Wednesday, September 04, 2013

နံပါတ်ပြား နှစ်ခုထပ်လျှက် pajero ယာဉ်ပေါ်မှ ကျောက်စိမ်း ဖမ်းဆီးရမိ

Posted by drmyochit Wednesday, September 04, 2013, under | No comments

4.9.2013 ရက်နေ့ မူဆယ် (105)မိုင်တွင် စားသုံးသူရေးရာ၊ အကောက်ခွန် အစရှိသော ပူးပေါင်းစစ်ဆေးရေး မိုဘိုင်းမှ နံနက်(08း00)နာရီခန့်တွင် ယာဉ်အမှတ်(၃ခ/၁၄၂၁) Mitsubishi Pajero ယာဉ်အား စစ်ဆေးရာ ကျောက်စိမ်းများ တွေ့ရှိခဲ့ကြောင်း အဆိုပါယာဉ် နံပါတ်ပြားမှာ (၁စ/၃၃၁၄) နံပါတ်ပြားနှင့် နှစ်ခုထပ်လျှက်ရှိကြောင်း သိရှိရ ပါသည်။

အဆိုပါကားသည် အဖွဲ့အစည်းတစ်ခု နာမည်ခံထားကြောင်းလည်း  သိရှိရပါသည်။

တစ်ဖက်နိုင်ငံသို့ တရားမ၀င် တင်ပို့မည်ဖြစ်သော ကျောက်စိမ်း များဖြစ်သဖြင့် ပူးပေါင်းအဖွဲ့သည် ကျောက်စိမ်းတုံး စုစုပေါင်း (759)ကီလို နှင့် အဆိုပါMitsubishi Pajero ယာဉ်အားမူဆယ် အကောက်ခွန်ဦးစီးဌာန သို့လွဲပြောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

စွမ်းသူလင်း

From:  Myanmar News Now


နံပါတ်ပြား နှစ်ခုထပ်လျှက် pajero ယာဉ်ပေါ်မှ ကျောက်စိမ်း ဖမ်းဆီးရမိ


ABSDF (မြောက်ပိုင်း) ခေါင်းဆောင်များအား KIA မှ လက်နက်သိမ်း ဆည်း ပြီး အကျယ်ချုပ်ချထား

Posted by drmyochit Wednesday, September 04, 2013, under | No comments


KIA နယ်မြေတွင်း အခြေစိုက် စခန်းချလျှက်ရှိသော ABSDF (မြောက်ပိုင်း) တပ်ဖွဲ့ဝင်များကို သြဂုတ်လ ၂၈ ရက်နေ့မှစပြီး KIA ဗဟိုဌာနချုပ်မှ လက်နက် များ ပြည်လည်သိမ်း ဆည်း ကာ နေအိမ်အကျယ်ချုပ် ဖြင့်ထားရှိ ကြောင်း ABSDF မြောက်ပိုင်းအဖွဲ့ဝင် တစ်ဦးမှ ပြောကြားခဲ့သည်။ ၎င်းမှ လက်ရှိဖြစ်နေ သည့် ပြဿနာမှာ ABSDF မှ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ မှုကြောင့် ဖြစ်ကြောင်း အောက်ပါ အတိုင်းပြောကြား ခဲ့သည်။


“ABSDF (မြောက်ပိုင်း) အဖွဲ့က KIA အကူအညီနဲ့ ပြန်ဖွဲ့ထားတာ… အရင် တုန်းက အစိုးရ နဲ့ KIA တိုက်ပွဲဖြစ်တုန်းက KIA ဖက်က ပူးပေါင်းတိုက်ခိုက်ဖို့ KIA ဗဟို ကနေ လက်နက်နဲ့ ကျည်တွေပေးထား
တယ်… အခု ABSDF ဥက္ကဌ ကိုသံခဲတို့က အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မြောက်ပိုင်း ကအဖွဲ့တွေလဲပါလာတော့ KIA ရဲ့ ခွင့်ပြုချက်မရပဲ လုပ်တယ်ဆိုပြီး လက်နက်တွေ အကုန်လိုက်သိမ်းတယ်… ခေါင်းဆောင်တွေကိုလည်း အိမ်မှာပဲနေခိုင်းပြီး စောင့်ကြည့်နေတယ်…” ဟု ၎င်းက ဆိုသည်။

ယခုနှစ်အတွင်း အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နှင့် ABSDF တို့ မေ လတွင် တစ်ကြိမ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် တစ်ကြိမ်၊ သြဂုတ်လ ၄ ရက်နေ့ တွင် တစ်ကြိမ် ဆွေးနွေးခဲ့ကြပြီး သြဂုတ်လ ၄ ရက်နေ့ ဆွေးနွေး ပွဲတွင် ABSDF ဥက္ကဌ ကိုသံခဲနှင့် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ကိုယ်တိုင်တွေ့ဆုံကာ နှစ်ဖက် သဘောတူ စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ ထို့နောက် သြဂုတ်လ ၂၈ ရက်နေ့တွင် KIA မှ ABSDF အား ထောက်ပံ့ထားသည့် လက်နက် ခဲယမ်းအားလုံးကို ပြန်လည်းသိမ်း ဆည်းကာ အဖွဲ့ဝင်များကိုလည်း အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း သိရသည်။

ယခုအခါ ABSDF (မြောက်ပိုင်း) စစ်ရေးတာဝန်ခံ ကိုမင်းဌေး၊ နိုင်ငံရေး တာဝန်ခံ ဦးလဆိုင်း နဲ့ တပ်ရင်းမှူး ဦးအောင်ဆွေဦးတို့ (၃) ဦးကို KIA ဌာနချုပ်မှ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားကြောင်း သိရပြီး KIA တပ်ဖွဲ့ဝင်အချို့၏ ပြောကြားချက်များအရ ကိုမင်းဌေး မှ ABSDF တပ်ဖွဲ့ဝင်ဟောင်းများနှင့် KIA မသိအောင် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပြီး ABSDF တောင်ပိုင်းအဖွဲ့များနှင့် ပူးပေါင်းရန် ကြံစည်နေမှုကို KIA ဗဟိုက မလိုလား တာကြောင့် လက်နက်များ သိမ်းဆည်းခြင်းဖြစ်ကြောင်း သိရရှိရသည်။

၎င်းအခြေအနေကို ဖြေရှင်းရန်အတွက် ကျောင်းသားတပ်မတော် ဥက္ကဌ ကိုသံခဲနှင့် အဖွဲ့သည် KIA ခေါင်းဆောင်များနှင့် ဆွေးနွေးရန် လိုင်ဇာမြို့သို့ ထွက်ခွာ သွားကြောင်း သိရသည်။

ABSDF (မြောက်ပိုင်း)အဖွဲ့ အား ၁၉၈၉ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး(ကချင်)ဖြစ်ပြီး KIA ဗဟိုဌာနချုပ်ရှိရာသို့ တောခို ၀င်ရောက် လာသည့် ကျောင်းသားများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ အစည်း အနေဖြင့် ABSDF (မြောက်ပိုင်း)သည် ABSDF(ဗဟို)၏ လက်အောင် တွင်ရှိပြီး စစ်ပညာများကို KIA မှ ပို့ချပေးခဲ့တဲ့အပြင် လက်နက်ခဲယမ်း များကိုလည်း ထောက်ပံ့ပေးကာ KIA တပ်ရင်းများနှင့် စစ်ရေးလှုပ်ရှားမှုများ တွဲဖက်လုပ်ဆောင် ခဲ့သည်။ ABSDF(မြောက်ပိုင်း) အဖွဲ့တွင်း သဘော ထားကွဲမှုနှင့် အထင်လွဲမှုများမှတစ်ဆင့် ၁၉၉၂ ခုနှစ် ဖေဖော် ၀ါရီလတွင် အဖွဲ့သားအချင်းချင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ရာမှ ပြိုကွဲသွားပြီး ကျန်ရှိသော ABSDF (မြောက်ပိုင်း) အဖွဲ့ဝင်အနည်းငယ်မှာ KIA နယ်မြေအတွင်း ဆက်လက်နေထိုင်ကာ KIA နှင့် စစ်ရေးပူးပေါင်း ဆောင် ရွက်မှုများ လုပ်ဆောင်လျှက်ရှိသည်။

Planet

Camera360 Ultimate v 4.7 for Android

Posted by drmyochit Wednesday, September 04, 2013, under | No comments



Camera360 ကိုတော် အားလုံးလည်းသိမှာပါ ဗားရှင်းအသစ်လေးပါ
ဗားရှင်းအသစ်နဲ့လန်းချင်ရင်   အောက်ကလိပ်စာမှာရယူနိုင်ပါတယ်

Dwonload>>>mirrorcreator (or) zippyshare (or)mediafire

ဆက်သွယ်ရေး ကွန်ရက်များ မရောထွေးရန် နေပြည်တော်နှင့် ရန်ကုန်ဖုန်းလိုင်း သုံးသန်း လဲပေးမည်

Posted by drmyochit Wednesday, September 04, 2013, under | No comments



ဒေသ တစ်ခုအတွင်း မတူညီသော ရေဒီယို ဆက်သွယ်ရေး ကွန်ရက်များ ရျောထွးမှု မရှိ စေရန်အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း ရန်ကုန်နှင့် နေပြည်တော်ရှိ မိုလ်ဘိုင်းဖုန်းလိုင်း သုံးသန်းကို လဲလှယ် တပ်ဆင်မည် ဖြစ်ပြီး အဆိုပါ စီမံကိန်းကို Huawei ကုမ်ပဏီနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း မိုလ်ဘိုင်း ဖုန်းလိုင်း အင်အားလေးသန်း ထပ်မံ တပ်ဆင်မည် ဖြစ်ရာ တစ်သန်းမှာ အသစ် တပ်ဆင်မည် ဖြစ်ပြီး သုံးသန်းမှာ စနစ်မတူသည့် ကွန်ရက်များ နေရာတွင် စနစ်တူသည့် ကွန်ရက် များဖြင့် လဲလှယ် တပ်ဆင်ခြင်း ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုလ်ဘိုင်း အင်ဂျင် နီယာချုပ် ဦးခင်မောင်ထွန်းက စက်တင်ဘာ ၃ရက်က နိုင်ငံပိုင် သတင်းစာတွင် ပြောကြားထားသည်။

Networkများ ဒီဇိုင်းပြု လုပ်ရာတွင် ဆက်သွယ်ရေး ပစ္စည်း တင်သွင်းသည့် ကုမ္ပဏီများ၏ စက်ပစ္စည်း ဆက်စပ်မှုနှင့် Radio စနစ် မတူညီမှုများ ရှိသည့် အတွက် ယခုကဲ့သို့ ကုမ္ပဏီ တစ်ခု တည်း၏ စက်ပစ္စည်းများကို တပ်ဆင် ရခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။ ထိုသို့ မိုဘိုင်းလိုင်း အင်အား တိုးချဲ့ရန်အတွက် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို ဧပြီလ အတွင်းက အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခွင့် တင်ဒါ ခေါ်ယူခဲ့ရာ Huawei ကုမ္ပဏီက တင်ဒါ အောင်မြင် ခဲ့ပြီး လက်ရှိတွင် လုပ်ငန်း စတင်ရန် အတွက် စာချုပ်ချုပ် ဆိုထားပြီး ဖြစ်သည်ဟု ဆိုသည်။

ဦးခင်မောင်ထွန်းက “လိုင်းလေးသန်း တိုးချဲ့ရေး စီမံကိန်းမှာ မတူညီတဲ့ ရေဒီယို ဆက်သွယ်ရေး စခန်းတွေ ရောယှက် နေတဲ့ ရန်ကုန်နဲ့ နေပြည်တော် တို့မှာ စုစုပေါင်း လိုင်း သုံးသန်းကို ပစ္စည်း ပေးသွင်းတဲ့ ကုမ္ပဏီ တစ်ခု တည်းရဲ့ စက်နဲ့ အစားထိုး တပ်ဆင် သွားမှာပါ။ အဲဒီ အစားထိုးရာ ကနေ ထွက်ရှိ လာတဲ့ စက်ပစ္စည်း တွေကို မိုဘိုင်းလိုင်း တိုးချဲ့ဖို့ လိုအပ် နေတဲ့ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုးချဲ့တပ်ဆင်ဖို့ စီစဉ် ထားပါတယ်ဟု ဖြေကြားထားသည်။

ထို့အပြင် လိုင်းအင်အား တစ်သန်း သီးသန့် တိုးချဲ့မည် ဖြစ်ရာ ရန်ကုန်တွင် လိုင်း အင်အား ခြောက်သိန်း၊ နေပြည်တော်တွင် ၁၆၀,၀၀၀နှင့် မန္တလေးတွင် ၂ ဒသမ ၅သိန်း တိုးချဲ့ တပ်ဆင် သွားမည်ဟု ဆိုသည်။ ၄င်းအပြင် မိုဘိုင်းဖုန်းလိုင်း အင်အားများ တိုးချဲ့ရာတွင် လိုအပ်သည့် စက်မှု အဆောက် အအုံများ၊ လေအေး ပေးစက်စနစ်၊ လျှပ်စစ် ဓာတ်အားပေး စနစ်၊ တာဝါတိုင် တည်ဆောက်ခြင်း စသည့် မိုဘိုင်း အခြေစိုက် စခန်း ၄၀၀ခန့် တည်ဆောက်ရန် အတွက် ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း လုပ်ကိုင်မည့် ကုမ္ပဏီများကို စက်တင်ဘာ ၂၆ရက် နောက်ဆုံး ထား၍ တင်ဒါလျှောက်ထားရန် ဆက်သွယ်ရေး လုပ်ငန်းက ဖိတ်ခေါ် ထားသည်ဟု သိရသည်။

လက်ရှိ အချိန် အထိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းလိုင်း အင်အား ၅ဒသမ ၂သန်းကျော် ချထား ပေးလျက် ရှိပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်း အင်အား လေးသန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်း အင်အား ငါးသန်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်း အင်အား ငါးသန်း တိုးချဲ့ရန် စီစဉ် ထားကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရပါသည်။

Myanmar ICT

ယာဉ်အတွင်းထည့်ထားသော ငွေကျပ်သိန်း(၆၀၀)ကျော် တန်ဘိုးရှိ ရွှေထည်ပစ္စည်းများခိုးမှုမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိ

Posted by drmyochit Wednesday, September 04, 2013, under | No comments



ရန်ကုန်၊ စက်တင်ဘာ ၎

၁.၉.၂၀၁၃ ရက်နေ့တွင် ကမာရွတ်မြို့နယ်နေ ဦးထွန်းမြင့်သည် ၎င်းပိုင် OASIS ကားအရောင်း ပြခန်းအတွင်းရှိ CROWN အဖြူရောင် ယာဉ်၏ နောက်ဖုံးအတွင်း၌ ရွှေထည်ပစ္စည်းမျိုးစုံ ၊ ခန့်မှန်း တန်ဘိုး ငွေကျပ် သိန်း(၆၀၀)ခန့်အား ထည့်ထားခဲ့ပြီး ၂.၉.၂၀၁၃ ရက်နေ့ ညနေပိုင်း တွင်သတိရ၍ သွားရောက်ကြည့်ရှုရာ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် ဦးထွန်းမြင့်မှစုံစမ်း ဖော်ထုတ်အရေးယူပေးရန် ၃.၈.၂၀၁၃ရက်နေ့တွင် တိုင်ကြားခဲ့သောကြောင့် ကမာရွတ်မြို့မရဲစခန်း (ပ)၃၉၄ /၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်အမှုစုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့မရဲစခန်းတပ်ဖွဲ့ဝင်များမှ စုံစမ်းဖော်ထုတ်ခဲ့ရာ ကားအရောင်းပြခန်းရှိဝန်ထမ်းများအား စစ်ဆေးချက်အရ ၁.၉.၂၀၁၃ ရက်နေ့တွင် ဝေဖြိုးဟန်နှင့် မလှရီတို့မှာ CROWNယာဉ်အနီးတွင်ရှိနေကြောင်း ယာဉ်အားသန့်ရှင်းရေးလုပ်သည်မှာ ဝေဖြိုးဟန် ဖြစ်ကြောင်း၊ ဝေဖြိုးဟန်မှာ ၂.၉.၂၀၁၃ ရက်နေ့တွင် အလုပ်မှထွက်သွားကြောင်း သိရှိရပါသည်။

စစ်ဆေးချက်များအရ ဝေဖြိုးဟန်နေထိုင်သည့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၅၅)ရပ်ကွက်သို့ သွားရောက်စုံစမ်းခဲ့ရာ ဝေဖြိုးဟန်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေထိုင် နေကြောင်း သိရှိရသဖြင့် သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေခဲ့ရာ ၎င်းထံမှ ရွှေလက်ကောက်(၁)ကွင်းအား သိမ်းဆည်းရမိပြီး အဆိုပါပစ္စည်းမှာ ၁.၉.၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန်ခန့်က ဦးထွန်းမြင့်ပိုင် CROWN ယာဉ် အတွင်းမှ ခိုးယူခဲ့သည့်ပစ္စည်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးခဲ့ရာ ဝေဖြိုးဟန်မှ ခိုးယူရရှိသည့် ပစ္စည်းများ အနက်မှရွှေလက်ကောက်(၁)ကွင်းအား အရောင်းစားရေးဖြစ်သူ မလှရီထံတွင်ပေးထားခဲ့ကြောင်း၊ ကျန်ပစ္စည်းများအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အစ်ကိုဖြစ်သူ၏ နေအိမ်တွင် ၀ှက်ထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အမှုမှ ပစ္စည်းများခိုးယူသူ ဝေဖြိုးဟန် (ဘ)ဦးဟန်တင့်၊ (၅၅)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နှင့် မလှရီ(ဘ) ဦးမောင်ကျော်ညွန့်၊ ကျောက်တော်မြို့နယ် နေသူတို့(၂)ဦးအားဖမ်းဆီးခဲ့ပြီး သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းကာ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဘာကြောင့် ၀မ်းနိုင်းနိုင်း(199) အလုပ်မဖြစ်သလဲ

Posted by drmyochit Wednesday, September 04, 2013, under | No comments



“လိုအပ်တဲ့အကူအညီအတွက် အကောင်းဆုံးကူညီနေပါတယ်။ မင်းအနေနဲ့ တိကျတဲ့ညွှန်ကြားချက်တွေ လိုက်နာဖို့လိုတယ်နော်။ ရဲတပ်ဖွဲ့က ငါးမိနစ်အတွင်း မင်းဆီရောက်လာလိမ့်မယ်”

လူသတ်သမားတစ်ယောက်၏ ပစ်မှတ်ထားခံနေရသူက သွေးပျက်ချောက်ချားစွာဖြင့် ၉၁၁ အရေးပေါ်ဌာနသို့ ဖုန်းဖြင့် အကူအညီတောင်းခံနေမှုကို တာဝန်ကျရဲအရာရှိက ဂရုတစိုက် လက်ခံဖြေရှင်းနေသည်။ The Call ရုပ်ရှင်ဇာတ်လမ်းတွင် နာမည်ကျော်သရုပ်ဆောင်မင်းသမီး ဟယ်လီဘယ်ရီက အရေးပေါ်ဌာန တာဝန်ကျရဲဝန်ထမ်းအဖြစ် ဖုန်းလက်ခံဖြေနေသော ဇာတ်ဝင်ခန်းသာဖြစ်သည်။

နိုင်ငံသားများတွင် အသက်အိုးအိမ်စည်းစိမ်တို့ နှောင့်ယှက်ဖျက်ဆီးခံရမှုအခြေအနေများ ကြုံတွေ့လာလျှင် ပြည်သူ့ဝန်ထမ်းဖြစ်သော ရဲဌာနများအနေဖြင့် လိုအပ်သောအကူအညီများ ပေးနိုင်ရန်အတွက် ဂဏန်းသုံးလုံးထက်မပို၍ အရေးပေါ်ခေါ်ဆိုနိုင်သည့် ဖုန်းနံပါတ်တစ်ခု ပုံသေထားလေ့ရှိသည်။ မြန်မာနိုင်ငံတွင်မူ ၁၉၉ (၀မ်းနိုင်းနိုင်း)ဟု ခေါ်ပါသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် အရေးပေါ်အကူအညီလိုအပ်နေသော ပြည်သူများက ၁၉၉ သို့ခေါ်ဆိုရာ၌ ဆက်သွယ်၍မရခြင်း၊ ဖုန်းမကိုင်ခြင်းတို့နှင့်သာ အများစုကြုံတွေ့နေရပါသည်။ ထို့ကြောင့်ပင် အရေးပေါ်နံပါတ် ၁၉၉ အပေါ် ပြည်သူများ အားထားယုံကြည်ရမှုကို မေးခွန်းထုတ်ရန်အခြေအနေ ဖြစ်လာသည်။

