Thursday, September 05, 2013

ကျောင်းသားအား ဦးနှောက်ထိခိုက်သည်အထိ ကျောင်းအုပ်ဆရာမ အကြိမ်ကြိမ် ရိုက်နှက်

Posted by drmyochit Thursday, September 05, 2013, under | No comments

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် မန့်ဟိုင်းကျေးရွာရှိ အမကကျောင်းမှ အသက် (၈) နှစ်ရှိ တတိယတန်း ကျောင်းသား တစ်ဦးအား ကျောင်းအုပ် ဆရာမက အကြိမ်ကြိမ်ရိုက်နှက်သဖြင့် ကျောင်းသားဦး နှောက်ထိ ခိုက်သွား ရပါသည်။

ယခုနှစ်ထဲမှာ ဒီကျောင်းသားလေးကိုဆရာမက ၃ ကြိမ် ၃ ခါ ရိုက်နှက် ခဲ့ပါသည်။ ပထမအကြိမ် ရိုက်နှက် စဉ်က လက်နှင့်ခေါင်းတွင် ထိမိ သဖြင့်ဆေး ရုံတင်လိုက်ရကြောင်း၊ ဒုတိယအကြိမ် ကျောင်းသား၏ နားရွက် အား လက်ဝါးဖြင့် ရိုက်သဖြင့် နားမှ သွေးများထွက်လာကြောင်း၊ ယခုနောက်ဆုံးအကြိမ်တွင်မူ ပြီးခဲ့တဲ့ လ ၂၇ ရက် နေ့က နားရွက်ကို ပေါက်ပြဲ သွေးထွက်သည်အထိ ဆွဲလိမ်ဆုံးမသဖြင့် ကျောင်းသားမှာ ကြောက်လန့်ပြီး စိတ်မနှံ့သကဲ့သို့ ဖြစ်သွားခဲ့ရ ကြောင်း ဆိုပါသည်။

တတိယတန်းကျောင်းသား စိုင်းအွန်မိဏ်း သည် ကျောင်းစာမရ၍ ရိုက်သည်ဟု ဆရာမက ဆိုပါသည်။ အိမ်ကမိဘများနှင့်တိုင်ပြောပါက ဒီထက်ပိုပြီး ရိုက်နှက်ဆုံးမမည် ဟုလည်း ဆရာမက ခြိမ်းခြောက်ကြောင်း အတန်းဖော်များက ပြောပြသည်ဟု အဒေါ်ဖြစ်သူကလည်းပြောပါသည်။

မန့်ဟိုင်းကျေးရွာရှိကျောင်းသားတစ်ဦးကလည်း “ ကျောင်းအုပ်ဆရာမကြီးက သားတို့ကို တစ်လ သောက် ရေသန့်ဖိုး တစ်ယောက် ၅၀၀ ကျပ်ကောက်ခံတယ်ဗျ၊ သားတို့တော့ အဲဒီသောက်ရေသန့်ကို တခါမှ မသောက် ရဘူး၊ အိမ်က ရေကိုပဲ ဗူးနဲ့ထည့်ယူလာတာပါ။ သားတို့ကျောင်းမှာ ကျောင်းသား ၈၄ ဦးရှိပါတယ် ခင်ဗျား ” ဟု ပြောပါသည်။

အဆိုပါကျောင်းသားငယ် စိုင်းအွန်မိဏ်းမှာ မန့်ဟိုင်းကျေးရွာနေ အဘစိုင်းအိုက်အုန်း အမိနန်းလှရင် တို့၏ သားဖြစ်ပြီး ကျောင်းအုပ်ဆရာမကြီးမှာ ဒေါ်နန်းခင်မေသန်းမြတ် ဖြစ်ကြောင်းသိရပါသည်။

ကာယကံရှင်ဆရာမအနေဖြင့် ထိုသို့ ကလေးများအပေါ် ဆက်လက် မကျူးလွန်ပါရန် မိဘဆွေမျိုးများနှင့်အတူ ရွာသူရွာသားများက တောင်းဆိုလိုက်ပါသည်။

ရွာသူရွာသားများ
သျှမ်းသံတော်ဆင့် သတင်းဌာန

အိမ်ထောင်သည်အမျိုးသမီးများ မိမိလင်သားအားကျွေးမွေးသင့်သည့်အစားအစာများ

Posted by drmyochit Thursday, September 05, 2013, under | No comments



အိမ်ထောင်သည်အမျိုးသမီးများ မိမိလင်သားအားကျွေးမွေးသင့်သည့်အစားအစာများ
အမျိုး သား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေး ကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုး သားတွေ ရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့် အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။
(၁) ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အကောင်းဆုံးနံနက်စာမှာ ဂျုံမှုန့်အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှသာ နှလုံးရောဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ ချက်ပြီးသား ဂျုံမှုန့်အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထရောအဆင့် လျော့ကျမှု ရှိစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

(၂) ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့အတွက် အမျိုးသားတွေရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်သလို ကြွက်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးမှာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဆစ်နဲ့ ကြွက်သားတွေကို တစ်နေ့လုံး နာကျင်ကိုက်ခဲမှု ကင်းဝေးစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ငှက်ပျောသီးကို စားပေးရင်ကို လက်စထရော လျော့ကျစေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်တာကြောင့် လေဖြတ်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။

(၃) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့အတွက် အမျိုးသားတွေအတွက် စံပြ အစာပါ။ အစွမ်းထက် ကာရိုတီးနွိုက် ဖြစ်တာကြောင့် ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့အပြင် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကိုပါ လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးကို မစားခင် အရင်ချက်ပါ။ အပူပေးလိုက်တဲ့အခါ လိုင်ကိုပင်းကို စုပ်ယူအား ပိုကောင်းစေလို့ပါ။

(၄) ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီး တစ်အောင်စမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို အပြာရောင် ဖြစ်စေတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဟာ အန်သိုဆိုင်ယာနင် ခန္ဓာကိုယ်ထဲက အစွမ်းထက် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၅) သံလွင်ဆီ

တစ်နေ့ သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစားရုံနဲ့ ကိုယ်အလေးချိန် လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းမွန်စေကာ ရောဂါဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ သံလွင်ဆီမှာ မပြည့်ဝဆီအပြင် ဗီတာမင်အီးနဲ့ ကာရိုတီးနွိုက်တွေလို အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင်တာကြောင့် သွေးတိုး ကျစေပြီး ကင်ဆာရောဂါ ကြီးထွားနှုန်းကို ချိုးနှိမ်ပေးကာ ပန်းနာရင်ကျပ် ရောဂါနဲ့ အဆစ်ရောင်နာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

(၆) သစ်ကြားသီး

သစ်ကြားသီးမှာပါတဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်အီးတို့ဟာ ဆီးကျိတ်ကို အကာအကွယ် ပေးနိုင်ပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသူတွေဟာ သွေးတွင်းစုစုပေါင်း ကိုလက်စထရောအဆင့် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မကောင်းတဲ့ ကိုလက်စရော ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း အမေရိကန် အာဟာရ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

(၇) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့အပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းနိုင်တဲ့အပြင် နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နှုန်းကို လျော့ကျ စေပါတယ်။

(၈) အဆီများသောငါး

အဆီများတဲ့ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ထရစ်ပတိုဖန် အာဟာရဓာတ်လည်း ပါဝင်တဲ့အတွက် တစ်နေ့လုံး စိတ်တည်ငြိမ် လန်းဆန်းစေပြီး အိပ်ရေးဝဝ အိပ်ပျော်စေပါတယ်။

(၉) ပဲမည်း

ဆိုဒီယမ်၊ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု နည်းပြီး အမျှင်ဓာတ်များတဲ့ ပဲမည်းကို စားတာကြောင့် တစ်နေ့လုံး စွမ်းအင် ပြည့်ဝစေပါတယ်။ ပဲက အရောင်ပိုရင့် လေလေ၊ အင်တီအောက်ဆီးဒင့် ပမာဏ ပိုများလေလေ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အစာတွေကို စားတာကြောင့် ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၁၀) လက်ဖက်စိမ်း လက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် ကက်တီချင်လို အင်တီအောက်ဆီးဒင့် ရရှိစေပြီး ကင်ဆာဆဲလ်တွေကို ဟန့်တားပေးနိုင်ကာ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို အားပေးပါတယ်။

ကေအမ်
GOOD HEALTH

ဆီးရီးယားကို စစ်ရေးအရ အရေးယူမည့်အစီအစဉ်ကို အမေရိကန်အမတ်များ ထောက်ခံ

Posted by drmyochit Thursday, September 05, 2013, under | No comments


သမ္မတ အနေဖြင့် ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်ကို စစ်ရေးဖြင့် တိုက်ခိုက် အရေးယူမည် ဆိုပါက ကန့်သတ်ထားသည့် အချက်အလက်များဖြင့် ခွင့်ပြုပေးရန် လွှတ်တော်၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြ

ဆီးရီးယားကို စစ်ရေးအရ အရေးယူ တိုက်ခိုက်မည် ဆိုပါက သမ္မတ ဘာရတ် အိုဘားမားကို ထောက်ခံမှုပေးရန် အမေရိကန် လွှတ်တော် အမတ်များက အတည်ပြု သဘောတူညီလိုက်သည်။ လွှတ်တော် အမတ်များသည် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်များကြောင့် နိုင်ငံတကာတွင် ဝေဖန်ပြစ်တင် ခံနေရသည့် ဆီးရီးယား ပြည်တွင်းစစ်၌ အမေရိကန်က ပါဝင်လိုက်ခြင်းသည် နုတ်မရသော ခြေလှမ်းတစ်ရပ် ဖြစ်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။ ယခုအခါတွင်မူ သမ္မတ အနေဖြင့် ဆီးရီးယား သမ္မတ ဘာရှာအာဆက်ဒ်ကို စစ်ရေးဖြင့် တိုက်ခိုက် အရေးယူမည် ဆိုပါက ကန့်သတ်ထားသည့် အချက်အလက်များဖြင့် ခွင့်ပြုပေးရန် လွှတ်တော်၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ အမေရိကန် သမ္မတရုံးမှ တာဝန်ရှိသူများက ဘာရှာအာဆက်ဒ်ကို ဆက်ဒမ်ဟူစိန်၊ အဒေါ့ဖ်ဟစ်တလာတို့နှင့် နှိုင်းယှဉ်သုံးသပ်ကာ အရေးယူခွင့်ကို ထောက်ခံမှုပေးရန် လွှတ်တော်အား တိုက်တွန်းခဲ့သည်။ ထို့အပြင် အာဆက်သည် နောက်တစ်ကြိမ် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်မှု ရှိလာနိုင်သေးသည်ဟုလည်း ထောက်ပြခဲ့သည်။

ဗုဒ္ဓဟူးနေ့က လွှတ်တော်တွင် ဆီးရီးယားအပေါ် အရေးယူရန် သင့်မသင့် ဆွေးနွေးမှုအား မဲခွဲပြီးနောက် (၁၀)မဲ၊ (၇)မဲဖြင့် အဆိုအောင်မြင်ခဲ့သည်။ သို့သော်လည်း ကြိုတင် သဘောတူထားသကဲ့သို့ အမေရိကန် ခြေလျင်တပ်များ ဆီးရီးယားသို့ ဝင်ရောက်မည် မဟုတ်ဘဲ ဒုံးကျည်များဖြင့်သာ အဓိက တိုက်ခိုက်စေမည်ဟု သိရသည်။ အဓိက နိုင်ငံရေး ပါတီကြီး နှစ်ခုမှ အမတ်များက အဆိုပါ ဆုံးဖြတ်ချက်ကို လွှတ်တော်က လာမည့်သီတင်းပတ်တွင် အတည်ပြု လက်ခံပေးမည်ဟု ယူဆလျှက် ရှိသည်။ လွှတ်တော်တွင် တင်သွင်းထားသော အဆိုတွင် အမေရိကန်၏ ခြေလျင်တပ်များ ဝင်ရောက်ခွင့်ကို ရှင်းရှင်းလင်းလင်း ပိတ်ပင်ထားသည့်အပြင် ဆီးရီးယား စစ်ပွဲ ပြီးဆုံးသည်ဖြစ်စေ၊ မပြီးဆုံးသည်ဖြစ်စေ ရက်ပေါင်း(၉၀)ထက် ပိုမိုကြာညောင်းသည့် တိုက်ခိုက်မှု မပြုလုပ်ရန် ရှင်းလင်းစွာ ကန့်သတ်ထားသည်။

လွှတ်တော်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် အက်ဒ်ရွိုက်စ်က လွှတ်တော် ဥက္ကဋ္ဌနှင့် အုပ်ချုပ်မှု အဖွဲ့သည် ယခုအဆိုကို နောက်ဆုံးအကြိမ် သီးခြားစစ်ဆေး သုံးသပ်ပြီးမှ အတည်ပြုရန် သင့်မသင့် ကြေညာမည်ဟု ပြောကြားထားသည်။ ဆီးရီးယား အရေးတွင် အမေရိကန် ပါဝင်လာနိုင်ခြေသည် (၂)နှစ်ကျော် ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်ကို အင်အားချိန်ခွင်လျှာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေဖွယ် ရှိနေသည်။ အမေရိကန်၏ မဟာမိတ်ဖြစ်သည့် ဗြိတိန်မှာမူ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ချက်အရ ဆီးရီးယားကို တိုက်မည်မဟုတ်ဟု အတည်ပြုထားပြီး ပြင်သစ်တွင်မူ တိုက်သင့် မတိုက်သင့် အမြင်ကွဲပြားမှုများ ရှိနေဆဲဟု သိရသည်။

From: Planet

ကျောင်းသား သေဆုံးမှုအတွက် တရားစွဲဆိုခံထားရသော ရဲအား စီရင်ချက်ချတော့မည်

Posted by drmyochit Thursday, September 05, 2013, under | No comments


အသက် ၁၅ နှစ်အရွယ် ဒသမတန်းကျောင်းသားတစ်ဦး သေဆုံးမှုအတွက် တရားစွဲခံထားရသည့် ဒု-တပ်ကြပ်ရဲ သဲမောင်မောင်၏ အမှုကို လာမည့်စက်တင်ဘာ ၁၀ ရက်တွင် ရွှေတောင်မြို့နယ်တရားရုံးက အမိန့် ချတော့မည်ဟု သိရသည်။

သာမန်အတိုင်းဆိုလျှင် စက်တင်ဘာ ၃ ရက်က ထိုအမှုကိုအမိန့်ချမှတ်ရမည်ဖြစ်သော်လည်း ဒု-တပ်ကြပ် သဲမောင်မောင်သည် နှလုံးသွေးကြောကျဉ်းရောဂါရှိနေကြောင်း ဆရာဝန်ကထောက်ခံသဖြင့် တရားသူကြီးက ခွင့်ပေးခဲ့ကြောင်းလည်း သိရသည်။

