Sunday, August 25, 2013

ရန်ကုန်နှင့် မန္တလေးတွင် ကွန်ဒုံးခြောက်သောင်း အခမဲ့ဝေမည်

Posted by drmyochit Sunday, August 25, 2013, under | No comments


မန္တလေး၊ သြဂုတ် ၂၄

ရန်ကုန်နှင့် မန္တလေးမြို့တော်တို့ရှိ နိုက်ကလပ်များနှင့် စင်တင်တေးဂီတများတွင် Durex တံဆိပ် အမျိုးသားသုံး ကွန်ဒုံးများကို လာမည့် စက်တင်ဘာလလယ်မှစ၍ အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း Reckitt Benckiser Health Care ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ဖြန့်ဝေခြင်းကို ဈေးကွက်အတွင်း ကွန်ဒုံး မိတ်ဆက်သည့်အနေနှင့် စတင် ဖြန့်ချိသွားမည်ဖြစ်ပြီး အမျိုးသား အများစုရှိသည့် နိုက်ကလပ်နှင့် စင်တင်တေးဂီတများကို အဓိကထား၍ ကွန်ဒုံး အရေအတွက် ခြောက်သောင်း အခမဲ့ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

ရန်ကုန်မြို့တော်၌ နိုက်ကလပ် ၁၅ ခုတွင် ကွန်ဒုံးအခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ပြီး မန္တလေးမြို့တော်ရှိ စင်တင်ဂီတဆိုင်များ အားလုံးတွင် အခမဲ့ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“ရန်ကုန်နဲ့ မန္တလေးကို အဓိကထားပြီး လုပ်သွားမှာပါ။ မန္တလေးမှာက နိုက်ကလပ် မရှိတော့ အမျိုးသားများတဲ့ စင်တင်တေးဂီတတွေမှာ သွားရောက် ဖြန့်မှာပါ။ Brand တစ်ခုအနေနဲ့ လူတွေ Choice လုပ်ပြီး သုံးတတ်အောင်လို့ မိတ်ဆက်ပေးတဲ့အနေနဲ့ ဖြန့်ဝေသွားမှာပါ” ဟု ၎င်းက ဆိုသည်။


လူအများစုသည် လိင်ဆက်ဆံရာတွင် ကွန်ဒုံးအသုံးပြုမှု အားနည်းသဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ လိင်တူ ချစ်သူများနှင့် အမျိုးသားများ လာရောက်လေ့ရှိသော တောင်ပြုန်းပွဲတော်၊ ရတနာ့ဂူ ပွဲတော်ရက်များတွင် ကွန်ဒုံးအခမဲ့ ဖြန့်ဝေပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ နေ့ ချင်းပြီး သွေးစစ်ဆေး ပေးခြင်းတို့ ပြုလုပ်ရကြောင်း ခုခံအားကျ ဆင်းရေးနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာကျော်စိုးက The Voice သို့ ပြောကြားသည်။

Durex အမှတ်တံဆိပ် ကွန်ဒုံးများ ထုတ်လုပ်သည့် ကုမ္ပဏီသည် ၁၉၂၉ ခုနှစ်မှ စတင်ကာ နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် ကွန်ဒုံး ထုတ်လုပ်လျက်ရှိပြီး ကွန်ဒုံးသုံးခုပါ တစ်ဘူးလျှင် ကျပ် ၉၀၀ မှ ၂၀၀၀ ကျပ်ကြား ရှိကြောင်း Reckitt Benckiser Health Care ကုမ္ပဏီထံမှ သိရသည်။

From: The Voice Weekly

အိပ်ငိုက်ရောဂါကုသမှု၏ အစောပိုင်း အဆင့် သိပ္ပံပညာရှင်များတွေ့

Posted by drmyochit Sunday, August 25, 2013, under | No comments


သွေးထဲတွင် ပရိုတိုဇိုးဝါး ကပ်ပါးကောင် Trypanosoma gambiense ဝင်ရောက်မှုကြောင့် ဖြစ်သော အာဖရိကအပူပိုင်းဒေသ ရောဂါဖြစ်သည့် အိပ်ငိုက်ရောဂါ Sleeping sickness ၏ အတွေ့ ရအများဆုံးပုံစံအတွက် ကုသမှု ဖန်တီးရာတွင် အစောပိုင်းအဆင့် သို့ သိပ္ပံပညာရှင်များ ရောက်ရှိ နေပြီဖြစ်သည်။

ယင်းကပ်ပါးပိုး၏ မျိုးဗီဇ သည် ကူးစက်မှုကိုတိုက်ဖျက်ရန် ကိုယ်ခံစနစ်က ထုတ်လုပ်သော ပရိုတိန်းများကို ခံနိုင်ရည်ရှိသည်။ အစောပိုင်းစမ်းသပ်မှုများမှ တွေ့ ရှိချက်အရ ကပ်ပါးပိုးများကို ကျယ် ကျယ်ပြန့်ပြန့်သတ်ဖြတ်နိုင်သော ပရိုတိန်း၏ ဗီဇပြောင်းပုံစံကို ဘယ်လ်ဂျီယံသုတေသီများက ပြု လုပ်ထားသည်။ လေ့လာမှုကို Na-ture ဂျာနယ်တွင်ဖော်ပြခဲ့သည်။

gambiense ကပ်ပါး၏မျိုး ဗီဇသည် အာဖရိက၏အနောက် ပိုင်းနှင့် အလယ်ပိုင်းတွင်ဖြစ်ပွား သောအိပ်ငိုက်ရောဂါ၏ ၉ရရာခိုင် နှုန်းကျော်ကို ဖြစ်ပွားစေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ် ပြန်ချက်အရ ၂၀၁၂ခုနှစ်က ၎င်း ရောဂါ ၇၁၉ရဦးဖြစ်ပွားခဲ့သည်။

ကိုယ်ခံစနစ်သည် ကပ်ပါး ပိုးတို့ကိုကြိုးစားတိုက်ဖျက်ရန် apol1 ကို ထုတ်လုပ်သည်။gambiense ကပ်ပါးသည် ပရိုတိန်း apol1 ကို တိုက်ဖျက်ရန် အပိုင်းသုံး ပိုင်းပါ ကာကွယ်ရေးယန္တရားအား မည်သို့ပြောင်းလဲဖြစ်ပေါ်စေသည် ကိုdk Universite Libre de Bruxelles မှသုတေသီများက ပြသခဲ့ ကြသည်။ apol1 ကို သာမန်အား ဖြင့် trypanosoma ကပ်ပါးက လက်ခံသည်။ ပရိုတိန်းက ကပ်ပါး အတွက် အကျိုးပြုသည်ဟု ယုံ ကြည်အောင် လှည့်စားသည်။ ထို့ နောက် ပရိုတိန်းသည် အူအမြှေး နံရံများထဲသို့မြုပ်ဝင်ကာ ထိုရော ဂါမှာပင် ကပ်ပါးကို သတ်လိုက် သည်ဟုဆိုသည်။

gambiense ၏ ကာကွယ် မှုပထမဆင့်တွင် ၎င်းကပ်ပါးတို့ သည် apol1 ပရိုတိန်းကိုဆန့်ကျင် တိုက်ဖျက်ရန် အမြှေးများကိုတောင့် တင်းစေသောပရိုတိန်းတစ်မျိုး ကိုဖန်တီးသည်ဟု ဦးဆောင်စာ တမ်းရေးသားသူ ပါမောက္ခ Etienne pays က ပြောကြားခဲ့သည်။ ဒုတိယအဆင့်မှာ ပရိုတိန်းများ ကိုစုပ်ယူရန် ကပ်ပါးများအတွက် ပိုမိုခက်ခဲစေရန်ဖြစ်သည်။ နောက် ဆုံးတွင် ပရိုတိန်းသည် အခြားအ တားအဆီးများကို ဖြတ်သွားရန် ရှိပါက gambiense သည် အခြား ကပ်ပါးပုံစံများထက် ပို၍လျင် မြန်စွာ apol1 ကို ချေဖျက်နိုင်သည်။ သို့မှသာ ၎င်းကို အမြှေးများက စုပ်ယူနိုင်ခြင်းမပြုမည်ဖြစ်သည်။
၎င်းဖြစ်ရပ်က apol1 ၏အ သွင်ပြောင်းဗီဇကိုဖန်တီးရန် ပါ မောက္ခ Pays နှင့် ၎င်း၏အဖွဲ့အား တွန်းအားပေးနိုင်ခဲ့သည်။ ၎င်းအ သွင်ပြောင်းဗီဇ က gambiense ကပ်ပါးကိုသတ်နိုင်ရုံမက အာဖရိက Trypanosoma ကပ်ပါးအား လုံးကိုသတ်နိုင်သည်ဟုဆိုသည်။

သြဂုတ် ၂၃ ၊ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ
Yangon Media Group

တောင်ပေါ်သားခရီးသည်တင်ယာဉ် အမြန်လမ်းတွင် လမ်းဘေးထိုးကျ

Posted by drmyochit Sunday, August 25, 2013, under | No comments


ရန်ကုန်မှ နေပြည်တော်ကို ထွက်ခွာလာသည့် တောင်ပေါ်သား ခရီးသည်တင် ယာဉ်သည် ယနေ့မွန်းလွဲ၂နာရီ ဝန်းကျင်တွင် အမြန်လမ်းမ မိုင် တိုင်အမှတ်-၁၅၇/ရတွင် လမ်းပြု ပြင်ယာဉ်ကိုတိုက်မိပြီး လမ်းဘေး မြောင်းအတွင်း ထိုးကျမှုတစ်ခုဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်သည် ယနေ့မွန်းလွဲ ၂နာရီဝန်းကျင်ခန့်က တောင်ငူ မြို့နယ် သာဂရရဲစခန်းအပိုင်ဖြစ် သည့် မိုင်တိုင်အမှတ် ၁၅၇/ရ တွင် ယာဉ်မတော်တဆမှုဖြစ်ပေါ် ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် တောင်ပေါ်သားယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်၂ရဦး သည် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်လုပ်သားတစ်ဦး ဒဏ်ရာအ နည်းငယ်ရရှိခဲ့ကြောင်း သာဂရ ရဲစခန်းမှ ယာဉ်တိမ်းမှောက်မှုကို စစ်ဆေးနေသည့် ရဲဝန်ထမ်း၏ပြောကြားမှုအရ သိရသည်။
''ဘေးကကားလေးကို ကျော် ဖို့ လမ်းပေးတာ ကားလေးကမ ကျော်ဘူး။ သူက ကားလေးမကျော် လို့ ကျော်တက်လိုက်တယ်။ အဲဒီ မှာ လမ်းပြင်နေတဲ့သူတွေရှိနေ တော့ တိုက်မိမှာစိုးလို့နဲ့တူတယ်။ လမ်းဘေးကို ဆွဲချလိုက်တာ''ဟု တောင်ပေါ်သားယာဉ်နှင့် လိုက်ပါ လာသည့် ခရီးသည်အမျိုးသားတစ် ဦးက အခြေအနေကို ပြောသည်။
သာဂရမြို့နယ်ရှိ ရဲကင်းမှ ရဲဝန်ထမ်းက ''အခုယာဉ်ကို ကရိန်း ကားနဲ့ပြန်ဆွဲတင်ဖို့ လုပ်နေကြ တယ်။ လူထိခိုက်မှုမရှိဘူး။ ဥပဒေ အရအမှုဖွင့်သွားမယ်''ဟု ပြော သည်။
လမ်းဘေးမြောင်းအတွင်း ထိုးကျခဲ့သည့်အတွက် တောင်ပေါ် သားယာဉ်၏ဦးခေါင်းပိုင်း ပျက် စီးသွားကြောင်း သိရသည်။