“ပြီးခဲ့တဲ့တစ်လကျော်လောက်က ပုဇွန်တောင်ဘက်မှာ ညဘက်အိမ်ပြန်ရင်း နောက်မှာ လူနှစ်ယောက်လိုက်လာတာ တွေ့တယ်။ လူကလည်း အရမ်းရှင်းနေတယ်။ ဒါနဲ့ ၀မ်းနိုင်းနိုင်းကိုဖုန်းဆက်တာ လုံးဝမ၀င်ဘူး။ ကြောက်ကြောက်နဲ့ ကားဂိတ်ရောက်အောင် အမြန်သွားလိုက်ရတယ်”ဟု အသက် ၃၂ နှစ်အရွယ် အိမ်တွင်းအလှပြင်ဆင်သူ ကိုကျော်သူက အရေးပေါ်ဖုန်းခေါ်ဆိုရာတွင် ကြုံတွေ့ရမှုကို ပြန်ပြောင်းပြောပြသည်။

“သင့်ပတ်ဝန်းကျင်ထူးခြားမှုရှိပါက ဖုန်းအမှတ် ၁၉၉ သို့ဆက်သွယ်ပါ”

အရေးပေါ်အခြေအနေနှင့် မသင်္ကာစရာများ ရင်ဆိုင်ကြုံတွေ့လျှင် ဆက်သွယ်သတင်းပေးပို့၍ အကူအညီတောင်းခံနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းမီဒီယာများတွင် ထည့်သွင်းဖော်ပြထားသော နံပါတ်ဖြစ်သည်။

သို့သော် မန္တလေးမြို့နေ ကိုအောင်(အမည်လွှဲ)က လွန်ခဲ့သောရက်ပိုင်းအတွင်း သူ၏အိမ်ရှေ့၌ လူငယ်တစ်စုက အခြားသူတစ်ဦးကို အုပ်စုဖွဲ့အနိုင်ကျင့် ရိုက်နှက်နေသည်ကို တွေ့ရှိသောကြောင့် အရေးပေါ်ဖုန်းနံပါတ် ၀မ်းနိုင်းနိုင်း (၁၉၉)သို့ ခေါ်ဆိုသောအခါ ဆက်သွယ်၍မရခဲ့ပါ။

ကမ္ဘာ့နိုင်ငံအများစုတွင် ပြည်သူများအနေဖြင့် အသက်အိုးအိမ်စည်းစိမ်များ ခြိမ်းခြောက်ဖျက်ဆီးခံရမှုများ (သို့မဟုတ်) ပတ်ဝန်းကျင်၌ ထူးခြားမှုများရှိပါက ကွန်ပျူတာမြေပုံစနစ်ဖြင့် ထိန်းချုပ်ထားသော အရေးပေါ်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်ဌာနမှ အထူးလေ့ကျင့်ထားသော ဆက်သွယ်ရေးအရာရှိများက ဆက်သွယ်သူများ၏ ပြဿနာများကို ညွှန်ကြားဖြေရှင်းကြပြီး လိုအပ်ပါက အနီးဆုံးတွင် တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းများနှင့်ချိတ်ဆက်၍ အကူအညီပေးလေ့ရှိသည်။ အကယ်၍ အမှုအခင်းဖြစ်ပွားပါက အဆိုပါနေရာသို့ ရဲတပ်ဖွဲ့ဝင်များ အမြန်ဆုံးရောက်ရှိလာမည်ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ၉၁၁၊ ဥရောပနိုင်ငံအများစုတွင် ၁၁၂ နှင့် အခြားနိုင်ငံများတွင်လည်း ၉၉၉၊ ၁၁၉ အစရှိသော အရေးပေါ်ဖုန်းနံပါတ်များကို အသုံးပြုကြသည်။

မြန်မာနိုင်ငံတွင်မူ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့ရုံး၊ ခရိုင်ရဲတပ်ဖွဲ့ရုံးများတွင် ၁၉၉ နံပါတ်များကို တပ်ဆင်ပေးထားသော်လည်း နည်းပညာနှင့် အခြားအခက်အခဲ လိုအပ်ချက်များစွာရှိနေသည်။

“နိုင်ငံတကာမှာက ဘယ်နေရာမှာ ဘာဖြစ်တယ်။ ဖုန်းဆက်အကြောင်းကြားရင် ဒီဖုန်း ဘယ်ကလာတာလဲ မြေပုံ(GPS)စနစ်နဲ့ သွားတာ။ ဒီမှာက အဲဒီလိုမရှိသေးဘူး။ အရေးကြီးမှ ဆက်သွယ်ရေးကတစ်ဆင့်သွားတာ။ လုပ်ပေးနေပေမယ့် အားနည်းချက်က အများကြီးရှိတယ်။ ပြည်သူတွေ မကျေနပ်ဖြစ်တာတွေကတော့ ဖြစ်နေဦးမှာပဲ။ အဓိကက Facility နဲ့ ရန်ပုံငွေအားနည်းမှုပါ”ဟု နေပြည်တော်မှုခင်းရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ကြုံရသည့်အခက်အခဲများကို ရှင်းလင်းပြောဆိုသည်။

၁၉၉ သို့ ခေါ်ဆိုရာတွင်လည်း အချို့သောသူများမှာ အမှန်တကယ် အကူအညီလိုအပ်ခြင်းမရှိဘဲ တမင်အနှောင့်အယှက်ပေးလိုသော ရည်ရွယ်ချက်ဖြင့် ခေါ်ဆိုခြင်းမျိုးကို ကြုံတွေ့နေရသည်ဟု တာဝန်ရှိသူများက ၎င်းတို့၏အခက်အခဲများကို ရှင်းပြ၏။

“ဥပမာ ဘယ်နားမှာ လူစုလူဝေးရှိတယ်။ ဘာဖြစ်တယ်ဆိုပြီးတော့သွားရင် ဘာမှမတွေ့ရဘူး”ဟု အထက်ပါ နေပြည်တော်မှုခင်းရဲတပ်ဖွဲ့အရာရှိက သူ၏အတွေ့အကြုံကို ပြောပြသည်။

ဥပဒေပညာရှင်အချို့ကမူ ရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်ရသည့် အဖွဲ့ဖြစ်သည်။

ယင်းအတွက်ကြောင့် အမှန်တကယ် အကူအညီလိုအပ်၍ အရေးပေါ်တယ်လီဖုန်းများသို့ ခေါ်ဆိုကြသောပြည်သူများ အားကိုးယုံကြည်အောင် ဆောင်ရွက်သင့်သည်ဟု ထောက်ပြပြောဆိုသည်။

“ကျွန်တော်တစ်ခါမေးဖူးတယ်။ ဖုန်းသရဲတွေကြောင့် မကိုင်တာလို့ပြောတယ်။ ခေတ်မီနေတဲ့ ခေတ်ကြီးမှာ ဒီလိုအနှောင့်အယှက်ပေးသူရှိရင် စုံစမ်းအရေးယူပေါ့။ ဒါကြောင့် မကိုင်တာဆိုရင် တကယ်လိုတဲ့ ပြည်သူဆက်တာဆို ဘယ်လိုလုပ်မလဲ”ဟု ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)ကဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အရေးပေါ်ဖုန်းခေါ်ဆိုမှုများအတွက် ၂၄ နာရီအချိန်ပြည့် ဂျူတီချထား၍ မှတ်တမ်းတင်မှုများ ပြုလုပ်ထားသည်။ ဆက်သွယ်၍မရခြင်းမှာ ခေါ်ဆိုသောအရေအတွက်များ၍ ဖုန်းလိုင်းမအားမှုကြောင့်ဖြစ်သည်ဟုဆိုသည်။ အရေးပေါ် ၁၉၉ ဖုန်းသို့ခေါ်ဆိုလျှင် အနီးဆုံးရဲစခန်းရှိ ဖုန်းနှင့်ချိတ်ဆက်ရန် ဆက်သွယ်ထားသောကြောင့် အဆိုပါဖုန်းမအားပါက ခေါ်ဆို၍မရတော့ဟုလည်း တာဝန်ရှိသူများက ရှင်းလင်းပြောဆိုသည်။ ရဲတပ်ဖွဲ့က ဦးစီးထုတ်ဝေသော သတင်းမီဒီယာများအရ လူဦးရေခြောက်သန်းခန့်ရှိသော ရန်ကုန်မြို့တွင် တစ်ပတ်လျှင် အရေးပေါ် ၁၉၉ ဖုန်းသို့ ပြည်သူများက မှုခင်းသတင်းပေးပို့မှုမှာ ၁၀ ကြိမ်ခန့်သာရှိသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် အချို့ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ၁၉၉ အရေးပေါ်ဖုန်းကို ဂျီအက်စ်အမ်၊ စီဒီအမ်အေဖုန်းများဖြင့် ခေါ်ဆို၍မရသောကြောင့် အခြားအရေးပေါ်သုံး Hot-Line များ ထားပေးသည်ဟုဆိုသည်။

“၁၉၉ ကို တကယ်လို့ခေါ်မရရင် ပြည်သူတွေ စိတ်ငြိုငြင်မှု မယုံကြည်မှုဖြစ်လာမယ်။ ဒီတော့ ဖုန်းအားလုံးခေါ်နိုင်မယ့် ဂျီအက်စ်အမ်တစ်လုံးထိုင်ဖို့ ဆက်သွယ်ရေးနဲ့ ညှိနှိုင်းထားတယ်”ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးတင်ထွန်းကပြောသည်။

သတင်းနည်းပညာ ကျွမ်းကျင်သူပညာရှင်တစ်ဦးကမူ ယနေ့နည်းပညာနှင့် သီအိုရီများအရ ယင်းအခက်အခဲမှာ ဖြေရှင်းနိုင်သည်ဟု သုံးသပ်ပြောဆိုသည်။

“သီအိုရီအရ ရနိုင်ပါတယ်။ ဘာမှမခက်ပါဘူး။ တစ်ကမ္ဘာလုံးမှာလည်း အရေးပေါ်ဖုန်းကို အားလုံးကခေါ်လို့ရတယ်။ ဆက်သွယ်ရေးမိုဘိုင်းဌာနကိုတော့ တင်ပြဖို့လိုတယ်”ဟု ဖြေရှင်းနိုင်မည့်နည်းလမ်းကို ရှင်းပြသည်။

“ကူညီပါရစေ၊ ပြည်သူ့လုံခြုံမှုအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အစွမ်းကုန်ဆောင်ရွက်ပါမည်၊ ပြည်သူလူထုမှ ပူးပေါင်းပါဝင်ကူညီကြပါ”။

တရားဥပဒေစိုးမိုးရေး လက်တွဲဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်သူများသို့ အသိပေးဖော်ပြထားသည့် ဆောင်ပုဒ်များပင်ဖြစ်သည်။ ယင်းဆောင်ပုဒ်များအတိုင်း ရဲနှင့်ပြည်သူလက်တွဲ၍ ရပ်ရွာတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် ၂၄ နာရီ ဆက်သွယ်ရနိုင်သည့် အရေးပေါ်တယ်လီဖုန်းလိုင်းများ လိုအပ်ပါသည်။

“အရေးပေါ်ဆိုရင် ဘယ်ကိုဆက်နိုင်မလဲ။ ရေဒီယို၊ မီဒီယာတွေကတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဖို့လိုနေပြီ”ဟု ဦးခင်ဇော်(မရမ်းကုန်း)ကပြောပါသည်။

 ရေးသားသူ- အောင်ခိုင်၊ရဲနောင်
 7Day News Journal

ဘူးသီးတောင် အထကခွဲ (၂) ခြိမ်းခြောက်ခံနေရ

Posted by drmyochit Wednesday, September 04, 2013, under | No comments

ကျောင်းရှေ့တွင် လာရောက်ချထားသော စစ်အသုံးအဆောင်များ။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အစိုးရ အထက်တန်းကျောင်းခွဲ (၂) မှ ဆရာ ဆရာမများကို အမည်မသိ ဆူပူ သောင်းကျန်းလိုသူ အချို့မှ ခြိမ်းခြောက်မူများ ရှိနေသည်ဟု သတင်း ရရှိသည်။

၎င်း အထကခွဲ (၂) သည် ဘူးသီးတောင်မြို့ အနောက်ကွင်းခေါ် အမှတ်(၁)ရပ်ကွက်တွင် တည်ရှိပြီး ဘင်္ဂလီ ကျောင်းသား အများစု သင်ကြားနေသော ကျောင်း ဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သောလ သြဂတ်စ်လ ၂၁ ရက်နေ့က ၎င်းအခြေခံပညာအထက်တန်းကျောင်းခွဲ(၂) တွင် စစ်ဝတ် ပြောက်ကျား ဂျာကင်(၁) ထည်၊ စစ်ဖိနပ်(၁) ရံ၊ တောဆောင်း စစ်ဦးထုပ် (၁)လုံး၊ ခြေအိတ်(၁) စုံ နှင့် စွပ်ကျယ်(၁)ထည်ကို ကျောင်းဝင်းရှေ့ အုတ်ထရံအနီးတွင် အမည်မသိသူများက လာရောက်ချထားခဲ့သည်ဟု ဆိုသည်။

၎င်းစစ်အသုံးအဆောင် ပစ္စည်းများကို ကျောင်းဝင်းရှေ့တွင် လာရောက် ချထားခြင်းမှာ ဆရာ ဆရာမများကို ခြိမ်းခြောက်လို၍ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ဆရာ တစ်ဦးက ပြောသည်။

၎င်းစစ်အသုံးအဆောင် ပစ္စည်းများကို ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးပြီး သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။

ယင်းမတိုင်မှီ အစွန်းရောက် အစ္စလာမ်မစ် အဖွဲ့ တစ်ခုမှ ဘူးသီးတောင်တွင် ဗုံးခွဲမည်ဆို၍ အဆိုပါ ကျောင်းအား (၂) ကြိမ်တိုင်တိုင် စစ်တပ်မှ လာရောက် စစ်ဆေးခဲ့သည်ဟု ၎င်းဆရာက ပြောသည်။

ဆရာ ဆရာမများ အနေဖြင့် လုံခြုံရေး စိုးရိမ်ရသဖြင့် ကျောင်းသို့ သွားရောက် စာပြရန်မှာ ၀န်လေး နေကြပြီး အချို့ ဆရာ ဆရာမများမှာ ကျောင်းသို့ မသွားရဲဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း လုံခြုံရေးကြောင့် ကျောင်းပျက်ကွက်သော ဆရာ ဆရာမများအား ဒေသခံ ဘင်္ဂလီ ကျောင်းသားမိဖများက အထက်သို့ တိုင်ကြားမူများ ရှိလာသဖြင့် ဆရာ ဆရာမများ အနေဖြင့် အခက်ကြုံနေကြရသည်ဟု ဆိုသည်။

အချို့ ဆရာ ဆရာမများမှာ အလုပ်ထွက်ရန်ထိ စဉ်းစားနေကြပြီး အချို့မှာ ခြိမ်းခြောက်မူများရှိနေသော်လည်း ၀မ်းရေး အတွက် သွားရောက် စာပြနေကြသည်ဟု ဆိုသည်။

သက်ဆိုင်ရာ ပညာရေးဌာနမှ အထက်အာဏာပိုင်များ အနေဖြင့် အထက ခွဲ(၂) တွင် ဖြစ်ပေါ်နေသော ခြိမ်းခြောက်ခံ ပြဿနာအား အမြန်ဆုံး ဖြေရှင်းပေးရန်ကို ဆရာ ဆရာမများက အထူး လိုလားနေကြသည်ဟု အဆိုပါ ဆရာက ပြောသည်။

သြဂတ်စ် ၁၈နှင့် ၁၉ ရက် နေ့များတွင် ဘူးသီးတောင်တွင် ဗုံးဖေါက်ခွဲမည့် သတင်းများကြောင့် အထက်တန်းကျောင်းများ အပါအဝင် မြို့ပေါ်ကျောင်းများတွင် လုံခြုံရေး တင်းကျပ်စွာ ချထားခဲ့ရသည်ဟု သိရသည်။

(နိရဉ္စရာ- ၄ စက်တင်္ဘာ ၂၀၁၃)

ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဘဏ်ချေးငွေမှ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို နှစ်ရှည်ချေးငွေအဖြစ် ရယူရန်လျာထား

Posted by drmyochit Wednesday, September 04, 2013, under | No comments



ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဘဏ်ချေးငွေမှ အမေရိ ကန်ဒေါ်လာ သန်း ၅၀ ကို နှစ်ရှည်ချေးငွေအဖြစ် ရယူရန်လျာထားကြောင်း သိရသည်။

ထိုကဲ့သို့ လျာထားပြီး အမေရိကန်ဒေါ်လာ ၃၁.၅ သန်းကို ကနဦးချေးငွေဖြင့် ရယူမည်ဖြစ်ကာ ၎င်းချေးငွေဖြင့် Telecommunications Sector Reform Project ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။ ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ ၂၆၁.၅၀ သန်း ချေးယူခွင့်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဘဏ်ချေးငွေမှ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို နှစ်ရှည်ချေးငွေအဖြစ် ရယူရန်လျာထားများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်း ပညာဝန်ကြီးဌာနက ရှင်းလင်းတင်ပြခဲ့ရာတွင် အထက်ပါအချက်ကို ထည့်သွင်းတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးဈေးကွက်နှင့် ဆက်သွယ်ရေးအိုင်တီကဏ္ဍအတွင်း ကူးပြောင်းသည့်အချိန်တွင် နည်းပညာပိုင်း ဖြည့်ဆည်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေး လုပ်ငန်းစဉ်များအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ထိုလုပ်ငန်းစဉ်များအတွက် ဘဏ္ဍာငွေပမာဏ ကြီးမားစွာလိုအပ်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးဦးသောင်းတင်က တင်ပြခဲ့သည်ဟု သိရသည်။ ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန်ဒေါ်လာ ၂၆၁.၅၀ သန်းကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ၃၁.၅၀ သန်း ချေးယူမည်ဖြစ်ကြောင်းသိရသည်။

၎င်းအပြင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၁၂၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက် စီမံကိန်းအတွက် သန်း ၁၄၀ ပညာရေးဝန်ကြီးဌာန၏ ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းနှင့် ပညာသင်ထောက်ပံ့ကြေးနှင့် ပညာသင်ဆုပေးအပ်ခြင်းစီမံကိန်းအတွက်  သန်း ၆၀၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲရေး၊ စီမံကိန်းအတွက် သန်း ၃၀ တို့ အသီးသီး ချေးယူမည်ဖြစ်ကြောင်း သိရသည်။ အထောက်အပံ့ရမည့် ငွေများအား Telecommunications Sector Reform Project အမည်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်း ပညာဝန်ကြီးဌာနနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပိုင်းများတွင် နည်းပညာကူညီပေးခြင်း၊ Capacity Building ထူထောင်ပေးခြင်း၊ ရေဒီယိုလှိုင်းနှုန်းစဉ် စီမံခန့်ခွဲမှုနှင့် တိုင်းတာရေးစနစ် ထူထောင်ရန် အကူအညီပေးခြင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများအား ကော်ပိုရေးရှင်းပြုလုပ်ခြင်းနှင့် ပုဂ္ဂလိက ပြုလုပ်ခြင်းများအတွက်နည်းပညာ ကူညီပေးခြင်း၊ နိုင်ငံတွင်းရှိ ကျေးလက်ဒေသများအတွက် အခြေခံဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ e-Government မဟာဗျူဟာချမှတ်ဆောင်ရွက်ခြင်း၊ Public-Private Patnership e-Government Approch အတွက် နည်းပညာကူညီမှုပေးခြင်း၊ Civil Servant များအတွက် Capacity Building ထူထောင်ပေးခြင်း၊ e-Government Interoperability Framework ချမှတ်ဆောင်ရွက်နိုင်ရေး အထောက်အကူပေးခြင်းတို့တွင် စသည့် လုပ်ငန်းစဉ်များတွင် ခွဲဝေအသုံးပြုသွားမည်ဟု ဒုတိယဝန်ကြီးက ပြောသည်။

နိုင်ငံတော်သမ္မတရုံး၏ ၁၄.၅. ၂၀၁၃ ရက်စွဲပါစာဖြင့်လည်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် ကမ္ဘာ့ဘဏ်မှ IDA အထောက်အပံ့ရယူရေးကိစ္စအား သဘောတူခွင့်ပြုကြောင်းကိုလည်း နိုင်ငံတော်သမ္မတရုံးမှ နိုင်ငံခြားအကူအညီအထောက်အပံ့ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ထွန်းထွန်း၊ ကျော်ဇေယျ
အတွဲ (၁၄)၊ အမှတ် (၃၄)
Internet Journal