အမှု၏တရားလိုဖြစ်သည့် သေဆုံးသူကျောင်းသား၏ ဖခင်ဦးအေးဟုန်ကမူ ဒု- တပ်ကြပ်က ထိုသို့တရားရုံးကို ခွင့်တိုင်ကြားခြင်းသည် အချိန်ဆွဲနေခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုသည်။ သို့သော် သူက “တရားသူ ကြီးကတော့ ဒါနောက်ဆုံးအကြိမ်လို့ ပြောတယ်” ဟုလည်း ရှင်းပြသည်။
၂၀၁၂ ခုနှစ်ဇန်န၀ါရီ ၃ ရက်က ပြည်မြို့၊ စည်တော်မင်္ဂလာ ရပ်ကွက်တွင် ဒု-တပ်ကြပ်ရဲ သဲမောင်မောင်ကြောင့် ကျောင်းသားတစ်ဦး သေဆုံးပြီး၊ ကျန်လူငယ်တစ်ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့သော အမှုအား စီရင်ချက်ချမည်ဖြစ်သည်။
သေဆုံးသူ မောင်ကောင်းဆက်ပိုင်နှင့် ဒဏ်ရာရရှိသွားသူ ကိုဇော်လင်းဦးတို့သည် ထိုနေ့က ဆိုင်ကယ်စီးနင်း သွားလာနေစဉ် ဒု-တပ်ကြပ် သဲမောင်မောင်က ဆိုင်ကယ်ဖြင့်လိုက်လာပြီး နောက်မှထိုင်စီးသူ ကိုဇော်လင်းဦး ကို ဆွဲချခဲ့သလို၊ ဆိုင်ကယ်မောင်းနေသူ မောင်ကောင်းဆက်ပိုင်ကိုလည်း ခြေထောက်ဖြင့် ကန်လိုက်သည်ဟု တရားလိုဘက်က တရားရုံးတွင် စွပ်စွဲထွက်ဆိုထားသည်။

ထို့ကြောင့် ကိုဇော်လင်းဦးမှာ ဆိုင်ကယ်ပေါ်မှပြုတ်ကြကာ ဒဏ်ရာအပြင်းအထန်ရခဲ့သလို၊ မောင်ကောင်းဆက်ပိုင် သည်လည်း ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ လဲကျသွားကာ ဓာတ်တိုင်၊ အုတ်ခုံတို့နှင့် ဆောင့်မိခဲ့ရာ ပြည်မြို့ ဆေးရုံကြီးသို့ ပို့ဆောင်စဉ်လမ်းတွင်ပင် သေဆုံးခဲ့ရသည်ဟုလည်း တရားလိုဘက်က ဆိုထားသည်။
ဒု-တပ်ကြပ် သဲမောင်မောင်ကမူ ခိုက်ရန်ဖြစ်ပွားမှုတစ်ခုတွင် မျက်မြင်သက်သေဖြစ်သော မောင်ကောင်းဆက်ပိုင် ကို ရဲစခန်း၌သက်သေထွက်ဆိုရန် လိုက်လံရှာဖွေစဉ် လှမ်းတွေ့လိုက်သဖြင့် နောက်မှ လိုက်လံ တားဆီးခဲ့ခြင်းဖြစ်ကြောင်း၊ သူဆိုင်ကယ်နှင့် နောက်မှလိုက်ခဲ့သည်မှာ မှန်ကန်သော်လည်း ၎င်း ဆိုင်ကယ် အနီးသို့ အရောက်တွင် မောင်ကောင်းဆက်ပိုင်တို့စီးလာသည့် ဆိုင်ကယ်မှာ တိမ်းမှောက်ပြီ ဖြစ်ကြောင်း၊ ဆိုင်ကယ်မှောက်သည်မှာလည်း အနီးရှိ သစ်ပင်နှင့်ချိတ်မိ၍ မှောက်ခြင်းဖြစ်နိုင်ကြောင်း တရားရုံးတွင် ခုခံချေပထားသည်။

မောင်ကောင်းဆက်ပိုင် သေဆုံးမှုနှင့် ပတ်သက်၍ မှုခင်းဆရာဝန် ဒေါက်တာ သန်းဝင်းက စစ်ဆေးခဲ့ရာ ဦးခေါင်းခွံနှင့် နံရိုးများကျိုးပဲ့ပြီး ဦးနှောက်အတွင်း သွေး ထွက်လွန်ကာ သေဆုံးခြင်းဖြစ်ကြောင်း၊ သေဆုံး သူသည် အရက်သေစာ သောက်စားထား ခြင်းမရှိကြောင်း မှုခင်းမှတ်တမ်းတွင် မှတ်ချက်ပြုထားသည်။ ကိုဇော်လင်းဦးသည်လည်း အဆုတ်ပေါက်ထွက်ပြီး အဆုတ်အတွင်းသို့ သွေးများ ၀င်ရောက်သဖြင့် ပြည်ဆေးရုံကြီး တွင် ခွဲစိတ်ကုသခဲ့ရသည်ဟု တရားလိုဘက်မှပြောသည်။
ထိုအမှုကို ပြည်မြို့ရှိ မြို့မရဲစခန်းသို့ တိုင်ကြားသော်လည်း အမှုဖွင့်မပေးသဖြင့် ခရိုင်ရဲမှူးနှင့် တိုင်းရဲမှူးတို့ထံ တိုင်စာရေး သားပေးပို့ခဲ့ကာ မြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ရကြောင်း ဦးအေးဟုန်က ပြောသည်။

သေဆုံးသူ၏မိခင် ဒေါ်ကြည်ကြည်မြင့်ကလည်း “စခန်းမှာ အမှုသွားဖွင့်တော့လည်း လက်မခံခဲ့ဘူး။ ခရိုင် ဥပဒေရုံးကို ဦးတိုက်လျှောက်တော့ ခရိုင်ရဲမှူးက အမှုဖွင့်ပေးလိမ့်မယ်ဆိုပြီး တစ်ပတ်စောင့်ခိုင်းတယ်” ဟု ထိုစဉ်က ကြုံတွေ့ခဲ့သည်ကို ပြန်ပြောပြသည်။
ထိုအမှုသည် ရုံးချိန်းပေါင်း ၆၀ ကြိမ်ခန့် တရားရင်ဆိုင်ခဲ့ရပြီး အချိန်နှစ်နှစ်နီးပါးပင် ကြာမြင်ခဲ့ကြောင်း တရားလိုများက ဆိုသည်။

စွပ်စွဲခံထားရသူ ဒု-တပ်ကြပ်သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄ (က) ပေါ့လျော့မှုကြောင့် လူသေမှု၊ ပုဒ်မ ၃၃၈ အပြင်းအထန် နာကျင်စေမှုတို့ဖြင့် တရားစွဲခံထားရခြင်းဖြစ်ပြီး သူသည် ရဲလုပ်သက် ၁၂ နှစ် ကျော်ရှိပြီဖြစ်သည်။

မဇ္ဈိမသတင်းဌာန

Miss Supranational ပြိုင်ပွဲတွင် အကြိုခန့်မှန်းမှု ပြိုင်ပွဲဝင် ၉၀ ကျော်အနက် ခင်ဝင့်ဝါ အဆင့် ၁၄ နေရာ၍ ရပ်တည်နေ

Posted by drmyochit Thursday, September 05, 2013, under | No comments


ဘီလာရုစ် နိုင်ငံတွင် စခန်းသွင်း လေ့ကျင့်လျက် ရှိပြီး ရှေ့လဆန်းတွင် ဗိုလ်လုပွဲ ကျင်းပတော့မည့် ကမ္ဘာ့ Miss Supranational အလှမယ် ပြိုင်ပွဲ အကြိုခန့်မှန်းမှု Hot Picks - 3 တွင် မြန်မာနိုင်ငံမှ အလှမယ် ခင်ဝင့်ဝါက ထိပ်ဆုံး ၁၅ ဦးတွင် အမှတ်စဉ် (၁၄)နေရာ၌ ပါဝင်လျက် ရှိသည်။ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက ကြိုတင် ခန့်မှန်းမှုများ နှစ်စဉ် ထုတ်ပြန်လေ့ရှိရာ Hot Picks အမည်ဖြင့် ထုတ်ပြန်ချက်၌ စုစုပေါင်း ပြိုင်ပွဲဝင် ၉၀ ကျော်အနက်မှ ပထမပတ်တွင် ထိပ်တန်း ၁၀ ဦးကို ရွေးချယ်ဖော်ပြခဲ့စဉ် ခင်ဝင့်ဝါ မပါခဲ့သော်လည်း ယခင်အပတ် ခန့်မှန်းချက်၌ နံပါတ်ရှစ်နေရာသို့ ရောက်ခဲ့သည်။

 ယခုတစ်ပတ် တတိယအကြိမ်ခန့်မှန်းချက် အဖြစ် ၂၅-၈-၂၀၁၃ ရက်က ထုတ်ပြန်ခဲ့ရာ ခင်ဝင့်ဝါက Top 15 စာရင်းတွင် နံပါတ် ၁၄ နေရာ၌ ရပ်တည်လျက် ရှိသည်။ ယခုလက်ရှိ အနေအထားအရ ဘရာဇီး၊ ဘီလာရုစ်၊ ဖိလစ်ပိုင်၊ ရုရှား၊ လက်ဗီးယား၊ ဒိန်းမတ်၊ ထိုင်း၊ ဗင်နီဇွဲလား၊ သြစတြေးလျ၊ မက္ကစီကို၊ ချက်၊ ဆူရီနမ်၊ ပွာတိုရီကို၊ မြန်မာနှင့် ကနေဒါတို့က ထိပ်ဆုံး ၁၅ ဦးတွင် အစဉ်လိုက် ရပ်တည်လျက် ရှိနေကြကြောင်း သိရသည်။

ပြည်မြန်မာ

တရုတ်ကလေးငယ် မျက်လုံးဖောက်ထုတ်ခံရမှုတွင် အဒေါ်ဖြစ်သူကို တရားခံအဖြစ် ယူဆ

Posted by drmyochit Thursday, September 05, 2013, under | No comments



သောကြာနေ့ကမူ ကလေးငယ်၏ အဒေါ်ဖြစ်သူ ဇန်ဟီရင်သည် ရေတွင်း တစ်ခုထဲ ခုန်ကျ သတ်သေသွားပြီးနောက်ပိုင်း ယင်းအမှုကို စုံစမ်းရင်း ကလေးအပေါ် အကြမ်းဖက်မှုနှင့် ဆက်နွယ်နိုင်သည့် အထောက်အထားများ တွေ့ရှိလာခဲ့

တရုတ်နိုင်ငံတွင် ကလေးငယ်တစ်ဦး မျက်လုံးများ ဖောက်ထုတ်ခြင်း ခံရမှုတွင် အဓိက တရားခံသည် ကလေးငယ်၏ အဒေါ်ဖြစ်နိုင်ကြောင်း ရဲများက မှတ်ချက်ပြု ပြောကြားလိုက်သည်။ တရုတ်မီဒီယာများက ဂူဘင်ဟု အမည်ဖော်ပြသော (၆)နှစ်သား ကလေးငယ်သည် ပြီးခဲ့သည့်လက နေအိမ်မှ ဆော့ကစားရန် ထွက်ခွာသွားပြီးနောက် မျက်လုံးနှစ်လုံးစလုံး ရက်စက်စွာ ဖောက်ထုတ်မှုနှင့် ကြုံခဲ့ရသည်။ ကလေးက မိဘနှစ်ပါးကို မိမိအား အမျိုးသမီး တစ်ဦးက တိုက်ခိုက်ခဲ့ကြောင်း ပြန်လည် ပြောဆိုခဲ့ပြီး အစောပိုင်းက ဂူဘင့်ကို ရက်စက်ကြမ်းတမ်းစွာ ပြုမူခဲ့သူသည် လူ့ခန္ဓာကိုယ် အစိတ်အပိုင်း မှောင်ခိုရောင်းဝယ်သူ တစ်ဦး၏ လက်ချက်ဟု ရဲများက ယူဆခဲ့ကြသည်။ သို့သော်လည်း သောကြာနေ့ကမူ ကလေးငယ်၏ အဒေါ်ဖြစ်သူ ဇန်ဟီရင်သည် ရေတွင်း တစ်ခုထဲ ခုန်ကျ သတ်သေသွားပြီးနောက်ပိုင်း ယင်းအမှုကို စုံစမ်းရင်း ကလေးအပေါ် အကြမ်းဖက်မှုနှင့် ဆက်နွယ်နိုင်သည့် အထောက်အထားများ တွေ့ရှိလာခဲ့သည်။

Xinhua သတင်းဌာနက ရဲတပ်ဖွဲ့သည် မိမိကိုယ်ကိုယ် သေကြောင်းကြံမှုကို စုံစမ်းရင်း ဇန်၏ အဝတ်အစားများတွင် သွေးများ စွန်းပေနေသည်ကို တွေ့ရှိခဲ့ရ၍ ဆက်လက်စစ်ဆေးရာ ကလေးငယ်ထံမှ သွေးများ ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။ ဂူဘင်လေးကို ရှာဖွေတွေ့ရှိချိန်တွင် မျက်လုံးဟောက်ပက် သွေးအလိမ်းလိမ်းနှင့် ရှိနေခဲ့ပြီး ယခုအခါတွင်မူ ၎င်းသည် ဆေးရုံ၌ အခြေအနေ တည်ငြိမ် ကောင်းမွန်စ ပြုနေပြီဟု သိရသည်။ ရှန်ဇီရှိ ဖန်ဇီတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုသည် ဩဂုတ်လ (၂၄)ရက်နေ့က ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကလေးပျောက်၍ လိုက်ရှာနေသည့် ဂူဘင်၏ မိဘများသည် သားဖြစ်သူကို ဒုက္ခိတ ဘဝဖြင့် ကြေကွဲဖွယ်ရာ ပြန်လည် တွေ့ရှိခဲ့သည်။

၎င်းသည် အမည်မသိ အမျိုးသမီး တစ်ဦး၏ သွေးဆောင်ခေါ်ယူပြီးမှ တိုက်ခိုက်မှုနှင့် ကြုံခဲ့ရခြင်းဟု ရဲများက သိရှိရသော်လည်း တရားခံကို လိုက်လံ ရှာဖွေရာတွင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်း မှောင်ခိုဂိုဏ်းများကို အဓိက ဦးတည်ခဲ့ကြသည်။ အထူးသဖြင့် ကလေး၏ မျက်လုံးနှစ်လုံးမှာ အခင်းဖြစ်ရာ နေရာတွင် ရှိနေခဲ့သော်လည်း မျက်ကြည်လွှာများ ပျောက်ဆုံးနေခဲ့ခြင်းကြောင့် ယင်းမှောင်ခိုဂိုဏ်းများ လက်ချက်ဟု ယူဆခဲ့ခြင်းလည်း ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် အခင်းဖြစ်သည့် နေရာနှင့် မလှမ်းမကမ်း၌ မျက်ကြည်လွှာများကို ပြန်လည် တွေ့ရှိပြီးနောက် အမှုမှာ ပိုမို ရှုပ်ထွေးသွားသည်။

ကလေး၏ မိခင်က သေကြောင်းကြံသွားသည့် ညီအစ်မ ဖြစ်သူနှင့် မိသားစုကြား မည်သည့် ပြဿနာမျှ မရှိခဲ့ဟုလည်း ဆိုသည်။ "အဖိုးကို စောင့်ရှောက်တဲ့ ကိစ္စကြောင့် ဇန်နဲ့ ကျွန်မတို့ကြားမှာ ငြင်းခုန် ရန်ဖြစ်ခဲ့တယ်လို့ တချို့က ပြောဆိုနေတာ ကြားမိတယ်။ ဒါပေမဲ့ အဲဒါက လိမ်ညာတာ သက်သက်ပါပဲ"ဟု သူမက ဆိုသည်။ ရဲတပ်ဖွဲ့သည် အမှုနှင့် ပတ်သက်သည့် ကွင်းဆက်များကို ဆက်လံ ခြေရာခံ ရှာဖွေနေဆဲ ဖြစ်သည်။