သြဂုတ် ၂၃ ၊ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ
Yangon Media Group

မြန်မာပြည်က တီဘီဆေး မတိုးသည့်ပြဿနာ အေရးတကြီး ဖြေရှင်းရန် လိုအပ်

Posted by drmyochit Sunday, August 25, 2013, under | No comments


မြန်မာပြည်မှာ ကျန်းမာရေး ပိုင်းကို ခြိမ်းခြောက်ေ နတဲ့ ဆေးမတိုးတဲ့ တီဘီ ရောဂါ ပြဿနာကို အဖြေရှာရေး နည်းလမ်းသစ်တွေ ရဖို့ ကျန်းမာရေးပိုင်း ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် တွေဟာ ရန်ကုန်မှာ စာတမ်းတွေ ဖတ်ပြီး ဆွေးနွေးနေပါတယ်။

ဒီလ ၂၂ ရက်နဲ့ ၂၃ ရက် နှစ်ရက်ကြာ ရန်ကုန်မှာ ဆွေးနွေးမှုဟာ မြန်မာပြည် အတွက် နိုင်ငံ တကာ သဘောဆောင်တဲ့ စာတမ်း ဖတ်ပွဲ ဖြစ်ပါတယ်။

နယ်စည်း မထား ဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) အစိုးရ ကျန်းမာရေး ၀န်ကြီးဌာနနဲ့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့တို့ ရန်ကုန်မှာ နိုင်ငံ တ၀န်း တီဘီ ရောဂါ ဆေးမတိုးတဲ့ ပြသနာကို ကိုယ်တွယ်မှုကို အရှိန်မြှင့်တင် နိုင်ရေး အတွက် ဆွေးနွေး နေတာပါ။

တီဘီ ရောဂါ ဖြစ်နေတဲ့ အပေါ် အာာရုံ စိုက်မှု၊ တီဘီ ဆေးမတိုးမှု၊ တီဘီနဲ့အိပ်ခ်ျအိုင်ဗွီ ပူးတွဲ ကူးစက်မှုနဲ့ ပတ်သက်လို့ မျက်စိဖွင့် ပေးမှု စတဲ့ ခေါင်းစဉ်နဲ့ စာတမ်းဖတ်ကြား ဆွေး နွေးနေကြတာပါ။

မြန်မာနိုင်ငံမှာ နှစ်စဉ် နှစ်တိုင်း တီဘီရောဂါသည် ၈၉၀၀ တိုးပွားနေပြီး ဆေးဝါး ကုသမှုကို ခံယူနိုင် သူက ၈၀၀ လောက်သာ ရှိနေတာ ဖြစ်ပြီး လေကနေတဆင့် ကူးစက်နေတဲ့ ရောဂါဟာ ဆိုးဆိုး ၀ါးဝါးကို ခြိမ်းခြောက် နေတာပါ။ လတ်တလောမှာ နိုင်ငံတ၀န်းမှာ ဖြစ်ပွား နေတဲ့ ဒီပြသနာကို ဖြေရှင်းပေးနိုင်ဖို့ အရေးတကြီး လိုအပ် နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တီဘီဆေး မတိုးသူကို ၂ နှစ် ကုသ ရမယ်၊ ဘေးထွက် ဆိုးကျိုး ရှိမယ်၊ ကုန်ကျ စရိတ် များမယ်၊ လူနာတွေက တနေ့ကို ဆေးအလုံး ၂၀ ကျော် သောက်ရမယ်၊ ၈ လတာ နေ့စဉ် ဆေးထိုး ရမယ်၊ ဒါပေမယ့် ကုသဖို့ အောင်မြင်နိုင်ခြေ တ၀က်ပဲ ရှိတယ်လို့ ကမ္ဘာ့ စစ်တမ်းက ဖော်ပြ ထားပါတယ်။

ကျန်းမာရေး ၀န်ကြီးဌာန ကတော့ တီဘီရောဂါ ထိန်းချုပ်ရေး ၂၀၁၁-၂၀၁၅ ငါးနှစ် မဟာဗျူဟာ စီမံချက်ကို ချမှတ် အကောင် အထည် ဖော်နေ ပါတယ်။

အဲဒီစီ မံချက်မှာ တီဘီဟာ မြန်မာပြည်မှာ အဓိကပြည်သူ့ ကျန်းမာရေး ပြဿနာ ဖြစ်တယ်။ ကမ္ဘာပေါ်က တီဘီ ရောဂါ ဖြစ်တဲ့ နိုင်ငံ ၂၂ နိုင်ငံ စာရင်းမှာ အဆင့်လေး နေရာက ပါပါတယ်။ ဒါ့အပြင် တီဘီနဲ့ အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားမှု အမြင့်ဆုံး ၄၁ နိုင်ငံထဲမှာ ပါရှိ သလို တီဘီဆေး မတိုးတဲ့ နိုင်ငံ ၂၇ နိုင်ငံထဲမှာ ပါဝင် ပါတယ်လို့ ထုတ်ပြန် ထားတာပါ။

၂၀၀၇ ခုနှစ်မှာ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ချက်အ ရ လူဦးရေ ၁ သိန်းမှာ ၁၇၁ ယောက် ဖြစ်နေ တယ်လို့ ဖော်ပြ ရာက လူတစ်သိန်းမှာ ၇၅ ယောက်နှုန်း ဖြစ်နေတယ် လို့ ဖော်ပြ ခဲ့ပါတယ်၊ ဒါကို ကမ္ဘာလုံး ဆိုင်ရာ တီဘီ အစီရင်ခံစာက တကယ် ဖြစ်နေ တာထက် လျော့ပေါ့ ခန့်မှန်းချက် ဖြစ်တယ်လို့ ၂၀၀၉ – ၂၀၁၀ ကွင်းဆင်း လေ့လာ မှတ်တမ်းမှာ ဖော်ပြ ခဲ့ပါတယ်။

၂၀၁၁ ကနေ ၂၀၁၅ အထိ တီဘီ ထိန်းချုပ်ရေး အတွက် အမေရိကန် ဒေါ်လာ သန်း ၁၆၀ ကုန်ကျ မယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက တွက်ချက် ထားပြီး ရန်ပုံငွေ ကာဟမှုဟာ ဂလိုဘယ်ဖန်း အဖွဲ့က မြန်မာပြည်က တီဘီ ထိန်းချုပ်ရေး လှုပ်ရှား မှုတွေကို ထောက်ပံ့မှု အပေါ် မီခို နေတယ်လို့ ဆိုပါတယ်။

International President of MSF Dr Unni Karunakara က ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါ ဖြစ်တဲ့ တီဘီဆေး မတိုးတဲ့ ပြဿ နာကို ငွေကြေးနဲ့ လူသား အရင်းအမြစ်ပိုင်း ဆိုင်ရာ ၀ိုင်းကူညီ သင့်ကြောင်း နှိုးဆော် လိုက်ပြီး မြန်မာအ ပါအ၀င် ကမ္ဘာ တလွှားက တီဘီဆေး မတိုးတဲ့ လူနာတွေ အတွက် ကုသမှု စောင့်စားဖို့ အချိန် မရှိတော့ဘဲ အခု ချက်ချင်း လုပ်ဆောင် ကြရမယ်လို့ တိုက်တွန်း ထားပါတယ်။

အမ်အက်စ်အက်ဖ်ဟာ ၁၉၉၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ လုပ်ကိုင် နေတာပါ။
နောက်ဆုံး ထုတ်ပြန်တဲ့ ကမ္ဘာ့ ကျန်းမာရေး ထုတ်ပြန်ချက် မှာတော့ မြန်မာပြည်မှာ ၂၀၁၀ က တီဘီ ကူးစက်မှု အသစ် ၁ သိန်း ၈ သောင်း ထပ်ဖြစ် ရာမှာ ၄ သောင်းကျော်က ကေလးတွေ ဖြစ်ပြီး ဆေးမတိုးတဲ့ တီဘီသမားက ၉ ထောင်လောက် နှစ်စဉ် ဖြစ်နေတယ်လို့ ဆိုပါတယ်။


အစိုးရက လုပ်နေတဲ့ တီဘီ ထိန်းချုပ်ရေး မဟာဗျူဟာ စီမံချက် အတွက် ရန်ပုံငွေ ဒေါ်လာ ၁၈၆ သန်းလိုတဲ့ အနက် ၁၁၃ သန်းက ရနိုင်မယ်လို့ မျှော်လင့် ရတယ်။ အဲဒီ ရန်ပုံ ငွေကို အေအိုင်ဒီအက်စ်၊ တီဘီနဲ့ ငှက်ဖျား တိုက်ဖျက်ရေး ကူညီတဲ့ ဂလိုဘယ်ဖန်း အဖွဲ့ထံက အဓိက ရမှာဖြစ်ပြီး လတ်တလောမှာ ဒေါ်လာ ၇၃ သန်းက ရရှိရေး စိမ်ခေါ်မှု ဖြစ်နေ တယ်လို့ ထုတ်ပြန် ထားပါတယ်။