ဆီးဂိမ်းစ် ရာသီအတွက် လိင်လုပ်သားများ ကျန်းမာရေး အသိပညာပေးရန် ပိုမိုလိုအပ်

Posted by drmyochit Wednesday, September 04, 2013, under | No comments


ရန်ကုန်၊ စက်တင်ဘာ ၄။

လာမည့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းအားကစားပြိုင်ပွဲသို့ လာရောက်ကြမည့် နိုင်ငံတကာမှ ဧည့်သည်အချို့နှင့် မြန်မာနိုင်ငံရှိ လိင်လုပ်သားတို့အကြား ဆက်ဆံရေးအဆင်ပြေစေရန် နှင့်
HIV/AIDS ရောဂါပိုးကူးစက်ခြင်းများ မဖြစ်ပေါ်စေရန် ကျန်းမာရေးအသိပညာပေးခြင်းများ ပိုမိုပြုလုပ်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

“sea games ကျရင် လူတန်းစားပေါင်းစုံ ပြည်တွင်းကို လာမှာဆိုတော့ ကျန်းမာရေးပညာပေးတွေ ဘာသာစကားကိစ္စတွေကို ပညာပေးအနေနဲ့ ကျယ်ပြန့်စွာ လုပ်ဆောင်ရင်ကောင်းတယ်။ နောက်တစ်ခု စိုးရိမ်စရာက ဘာသာစကားအခက်အခဲကြောင့် ငွေကြေးအပိုင်းမှာ ကြားပွဲစားက ဖြတ်ယူသွားတာမျိုးတွေလည်း ကြုံတွေ့နိုင်တယ်။ တရားမ၀င်ဆိုတာမျိုးကြီးနဲ့ဖြစ်နေတော့ အခုရန်ကုန်မှာက အဖမ်းအဆီးပိုများလာတယ်။ ဒါကြောင့် အခက်အခဲဖြစ်တာမျိုးတွေရှိတယ်” ဟု Sex Worker in Myanmar Network (Swim Network) မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းရှိ လူမှုရေးအသင်းအဖွဲ့အချို့မှ ရက်တိုသင်တန်း အဖြစ် လိင် ဆက်ဆံသည့်အခါ ကွန်ဒုံး အသုံးပြုရန်နှင့် အသုံးမပြုချင်သည့် ဧည့်သည်များကို စနစ်တကျ ပြန်လည်ရှင်းပြနိုင်ရန် သင်ကြားပေးကြောင်း၊ ဘာသာစကားအခက်အခဲရှိသည့်အခါ ဟန်ပန်အမူအယာဖြင့် မည်သို့လုပ်ဆောင်သင့်ကြောင်း နှင့် ကွန်ဒုံးအသုံးပြုနည်းများကို သင်ကြားပို့ချပေးလျက်ရှိကြောင်း လိင်လုပ်သားတစ်ဦးက ပြောကြားသည်။

“တစ်ချို့ sex worker တွေက မျက်နှာမပြ၀ံ့တာတွေ ၊ ကြောက်ရွံ့တာမျိုးတွေရှိနေတော့ လိင်လုပ်သားလုပ်နေတဲ့အဖွဲ့တွေရှိတဲ့နေရာကို ကျန်းမာရေးပညာပေးအနေနဲ့ လိုက်ပြောပေးနိုင်ရင်ပိုကောင်းတယ်“ ဟု ၎င်းက ပြောကြားသည်။

Swim Network မှ တာဝန်ရှိသူတစ်ဦးက “အဓိကကတော့ HIV/AIDS လျော့ချရေးအတွက်နဲ့ လူ့အခွင့်အရေးတန်းတူရရှိဖို့ ရည်ရွယ်ပြီး လိင်လုပ်သားတွေကို ပညာပေးလုပ်ရတာပါ။”ဟု ပြောကြားသည်။

၂၀၁၃ ဆီးဂိမ်းစ် ပြိုင်ပွဲ မတိုင်မီ ပြည်တွင်းရှိ လူမှုရေးအသင်းအဖွဲ့အချို့အနေဖြင့် လိင်လုပ်သားများကို ကျန်းမာရေးပညာပေးသင်တန်းများ ပို့ချပေးခြင်းသည် ကောင်းမွန်းကြောင်းနှင့် ပညာပေးခြင်းကို ကျယ်ပြန့်စွာလုပ်ဆောင်ရန် မျှော်လင့်ကြောင်း Swim Network မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

HIV/AIDS လျော့ချရေးအတွက် လိင်လုပ်သားဆိုင်ရာ ကျန်းမာရေးအသိပညာပေးမှုများကို မျက်နှာမပြလိုသူများဖြစ်စေ ၊ နယ်မြို့များမှဖြစ်စေ သင်တန်းပို့ချပေးမှုများအား ဖိတ်ခေါ်လိုသူများရှိပါက အခမဲ့ပို့ချပေးမည်ဖြစ်ပြီး ဖိတ်ခေါ်လိုပါက swimmyanmar2011@gmail.comသို့ အီးမေးလ်ပို့ ဆက်သွယ်၍ အကူအညီတောင်းနိုင်ကြောင်း သိရှိရသည်။

ကိုလင်း (KL)
The Myanma Age

စာအုပ်များသည် အကြမ်းဖက်မှုကို အနိုင်ယူနိုင်ကြောင်း မာလာလာ ဆို

Posted by drmyochit Wednesday, September 04, 2013, under | No comments



စက်တင်ဘာ ၄။

မိန်းကလေးများ၏ ပညာသင်ကြားခွင့်ကို နိုးဆွလှုံ့ဆော်ခဲ့ခြင်းကြောင့် တာလီဘန်တို့က ခေါင်းကိုသေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ပါကစ္စတန်ကျောင်းသူ မာလာလာ ယူဆာဇိုင်းက စာအုပ်များသည်
“အကြမ်းဖက်မှုကို အနိုင်ယူနိုင်သည့် လက်နက်များဖြစ်ကြောင်း” အင်္ဂါနေ့က အင်္ဂလန်နိုင်ငံရှိ စာကြည့်တိုက်သစ်ဖွင့်ပွဲ တစ်ခုတွင် ပြောကြားသည်။

အသက် ၁၆ ခြောက်နှစ် အရွယ်ရှိပြီဖြစ်သည့် မာလာလာသည် ဥရောပ၏ အကြီးဆုံး ပြည်သူ့ စာကြည့်တိုက် ဖြစ်သည့် ဘာမင်ဟမ် စာကြည့်တိုက်သစ် ဖွင့်ပွဲတွင် မိန့်ခွန်းပြောခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်တွင် ကျောင်းသွားနေစဉ် သေနတ်သမား ပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့် လွန်ခဲ့နှစ် အောက်တိုဘာတွင် လန်ဒန်သို့ ခွဲစိတ်ခံရန် ရောက်ရှိလာခဲ့သော မာလာလာက
“ကျွန်မ စာအုပ် ထောင်ပေါင်းများစွာ ဖတ်မယ်။ ပြီးတော့ အသိပညာတွေနဲ့ ကိုယ့်ကိုယ်ကို စွမ်းအားပေးမယ်။ စာအုပ်တွေနဲ့ ဖောင်တိန်တွေဟာ အကြမ်းဖက်မှုကို အနိုင်ယူမယ့် လက်နက်တွေ ဖြစ်ပါတယ်”
ဟုဆိုကာ သူမကိုယ်သူမ စိန်ခေါ် ပြောကြားသည်။

“အသိပညာထက် ပိုမိုသာလွန်ကြီးမားတဲ့ လက်နက်မရှိဘူး။ ရေးသားထားတဲ့ စာလုံးတွေထက် ပိုမိုသာလွန် ကြီးမားတဲ့ အသိပညာ ရင်းမြစ်ဆိုတာ မရှိဘူး” ဟုလည်း ထပ်ပြောခဲ့သည်။

ယခုနှစ်နိုဘယ်ဆု ပေးမည့် စာရင်းတွင် အမည်တင်သွင်း ခံထားရသော ဆယ်ကျော်သက် မိန်းကလေးဖြစ်သည့် မာလာလာသည် ဘယ်ဘက်ပါးပြင် မသိမသာတင်းနေသည့် မျက်နှာနှင့် ယုံကြည်မှုရှိစွာ ပြောကြားသည်။

သူမ၏ခေါင်းကို တာလီဘန် သေနတ်သမားတို့က ပစ်ခတ်ခဲ့ကြခြင်းကြောင့် အသက်ဘေး နီးခဲ့ရသည့် သူမသည် ပါကစ္စတန် နိုင်ငံသားများစွာရှိသည့် ဘာမင်ဟမ်ကျောင်းတွင် တက်ရောက် သင်ကြားနေပြီး
သူမ၏ မိသားစုသည်လည်း သူမနှင့်အတူ ပြောင်းရွှေ့လာရောက် နေထိုင်နေပြီဖြစ်သည်။

၁၉၇၀ခုနှစ်ပုံစံဖြစ်နေသည့်မြို့လယ်ပိုင်းကို အဆင့်မြင်တင်ရန်ရည်ရွယ်ပြုလုပ်သော စီမံကိန်းများစွာများထဲမှ တစ်ခုဖြစ်သည့် နည်းပညာမြင့် ပြုလုပ်ထားသော ဘာမင်ဟမ်စာကြည့်တိုက်သည် ၁၉၇၄ခုနှစ်ဖွင့်လှစ်ခဲ့သော အနီးအနားရှိ ထုထည်ကြီးမားသည့် ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော ဗဟိုစာကြည့်တိုက်ကို အစားထိုးခြင်း ဖြစ်သည်။

စာကြည့်တိုက်သစ်တွင် စာအုပ်သန်းပေါင်းများစွာရှိပြီး ဝီလျံရှိတ်စပီးယား၏ လက်ရာများ ပထမ ပုံနှိပ်မူများလည်း ရှိသည်။

Ref:AFP
From: မြန်မာ့ခေတ်

အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ - အချစ်နဲ့ လိင်

Posted by drmyochit Wednesday, September 04, 2013, under | 2 comments



အချစ်ဟာ ဘ၀အတွက် အဓိက လိုအပ်ချက်မဟုတ်ပေမဲ့ အချစ်မရှိရင် ဘ၀မှာပျော်ရွှင်မှုဆိုတာတွေလည်း ပျောက်ဆုံးကုန်ရော။ အချစ်နဲ့ပတ်သက်လာရင် လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိကြတယ်။ ထင်မြင်ချက် ကိုယ်စီလည်း ရှိကြပါတယ်။ ကျနော်အခုပြောပြချင်တာက ဘာလို့ ယောကျာ်းလေးမိန်းကလေး တော်တော်များများဟာ ချစ်သူတစ်ဦးတည်းကို တသက်လုံး ဘာလို့မချစ်နိုင်တဲ့အပေါ် သုံးသပ်ကြည့်မိတဲ့ အကြောင်းအရာတွေပါ။

ဖောက်ပြန်ကြတယ်ဆိုတဲ့အသံတွေကို နေရာတိုင်းမှာကြားနေရတယ်။ အရွယ်ရောက်ပြီးကြတဲ့လူတိုင်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးတာများပါတယ်။ ကိုယ့်ရည်းစားကရှုပ်တယ် ဆိုပြီး ပြတ်သွားကြတဲ့ သမီးရည်းစားတွေကလည်းမနည်းပါဘူး။ ဘာလို့လဲ။ အချစ် အချစ် ဆိုတဲ့ အကြောင်းကို သေချာမသိကြလို့လေ။ အချစ်နဲ့ လိင်ကို သေချာမသိကြလို့ ဖောက်ပြန်နေကြတာပေါ့။ ငယ်ငယ်က မိဘအချစ်ငတ်ခဲ့ရသူ၊ အချစ်ဦးက ရက်ရက်စက်စက်အသည်းခွဲပြီး အပစ်ခံခဲ့ရသူ တော်တော်များများဟာ ရှုပ်တတ်ကြတယ်။ ဖောက်ပြန်တတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ အချစ်ဆိုတဲ့အရာကို မယုံကြတော့ဘူးလေ။ အချစ်က လုံခြုံမှု တည်မြဲမှုကိုမပေးနိုင်ဘူးလို့ထင်နေကြတယ်လေ။ ကိုယ့်လိုပဲ မြာပွေတဲ့သူတွေ ချည်းပဲလို့ ထင်မှတ်နေကြတယ်လေ။ ရည်းစားတွေထည်လဲတွဲ ပြီး သူတို့မှာလိုအပ်နေတဲ့အချစ်တွေကို ဖြည့်ကြတာပေါ့။ ဒါကအချစ်ရှာနေတာ မဟုတ်ပါဘူး။လိင်ပါ။

တချို့ကျတော့ အချစ်စစ်နဲ့ကို ချစ်ကြတာပါ။ ဒါပေမဲ့ သူ့တို့ ရှေ့ဆက်လျှောက်ဖို့ အချစ်လမ်းခရီးက အခက်အခဲတွေရင်ဆိုင်ကြတဲ့အခါမှာ နားလည်မှုတွေ၊ ယုယမှုတွေ၊ ချစ်စကြင်စကလို တက်ကြွမှုတွေကို ချစ်သူနှစ်ဦးစလုံးက ပျိုးထောင်ပေးဖို့မေ့နေကြတော့ အထီးကျန်မှုတွေ သိမ်ငယ်မှုတွေပေါ်လာတော့တာပေါ့။ ဒါကလည်း လူတိုင်းမှာ ချစ်သက်တမ်းရှည်လာသမျှ ငြီးငွေ့မှုတွေ ဖြစ်လာတတ်ကြတာ သဘာဝပဲလေ။ အထူးသဖြင့် လိင်အမှုကို ဦးစားပေးတဲ့ သမီးရည်းစားတွေဆို ပိုပြီးကွဲဖို့အခွင့်အရေးများတယ်။ ချစ်သူရဲ့ ကိုယ်သင်းနံ့၊ လှပမှုအဆင်း၊ ကိုယ်လုံးကိုယ်ပေါက်၊ လိင်ဆက်ဆံမှု၊ ဟန်အမူအရာ၊ စကားသံလေးတွေဟာ ချစ်စခင်စက ဘယ်လောက်ပဲချစ်ဖို့ကောင်းပါတယ် ပြောပြော ကြာရင် အီသွားကြတာပဲ။ ရိုးသွားကြတာပဲ။ ပေါက်စီ ဘယ်လောက်ကောင်းကောင်း မနက်တိုင်း သားရေစာကို ဒါပဲစားနေရတော့ ပြောင်းပြီးစားချင်လာကြတယ်လေ။ ဒါတွေဟာ လူတွေရဲ့သဘာဝပဲလေ။ အပြောင်းအလဲလေးတွေကို အချောင်ရရင် အားလုံး ပြောင်းစားကြည့်ချင်ကြတာပါပဲ။ ခိုးစားကြည့်ကြတယ်လေ။ကာယံကံအမှုနဲ့ မဟုတ်တာတောင် ၀စီကံလေးတွေ၊ မနောကံလေးတွေနဲ့ ခံစားကြည့်တတ်ကြတယ်။ မမိသေးသရွေ့တော့ ချစ်သူနဲ့ အဆင်ပြေနေတာပေါ့။ မိသွားကြတော့ ကွဲကြပြဲကြတော့တာပဲ။မိန်းကလေးကော ယောကျာ်းလေးတွေအားလုံးလုပ်နေကြတာပါ။ ရှက်လို့တာဖုံးထားကြတာ။ လိမ်နေကြတာပါ။ ကျနော်ပြောတာမယုံရင် နေ့တိုင်းတက်နေတဲ့ အွန်လိုင်းကို ကြည့်လေ။ လင်ရှိမယားရှိ ရည်းစားရှိ ပိုင်ရှင်ရှိပြီးသားတွေတောင် ကိုယ်ကြိုက်တဲ့ ချောချောလှလှ ကောင်လေး(သို့)ကောင်မလေးတွေနဲ့ မိတ်ဆွေဖြစ်နေရရင် ပျော်လို့ကို မဆုံးကြပါဘူး။ အဖြူရောင်ခင်မင်မှုတွေလို့တာပြောနေကြတာပါ။ သူတို့နဲ့ စာပေးစာယူ စကားပြောနေရတဲ့အချိန်ဟာ ကိုယ့်ချစ်သူနဲ့ ပြောတဲ့အချိန်တွေထက်တောင်ပိုပြီး ပျော်နေကြတယ်၊ ရင်ခုန်နေကြတယ်၊ စိတ်ချမ်းသာနေကြတယ်ဆိုရင် ဒါဟာလည်း ကာယကံ မနောကံတွေနဲ့ ကိုယ့်ချစ်သူအပေါ်ဖောက်ပြန်နေတာပဲလေ။ ပေါက်စီမစားတော့ပဲ ဟန်ဘာကာပြောင်းစားကြည့်တာနဲ့အတူတူပဲလေ။

ကိုယ့်ရည်းစားအပေါ် ဘယ်လောက်ချစ်တာပါလို့ ပဲ ပြောပြော ဒီလိုဖောက်ပြန်နေကြတဲ့သူတွေ အများကြီးပါ။ မိန်းကလေးတွေက ကျနော် ဒီလိုပြောတာကို ကပ်သီးကပ်သတ်ပြောနေတယ်လို့ထင်ကြမှာပဲနော်။ မင်းသားတွေအဆိုတော်တွေကိုကြိုက်နေကြတာ၊ ဘောလုံးသမားတွေ အားကစားသမားတွေကို ကြိုက်နေကြတာလည်း ဖောက်ပြန်နေတာပဲလေ။ သူတို့က ပြန်မကြိုက်ကြလို့တာ ကိုယ့်ချစ်သူနဲ့ ဘာမှမဖြစ်ကြတာ။ တဖက်က တကယ်ပြန်ကြိုက်ပါတယ်လို့တာ ပြောကြည့်ပါ။ ကိုယ့်ချစ်သူကို ပစ်ပြီး ကောက်ကောက်ပါအောင် လိုက်သွားကြမည့်သူတွေ အများကြီးပါ။ အနေဝေးတယ် လွမ်းတယ် အထီးကျန်ဆန်နေတယ် ဆိုတဲ့ ခံစားချက်တွေကိုဦးစားပေးပြီး ငါ့ချစ်သူမသိပါဘူးဆိုပြီး ဖောက်ပြန်နေကြတဲ့သူတွေလည်း အများကြီးပါပဲ။ ရေဆေးလိုက်ရင် ပြီးတာပဲဆိုတာမျိုးတွေပေါ့။ ကိုယ့်ချစ်သူက သိတာမှမဟုတ်တာ။ တခါခိုးစား နောက်လည်း အခွင့်ရတိုင်း ခိုးစားတတ်လာကြတယ်လေ။ ခိုးစားတတ်နေတုန်းတော့ အဆင်ပြေနေဦးမှာပါ။ အရိုးတော့ မဆူးစေနဲ့ပေါ့။ ချစ်သူထက်အပေးကောင်းတဲ့သူနဲ့တွေ့ သွားလို့ကတော့ ချစ်သူကို ပစ်သွားပြီး တခြားသူဆီလိုက်ကြတော့တာပဲလေ။ ကြားဖူးတာများနေလို့ပြောနေတာနော်။ကောင်မလေးတွေ.တော်တော်များများက .... ကျနော်တို့ယောကျာ်းလေးတွေကပဲ မကောင်းဘူးထင်နေမှာစိုးလို့ပါ။

