss Supranational ပြိုင်ပွဲမှာ မြန်မာ့ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ခင်ဝင့်ဝါက လျော်ကြေး ကျပ်သိန်း ၃၀ ပေးခဲ့တဲ့ အတွက် အေဂျင်စီရဲ့ ဦးဆောင်သူ ဂျွန်လွင်က ဒီငွေထဲက တချို့ကို လှူပြီး ကျန်တာနဲ့ ဖိနပ်ကောင်းကောင်း ဝယ်စီးမယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ပုပ္ပါးမှာ ရေကန်ပြင်မယ်လို့ ခင်ဝင့်ဝါဦးလေး ရန်ကုန် ဦးဝင်းလှိုင်က ဟြေလို့ ကျနော်က သူ့ကို ခင်ဗျားတူမ လျော်ထားတဲ့ ငွေ သိန်းသုံးဆယ်ထဲက ခင်ဗျားကို ငါးသိန်းလှူတယ် ဆိုပြီး ရေကန်ပြင်ဖို့ ကျနော်လှူခဲ့တယ်။ ၂၅ သိန်း ကျန်တယ်။ ဘန်ကောက် မှာ ဖိနပ် မှာထားတယ်၊ ၂၈ ရက်နေ့ ဘန်ကောက်ကို ရောက်မယ်။ အဲဒီမှာ သွားယူမယ်။ ဖိနပ်က ၂၈ သိန်း တန်တယ်” လို့ ဂျွန်လွင်က ဆိုပါတယ်။

ခင်ဝင့်ဝါဟာ ဂျွန်လွင်နဲ့ စာချုပ်ရှိထားပေမယ့် တဘက် ကုမ္ပဏီနဲ့ တနှစ်စာ ကျပ်သိန်းတထောင် စာချုပ် ထပ် ချုပ်ခဲ့တာကြောင့် ဂျွန်လွင့်ထံကို ခင်ဝင့်ဝါရဲ့ အဒေါ်က ခင်ဝင့်ဝါ ကိုယ်စား လျော်ကြေး ကျပ် သိန်းသုံးဆယ် ပြန်လျော်ပေးခဲ့တာလို့ သိရပါတယ်။

“ကျနော်တို့ဆီမှာ အေဂျင်စီ စာချုပ်ရှိတယ်။ ခင်ဝင့်ဝါရဲ့ အဒေါ်ကရောက်လာတယ်၊ ဟိုဘက်က ကုမ္ပဏီက ကျမတို့ကို သိန်းတထောင်နဲ့ ချုပ်ထားပါတယ်တဲ့၊ အဲဒါကြောင့် သိန်းတထောင်နဲ့ ချုပ်ထားတော့ကျမတို့က သိန်းတထောင် ဟိုဘက်ကို မလျော်နိုင်ပါဘူးတဲ့၊ စော်ကားတယ်လည်း မထင်ပါနဲ့ သိန်းသုံးဆယ်ကို လက်ခံ ပြီးတော့ စာချုပ်ကို ပယ်ဖျက်ပေးပါဆိုတော့ ကျနော်က ဘာဟြေရမှာလဲ။ ခင်ဝင့်ဝါက အဲဒါကို အင်တာဗျူး တွေထဲမှာ ဟြေတာက ကောလာဟလပါလို့ ဆိုတော့ အဲဒါကို ကျနော်က ဘာလုပ်ရမှာလဲ။ ကျနော့်အတွက် ကတော့ သိန်းသုံးဆယ်လည်း ရတယ်၊ သူက ကျနော်နဲ့ လက်မတွဲချင်လို့ သူ့အဒေါ်က လာပြီးလျော်တယ်၊ ဒါကြောင့် ကျနော့်အနေနဲ့ကျေနပ်တယ်၊ ကျေနပ်တော့ သူ့အလုပ်သူဆက်လုပ်တယ်၊ ဒါပါပဲ” လို့ ဂျွန်လွင်က ဧရာဝတီကို ရှင်းပြပါတယ်။