ငါးပိ ဖိုဘီးယား ဖြစ်တော့မှာလား

Posted by drmyochit Sunday, August 25, 2013, under | No comments


ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာ ထည့်သွင်း အသုံးပြု နေကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း၏ ပြီးခဲ့သည့် တစ်ပတ် အတွင်းက ထုတ်ပြန်ချက်က တစ်ရက် နှစ်နပ်ထက်မနည်း နိစ္စ ဓူဝ စားသုံးနေသူများကို တပ်လှန့်လိုက်သည်။ ငါးများ အလျင်အမြန် အရိုးဆွေးပြီး နူးလာစေရန် ငါးပိ သိပ်ရာတွင် ယူရီးယားထည့်သွင်းခြင်း ဖြစ်ကြောင်း ယင်းအသင်းက ဆိုသည်။ ယခင် ၂၀၀၉ ခုနှစ်က အန္တရာယ် ရှိသော ဆိုးဆေး ပါဝင်ခဲ့သည့် ငါးပိအမျိုးမျိုးကို စားသုံးရန်မသင့် အစားအစာ များအဖြစ် ကျန်းမာရေး ဝန်ြ ကီးဌာနက တရားဝင် ကြေညာ ထုတ်ပြန် ခဲ့ပြီးနောက် ယခုအကြိမ် ငါးပိပြဿနာသည် လေးနှစ်အတွင်း တစ်ကျော့ပြန်လာခြင်း ဖြစ်သည်။

နေပြည်တော် မြို့မဈေး အနီးရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် ငါးပိကြိုက်သူ ဒေါ်လှလှဝင်း အတွက်မူ ထို ငါးပိသတင်းက ငါးပိမစားချင် တော့လောက်အောင် ဖြစ်သွားသည်။ "လုပ်ငန်းရှင်တစ်ဦးက ငါးပိနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ဖို့ ဧရာဝတီတိုင်းဘက်မှာ သွားရှာတာ အဲဒီဘက်က ငါးပိတွေမှာ ဓာတ်မြေသြဇာတွေ ထည့်ထားတာ သိခဲ့ရတယ်" ဟု မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောဆိုသည်။ စားသုံးသူ ကာကွယ်ရေးအသင်း၏ ကြေညာချက်သည် ငါးပိလုပ်ငန်းရှင်များ အတွက် စိန်ခေါ်မှုသစ်အဖြစ် ထပ်မံပေါ်ပေါက်လာခဲ့သည်။ သို့သော် ၂၀၀၉ ခုနှစ် ငါးပိပြဿနာကြောင့် စီးပွားရေး ထိခိုက်မှု သိသိသာသာ မဖြစ်ခဲ့သည့်အတွက် ယခု အကြိမ် အတွက်လည်း စိုးရိမ်ပူပန်စိတ် နည်းပါးကြောင်း ငါးပိ၊ ငါးခြောက် လုပ်ငန်းရှင်များ ထံမှ သိရသည်။

ယင်းကြေညာချက် ထုတ်ခဲ့ပြီးနောက် အသင်း၏ တာဝန်ရှိသူများကလည်း ဈေးကွက်တွင်းရှိ ငါးပိအမျိုးမျိုးကို ဓာတ်ခွဲစမ်းသပ်ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါအသင်း အတွင်းရေးမှူး ဒေါ်စိုးကလျာထိုက်က ပြောဆိုသည်။ ကျန်းမာရေးဝန်ကြီးဌာန လက်အောက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန၊ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် သက်ဆိုင်ရာ ကျန်းမာရေး တာဝန်ခံများက ရန်ကုန်မြို့တွင်းရှိ ဆူပါမားကက်ကြီးများနှင့် ဈေးများတွင် ငါးပိ အပါအဝင် အခြားသီးနှံ အစားအသောက် များကို သြဂုတ်လ ၂၀ ရက်နေ့တွင် လိုက်လံ စစ်ဆေးခဲ့သော်လည်း နှစ်ရက်ကြာသည် အထိ အဖြေမထွက်သေးပေ။

ဧရာဝတီတိုင်း ဒေသကြီးမှ လုပ်ငန်းရှင် အများစုသည် ငါးပိရည်ကျို ငါးအတွက် ငါးဆားနယ် အဆင့်ထိသာ အများစု လုပ်ကိုင်ကြပြီး ငါးပိရည်ကျိုဖြစ်သည် အထိကိုမူ သက်ဆိုင်ရာ ပွဲရုံကြီးများက ထပ်မံဆောင်ရွက်ကြကြောင်း၊ ငါးပိရည် ကျိုအဆင့် ရောက်ရှိရန် ငါးဆားနယ် များကို အနည်းဆုံးလေးလခန့်ထိ အိုးအတွင်းသိပ်ထားရန် လိုအပ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် ဓမင်းဆိပ်ကျေးရွာ မှ မိရိုးဖလာ ငါးပိလုပ်ငန်းလုပ်ကိုင်ခဲ့သူ ဦးမျိုးဦးက The Voice သို့ ပြောကြားသည်။ "ကျွန်တော်တို့ ဘက်ကတော့ ငါးမြန်မြန်နပ်ဖို့ဆို ငါးဆားနယ်ကို နေကို သေချာမလှမ်းဘဲ ထမင်းစိုစိုနဲ့ တစ်ခါတည်း ရောသိပ်လိုက်တာပဲ။ ဓာတ်မြေသြဇာတွေ မသုံးကြသလို အလုပ်ရှုပ်မှာစိုးလို့ အိုးတောင် မသိပ်ဘဲ ပွဲစားတွေဆီ အပ်ကြတယ်" ဟု ၄င်းက ထပ်မံပြောဆိုသည်။

လေးထောင့်ကန် ငါးပိငါးခြောက်ရုံ (၃) ဥက္ကဋ္ဌ ဦးမောင်မောင်သိန်းကလည်း မိမိ အတွေ့အကြုံအရ နယ်ဘက်မှ တစ်နိုင်တစ်ပိုင် ငါးပိလုပ်ကိုင်သူများသည် ရောင်းတမ်းဝင်အောင် မလိုလားအပ်သော ပစ္စည်းများ သုံးကာ ရန်ကုန်ဈေးသို့ လာရောက်ရောင်းချ ကြခြင်းဖြစ်ပြီး ယခင်နှစ်များက ယင်းကဲ့သို့ မကြားဖူးကြောင်း ပြောဆိုသည်။ "သက်ဆိုင်ရာက စစ်ဆေးမယ်ဆိုရင် ဈေးတွေမှာ ရှောင်တခင်စစ်ပြီး ဘာတံဆိပ်လဲ၊ ဘယ်ကဝယ်လဲဆိုတာ စစ်ဆေးပြီး အမြစ်ပြတ်အောင် ဆောင်ရွက်စေချင်တယ်" ဟု ၄င်းက အကြံပြုပြောဆိုသည်။

စားသုံးသူ ကာကွယ်ရေးအသင်း ကလည်း ဓာတ်ခွဲခန်းတွင် သွားရောက် စစ်ဆေးပြီး လာမည့်တစ်ပတ် အတွင်း စစ်ဆေးတွေ့ရှိချက်များကို ကြေညာသွားမည်ဟု ထုတ်ပြန်ခဲ့သည်။ "စစ်ဆေးချက်အဖြေပေါ် မူတည်ပြီး စားသင့်၊ မစားသင့် စဉ်းစားရမှာက စားသုံးသူတွေ အပိုင်းပါ" ဟု အဆိုပါအသင်း တာဝန်ရှိသူ ဒေါ်စိုးကလျာထိုက်က ဆိုသည်။ ဓာတ်မြေသြဇာ ထည့်သွင်းထား သော ငါးပိများသည် လူ့ခန္ဓာကိုယ်အတွက် အဆိပ်သင့်စေနိုင်ပြီး ရေရှည်စားသုံးပါက ကင်ဆာရောဂါအမျိုးမျိုး ဖြစ်စေနိုင်သည်။

ယူရီးယားဓာတ်မြေသြဇာတွင် ပါဝင်သော အမိုနီယမ်နိုက်ထရိုက် ကွန်ပေါင်းများသည် ရေရှည်စားသုံးပါက အစာအိမ်ကင်ဆာ၊ အစာရေမျိုကင်ဆာနှင့် အူမကြီးကင်ဆာတို့ ဖြစ်ပွားစေကြောင်း၊ ကလေးငယ်များတွင်မူ သွေးကင်ဆာ၊ အမျိုးသမီးများတွင်မူ မျိုးဥကင်ဆာ၊ အူမကြီးကင်ဆာ၊ စအိုကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာတို့ ဖြစ်နိုင်ကြောင်း အထွေထွေရောဂါဆရာဝန် ဒေါက်တာဝမ်းထွဋ်က The Voice သို့ ရှင်းလင်းပြောကြားသည်။ ယင်းအပြင် အယ်ဇိုင်းမားရောဂါ၊ အမျိုးအစား(၂) ဆီးချိုရောဂါ နှင့် ပါကင်ဆန် ရောဂါ (ဦးနှောက်၏ အောက်ခြေတွင် ရှိသော အာရုံကြော အဖုများ ပျက်စီးသောရောဂါ) တို့ကို ဖြစ်ပွားစေနိုင်ကြောင်း ၄င်းက ထပ်လောင်းပြောဆိုသည်။

တစ်ဖက်တွင်လည်း နိုင်ငံတကာ ပညာရှင်များ၏ လေ့လာတွေ့ရှိ ချက်အရ ယူရီးယားကို အစားအစာများတွင် ထည့်သွင်းပါက ယူရီးယားအာနိသင် တဖြည်းဖြည်း လျော့ပါး သွားကြောင်း၊ ယူရီးယားသည် ပြင်ပတွင် ကြာရှည် မတည်မြဲနိုင်ဘဲ အမိုးနီးယားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် အဖြစ် ပြောင်းလဲသွားတတ်ပြီး ယင်းပြောင်းလဲသွားသော ဒြပ်ပေါင်းသည် လူ့ခန္ဓာကိုယ်အတွက် အန္တရာယ်မဖြစ်စေကြောင်း ဒေါက်တာဝမ်းထွဋ်က ထပ်မံ ပြောကြားသည်။

မည်သို့ပင်ဆိုစေ ငါးပိကြောင့်သာမက အခြားအစား အစားများတွင် လူကို အန္တရာယ်ဖြစ်စေသော ဓာတ်သတ္တုများ ပါဝင်ခြင်းနှင့် နေထိုင်မှုပုံစံများ ပြောင်းလဲလာခြင်းကြောင့် မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားမှုနှုန်း နှစ်စဉ်တိုးတက်လျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက သတိပေး ပြောကြားထားသည်။ "ပိုက်ဆံဘယ်လောက်ရရ အဲဒါမျိုးတော့ မလုပ်သင့်ဘူး" ဟု ဦးမောင်မောင် သိန်းက အကြံပြု ပြောကြားသည်။ အစိုးရကလည်း ယင်းကဲ့သို့အစား အသောက်တွင် မသမာမှုများ အသုံးပြုမှု များကို အပြစ်ပေးရန် အမျိုးသား အစားအသောက်ဥပဒေတွင် ငွေဒဏ်သတ်မှတ် ချက်ကို အနည်းဆုံး ငါးထောင်မှ အများဆုံး ငါးသိန်းထိ တိုးမြှင့်ပြင်ဆင်ထားသည်။