ယောကျာ်းလေးတော်တော်များများကတော့ အချောင်ရရင် အကုန်စားမှာပဲလေ။ E majorကကောင်မလေး ၁၈နှစ်ပဲရှိသေးတယ်။ သူ့မှာ ရည်းစားလည်းရှိတယ်။ သူနဲ့သူ့ရည်းစားက ရွယ်တူတွေ။ သူက အင်းစိန်မှာနေတာလေ။ တော်တော်လေး ချောတာပါ။ကျနော့်အသိ လမ်း၄၀နားက(လမ်းအတိအကျမပြောချင်လို့ပါ)အသက်၄၀ကျော်ဘိုးတော်တစ်ယောက်နဲ့ခင်သွားတယ်။ သူ့မှာ မိန်းမလည်းရှိ၊ သားကလည်း ဒီကောင်မလေးနဲ့ ရွယ်တူပဲလေ။ကောင်မလေးက ရည်းစားနဲ့အဆင်မပြေတိုင်း ဘိုးတော်ဆီလာတယ်လေ။ ဘိုးတော်က အချော့လည်းကောင်း အပြောလည်းကောင်း နာမည်လည်းကြီးတဲ့သူဆိုတော့ ကောင်မလေးက ခင်တာပေါ့။မကြာပါဘူး ၃လလောက်ပဲရှိသေးတယ်။ ဘိုးတော်နဲ့ ဖြစ်ကြရော။ နောက်ပိုင်း ဘိုးတော်ဆီကို အမြဲလာတယ်။ သူ့ရည်းစားက သူ့လောက်အပေးမကောင်းဘူးဆိုပဲ။ သိပ်မကြာပါဘူး သူက သူ့ရည်းစားကို ဖြတ်လိုက်တယ်။ မပျော်တော့လို့တဲ့။ သူ့ကောင်လေးမှာ အသည်းကွဲပြီး ရူးမတတ်ကျန်ခဲ့တာပါ။ အချစ်ဦးကို။ ကောင်မလေးကတော့ ဘိုးတော်နဲ့ပျော်နေလိုက်တာ။ သူတို့နေတဲ့ပုံတွေတောင် အမှတ်တရ ရိုက်ထားကြတာ။ အပေါ်ကချည်းပဲ။ အားလုံးရင်သပ်ရှုမောပါပဲ။ လိင်လိင်လိင်တွေပါ။ လူတွေဟာ အချစ်အချစ်လို့ ပြောနေကြပြီး လိင်ကိုရှာဖွေနေကြတာပါ။ အချစ်ဆိုတာ အလွန်သန့်ရှင်းတဲ့အရာပါ။ ဒီလို အချစ်ရေးမှာအဆင်မပြေတိုင်း နောက်ရည်းစားအသစ်ရှာနေကြတာတော့မကောင်းပါဘူး။ ကိုယ့်ချစ်သူက ရှုပ်နေ ပွေနေတာတကယ်မှန်လို့ ရည်းစားသစ် ပြောင်းရှာတာ ကိုတော့ အပြစ်မပြောပါဘူး။ မြန်မြန်ဖြတ်လေ ကောင်းလေပါပဲ။ ဒီလိုလူနဲ့ ပြတ်သွားတာ ကိုယ့်အတွက်ပိုကောင်းတယ်လေ။ နောင်ရေးအတွက်လည်း စိတ်ဆင်းမရဲရတော့ဘူးပေါ့။အလိုမလိုက်လို့၊ နားလည်မှုမရှိလို့၊ အချော့မကောင်းလို့၊ သူများလို အပျော်တွေမပေးနိုင်လို့၊ Romanticမရှိလို့၊ ရေခဲတုံးကြီးမလို့ဆိုပြီးတော့ ရည်းစားကိုဖြတ်တာကတော့ မကောင်းပါဘူး။ ချစ်သူတိုင်း နားလည်ထားဖို့က ကိုယ်ကလည်း မဖောက်ပြန်အောင်နေတတ်ကြဖို့ပါ။ အချိန်တိုင်း ကိုယ့်ချစ်သူကို ချစ်နေတတ်ကြဖို့ပါ။ ပေါက်စီ စားရတာ အီလာလို့ ဟမ်ဘာကာပြောင်း စားချင်ရင် ချစ်သူကို ပွင့်ပွင့်လင်းလင်းပြောပြီး ဟမ်ဘာကာဖြစ်အောင် အမျိုးမျိုးပြောင်းပြီးလုပ်စားကြပေါ့။ လိင်ကိုချည်း ဦးစားမပေးကြပါနဲ့။

ဝါသနာ၊ အလုပ်၊အားကစားတွေမှာလည်း ချစ်သူနှစ်ဦးလုံး အကြိုက်တူအောင် ညှိနိုင်ကြရင်ပိုကောင်းပါတယ်။ အားလပ်ချိန်တိုင်းမှာ ချစ်သူနှစ်ဦးအတူ ခံစားပျော်ရွှင်နိုင်လို့လေ။ လိင်ထက်တောင် ပိုပြီးကြာရှည်တည်မြဲပါတယ်။ပျော်ရွှင်မှုတွေကို ပိုပြီးပေးနိုင်ပါတယ်။ ဒါတွေက အရွယ်ရောက်လာလေ ချစ်သူနှစ်ဦးပိုချစ်လာအောင်ဖန်တီးပေးနိုင်ကြလေပါပဲ။ ကိုယ့်ချစ်သူနဲ့အတူ ကျန်းမာရေးလိုက်စားတတ်အောင် ပျိုးထောင်ထားကြပါ။ အားလပ်ချိန်မှာ ၀ါသနာပါရာလေးတွေကို အတူ ခံစားနိုင်အောင် ညှိထားကြပါ။ သီချင်းကြိုက်ရင် သီချင်းနားထောင်ပေါ့။ ရုပ်ရှင်ကြိုက်ရင် ရုပ်ရှင်ကြည့်ကြပေါ့။ အချက်အပြုတ်ကြိုက်ရင် နှစ်ယောက်အတူတူ ချက်ပြုတ်ပြီးစားကြပေါ့။ ခရီးထွက်တာကြိုက်ရင် အတူခရီးထွက်ကြပေါ့။ ဒါပေမဲ့ ဒါတွေလုပ်ဖို့ အရမ်းကြီး ဖိအားပေးမလုပ်ကြပါနဲ့။အကြိုက်ချင်းတူအောင် လုပ်ဖို့က နည်းနည်းခက်တယ်လေ။ အချစ်တွေပိုပြီးတိုးလာချင်လို့တာ လုပ်နေကြတာလေ။ တခါတလေ အလုပ်မအားလို့ အရေးပေါ်အကြောင်းတွေရှိလာလို့ ဆိုပြီး အစီအစဉ်တွေပြတ်သွားတာတွေရှိနိုင်တယ်လေ။ဒါကို ငါထက်ပိုပြီး ဦးစားပေးရမည့်အရာတွေရှိနေတယ်ပေါ့လို့ စိတ်ဆိုးသွားပြီး ချစ်သူတွေရန်ပွဲဖြစ်ကြရတာလဲ ခဏခဏပါပဲ။ ဒီလိုအချိန်မှာလည်း နားလည်မှုတည်ဆောက်နိုင်အောင် ကြိုးစားကြပါ။ အချစ်ဆိုတာ နားလည်မှုပါ။ ကိုယ့်ချစ်သူအပေါ် နားလည်တတ်မှုပါ။ ကိုယ့်အချစ်အပေါ်မှာလည်း နားလည်တတ်မှုပါ။

အချစ်စစ်နဲ့ ချစ်မိကြတာမှန်ရင် နားလည်မှုကို အရင်တည်ဆောက်ကြပါ။ ဘာပဲလုပ်လုပ် အချစ်ကို ရှေ့တန်းတင်ပါ။ လိင်ကို လျှော့ပါ။ သိမ်ငယ်မှု၊ အထီးကျန်ဆန်မှုဖြစ်နေတယ်ဆိုတဲ့အတွေးတွေကို လျှော့ပါ။ ကိုယ့်အချစ်ကို တန်ဖိုးထားပါ။ ကိုယ့်အချစ်ကို တန်ဖိုးရှိလာအောင်လုပ်ကြပါ။ ချစ်စကြင်စကလို အချစ်စိတ်တွေမပျောက်သွားအောင် မြတ်နိုးကြပါ။ ဖောက်ပြန်ချင်တဲ့စိတ်တွေပေါ်လာတိုင်း ကိုယ့်ချစ်သူလေးမျက်နှာကို ပြန်မြင်ကြပါ။ ချစ်သူအပေါ် ပြောခဲ့တဲ့ စကားတွေ၊ ချစ်မိခဲ့တဲ့အဖြစ်လေးတွေကို ပြန်စဉ်းစားကြည့်ကြပါ။ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူတွေကို မေးကြည့်ပါ။ ကိုယ့်ကို ဘာလို့ချစ်တာလဲ။ အပျော်သဘောအတွက်လား။ တသက်လုံးအတွက်လားလို့။ တသက်လုံးအတွက်လို့ အဖြေပေးရင် တို့ဒီနေ့ကစပြီး တယောက်ကို တယောက် တနေ့တခြား ပိုချစ်မြတ်နိုးတတ်လာအောင် ကြိုးစားကြမယ်နော် ဆိုပြီးပြောလိုက်ပါ။ ရှေ့ဆက်ရမည့်အချစ်ခရီးလမ်းမှာ ဖောက်ပြန်ချင်တဲ့စိတ်တွေမဖြစ်လာအောင်လို့လေ။ ကိုယ့်ဘက်က ဖောက်ပြန်တဲ့စိတ်တွေဖြစ်လာတိုင်း ဒီစကားလေးကို သတိရကြပါ။ အချစ်လိုနေတာလား။ လိင်လိုနေတာလားလို့။ ကိုယ့်မှာ အချစ်ပိုင်ဆိုင်ထားရင် ဘာနဲ့မှ မလဲနိုင်တဲ့ လိင်အရသာကို ပိုင်ဆိုင်ထားတာပဲဆိုတဲ့အချက်ကိုလည်း မမေ့ကြပါနဲ့။ လိင်က အချစ်ကို မပေးနိုင်ပါဘူး။ အချစ်စစ်အချစ်မှန်က အချစ်တွေ အကြင်နာတွေ ယုယမှုတွေ လိင်ပျော်ရွှင်မှုတွေ အရာရာအားလုံးကိုပေးနိုင်ပါတယ်။ ဖောက်ပြန်စိတ်ဟာ တခဏပါ။ ဒီအတွက်နဲ့ကိုယ့်မှာရှိနေတဲ့ တန်ဖိုးရှိတဲ့အချစ်တွေ ဆုံးရှူံးသွားနိုင်တယ်ဆိုတာကိုလည်း မမေ့ကြပါနဲ့။ ညစ်ပတ်သွားတိုင်း ရေဆေးလိုက်ရင် သန့်သွားတာပဲဆိုတဲ့ အရာတွေထဲမှာ အချစ်စစ်အချစ်မှန်မပါပါဘူး။ အချစ်စစ်အချစ်မှန်ဆိုတာ အချစ်ကို တန်ဖိုးထားနားလည်တတ်တဲ့ ချစ်သူတွေကြားမှာတာရှိတာပါ။ တကယ်ချစ်မိရင် နားလည်ကြမှာပါ။ အချစ်စစ်ဆိုတာ သူများနဲ့ ဝေခွဲလို့လဲမရဘူး။ ဖောက်ပြန်တာကိုလည်း ခွင့်မလွှတ်နိုင်ဘူးလေ။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် မြတ်မြတ်နိုးနိုးပေးနေတဲ့ အချစ်စစ်အချစ်မှန်တွေကို ကိုယ်ကလည်း မြတ်နိုး တန်ဖိုးထား တတ်ရမယ်လေ။ ယုံကြည်မှုတည်ဆောက်နိုင်အောင် ဖောက်ပြန်နေတဲ့စိတ်တွေကို အချိန်တိုင်းထိန်းသိမ်းနိုင်ရမယ်လေ။ အတိတ်က ပွေခဲ့ ရှုပ်ခဲ့ မှားခဲ့တာတွေကို ခွင့်လွှတ်နိုင်ပေမဲ့ အချစ်စစ်နဲ့ စချစ်မိပြီဆိုကတည်းက ထပ်မဖောက်ပြန်အောင် ထိန်းသိမ်းနိုင်ရမယ်လေ။အချစ်စစ်ဆိုတာ အတိတ်က အမှားတွေကို ခွင့်လွှတ်နိုင်ပေမဲ့ လက်ရှိ ထပ်ကျူးလွန်နေတဲ့ ဖောက်ပြန်မှုအမှားတွေကိုတော့ ခွင့်မလွှတ်နိုင်ဘူးလေ။

Unlock Root Pro V-4.1.1 (Andriod ဖုန်း တွေနဲ့ Tablet ကို Root နိုင်တဲ့ ဆောဝဲ) (For Window 7/XP/8)

Posted by drmyochit Wednesday, September 04, 2013, under | No comments



Andriod ဖုန်း တွေနဲ့ Tablet အမျိုးစားတော်တော်များ ကို Unlock Root Pro က Root ပေးနိုင်ပါတယ်။ Andriod ဖုန်းတော်တော်များများကို Root ပေးနိုင်တဲ့ ဆောဝဲကောင်းလေးပါ။ အရမ်းလည်းအသုံးဝင်ပါ တယ်။

ကျနော်တို့ Sumsang ဖုန်းမဟုတ်ပဲ တခြားသော Andriod ဖုန်းအမျိုးစားတွေအတွက် မြန်မာဖောင့် ထည့်ဖို့က Root ပြီးမှ ထည့်ရတဲ့အတွက် ဒီဆောဝဲလေးက တော်တော်လေး အသုံးဝင်တဲ့ နေရာမှာ ရှိပါတယ်။ Andriod ဖုန်းသုံးသူတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ ဆောဝဲလေးပါ။Andriod Version 4.2.2 ထိကို Root နိုင်တာပါ။

တကယ်ကောင်းလား မကောင်း လားဆိုတာကို သုံးဖူးသူတိုင်း သိကြမှာပါ။ Tablet တော်တော် များကို ကျနော်ကိုယ်တိုင် စမ်းပြီးပါပြီ။ အရမ်းကို အဆင်ပြေပါတယ်။ Andriod တွေ Tablet တွေ ကို မြန်မာဖောင့်ထည့်ဖို့ အတွက် အဓိက လိုအပ်တဲ့ Root ဆောဝဲ လေးဆိုလည်း မှားပါဘူး။ နောက်ဆုံး ထွက် Version V-4.1.1 ကို တင်ပေး လိုက်ပါတယ်။
အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ။

>>>>>Download Unlock Root Pro<<<<<

>>>>>Download Unlock Root Pro Serial Key<<<<<

အားလုံးအဆင်ပြေပါစေ.......။

အိုဗာစတေးသမားတစ်ယောက်မှ သေနတ်ဖြင့်ခုခံ

Posted by drmyochit Wednesday, September 04, 2013, under | No comments



၎.၉.၂၀၁၃: ယနေ့ အိုဗာစတေး သမားများ ကို ဖမ်းဆီးတဲ့ OPS 6P အစီအစဉ်ရဲ့ ၄ ရက်နေ့ မြောက်အနေဖြင့် မလေးရှားအစိုးရရဲ့ ကြော်ငြာချက် ကို ယနေ့ Thestar သတင်းစာမှ ဖော်ပြသွားသည် ။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ က Negri Sem­bilan ရှိ ဆောက်လုပ်ရေး တစ်ခုအား ဝင်ရောက်စီးနင်းမှု့တွင် အဆိုပါ ဆိုဒ်ရှိ တရားမဝင်နေထိုင်သူ တစ်ဦး မှ ရုတ်တရက် ပစ်စတို သေနတ်တစ်လက်ထုတ်ကာ ဖမ်းဆီးသည့် အရာရှိအား ချိန်၍ ပစ်ရန်ကြံစည်မှု့တစ်ခု ကို အမှတ်မထင်တွေ့ကြုံရကြောင်း မလေးရှား လဝက အရာရှိ ဒါတွတ် အလီယတ် အာမက်က ယနေ့ သတင်းစာတွင်ပြောကြားကြောင်းသိရသည် ။

အရာရှိ၏ ပြောကြားချက်တွင် ဖမ်းဆီးရေး အဖွဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ရောက်ရှိချိန်တွင် အလုပ်သမားများ မှဆောက်လုပ်ရေး လုပ်ငန်းခွင် နောက်ဘက်တောင်ခြေအထိ သွားရောက် ပုန်အောင်းနေကြသည်ကိုတွေ့ရှိကြောင်း ။


အဆိုပါ သူများအား ဖမ်းဆီးရေး သမားများမှ သွားရောက်စီးနင်း ဖမ်းဆီးချိန်တွင် အိုဗာစတေး သမားတစ်ဦးမှ ရုတ်တရက် ပစ်စတို သေနတ်တစ်လက်အားထုတ်ကာ ဖမ်းဆီးသည့် အရာရှိအား ပစ်ရန်ကြံရွယ်ကြောင်း ။

အရာရှိမှ ထိုသူ၏နောက်သို့ ပြေးဝင်ပြီး လက်ထဲမှသေနတ်အား အရယူနိုင်ခဲ့ကြောင်း ။ ယမာန်နေ့ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသွားခဲ့သည် ။

တစ်ဖန် အရာရှိ အလီယတ်မှ
" ဒါက ကျွန်တော်တို့အတွက် ရှော့ရစေပါတယ် ၊ ပုံမှန်အားဖြင့် ဓားမြှောင် ၊ ဓားမ တွေကိုသာ ပုံမှန်အားဖြင့်ရင်ဆိုင်ရတာပါ ၊ ခုတော့ သေနတ်ပါတွေ့နေရပြီ " ဟုဆိုသည်။

“ကျွန်တောို့မှာ ဒီ့အတွက် အထူးအဖွဲ့ဝင်နဲ့ တိုက်ခိုက်ရေးသမားတွေကိုပါ ပြင်ဆင်ထားပါတယ် ၊ ဒီတစ်ယောက်ကိုတော့ ရဲမှုခင်း တစ်ခုအနေနဲ့ ကျွန်တော်တို့ အမှုဖွင့်အရေးယူသွားမှာဖြစ်တယ်" လို့အရာရှိက ရှင်းလင်းသွားခဲ့သည် ။

OPS 6P အော်ပရေးရှင်းမှာ ယနေ့အထိ တရားမဝင် 2,586ဦသာလျှင် ဖမ်ဆီးရမိထားသေကြောင်း ၊ ယနေ့အထိ အင်ဒိုနီးရှား ၇၇၁ ဦး ၊ မြန်မာ ၅၇၉ ဦး ၊ ဘင်္ဂလားဒေ့ရှ် ၃၈၉ ဦး နှင့် နီပေါ ၂၄၃ ဦး ပါဝင်ကြောင်း ၊ အခြား ကမ္ဘောဒီးယား ၊ ဗီယက်နမ် ၊ အိန္ဒိယ ၊ ပါကစ်စတန် ၊ ဖိလပိုင် ၊ တရုတ် ၊ နိုင်ဂျီးယီးယား နှင့် ထိုင်းနိုင်ငံသား အနည်းငယ်ပါဝင်ကြောင်း သိရသည် ။

အဆိုပါ ဖမ်းဆီးမှုများထဲမှ အင်ဒိုနီးရှားနိုင်ငံသား တော်တော်များများကို ပြန်ပို့ပြီးခဲ့ပြီဖြစ်ကြောင်း အရာရှိက ပြောသည် ။

ဒါတွတ်အလီယတ်က ဆက်ပြီး ဖမ်းဆီးထားသူများကို ထားစရာ မရှိသည့်အတွက် အစိုးရထံ ယာယီထိမ်းသိမ်းရေးစခန်းများ ဆောက်ပေးရန် အကြောင်းကြားထားပြီး ၊ လူ ၄၀၀၀ စာ ထိမ်းသိမ်းရေး စခန်းကို Selangor နှင့် ကွာလာလမ်ပူတွင် တည်ဆောက်ရန် ပြင်ဆင်ပြီးကြောင်း နှင့် ဆက်လက် ပြီးတိုးလာမည့် အရေအတွက် ရှိပါက ထားနိုင်ရန် ပြင်ဆင်ပြီး ဖြစ်ကြောင်း Thestar သတင်းစာက ယနေ့ဖော်ပြသွားသည် ။

ထိုသေနတ်ပစ်ရန် ကြံစသည်သည့် အိုဗာစတေးသမားမှာ မည်သည့် နိုင်ငံသားဖြစ်သည်ကြောင်း ကိုမူ မဖော်ပြသွားခဲ့ပါ ။ နီးစပ်ရာ သတင်းများ အရ မည်သည့်နိုင်ငံသားဖြစ်ကြောင်း ပြောဆိုမှုများရှိနေသော်လည်း အစိုးရမှ တရားဝင်မထုတ်ပြန်သရွေ့ ယခု မလေးရှားရောက် မြန်မာများ စာမျက်နှာမှ ရေးသားမည်မဟုတ်ပါ ။

ယခု OPS 6P ဖမ်းဆီးမှုအတွက် အလုပ်ရှင်များ ၊ အဖွဲ့အစည်များ ၊ NGO များမှ အစိုးရအား ရပ်ပစ်ရန် ဖိအားများစတင်ပေးထားသော်လည် လဝက အရာရှိ ဒါတွတ်အလီယတ်ကမူ အစိုးရအား ယာယီ ထိမ်းသိမ်းရေးစခန်းဆောက်ရန် အကြောင်းကြားထားပြီးဖြစ် ကြာင်းသိရသည် ။

ထပ်မံပြီး ယမာန်နေ့ည မလေးရှား အလွတ်သတင်းဌာနတစ်ခုဖြစ်တဲ့ မလေးရှား ကီနီ သတင်းစာမျက်တွင်မူ အလုပ်သမားများရဲ့ ဆန္ဒ အတိုင်း ပိုက်ဆံပေးထားပြီး ပါမစ်ထွက်မလာသော ၆P ဟု ရေးသားပေးသွားကြောင်းတွေ့ရပါသည် ။

ဆက်လက်ပြီး ထူးခြားသော သတင်းများ ဆောင်ရန်ရှောင်ရန်များနှင့် မြန်မာနိုင်ငံသားများ သိသင့်သိထိုက်သည်များကို ကျွန်တော်တို့ မလေးရှားရောက် မြန်မာနိုင်ငံသားများ စာမျက်နှာမှ ဆက်တိုက်ရေးသားပေးသွားမည်ဖြစ်သည် ။