သူ့သင်တန်းမှာတော့ သင်တန်းတက်တဲ့ သူတွေ စည်းစနစ်ရှိအောင်အေဂျင်စီ စာချုပ်နဲ့ ချုပ်ထားတယ်၊ သင်တန်းဆင်းတဲ့ နေ့မှာ မော်ဒယ်လ် တယောက်ကို သဘောကျတယ်ဆိုရင် အဲဒီမော်ဒယ်လ်နဲ့ စာချုပ်ချုပ် တယ်လို့ သိရပါတယ်။

“ကျနော့်တို့ဆီမှာ သင်တန်းတက်တဲ့ သူတွေလည်း ကျနော့်သင်တန်းက စည်းကမ်းတွေ၊အချက်အလက်တွေ ကို သိတာမှ Clearly ပါပဲ၊ ကျနော်စာချုပ်ချုပ်ကတည်းက သူတို့ဆီက လျော်ကြေးလိုချင်လို့လည်း မဟုတ် ဘူး၊ ကျနော်တို့ ပွဲတပွဲလုပ်ရင် စည်းနဲ့ဘောင်နဲ့ လုပ်လို့ရအောင်၊ လူတွေခေါ်ရင် စည်းကမ်းရှိအောင်၊ စည်းနဲ့ ဘောင်နဲ့ စာချုပ်ချုပ်မှသူတို့က ကြောက်မှာလေ၊ မဟုတ်ရင် သူတို့ကလာချင်လာမယ်၊ မလာချင်မလာဘူး၊ ကျမ ဒီနေ့မနက် မအားပါဘူးလို့ လုပ်ချလိုက်ရင် ကျနော်က ဘယ်လို အလုပ်လုပ်ရမှာလဲ။ သူ့အိမ်ရှေ့မှာ သွားအော်ဆဲရမှာလား။ အဲဒါကြောင့် စည်းနဲ့ဘောင်နဲ့ လုပ်ထားတာပါ” လို့ ဂျွန်လွင်က ဆက်ပြောပါတယ်။

သူ့ရဲ့ အေဂျင်စီသက်တမ်း တလျှောက်လုံးမှာ ချောရတနာက လျော်ဖူးကြောင်း၊ နောက်ပိုင်းမှာ ချောရတနာ က သူတို့နဲ့ ဆက်လက် လက်တွဲကြောင်း၊ ချောရတနာရဲ့ ညီမ သန္တာဗိုလ်ကလည်း သူတို့ အေဂျင်စီမှာပဲ အလုပ်လုပ်ကြောင်း သူက ဆိုပါတယ်။