သို့သော် လက်တွေ့ဆောင်ရွက်ချက် တွင်မူ မြန်မာနိုင်ငံရှိ စားသုံးသူများသည် အခွင့်အရေး ဆုံးရှုံးမှုများ ခံစားနေရသေးသည်။ နေ့စဉ်စားသုံးသော အစားအစာများသည် ကျန်းမာရေးအတွက် အန္တရာယ်ရှိ သော်လည်း ပြန်လည်တုံ့ပြန်ရန် အခွင့်အရေးက အလှမ်းကွာနေသေးသည်။ ငါးပိကဲ့သို့ နေ့စဉ် စားအစားအစာတွင် အန္တရာယ်ရှိပစ္စည်းများ ပါဝင်လေ့ ရှိသည်မှာ မဆန်းတော့သလို ဖြစ်နေသည်။

ငါးပိမတိုင်မီ အချဉ်ရည်တွင် ဆာလဖြူရစ်အက်စစ် တွေ့ရှိခြင်း၊ ငရုတ်သီးမှုန့် များတွင် ဆိုးဆေးအသုံးပြုခြင်း၊ လက်ဖက်တွင် ဆိုးဆေးအသုံးပြုခြင်း၊ မယ်လမင်းဓာတ်ပါ နို့မှုန့်များ ဝင်ရောက် လာခြင်း ဖြစ်သည်။ ယခု မြန်မာ့ဟင်းပွဲတွင် မပါမဖြစ် ငါးပိအလှည့်သို့ ရောက်လာပြီ။ လူအများ ငါးပိကြောက်ရောဂါ (ငါးပိ ဖိုဘီးယား) ဖြစ်တော့မလား။ "အရင်က မသိလို့စားတာ။ အခုသိတော့ မစားတော့ဘူး" ဟု ငါးပိချစ်သူ ဒေါ်လှလှဝင်းက ဆိုလေသည်။



ရလေး၊ အောင်မျိုးထက်
THE VOICE JOURNAL

အီဂျစ် မွတ်စလင် အစွန်းရောက် သမ္မတ မိုဟာမက် မော်စီ လက်ထက်မှာ ၉ နှစ်သမီး အရွယ်ကို လက်ထပ်နိုင်ဖို့  ဥပဒေ ပြင်ဆင်ရန်မအောင်မြင်

Posted by drmyochit Sunday, August 25, 2013, under | No comments


အီဂျစ် မွတ်စလင် အစွန်းရောက် သမ္မတ မိုဟာမက် မော်စီ လက်ထက်မှာ ၉ နှစ်သမီး အရွယ်ကို လက်ထပ် နိုင်ဖို့  ဥပဒေ ပြင်ဆင်ရန် ကြိုးစားခဲ့တာမအောင်မြင်ခဲ့ပါ။

အီဂျစ်နိုင်ငံ၏ အခြေခံ ဥပဒေအသစ် ပြင်ဆင်ရေးဆွဲရေးကော်မီတီမှာ ပါဝင်သူ တစ်ဦး ဖြစ်တယ့် အစ္စလာမ်
ဘာသာရေးဆရာ Yassir Barhami ဟာ မိန်းခလေးများလက်ထပ်နိုင်သော အသက်အရွယ်ကို ၁၈ နှစ်မှ
၉ နှစ်အထိ လျှော့ချဖို့ တိုက်တွန်း အကြံပြုခဲ့ပါတယ်။

သူ ဟာ ကုရ်အာန်ကို ကိုးကားပြီး ပြောဆိုပါတယ်၊ကုရ်အာန်မှာ ပါရှိတယ့် အတိုင်း မိန်းခလေးများဟာ
၁၄ နှစ် ဆိုရင် ကလေးမွေးသင့်ပြီ၊ ၉ နှစ်၊ ၁၀ နှစ်အရွယ်ဆို လက်ထပ်သင့်ပြီလို့ ဆိုပါတယ်။

အီဂျစ်စစ်တပ်သာ အာဏာသိမ်းပြီး မော်စီကို ဖယ်ရှားခြင်း မလုပ်ခဲ့ဖူးဆိုရင်အီဂျစ်နိုင်ငံဟာ Muslims Brotherhoods ဦးဆောင်သော မွတ်စလင်အစွန်းရောက်များရဲ့ လက်အောက်မှာ အေဒီ ခြောက်ရာစု
ဆီကို ပြန်ဆွဲခေါ်ယူခြင်း ခံရတော့မှာ သေချာပါတယ်။
Khin Mg Ye Sein
________________________________________________________
An ultraconservative Egyptian cleric– who is part of the committee drafting Egypt’s new constitution– is suggesting the country drastically lower the age limit at which girls can marry, Egyptian media is reporting.

According to BikyaMasr, cleric Yassir Barhami cited the Koran in stating that once a girl begins menstruating, usually around 14-years-old, she should begin having children.

Therefore, he reportedly explained, “it is permissible for the girl at the age of 9 or 10 to marry.”

မူရင်းလင့်= http://www.theblaze.com/stories/2012/09/29/will-new-democratic-egyptian-constitution-allow-9-year-old-girls-to-marry/

မက္ကဆီကိုစီးတီးအနီး စုပုံမြှုပ်ထားသော အလောင်းများတွေ့

Posted by drmyochit Sunday, August 25, 2013, under | No comments


ဩဂုတ်၂၂ရက်က မက္ကဆီ ကိုစီးတီးအနီး အစုလိုက်အပြုံ လိုက် မြှုပ်နှံထားသောသင်္ချိုင်း မြေပုံတစ်ခုကို အာဏာပိုင်တို့က တွေ့ရှိခဲ့ရာ မေလက ပြန်ပေးဆွဲ ခံခဲ့ရသော လူငယ် ၁၂ဦး၏အ လောင်းများဟုတ်မဟုတ် စိုးရိမ် နေသောဆွေမျိုးများက သိချင် နေသည်။

ဩဂုတ် ၂၁ရက်က ပန်းခြံ တစ်ခုတွင် ရှာဖွေမှုစတင်ပြီး နောက် ပုပ်သိုးဆွေးမြည့်နေသော လူခုနစ်ဦးပါအလောင်းများတွေ့ ရခြင်းဖြစ်သည်ဟု မက္ကဆီကိုစီး တီး၏ ထိပ်တန်းရှေ့နေရိုဒေါ်လ် ဖိုရီယို့စ်က ပြောကြားခဲ့သည်။ အလုပ်သမားများက ဆက်လက် တူးဖော်ရှာဖွေလျက်ရှိသည်။

အလောင်းများကို ခွဲခြား သိရှိရန်အတွက် DNA ရလဒ် များရရှိရန် အနည်းဆုံးနှစ်ရက် ကြာမည်ဟု ရီယို့စ်က ပြောကြား ခဲ့သည်။ ပြန်ပေးဆွဲခံရသူများ မှာ အသက်၁၆နှစ်မှ ၃၄နှစ်အ ရွယ်အထိ ပါဝင်ပြီး လွန်ခဲ့သည့် သုံးလက တနင်္ဂနွေနေ့နေ့ခင်း ကြောင်တောင်မြို့လယ်ရှိ ဘား ဆိုင်တစ်ခုမှ အဓမ္မခေါ်ဆောင် ခံခဲ့ရသည်။
၎င်းဖြစ်ရပ်ကြောင့် မက္ကဆီ ကိုစီးတီး၏ လုံခြုံရေးကိစ္စအပေါ် စိုးရိမ်မှုများမြင့်မားလာခဲ့ပြီး မူး ယစ်ဆေးဝါးဂိုဏ်းများ၏ အကြမ်း ဖက်တိုက်ခိုက်မှုကို ယခင်ကနှင့် စာလျှင်ခုခံကာကွယ်နိုင်စွမ်းရှိပြီ ဆိုသည့်ယူဆချက်ကို စိန်ခေါ် လျက်ရှိသည်။

သင်္ချိုင်းမြေပုံကို မြို့တော် ၏အရှေ့တောင်ဘက် ၁၉မိုင် အကွာ တီလယ်မာနယ်လ်ကို စည်ပင်သာယာနယ်နိမိတ်အ တွင်း ရန်ချိုလာမီဆာဂေဟဗေဒ ပန်းခြံတွင် တွေ့ရှိခဲ့သည်။ အာ ဏာပိုင်များသည် ဩဂုတ်၂၁ ရက်က လက်နက်များရှာဖွေခဲ့ရာ ရပ်ထားသောနောက်တွဲယာဉ် တစ်ခုပေါ်မှ လက်နက်များ တွေ့ ရှိခဲ့သည်။ ထို့အပြင် ဘိလပ်မြေ ဖြင့်အုပ်ထားသော မြေနေရာ တစ်ခုကို တွေ့ရှိတူးဖော်ရာမှ အ လောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ် သည်ဟု ရဲအရာရှိတစ်ဦးက ပြော သည်။

Ref-AFP
Yangon Media Group

တအားကြီး Sexy ကျတဲ့ပုံစံဘက်ကို ညီမ မရိုက်တဲ့အတွက် ဘာမှလိပ်ပြာမသန့်တာလည်းမရှိဘူး ။ (စံရတီမိုးမြင့် တွေ့ဆုံခြင်း)

Posted by drmyochit Sunday, August 25, 2013, under | No comments


====================
ရ တ နာ တွေ့ ဆုံမေးမြန်းသည်။
====================
မော်ဒယ်လောကမှတစ်ဆင့် ကြော်ငြာပိုင်းသို့ကူးပြောင်းရိုက်ခဲ့ပြီးနောက်ပိုင်းတွင် ကြော်ငြာရိုက်ရင်းနဲ့ အောင်မြင်မှုတစ်ခု လို့ပြောလို့ရအောင်ပင် ပရိသတ်အသိများခဲ့တဲ့ စံရတီမိုးမြင့်တစ်ယောက် ယခုအခါတွင် ဇာတ်ကားရိုက်ကူးမှုများစိပ်လာခဲ့ပုံ နှင့်ပတ်သက်၍ မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - အခုရိုက်နေတဲ့ 'စက္ကူကျား'ဆိုတဲ့ဇာတ် ကားမှာ ဘယ်လိုပုံစံနဲ့ သရုပ်ဆောင်ဖြစ်မလဲ။
ဖြေ - ညီမ အခု 'စက္ကူကျား'ဆိုတဲ့ဇာတ်ကား မှာ ယောက်ျားလျာပုံစံနဲ့ သရုပ်ဆောင်ရမယ် ပေါ့နော်။ ဒါရိုက်တာဦးဒေါနနဲ့ မင်းသားက ကျော်ကျော်ဗိုနဲ့ပေါ့။