အဖမ်းဆီးခံ မြန်မာနိုင်ငံသားများ အား ကူညီရန်အတွက် ကျွန်တော်တို့အဖွဲ့ မှ စတင်ငွေစုဆောင်းနေပြီဖြစ်သည် ။ မြန်မာနိုင်ငံသားများ အားလုံးအတွက် ကျွန်တော်တို့ မကူညီနိုင်သော်ငြား ကျွန်တော်တို့ကူညီနိုင်မည့် ကိစ္စ အားလုံးကို တတ်စွမ်းသရွေ့ ကူညီမည် ။

မြန်မာနိုင်ငံသား များတင်မဟုတ်ပဲ မည်သည့်နိုင်ငံသားမဆို ဖမ်းဆီးသည်ကို ကျွန်တော်တို သိပါသည် ။

သို့သော် အဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများ အတွက် မှန်ကန် သောနည်းလမ်း ၊ အမြတ်အစွန်းမပါသော စီမံမှု့များဖြင့် မိခင်မြန်မာနိုင်ငံသို့ ပြန်ဖို့ စီစဉ်ပေးပါရန် နှင့် မြန်မာအစိုးရ နှင့် မြန်မာသံရုံးအား မိမိနိုင်ငံသားများ အတွက် အရေးတယူ စောင့်ရှောက်ပေးပါရန် ကျွန်တော်တို့ မလေးရှားရောက် မြန်မာနိုင်ငံသားများမှ လေးစားစွာ မေတ္တာရပ်ခံအပ်သည် ။

www.facebook.com/mmrinmy
မလေးရှားရောက်မြန်မာများ

ဆေးမင်ကြောင် ဖျက်နည်းများ

Posted by drmyochit Wednesday, September 04, 2013, under | No comments


-ဆေးမင်ကြောင် ထိုးထားတဲ့ အရေ ပြားကို တိုက်စားပစ်ခြင်း၊ လေဆာ နှင့် ဖျက်ခြင်းတို့ ပြုလုပ်နိုင် ပါတယ်။ အရောင်ပါတဲ့ ဆေးမင်တွေ ကိုတော့ တစ်ကြိမ်တည်းနှင့် အပြီးသတ်မဖျက် နိုင်ဘဲ အကြိမ်ကြိမ်ဖျက်ပေး ရပါတယ်။ မည်သည့် နည်းကို အသုံးပြုသည် ဖြစ်စေ ဆေးမင်ကြောင်ထိုး ထားတဲ့ အသားအရေဟာ နဂိုမူလအတိုင်း ပြန်မရတော့ပါဘူး။

-ဆေးမင်ရောင်အမျိုးမျိုးအတွက် လေဆာရောင်ခြည် အမျိုးမျိုးသုံးရပါ တယ်။လေဆာသုံးဖျက်ပြီးစမှာ အရေ ပြားဟာ ဖြူဖျော့ဖျော့ကျန်ခဲ့ပြီး ပုံမှန် အရောင်ပြန်ရဖို့ အချိန်အတန် ကြာ စောင့်ရပါတယ်။

-လေဆာရောင်ခြည်ဟာ ဆေးမင် တွေကို ဖြိုခွဲပစ်တာကြောင့် မင်မှာပါ သည့် ပစ္စည်းများ အစိတ်စိတ်အမွှာမွှာ ပြိုကွဲတဲ့အခါ ဓါတုပစ္စည်းတစ်ခုကို ဓါတ်မတည့်မှုဖြစ်ပေါ်ပြီး အရေပြား ပေါ်မှာ အရည်ကြည်ဖုတွေ ပေါက် လာတတ်ပါတယ်။ ဂရုတစိုက် ကုသ မယ်ဆိုလျှင်တော့ အရည်ဖုတွေ သက်သာပျောက်ကင်းနိုင်ပါတယ်။

-လေဆာရောင်ခြည်ဟာ မည်မျှဘေး ကင်းတယ်ဆိုစေ အနာရွတ်ကျန်ခဲ့နိုင် ပါတယ်။

-မြန်မာနိုင်ငံမှာ လတ်တလောခေတ် စားလာတဲ့ ယာယီဆေးမင် (tempo rary tatoo) တွေဟာလည်း ဓါတ်မ တည့်မှုဖြစ်ပေါ်စေပြီး အနာတွေဖြစ် တတ်ပါတယ်။ ယာယီဆေးမင်မှာ အသုံးပြုတဲ့ အရောင်ဆိုးဆေးဟာ ဆံပင်ဆေးဆိုးဖို့အတွက်သာ သင့် တော်ပြီး အရေပြားမှာ အသုံးမပြုသင့် ကြောင်း ဥရောပနှင့် အမေရိကနိုင်ငံ များမှာ ပိတ်ပင်ထားပါတယ်။

-ဆေးမင်ကြောင်ဖျက်နည်းတွေ မည် မျှဆန်းသစ်သည်ဆိုစေ၊ နဂိုမူလ အရေပြားအတိုင်း ပြန်မဖြစ်နိုင်တော့ သည့်အတွက် အစကတည်းက ဆေးမင်ကြောင်းမထိုးမိဖို့ ဆင်ခြင် သင့်ပါတယ်။

ဇော်ကို
Source:RD
Health Updates Journal

လိုက်နာဆောင်ရွက်သင့်သော ခံတွင်းသန့်ရှင်းရေးစနစ်များ

Posted by drmyochit Wednesday, September 04, 2013, under | No comments


၁. သွားတိုက်စဉ် အချိန်ကြာမြင့် စွာတိုက်ခြင်း၊ မကြာ ခဏ သွားတိုက် ခြင်း
မကြာ ခဏ သွားတိုက်ခြင်းဖြင့် သွား၏အပေါ်ယံလွှာတွေ စားသွား ပြီး နာကျင်မှုတွေ ဖြစ်လာနိုင်ပါ တယ်။ ဒါကြောင့် တစ်ရက်ကို သုံးကြိမ်ခန့်သွားတိုက်နိုင်ပြီး အနည်း ဆုံးမနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်ခါတိုက်လျှင် ၂-၃ မိနစ်ခန့် သာ တိုက်ပေးသင့်ပါတယ်။

၂. သွားတိုက်စဉ် ကြမ်းတမ်းစွာ ဖိ တိုက်ခြင်း
ယင်းကဲ့သို့ဖိတိုက်ခြင်း က သွားတွေ ပိုဖြူလာမည်ဟု ယူဆမထားသင့်ပါ။ ဖြူလည်း မဖြူ လာနိုင်ပါ။ ဒါပေမယ့် ယင်းကဲ့သို့ ဖိတိုက်ခြင်းအားဖြင့် သွားဖုံးများ၊ သွားအပေါ်ယံကြွေလွှာများ စားသွား ကာ သွားပိုး ပိုစားနိုင်ပါတယ်။

၃.စားပြီးပြီးချင်းသွားတိုက်ခြင်း
အစားစားပြီးပြီးချင်း လူအများ စုက သွားတိုက်လေ့ရှိပါတယ်။ ဒါက တော်တော်ကို လွဲနေတဲ့အမှားကြီးပါ။ ယင်းကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် သွားကို ပိုမိုထိခိုက် ဒဏ်ရာရစေပါ တယ်။ အစာစားပြီးပြီးချင်း အစာထဲ မှာ ပါလာတဲ့အက်ဆစ်တွေက သင့်ရဲ့ အပေါ်ယံကြွေလွှာကို အားနည်းစေ ပါတယ်။ ဒါကြောင့်စားပြီးနောက် မိနစ် ၃၀ လောက်ထားပြီး တံတွေးနဲ့ အစာထဲက အက်ဆစ်တွေကို ဓာတ် ပြယ်စေပြီးမှ သွားတိုက်သင့်ပါတယ်။

၎.သွားရဲ့မျက်နှာပြင်အားလုံး သွား မတိုက်ခြင်း
သွားတိုက်ရာမှာ အချို့က ဝါးစားတဲ့အခြမ်းကိုသာ တိုက်လေ့ရှိ ပါတယ်။ ဒါပေမယ့် အစာတွေက ဝါးတဲ့ဘက်မှာသာမက အခြားအ တွင်းအပြင်တွေမှာလည်း ကပ်နေပြီး သွားပိုးစားနိုင်တဲ့အတွက် သွားရဲ့ မျက်နှာပြင်အားလုံးကို တိုက်ဖို့ မမေ့သင့်ပါဘူး။

၅.သွားတိုက်ရာမှာ လျှာကို လျစ်လျူ ရှုမထားသင့်ပါဘူး။
အကြောင်းက လျှာကလည်း ဘက်တီးရီးယားတွေ ပေါက်ပွားတဲ့ နေရာတစ်ခု ဖြစ်လို့ပါပဲ။

၆.မိမိနဲ့သင့်တော်တဲ့ သွားပွတ်တံ မရွေး မိခြင်း
သင့်တော်တဲ့ သွားပွတ်တံ တစ်ခုမှာ သင့်တော်တဲ့အရွယ်အစားနဲ့ သင့်တင့်တဲ့နူးညံ့မှုရှိဖို့လိုပါတယ်။

၇. သွားပွတ်တံကို သေချာစွာ ဆေး ကြောမှု၊ အခြောက်ခံမှုမလုပ်ခြင်း

၈. သွားပွတ်တံကိုမလဲဘဲ အသုံးပြုခြင်း
ပုံမှန်အားဖြင့် သွားပွတ်တံ တစ်ချောင်းဟာ သုံးလတစ်ကြိမ် လဲ လှယ်သင့်ပါတယ်။

၉.အာလုပ်မကျင်းခြင်း
လူအများစုက စားပြီး သောက် ပြီးရင် အာလုပ်ကျင်းဖို့ သတိမရ တတ်ပါဘူး။ အာလုပ်ကျင်းခြင်း အားဖြင့် အစားအကြွင်းအကျန် တွေကို ဖယ်စေရုံသာမက ကြွေလွှာ တွေကို ပျက်စီးစေနိုင်တဲ့အက်ဆစ် ဓာတ်ပြင်းထန်မှုကိုပါ လျော့နည်းစေ ပါတယ်။

၁၀. သွားဆရာဝန်နှင့် ပုံမှန်မစစ် ဆေးခြင်း
စတဲ့လွဲမှားနေတဲ့ခံတွင်းသန့် ရှင်းရေး ဆိုင်ရာအချက်များကို ရှောင်ကျဉ်သင့်ပါတယ်။

အဝင်း
ref:PTI
Health Updates Journal

အနှိပ်ခန်းအား ဖမ်းဆီးအရေးယူ

Posted by drmyochit Wednesday, September 04, 2013, under | No comments


နေပြည်တော်၊ စက်တင်ဘာ ၃

၁-၉-၂၀၁၃ ရက်နေ့ ၂၀၄၅ အချိန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့ နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရွှေမာလာရိပ်မွန်ရှိ  တရားမ၀င် အနှိပ်ခန်းဖွင့်လှစ်နေကြောင်း သတင်း အရ သက်သေများနှင့်အတူ ၀င်ရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ဆိုင်မန်နေဂျာ ရဲဇော်ဦး(၁၉)နှစ်နှင့် ၀ါးခယ်မမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနေ ဧည့်ကြို မောင်စန်းထက် (၁၉)နှစ်တို့အားတွေ့ရှိရပြီး အမျိုးသား ၉ ဦးအား နှိပ်ပေးနေသူ တွံတေးမြို့၊ ပြတသိုက်ကျေးရွာနေ မသော်ဇင်(၁၉)နှစ်ပါ ၉ ဦး၊ နှိပ်ရန်စောင့်နေသူ ကမာရွတ်မြို့နယ်၊ (၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ ရွှေမာလာရိပ်မွန်နေ အေးမြအောင်(ခ)ပန်းအိ(၁၉)နှစ်ပါ ၆ ဦးနှင့် ကောင်တာစားပွဲ အံဆွဲအတွင်းမှ အနှိပ်သမ အမည်နှင့်ဝင်/ထွက်ချိန်များရေးမှတ်ထားသော ဗလာစာအုပ်(၁)အုပ်၊ ဘော့ပင်(၁)ချောင်း၊ ဂဏန်း ပေါင်းစက်(၁)လုံး၊ ရရှိငွေ(၃၆၃၀၀ိ/-)၊ ဧည့်စာရင်းတိုင်ကြားထားသောစာရွက် ၃ ရွက်၊ ခေါင်းအုံး ၇ လုံး၊၊ မွေ့ယာ ၇ ခုတို့အားသိမ်းဆည်းရမိခဲ့သောကြောင့် ရဲဇော်ဦးပါ(၁၇)ဦးအား ကမာရွတ်မြို့မရဲစခန်း ပြစ်မှုပုဒ်မ ၁၈၈ အရ က/ခပုံစံဖြင့် မြို့နယ်တရားရုံးသို့ဦးတိုက်လျှောက်ထားခဲ့ရာ ရာကြီးမှုအမှတ် (၄၃၂/၁၃)ဖြင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

ဓမ္မစေတီခေါင်းလောင်းကြီးက ရှာမတွေ့တဲ့ ပြဿနာလား မဆယ်နိုင်တဲ့ပြဿနာလား

Posted by drmyochit Wednesday, September 04, 2013, under | No comments

ထိုပုံက ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး အင်္ဂလိပ်စစ်တပ်ဘုရားပေါ်ရောက်ချိန်ခေါင်းလောင်း ကြီးတစ်လုံးနားမှာ စစ်ပန်းချီဆရာ ဗိုလ်ဂျိုးဇက်မူးဝါး (Lieutenant Joseph Moore) က ၁၈၂၅ တွင် အမှတ်တရဆွဲထားသည့်ပုံ ဖြစ်သည်။

”ဓမ္မစေတီခေါင်းလောင်းဆယ်ယူ ရေး ရေစုန်မျောပြီလော” ဟု နိုင်ခင် မောင်လေးက မြန်မာသံတော်ဆင့်ဂျာ နယ် အတွဲ ၂၊ အမှတ် (၂၃) စာမျက်နှာ ၆ တွင် ရေးသားခဲ့ သည်။ ဆက်ရှာဖွေစေ ချင်သော သဘောတွေ့ရသည်။ သူ့စာ အရ အရင်ကလည်း အကြိမ်ကြိမ်ကြိုး စားခဲ့ကြဖူးပြီ။ နိုင်ငံခြားအကူအညီ ယူပြီးလည်း လုပ်ဆောင်ခဲ့ကြ ဖူးပြီ။ အချည်းနှီး သာ ဖြစ်ခဲ့သည်။ ထိုအတွေ့ အကြုံများကို သမိုင်းသင်ခန်းစာယူပြီး အသေအချာ ထပ်လောင်း လေ့လာ ဆန်းစစ်ကြည့်ကြဖို့တော့ လိုနေသည်မှာ အမှန်ဖြစ် သည်။ ရှာရုံနှင့်မပြီး။ တွေ့ လျှင် ဆယ်ယူနိုင်ဖို့လည်း ပြင်ဆင်ထား ရမည်။ ကုန်ကျမည့်ငွေရှိပါ၏လား။ ငွေ ကြေးရော ပညာပါ တတ်နိုင်ပါ၏လား။ သယ်ယူနိုင်ပါ ၏လား။ စသည့် လား ပေါင်းများစွာကိုလည်း ယုန်မရမီက သံပရာ ရှာထားရပါမည်။

ရေအောက် သင်္ဘောပျက်များ ရှာဖွေနိုင်ကြလို့ သူများနိုင်ငံတွေမှာ ချမ်းသာသူ ချမ်းသာခဲ့သလို ရေအောက် ရှေးဟောင်း သုတေသန ပညာဆိုပြီး လည်း ပညာသစ်တစ်ရပ် ထွန်းကား လာခဲ့သည်။ ကျွန်တော်တို့ နိုင်ငံမှာ လည်း ရေအောက်ရှာဖွေမှု တစ်ခေတ် ထွန်းကားလာခဲ့ဖူးပါသည်။ လှောင်ပိတ် နေတဲ့ စီးပွားရေးကို ထွက်ပေါက်ရှာကြ ရာမှ ဧရာဝတီမြစ်အတွင်း ဒုတိယကမ္ဘာ စစ်အတွင်းက ဗုံးစာမိခဲ့ရတဲ့ သင်္ဘော ပျက်များ ဆယ်ယူသည့်လုပ်ငန်း ပေါ် လာခဲ့သည်လို့ ကြားလိုက်မိရပါသည်။ တစ်ဆက်တည်းပင် ဓမ္မစေတီ ခေါင်း လောင်းဆယ်ယူရေးလည်း သင်္ဘော ပျက်ရှာဆယ်ပြီး အကျိုးရှိလာခဲ့သူ ဦး ကြိုင် အကြံပေးချက်ဖြင့် ဒေါက်တာမျိုး မြင့်၊ ဦးကျော်၊ ဦးကိုကိုတို့ ပူးပေါင်း စတင် လှုပ်ရှားမှု ပေါ်လာခဲ့ကြောင်း သိရသည်။ ထိုပုဂ္ဂိုလ်များသည် ရှေး ဟောင်းနှင့် သမိုင်းဆိုင်ရာ ပညာရှင် များ ဖြစ်ကြသောကြောင့် ပြည်သူတို့မှာ ဟုတ်ပေမပေါ့ဟု စိတ် အားထက်သန် စွာ စောင့်မျှော်နေခဲ့ကြသည်။

ရှစ်ဆယ့်ရှစ်အလွန်မှာ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ဆယ်ယူရေး လုပ်ငန်းကြီးက နိုင်ငံတော်က ဦးစီး လုပ်ဆောင်ဖို့အဆင့်ထိ ပေါ်ပေါက် လာခဲ့ပါသည်။ အမျိုး သားရေး အသွင် အဖြစ် လုပ်ဆောင်နိုင်ရန် ကြိုးစားခဲ့ဟန် ရှိသည်။ တကယ်ပဲ ရှိနေသည်ဟု ယုံ ကြည်လို့ လုပ်သလား။ လူတွေ စိတ် ပြောင်းသွားစေချင်လို့ လုပ်သလား တစ်စုံတစ်ခု အမြတ်ကို မြင်လို့ လုပ်သ လား ဆိုသည်ကတော့ ပါဝင်ကြသူတို့မှ သာ သိပေမည်။ သမုဒ္ဒရာအောက် လွန် ခဲ့တဲ့နှစ် ၁ဝဝ ကျော်က မြုပ်သွားသော တိုင်တန်း နစ်သင်္ဘောကြီး ရှာသလို ပစိ ဖိတ်သမုဒ္ဒရာကြီးလောက်လည်း မကျယ်။ ရေအနက်ကလည်း ပေ ၁ဝဝ တောင် မရှိတဲ့ ရန်ကုန်ပုဇွန်တောင် ဒေါပုံ ချောင်းဝမှာ အနှစ် ၂ဝ ကျော်ရှာကြ ပေမယ့် ငွေကုန်ကြေးကျနှင့် လူအသေ အပျောက်သာ ရှိခဲ့သည်။ အောင်မြင်ခဲ့ သည်ဟု မကြားမိလိုက်ပေ။

ထိုလုပ်ငန်းကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြောင်းလဲလုပ်ခဲ့ကြသည်။ ကုန်ကျငွေ များ မည်သူတွေက ထုတ်ပေးပြီး မည်သို့ လုပ်ကိုင်ကြသည်ကို မသိရသော်လည်း  အချို့ (အထူးသဖြင့် ရေငုပ်သမားများ) အလုပ်အကိုင် ယာယီရသွားကြသဖြင့် သူတို့အတွက် အကျိုးရှိသည်ဟု ဆိုနိုင် ပါသည်။ ယနေ့တိုင်တွေ့သည် မကြားမိ သော်လည်း ရှာချင်သူက ရှာချင်နေကြ တုန်း ဖြစ်သည်။ အမေရိကန်တစ်ဦး ဂျင်ဘလန့် (Jam Blunt) ဆိုသူ လာ ရောက်ရှာဖွေသွားသည်။ ခေါင်းလောင်း တည်နေရာတွေကအစ အတိအကျ ပုံနှင့်ပြသွားသည်။ သူက အတော်စား ရသွားသည်ဟု ကြားရသည်။ နောက် တစ်ကြိမ် မလာတော့။ တွေ့နေပြီဆိုရင် ပင်လယ်ကူးသင်္ဘောက ဝန်ချီစက်နဲ့ ဘာလို့ မ,မနိုင်ရမှာလဲ။ အလွန်အား ကောင်းတဲ့ ဆောက်လုပ်ရေးသုံး ကရိန်း ကြီးတွေနဲ့ ဘာလို့ ဆွဲ မယူနိုင်ရမှာလဲ။ ပင်လယ်ပြင်မှာတောင် ရေနံစင်ကြီးတွေ ဆောက်ပြီး တူးဖော်နိုင်သေးရင် ယနေ့ ခေတ်သစ် သိပ္ပံပညာရှင်တွေ အင်ဂျင် နီယာတွေအဖို့ ဒါလောက်ကတော့ အပျော့ပေါ့။ ဘာစက်မှမရှိသူ ဟံသာ ဝတီသားတွေတောင် ဒီခေါင်းလောင်း ကြီးကို ပဂိုးကလှေဖောင်ပေါ် တင်သယ် လာပြီး ရွှေတိဂုံကုန်းတော်ပေါ်အရောက် ပို့နိုင်သေးဆို မဟုတ်လား။