“အခု နောက်တယောက် လျော်တာက ခင်ဝင့်ဝါပေါ့နော်။ ဒါပေမယ့် ကျနော့်အနေနဲ့ ဘာမှခံစားချက်မရှိဘူး၊ ဘာလို့လဲဆိုတော့ ကျနော်နဲ့ ပြဿနာဖြစ်တဲ့ မော်ဒယ်လ် တော်တော်များများက ကျနော့်ကို လာတောင်းပန် လိုက်တယ်ဆိုရင် ကျနော်က ဘာမှ အရေးယူခြင်းလည်းမရှိဘူး၊ အခု သူတို့က ကျမတို့ဟိုဘက်ကို သိန်း တထောင် မလျော်နိုင်ပါဘူး၊ ကျနော့်ရဲ့ သိန်းသုံးဆယ်ကတော့ ပေါလို့ပေါ့နော်၊ ရှင်းရှင်းလင်းလင်း ဟြေရရင် ပေါတဲ့အတွက် လာလျော်နိုင်တယ် ဆိုတော့ ဒါကို ကျနော် လက်ခံရမယ်လေ။ ဒါကိုကျနော်က လျော်ခွင့် မပေးနိုင်ဘူး၊ ငါနဲ့ပဲ ဆက်လုပ်ပါဆိုပြီး ဒူးထောက် တောင်းပန် ရအောင်လည်း အကြောင်းမရှိဘူး။ ဘာလို့လဲ
ဆိုတော့ ကျနော့် အေဂျင်စီက မြန်မာနိုင်ငံမှာတင် မကဘူး၊ ကမ္ဘာကပါ သိထားတဲ့ အေဂျင်စီ ဖြစ်နေတဲ့ အတွက်ကြောင့် ကျနော်တို့က ဘယ်သူ့ကိုမှလည်း တောင်းပန်မှာ မဟုတ်ဘူး။ လုပ်ချင်ရင် ပွင့်ပွင့်လင်းလင်း လာလုပ်လို့ရတယ်၊ ထွက်ချင်ရင်လည်း ပွင့်ပွင့်လင်းလင်း ထွက်လို့ရတယ်။ ဒါပေမယ့် ကျနော်တို့ ကုမ္ပဏီ သည် ဘုရားလည်း မဟုတ်သလို၊ ဇရပ်လည်း မဟုတ်တဲ့အတွက် ၀င်ချင်တဲ့အချိန်ဝင်ပြီး ထွက်ချင်တဲ့အချိန် ထွက်လို့မရဘူး။ ရွှေတိဂုံဘုရား တောင်မှပဲ သတ်မှတ်တဲ့ အချိန်မှာပဲ ၀င်လို့ရသလို၊ သတ်မှတ်တဲ့အချိန်မှာပဲ ထွက်ပေးရတယ်။ ဒါကြောင့် စည်းနဲ့ဘောင်နဲ့ ကတော့ အမြဲတမ်း ရှိနေရမယ်” လို့ ဂျွန်လွင်က ဟြေပါတယ်။

သူ့ရဲ့ အေဂျင်စီမှာ မင်းသားမင်းသမီးအများစု စာချုပ်နဲ့အလုပ်လုပ်ခဲ့ပေမယ့် ပြဿနာမရှိခဲ့ဘူး၊ အောင်ရဲလင်း၊ မြင့်မြတ်၊ ရွှေမှုံရတီ စတဲ့ နာမည်ရ အောင်မြင်တဲ့ သူတွေအပြင် Miss Now How ရထားတဲ့နှင်းယမုံဦးလည်း Star & Model Agency နဲ့ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

ခင်ဝင့်ဝါ အလှည့်ကျမှ စိတ်အနှောင့်အယှက် အနည်းငယ် ဖြစ်ရတယ်လို့ ဂျွန်လွင်က ဆိုပါတယ်။

“ဒါပေမယ့် သူက ကျနော့်ဘ၀မှာ သေးမွှားတဲ့ အမှုန်လေးတခုလို့ပဲ ကျနော်မြင်တယ်၊ ပိုက်ဆံ သိန်းသုံးဆယ် လာလျော်တယ်၊ထွက်တယ်၊ ကျနော့်အနေနဲ့ မြင်တာက သူ့အဒေါ် ဟြေတဲ့စကားကတော့ ကျမတို့က သိန်း တထောင်တော့ မလျော်နိုင်ဘူး၊ ဒီလူနဲ့တော့ တနှစ် လက်တွဲရမယ်၊ တနှစ်ပြည့်ရင် ကျမတူမကို လက်ဆွဲပြီး ပြန်လာပါ့မယ်တဲ့။ ကျနော်ကတော့ အစ်မ ပြန်လာချင်လည်းလာ၊ ကြိုက်တဲ့အချိန် ပြန်လာလို့ရတယ်။ အလုပ် ကတော့ အနုပညာ ခွင်ထဲမှာ အစ်မတို့နဲ့ ကျနော်တို့ တွေ့နေကြဦးမှာပဲ၊ ဘာမှပြဿနာ မရှိဘူး၊ဟိုဘက်ကနေ အင်တာဗျူးထဲမှာ ဖြေထားတာက ကျနော်တို့က အဲဒီလိုတွေ စာအချုပ် ချုပ်မထားပါဘူး ဆိုပြီး ဟြေတာကို စာနယ်ဇင်းသမားတွေက အဲဒါကို လက်ခံတယ်ဆိုတော့ စာနယ်ဇင်း တွေက စာချုပ်ကို တောင်းမကြည့်ဘူး လား၊ ဘာလို့ တောင်းမကြည့်ဘဲ ဒီဟာကို ဒီအတိုင်းရေးတာလဲ၊ သူတို့ဟြေတာကိုပဲ ယုံမှာလား” လို့ သူက ဆက်ဟြေပါတယ်။