မေး - အနုပညာလောကထဲကို ဝင်ရောက်ဖြစ်ခဲ့ ပုံလေး ပြောပြပါဦး။
ဖြေ - ဒီအလုပ်ကို ငယ်ငယ်ကတည်းက ဝါသ နာပါတယ်။ ပါတော့ ၁ဝတန်းပြီးတဲ့အချိန်မှာ မော်ဒယ်ဘက်ကိုဝင်တာ မော်ဒယ်ကနေတစ်ဆင့် ကြော်ငြာရိုက်တယ်။ ကြော်ငြာကနေပြီးတော့မှ ဦးသိန်းဟန်က ရုပ်ရှင်စရိုက်ဖို့ခေါ်တာပါ။ ကြော် ငြာကနေမှ ဒီသရုပ်ဆောင်တဲ့လိုင်းကို ရောက်ဖြစ် ခဲ့တာပါ။

မေး - ဆင်ဆာပြန်လျှော့ပေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး ညီမအမြင်လေး။
ဖြေ - အခုနောက်ပိုင်း ဆင်ဆာက ပိုကျပ်လာ တယ်။ အဝတ်အစားပိုင်းကအစ ပိုကျပ်လာ တယ်။ ဒီအတွက် သူတို့က ကိုယ့်ထက်ဝါရင့်တဲ့ သရုပ်ဆောင်တွေပေါင်းပြီးတော့ နောက်တစ်ခု က ရုပ်ရှင်လုပ်ငန်းအစရှိတဲ့ သက်ဆိုင်ရာဌာန တွေကစီစဉ်ခဲ့တာဆိုတော့ ကိုယ့်အထက်လူကြီး တွေကောင်းမယ်ထင်လို့လုပ်တဲ့အတွက် ညီမတို့ ကတော့ ဘာမှကန့်ကွက်စရာမရှိပါဘူး။ သူတို့ပြောတဲ့စည်းကမ်းတွေပေါ်မှာပဲ လိုက်ပြီးတော့ နေပေးရမှာပေါ့။ ဒါကလည်း သူတို့ကောင်းမယ် ထင်လို့လုပ်တဲ့အရာတွေပဲ ဖြစ်မှာပါ။

မေး - နိုင်ငံတကာကို ဗီဒီယိုဇာတ်ကားတွေ၊ ရုပ် ရှင်ကားကြီးတွေထိုးဖောက်ဖို့အတွက်ကို အဘက် ဘက်ကနေလုပ်ဆောင်နေတဲ့အခါမှာ ညီမတို့ သရုပ် ဆောင်တွေအပိုင်းကလည်း ဘယ်လိုမျိုးတွေဆောင် ရွက်ဖို့ရှိလဲ။
ဖြေ - အဓိကကတော့ ညီမတို့က နိုင်ငံတကာကို ထိုးဖောက် မဖောက်တာထက် ကိုယ်ရလာတဲ့ ဇာတ်လမ်းပေါ်မူတည်ပြီး အကောင်းဆုံးသရုပ် ဆောင်ပါတယ်။ ကိုယ်ကြိုးစားပြီးတော့ အ ကောင်းဆုံးသရုပ်ဆောင်တယ်။ နိုင်ငံတကာ ထိုးဖောက်နိုင်ဖို့ကျတော့ အဘက်ဘက်ကတော့ ပိုကောင်းရမှာပေါ့။ ဥပမာ- စက်ပိုင်းဆိုင်ရာ၊ မီးအလင်းအမှောင်၊ ကင်မရာ အဘက်ဘက်က နေပြည့်စုံမယ်ဆိုရင်တော့ နိုင်ငံတကာကို ထိုး ဖောက်နိုင်မယ်လို့ ထင်ပါတယ်။

မေး -Ah Boy ရဲ့ချစ်သူကောင်မလေးတစ်ဦး အနေနဲ့ ပရိသတ်က သိချင်နေတယ် ပြောပြပေး လို့ရမလား။
ဖြေ - အချစ်ရေးတော့ မဖြေချင်ဘူး။

မေး - ဘယ်လိုဇာတ်ကောင်မျိုးတွေက ကိုယ်နဲ့ လိုက်ဖက်တယ်လို့ ထင်လဲ။
ဖြေ - ညီမနဲ့လိုက်ဖက်မယ့်ကာရိုက်တာ၊ ညီမ လုပ်နိုင်မယ့်ကာရိုက်တာတစ်ခုကို ညီမ အကောင်း ဆုံးကြိုးစားပြီးတော့ လုပ်တယ်ပေါ့နော်။ ညီမ လက်ခံတဲ့ဇာတ်ရုပ်တွေကလည်း ညီမလုပ်နိုင် တဲ့ကာရိုက်တာ၊ ညီမနဲ့လိုက်ဖက်တဲ့ကာရိုက် တာ များပါတယ်။

မေး - အနုပညာလောကနဲ့ပတ်သက်ပြီး လက်ဦးဆရာကရော ဘယ်သူဖြစ်မလဲ။
ဖြေ - အကုန်လုံးကတော့ သင်ဆရာ၊ မြင် ဆရာ၊ ကြားဆရာတွေချည်းပဲပေါ့နော်။ ကြော်ငြာ ဘက်မှာဆိုရင်လည်း ကြော်ငြာအလျောက် ဆရာတွေရှိတယ်။ ဒီရုပ်ရှင်ဘက်ဆိုရင်လည်း ဦးသိန်းဟန်က ပထမဆုံး ရုပ်ရှင်ရိုက်ဖို့ ပြော တာပေါ့နော်။ ကြော်ငြာရိုက်နေတဲ့အချိန်မှာ ကြော်ငြာတွေကလည်း တအားပေါက်တော့ သူကပြောတယ်။ ကိုယ်ကရုပ်ရှင်ဘက်ကို မကူး ရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြော်ငြာနဲ့ ရုပ်ရှင်နဲ့ သရုပ်ဆောင်ရတာ မတူတဲ့အချက်တွေများ တယ်။ ကြော်ငြာက ပိုပြီးသရုပ်ဆောင်ရတာ မရှိဘူး။ အဲဒီတော့ ကြော်ငြာက သိပ်ပြီးတော့ အခက်အခဲမရှိဘူး။ ရုပ်ရှင်ဘက်ကိုဝင်ဖို့ကျ တော့ ကိုယ်က တအားကိုကြောက်နေခဲ့တယ်။ အဲဒီအချိန်မှာ ဦးသိန်းဟန်က အတင်းခေါ်ပြီး တော့ ရုပ်ရှင်ရိုက်ခိုင်းတယ်။ အဲဒီရုပ်ရှင်ရိုက်ဖို့ ကို ဦးသိန်းဟန်နဲ့ တော်တော်ကြီး စကားပြော လိုက်ရပါတယ်။ ကိုယ်က လုပ်ချင်တာတော့ လုပ် ချင်တယ်။ ဒါပေမဲ့ တအားကိုကြောက်တော့ သူ့ကိုရှောင်လိုက်နဲ့ လုပ်နေသေးတယ်။ နည်း နည်းတော့ ရယ်ရတယ်။ နောက်ပိုင်းတော့ သူ့ အလိုလို တဖြည်းဖြည်းနဲ့ ရုပ်ရှင်လောကထဲ စရောက်လာခဲ့တာပေါ့။

မေး - ရုပ်ရှင်ရိုက်ရမှာ ကြောက်တယ်ဆို တော့ ဘာဖြစ်လို့လဲ။
ဖြေ - အရင်တုန်းက ဇာတ်ကားစရိုက်လို့ အဲဒီဇာတ်ကားထဲမှာ ဝါရင့်သရုပ်ဆောင်တစ်ဦး ပါရင် ကိုယ်က ကြောက်နေခဲ့တာ။ သူနဲ့ဆုံတဲ့အခန်း တွေဆိုရင် ကိုယ်ကလန့်နေတာ။ နောက်ပိုင်း ကျတော့ နှစ်ကားကနေ သုံးကား၊ သုံးကားက နေ လေးကားဖြစ်လာတဲ့အခါကျတော့ မ ကြောက်တော့ဘူး။ သူတို့ဆီက ဘယ်လိုပညာ ယူရမလဲဆိုတာပဲ ရှိတော့တယ်။ ခေါင်းထဲမှာ ကြောက်စိတ်တွေ တအားမရှိတော့ဘူး။ ဝါရင့် သရုပ်ဆောင်တွေကလည်း သင်ပေးကြပါတယ်။

မေး - Sexy ပုံတွေနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်မှာ ကွန်းမန့်တွေပေးထားတာနဲ့ပတ်သက်ပြီး နည်း နည်းလောက် ပြောပြပါဦး။
ဖြေ - ညီမကတော့ အဲဒီလိုပုံမျိုးတွေ မရိုက်ပါ ဘူး။ ညီမနဲ့လည်း အဲဒီ Sexy အဝတ်အစားတွေ ကသိပ်ပြီးတော့လည်း မလိုက်ဖက်ဘူး။ ညီမတို့ နောက်ဆုံးသွားတဲ့ပုံစံတွေဆိုရင် Kid Sexy သွားတဲ့ပုံစံမျိုးပဲရိုက်တယ်။ တအားကြီး Sexy ကျတဲ့ပုံစံဘက်ကို ညီမမရိုက်တဲ့အတွက် ဘာမှ လိပ်ပြာမသန့်တာလည်း မရှိဘူး။ ကိုယ့်အပိုင်းနဲ့ ကိုယ်ပဲ။ ကျန်တဲ့သူတွေလည်း ကိုယ့်အပိုင်းနဲ့ ကိုယှ်နထပ ရိုက်နေကြတာဆိုတော့ သူများတွေ ကိုတော့ သိပ်မပြောလိုပါဘူး။

မေး - ဘယ်လိုဖက်ရှင်တွေကို အများဆုံးစိတ် ဝင်စားတာလဲ။
ဖြေ - ခရုပုံစံလေးတွေ Kid Sexy ပုံစံလေး တွေ တအား Sexy ကျတဲ့ပုံစံမျိုးကိုဝတ်လို့ရ တယ်။ ဒါပေမဲ့ ကိုယ်နဲ့လည်းလိုက်တော့ လိုက် တယ်။ ဒါပေမဲ့ ကိုယ်မကြိုက်ဘူးပေါ့နော်။ အဲဒီ အတွက်ကို ညီမ မြန်မာခရု Sexy တို့၊ ခရုပုံစံ အဝတ်အစားတွေကို ပိုပြီးတော့ကြိုက်တယ်။

Yangon Media Group

ရန်ကုန်တိုင်းဒေသကြီးအတွင်း Day Club နှင့် Day Party များ ပြုလုပ်နေမှုကို ဒေသန္တရအမိန့် ထုတ်ပြန်တားမြစ်