ဆက်ပြီး လုပ်နိုင်ဖို့ လူတွေကို ငွေ ကြေးထည့်ဝင်ကြရန် ဆွဲဆောင်နေကြ တုန်းပဲ။ ဟိုကလှူမယ်၊ ဒီကလှူမယ် ဆိုတဲ့အသံတွေလည်း ကြားလိုက် ပျောက်သွားလိုက်နဲ့ လူတွေရဲ့ စိတ်ဝင် စားမှုကို ဆွပေးနေကြတုန်းပဲ။ ပညာရှင် များစာတမ်းဖတ်ပွဲများတောင် တခမ်း တနားလုပ်သဖြင့် ခေါင်းလောင်းကြီးက တော့ သေချာပေါက် ရှိနေမှာပဲလို့ ထင် စရာပါ။ စာတမ်းဖတ်ကြသူတွေကလည်း စာပေပညာရှင်တွေ၊ သမိုင်းပညာရှင် တွေ၊ ရေကြောင်းသိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာပညာရှင်တွေ တောင်ပါ သဖြင့် နှယ်နှယ်ရရ မဟုတ်သည်ကတော့ သေချာသည်။ လှူသူမှာလည်း သူ့မှာ အမြတ်မရှိဘဲ လှူမယ်မဟုတ်ပါ။ ခေါင်း လောင်းကြီး ရသည်ဖြစ်စေ၊ မရ သည် ဖြစ်ေ စ မြတ်သူမြတ်၊ ရှုံးသူရှုံးဖြစ်မှာတော့ သေချာပါသည်။ ကုန်ကျမည့် ငွေတွေကို ရာမာဓိပတိ (ဓမ္မစေတီမင်း) မင်းကြီး အထိမ်းအမှတ် ခေါင်းလောင်းကြီး အသစ် တစ်လုံး ပြန် သွန်းရင် တောင် ရနိုင်မယ် ထင်ပါတယ်။

သာသနာပြု မင်းကြီးကို ပူဇော်ရာဂုဏ်ပြုရာလည်း ရောက်မယ်ပေါ့။ အရေးအကြီးဆုံးက တော့ ဓမ္မစေတီလို မင်းမြတ်တစ်ပါး ရုပ်တုရှိဖို့က ပိုလို့ပင်ဗုဒ္ဓသာသနာတော် အ တွက် အရေးကြီးပါသည်။
ခေါင်းလောင်းကြီးအကြောင်း ပညာရှင်တွေကလည်း စာတမ်းတွေ တင်ကြ၊ ဖတ်ကြသည်။ ခိုင်ခိုင်မာမာ အချိန်ယူ သုတေသနလုပ်ပြီး ခေတ်ပြိုင် မှတ်တမ်းတွေနဲ့ ဖတ်ကြ သည်တော့ မဟုတ်ပေ။

အမေရိကန်ပညာရှင် ပြော သည်ကို ယုံရင် ခေါင်းလောင်းကြီးကို နေရာနဲ့ ပြပြီးသားတောင် ရှိနေပြီမို့ ဆယ်ယူဖို့သာ စဉ်းစားရတော့မှာ မဟုတ်ပါ လား။ ဆယ်ရမည့် ပစ္စည်းက လည်း ကြေးနှင့် လုပ်ထားသည့် ပေ ၂ဝ လောက်ထုထည် ရှိလို့ ခေတ်သစ် နည်းပညာတွေနဲ့ ဘာလို့ မဆယ်နိုင် ရမှာလဲ။  ရေငုပ်ခဲ့ဖူး သူတို့ကလည်း သူတို့ကိုယ်တိုင် လက်နှင့် ထိတွေ့ခဲ့ဖူး ကြောင်း ဆိုကြပါသတဲ့။ ဘာတွေကို သူတို့ ထိတွေ့ကိုင်ဖမ်းမိခဲ့ကြပါသလဲ။ ဒီလောက်ဆိုနေပါ လျက်ကနဲ့ ဘာကြောင့် များ မဆယ်နိုင်ပါသလဲ။ လူပြိန်း တွေး တွေးရင်တောင် အဖြေမှန်ကို ကြည့်လို့ ရပါတယ်။  ဓမ္မစေတီခေါင်းလောင်း ပုံဆိုတာ ကို ဖော်ပြကြ တာကို လည်း တွေ့ရ သည်။ မြင်ဖူးသူတောင် မရှိတဲ့၊ ပုံမှတ်တမ်းလည်း မရှိခဲ့တဲ့ ခေါင်း လောင်းကို ဓာတ်ပုံလို၊ ဆွဲပုံလိုဟာကို မြင်ရတော့ ပြုံးမိရသည်။ ထိုပုံက ပထမ အင်္ဂလိပ်-မြန် မာစစ်ပွဲအပြီး အင်္ဂလိပ် စစ်တပ် ဘုရားပေါ်ရောက်ချိန် ခေါင်း လောင်းကြီးတစ်လုံးနားမှာ စစ်ပန်းချီ ဆရာ ဗိုလ်ဂျိုးဇက်မူးဝါး  (Lieutenant Joseph Moore) က ၁၈၂၅ တွင် အမှတ်တရ ဆွဲထားသည့်ပုံ ဖြစ်သည်။

ခေါင်းလောင်းကြီးရှိတယ် မရှိဘူး ဆိုတာအပထားပြီး သာမန်ပဲ စဉ်းစား ကြည့်ကြရအောင်ပါ။ မွန်ရာဇဝင် တစ် စောင်အဆိုအရ ပြည်သူတို့ထံမှ ကောက် ယူထားေ သာ ကြေးချိန် ၁၈ဝဝဝဝ ပိဿာရကြောင်း ယင်းတို့ကိုခေါင်းလောင်း သွင်းကြောင်း၊ ခေါင်းလောင်းအမြင့် ၁၂ တောင် (၁၈ ပေ)၊ အဝအကျယ် ၇ တောင် (၁ဝ ဒသမ ၅ ပေ) ရှိကြောင်း ဖော်ပြသည်။ အမြင့် ၁၈ ပေ အကျယ် ၁ဝ ဒသမ ၅ ပေရှိ ကြေးလေးထောင့် တုံးကြီးတစ်တုံးသည် တန်ချိန် ၂၉ဝ ရှိ နိုင်မရှိနိုင် စဉ်းစားကြည့်ပါ (နိုင်မောင် လေး၊ မျက် ၆၊ ကော်လံ ၁)။ ထိုခေါင်း လောင်းကြီးကို ၂ ဖေဖော်ဝါရီ ၁၅၈၄ တွင် သွန်းလုပ်ခဲ့၍ ယခုအခါ အနှစ် ၅၃ဝ ခန့် ကြာခဲ့ပြီ။ ဓမ္မစေတီမင်းကြီး သည် ရွှေတိ ဂုံတွင် ခေါင်းလောင်းကြီးကို ဘယ်နားမှာ ချိတ်ဆွဲခဲ့ပါသလဲ။
၁၈ဝဝဝဝ ရှိ ကြေးတိုကြေးစများ ကို အရည်ကြိုသွင်းလောင်းသောအခါ  အမြင့် ၁၈ ပေ၊ အဝ ၁ဝ ဒသမ ၅ ပေရှိ ခေါင်းလောင်းပုံစံခွက်တွင် ထိုကြေးပိဿာ အားလုံး အကုန် ဝင်မဝင် ဆံ့မဆံ့၊ ချော် မည်မျှထွက်မထွက်၊ မည်သည့်နေရာ တွင်ပုံသွင်းပြီး မည်သည့်နေရာတွင် ချိတ်ဆွဲထားခဲ့ပါသနည်းဟု သမိုင်း သု တေသီတို့ အရင်လေ့လာစရာ လိုပါ သည်။ ရွှေတိဂုံပေါ်က မွန်ဘာသာရေး ခေါင်းလောင်းစာ၊ ကျောက်စာများက လည်း ထိုအကြောင်း သဲလွန်စလောက် မှ ပြောမပြခဲ့ကြချေ။ မြစ်လယ်ကျွန်း ပေါ်တွင် သွန်းလောင်းခဲ့သော မင်းကွန်း ခေါင်းလောင်းကြီးကို နည်းပညာမတတ် သဖြင့် ဗဒုံမင်း မြစ်အနောက်ဘက် ကမ်းသို့ အတော်နှင့်မရွှေ့နိုင်၊ မတင်နိုင် ဖြစ်ခဲ့ရဖူးသည်ကို သူ့အမိန့်တော်များ အရ သိရသည်။ သမိုင်းဖော်ပြချက် အရ ခေါင်းလောင်းကြီးနှစ်လုံးကို နှိုင်း ယှဉ်ကြည့်ကြရအောင်။

အောက်တွင်ဖော်ပြထားသော နှိုင်းယှဉ်ချက်ဇယားအရ ဓမ္မစေတီခေါင်းလောင်းသည် ဗဒုံမင်းခေါင်းလောင်းလောက် မကြီးချေ။ ကြေးချိန်က မင်းကွန်းခေါင်း လောင်းထက် ၃ ဆ ကျော်ပိုသဖြင့် အခေါင်းမပါဘဲ ပုံဆောင်ခဲအသွင်သွန်း သည့်တိုင် ထိုမျှကြေး မကုန်နိုင်ရာ။ (မှတ်ချက်၊ မွန်တို့ တစ်ပိဿာသည် မြန်မာ တို့တစ်ပိဿာနှင့် ညီမညီ မသိပါ)။ဟံသာဝတီပျက်ချိန်တွင် သန်လျင် မှာ ပေါ်တူဂီစွန့်စားရေးသမား ဒီဗရစ်တို ခေါ် ငဇင်ကာ မင်းမူနေသည်။ သူက ဘုရားများဖြိုဖျက်ကာ ဌာပနာယူ သည်။ ခေါင်းလောင်းများကို အမြောက်သွန်း ရန်ယူသည်။ ရွှေတိဂုံပေါ်က ဓမ္မစေတီ ခေါင်းလောင်းကြီးကိုလည်း သူယူခဲ့သည်။ ရည်ရွယ်ချက်က အမြောက် သွန်းလုပ် ရန်ပင် ဖြစ်သည်။ စစ်နိုင်အထိမ်းအမှတ် အဖြစ် ပြတိုက်တွင် ဂုဏ်ယူပြသထားရန် မဟုတ်ချေ။ ထို့ကြောင့် ခေါင်းလောင်း ပုံသဏ္ဌာန်ကို ငဇင်ကာ မလိုချင်။ သူလို ချင်သည် က ကြေးသတ္တုသာ ဖြစ်သဖြင့် သန်လျင်ကို ရွှေတိဂုံပေါ်က ခေါင်း လောင်းကြီး အကောင်းပကတိအတိုင်း သယ်ဖို့ ဘယ်နည်းနဲ့မှ သူဒုက္ခခံမည် မဟုတ်ချေ။ ယူလျှင် စဉ်းစားရမည့် အချက် လေးချက်ရှိသည်။ ကုန်းတော် ပေါ်က ခေါင်းလောင်းကြီးချရန် လမ်း မရှိ၊ ရှိလည်း မကောင်း၊ သစ်တော လွှမ်းနေသော လမ်းမှ မြစ်ဆိပ် သို့ဆွဲပြီး (ဘယ်မြစ်ဆိပ်မှန်း မသိ)၊ လှေဖောင် ပေါ်တင်ရန်၊ ဖောင်ကြီးကိုဆွဲရန် သုံးရ မည့်လူအင်အား၊ (မင်းဓမ္မကုန်းပေါ် လာဘမုနိရုပ်ပွားတော်ထုရန် ကျောက် တုံးကြီး သယ်ပုံနှင့် ပြန်နှိုင်းယှဉ် ကြည့် ပါ။ ဘယ်ကပိုလေး၊ ပိုကြီးသနည်း)။ အကယ်၍ယူနိုင်ပါလျှင်လည်း တစ်ဖက် ကမ်းရောက်လျှင်ကုန်းပေါ်တင် အမြောက် သွန်းမည့်နေ ရာဆွဲ လုပ်ရပေဦးမည်ကို ထည့်သွင်း စဉ်းစားရပါမည်။ ထိုဒုက္ခမရှိ အောင် ကုန်းတော်ပေါ်တွင် ရိုက်ဖဲ့ပြီး စစ်သည်တစ်ဦး ၅ ပိဿာ ၁ဝ ပိဿာ သယ်လျှင် တစ်ပါ တည်းနေ့ချင်းပြီးနိုင်သည် ကို ဘာကြောင့် အဆင့်ဆင့်လုပ်ဆောင် ပြီးမှ ရေထဲကျရန် လိုပါတော့မလဲ။

ခေါင်းလောင်းကြီး ရေထဲကျသွား သည်။ ရန်သူ့လက်မပါဆိုသည်က ခံရ သူတို့ စိတ်သက်သာမှု ရတန်ကောင်းရဲ့ ဟူသောအတွေးနဲ့ စိတ်ပြေအောင်ဖြေ တဲ့ အမျိုးသားရေး၊
စိတ်ဖြေဆေးသာ ဖြစ်ပါသည်။ ရန်သူက ကိုယ့်ထက်သာလို့ ကိုယ့်ဆီလာပြီး ဗိုလ်ကျနိုင်တာကိုလည်း ထည့်တွက်ဖို့ လိုပါသည်။ ထို့ကြောင့် ခေါင်းလောင်းလိုက် သယ်မည်မဟုတ် ဟု ထင်ပါသည်။ ကြားဖြတ်ပြီး ပြောစ ရာတစ်ချက်က ခေါင်းလောင်းကြီး သယ် ယူသည့် ခေတ်ပြိုင် သမိုင်းမှတ်တမ်း ဘယ်မှာရှိပါ သလဲ။ တွေ့ဖူးပါ သလား။ ပေါ်တူဂီပြည် လစ်စဘုန်းသွားရှာလျှင် တွေ့နိုင်ပါမည်လား။ ရှိမည်/တွေ့နိုင် မည်မထင်ပါ။ သာ၍ကောင်းသော သု တေသနက အဲဒီတုန်း က ခေါင်းလောင်း ကြီးသယ်ကြရတဲ့ အညာရောက် သူတို့ အနွယ်တွေဆီ သွားပြီး သူတို့ဘိုးဘွား တွေပြောခဲ့တဲ့ ခေါင်းလောင်းသယ် သမိုင်း ကို မေးရင်တောင် ပုံပြင်တစ်ပုဒ်လို တစ် စွန်းတစ်စ သိကောင်း သိနိုင်မည် ထင် ပါသည်။
ခေါင်းလောင်းသယ်ပုံ ခေတ် ပြိုင် မြန်မာမှတ်တမ်းလည်း မရှိပါ။ မွန်မှတ်တမ်းလည်း ခေတ်ပြိုင်မရှိပါ။ ဇာတ်လမ်းက စဥ့်ကူးမင်းခေါင်းလောင်း ကိစ္စဖြစ်ပြီးမှ စိတ်ကူးကောင်း သူ တစ်ဦး ၏ အတွေးဖြင့် ပေါ်လာသောဇာတ် လမ်းသာ ဖြစ်နိုင်ပါသည်။အကယ်၍ ခေါင်းလောင်းကြီး ရေ အောက်တွင် ရှိသည်ဟုယုံကြည်ပါလျှင် ခေတ်ပြိုင်မှတ်တမ်းတွေ ရှာဖွေဖော် ထုတ်ပြပါ။ အစစ်ဆေးခံနိုင်ရန် လိုပါ သည်။

ထိုမှတ်တမ်းကို -
၁။ မည်သူရေးသလဲ
၂။ မည်သည့်ခုနှစ်ကရေးခဲ့သလဲ (ရက်စွဲ)
၃။ ကျောက်စာနဲ့လား၊ ပေနဲ့လား၊ ပုရ ပိုက်နဲ့လား၊ အခြားဘာနဲ့လဲ
၎။ ခေတ်ပြိုင်မှတ်တမ်းဟု ယုံကြည်နိုင် သော အထောက်အထား ရှိမရှိ အစမ်းခံနိုင်မှု ဆိုသည်များ ဖြစ်ပါသည်။

နိဂုံးချုပ်ပါမည်။ နိုင်ငံတစ်နိုင်ငံ က ပြည်သူတွေ အထွတ်အမြတ်ထား သော ဘာသာကို စော်ကား၊ သာသနိက အလှူပစ္စည်းကို လုယူသည့် နိရတမိစ္ဆာ ဒိဋ္ဌိငဇင်ကာကို အနောက်ဘက်လွန်မင်း က စီရင်လိုက်ပေပြီ။ သူ့ အမြောက်သွင်း သမားများကိုလည်း ချောင်းဦး၊ ရွှေဘို၊ ရေဦးမြို့နယ်တွေမှာ နေရာချထားပေး လိုက်ပါပြီ။ သူတို့ အကူအညီနှင့်ပင် မြန်မာမင်းများလည်း အမြောက်တွေ သွန်းခဲ့ကြသည်။ စစ်တွေတိုက်ခဲ့ကြသည်။ ကုန်းဘောင်မင်းများ တန်ခိုးထွားနိုင် ခဲ့ကြသည်မှာ သူတို့တစ်တွေ အမှုတော် ကုန်တွင်အောင် ထမ်းခဲ့ကြ၍တစ်ကြောင်း ပါသည်။ ထို့ကြောင့်သူတို့ထံမှာ သတင်း အစအန သွားရှာလျှင်တောင် ရကောင်း ရနိုင်မည် ထင်ပါသည်။ သူတို့ ဘိုးဘွား တွေက ခေါင်းလောင်းကြီးနဲ့ ဆိုင်တဲ့ ပုံပြင်တွေ ပြောကောင်းပြောပြနိုင်မည် ဖြစ်ပါသည်။ မိမိတစ်ယောက်ဆန္ဒကို ပြောရရင် ကြေးတိုကြေးစတွေစုပြီး မင်းကြီးေ ခါင်းလောင်းအရွယ် အသစ် ပြန်သွန်းလုပ်၍ သာသနာပြု ဓမ္မစေတီ မင်းမြတ်ကို ဂုဏ်ပြုပူဇော်လိုက်သည်က ပိုပြီးကောင်းမည်ယူဆပါကြောင်း။

ပြောရန် တစ်ကွက်ကျန်နေသည်မှာ ခေါင်းလောင်းကြီးသွန်းစဉ်က ရွှေပိဿာချိန်များစွာ ထည့်၍ကြိုရသည်ဟူ သော အချက်ဖြစ်သည်။ မည်မျှဆို သည်ကို ငဇင်ကာ သိပါ လိမ့်မည်။

ဗညားရိုး
Popular Myanmar News Journal


ခေါင်းတစ်ခြမ်း ကိုက်ခြင်းက ရေရှည်တွင် ဦးနှောက်ကို ထိခိုက်စေနိုင်

Posted by drmyochit Wednesday, September 04, 2013, under | No comments



Migraineခေါ် ခေါင်းတစ်ခြမ်းကိုက်သည့် ဦးယဉ်းနာ ဝေဒနာသည် ရေရှည်တွင် ဦးနှောက်ကို ထိ ခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေး ပြောကြားလိုက်သည်။ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ (၁၀) ရာခိုင်နှုန်းမှ (၁၅)ရာခိုင်နှုန်းထိ ခံစားရတတ်သည့် Migraine ဝေဒနာသည် သာမန် ပေါ့ပေါ့တန်တန် အခြေ အနေ မျိုးဟု အများစုက ယူဆတတ်သော်လည်း ရေရှည်တွင် ဦးနှောက်ကို ထိရောက်သော ဆိုးကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေတတ်ကြောင်း သိရသည်။ ကာလရှည်ကြာ ဦးခေါင်းတစ်ခြမ်း ကိုက်လေ့ ရှိသူ များသည် ဦးနှောက် ဒဏ်ရာ ရနိုင်သလို မူမှန်မဟုတ်သည့် ဇီဝဖြစ်တည်မှုများ ကြုံရတတ်ပြီး ဘေးထွက်ဆိုး ကျိုးများ ဖြစ်ပေါ်နိုင်ကြောင်းလည်း ပညာရှင်များက မှတ်ချက်ပြုခဲ့သည်။