From: Planet Myanmar Network

မလေးရှားတွင် ဓားဒဏ်ရာများနှင့် ခေါင်းပြတ် နေသော မြန်မာ အမျိုးသား အလောင်းတွေ့

Posted by drmyochit Thursday, September 05, 2013, under | No comments


အမ်ဖန် ၊ စက်တင်ဘာ ၄ ။        ။မလေးရှားနိုင်ငံ ပန်ဒန် မီဝါရှိရေမြောင်း တစ်ခု အတွင်း ဓားဒဏ်ရာများနှင့် ဆိုးဆိုး ရွားရွား ခေါင်းဖြတ် ထားသော မြန်မာ အမျိုးသား တစ်ဦး၏ အလောင်းကို တွေ့ရှိ ခဲ့ရ သည်ဟု သိရသည်။ မြန်မာ အမျိုးသား တစ်ဦး၏ အလောင်းကို တွေ့ရှိ ရသည့် နေရာမှာ ဈေးဆိုင်တန်း တစ်ခု အနီးရှိ ရေမြောင်း တစ်ခု အတွင်း ဖြစ်ပြီး ဖြတ်သွား ဖြတ်လာတို့က တွေ့ရှိခဲ့ကြပြီးနောက် ရဲ တပ်ဖွဲ့ထံ အကြောင်းကြားခဲ့ ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှုခင်း ဆေးပညာ အဖွဲ့၏ အဆို အရ တွေ့ရှိ ရသော မြန်မာ အမျိုးသား အလောင်း၏ ခန္ဓာကိုယ်နှင့် လက်များတွင် ဓားဒဏ်ရာအများ အပြားတွေ့ရှိ ခဲ့ရ သည်ဟု ခရိုင် ရဲတပ်ဖွဲ့ အကြီး အကဲလက်ထောက် ကော်မရှင်နာ အမီရူဒင် ဂျာမာလူဒင် က ပြောကြား ခဲ့သည်ဟု သိရ သည်။

အလောင်း မှာ ပုပ်ပွလျက် ရှိရာ အနည်းဆုံး လွန်ခဲ့သည့် လေးရက် လောက်က အသတ် ခံ ရခြင်း ဖြစ်ပြီး ဦးခေါင်းကို တိတိ ရိရိ ဖြတ်တောက် ထားခဲ့ကြောင်း၊ ကနဦး စစ်ဆေးမှုတွင် တွရှေိ့ ချက်အရ အလောင်းကို အနီး အနားရှိ တစ်နေရာရာတွင် သတ် ဖြတ်ခဲ့ ခြင်း ဖြစ်ကြောင်း၊ သေဆုံး သူမြန်မာ အမျိုးသားသည် အသက် ၃ဝ အရွယ်ခန့် ရှိပြီး အ လောင်းအား ခွဲစိတ် စစ်ဆေး မှုပြု၍ မည်သူ မည်ဝါဖြစ်သည် ကို စစ်ဆေး ဖော်ထုတ် သွားမည် ဖြစ်ကြောင်း မစ္စတာ အမီရူဒင် က ပြောကြားခဲ့သည်။

Ref: AFP
From:  Yangon Media Group

အမေရိကန်မှ ဆီးရီးယားအား စတင်တိုက်ပြီ

Posted by drmyochit Thursday, September 05, 2013, under | No comments


အမေရိကန်လွှတ်တော်မှ ဆီးရီးယားနိုင်ငံအားစစ်ရေးအရ တိုက်ခိုက်ချေမှုန်းသွားရန် ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပြီဖြစ်သည်၊ လွတ်တ်ာမှ ယင်းတိုက်ခိုက်မှုကို ရက် ( ၉၀ ) သာလျှင်  ခွင့်ပြုထားပြီး
မြေပြင်တပ်များကို အသုံးပြုခွင့်မပေးပါ။

From : .... BBC

ချစ်သူစုံတွဲကို မျက်နှာဖုံးစွပ် လူငယ်တစ်ဦးက ဗုံးဖြင့်ပစ်

Posted by drmyochit Thursday, September 05, 2013, under | No comments


အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့တွင် ဈေးဝယ်စင်တာမှ ပြန်လာသည့် စုံတွဲတစ်တွဲကို ရေနံဓါတုဗုံးဖြင့်ပစ်သည့် လူငယ်တစ်ဦးကို ဖမ်းဆီးလိုက်သည်။

အဆိုပါလူငယ်မှာ ကြောက်မက်ဖွယ်လူသတ်ဇာတ်လမ်းဖြစ်သည့် Friday the Thirteenth ဇာတ်ကားထဲ တွင် ရေပန်းစားခဲ့သော ဟော်ကီမျက်နှာဖုံးကိုစွပ်ထားပြီး တောခုတ်ဓါးတစ်လက်ကိုလည်း ယူဆောင် လာခဲ့သည်ဟု ဆိုသည်။

ဘော်ဘီဟောဝဲလ်နှင့် သူ၏ချစ်သူ မိန်းကလေးတို့ ည ၁၀ နာရီကျော်တွင် ဈေးဝယ်စင်တာမှ ပြန်လာစဉ် လူငယ်တစ်ဦးက ချဉ်းကပ်လာပြီး ၎င်းမှာလမ်းပျောက်နေသည်ဟု အော်ဟစ်ခဲ့သည်ဟု ဆိုသည်။
ဟောဝဲလ်တို့စုံတွဲက မည်သို့ကူညီရမည်ကိုမေးမြန်းပြီး အရေးပေါ်ဖုန်းနံပါတ် ၉၁၁ သို့ ဖုန်းခေါ်ဆိုခဲ့သည် ဟု ဆိုသည်။

ထိုအချိန်တွင် လူငယ်က “ငါ့ကို ဘယ်သူဆိုတာသိရဲ့လား”ဟု မေးရာ ဟောဝဲလ်က လူငယ်၏ ကုတ်အကျီ ထဲမှ တောခုတ်ဓါးကို တွေ့မြင်သတိပြုမိသဖြင့် ထွက်ပြေးခဲ့ရာ ထိုလူငယ်က “ပျော်ရွှင်ဖွယ် ခရစ်စမတ်ပါ” ဟု အော်ကာရေနံဗုံးဖြင့် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။

ထိုဗုံးမှာ စုံတွဲနှင့် ၁၅ ပေအကွာတွင် ပေါက်ကွဲခဲ့သည်ဟုဆိုသည်။ ထိုဗုံးမှ ထွက်သောမီးတောက်မှာ ပေ ၂၀ ခန့်မြင့်သည်ဟု မျက်မြင်သက်သေများက ထွက်ဆိုကြသည်။

ရဲတပ်ဖွဲ့က ဗုံးဖြင့်ပစ်သည့် အသက် ၁၉ နှစ်အရွယ်ရှိ ကာဇီမာနိုဗာဂါစကီကို အခင်းဖြစ်ပွားရာနေရာနှင့် တိုက်ဘလောက်အနည်းငယ်အကွာတွင် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ပထမတွင် ဂါစကီက ၎င်းမှာ ရွရွပြေးသွေးပူလေ့ကျင့်ခန်း လုပ်နေခြင်းသာဖြစ်သည်ဟု ရဲများကို ဖြေကြား ခဲ့သည်။ နောက်ဆုံးတွင်မှ ၎င်းက ဓါတ်ဆီနှင့် အခြားဓါတုပစ္စည်းများပါဝင်သည့် ဗုံးဖြင့် စုံတွဲကိုပစ်ခတ်ခဲ့ကြောင်း ၀န်ခံသည်။

ဂါစကီ၏ဖခင်က သူ့သားသည် စိတ်ခြောက်ခြားဆေးများ သုံးစွဲနေကြောင်း ပြောကြားခဲ့သည်။ ဂါစကီကို သူတစ်ပါးကို နှောင့်ယှက်စော်ကားမှု၊ တရားမ၀င် လက်နက်ကိုင်ဆောင်မှုများနှင့် တရားရင်ဆိုင်ရဖွယ် ရှိသည်။

ဂါစကီမှာ ထောင်ထဲတွင်ရှိနေပြီး ၎င်းအတွက်အာမခံငွေ ဒေါ်လာ နှစ်သိန်း တင်ရမည်ဖြစ်သည်။ ဂါစကီကို ဆေးဖြတ်ပြီး ကုသပေးနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းသည်ဆေးဝါးအမျိုးစား မြောက်များစွာကို သုံးစွဲသဖြင့် ဆေးဖြတ်ရန်နည်းလမ်းရှာဖွေရန် ခက်ခဲခဲ့သည်ဟု သူ၏ဖခင်ကပြောကြားခဲ့သည်။

Mizzima - News in Burmese

"ထိုင်ဝမ် မုဆိုးမတစ်ဦးအိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် ထောင်ဒဏ် ၂၉၈ နှစ် ကျခံဖွယ်ရာရှိနေ"

Posted by drmyochit Thursday, September 05, 2013, under | No comments

အိမ်ထောင်ရှိ အမျိုးသား တစ်ဦးနှင့် ဖောက်ပြန်မှုကြောင့် ထိုင်ဝမ် မုဆိုးမတစ်ဦး သည် သီအိုရီ အရထောင်ဒဏ် ၂၉၈ နှစ် ကျခံရမည့် အခြေအနေ ဖြစ်ခဲ့ကာ ထိုအငြင်း ပွား ဖွယ်ရာ အိမ်ထောင်ရေး ဖောက်ပြန်မှု ဥပဒေကို ပြန်လည် သုံးသပ်ရန် ကြိုးစား နေကြကြောင်း သိရှိရသည်။

အသက် ၅၆ နှစ် အရွယ် အိမ် ထောင်မရှိ အမျိုးသမီး တစ်ဦးသည် အိမ်ထောင်ရှိ အိမ်နီးချင်း တစ်ဦးနှင့် ၅ နှစ် တာမျှ ဖောက်ပြန်ခဲ့ကြပြီး ယခုအချိန် တွင် ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ဒဏ်ငွေကန်ဒေါ်လာ ၂၄၃ဝဝ (ထိုင်ဝမ် ဒေါ်လာ ၇၃ဝဝဝဝ) ပေး ဆောင်ရမည်ဟု တရားရုံး တစ်ရုံးက အမိန့် ချမှတ်ခဲ့သည်ဟု သိရသည်။

၎င်း စုံတွဲသည် များစွာသော မိုတယ်များတွင် ခရီးတို ၈၉၄ ကြိမ် သွားခဲ့သည်ဟု ဝန်ခံ ပြောဆိုခဲ့သောကြောင့် ထိုင်ဝမ် ဥပဒေအရ ဖောက်ပြန်မှု တစ်ကြိမ်လျှင် ၄ လ ထောင်ဒဏ် ချမှတ်နိုင်ပြီး သီအိုရီ အရ ထောင်ဒဏ် ၂၉၈ နှစ် ချမှတ်နိုင်သော်လည်း ဗဟို ချန်းဟွခရိုင် တရားရုံးမှ တရားသူကြီးများက လျှော့ပေါ့ ပြစ်ဒဏ် ချမှတ် ခဲ့ခြင်းဖြစ်သည်။

အသက် ၅ဝ အရွယ် ဖောက်ပြန်သူ အမျိုးသားကိုမူ ၄င်း၏ ဇနီးသည် ကခွင့်လွှတ် ပေးရန် စဉ်းစားခဲ့ပြီး တရား စွဲဆိုမှုကို ရုပ်သိမ်း ခဲ့သောကြောင့် ပြစ်ဒဏ်မှ လွတ်ကင်း သက်သာမှု ရရှိခဲ့သည်။

ယင်းဖြစ်စဉ်က အိမ်ထောင်ရေး ဖောက်ပြန်မှုကို ရာဇဝတ်မှုဟု သတ်မှတ်ခြင်း မှ ပယ်ဖျက်ပေးရန် တောင်းဆိုမှု များကို ဖြစ်စေခဲ့သည်။

အိမ်ထောင်ရေး ဖောက်ပြန်မှုကို ရာဇဝတ်မှုဟု သတ်မှတ်သည့် အာရှနိုင်ငံ အချို့တွင် ထိုင်ဝမ် ပါရှိပြီး ယခုကဲ့သို့ ကိစ္စတွင် အမျိုးသမီး ကသာ ပြစ်ဒဏ် ချမှတ်ခြင်း ခံရ သည့် အကြောင်းရင်း ကို မေးခွန်းထုတ်မှုများ ရှိလာသည်။

အိမ်ထောင်ရေး ဖောက်ပြန်မှုကို ရာဇဝတ်မှုဟု သတ်မှတ်ခြင်းမှ ပယ်ဖျက်ရန် လူထု စစ်တမ်း ကောက်ခံမှု တစ်ခု အား ထိုင်ဝမ် တရားရေး ဌာနက ကျင်းပ ခဲ့ရာ ၇၇ ဒသမ ၃ ရာခိုင်နှုန်းက ”မပယ်ဖျက်ရန်” ဆန္ဒပြုခဲ့ကြသည်။

Ref: Oneline news:Asia
Popular Myanmar News Journal

အေ့ဒ်စ်ဝေဒနာသည်ကို အဓမ္မကျင့်သူ ထောင်ငါးနှစ်ကျသလို HIV ပါကူးစက်နိုင်ချေရှိသည်ဟုဆို

Posted by drmyochit Thursday, September 05, 2013, under | No comments


ဗြိတိန်နိုင်ငံတွင် အေအိုင်ဒီအက်စ်ဝေဒနာသည် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သူသည် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံရသလို ထိုအမျိုးသမီးထံမှ HIV ပိုးပါ ကူးစက်ခံရနိုင်သည်ဟု ရဲများက ထိုသူကို သတိပေးပြောကြား လိုက်သည်။

အဓမ္မပြုကျင့်မှု ကျူးလွန်သူ အသက် ၂၇ နှစ်အရွယ် ရစ်ချက်သောမတ်ကို ရဲများက ၎င်းအဓမ္မပြုကျင့်ခဲ့သူ အမျိုးသမီး၏ ဆေးမှတ်တမ်းအား
ပြောပြရာတွင် ၎င်းမှာ တုန်လှုပ်ခြောက်ခြားခဲ့ရပြီး၊ ယခုအခါတွင် ၎င်း အနေဖြင့် ရောဂါပိုးကူးစက်ခြင်းရှိမရှိ ဆိုသည့်အဖြေအား စောင့်ဆိုင်းနေသည်ဟု သိရသည်။

မန်ချက်စတာမြို့တွင်နေထိုင်နေသည့် သောမတ်အနေဖြင့် အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးမှာ နာမကျန်းဖြစ်နေသည်ကို သိရှိသော်လည်း သူမမှာ HIV ရောဂါပိုး ခံစားနေရသည်ကိုမသိရှိခဲ့ဟု သိရသည်။ ထိုဖြစ်ရပ်ကို
သောမတ်ကို အသိပေးပြီး နောက်သူ့ကိုဆေးရုံသို့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်ရာ အလွန်တုန်လှုပ် သွားသည်ဟု လီဗာပူးတော်ဝင်တရား ရုံးကဆိုသည်။

ယခုကဲ့သို့ ပြစ်မှုကျူးလွန်နေစဉ်တွင် အမျိုးသမီးမှာ လန့်နိုးခဲ့သော်လည်း ““မတုန်မလှုပ်နဲ့ စကားတစ်ခွန်းမှ မပြောခဲ့ဘူးလို့ သိရပါတယ်”ဟု အစိုးရရှေ့နေက ပြောကြားလိုက်သည်။