Posted by drmyochit Sunday, August 25, 2013, under | No comments

မေလအတွင်း ရန်ကုန်မြိ့ရှိ Day Club တစ်ခု၏ အတွင်းပိုင်းမြင်ကွင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း Day Club များ ဖွင့်လှစ်ခြင်းနှင့် Day Party များ ပြုလုပ်နေမှုကြောင့် မြို့နယ်အသီးသီးတွင် ဒေသန္တသရအမိန့်များ ထုတ်ပြန်ပြီး တားမြစ်ထားကြောင်း သြဂုတ် ၂၄ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ မြို့နယ်အများစုတွင် ၂၀၁၃ ခုနှစ် သြဂုတ်လ တတိယအပတ်အတွင်းမှ စတင်၍ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ဒေသန္တရအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တားမြစ်ထားသည့်ကြားမှ လိုက်နာမှု မရှိကြောင်း စစ်ဆေးတွေ့ရှိပါက ပိုင်ရှင်နှင့် ဦးဆောင်သူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှိုင်စိုးသန့်က သြဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်၍ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမြင့်က "မြို့နယ်တွေအားလုံးမှာ ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ Day Club တွေ၊ Day Party တွေမှာ လူငယ်အရွယ်တွေ၊ ကျောင်းသူ/ကျောင်းသားတွေ ပါဝင်မှုတွေ ရှိတဲ့အတွက် ပညာရေးအပိုင်းကို ထိခိုက်တယ်။ အကျင့်စာရိတ္တ အပိုင်းတွေကို အများကြီး ထိခိုက်တယ်။ အမြင်မတော်မှုတွေ ရှိလာတဲ့အတွက် Day Club တွေ၊ Day Party တွေမဖွင့်ဖို့ မလုပ်ဖို့ တားမြစ်ရခြင်း ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

Day Club များနှင့် Day Party များ ဖွင့်လှစ်နေခြင်း ရှိမရှိကို ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနများမှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးသွားမည့်အပြင် လူမှုကွန်ရက် အင်တာနက် စာမျက်နှာများကိုလည်း အမြဲတမ်းစောင့်ကြည့် သွားမည်ဖြစ်ကြောင်း သိရသည်။

"တားမြစ်ထားတဲ့ အမိန့်ကို လိုက်နာမှု ရှိမရှိဆိုတာ အမြဲတမ်း စစ်ဆေးသွားမယ်။ လိုက်နာမှု မရှိခဲ့ရင်တော့ ဒေသန္တရအမိန့် ချိုးဖောက်မှုနှင့် အရေးယူသွားမယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲအရာရှိကြီး တစ်ဦးက သြဂုတ်၂၄ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ ကလပ်များတွင် ဆယ်ကျော်သက်အရွယ် အများစု ပါဝင်နေသည့် Day Party များ ပြုလုပ်မှု ပိုမိုများပြားလာပြီး အများစုမှာ တရားဝင် ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲ နားလည်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ကာ Facebook စာမျက်နှာများမှတစ်ဆင့် ကြော်ငြာခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းများဖြင့် ဆယ်ကျော်သက်များအကြား ပျံ့နှံ့စေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ Day Party များ ပြုလုပ်မှုမှာ ယခုနှစ်အတွင်း ပိုမိုများပြားလာကြောင်း သိရသည်။

Day Party များ ပြုလုပ်လျက်ရှိသည့် နေရာများမှာ အလုံမြို့နယ်ရှိ Sky Way၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ Cloud 9၊ တာမွေမြို့နယ်ရှိ IT ကလပ် စသည့်နေရာများတွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

From: Eleven

မာရီနာပြောတဲ့ အချစ်အကြောင်း

Posted by drmyochit Sunday, August 25, 2013, under | No comments


ဆယ်ကျော်သက်ကတည်းက မြင်မြင်ချင်းချစ်မိတယ်ဆိုတာကို မရှိတာပါ

မြင်မြင်ချင်းချစ်မိတယ်ဆိုတဲ့ စကားကိုပြောရမယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် အမြင် ချင်းမတူနိုင်ဘူးလို့ထင်ပါတယ်။ မြင် မြင်ချင်းချစ်မိမယ့်သူက ရှိတဲ့သူ လည်းရှိမယ်။ မရှိတဲ့သူလည်းမရှိဘူး ပေါ့။ ညီမသိသလောက် သေချာ လေ့လာမြင်တွေ့ရသလောက်ပြော ရမယ်ဆိုရင်တော့ မြင်မြင်ချင်းချစ်မိ တယ်ဆိုတာ ခဏတာလောက် ကြိုက်မိသွားတာလောက်ပဲဖြစ်မှာ ပါ။ စွဲစွဲမြဲမြဲချစ်မိဖို့ဆိုတာကတော့ နည်းနည်း နည်းမယ်ထင်ပါတယ်။ ဆယ်ကျော်သက် ဘ၀တုန်းကချစ်မိ တဲ့အချစ်မျိုးဆိုတာမရှိခဲ့ပါဘူး။ မာ ရီနာက ဆယ်ကျော်သက်ဘ၀တုန်း က ဟေးလားဝါးလားလုပ်တာများ တယ်။ စားမယ်၊ သောက်မယ်၊ သွားမယ် ဒီလောက်ပဲရှိခဲ့တယ်။ သစ်ရွက်လှုပ်တာနဲ့ရင် ခုန်မိတဲ့အ ရွယ်မှာတုန်းကယောက်ျားလေးဆန် ဆန်သွားလာလှုပ်ရှားမိခဲ့တဲ့အတွက် ဆယ်ကျော်သက်အချစ်ဆိုတာမျိုး မရှိခဲ့ပါဘူး။

အချစ်ဆိုတာ ပူလောင်တတ် ပါတယ်

အချစ်ဆိုတဲ့ခံစားချက်ကို မာ ရီနာရဲ့အမြင်ခံစားချက်ကိုပြောရ မယ်ဆိုရင် အချစ်ဆိုတာပူလောင် တတ်ပါတယ်။ တစ်ခါတလေ နွေး ထွေးမှု၊ ကြင်နာမှုတွေပေးတတ် တယ်လို့ထင်ရပေမယ့် သေသေချာ ချာရင်ထဲမှာ နက်ရှိုင်းစွာချစ်တတ် လာမိပြီဆိုရင်တော့ အချစ်ဆိုတာ က ပူလောင်တာများပါတယ်။

အိမ်ထောင်ဖက်ကယောက်ျား ပီသရပါမယ်

မာရီနာရဲ့ဘ၀လက်တွဲဖော် အိမ်ထောင်ဖက်က အဓိကက အ ရည်အချင်းရှိဖို့လိုအပ်တယ်လို့ခံယူ ထားပါတယ်။ ယောက်ျားပီသရ မယ်။ ဘ၀နဲ့ပတ်သက်ပြီး အတွေ့ အကြုံ အတွေးအခေါ်တွေမြင့်မား သင့်သလို အသက်အရွယ်အလိုက် ကြိုတင်စီမံချမှတ်ထားတဲ့ ဘ၀ရဲ့ ရည်မှန်းချက်တွေရှိသင့်ပါတယ်။ ကိုယ့်ရည်မှန်းချက်အတိုင်း အလုပ် ကိုကြိုးကြိုးစားစားလုပ်တတ်တဲ့သူ၊ ယောက်ျားစိတ်ဓာတ်အပြည့်အ၀ရှိ တဲ့သူကိုပဲ ဘ၀လက်တွဲဖော်အနေ နဲ့ ရွေးချယ်ဖြစ်မှာပါပဲ၊

ပြီးခဲ့တဲ့အချစ်တစ်ခုက အ ဆင်မပြေတာကြောင့် လမ်းခွဲထား တယ်

အချစ်နဲ့ပတ်သက်ပြီးတော့ အ ခုချိန်မှာခဏနားထားတယ်။ ပြီးခဲ့ တဲ့အချစ်တစ်ခုက အဆင်မပြေမှု တွေကြောင့် လမ်းခွဲထားပါတယ်။ အခုချိန်မှာတော့ အချစ်ဆိုတာကို ထပ်မံပြီးမရှာဖွေတော့ဘဲ သူငယ် ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်နေ တဲ့ဘ၀လေးကို ကြိုက်နှစ်သက်နေ ပါတယ်။ အချစ်ဆိုတာ ပေးဆပ်မှု၊ ရယူမှုဆိုတာထက် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့က အ ရမ်းအဓိကကျပါတယ်။ သူ့ဆီကရ ယူမှု၊ ပေးဆပ်မှုတွေကို မရည်ရွယ် ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေပဲလိုအပ်ပါတယ်။ သူ ကလည်း ကိုယ့်ကိုမချုပ်ချယ်စေချင် ဘူးပေါ့။

အနုပညာရှင်တစ်ယောက်ကို ချစ်မယ်ဆိုရင် သေချာစဉ်းစားပါ

အနုပညာရှင်တစ်ယောက်ကို ချစ်ကြိုက်မယ်ဆိုရင်တော့ မကြိုက် ခင်၊ မချစ်ခင်ကတည်းက အစစအ ရာရာစဉ်းစားထားဖို့လိုအပ်ပါတယ်။ သေသေချာချာနားလည်နိုင်မှဖြစ် မှာပါ။ နောင်ဖြစ်ပြီးမှ ဘာဖြစ်လို့၊ ညာဖြစ်လို့ဆိုတာကိုဖြစ်လာရင် တော့ မလွယ်ပါဘူး။ ဒီတစ်ယောက် အတွက် ဘာအလုပ်မှမလုပ်နိုင်ဘူး။ သူ့အတွက် ကိုယ့်အခွင့်အရေးတွေ ဆုံးရှုံးသွားမယ်ဆိုရင်၊ လက်မခံနိုင် ရင်တော့ အစကတည်းက မစတင် တာပဲကောင်းပါတယ်။

အရင်တစ်ယောက်က အစစ အရာရာနားလည်ပေးတဲ့သူဖြစ် ပေမယ့်လည်း

အရင်တစ်ယောက်က ပြတ်စဲ သွားတယ်ဆိုတာကလည်း သူကအ စစအရာရာ မာရီနာကိုနားလည် ပေးတဲ့သူပါ။ ကိုယ်ဝါသနာပါတဲ့အ နုပညာအလုပ်တွေကို မချုပ်ခြယ် တတ်ဘူး။ မာရီနာက အလုပ်ပိုင်းမှာ အရမ်းကြိုးစားတဲ့သူတစ်ယောက်ပါ။ ဒါကြောင့် အလုပ်ပိုင်းမှာအားမရ တာလေးတွေရှိလာတယ်။ ညှိလို့မရ တာလေးတွေရှိလာပါတယ်။ ဒါ ကြောင့်ပါ။ ကျန်တာကတော့ အစ စအရာရာ နားလည်ခွင့်လွှတ်ပေး တတ်သူပါ။