အဆိုပါ သက်ရောက်မှုမျိုးသည် ဦးခေါင်း တစ်ခြမ်းကိုက်နေချိန်ထက် ယင်းကဲ့သို့ အခြေအနေ ပေါ်ပေါက်လာ ရန် ကနဦး အစပြုသည့် လက္ခဏာများ တွေ့ရချိန်တွင် ပိုမို သိသာ ထင်ရှား တတ်ကြောင်း လည်း ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် တက္ကသိုလ်မှ ဒေါက်တာ မက်ဆုဒ်အာရှီနာက ရှင်းပြခဲ့သည်။ "သာမန်အားဖြင့်တော့ Migraine ဟာ ပျော့ပြောင်းတဲ့ ဝေဒနာတစ်ရပ်လို့သာ သဘောထားနိုင်ပါတယ်။ ဒါပေမဲ့ ရေရှည် ကြာမြင့်သွားရင်တော့ ဦးနှောက်ကို ထိခိုက် ပျက်စီးစေနိုင်တယ်လေ"ဟု ဒေါက်တာ အာရှီ နာက ဆိုသည်။ သုတေသီများ၏ လေ့လာမှုအရ ရေရှည် ခေါင်းတစ်ခြမ်းကိုက်မှုသည် ဦးနှောက်တွင် ဒဏ်ဖြစ်နိုင်ခြေ ကို (၆၈)ရာခိုင်နှုန်း တိုးမြင့်စေပြီး ကနဦး လက္ခဏာများ မပြသသော ခေါင်းတစ်ခြမ်း ကိုက်မှုကမူ ဦးနှောက်တွင် ဒဏ်ဖြစ်နိုင်ခြေကို (၃၄)ရာခိုင်နှုန်းမျှ မြင့်တက်စေတတ်ကြောင်း သိရှိရသည်။

From: Planet Myanmar Network

ပထွေးဖြစ်သူရိုက်နှက်၍ သုံးနှစ်ကလေးသေဆုံး

Posted by drmyochit Wednesday, September 04, 2013, under | No comments


နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂ သိဒ္ဓိ ရပ်ကွက် (သပြေ-၂) အဆောင်ရှေ့ တောအုပ်အတွင်း တရားမဝင် နေထိုင် လျ က်ရှိသော တဲစု၌ ပထွေးဖြစ်သူက မယားပါ သားဖြစ်သူကို ရိုက်နှက်ရာမှ သေဆုံးမှုဖြစ်ပွားကြောင်း သိရ သည်။ ဖြစ်စဉ်မှာ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ခုတင်(၁၀၀၀)ဆေးရုံကြီးမှ ဩဂုတ် ၂၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် သေဆုံးသူ အသက် သုံးနှစ်အရွယ် ကလေးငယ်တွင် မသင်္ကာဖွယ်ရာ ဒဏ်ရာများ တွေ့ရှိ သဖြင့် ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် လာရောက်စစ်ဆေးပါရန် အမှတ်-၃ နယ်မြေရဲစခန်းသို့ အကြောင်းကြားသဖြင့် စခန်းမှူး ရဲအုပ်ထွန်းထွန်းဦးနှင့်အဖွဲ့သွား ရောက်စစ်ဆေးခဲ့ရာ ဓမ္မတာအတိုင်း သေဆုံးခြင်း မဟုတ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

သို့ဖြစ်၍ သေဆုံးသူမောင်ကောင်း ရာဇာ၏ မိခင် မသန်းသန်းမြင့်(ခ)အငယ်မ ဈေးရောင်းလုပ်ကိုင်သူနှင့် ပထွေးဖြစ်သူ စိုးသူ ဆိုင်ကယ် ကယ်ရီမောင်းနှင်သူတို့အား ခေါ်ယူ စစ်ဆေးရာ ပထွေးဖြစ်သူ ရိုက်နှက် ကိုင်ပေါက်၍ သတိ လစ်မေ့ မြောနေသော ကလေးငယ်အား အပူအပုပ်များပြီး တက်သွားသည်ဟု အကြောင်းပြ၍ ဆေးကုသမှုခံယူရန် ခုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်စဉ်လမ်း၌ သေဆုံး မှုဖြစ်ပွားခဲ့သည်။

အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ မိခင်မသန်းသန်းမြင့်မှ သက်သေ လိမ်လည်ထွက်ဆိုသဖြင့်(အမှတ်-၃) နယ်မြေ ရဲစခန်း၏ သေမှုသေခင်း အမှတ် ၁/၂၀၁၃ အရ စခန်းမှူး ရဲအုပ် ထွန်းထွန်းဦးမှ အမှုလက်ခံ စစ်ဆေးခဲ့ရာ ပထွေးဖြစ်သူ စိုးသူ၏ဝန်ခံထွက်ဆိုချက်အရလည်းကောင်း၊ မိခင်မသန်းသန်းမြင့်၏ သက်သေအမှန် ထွက်ဆိုချက်အရ လည်းကောင်း ကလေးငယ်မှာ ဓမ္မတာအတိုင်းသေဆုံး ခြင်းမဟုတ်၍ပုဒ်မ ၃၀၂ သို့ ပြောင်း လဲ စစ်ဆေးဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။

(ကျော်သူရ)

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

ဆိုတေးအား ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် ကုသဆောင်သို့ ပြောင်းရွှေ့

Posted by drmyochit Wednesday, September 04, 2013, under | No comments


ဆိုတေးအား ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် ကုသဆောင်သို့ ပြောင်းရွှေ့မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး အထူးကြပ်မတ် ဆောင်တွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျက် ရှိသော အဆိုတော် ဆိုတေး ကို စက်တင်ဘာ ၂ ရက်နေ့တွင် ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် ကုသဆောင်သို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကြောင်း မန္တလေး အထွေထွေ
ရောဂါကုဆေးရုကြီးမှ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် အထူးကု ပါမောက္ခ ဒေါက်တာ ဦးခင်မောင်လွင်က Venus News သို့ ပြောသည်။

" အခု ဆိုတေးကို ဒီနေ့ပဲ အထူးကြပ်မတ်ဆောင် IC ကနေ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် ကုသဆောင်ကို ပြောင်းလိုက်ပြီ၊ အသက် အန္တရာယ် လည်း မစိုးရိမ်ရ တော့ပါဘူး၊ နောက်တစ်လ လောက်ဆိုရင်တော့ နေပြန်ကောင်းနိုင် တယ်လို့ ခန့်မှန်း ရပါတယ်"ဟု ၎င်းက ပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၁/၃ တွင်  တေးသံရှင်ဆိုတေးအပါအဝင် လူ (၄) ဦး စီးနင်းလာသော မော်တော် ယာဉ်သည် ဇူလိုင်လ ၁၄ ရက်နေ့တွင် တိမ်းမှောက်ခဲ့ရာ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အဆိုတော် ဆိုတေးသည် ယာဉ်တိမ်းမှောက် သည့် ဇူလိုင်လ ၁၄ ရက်နေ့မှ စတင်၍ မန္တလေးဆေးရုံကြီးတွင် အတွင်း လူနာအဖြစ် ဆေးကုသမှုခံယူနေရာမှ ယခုအခါ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘဲ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဆောင်သို့ ပြောင်းရွှေ့ရပြီ ဖြစ်သည်။

Venus News Journal

ကိုယ်အလေးချိန် ချမှာလား၊ အဆီချမှာလား

Posted by drmyochit Wednesday, September 04, 2013, under | No comments


ကိုယ်အလေးချိန်ချလိုပါက

-အစားအစာကယ်လိုရီပမာဏတတ်နိုင်သလောက်လျှော့ပါ။
-ကစီဓါတ်များများ၊အဆီနည်းနည်း၊ပရိုတင်းနည်းနည်းပါဝင်သော အစာ များဦးစားပေးပါ။
-ညစာလျှော့ပါ။
-ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါ။
-အသီးအရွက်သီးသန့်စားသုံးပါ။
-ဂေါ်ဖီဟင်းချို၊ဂရိတ်ဖရုသီး၊မုန်လာဥများမကြာခဏစားပါ။

အဆီချလိုပါက

-အင်ဆူလင်ဟော်မုန်းပမာဏကို ထိန်းပါ။
-ကစီဓါတ်ကိုဆန်၊ဂျုံနှင့်ပြောင်းတို့အစားဟင်းသီးဟင်းရွက်များမှအဓိကရယူပါ။
-ပရိုတင်းရရှိရန်အသားနှင့်ပဲများများစားပါ။
-လေ့ကျင့်ခန်းအပျော့စားထက်ပြင်းထန်သောလေ့ကျင့်ခန်းများဦးစား ပေးပါ။
-ငါးကြီးဆီစားပါ။
-ဖိစီးမှုဟော်မုန်းများမြင့်တက်မလာစေရန်စိတ်ခံစားမှုချုပ်ထိန်းပါ။

ဇော်ကို
Source:healthhabits
Health Updates Journal

အရမ်းလှလွန်းလို့ မျက်နှာကို အက်စစ်နှင့် အပက်ခံရသူ

Posted by drmyochit Wednesday, September 04, 2013, under | No comments



သူမ၏ နာမည်ကတော့ ကက်တီပီပါ ဖြစ်ပြီး အသက်ကတော့ ၂၆ နှစ်ပါ။ အမေရိကန် နိုင်ငံသူလေးပေါ့။ သူမဟာ ကိုယ်ခန္ဓာ အချိုးအစား လှပရုံတင်မက မျက်နှာလေး ကလည်း အလွန်ပင် ချစ်စရာကောင်း ပါ တယ်။ သူမ၏ ပုံစံကို အားကျတဲ့ မိန်ကလေးတွေ အလွန်များတယ် ဆိုပါတော့။

တစ်နေ့မှာတော့ သူမ၏ဟာ အလုပ်ကိစ္စတစ်ခု အတွက် အပြင်ကို သွားပါတယ်။ ထိုအချိန် ဘယ်သူမှန်း မသိတဲ့သူ တစ်ယောက်က သူမ၏ မျက်နှာကို အက်စစ်နဲ့ ပက်လိုက်ပါတယ်။ သူမဟာသေလု မတတ် ခံစားခဲ့ရတဲ့ အပြင် သူမ၏ မျက်နှာတစ်ခုလုံးလည်း ရစရာ
မရှိအောင် ဖြစ်သွားပါ တော့တယ်။

https://www.facebook.com/MMSocialSky?ref=hl
Kyaw Lin Naing ( MM Social Sky)

ဆရာသန်းထိုက် (ရွှေရိပ်) ရေးသားထားတဲ့ အသုံးချဗွီဒီယိုတည်းဖြတ် နည်းပညာ စာအုပ်(မြန်မာလို) (10MB)

Posted by drmyochit Wednesday, September 04, 2013, under | No comments



ဆရာသန်းထိုက် (ရွှေရိပ်) ရေးသားထားတဲ့ အသုံးချဗွီဒီယိုတည်းဖြတ် နည်းပညာ စာအုပ်(မြန်မာလို) ဖြစ်ပါ
တယ်။ အိမ်သုံးစ ဗွီဒီယိုကင်မရာ အသုံးပြုပုံနှင့် လုပ်ဆောင်ချက်များ၊ မပါမရှိမသိမဖြစ်စနစ်များ၊ Video Tape Formats ပုံစံများကို လေ့လာခြင်း၊Video Tape System Formats ပုံစံများကိုလေ့လာခြင်း အစရှိသည်တို့ကိုလေ့လာရမှာဖြစ်ပါတယ်။  ဗွီဒီယိုတည်းဖြတ်တာ ၀ါသနာပါသူများအတွက် အကြိုက်ဖြစ်မှာပါ။


 Download=>> Link 1, Link 2

Goolgle Drive

မန္တလေးမြို့တွင် တောင်းရမ်းစားသောက် သူများအား ဖမ်းဆီးအရေးယူ နေသော်လည်း နောက်ကွယ်မှ ခိုင်းစေသူများက ပြန်လည်ခေါ်ယူ သွားမှုများကြောင့် ထိရောက်မှု အားနည်းနေ

Posted by drmyochit Wednesday, September 04, 2013, under | No comments


မန္တလေးမြို့အတွင်း တောင်ရမ်းစားသောက် နေသူအချို့ကို တွေ့ရစဉ်

မန္တလေးမြို့တွင် တောင်းရမ်းစားသောက် သူများအား ဖမ်းဆီးအရေးယူ နေသော်လည်း နောက်ကွယ်ရှိ တောင်းရမ်းခိုင်းသူများမှ ပြန်လည်ခေါ်ယူသွားမှုများ ရှိနေခြင်းကြောင့် ထိရောက်မှု အားနည်းနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မန္တလေးမြို့တွင်း တောင်းရမ်းစားသောက် နေသူများအား မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဖမ်းဆီးပြီး အသက် ၁၈ နှစ်အောက် တောင်းရမ်းစားသောက် သူများကို လူမှုဝန်ထမ်း လက်အောက်သို့ ပို့ဆောင်ပေးကာ ၁၈ နှစ်အထက် တောင်းရမ်းစားသောက် သူများအား နယ်မြေခံ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပြီး အရေးယူမှုများ ပြုလုပ်ကြောင်း သိရသည်။

"တောင်းရမ်းစားသောက် သူတွေကိုတော့ စီမံချက်အတိုင်း ဖမ်းဆီးမှုတွေ ပြုလုပ်နေပါတယ်။ ၁၈ နှစ်အောက် တောင်းရမ်းစားသောက် သူတွေကိုတော့ လူငယ်ထိန်းသိမ်းရေး စခန်းကို ပို့ဆောင်ပေးပါတယ်။ ဒါပေမဲ့ ပို့ဆောင်ပေးပြီး မကြာပါဘူး။ သူတို့ရဲ့ အုပ်ထိန်းသူတွေနဲ့ တောင်းရမ်းခိုင်းစေတဲ့ သူတွေက ပြန်ပြီးတော့ ခေါ်ယူသွားကြတယ်။ ဒါတွေကို ပပျောက်စေချင်ရင်တော့ သေသေချာချာ စိစစ်ပြီးတော့ ၀ိုင်းဝန်းလုပ်ဆောင်သွားမှ အဆင်ပြေမှာပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ ဒါတွေက ပြန်ပြီးဖြစ်နေ ဦးမှာပါ" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာန၊ ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။

မန္တလေးမြို့တွင်း တောင်းရမ်းစားသောက် နေသူများမှာ မြို့တွင်းမှမဟုတ်ဘဲ ဧရာဝတီ မြစ်ဆိပ်ကမ်းမှ လာရောက်တောင်းရမ်းသူ အများဆုံးဖြစ်ပြီး တောင်းရမ်းစားသောက်သူ မဟုတ်သည့် အခြေအနေမဲ့များအား သန့်ရှင်းရေး ၀န်ထမ်းခန့်ပေးခြင်းများရှိပြီး ထွက်ပြေးသွားသူများလည်းရှိကြောင်း သိရသည်။

တောင်းရမ်းစားသောက် သူများတွင် နောက်ကွယ်ရှိ ခိုင်းစေသူများမှ စေခိုင်းခြင်းကြောင့် တောင်းရမ်းသူများ ရှိနေပြီး နည်းမျိုးစုံနှင့် တောင်းရမ်းစားသောက် နေသူများလည်း ရှိနေကြသည်။ တောင်းရမ်းစားသောက်သည့် ကလေးငယ်အချို့မှာ မူးယစ်ဆေးဝါးပုံစံ အသုံးပြုနိုင်သည့် ကော်ဘူးများရှူပြီး ၎င်းတို့ကော်ရှူရန်အတွက် တောင်းရမ်းနေမှုများလည်းရှိကြောင်း သိရသည်။

Eleven

" မိန်းမ မှတ်ဥာဏ် "

Posted by drmyochit Wednesday, September 04, 2013, under | No comments




တခါက ဦးနှောက်နှင့် အာရုံကြော ဆရာဝန်ကြီးဆီသို့ အမျိုးသမီး လူနာ တဦး ဆေးခန်း လာပြသည်။ ဆရာဝန်ကြီးက ရာဘာလက်အိတ်ကို လက်မှာစွပ်ပီး လူနာကို ကြည့်လိုက်ရင်းက နောက်ပြောင်လိုသည့် သဘောဖြင့် ..

" ဒီလက်အိတ်ကို ဘယ်လို လုပ်တာလဲ သိလား.."



လူနာ အမျိုးသမီးက ခပ်ကြောင်ကြောင် ပုံစံဖြင့် " ဘယ်လိုလုပ်သိမှာလဲ "

" မသိရင် ပြောပြမယ်..ဒီလက်အိတ်ကို လုပ်ဘို့အတွက် လူတစုဟာ နေအရမ်းသာနေတဲ့ နေရာကို သွားရတယ်.၊ ပီးတော့ ရာဘာ အနှစ်ရည်တွေထဲကို သူတို့ရဲ့ လက်တွေကို ထည့်စိမ်ရတယ်..ပီးတော့ အဲ့ဒီလက်ကို လေထဲမှာ မြှောက်ပီး နေရောင်နဲ့ ခြောက်သွားအောင် ထောင်ထားရတယ်၊ ခြောက်သွားတဲ့ အခါကျတော့မှ ဒီလို ပုံစံလေးဖြစ်သွားတာပေါ့ (လက်ထောင်ပြလိုက်ရင်း)..အဲ့ဒီတော့မှ သူတို့နဲ့ မလှမ်း မကမ်းမှာ ရှိတဲ့ စက္ကူဗုံးထဲကို အဲ့ဒီလက်အိတ်တွေ ချွတ်ပီး ပစ်ထည့်ရတယ်..အဲ့ဒီနည်းနဲ့ ရာဘာလက်အိတ်ဆိုတာ ဖြစ်လာရတာ " လို့ ဆရာဝန်ကြီးက ခပ်တည်တည်နှင့် နောက်လိုက်သည်.။

ဆရာဝန်ကြီး စကားဆုံးပီးအတော်ကြာတဲ့အထိ လူနာအမျိုးသမီးက ငြိမ်နေပီးတော့မှ ရုတ်တရတ် ခွီးခနဲ ထရီတယ်.....

ဆရာဝန်ကြီး , " အွန် .. ဘာလို့ရီတာလဲ .. မယုံလို့လား.."
လူနာအမျိုးသမီး " မဟုတ်ပါဘူး ဆရာရယ်.၊ ဆရာပြောနဲ့ ဆက်စပ်ပီး ကွန်ဒုံးကို ဘယ်လိုလုပ်တာလဲဆိုတာကိုပါ တွေးမိလို့ပါ.."

( မှတ်ချက် ။ ။ အမျိုးသမီးများဟာ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဦးနှောက်ကောင်းတယ်ဆိုတာလေး ပြောပြချင်လို့ပါ..)