“သူ့ကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးတဲ့အခါမှာ သူ့အနေနဲ့ မူးယစ်ဆေးဝါးနဲ့ အရက်တွေကို အလွန်အကျွံ သုံးစွဲထားတဲ့အတွက် ဘယ်လိုဖြစ်ပျက်ခဲ့လဲဆိုတာကို သေသေချာချာ မမှတ်မိဘူးလို့ ထွက်ဆိုထားပါ တယ်” ဟု လည်း ထိုရှေ့နေက ဆက်ပြောခဲ့သည်။

သောမတ်စ်အား ထောင်ဒဏ်ငါးနှစ်နှင့် လေးလပြစ်ဒဏ်ချမှတ်ခဲ့သည့် တရားသူကြီး မာ့ခ်ဘရောင်းက “အဓမ္မပြုကျင့် ခံရသူ အမျိုးသမီးက အိပ်ဆေးသောက်ပြီး အိပ်နေတဲ့ အချိန်မှာ သူက ပြစ်မှုကျူးလွန်ခဲ့တာပါ။ ဒီလုပ်ရပ်က အမျိုးသမီးကို စိတ်ဖိစီးမှုတွေ ဖြစ်စေပါတယ်”ဟု တရားခွင်တွင် ပြောကြားလိုက်သည်။

Mizzima - News in Burmese
အောင်မင်းဘာသာပြန်သည် |မဇ္ဈိမ

ကျွန်တော့်ပိုက်ဆံ သိန်း ၃၀ ပြန်ရဖို့ ဦးလေးတို့ ကူညီကြပါ

Posted by drmyochit Thursday, September 05, 2013, under | No comments

တောင်ငူ ၊ စက်တင်ဘာ ၄ ။      ။ ပဲခူး တိုင်းဒေသကြီး တောင်ငူမြို့နယ် သောက်ရေခပ်ဆည် စီမံကိန်းနယ် မြေမှ ဖယ်ရှားခံခဲ့ရသော ထုံးဘို ကျေးရွာ အိမ်ခြေ ၉၃အိမ်အတွက် သက်ဆိုင်ရာကုမ္ပဏီမှ နစ်နာကြေး အဖြစ် တစ်အိမ်ထောင်လျှင် ကျပ် သိန်း၃ဝ နှုန်းဖြင့် ကာယကံရှင်များ လက်ဝယ်သို့ အတိအကျပေးအပ် ခဲ့ပြီးဖြစ်သော်လည်း အသက်၁၃ နှစ်အရွယ်ရှိ မောင်ဇော်ဝင်းမောင် ဆိုသူမှာ ၄င်းတို့အိမ်အတွက်ရရှိ ခဲ့သောကျပ်သိန်း၃ဝအား သက် ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး က ပြန်လည် တောင်းယူသွားခြင်း ကို ခံလိုက်ရကြောင်း သိရသည်။

''ကုမ္ပဏီက လူကြီးတွေက ကျွန်တော့်ကို တခြားလူတွေလိုပဲ သိန်း၃ဝပေးခဲ့တာပါ။ ကျွန်တော် ကိုယ်တိုင် ကျွန်တော့်လက်နဲ့သွား ယူခဲ့ရတာပါ။ ရွာလူကြီး ဦးအောင် ထွန်းဝင်းက အဲဒီငွေတွေ မင်းနဲ့ မဆိုင်ဘူး။ လာပြန်ပေးလို့တောင်း တာနဲ့ သိန်း ၃ဝလုံး သွားပေးလိုက် ရတယ်။ သုံးသိန်းကျွန်တော့်ကိုပြန်ပေး တယ်။ ကျွန်တော်မကျေနပ်ဘူး။ ကျွန်တော့်အဖေက တခြားမှာအ လုပ်သွားလုပ်ရင်း နောက်အိမ် ထောင်ပြုသွားပြီ။ ရွာကို ပြန်မလာ တော့ဘူး။ အမေကလဲဆုံးသွားပြီ။ ကျွန်တော့် မှာ အသက် ၁၀ နှစ်အ ရွယ် ညီမလေးတစ်ဦးရှိတယ်။ ကျွန် တော်တို့ မောင်နှမနှစ်ဦး အဒေါ့် အိမ်မှာကပ်နေရတယ်။ စီးပွားရေး က အဆင်မပြေဘူး။ ကျွန်တော့် ငွေ သိန်း ၃ဝကိုပြန်လိုချင်တယ်။ ဦးလေးတို့ ကျွန်တော့်ကို ကူညီပေး ကြပါ''ဟု  မောင်ဇော်ဝင်းမောင် က ပြောသည်။

မြန်မာနိုင်ငံ တောင်သူလယ် သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌဦးကျော်စွာစိုးက ''ကျွန်တော် တို့ ဒီကိစ္စကိုအမှန်တိုင်းဖြစ်ဖို့အ တွက် မြို့နယ်ပါတီရုံးအဖွဲ့ကနေ ရဲစခန်းမှာ အမှုဖွင့်ဖို့လုပ်နေတယ်။ ဥပဒေနှင့်အညီဖြစ်ဖို့အတွက် လုပ် တာပါ။ အုပ်ချုပ်ရေးမှူး ဆိုတာက ပြည်သူတွေကို ကာကွယ်စောင့် ရှောက်ဖို့အာဏာကိုသုံးပြီး ပြည် သူကို အသုံးမချရဘူးဆိုတာသိရ မယ်။ ဒီလိုမျိုးတွေလုပ်နေမယ်ဆို ရင် နိုင်ငံတော်အစိုးရပါ ထိခိုက် လာနိုင်တယ်။ အခုဖြစ်တဲ့ကလေး က ၁၃နှစ်ပဲရှိ သေးတယ်။ အခုက လေးကကြောက်တော့ ရပ်/ကျေး ပါတီအတွင်းရေးမှူးအိမ်မှာ ထား ရတယ်''ဟုပြောသည်။

''အဲဒီ ရပ်/ကျေးအုပ်ချုပ် ရေးမှူးက အေးရှားဝေါကုမ္ပဏီ လျော်ကြေးငွေတွေ ပေးတဲ့နေ့မှာ ပဲ  အခုလိုလျော်ကြေးငွေရအောင် ဝိုင်းကူညီခဲ့တဲ့ KNU အဖွဲ့တွေ၊NGO အဖွဲ့တွေ၊ အကျိုးဆောင် ပေးသူတွေအတွက် တစ်အိမ်ထောင် ကို ကျပ် ၅၀၀၀၀၀ စီ ပြန်ပေးရမယ်။ မပေးရင်နောင် ပြဿနာတစ်စုံ တစ်ခုဖြစ်လာရင် လိုက်ရှင်းမပေး ဘူးဆိုပြီး တောင်းပါတယ်။ ကျွန်တော် တို့လဲ ကြောက်ပြီး ပေးကြရပါတယ်။ အိမ် ၉၂အိမ်အတွက် ကျပ်သိန်း ၄၆ဝနဲ့ မောင်ဇော်ဝင်းမောင်က ကျပ် သိန်း ၃၀ အားလုံး ငွေကျပ်သိန်း ပေါင်း ၄၉၀ ကို ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အဖွဲ့က အဲဒီနေ့ကပဲ ယူသွားကြပါတယ်။ ဒီကနေ့အထိ ဘာစာရင်းဇယားမှ မရှင်းပြပါဘူး။ ဒီကိစ္စကို နိုင်ငံတော်အကြီးအကဲ တွေသိအောင် ဆက်ပြီး တင်ပြအ ကူအညီ တောင်းခံသွားမှာပါ'' ဟု ထုံးဘိုကျေးရွာနေ စောအယ်မှူး ကလည်း တောင်သူလယ်သ မားပါတီတာဝန်ရှိသူများနှင့်တွေ့ ဆုံစဉ်ရင်ဖွင့်ပြောကြားခဲ့ကြောင်း သိရသည်။

ကိုဆွေ
Yangon Media Group

တောင်ကြီးမြို့ပေါ်ရှိ အသေးစားစက်မှုလုပ်ငန်းများအတွက် လိုင်စင်သက်တမ်းတိုးခွင့်ပေးမည်မဟုတ်

Posted by drmyochit Thursday, September 05, 2013, under | No comments


တောင်ကြီးမြို့ပေါ်ရှိ အသေးစားစက်မှု လုပ်ငန်းများအတွက် လိုင်စင်သက်တမ်းတိုးခွင့် ထပ်မံပေးတော့မည် မဟုတ်ကြောင်း ရှမ်းပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က စက်တင်ဘာ ၄ ရက်တွင် မဇ္ဈိမကိုပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ အသေးစားစက်မှုလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် မြို့ပေါ်တွင် ဆက်လက် လုပ်ကိုင် ခွင့် ရတော့မည်မဟုတ်ဘဲ အေးသာယာမြို့သစ်ရှိ အေးသာယာစက်မှုဇုန်တွင်သာ လုပ်ကိုင် ခွင့်ပြုတော့ မည် ဖြစ်သည်။

ရှမ်းပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က “ကျွန်တော်တို့ အနေနဲ့ကတော့ တောင်ကြီးမြို့ပေါ် မှာ အသေးစားစက်မှုလုပ်ငန်း လုပ်ကိုင်နေသူတွေကို လိုင်စင်သက်တမ်းထပ်မံတိုးပေးတော့မှာ မဟုတ်ပါ ဘူး။ သည်လို မတိုးပေးဖို့ကိုလည်း စက်မှုကြီးကြပ်ရုံးကို ပြောထားပြီးပါပြီ” ဟုဆိုသည်။

လက်ရှိတွင် ပြည်နယ်အစိုးရအနေဖြင့် မြို့ပေါ်ရှိလုပ်ငန်းများကို စက်မှုဇုန်သို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်ရန် စီစဉ်ပေးနေပြီး အေးသာယာ စက်မှုဇုန်ရှိ ကျန်ရှိနေသော မြေကွက် ၁၇၄၀ခန့်ကို စက်မှုလုပ်ငန်း လုပ်ကိုင် သူများအတွက် ခွဲဝေနေရာချထားပေးနိုင်ရန် စီစဉ်ပြီးဖြစ်သည်ဟုလည်း ဦးစိုင်းထွန်းရင်က ပြောသည်။

အေးသာယာစက်မှုဇုန်တွင်လည်း အမှန်တကယ် စက်မှုလုပ်ငန်း မဆောင်ရွက်ဘဲ နေအိမ်များ ဆောက်လုပ်နေထိုင်နေသူများရှိနေရာ ၎င်းတို့ကို စက်မှုလုပ်ငန်းများ ဆောင်ရွက်စေရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်ကဆိုသည်။

၎င်းက “နေအိမ်လိုပဲ သဘောထားပြီး နေနေရင်တော့ စက်မှုဇုန်ဟာ ဖွံဖြိုးဖို့ အလားအလာနည်းပါတယ်။ စက်မှု လုပ်ငန်းအတွက် စက်မှုဇုန် ဖော်ထုတ်ထားတာပါ။ ဒီတော့ စက်မှုဇုန်ဆိုတာ စက်မှုလုပ်ငန်းရှင်တွေ အတွက် သာ ဖြစ်စေရမယ်လို့ ကျွန်တော်တို့ ရည်ရွယ်ပါတယ်” ဟုပြောသည်။

ယင်းသို့ ဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး အေးသာယာစက်မှုဇုန်တွင် စက်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက “သည်လိုမျိုး သတ်မှတ်ပေးတာ ကောင်းပါတယ်။ တချို့လုပ်ငန်းတွေက တောင်ပေါ်မှာ လုပ်လို့ ရနေတော့ ကျွန်တော်တို့စက်မှုဇုန်ရှိတဲ့ တောင်အောက်ကိုဆင်းမလာတော့ဘူး။ သည်တော့ ကျွန်တော်တို့ အလုပ်အကိုင် မဖြစ်ဘူး” ဟု ပြောသည်။

တောင်ကြီးမြို့ အေးသာယာမြို့သစ်ရှိ အေးသာယာစက်မှုဇုန်သည် ယခင်အစိုးရလက်ထက်က အကောင် အထည်ဖော်ပေး ခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်ရှိ စက်မှုလက်မှု လုပ်ငန်းများအားလုံးဇုန်သို့ ပြောင်းရွှေ့လုပ်ကိုင်ရန်မြေနေရာများ ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းစက်မှုဇုန်ကို ၂၀၀၀ ခုနှစ် ကပင် စတင်လုပ်ကိုင် ခဲ့ခြင်းဖြစ်သည်။

ဂျွန်ချစ်ငြိမ်း  |မဇ္ဈိမ

ရန်ကုန်မြို့တော်တွင် ဆင်ဆာမဲ့ခွေ နှစ်သိန်းနီးပါး ဖျက်ဆီး

Posted by drmyochit Thursday, September 05, 2013, under | No comments



ရန်ကုန်၊ စက်တင်ဘာ ၎

ရန်ကုန်မြို့တော်တွင် ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်နေ့အထိ ဖမ်းဆီးမိခဲ့သော ဆင်ဆာမဲ့ခွေ နှစ်သိန်းနီးပါးကို စက်တင်ဘာလ ၄ ရက်နေ့ နံနက်က ကမာရွတ်မြို့နယ် မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ်ပြတိုက်တွင် လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခဲ့သည်။

"ညစ်ညမ်းစွာ ရိုက်ထားတာတွေကို အတုယူကြပြီး လက်တွေ့စမ်းသပ် ကျူးလွန်တာတွေကြောင့် သက်ငယ်မုဒိမ်းမှုတွေ ဖြစ်လာတယ်။ ပြီးတော့ ဥပဒေကို မျက်ကွယ်ပြုပြီး အနုပညာရှင်တွေနဲ့ ထုတ်လုပ်သူတွေရဲ့ ကာယနဲ့ ဉာဏအားတွေကို မတရား ခေါင်းပုံဖြတ်ပြီး ရိုက်ချိုးသလို ဖြစ်နေတာ ကြောင့် ဆင်ဆာမဲ့ ထုတ်လုပ်ရောင်းချနေသူ တွေကို ထိရောက်စွာ အရေးယူသွားမယ်" ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ၂၉ မြို့နယ်တွင် ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်နေ့ထိ မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပေးပို့သော အမှုပေါင်း ၈၆ မှုနှင့် ဆင်ဆာမဲ့ အခွေပေါင်း ၁၉၉,၅၁၀ တွင် နိုင်ငံခြား ဇာတ်ကားခွေပေါင်း တစ်သိန်းရှစ်သောင်းကျော် အများဆုံးပါရှိကြောင်း ယင်း အခမ်းအနားတွင် ထုတ်ပြန်ခဲ့သည်။

"ဆင်ဆာမဲ့ ခိုးကူးခွေတွေ ဝယ်ကြည့်တဲ့ သူတွေလည်း ခိုးရာပါပစ္စည်းလက်ခံရင် ဥပဒေနဲ့ ငြိစွန်းပေမယ့် ရောင်းတဲ့လူတွေကိုပဲ အဓိကထားပြီး အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက The Voice သို့ ပြောကြားသည်။

"ညစ်ညမ်းခွေတွေ ဖမ်းနေပေမယ့် ဆိုင်တွေကို ရဲက လိုင်းကြေးပေးပြီး ရောင်းခိုင်းနေတာပဲ။ အခုခေတ် လူငယ်တွေက ညစ်ညမ်းဝက်ဘ်ဆိုက်ကနေ ဖုန်းထဲ Download ဆွဲပြီး ကြည့်နေတာ ကျွန်တော့် ကိုယ်တွေ့ပဲ" ဟု မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် အခွေရောင်း နေသူတစ်ဦးက ဆိုသည်။

၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ကုန်ထိ ရှစ်လတာဖမ်းဆီးအမှုပေါင်း ၄၃၀ နှင့် သိမ်းဆည်းရမိခွေ ငါးသိန်းကျော်ရှိပြီး ၂၀၀၁၊ ၂၀၀၂ ၊ ၂၀၀၄ နှင့် ၂၀၀၉ ခုနှစ်တို့ တွင် အလားတူ ဆင်ဆာမဲ့ခွေများကို ဖျက်ဆီးခြင်း အခမ်းအနားများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


The Voice Weekly

သာမန်အမျိုးသမီးများ HIV ပိုး ကူးစက်မှုနှုန်းမြင့်တက်

Posted by drmyochit Thursday, September 05, 2013, under | No comments


မြန်မာနိုင်ငံအတွင်းရှိ သာမန်အမျိုးသမီးများနှင့် အိမ်ထောင်ရှင်မများ ကြားထဲတွင် HIV ပိုးကူးစက်မှု နှုန်းသည့် မြင့်တက်လျက်ရှိ ကြောင်းကို သြဂုတ် ၃၀ ရက် Central Hotel ၌ ပြုလုပ်သော HIV  ပိုးဖြင့် ရှင်သန် ရပ်တည်နေကြသော အမျိုးသမီးများ၏ တွေ့ဆုံပွဲ အခမ်းအနားတွင် MPWN (Myanmar Positive Women Network) ၏ အကြံပေး ဒေါ်စုစုလှိုင်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

HIV/AIDS ရောဂါသည် လိင်လုပ်သား (sex worker) နှင့် မူးယစ်ဆေး သုံးစွဲသူ (drugs user) များတွင်သာ အဖြစ်များသည်ဟု လူအများက သိရှိသော်လည်း သာမန် အမျိုးသမီးများတွင် ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိကြောင်း သာမန် အမျိုးသမီးများသည် များသောအားဖြင့် ၄င်းတို့၏ အိမ်ထောင်ဖက် ခင်ပွန်းထံမှ ကူးစက်ကြကြောင်း၊ အချို့ အမျိုးသမီးငယ်များသည် ၄င်းတို့၏ လက်တွဲဖော်မှ ကူးစက်ကြကြောင်း တို့ကို ၄င်းကပြောသည်။

““လူတွေက sexworker, drugs user တွေကပဲ ဖြစ်တာ သာမန် အမျိုးသမီးထုထဲမှာသိပ်ပြီး မကူးစက်ဘူးလို့ ထင်တယ်လေ။ သာမန် အမျိုးသမီးထဲမှာလည်း ကူးစက်မှုနှုန်းက တစ်စတစ်စ တိုးလာတယ်။ အဲဒါကလည်း sex ကြောင့်ပေါ့”” ဟု ၄င်းက ထပ်မံပြော ကြားသည်။

အိမ်ထောင်ရှင်မများသည် ခင်ပွန်းမှ HIV ပိုး ကူးစက်ခံရပြီး မိခင်မှတစ်ဆင့် သန္ဓေသားသို့ ကူးစက်နိုင်ကြောင်း၊ မသန့်ရှင်းသော သွေးအသုံးအဆောင် ပစ္စည်းများမှ ကူးစက်လွယ်ကြောင်း၊  HIV ပိုးရှိသော ကလေးငယ်သည် သာမန် ရောဂါပိုး မရှိသော ကလေးများနှင့် ခွဲခြား ဆက်ဆံခံရခြင်းများ ရှိသေးကြောင်း၊ ကလေးငယ်သာမက ရောဂါပိုးရှိသူတိုင်း ခွဲခြားမှုဆက်ဆံ ခံရမှု ရှိကြောင်း၊ HIV/AIDS နှင့် ပတ်သက်၍ လူထုထဲ၌ ကျယ်ပြန့်စွာ သိသော်လည်း ရောဂါကူးစက်မှု ပုံစံ သေချာစွာ မသိရှိ သောကြောင့် ခွဲခြားဆက်ဆံမှု ဖြစ်ပေါ်ကြောင်း၊ ရောဂါ ဖြစ်ပွားသူအနေနှင့် ရုပ်ပိုင်းဆိုင်ရာ အတွက် ART ဆေးကို ပုံမှန် သောက်၍ စိတ်ပိုင်းဆိုင်ရာ တိုးတက်ရန် တည်ကြည်မှုရှိရန် ကိုယ်တိုင် တည်ဆောက် သင့်ကြောင်းကို NLD အမျိုးသား ကျန်းမာရေး ကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။

“တကယ်တော့ အိမ်ထောင်ရှင်မမှာ ဘာအပြစ်မှ မရှိဘူး။ သူ့ရဲ့ ခင်ပွန်းက အလုပ်အကိုင်၊ အပျော်အပါးကြောင့် အမျိုးသမီးမှာ ရောဂါကူးတယ်။ အမျိုးသမီးကနေ သန္ဓေသားထိ ကူးတယ်။ လူတွေက ရောဂါရှိတဲ့ သူတွေကို ရှောင်လာတယ်။ ဘယ်လောက်ပဲ ပညာပေးပေး ဘာလို့လဲဆိုရင် သူတို့က ကူးစက်ပုံကို သေချာ နားမလည်တာပါ”ဟု ၄င်းက ထပ်မံ ပြောကြားသည်။

HIV/AIDS ရောဂါသည် ပုံမှန်အားဖြင့် အတူနေထိုင် စားသောက်ခြင်း၊ ရေအိမ်အတူသုံးခြင်း၊ သာမန် အ၀တ်အထည် အတူ ၀တ်ခြင်းဖြင့် ကူးစက်ခြင်း မရှိပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ ယခုနှစ် မြန်မာနိုင်ငံ၏ ရောဂါ ကူးစက်မှု နှုန်းမှာ နှစ်သိန်းကျော်ခန့် ရှိသည်။

Myanmartandawsint Newspaper

Barlin မှာကြေငြာခဲ့ပြီဖြစ်တဲ့ Samsung Galaxy Note-3

Posted by drmyochit Thursday, September 05, 2013, under | No comments


ဆမ်ဆောင်းပရိတ်သတ်တွေစောင့်မျှော်နေတဲ့ Galaxy Note-3 ကတော့
စက်တင်ဘာ-၄ ရက်၊ဂျာမနီ၊ဘာလင်မှာ မိတ်ဆက်ပြသလိုက်ပါပြီ။သုံးစွဲသူ
တွေကြီးကြီးမားမား မျှော်လင့်ထားတဲ့အတိုင်း Note-3 မှာပါဝင်တဲ့
Specification တွေကလည်း ပြိုင်ဘက်တွေကို နောက်ကောက်ချနိုင်မယ့်
အနေအထားပါပဲ။

မျက်နှာပြင်အကျယ် ၅.၇ လက်မ နဲ့ပွဲထက်လာတဲ့ Note-3 ဟာယခင်ထွက်ရှိ
ပြီးဖြစ်တဲ့ Note-2 မျက်နှာပြင်ကျယ်လာတာကိုမြင်တွေ့ရမှာပါ။ရုပ်ထွက် Resolution(1920 x 1080) အထိပေးစွမ်းနိုင်မှာဖြစ်ပြီး Full HD Super AMOLED အသုံးပြုထားပါတယ်။

LTE 2.3 GHz Quad-Core Processor နှင့်3G 1.9 GHz Octa Core Processor တို့ကိုအသုံးပြုထားပြီး Octa Core Processor က စမတ်ဖုန်း
တွေထဲမှာပထမဆုံးအသုံးပြုတဲ့ Processor လို့ဆိုရမှာပါ။ Android Version 4.3 Jelly Beanအသုံးပြုထားပါတယ်။

ကင်မရာပိုင်းအနေနဲ့ ယခင်စမတ်ဖုန်းတွေလို Mega pixel ချင်းတူတယ်
ဆိုပေမယ့် အခြားစွမ်းဆောင်ရည်တွေပိုတက်လာ တယ်လို့ဆိုရမှာဖြစ်ပြီး
13MP ရှိတဲ့ ကင်မရာကို(Auto Focus camera with Smart Stabilization, LED Flash(High CRI), and Zero Shutter LagSub (Front): 2 Mega-pixel BSI sensor with Smart Stabilization,Full HD recording) စတာတွေကို စွမ်းဆောင်နိုင်ပါလိမ့်မယ်။ထို့ပြင် Dual Camera
ကို Dual Shot / Dual Recording/ Dual Video Call Recording: UHD 30fps,Smooth motion (FHD 60fps), Slow motion (HD 120fps) စတာ
တွေကိုပါ အသုံးပြုလို့ရနိုင်ပါသေးတယ်။


အသံထွက်အော်ဒီယိုပိုင်းအနေနဲ့ အမြင့်ဆုံးဖြစ်တဲ့ Ultra High Quality Audio
(~192KHz, 24 bit) အထိထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။RAM 3GB အသုံး
ပြုထားပြီး Memory 32GB နှင့် 64GB Version နှစ်မျိုးအသုံးပြုနိုင်မယ့်အပြင်
64GB အထိအပိုထည့်သွင်းအသုံးပြုနိုင်ပါသေးတယ်။တာရှည်ခံ ဘက်ထရီ Li-ion 3,200 mAh ကိုအသုံးပြုထားပြီး ဖုန်းတစ်ခုလုံးရဲ့ အလေးချိန်က
၁၆၈ ဂရမ်သာရှိမှာဖြစ်ပါတယ်။

ဒါကြောင့် Specification တွေ Future တွေအနေနဲ့ အခြား Galaxy တွေ ထဲကနေသိသိသာသာကွဲထွက်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Note-3 ကို
ဆမ်ဆောင်းက ယခုလိုပွဲထုတ်ပြီး သုံးစွဲသူအကြိုက်တွေ့စေအောင်
ပြုလုပ်ပေးထားတယ်လို့ဆိုရင်း နိဂုံးချုပ်လိုက်ရပါတယ်။

Ref:Gsmarena
Khun Nay(August Myanmar Media Group)

ကိုရီးယားအလုပ်မှ ထွက်ပြေးသူများအား သတ်မှတ်ချိန်အတွင်း မြန်မာ သို့ ပြန်မခေါ်နိုင်က ကျပ်သိန်း ၃ဝ အလျော်ခိုင်းတော့မည်

Posted by drmyochit Thursday, September 05, 2013, under | No comments


ကိုရီးယားအလုပ်အကိုင်စာချုပ် ဖောက်ဖျက်၍ ထွက်ပြေးသူများကို သတ်မှတ်ချိန်အတွင်း မြန်မာသို့ ပြန်မ ခေါ်နိုင်ပါက ကျပ်သိန်း ၃ဝ အလျော် ခိုင်းတော့မည်ဖြစ်ေ ကြာင်း အစိုးရ ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ သိရသည်။

အလုပ်မှ ထွက်ပြေးပါက ကျပ် သိန်း ၃ဝ လျော်ရမည်ဟု အလုပ်အ ကိုင်စာချုပ်တွင် ပါရှိသော်လည်း ယခင် က ထိုသို့ အလျော်ခိုင်းခြင်းမျိုး မရှိခဲ့ ကြောင်း၊ ယခုအခါ ထွက်ပြေးသူများလာ ၍ ထိုသို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရားဝင်စာရင်းအရ ထွက်ပြေး သူ ဆယ်ဂဏန်းရှိပြီး ၄င်းတို့သည် စိုက် ပျိုးရေးလုပ်ငန်းကို မလုပ်ကိုင်နိုင်၍ ထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။

”သူတို့ရဲ့ မိဘတွေကို ပြန်ခေါ်ခိုင်း ထားတယ်။ အချိန်တစ်လခွဲအတွင်းမှာမှ အဆက်အသွယ်မရဘူးဆိုရင် စာချုပ်ပါ အတိုင်း လျော်ပေါ့။ ခေါ်တဲ့ သူတော့ ခေါ် နေပြီ”ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

အလုပ်အကိုင်စာချုပ်အရ တစ် နှစ်ပြည့်အောင် လုပ်ကိုင်ရမည်ဖြစ်ပြီး တစ်နှစ်ပြည့်ပါက ပြန်နိုင်ကြောင်း၊ သို့ သော်လည်း အချို့အလုပ်သမားများ သည် ကျန်းမာရေးအ ရ ပြန်လာခြင်းများ လည်း ရှိသောကြောင့် ယခင်က အ လျော်ခိုင်းခြင်းမျိုးမရှိခဲ့ကြောင်း၊ နောက် ပိုင်းတွင်မူ ရည်ရွယ်ချက်ရှိရှိ စာချုပ် ဖောက်ဖျက်ခြင်းဖြစ်၍ စံနမူနာပြ အနေ ဖြင့် အလျော်ခိုင်းတော့ မည်ဟု ၄င်းက ပြောသည်။

”အဲဒီလို ထွက်ပြေးတဲ့သူများလာရင် ပထမအဆင့် ခွဲတမ်းအလျှော့ခံရမယ်။ ဒုတိယအဆင့် အလုပ်သမားခေါ်တာ ရပ်မယ်။ အဲဒါဆိုရင် နောက်လူတွေ အတွက် ထိခိုက် မယ်”ဟု ၄င်းကပြောသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း သည် ကုန်ထုတ်လုပ်ငန်းထက် အလုပ် ခေါ်ယူမှု မြန်ဆန်၍ အလျှောက်များ သော်လည်း လက်တွေ့တွင်မူ မလုပ်ကိုင် နိုင်ကြေ ကြာင်း ပဉ္စမအကြိမ် ကိုရီးယား ဘာသာ စာမေး ပွဲအောင်မြင်ထားသူ တစ်ဦးက ပြောသည်။

ကိုရီးယားသို့ EPS စနစ်ဖြင့် လာရောက်အလုပ်လုပ်ကိုင်သည့် နိုင်ငံ ၁၅ နိုင်ငံမှ လုပ်သားများသည် သာမန် အလုပ်ထက် ပိုပင်ပန်းသော စိုက်/မွေး လုပ်ငန်းတွင် အလုပ်လျှောက်ထားမှု နည်းပါးကြောင်း သိရသည်။

မေဇင်ဝင်း

Popular Myanmar News Journal

နိုင်ငံရေးနှင့်ပတ်သက်၍ စကားလက်ဂျိုဟန်ဆန် ဖွင့်ဟ

Posted by drmyochit Thursday, September 05, 2013, under | No comments



အသက်(၂၈)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် လက်ရှိ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ မဲဆွယ်စည်းရုံးရေး စေတနာ့ဝန်ထမ်း တစ်ဦးအဖြစ် တာဝန်ယူပေးခဲ့သလို နိုင်ငံရေး ကဏ္ဍတွင် စိတ်ဝင်စားကြောင်း ဝန်ခံခဲ့ဖူးသည်