အချစ်နဲ့အိမ်ထောင်ပြုခြင်း မှာကွာခြားချက်တွေက ဒီလိုပါ

အချစ်ဆိုတာမပါဘဲနဲ့ အိမ် ထောင်ပြုဖို့ဆိုတာမလွယ်ပါဘူး။ မာရီနာရဲ့ခံယူချက်ကလည်း အချစ် မပါဘဲနဲ့ အိမ်ထောင်မပြုနိုင်ပါဘူး။ တချို့ကလည်း မချစ်ဘဲနဲ့အိမ် ထောင်ပြုလိုက်ကြပါတယ်။ ဒါမှမ ဟုတ် နောက်ပိုင်းမှ တဖြည်းဖြည်း ချစ်သွားကြတာတွေရှိပါတယ်။ ဒါ ပေမဲ့ အချစ်နဲ့အိမ်ထောင်ပြုခြင်းမှာ တော့ အချစ်မပါဘဲနဲ့ အိမ်ထောင် တစ်ခုတည်ထောင်ဖို့ဆိုတာ မလွယ် တဲ့ကိစ္စတစ်ခုပါပဲ။

8 DAYS A WEEK ENTERTAINMENT

ဘင်္ဂါလီအရေးများ စိုးမိုးထားပြီး မြန်မာနိုင်ငံအား ဘာသာရေးအရ စိုးရိမ်စရာကောင်းသည့် နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်သင့်ကြောင်း ဖော်ပြထားသည့် အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်၏ အစီရင်ခံစာ ထုတ်ပြန်

Posted by drmyochit Sunday, August 25, 2013, under | No comments

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုများကြောင့် နိုင်ငံအပေါ် ရိုက်ခတ်မှုများနှင့် ပတ်သက်၍ သြဂုတ် ၂၃ ရက်နေ့တွင်  အမေရိကန်နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်က အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့သည်။ စာမျက်နှာ ၁၀ မျက်နှာ ပါရှိသော အစီရင်ခံစာတွင် ကော်မရှင်မှ မြန်မာနိုင်ငံ ဒေသများသို့ သွားရောက်လေ့လာခဲ့ပြီး တွေ့ရှိသည့်အချက်များကို ဖော်ပြထားပြီး အဓိကအားဖြင့် ဘင်္ဂါလီအရေးနှင့် မွတ်စလင်များအား အကြမ်းဖက်မှုဆိုသည့် ကိစ္စများသာ လွှမ်းမိုးနေခဲ့သည်။

အစီရင်ခံစာကို ဘာသာရေးနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်း၊ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ၊ ချင်းပြည်နယ်သို့ သွားရောက်ခြင်း၊ အကြောက်တရားဖြင့် နေထိုင်နေရသော ဘင်္ဂါလီများ၊ မွတ်စလင် ဆန့်ကျင်ရေးများ ဆက်လက်ဖြစ်ပွားနေသည့် မိတ္ထီလာမြို့ အခြေအနေ၊ ကချင်ပြည်နယ် အခြေအနေ၊ သုံးသပ်ချက် ခေါင်းစဉ်များဖြင့် ရေးသားထားခြင်း ဖြစ်သည်။

ကော်မရှင်၏ အစီရင်ခံစာ သုံးသပ်ချက်တွင် ဘာသာရေး၊ လူမျိုးရေးနှင့် ဘာသာရေး လွတ်လပ်ခွင့် အကာအကွယ် ပေးမှုတို့သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းသို့ သွားရာလမ်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုတို့အပေါ် အဓိကပုံဖော်မည့် အချက်များဖြစ်ကြောင်း သုံးသပ်ဖော်ပြထားခဲ့သည်။ မွတ်စလင်များအပေါ် အကြမ်းဖက်မှုများနှင့် တိုင်းရင်းသား ခရစ်ယာန် ဘာသာဝင်များအပေါ် စစ်တပ်မှ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေမည် ဆိုပါက ၂၀၁၅ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီ ပုံဖော်ရေးကို ထိခိုက်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ကော်မရှင်၏ သုံးသပ်ချက်တွင် ဖော်ပြခဲ့သည်။ ထို့နောက် မြန်မာအစိုးရအား ဖြေရှင်းရန် အကြံပေးရာတွင် ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့် ရှိမရှိ အဖြေရှာရန်၊ လူနည်းစု ဘာသာဝင်များအား အကြမ်းဖက်ခဲ့သူများကို ဥပဒေရှေ့မှောက် အရောက်ပို့ဆောင်ရန်၊ မွတ်စလင်များအား အကြမ်းဖက်မှုရန်မှ အကာအကွယ်ပေးနိုင်ရန် ရဲတပ်ဖွဲ့ကို မြှင့်တင်ရန်၊ မြန်မာနိုင်ငံကို လူမျိုးစုံ၊ ဘာသာစုံ နေထိုင်နိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရန်တို့ကို ထည့်သွင်းဖော်ပြခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတွင် ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လျက် ရှိနေသောကြောင့် အမေရိကန် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို စိုးရိမ်ပူပန်ရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ထားရှိသင့်ကြောင်း၊ အစိုးရ အနေဖြင့် နိုင်ငံရေး ဘာသာရေး အကျဉ်းသားများ လွှတ်ပေးရန်ကို ငြင်းဆန်လျှင်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် လူမျိုးစုများအား လေးစားရန် ပျက်ကွက်ခဲ့လျှင် ဘင်္ဂါလီများနှင့် ပတ်သက်၍ နိုင်ငံသား ဖြစ်ခွင့်နှင့် ပတ်သက်၍ မျှတသော အဖြေတစ်ခု မရရှိခဲ့လျှင်၊ ၂၀၁၅ ရွေးကောက်ပွဲကို မျှတအောင် မကျင်းပနိုင်ခဲ့လျှင် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နိုင်ရန် အဆင်သင့် ပြင်ထားသင့်ကြောင်းတို့ကို ထည့်သွင်းဖော်ပြခဲ့သည်။

ထို့ပြင် မွတ်စလင်များအား အကြမ်းဖက်နေမှုများ ရပ်တန့်ရန်အတွက် မြန်မာအစိုးရအား ဖိအားပေးရန်၊ အောင်မြင်သော ဖက်ဒရယ်စနစ်တစ်ခု အကောင်အထည်ဖော် ဆောင်နိုင်ရေး လုပ်ဆောင်ရန်၊ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများသို့ လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းများ ၀င်ရောက်ခွင့်ပြုရန်၊ မွတ်ဆလင် ဆန့်ကျင်ရေး ပြုလုပ်ပြီး ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတချို့ အပါအ၀င် ၉၆၉ အဖွဲ့ ဖွဲ့စည်းသူများ၊ အစိုးရ တာဝန်ရှိသူများအား အမေရိကန်နိုင်ငံမှ နာမည်စာရင်း တစ်ခုဖြင့် မှတ်တမ်းတင်ထားရန် အစရှိသည့် အချက်များကိုလည်း ကော်မရှင်၏ အစီရင်ခံစာထဲတွင် ထည့်သွင်းဖော်ပြခဲ့သည်။

From: Eleven

ကန့်ဘလူတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော မီးရှို့မှုများကြောင့် အိမ်ခြေ၄၀ကျော်ခန့် မီးလောင်ပျက်စဲီး

Posted by drmyochit Sunday, August 25, 2013, under | No comments



စစ်ကိုင်း-သြဂုတ်၂၅

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော မီးရှို့မှုများကြောင့် အိမ်ခြေ၄၀ကျော်ခန့် မီးလောင်ပျက်စဲီး သွားကြောင်း တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးကပြောသည်။

ည၁ချက်ထိုးလောက်ထဲက အခြေအနေကို ထိန်းသိမ်းသွား နိင်ပါပြီ.။ အဲ့ချိန်မတိုင်ခင်က လူစုခွဲခိုင်း တာမရလို့ လူ၁၀ဦးထက် မနည်း ထိန်းသိမ်းထားတယ် ။ပုဒ်မ၁၈၈တော့လတ်တလော အထိမ ထုတ်သေးပါ ဘူး။လုံခြုံရေးတော့ တင်းကြပ်ထားတယ်ဟု ၄င်းကပြောသည်။

Popular Myanmar News Journal

စအိုကွဲခြင်း (Anal Fissure)

Posted by drmyochit Sunday, August 25, 2013, under | No comments


စအိုဝရှိ အမြှေးပါးမှာ အနည်းငယ် ပြဲနေတာကြောင့် နာကျင်မှုဝေဒနာ ဖြစ်ပေါ်တာကို စအိုကွဲတယ် (Anal Fissure) လို့ ခေါ်ပါတယ်။ တစ်ခါတစ်ရံမှာ သွေးထွက်တတ်ပါတယ်။

ရောဂါလက္ခဏာ

စအိုဝမှာ နာကျင်နေတတ်ပါတယ်။ ဝမ်းသွားစဉ်မှာ ပိုဆိုးတတ်ပါတယ်။ စအိုမှာ ပူစပ်ပူလောင် ဖြစ်နေပြီး ဝမ်းသွားစဉ်မှာ သွေးထွက်တာ ဖြစ်ပေါ်တတ်ပါတယ်။ စအိုထိပ်မှာ ယားယံနေတတ်ပါတယ်။ ဝမ်းသွားရင် နာကျင်တတ်တဲ့အတွက် စအိုကွဲနေတဲ့ လူဟာ ဝမ်းသွားဖို့ အောင့်ထားတတ်ပါတယ်။ ဝမ်းသွားပြီးရင်တောင် နာကျင်နေတတ်ပါတယ်။