*MH မှ မှတ်မိနေသော ပို့စ်တခုကို ပြန်ပြောပြတာဖြစ်ပါတယ်..(မှတ်မိမှာပေါ့..အမျိုးသမီးပဲဟာ..နော်)

ဓါးကိုင်ရမ်းကားသည့် ရူးသွပ်နေသူကိုဖမ်းဆီး

Posted by drmyochit Wednesday, September 04, 2013, under | No comments



နေပြည်တော်၊ စက်တင်ဘာ ၃

၃၀-၈-၂၀၁၃ ရက်နေ့ ၁၉၅၀ အချိန် မန္တလေး တိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာ ရပ်ကွက်၊ ၁၆ လမ်း(၈၀x၈၁)လမ်းကြားတွင် လူတစ်ဦးဓါးကိုင်ရမ်းကားနေကြောင်း သတင်းအရ အောင်မြေသာစံ အမှတ်(၄)နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အောင်မြေသာစံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အခင်းဖြစ်ရပ်သို့ ဖမ်းဆီးရန် သွားရောက်ခဲ့သည်။

အထက်ပါနေရာတွင် ပြည်လုံးချမ်းသာရပ်နေ အုန်းကြီး(ခ)စိုင်းကျော်ထက်သိန်း(ခ) စိုင်းကိုကို(၃၀)နှစ်က အရိုးအသွား(၈)လက်မခန့်ရှိဓါးဦးချွန်၊ မီးဖိုဆောင် သုံးဓါး(၁)ချောင်း၊ အရှည်(၁၀)လက်မရှိ လက်ကိုင်ကွေးထားသော ဆိုင်ကယ်စပုတ်တံ (၁)ချောင်းတို့ ကိုင်ဆောင်ပြီး လမ်းသွားလမ်းလာများအား လိုက်လံ ထိုးနှက်ရန်ပြုနေသည်ကိုတွေ့ရသဖြင့် ဖမ်းဆီးရန် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဖမ်းဆီးစဉ် အုန်းကြီးမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး (၁၅x၈၂)လမ်းထောင့်၌ စက်ဘီးစီး လာသည့် အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်နေ ၀င်းထွန်း(၃၂)နှစ်အားရန်ပြုခဲ့သဖြင့် ၀င်းထွန်းတွင် မေးရိုးယာဘက် ပြတ်ရှဒဏ်ရာရရှိခဲ့သည်။

ထို့နောက် ၎င်းသည် ဆက်လက်ထွက်ပြေးသွားပြီး(၈၂)လမ်း၊ (၁၅x၁၆)လမ်းကြားသို့အရောက် ပြည်လုံးချမ်းသာ ရပ်နေ ဇော်မင်းဦး(၄၂)နှစ်အား ဆက်လက်ရန်ပြုခဲ့သဖြင့် ဇော်မင်းဦးတွင် ယာလက်မောင်း ပြတ်ရှ၊ ၀ဲလက်ဖျံ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သောကြောင့် မန္တလေးဆေးရုံသို့ တင်ပို့ကုသခဲ့ရသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက ၀ိုင်းဝန်းဖမ်းဆီး ခဲ့ရာ အုန်းကြီးကို နောက်စေ့နှင့်ဦးခေါင်းထိပ်တို့တွင် ပေါက်ပြဲဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့သောကြောင့် မန္တလေးဆေးရုံ သို့တင်ပို့ကုသခဲ့ပြီး အုန်းကြီးနှင့်အတူနေအဒေါ်ဖြစ်သူ ဒေါ်ဇင်မာဝင်း(၄၀)နှစ်အား မေးမြန်း စုံစမ်းချက်အရ အုန်းကြီး သည် ငယ်စဉ်ကတည်းက စိတ်ပုံမှန်မဟုတ်ဘဲ ရူးသွပ်နေသောကြောင့် ထိန်းမရသဖြင့် လွှတ်ထားရခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် အုန်းကြီး(ခ)စိုင်းကျော်ထက်သိန်း(ခ) စိုင်းကိုကိုအား မန္တလေး ဆေးရုံကြီးမှ စိတ်ကျန်းမာရေး ဌာနသို့ လွှဲပြောင်းကုသစေလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူများမှာ အဓမ္မ ထိမ်းမြားခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မ အလုပ်ခိုင်းခြင်းနှင့် သူတောင်းစားအဖြစ် ခိုင်းစေခြင်းတို့ ခံနေရ

Posted by drmyochit Wednesday, September 04, 2013, under | No comments


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းအထူးအဖွဲ့ ပူးပေါင်း၍ ထိုင်းနိုင်ငံ ကန်ချပူနာရီခရိုင် ၀ိုင်တဖုစက်ရုံရှိ လူကုန်ကူး ခံရသူများကို ကယ်တင်နေစဉ်

မြန်မာနိုင်ငံတွင် လူကုန်ကူး ခံရသူများမှာ အဓမ္မ ထိမ်းမြားခြင်း၊ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မ အလုပ်ခိုင်းခြင်းနှင့် သူတောင်းစားအဖြစ် ခိုင်းစေခြင်းတို့ ခံနေရကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အား  ထုတ်ပြန်ကြေညာချက်အရ သိရသည်။

"လူကုန်ကူးမှု အန္တရာယ်ကင်းသော ရွှေ့ပြောင်းသွားလာရေး" အမည်ဖြင့် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ Facebook စာမျက်နှာတွင် ဖော်ပြပါရှိခဲ့ခြင်း ဖြစ်သည်။ လူကုန်ကူးမှုသည် တိုးတက်လာသော နည်းပညာအရ ကျူးလွန်ရန် လွယ်ကူလာခြင်း၊ အရင်းအနှီး နည်းနည်းဖြင့် အမြတ်အစွန်း ကြီးမားစွာ ရရှိခြင်းတို့ကြောင့် လူကုန်ကူးမှု ပြဿနာမှာ တိုးမြင့်လာကြောင်း သိရသည်။ လူကုန်ကူး ခံရသူများ အခြေအနေတွင်လည်း ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ မိသားစုအတွင်း အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ပဋိပက္ခများနှင့် စစ်ဖြစ်ပွားမှု အခြေအနေရှိခြင်း၊ သဘာဝဘေး ကပ်ကျရောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံ ခံရခြင်းတို့မှာ လူကုန်ကူးမှု အခြေအနေသို့ ရောက်ရှိရန် အလွန်နီးစပ်နေကြောင်း သိရသည်။

သို့သော် ယခုနောက်ပိုင်း ကာလများတွင် လူကုန်ကူးခံရမှုများ၏ အခြေအနေအရ စားဝတ်နေရေး အခက်အခဲကြောင့် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာကာ အလုပ်လုပ်ကိုင် သူများမှာ လူကုန်ကူးသူများ၏ အဓိကပစ်မှတ် ဖြစ်နေကြောင်းလည်း လူကုန်ကူး တားဆီးနှိမ်နင်းရေး ဗဟိုအဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။
  
လူကုန်ကူး ခံရသူများ အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာရသည့်အပြင် နိုင်ငံအနေဖြင့် ကြည့်မည်ဆိုပါက အမျိုးအနွယ် ပျက်စီးခြင်းနှင့် လူသားအရင်းအမြစ်များ လျော့ပါးခြင်းတို့ ထိခိုက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သုံးသပ်ထားသည်။ နှစ်စဉ်ဖမ်းဆီးရမိသော လူကုန်ကူးမှု အမှုအရေအတွက်အရ ၅၀ ကျော်မှ ၂၀၀ နီးပါးအထိ ရှိနေကြောင်း၊ လူကုန်ကူး ခံရသူများမှာလည်း ၂၀၀ ခန့်မှ ၄၀၀ ၀န်းကျင်ထိ ရှိနေပြီး အမျိုးသမီးများနှင့် ကလေးငယ်များမှာ အများဆုံး ဖြစ်နေကြောင်း သိရသည်။ ယခုနောက်ပိုင်း လူကုန်ကူးမှု ဖြစ်စဉ်များအရ တရုတ်နိုင်ငံမှာ အဓိက ပစ်မှတ်ဖြစ်နေပြီး တစ်ဆင့်ခံ တရုတ်နိုင်ငံ နေသူများနှင့် ပြည်တွင်းလူကုန်ကူး အဖွဲ့များမှ ဆက်စပ်လုပ်ကိုင်နေကြောင်း တိုင်ချက်များနှင့် အမှုဖွင့်ထားချက်အရ သိရသည်။

ယင်းအပြင်၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ဖြစ်စဉ်များတွင် ရာခိုင်နှုန်း ၇၀ သည် အမျိုးသမီးများအား တရုတ်နိုင်ငံသို့ အတင်းအဓမ္မ လက်ထပ်ရန် ပို့ဆောင်ရောင်းစား ခံရခြင်းဖြစ်ပြီး၊ ရာခိုင်နှုန်း ၂၀ မှာ ထိုင်းနိုင်ငံရှိ အလုပ်ရုံ၊ စက်ရုံ၊ ငါးဖမ်းသင်္ဘောများနှင့် အခြားလိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် ရောင်းစားခံရခြင်းဖြစ်ကြောင်း သိရသည်။

From: Eleven

"တကယ်လုပ်မှာလား ပြောစမ်းပါ"

Posted by drmyochit Wednesday, September 04, 2013, under | No comments



ဥရောပ တက္ကသိုလ်တစ်ခုမှာ...
...
ပါမောက္ခလေးရဲ့ရုံးခန်းထဲကို ကျောင်းသူတစ်ယောက် ဝင်လာတယ်
သူမလာရာလမ်းကို ပြန်ကြည့်တယ်
ပြီးတော့ တံခါးကိုဂျက်ထိုးပြီး ပိတ်လိုက်တယ်
သူမဆံနွယ်တွေကို နောက်ပြန်လှန်တင်လိုက်ရင်း ပြောတယ်... ...

'ဆရာ... သမီး ခုဖြေတော့မယ် စာမေးပွဲ အောင်ချင်တယ်... '

... စကားကို ခဏရပ်လိုက်ပြီး ပါမောက္ခလေးကို စိုက်ကြည့်လိုက်တယ်
နုတ်ခမ်းတွေကို သပ်လိုက်ပြီး ဆက်ပြောတယ်... ...

'အဲဒီအတွက် ဘာပဲလုပ်ရလုပ်ရ လုပ်မယ် ဆရာ၊ ဘာပဲလုပ်ရလုပ်ရနော်'

... ဆိုပြီး ထိုင်ခုံပေါ်ခြေထောက်တဖက်တင်တယ်၊ စကပ်လေးကို ပေါင်ရင်းထိ ဆွဲဖော်လိုက်တယ်။
ဒီတော့ ပါမောက္ခလေးက မေးတယ်... ...

'တကယ်လား သမီး'
'တကယ်ပါ ဆရာ၊ ဘာပဲဖြစ်ဖြစ် လုပ်မယ်'
'ဘာပဲဖြစ်ဖြစ်နော်'
'ဟုတ်ကဲ့'

ပါမောက္ခလေး ထိုင်ရာက ထလာတယ်
ကျောင်းသူလေးနား လာရပ်တယ်
ကလေးမပုခုန်းနှစ်ဖက်ကို လှမ်းကိုင်လိုက်တယ်
မျက်နှာခြင်း တဖြေးဖြေး နီးလာတယ်
ကလေးမက မျက်လုံးလေးနှစ်ဖက် စုံမှိတ်ရင်း တစုံတခုရောက်လာမှာကို စောင့်မျှော်နေတယ်
ပါမောက္ခလေးက နှစ်ကိုယ်ကြားယုံ လေသံလေးနဲ့ ထပ်မေးပြန်တယ်... ...

'ဘာပဲ ဖြစ်ဖြစ်နော် သမီး'
'ဟုတ် ... ဘာပဲဖြစ်ဖြစ် လုပ် လုပ် ပါ့ မယ် ဆ ရာ'

သူမမျက်နှာနား အနီးဆုံးကပ်လိုက်ပြီး ပါမောက္ခလေးကပြောလိုက်တယ်... ...

'ဒါဆို စာကျက်' ... တဲ့။


သန်၎ကို-ဘာသာပြန်သည်

လက်ပံတောင်းအရေးလုပ်ရှားသူတွေ လိုက်လံဖမ်းဆီးခံရ

Posted by drmyochit Wednesday, September 04, 2013, under | No comments




လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆန္ဒပြနေတဲ့တောင်သူလယ်သမားဒေသခံတွေ (Credit: ABC) 

လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်း ​ပြန်လည် ​မစတင်ခင်မှာ ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင် ​ဥက္ကဌ ​ဒေါ်အောင်ဆန်း ​စုကြည် ​လာရောက်မယ်လို့ ​သတင်းတွေ ​ထွက်ပေါ်နေပြီး ​ဒေါ်အောင်ဆန်းစုကြည် ​မလာခင် ​အချိန်တွင်းမှာ ​လက်ပံတောင်းတောင်အရေး ​လှုပ်ရှားသူတွေကို ​ဖမ်းဆီးဖို့ ​ဒေသအာဏာပိုင်တွေကို ​အထက်က ​ညွှန်ကြားထားတဲ့အကြောင်း ​လက်ပံတောင်းအရေး ​လှုပ်ရှားသူတွေက ​ပြောလိုက်ပါတယ်။

ဖမ်းဆီးမှုကိစ္စနဲ့ပတ်သက်ပြီး ​လက်ပံတောင်းအရေး ​တက်ကြွလှုပ်ရှားသူ ​ကိုဟန်ဝင်းအောင်က ​အခုလို ​ပြောပါတယ်။

“နိုင်ငံခြား ​ခရီးစဉ်ရှိတဲ့အတွက် ​ရွှေ့သွားတာမျိုးတွေ ​ဖြစ်နေတယ်။ ​ဖြစ်တဲ့အခါကျတော့ ​ဒေသဆိုင်ရာ ​အာဏာပိုင်တွေ ​ကြားထဲမှာ ​လည်း ​အဲဒါတွေ ​ပြောဆိုကြတာတွေ၊ ​သတင်ပေးတွေ ​ပြောဆိုတာတွေ ​ရှိတယ်။ ​အဲဒီအခါကျတော့ ​ဒေါ်အောင်ဆန်းစုကြည် ​မလာခင်မှာ ​ဒီက ​ကူညီနေတဲ့ ​အင်အားစုတွေ ​ကြိုတင်ဖမ်းဆီးထားဖို့အတွက် ​လိုအပ်တယ်ဆိုပြီး ​သူတို့ထောက်လှမ်းရေး ​အဓိကတော့ ​ထောက်လှမ်းရေး ​SB ​တွေပြောတာပါ။ ​စစ်ကားတွေ၊ ​ရဲကားတွေနဲ့ ​ဝင်ပြီးတော့ ​ကျွန်တော်တို့ ​ရှိနိုင်တဲ့ ​အိမ်တွေကို ​ဝင်ရောက် ​အကြမ်းဖက် ​ဖမ်းဆီးတာတို့ ​လုပ်ခြင်းအားဖြင့် ​လုပ်နိုင်တယ်။”

သြဂုတ်လ ​၆ ​ရက်နေ့ ​မနက် ​၂ ​နာရီလောက်ကလည်း ​ဇီးတောကျေးရွာကို ​ထောက်လှမ်းရေး ​အရာရှိတွေနဲ့ ​ရဲအရာရှိ ​တွေ ​က ​ဝင်စီးခဲ့တဲ့အတွက် ​သူတို့အနေနဲ့ ​စီမံကိန်း ​ပြန်လည်မစတင်ခင်နဲ့ ​ဒေါ်အောင်ဆန်းစုကြည်မလာခင် ​ထပ်ပြီး ​ဝင်စီးမခံရဖို့ ​ရွာလုံခြုံရေးကို ​တိုးမြှင့်ထားတယ်လို့ ​ဆိုပါတယ်။ ​သူအပါအဝင် ​ဖမ်းဝရမ်းထုတ်ခံထားသူတွေရဲ့ ​ဓါတ်ပုံတွေကို ​စီမံကိန်းရပ်ဆိုင်းရေး ​လှုပ်ရှားနေတဲ့ ​ကျေးရွာတွေအထိ ​လိုက်လံ ​ဖြန့်ဝေမှုတွေ ​ပြုလုပ်နေပြီလို့လည်း ​ကိုဟန်ဝင်းအောင်က ​ဆက်ပြောပါတယ်။

“ဆားလင်းကြီးမြို့နယ် ​မြို့ပေါ်နဲ့ ​ညောင်ပင်ကြီး ​ချင်းတွင်းမြစ်ကမ်းထိပ်ရွာတွေ ​ဘက်မှာ ​ကျွန်တော်တို့ ​ပုံစံတွေ ​ပါတဲ့ ​ဗီနိုင်းပိုစတာ ​ကြီးတွေ ​ချိတ်ပြီးတော့ ​ဖမ်းဝရမ်းအလိုရှိသည် ​တွေ့တဲ့နေရာမှာ ​ဖမ်းဆီးပေးဖို့ ​ဆိုတာ ​ဟာတွေကို ​အခုဒီဘက်ကျေးရွာထိ ​လိုက်ပြီးတော့ ​ဆင်းပြီးတော့ ​ပိုစတာတွေ ​တိုးချဲ့စိုက်ထူတာတွေရှိတယ်။ ​ကျွန်တော်တို့ကို ​ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ ​အမိန့် ​ကြေညာချက်တွေ ​အကြောင်းအရာတွေကိုလည်း ​ရွာထိပ်တွေမှာ ​ဆိုင်ကယ်တွေနဲ့ ​လိုက်ဝေတာတို့ ​လမ်းတွေပေါ်မှာ ​ပစ်ကျဲသွားတာတွေ ​ဒါမျိုးတွေကို ​သုံးရက်လေးရက်လောက်ရှိပြီ ​တောက်လျှောက် ​လုပ်လာတာ။”

ဒေသအာဏာပိုင်တွေက ​ကျေးရွာတွေမှာ ​ရဲအင်အားကို ​တိုးမြှင့်ထားပြီး ​ရက်ပိုင်းအတွင်း ​ကျေးရွာတွေကို ​အကြမ်းဖက် ​ဝင်ရောက်တာတွေ၊ ​တစ်ရွာနဲ့တစ်ရွာကြား ​အကူးအပြောင်းတွေမှာ ​ဝင်ရောက်ဖမ်းဆီးတာတွေ ​ပြုလုပ်နိုင်တယ်လို့ ​လက်ပံတောင်းအရေး ​လှုပ်ရှားသူတွေ ​ကပြောပါတယ်။

လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်းရပ်ဆိုင်းဖို့ကို ​ဒေသခံ ​ကျေးရွာ ​၂၀ ​လောက်က ​တောင်းဆိုနေပြီး ​ကုမ္ပဏီဘက် ​က ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်ရဲ့ ​အစီရင်ခံစာအတိုင်း ​လိုက်နာ ​ဆောင်ရွက်မှုတွေလည်း ​မရှိသေးဘူးလို့ ​သိရ ​ပါတယ်။

တဆက်တည်းမှာပဲ ​ဒေါ်အောင်ဆန်းစုကြည်က ​စက်တင်ဘာလ ​၁၀ ​ရက်မှာ ​ဥရောပနိုင်ငံတွေကို ​သွား ​ရောက် ​မှာ ​ဖြစ်ပြီး ​စက်တင်ဘာလ ​၂၀ ​မှာတော့ ​စင်္ကာပူနိုင်ငံကို ​သွားရောက်မှာဖြစ်တယ်လို့ ​သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​လက်ပံတောင်းတောင် ​ဒေသကို ​လာရောက်ဖို့ ​ကိစ္စကတော့ ​သတင်းထုတ်ပြန်ထားတာ ​မရှိသေးဘူးလို့RA ​သတင်းထောက် ​စူးရှက ​သတင်းပေး ​ပို့ထားပါတယ်။


From: ABC Radio Australia

အီသီယိုးပီးယားတွင် အတိုက်ခံ ၁၀၀ ကျော်အဖမ်းခံရ

Posted by drmyochit Wednesday, September 04, 2013, under | No comments


လွန်ခဲ့သောသီတင်းပတ်အတွင်း မိမိတို့၏ ပါတီဝင် ၁၀၀ ၀န်းကျင်မှာ ဖမ်းဆီးခြင်းခံခဲ့ရပြီး တချို့မှာလည်း ဆိုးရွားစွာရိုက်နှက်ခံခဲ့ရသည်ဟု အီသီယိုးပီးယားအတိုက်အခံပါတီတစ်ခုဖြစ်သော Semayawi က ပြော ကြားလိုက်ကြောင်း စက်တင်ဘာ ၃ ရက်က ဘီဘီစီ သတင်းဌာနမှ ဖော်ပြထားသည်။

ထို့အပြင် လာမည့်တနင်္ဂနွေနေ့တွင် ပြုလုပ်ရန်စီစဉ်ထားသည့် လူထုလှုပ်ရှားမှုမတိုင်မီ အသံဖမ်းစက်ကဲ့ သို့သောအသံ နှင့်သက်ဆိုင်သည့် ကိရိယာများလည်းသိမ်းဆည်းခြင်းခံခဲ့ရသည်ဟု ပါတီဥက္ကဋ္ဌ Yilekal Getachew က ပြောကြားလိုက်သည်။

သို့သော် ယခုကဲ့သို့သော ၀င်ရောက်စီးနင်းမှုများမရှိခဲ့ဟု အစိုးရဆက်သွယ်ရေးဝန်ကြီး Shimeles Kemal က ပြောကြားလိုက်သည်။ ပါတီတည်ရှိရာလမ်းအား အစိုးရထောက်ခံသည့် ဆန္ဒပြသမားများမှ ဘာသာရေးအရ အစွန်းရောက်မှုများအားရှုံ့ချသည့်အနေဖြင့် ပိတ်ဆို့ဆန္ဒပြနေခြင်း ဖြစ်သည်ဟုအစိုးရက ပြောကြားလိုက်သည်။

အီသီယိုးပီးယားနိုင်ငံ၏ အာဏရပါတီ EPRDF သည် ပြည်သူများ၏ လူနေမှုဘ၀များအားတင်းကျပ်စွာ ထိန်းချုပ်ထားသည်။ ယခုနှစ် ဇွန်လတွင် ပြုလုပ်ခဲ့သည့် လူထုဆန္ဒပြပွဲတွင် ရာနှင့်ချီသော ဆန္ဒပြသမားများ အသက်ဆုံးရှုံးခဲ့ရ ပြီး၊ ၂၀၀၅ ခုနှစ် ဆန္ဒပြမှုအပြီးတွင် ပထမဆုံးသော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ယင်းဆန္ဒပြပွဲအား အတိုက် အခံခေါင်းဆောင် Semayawi က အက်ဒစ်အက်ဘာလမ်းပေါ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဆန္ဒပြပွဲမှတစ်ဆင့် စာနယ်ဇင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများအား လွှတ်ပေးရန် တောင်း ဆိုခဲ့သည်။ ယခုလာမည့် တနင်္ဂနွေနေ့တွင်ကျင်းပမည့် စုရုံးဆန္ဒပြမှုမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု များပြုလုပ်ရန်အတွက် တောင်းဆိုရန် ဖြစ်သည်။

BBC
Mizzima - News in Burmese

Sandy Myint Lwin in Spike Stud Bra @ Hip Hop Party Concert

Posted by drmyochit Wednesday, September 04, 2013, under | No comments

စက်တင်ဘာလ (၁) ရက်နေ့က ရန်ကုန်၊ MCC ခန်းမမှာ ကျင်းပခဲ့တဲ့

"Hip Hop Party" ဟစ်ဟော့ ဂီတဖျော်ဖြေပွဲ











Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်