 သူမအနေဖြင့် နိုင်ငံရေး နယ်ပယ်နှင့် ဆက်နွယ်မှုမျိုး ဆက်ရှိမည် မရှိမည် တိတိကျကျ မပြောလိုကြောင်း စကားလက် ဂျိုဟန်ဆန်က ပြောကြားလိုက်သည်။ အသက်(၂၈)နှစ်ရှိ ဟောလီးဝုဒ် မင်းသမီးသည် လက်ရှိ အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၏ မဲဆွယ်စည်းရုံးရေး စေတနာ့ဝန်ထမ်း တစ်ဦးအဖြစ် တာဝန်ယူပေးခဲ့သလို နိုင်ငံရေး ကဏ္ဍတွင် စိတ်ဝင်စားကြောင်း ဝန်ခံခဲ့ဖူးသည်။ သူမအနေဖြင့် ရုပ်ရှင်နယ်ပယ်တွင် အာရုံစိုက် လှုပ်ရှားနေသော်လည်း နိုင်ငံရေး ကိစ္စများတွင်ပါ ရှေ့ဆက် ပါဝင်ကောင်း ပါဝင်နေမည်ဖြစ်ကြောင်း စကားလက်က ဆိုသည်။ Hawkins Bazaar မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် သူမက မတူညီသော နယ်ပယ်နှစ်ခုကြားတွင် မည်သို့မည်ပုံ ရပ်တည်မည်ကို စဉ်းစားမထားကြောင်းလည်း ဖွင့်ဟသွားသည်။

"ကျွန်မကိုယ်ကိုယ် နိုင်ငံရေး နယ်ပယ်မှာ အပြည့်အဝ ဇောက်ချလိုက်မယ်လို့ စိတ်ကူးဖူးသလား ဆိုတော့ ကျွန်မသေချာ မတွေးတတ်ဘူး။ ဒါဟာ တော်တော်လေးတော့ အားစိုက်ရမယ့် ကိစ္စပါ။ ဒါပေမဲ့ ဖြစ်မလာဘူးလို့လည်း ဘယ်သူက ပြောနိုင်မှာတဲ့လဲ"ဟု စကားလက်က မေးခွန်းထုတ်ခဲ့သည်။ သူမက "ဖြစ်နိုင်ခြေတွေကို ကျွန်မ ကန့်သတ်မထားချင်ဘူး။ တကယ်လို့ အချိန်ပိုရရင် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် ပိုဆက်နွယ်နိုင်ပါတယ်။ ကျွန်မ ပြောနိုင်တာကတော့ ဘယ်အရာအတွက်မဆို တံခါးဖွင့်ထားတယ် ဆိုတာပါပဲ"ဟုလည်း ဆက်လက် ပြောကြားခဲ့သည်။

စကားလက်က "ကျွန်မဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး တက်ကြွနီးစပ်တဲ့ မိသားစုက ပေါက်ဖွားလာတာပါ။ နိုင်ငံရေး အသိုက်အဝန်းက တက်ကြွသူ တစ်ယောက် ဖြစ်လာဖို့အတွက် နိုင်ငံရေးကို တာဝန်ယူရဲတဲ့ နိုင်ငံသားတစ်ယောက် ဖြစ်ဖို့၊ မူဝါဒရေးရာ အမြင်တွေ နီးစပ်ဖို့ လိုပါတယ်။ ကျွန်မရဲ့ ဘဝတစ်လျှောက်လုံးမှာ ဒီကဏ္ဍကို တတ်နိုင်သလောက် မျက်ခြေပြတ် မခံခဲ့ပါဘူး"ဟုလည်း ပြောဆိုသွားသည်။

From: Planet Myanmar Network

အင်ဂျင် ပြဿနာကြောင့် နာမည်ကြီးကားများကို တိုယိုတာ ပြန်သိမ်း

Posted by drmyochit Thursday, September 05, 2013, under | No comments



တိုကျို ၊ စက်တင်ဘာ ၄ ။ ။ ဂျပန် နိုင်ငံ၏ ကားလုပ်ငန်းကုမ္ပဏီကြီး ဖြစ်သည့် တိုယိုတာကားကုမ္ပဏီ က ကားသွားနေစဉ် လမ်း၌ထိုး ရပ်သည့် စက်ချွတ်ယွင်းမှုအနည်း ငယ်ဖြစ်ပေါ်၍ ကမ္ဘာတစ်ဝန်းလုံး ရှိ ၎င်း၏ကားအစီး ၃၇ဝဝဝဝ အား ပြန်လည်ရုပ်သိမ်း လျက်ရှိကြောင်း ကြာသပတေးနေ့က ပြောကြား ခဲ့သည်။

ကမ္ဘာ့အကြီးဆုံးကားထုတ် လုပ်သူကပြောကြားသည်မှာ ကား စီးရေ၁၇ဝဝဝဝ အား ပြန်လည်ရုပ် သိမ်းလျက် ရှိကြောင်း၊ အဓိကအ ကြောင်းမှာ အင်ဂျင်ထဲရှိ ဘားထိန်း ချုပ်မှု မူလီတံချောင်၍ဖြစ်သည်။ အဆိုးဆုံးဖြစ်ရပ်မှာ ဤချွတ်ယွင်း မှု အနည်းငယ်ကြောင့် အင်ဂျင်ထိုး ရပ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ပြန်လည်ရုပ်သိမ်းသောကားများ တွင် ၂၀၀၅ခုနှစ် ဇူလိုင်နှင့် ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းထုတ်လုပ် သည့် Crown? Mark X နှင့် ဂျပန် ၌ Lexus မျိုးစုံပါဝင်ကြောင်း ပြော ခွင့်ရအမျိုးသမီးက ပြောကြားခဲ့ သည်။

တိုယိုတာသည် လောင်စာ ပြောင်းလဲကိရိယာ ချွတ်ယွင်းမှု ကြောင့် ဟိုက်ဘရစ်ကား၂၀၀၀၀၀ အား ပြန်လည်ရုပ်သိမ်းခဲ့ရသေး သည်။ ပြန်လည်ရုပ်သိမ်းရသော ကားများတွင် တိုယိုတာ Harrier Hybrid ၎င်းကားအား Lexus RX ဟုလည်း ရောင်းချခဲ့သည်။

နိုင်ငံခြားဈေးကွက်များတွင် ဤ ကားအား High lander ဟု အသိ များကြသည်။
ကားထုတ်လုပ်သူအနေဖြင့် ဤပြဿနာကြောင့် မတော်တဆ တစ်စုံတစ်ရာဖြစ်သည်ကို မကြား ရဟုဆိုသည်။

REF:AFP
Yangon Media Group

ခွန်ဆင့်နေခြည် ရဲ့ ဖလန်းဖလန်းထနေတဲ့ ဓာတ်ပုံတွေ

Posted by drmyochit Thursday, September 05, 2013, under | 3 comments








“ပရိသတ်ပိုက်ဆံကုန်မှာစိုးရိမ်သူခင်ဝင့်ဝါofficialvotingမှာထိပ်ဆုံးရောက်နေ၊ စက်တင်ဘာ၆ရက်နေ့နေ့လည်၁၂နာရီမပိတ်ခင်Voteပေးလို့ရနိုင်သေးသည်။”

Posted by drmyochit Thursday, September 05, 2013, under | No comments


စက်တင်ဘာ၆ရက်နေ့နေ့လည်၁၂နာရီမပိတ်ခင်Voteပေးလို့ရနိုင်

“ပရိသတ်ပိုက်ဆံကုန်မှာစိုးရိမ်သူခင်ဝင့်ဝါofficialvotingမှာထိပ်ဆုံးရောက်နေ၊
စက်တင်ဘာ၆ရက်နေ့နေ့လည်၁၂နာရီမပိတ်ခင်Voteပေးလို့ရနိုင်သေးသည်။”
-------------------------------------------------------------------------
“ညီမ အစက official voting မှာ မဲရဖို့ မမျှော်လင့်ခဲ့မိပါဘူး။  အဲဒါ ကလည်းညီမကိုချစိတဲ့ပရိသတ်ကြီးကို စော်ကားတဲ့ စိတ်နဲ့တွေးမိတာမဟုတ်ပါဘူးနော်။ မြန်မာနိုင်ငံမှာ Credit/Debit  Card အွန်လိုင်းငွေချေစ နစ်ဆို တာ မတွင်ကျယ်သလို ပရိသတ်ကြီးပိုက်ဆံကုန်မှာစိုးလို့ ပါ။ နောက်ပြီး  နိုင်ငံတကာက နိုင်ငံသား တိုင်းမှာက credit/debit card အားလုံးမှာရှိကြတယ်လေ။ အဲဒါကြောင့် မမျှော်မှန်းရဲခဲ့တာပါ။

အခု ညီမကို ချစ်တဲ့ ပြည်ပက မြန်မာမျိုးချစ်ပရိသတ်ကြီးတွေကညီမအတွက် ပိုက်ဆံတွေအကုန်ခံပြီး မဲပေးကြတဲ့ အတွက် ညီမ အတိုင်းမသိ ဝမ်းသာပျော်ရွှင်ရပါတယ်ရှင့်။ ပရိသတ်ကြီးတို့ ကုန်သွားတဲ့ ပိုက်ဆံတွေ အလကားမဖြစ်ရအောင် ညီမ Miss Internet ဆုရခဲ့ရင် ဆုရတဲ့ငွေအား လုံးကို ပရဟိ တလုပ်ပြီး လှူပါမယ်ရှင့်။ ညီမကိုမျှော်လင့်ချက် အားမာန်တွေယုံကြည်မှုတွေ ပျော်ရွှင် မှုတွေ အမြဲပေးနေ တဲ့ပရိသတ်ကြီးရဲ့ ကျေးဇူးကို ညီမမမေ့ပါဘူး။

နိုင်ငံနဲ့ လူမျိုးအတွက် တာဝန်ကျေပွန်တဲ့ Miss Myanmar တစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေး ပါတယ် ရှင်။ ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်....”လို့ သူ့ ရဲ့ ဖေ့ဘုတ်စာမျက်နှာKhin Wint Wahမှ ဆိုပါတယ်။ စက်တင်ဘာ၆ရက်နေ့နေ့လည်၁၂နာရီမှာပိတ်မယ့်အဆိုပါ official votingကို မပိတ်ခင်ထိVoteပေးလို့ရနိုင်သေးတယ်လို့ လည်းဆိုပါတယ်။


From: Popular Journal







ပြင်ပကျူရှင်များ မှတ်ပုံတင်ရမည်

Posted by drmyochit Thursday, September 05, 2013, under | No comments



ပြီး ခဲ့သည့် ဩဂုတ်က တနင်္သာရီ တိုင်းဒေသကြီးအတွင်း ကျူရှင် များမှတ်ပုံတင်ထားခြင်းရှိ မရှိ စာရင်းကောက်ခံခြင်းမှာ ပြင်ပ ကျူရှင်ဆရာများကိုသာ ရည်ရွယ် ကြောင်း လူမှုရေးဝန်ကြီး ဒေါက် တာဝင်းအောင်က ပြောသည်။

ပြင်ပကျူရှင်ဆရာ၊ ဆရာမ တချို့မှာ မှတ်ပုံတင်ထားခြင်းမရှိ ဘဲ သင်ကြားနေခြင်းကြောင့် အ ဆိုပါကျူရှင်များအား မှတ်ပုံတင် ရန်နှင့် နိုင်ငံတော်မှ ရသင့်ရထိုက် သည့်အခွန်များရရှိစေရန် ရည် ရွယ်ပြီး ကျူရှင်စာရင်းကောက်ခံ စေခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။

ဒေသအတွင်းမှတ်ပုံတင်ထားခြင်းမရှိသည့်ကျူရှင်များ ရှိနေသည့်အတွက် ကျူရှင်များကို စာရင်းကောက်ခံရန် တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ တိုင်းပညာရေး မှူးရုံးမှတစ်ဆင့် ညွှန်ကြားလာ သည့်အတွက် ယခုနှစ်တွင် ကျူ ရှင်မှတ်ပုံတင်သူများ ယခင်နှစ် ထက်ဦးရေတိုးလာကြောင်း ထား ဝယ်မြို့နယ် ပညာရေးမှူးရုံးမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

''မနှစ်က ၄၂ဦးပဲတင်တယ်။ ဒီနှစ် ၅၅ဦးလာတင်ကြတယ်''ဟု ၎င်းက ပြောသည်။
ဩဂုတ် ၂ရရက်အထိ လျှောက်လွှာတင်ထားသူ ၅၅ဦး ကို တင်ပြပေးပြီးဖြစ်ပြီး နောက်ထပ် ကျူရှင်မှတ်ပုံတင်ရန် လျှောက်ထား သူများရှိလာပါက တိုင်းပညာရေး မှူရုံးထံမှ ညွှန်ကြားချက်တောင်း ခံပြီး ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ၎င်းကဆိုသည်။

လတ်တလောတွင် ပုံမှန် ပညာသင်ကြားရေးကို မထိခိုက် စေရန်အတွက် တရားဝင်မှတ်ပုံ တင်ခွင့်မရှိသည့် ကျောင်းဆရာ၊ ဆရာမများကိုရော၊ ပြင်ပကျူရှင် များကိုပါ အရေးယူသွားရန် အစီ အစဉ်မရှိသေးသော်လည်း သင် ကြားရေးနှင့်ပတ်သက်ပြီး ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက်ပါက အ ရေးယူသွားမည်ဖြစ်ကြောင်း လူ မှုရေးဝန်ကြီး ဒေါက်တာဝင်း အောင်က ပြောသည်။

ကျောင်းဆရာ၊ ဆရာမ များကို တိုးမြှင့်ခန့်ထားခြင်း၊ အရည် အသွေးပိုမိုကောင်းမွန်လာအောင် သင်တန်းပေးခြင်းနှင့် ၎င်းတို့၏ လစာများကို တိုးမြှင့်ပေးနိုင်မည် ဆိုလျှင် ကျူရှင်များအရေးယူ စရာမလိုဘဲ တဖြည်းဖြည်းကွယ် ပျောက်သွားနိုင်မည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီးဒေါက်တာဝင်း အောင်က မှတ်ချက်ပြုသည်။

ဩဂုတ် ၁၄ရက်က ညွှန် ကြားစာပေးပို့ပြီးနောက်တွင် မှတ် ပုံတင်ထားခြင်းမရှိသည့် ပြင်ပ ကျူရှင်တချို့နှင့် ကျောင်းကျူရှင် များ တစ်ပတ်ခန့်ပိတ်ထားခဲ့ကြပြီး လက်ရှိတွင် ပုံမှန်အတိုင်း ပြန် လည်သင်ကြားလျက်ရှိကြောင်း သိရသည်။


From : ..YMG

တစ်ဖက်နိုင်ငံသို့လူကုန်ကူးမည့်အမျိုးသမီးနှစ်ဦးအား ဖမ်းမိ

Posted by drmyochit Thursday, September 05, 2013, under | No comments


မန္တ လေး ပြည်ကြီးတံခွန်မြို့နယ် တံ ခွန်တိုင်ရပ်ကွက်တွင် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့မှ လာရောက်၍ အမျိုးသမီးများအား စည်းရုံးခေါ် ဆောင်နေသူ အမျိုးသမီးနှစ်ဦး ကို ဖမ်းမိခဲ့ကြောင်း သိရသည်။
တံခွန်တိုင်ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်စိုးသည် ၎င်း၏နယ်မြေအတွင်း တရုတ် နိုင်ငံ ကျယ်ဂေါင်မှ အမျိုးသမီး တစ်ဦးရောက်ရှိပြီး အမျိုးသမီး ငယ်များအား စည်းရုံးခေါ်ဆောင် နေကြောင်းသတင်းအရ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ် ဖွဲ့(မန္တလေး)မှ ရဲအုပ်ထင်အောင် ရဲမြင့်နှင့် ရဲတပ်ကြပ်ကြီး ညီညီ မြင့်မောင်တို့ကစုံစမ်းခဲ့ရာ မစန္ဒာ (ခ)မငယ်လေးသည် တရုတ်နိုင်ငံ ကျယ်ဂေါင်တွင်နေထိုင်ပြီး အနှိပ် ခန်းဖွင့်လှစ်ထားကြောင်း၊ မိန်း ကလေးငယ်များကို စုဆောင်း ခေါ်ဆောင်ပြီး အနှိပ်ခန်းတွင် အလုပ်လုပ်ခိုင်းကာ ရောင်းစား ကြောင်း အသက်ငယ်ငယ်အမျိုး သမီးသုံးဦးခန့် ခေါ်ယူလိုကြောင်း သိရသည်။

လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ဝင်များသည် တံ ခွန်တိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့ တို့နှင့်ညှိနှိုင်းကာ မိမိ၏အမာခံ ဖြစ်သော မ-----အား အသွင် ယူပြီး ဩဂုတ်၃ဝရက် မွန်းလွဲ၁ နာရီခန့်တွင် မစန္ဒာ(ခ)မငယ်လေး ရောက်ရှိနေသောအိမ်သို့ စေလွှတ် ကာ မွန်းလွဲ၂နာရီတွင် ရဲတပ်ဖွဲ့ ဝင်များ၊ အသိသက်သေများနှင့် စောင့်ဆိုင်းနေစဉ် ၎င်းတို့ငှားရမ်း သုံးစွဲနေသော ၉က/----ခဲရောင် ဗင်ကားအားတားဆီးပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူစစ် ဆေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ ကျယ်ဂေါင် (၅)လမ်းနေသူများ ဖြစ်သည့် မစန္ဒာ(ခ)မငယ်လေး နှင့် မဇင်မျိုးခိုင်တို့၏ ထွက်ဆို ချက်အရ ကျယ်ဂေါင်တွင် ထူးကဲ အမည်ဖြင့် အနှိပ်ခန်းဖွင့်လှစ်ထား ကြောင်း၊ အဆိုပါအနှိပ်ခန်းအ တွက် မန္တလေးသို့ မိန်းကလေးများ လာရောက်ခေါ်ယူ စုဆောင်းခြင်း နှင့် ရောင်းစားရန်အတွက်ဖြစ် ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သဖြင့် မစန္ဒာ(ခ)မငယ်လေးနှင့် မဇင်မျိုးခိုင်တို့အား လူကုန်ကူး မှု တားဆီးကာကွယ်ရေးဥပဒေ အရ အရေးယူပေးပါရန် ရဲအုပ် ထင်အောင်ရဲမြင့်က တရားလိုပြု လုပ်တိုင်တန်းခဲ့ရာ ပြည်ကြီးတံခွန် မြို့မရဲစခန်းမှ (ပ)၄၄၇/၂၀၁၃ လူကုန်ကူးမှုပုဒ်မ ၂၄/၃၂အရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။


မန်းကိုကို ၊ မန္တလေး ၊စက်တင်ဘာ(၃)
Yangon Media Group

ဆီးရီးယားကို တိုက်ခိုက်မယ့်အစီအစဉ် အမေရိကန်လူထုသဘောမတူ

Posted by drmyochit Thursday, September 05, 2013, under | No comments

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry


ဓာတုလက်နက်တွေ အသုံးပြုခဲ့တယ်ဆိုပြီး ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barak Obama) နဲ့ ထိပ်တန်းလွှတ်တော် အမတ်တချို့က အခိုင်အမာ ထောက်ခံနေကြပေမဲ့ အမေရိကန် လူထုက လက်ခံအောင် လုပ်ဖို့တော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

Washington Post သတင်းစာနဲ့ ABC News ရုပ်သံဌာနတို့ရဲ့ လူထုစစ်တမ်း မှာတော့ ဆီးရီးယား အစိုးရကို မစ်ဇိုင်းဒုံးပျံတွေနဲ့ တိုက်ခိုက်မယ့် အစီအစဉ်ကို ဆန့်ကျင်သူ ၅၉ ရာခိုင်နှုန်းနဲ့ ထောက်ခံသူက ၃၆ ရာခိုင်နှုန်းသာ ရှိနေတာကို
တွေ့ခဲ့ရတာပါ။

ဗြိတိန်နဲ့ ပြင်သစ်တို့လို တခြားမဟာမိတ် နိုင်ငံတွေနဲ့အတူ လေကြောင်း ထိုးစစ်ဆင်မယ် ဆိုရင်တော့ ထောက်ခံသူက ၄၆ ရာခိုင်နှုန်း ရှိပါတယ်။ ထင်ရှားတဲ့ Pew သုတေသနဌာနရဲ့ စစ်တမ်းမှာတော့ လေကြောင်းက တိုက်ခိုက်မှုကို ကန့်ကွက်သူ ၄၈ ရာခိုင်နှုန်းနဲ့ ထောက်ခံသူ ၂၉ ရာခိုင်နှုန်းသာ ရှိနေတာပါ။

စစ်တမ်းကောက်ခံမှုရဲ့ ၇၄ ရာခိုင်နှုန်းကတော့ လေကြောင်း ထိုးစစ်တွေကြောင့် အမေရိကန် ဆန့်ကျင်တဲ့အမြင်တွေ ပေါ်ပေါက်နိုင်တယ်လို့ မြင်ကြသလို၊ ၆၁ ရာခိုင်နှုန်းကတော့ အမေရိကန်အနေနဲ့ စစ်ပွဲမှာ ရေရှည်ပါဝင်သွားရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့ ယူဆကြပါတယ်။

စစ်တမ်း ၂ ခုစလုံးကိုတော့ စစ်ရေးအရ အရေးယူမယ့် အစီအစဉ်တွေကို ထောက်ခံမှုရအောင် သမ္မတ အိုဘားမားနဲ့ ထိပ်တန်း အစိုးရအရာရှိတွေ နောက်ဆုံးအကြိမ် ကြိုးပမ်းခဲ့တဲ့ အချိန်မတိုင်မီ သြဂုတ်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အတွင်း လူပေါင်း ၁ ထောင်ကျော်ရဲ့ သဘောထားတွေကို အခြေခံစစ် တမ်း ကောက်ယူထားတာ ဖြစ်ပါတယ်။

VOA

တိုက်ခိုက်ရေးအတွက် အိုဘားမားထောက်ခံမှုရရှိချိန် ဆီးရီးယားအရေး ရုရှားတို့ သဘောထား ပျော့ပျောင်းလာ

Posted by drmyochit Thursday, September 05, 2013, under | No comments



ရုရှား၊ စက်တင်ဘာ ၄။

အနောက်နိုင်ငံများကသာ ဆီးရီးယားနိုင်ငံတွင်း ဓာတုလက်နက် မည်သူသုံးစွဲ တိုက်ခိုက်ခဲ့ကြောင်း သက်သေပြနိုင်လျှင် အမှားမခံသည့် လုပ်ဆောင်ချက် လုပ်ဆောင်မည်ဖြစ်ကြောင်း ယခုတစ်ပတ်
ကျင်းပမည့် G-20 တွေ့ဆုံပွဲမတိုင်မီ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယနေ့ပြောကြားသည်။

ပူတင်၏ ပြောကြားမှုသည် အမေရိကန်လွှတ်တော် အမတ်များက သမ္မတဘားရက်အိုဘားမား၏ ဒမတ်စကတ်မြို့တွင် လူရာနှင့်ချီ သေဆုံးခဲ့သည့် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို တုံ့ပြန်သည့် အနေနှင့် ဆီးရီးယားကို တိုက်ခိုက်မည့် အစီအစဉ်ကို ထောက်ခံကြောင်း ပြောဆိုချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန် သမ္မတက ၎င်း၏ စစ်ရေးဝင်ရောက် ဆင်နွှဲမှု အစီအစဉ်ကို ပူးပေါင်းပါဝင်မည့် နိုင်ငံတကာ မဟာမိတ်များ ရှာဖွေနေစဉ်တွင် ပြင်သစ်နိုင်ငံက ဆီးရီးယားအရေးနှင့် ပတ်သက်၍ လွှတ်တော်
အရေးပေါ် အစည်းအဝေး ကျင်းပမည်ဟု ယနေ့ကြေညာသည်။

စိန့်ပီတာစ်ဘာ့ဂ်တွင် ကျင်းပမည့် G-20 တွေ့ဆုံပွဲ မတိုင်မီ ကမ္ဘာကို ပိုမိုလက်တွေ့ကျကျ ရင်ဆိုင်ရန် ရည်ရွယ် လုပ်ဆောင်ဖွယ် ရှိသည့် အင်တာဗျူး တစ်ခုတွင် ရုရှားသမ္မတက သြဂုတ် ၂၁ ရက်နေ့
တိုက်ခိုက်မှုကို ဆီးရီးယား အစိုးရ လုပ်ဆောင်ကြောင်း သက်သေပြပြီးလျှင် အမေရိကန် ဦးစီးလုပ်ဆောင်သည့် စစ်ဆင်ရေးတွင် ရုရှားပါဝင်မည်ဖြစ်ကြောင်း ပြောကြားသည်။

သို့သော်လည်း အနောက်နိုင်ငံများ အနေဖြင့် ရုရှားတို့က သူပုန်များ ပြုလုပ်ကြောင်း စွပ်စွဲထားသည့် တိုက်ခိုက်မှုအတွက် ခိုင်မာသည့် သက်သေအထောက်အထားများ ပြသရန်လိုကြောင်း ၎င်းက အစိုးရပိုင်
သတင်း မီဒီယာသို့ ပြောကြားသည်။

ဗီနိုအာဏာရထားသော အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ရုရှားသည် အကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သဘောတူညီချက်မပါဘဲ ဆီးရီးယားအစိုးရအားတိုက်ခိုက်ရန် လက်ခံမည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။

ဆီးရီးယားပဋိပက္ခ စတင်သည့် အချိန်မှစ၍ အမေရိကန်သည် ရုရှားတို့က ဆီးရီးယား အစိုးရအား ထောက်ခံ အားပေးနေခြင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၎င်းအစိုးရအား ပြစ်တင်ဝေဖန်ခြင်း
သို့မဟုတ် စစ်ပွဲ ဆင်နွှဲလုပ်ဆောင်သည်ကို ပိတ်ပင်ခြင်းတို့ကြောင့် ကြိမ်ဖန်များစွာ စိတ်ပျက် နေခဲ့သည်။

ရုရှား-အမေရိကန် ဆက်ဆံရေးသည် စစ်အေးကာလ အဆုံးသတ်ချိန်မှ စတင်ကာ ဖြစ်နေခဲ့ပြီး လာမည့် G-20 တွေ့ဆုံပွဲတွင် ကျင်းပမည့် အရံတွေ့ဆုံပွဲများတွင်လည်း ၎င်းတို့တွေ့ဆုံမည့် အစီအစဉ် မပါရှိပေ။

Ref:Afp
The Myanma Age

မလေးရှားနိုင်ငံတွင် အဖမ်းခံရသည့် မြန်မာများကို မြန်မာသံရုံးမှ စစ်ဆေးပြီး ပြည်တွင်းသို့ ပြန်လည်ခေါ် ယူရန် စီစဉ်

Posted by drmyochit Thursday, September 05, 2013, under | No comments


မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်သမားများကို အထူးစီမံ ချက်ဖြင့် နိုင်ငံအနှံ့ ပိုက်စိပ်တိုက် ဖမ်းဆီးနေ မှုကြောင့် တရားမ၀င် သွားရောက်အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ဖမ်းဆီး ခံနေရ သဖြင့် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ စစ်ဆေးကာ ပြည်တွင်းသို့ ပြန်လည်ခေါ်ဆောင်ရန် စီစဉ်နေကြောင်း စက်တင်ဘာ ၄ ရက်နံနက်က နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသာအောင် ညွန့်က The Daily Eleven သို့ ပြောကြားသည်။

ယင်းကဲ့သို့ မလေးရှားနိုင်ငံအတွင်း တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် ဖမ်းဆီးနေမှုကြောင့် မြန်မာနိုင်ငံသားများ အပါအ၀င် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ့်၊ နီပေါ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား စသည့်နိုင်ငံများမှ တရားမ၀င် အလုပ်သမားများ ဖမ်းဆီးခံနေရကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင် နေမှုများကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားဦးရေ ၅၅၀ ၀န်းကျင်ခန့် ရှိနေသည်ဟု သတင်းရရှိထားသော်လည်း ယခုအချိန်အထိ (စက်တင်ဘာ ၄ ရက် နံနက် ၁၁ နာရီ) မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့ မလေးရှားနိုင်ငံ သက်ဆိုင် ရာဌာနမှ တရားဝင် အကြောင်းကြားမှု မရှိသေးကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သိရသည်။

"အခု မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အများအပြား အဖမ်းခံ ရနေတယ် ဆိုတာကို သတင်းရရှိထားတယ်။ အချို့ အဖမ်းခံရ တဲ့ နိုင်ငံခြားသားတွေကလည်း မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုပြီး လိမ်ညာပြောဆိုမှုတွေ ရှိနေတဲ့အတွက် အဖမ်းခံနေရတဲ့ မြန်မာတွေ အားလုံးက မြန်မာနိုင်ငံသားတွေ ဟုတ်မဟုတ်ဆိုတာကို မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေတစ်ဆင့် စစ်ဆေးသွားမယ်။

တချို့ကိစ္စတွေမှာလည်း ကိုယ့်လိုအင်ဆန္ဒအတိုင်း အားလုံးမပြည့်နိုင်ဘူး။ သူတို့နိုင်ငံမှာလည်း သူတို့ဥပဒေတွေ၊ စည်းကမ်းချက်တွေ ရှိတယ်။ သူတို့ဥပဒေအတိုင်း စည်းကမ်းဖောက်ဖျက်တဲ့ သူတွေက ခံယူပြီးရင်တော့ မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ မြန်မာနိုင်ငံသားတိုင်း အဆင်ပြေစွာ အခမဲ့ ပြန်လာနိုင်ဖို့ကို စီစဉ်နေပါတယ်" ဟု စက်တင်ဘာ ၄ ရက် နံနက်က နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသာအောင်ညွန့်က ဆိုသည်။

ယင်းကဲ့သို့ စီစဉ်နေမှုကို နိုင်ငံခြားရေး ၀န်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပါဝင်ကြောင်း သတင်းရရှိသည်။"သမီးဖြစ်တဲ့သူက အရင်တစ်ခေါက် တည်းက ပြန်လာချင်နေပေမယ့် အလုပ်ရှင်နဲ့ ချုပ်ထားတဲ့ စာချုပ်သက် တမ်းက မပြည့်သေးလို့ဆိုပြီး ပြန်မလာခဲ့ရဘူး၊ အခု မလေးမှာ ဖမ်းဆီးမှုတွေ ရှိနေတယ်ဆိုတဲ့ အခါကျတော့ သမီးမှာ ထွက်ပြေးနေရတယ်။ အခု အဖမ်း ခံရတဲ့ သူတွေကို ကြိမ်ဒဏ်တွေ ပေးနေတယ်လို့ သတင်းကြားနေရတယ်။ မိန်းကလေးဆိုတော့ အရမ်းကို စိတ်ပူမိတယ်။ ဖြစ်နိုင်ရင် သမီးကို မြန် မာနိုင်ငံဆီ အမြန်ဆုံး ပြန်ရောက်ချင်နေပါပြီ" ဟု မလေးရှားနိုင်ငံ ကပုန်းမြို့တွင် အလုပ်လုပ်နေသည့် အမျိုးသမီးတစ်ဦး၏ အမေဖြစ် သူ ဒေါ်မြင့်မြင့်သိန်းက ပြောပြသည်။