သူ့အေဂျင်စီကနေ သင်တန်းဆင်းတာနဲ့ အလုပ်လုပ်ချင်ရင် စာချုပ်ချုပ်ရမယ်၊ စာချုပ်မချုပ်ရင်တော့ အလုပ် မလုပ်ဘူးလို့လည်း သင်တန်းစည်းကမ်းနဲ့ အလုပ်စည်းကမ်းကို သူက ရှင်းပြပါတယ်။

“ဥပမာ Forever Wedding Studio ကနေ ကျနော်တို့နဲ့ ပွဲလုပ်မယ်။ အဲဒီမှာ သူတင်လာတဲ့သူတွေ ရှိတယ်၊ အဲဒီလူတွေက ကျနော်နဲ့ အလုပ်မလုပ်ထားဘူး၊ အဆက်အစပ်လည်း မရှိဘူး၊ စာချုပ်လည်း မရှိတဲ့အတွက် ကျနော်လည်း မလုပ်ပါဘူး။ ကုမ္ပဏီက မကျေနပ်ရင် မလုပ်နဲ့၊ ဂျွန်လွင်ကလည်း ပွဲကို အပ်ပါဆိုပြီးတော့ မနက်မိုးလင်းတာနဲ့ ထိုင်ဖုန်းဆက်ပြီး Marketing ဆင်းနေတဲ့သူထဲမှာ မပါဘူး။ ကျေနပ်ရင်အပ်၊ မကျေနပ်ရင် မအပ်နဲ့၊ ကုမ္ပဏီက ပိုက်ဆံပေးတာ မှန်တယ်။ ဂျွန်လွင်က ကိုယ်လုပ်ချင်တဲ့ သူနဲ့ လုပ်မယ်။ မကျေနပ်ရင် လာမအပ်နဲ့၊ ကျနော်လည်း စိတ်မ၀င်စားဘူး” လို့ သူက ဆက်ဟြေပါတယ်။

သူ့အေဂျင်စီကို ချောရတနာ လာလျော်စဉ်ကလည်း သုံးသိန်းကို လူမှုရေး ကိစ္စတခုအတွက်လှူလိုက်တဲ့ အကြောင်း ဂျွန်လွင်က ပြောပြပါတယ်။

“FMI Center မှာ ချောရတနာရယ်၊ ကျနော်ရယ်၊ ဦးမြတ်ခိုင်ရယ် သုံးယောက်တိုင်ပင်ပြီးတော့လှူလိုက် တယ်။ အခုတော့ လှူချင်လည်း လှူမယ်၊ မလှူချင်လည်း မလှူဘူး။ ဒါကျနော့်ပိုက်ဆံ ဖြစ်သွားပြီလေ။ ကျနော့်မှာ ခါးပတ်တွေကလည်း အများကြီးပဲ၊ အိတ်တွေလည်း ပုံပေါနေတယ်၊ ဒါပေမယ့် ဖိနပ်က ကောင်း ကောင်း မရှိသေးဘူး၊ ဖိနပ်က ဟောင်းနေတဲ့အတွက်ကြောင့် ဖိနပ်အသစ် မှာလိုက်တယ်၊ ဒါပါပဲ” လို့ ဂျွန်လွင် က ဧရာဝတီရဲ့ မေးမြန်းချက်တွေကို ဖြေကြားပေးခဲ့ပါတယ်။

ဧရာဝတီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်