မလေးရှားနိုင်ငံ တရားမ၀င် ရွှေ့ပြောင်းလုပ်သားများအဖြစ် ဖမ်းဆီးခံထား ရသူများကို တွေ့ရစဉ် (Photo-AFP)

Eleven Media Group

နယူးယောက်တွင် လက်တွန်းလှည်းထဲမှကလေးကို သေနတ်ဖြင့်ပစ်

Posted by drmyochit Thursday, September 05, 2013, under | No comments



နယူးယောက် ဘရွတ်က လင်းနယ်မြေဘရောင်းစ်ဗီးလ် ၌ အန်တက်ဟင်းနစ်ဆိုသူကလေး ၏မျက်နှာအား သေနတ်ဖြင့်ပစ် ခတ်မှုတနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ရဲမင်းကြီးရေမွန်ကေလီ က ကလေး၏ဖခင်အား ရည်ရွယ် ပစ်ခတ်မှုဖြစ်နိုင်သည်ဟုဆိုသည်။
ကလေး၏မိဘများ ကလေး အား ဆေးရုံသို့ပို့ပေးခဲ့ရာ ဆေး ရုံက မျက်နှာ၏လက်ဝဲဘက်ကို သေနတ်မှန်၍ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

အသက် ၂၃နှစ်ရှိ မျက် မြင်သက်သေဂီနာဂမ်ဘိုက နယူး ယောက်ပို့စ်သတင်းစာသို့ ပြော ကြားရာတွင် ''ကျွန်တော်သေ နတ်သံ သုံးလေးချက်ကြားလိုက် ရတယ်''ဟု ဆိုသည်။

''လမ်းလျှောက်နေတဲ့ လူ တစ်ဦးငိုကြွေးနေတာ တွေ့ရ တယ်။ ကျွန်တော့်ကလေးသေ နတ်ပစ်ခံရတယ်။ ကျွန်တော့် ကလေးသေနတ်ပစ်ခံရတယ်ဟု သွေးရူးသွေးတန်းငိုကြွေးနေ တယ်''ဟု ၎င်းက ဆိုသည်။
သေနတ်ဒဏ်ရာလေးခု လက်တွန်းလှည်း၌ တွေ့ရသည် ဟု ရဲမင်းကြီးကယ်လိုက သတင်း ထောက်များကို ပြောခဲ့သည်။

နယူးယောက်မြို့တော်ဝန် မီချယ်ဘလုပ်ဘတ်က ''ဒီကိစ္စဟာ တမင်တကာ ဒေါသနဲ့လုပ်တဲ့ လုပ် ရပ်လို့ ကျွန်တော်တို့ ယူဆတယ်။ ဒီပစ်ခတ်မှုဟာ သူ့မိသားစုအ တွက် ဝမ်းနည်းစရာဖြစ်သလို မြို့ တော်နဲ့ လူ့အဖွဲ့အစည်းအတွက်ပါ ဝမ်းနည်းစရာပါ''ဟု ပြောခဲ့သည်။

ကလေးက လူ့ဘဝမစရ ခင်မှာ ဘဝနိဂုံးချုပ်ခဲ့ရသည်ဟု လည်း ပြောခဲ့ကြသည်။ ဤဖြစ် ရပ်မှာ အမေရိကန်၌ ပထမဆုံး ဖြစ်ရပ်မဟုတ်ပေ။

သောကြာနေ့က အသက် ၁၈နှစ်ရှိ လူငယ်က ကလေးမိခင် တစ်ဦးထံမှ ပိုက်ဆံအိတ်ကို တောင်း ရာမပေး၍ ၁၃လသားကလေး အား သတ်ဖြတ်ခဲ့ကြောင်းလည်း သိရသည်။

Ref-BBC, စက်တင်ဘာ(၄)၊ ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

သင်္ဃန်းကျွန်းမြို့နယ်တွင် ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ် စာသင်ကျောင်းမှ တာဝန်ရှိသူများနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေ

Posted by drmyochit Thursday, September 05, 2013, under | No comments


ဖြစ်စဉ်ဖြစ်ပွားခဲ့သော ဘာသာရေး စာသင်ကျောင်း (ဓာတ်ပုံ-အောင်ရဲကို)
သင်္ဃန်းကျွန်းမြို့နယ်ရှိ ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ တာဝန် ရှိသူ များနှင့် ပတ်ဝန်းကျင် နေထိုင်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။
ဖြစ်စဉ် အနေ အထားအရ စက်တင်ဘာ ၄ ရက် နံနက်အစောပိုင်း ၂ နာရီခန့်မှ စတင်ခဲ့ခြင်းဖြစ်ကာ လူသုံးဦးက ဓနိမိုးထားသော အစ္စလာမ် စာသင်ကျောင်းပေါ်သို့ အင်ဂျင်ဝိုင်များ သုတ်ထားသော တုတ်များဖြင့် မီးရှို့ကာ ပစ်တင်ခဲ့ပြီးနောက် မီးမှာသုံးမိနစ်ခန့်သာ လောင်ကျွမ်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက် အဖြေများအရ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဖြစ်သူက "ဖြစ်စဉ်ဖြစ်တယ်ဆိုတဲ့ စသိသိချင်းပဲ ရောက်ရှိနေခဲ့ပြီး အခြေအနေကို ထိန်းထားခဲ့ပါတယ်။ ဘာမှတော့ မဖြစ်ပါဘူး။ လက်ရှိတော့ ကျောင်းတာဝန်ရှိသူတွေကို စစ်ဆေးနေတယ်။ ပြီးတော့ ပတ်ဝန်းကျင် နေထိုင်သူတွေ ဆီကလည်း ဆက်လက်စုံစမ်း သွားမယ်" ဟု ပြောကြားသည်။

မီးရှို့ရာတွင် အသုံးပြုခဲ့သော ဆီအိတ်အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)


ယင်း အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှာ သင်္ဃန်းကျွန်းမြို့နယ် ၂ ရပ်ကွက်ရှိ ယုဝလမ်းတွင် တည်ရှိပြီး ကျောင်းဆောင်နှစ်ခုဖြင့် စာသင်ကြားနေကြောင်း၊ ကျောင်းသားဦးရေ ၂၇၀ ရှိပြီး ကျောင်းဆရာ ၃၄ ဦးရှိကြောင်း သိရသည်။

ရှို့မီးသဖွယ် ဖြစ်ပွားခဲ့သော ဂျာမေအာ အာရဗီယာ အစ္စလာမီယာသအ်လီမွလ်ကုရ်အာန်ကျောင်းမှ ဒုတိယကျောင်းအုပ် ဖြစ်သူက "ကျွန်တော်တို့ အနေနဲ့ကတော့ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးတာကို ပြန်လည်ဖြေကြားတယ်။ နောက်ပြီး ဓနိမိုးထားတဲ့ကျောင်းကို သွပ်မိုးဖို့အတွက် သက်ဆိုင်ရာကို တင်ထားခဲ့ဖူးတာ မှန်ပါတယ်။ ဒါပေမဲ့ ချမပေးခဲ့ပါဘူး" ဟု ပြောသည်။

လက်ရှိတွင် ယင်းအစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှ ကျောင်းအုပ်ဦးခင်အောင်နှင့် အဆောင်ဆရာနှစ်ဦးကို မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက စစ်ဆေးနေသည့်အပြင်  ယင်းကျောင်းဝန်းကျင်အနီး နေထိုင်သူ ငါးဦးခန့်ကိုလည်း စစ်ဆေးနေကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မီးရှို့ခဲ့သည်ဟူသော အစ္စလာမ်ဘာသာရေး စာသင်ကျောင်းမှာ ၁၉၈၀ ခုနှစ်က စတင်တည်ထောင် စာသင်ကြားခဲ့ကြောင်း၊ ၎င်းစာသင်ကျောင်းရှိသော လမ်းမှာလည်း အစ္စလာမ် ဘာသာဝင်များသာ နေထိုင်ကြောင်း ပတ်ဝန်းကျင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

၎င်းအပြင် လာရောက်မီးရှို့မှု ဖြစ်ပွားခဲ့သည်ဆိုသော ဓနိမိုး စာသင်ကျောင်းကိုလည်း ၁၉၉၅ ခုနှစ်က သွပ်မိုးအဖြစ် တည်ဆောက်ရန် သက်ဆိုင်ရာ မြို့နယ်ရုံးများသို့ တင်ပြခဲ့သော်လည်း ခွင့်ပြုမိန့် မရရှိခဲ့ကြောင်း သိရသည်။

From: Eleven

အမေရိကန်မှ မုဒိမ်းပြန်ပေးသမား မိမိကိုယ်ကိုယ် အဆုံးစီရင်သွား

Posted by drmyochit Thursday, September 05, 2013, under | No comments



အမျိုးသမီး ၃ ဦးကို နှစ်ပေါင်းများစွာ ချုပ်နှောင်ပြီး စော်ကား အနိုင်ကျင့်မှုဖြင့် ထောင်ကျခဲ့သည့် နာမည်ကျော် အိုဟိုင်အို ပြန်ပေးသမား အေရီရယ်လ် ကက်စ်ထရိုသည် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားပြီ ဖြစ်သည်။ အသက်(၅၃)နှစ်ရှိ အေရီရယ်လ်သည် နေအိမ်အောက်ခြေ မြေတိုက်ခန်းထဲတွင် အမျိုးသမီး (၃)ဦးကို ဖမ်းဆီးကာ ဆယ်စုနှစ် တစ်ခုကြာမျှ ချုပ်နှောင်ထားခဲ့သူ ဖြစ်သည်။ အဆိုပါ ပြစ်မှုကို ကျူးလွန်ကြောင်း သက်သေအထောက်အထား ထင်ရှားခိုင်မာလာသည့်နောက် တရားရုံးက ၎င်းကို လျှော့ရက်မရှိ ထောင်ဒဏ်တစ်သက်နှင့် နောက်ထပ် နှစ်ပေါင်း(၁၀၀၀) ထောင်ဒဏ်ကျခံရန်ပါ အမိန့်ချမှတ်ခဲ့သည်။ မေလက အိုဟိုင်အိုရှိ ကလီဗာလန်း နေအိမ်အောက်မှ အမျိုးသမီး (၃)ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီးနောက် အေရီရယ်လ်ကို စွဲချက်တင်နိုင်ခဲ့ပြီး ဩဂုတ်လဆန်းက ပြင်းထန်သော စီရင်ချက်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်က သားကောင် ဖြစ်ခဲ့ရှာသူ အမျိုးသမီး (၃)ဦးကို သံကြိုးများဖြင့် တုပ်နှောင်ထားပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့သည့် ရာဇဝတ်သားသည် အကျဉ်းခန်းထဲတွင် ဆွဲကြိုးချလျှက် သေကြောင်းကြံခဲ့ခြင်း ဖြစ်သည်။ အင်္ဂါနေ့ ညပိုင်းက ၎င်းကို တာဝန်ရှိသူများက တွေ့ရှိပြီးနောက် ဆေးရုံသို့ အလျင်အမြန် တင်ပို့သော်လည်း အသက်မမီခဲ့ချေ။ ကျောင်းကား ယာဉ်မောင်းအဖြစ် အလုပ်လုပ်ခဲ့ဖူးသူ အေရီရယ်လ်သည် (၂၀၀၂)ခုနှစ်မှ (၂၀၀၄)ခုနှစ်အတွင်း မစ်ချယ်လ်နိုက်၊ အမန်ဒါဘယ်ရီနှင့် ဂျီနာဒီဂျီးဆက်စ်တို့ကို ဖမ်းဆီးကာ ချုပ်နှောင်ထားခြင်း ဖြစ်သည်။ အမျိုးသမီး (၃)ဦးတွင် မစ်ချယ်လ်သည် အသက်(၃၂)နှစ်၊ အမန်ဒါသည် အသက်(၂၇)နှစ်နှင့် ဂျီနာသည် အသက်(၂၃)နှစ် အသီးသီး ရှိနေပြီဟု သိရသည်။ ယင်းတို့အနက် တစ်ဦးသည် အေရီရယ်လ်နှင့်ရသည့် သမီးလေး တစ်ဦးပင် ရှိနေပြီ ဖြစ်သည်။


အေရီရယ်လ်၏ အမှုပေါ်ပေါက်ခဲ့ပြီးနောက် ၎င်းနေထိုင်ခဲ့သည့် အိမ်ကိုလည်း ဖြိုချ ဖျက်ဆီးပစ်ခဲ့သည်။ အိုဟိုင်အို ပြန်လည်ထူထောင်ရေးနှင့် ဘဝလမ်းကြောင်း တည့်မတ်ရေး ဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျိုရဲလ်စမစ်သ်က "တရားခံကို လုံခြုံရေး အပြည့်ချထားတဲ့ အချုပ်ဆောင် တစ်ခုက သီးသန့်ခန်းမှာ ထားထားတာပါ။ နာရီဝက်တစ်ခါ အကျဉ်းထောင်ထဲမှာ လှည့်လည်စောင့်ကြည့်ပါတယ်။ အကျဉ်းသားကို ဆွဲကြိုးချလျှက်သား တွေ့ရတော့ အကျဉ်းထောင် ဆရာဝန်တွေက ရှေးဦး အသက်ကယ် နည်းလမ်းတွေနဲ့ အားထုတ်ခဲ့ကြပါတယ်။ သူ့ကို ထောင်ဆေးရုံဆီ ချက်ချင်း ပို့ခဲ့ပေမယ့် ညပိုင်းမှာတော့ သေဆုံးကြောင်း အတည်ပြုချက် ရခဲ့ပါတယ်"ဟု ပြောကြားသွားသည်။ လက်ရှိတွင် အကျဉ်းထောင်သည် ဖြစ်စဉ်ကို ပြန်လည် စုံစမ်းနေဆဲဟု သိရသည်။

အေရီရယ်လ်ကို စက်ဆုပ်ရွံမုန်းဖွယ်ရာ နာမည်ဆိုး ထွက်ခဲ့သည့် ၎င်း၏ ပြစ်မှုကြောင့် သီးခြား အကာအကွယ်နှင့် အချုပ်ခန်းတွင် ထားရှိရသည်။ ၎င်းဖမ်းဆီးခဲ့သူ အမျိုးသမီးများ ပျောက်ဆုံးခဲ့ချိန်တွင် ဂျီနာက အသက်(၁၄)နှစ်၊ အမန်ဒါက အသက်(၁၆)နှစ်နှင့် မစ်ချယ်လ်က အသက်(၂၁)နှစ်စီသာ အသီးသီး ရှိခဲ့သေးသည်။ အေရီရယ်လ်က တရားရုံး စစ်ဆေးမှုတွင် မိမိသည် လိင်မှုဆိုင်ရာ စွဲလန်းသူ တစ်ဦးသာဖြစ်ပြီး အကြမ်းဖက်သမား တစ်ဦးမဟုတ်ဟု ပြောကြားခဲ့ဖူးသည်။ ၎င်းက "ကျွန်တော်က ကြမ်းတမ်း ခက်ထန်တဲ့ ဖျက်ဆီးရေးသမား မဟုတ်ဘူး။ ကျွန်တော်က သတ္တဝါဆိုးကြီး မဟုတ်ဘူး။ ကျွန်တော်က သာမန်လူတစ်ယောက်ပါ။ ကျွန်တော့်ရဲ့ အမှားက စွဲလန်းမှု တစ်ခု ရှိခဲ့တာပါပဲ။ အရက်စွဲသလို စွဲလန်းမှုမျိုးပါ"ဟု တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း သိရှိရသည်။

From: Planet Myanmar Network

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်