ဘာကြောင့်ဖြစ်သလဲ

မာကျောပြီး ခြောက်သွေ့တဲ့ မစင်ကို ညှစ်ရတာကြောင့် စအိုအမြှေးပါး စုတ်ပြဲသွားတတ်ပါတယ်။ စုတ်သွားပြီး အနာဖြစ်လာတာကို Anal Fissure လို့ ခေါ်ပါတယ်။ဝမ်းပျက်တာနဲ့ စအိုနေရာမှာ ရောင်ရမ်းမှု ဖြစ်တာကြောင့်လည်း Fissure ဖြစ်တတ်ပါတယ်။ Anal Fissure ကို လတ်တလောဖြစ်တဲ့ အခြေအနေနဲ့ နာတာရှည် ဒါမှမဟုတ် မကြာခဏ ပြန်ဖြစ်တဲ့ အခြေအနေဆိုပြီး ခွဲခြားထားပါတယ်။ လတ်တလောဖြစ်တဲ့ Fissure ဟာ များသောအားဖြင့် မာကျောတဲ့ မစင်တုံးကြောင့်ဖြစ်ပြီး နာတာရှည် Fissure မှာမူ စအိုကို ထိန်းချုပ်ထားတဲ့ ကြွက်သားတွေ တင်းကျပ်လွန်းတာကြောင့် ဖြစ်တာပါ။ လတ်တလောဖြစ်တဲ့ Fissure တွေ မကြာခဏ ပြန်ဖြစ်ပြီး အမာရွတ် ထင်တာကြောင့်လည်း နာတာရှည် Fissure ဖြစ်တတ်ပါတယ်။ ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့်လည်း Fissure ဖြစ်တတ်ပါတယ်။

ကုသခြင်း

အောက်ပါ အချက်အလက်တွေကို အခြေခံပြီး ကုသရပါမယ်။
မစင်ရဲ့ ပုံသဏ္ဌာန် အနေအထားကို ပုံမှန်ဖြစ်စေခြင်း
စအိုဝထိန်းကြွက်သား တင်းမာမှုကို ပျော့ပျောင်းစေခြင်း
နာကျင်မှုဝေဒနာ၊ သွေးထွက်တာနဲ့ သက်သောင့်သက်သာ မရှိတာကို ရှောင်ရှားနိုင်ခြင်း Fissure အနာကျက်စေခြင်း

လတ်တလော ဖြစ်ပေါ်သည့် Fissure အတွက် ကုသခြင်း

လတ်တလော ဖြစ်ပေါ်တဲ့ Fissure ဟာ ခွဲစိတ်ကုသမှုခံယူဖို့ မလိုဘဲ ကုသနိုင်ပါတယ်။ ၉၀ ရာခိုင်နှုန်းကျော်ဟာ ခြောက်ပတ်အတွင်း ပြန်လည် ကျက်သွားနိုင်ပါတယ်။ အောက်ပါတို့ကို ပြုလုပ်ရပါမယ်။
အမျှင်ဓာတ် ပါဝင်မှုများတဲ့ အစာ၊ အမျှင်အားဖြည့်စာ၊ ဝမ်းပျော့စာနဲ့ ရေများများ သောက်ပြီး ဝမ်းချုပ်တာကို ကာကွယ်ကာ ဝမ်းပျော့ပျော့သွားတဲ့ အကျင့်ကို ပြုလုပ်ပေးရပါမယ်။ နေ့စဉ်နေ့တိုင်း ရေနွေးငွေ့ပေါ်မှာ ၁၀ မိနစ် မှ မိနစ် ၂၀ ခန့်ထိုင်ပြီး စအိုကြွက်သားတွေ ပျော့ပျောင်းရအောင် ပြုလုပ်ပေးရပါမယ်။
နာကျင်မှု သက်သာအောင် Fissure နေရာမှာ Lidocaine Jelly အသုံးပြုနိုင်ပါတယ်။

နာတာရှည်ဖြစ်ပေါ်သည့် Fissure အတွက် ကုသခြင်း

အထက်ပါ ကုသမှုနဲ့ Anal Fissure မပျောက်ကင်းခဲ့ရင် မပျောက်ကင်းရတဲ့ အကြောင်းရင်းကို ရှာဖွေရပါမယ်။ ဥပမာ - စအိုအမြှေးပါးမှာ အမာရွတ်ဖြစ်တာကြောင့် ဖြစ်တာလား၊ ဒါမှမဟုတ် စအိုထိန်း ကြွက်သားတွေ Spasm ရလို့ ဖြစ်တာလားဆိုတာကို ရှာဖွေပြီး လိုအပ်ရင် ခွဲစိတ်ကုသမှု ခံယူရပါမယ်။ စအိုထိန်းချုပ် ကြွက်သားတွေကို ချဲ့တဲ့နည်းလမ်း (Anal Sphincter Dilatation) တွေကို ပြုလုပ်တာဟာ ရောဂါရှိသူ တော်တော်များများကို သက်သာစေနိုင်တဲ့ နည်းလမ်းပါ။ အဲဒီနည်းလမ်းနဲ့ မသက်သာသူတွေကို စအိုကြွက်သား ခွဲစိတ်ပြုပြင်တဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ သုံးပတ်မှ လေးပတ်အတွင်း အနာကျက်သွားနိုင်ပါတယ်။ ခွဲစိတ်ပြီး ပြန်လည်ဖြစ်နှုန်းဟာ ၁၀ ရာခိုင်နှုန်းတောင် မရှိဘူးလို့ သိရပါတယ်။

ဒေါက်တာခင်မိုးမိုး
BY GOOD HEALTH

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် မြန်မာ အမျိုးသမီးငယ် တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးက အဓမ္မပြု ကျင့်ရန် ကြံစည်ခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက် မီးရှို့မှုများ ဖြစ်ပွား

Posted by drmyochit Sunday, August 25, 2013, under | No comments


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင်မြန် မာအမျိုးသမီး တစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးမှအဓမ္မပြုကျင့်ရန် ကြိုးစားခဲ့မှုကို အဆိုပါအနီးပတ်ဝန်းကျင်ရှိသူများက
သိရှိခဲ့ကြောင်း သတင်းထွက်ပေါ်ပြီးနောက်တွင်မီးရှို့မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၄ ရက် ညနေ ၅း၃၀ နာရီအချိန်ကထန်းကုန်းကျေးရွာသို့လာရောက်အလုပ်လုပ်ကိုင်သည့် အသက်၁၉ နှစ်အရွယ်အမျိုးသမီးငယ်အား အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးမှ အဓမ္မပြုကျင့်ရန်ကြိုး စားခဲ့သည်ဆိုသော သတင်းထွက်ပေါ်အပြီးနောက်တွင်ထန်းကုန်းတိုက်နယ် အတွင်းရှိ ကျေးရွာများမှ လူ ၁၀၀၀ ခန့်ကနယ်မြေခံရဲစခန်းသို့ရောက်ရှိလာပြီးတရားခံအားထုတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက်တွင် ယခုကဲ့သို့ မီရှို့မှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု သိရှိရသည်။

ည ၉ နာရီ ၀န်းကျင်ခန့်၌ ထန်းကုန်းကျေးရွာတွင် မီးရှို့မှုများစတင်ဖြစ်ပွား ခဲ့ပြီး ဈေးဆိုင်ခုနစ်ဆိုင်နှင့် နေအိမ် ၁၅ လုံးခန့်မီးရှို့ခံခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ ၀င် ၅၀ ခန့်က အခြေ အနေကို ထိန်းသိမ်း ရန်ကြိုးပမ်း လျက်ရှိကြောင်း သိရှိ ရသည်။

အခင်းဖြစ်ပွားရာ နေရာသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှနယ်/လုံဝန်ကြီး ရောက်ရှိကာ အခြေ အနေကို ၀ိုင်းဝန်ထိန်းသိမ်းနေသည်ဟု သိရပြီး နီးစပ်ရာ မြို့နယ်များမှ မီးသတ်ယာဉ်များရောက်ရှိ ကာ မီးငြိမ်း သတ်နေကြသည်ဟု ထန်းကုန်းကျေးရွာသို့ ရောက်ရှိနေသည့် The Daily Eleven သတင်းထောက် မှသတင်းပေးပို့သည်။

"အုပ်စုနှစ်စု ထိပ်တိုက်ရင်ဆိုင်တာမျိုးတော့မတွေ့ရပါဘူး။ဒါပေမဲ့ည ၉ နာရီ ၀န်းကျင်လောက်ကတည်းက ဖြစ်နေတဲ့ မီးရှို့မှုတွေကအခုထိရပ်တန့် သွားခြင်း မရှိသေးပါဘူး။ အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့သူက ကန့်ဘလူ ရဲစခန်းကို ရောက်သွားပြီလို့ သိရပါတယ်။ကန့်ဘလူနယ်မှာက အစ္စလာမ် ဘာသာဝင် အများအပြားရှိတာကြောင့် အဓိကရုဏ်းသဏ္ဍာန် ဖြစ် လာမှာကို ဒေသခံတွေအားလုံးစိုးရိမ်နေကြပါတယ်။ အသေးစိတ် အခြေအနေတွေကိုတော့မသိရသေးပါဘူး" ဟု The Daily Eleven သတင်းထောက်ကသြဂုတ် ၂၄ ရက် ည ၁၂ ခန့်တွင် သတင်းပေးပို့သည်။

ထပ်မံရရှိသော သတင်းများအရ မီးလောင်ကျွမ်းမှုများဆက်လက်ဖြစ်ပွားနေပြီး သြဂုတ် ၂၅ နံနက် ၁ နာရီကျော်အထိ မီးငြိမ်းသတ်နေရဆဲ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အခြေအနေကို
ထိန်းသိမ်းနိုင်ရန်လုပ်ဆောင်လျက်ရှိကြောင်းကနဦးသတင်းများအရ သိရသည်။

Eleven Media Group

ကလေးယူဖို့ အဆင်သင့်ဖြစ်ပြီလား

Posted by drmyochit Sunday, August 25, 2013, under | No comments


ကလေးယူဖို့ အဆင်သင့်ဖြစ်ပြီလား သားသမီး ယူဖို့ အချိန်ကျရောက် ပြီလို့ သင်ထင် ပါသလား။ ကလေးယူဖို့ စဉ်းစားတဲ့အခါ အောက်ပါ အချက် တွေကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။
- သင့်ရဲ့လက်တွဲဖော်က ကလေးယူ ဖို့ သဘောတူရဲ့လား။
- ကလေးတစ်ယောက်ကို ကျွေးမွေး ပြုစုစောင့်ရှောက်ဖို့ စရိတ်ကို တတ် နိုင်ရဲ့လား။
- သင့်ရဲ့အလုပ်က နာရီပေါင်းများစွာ လုပ်ရတဲ့အလုပ်ဖြစ်ပါသလား။
- ကလေးယူခြင်းက မပြေလည်တဲ့ အိမ်ထောင်ရေးကို သာယာသွားစေ နိုင်မယ်လို့ သင်ယုံကြည်ထားလား။
- ဆေးလိပ်၊ အရက်နဲ့ အခြားဆေး ဝါးသုံးစွဲမှုရှိရင် ဖြတ်ဖို့အဆင်သင့် ဖြစ်ပြီလား။
- ကလေးကို ဘယ်လို အုပ်ထိန်းဆုံးမ ရမလဲ ဆိုတာကို သင်နဲ့သင့်လက်တွဲ ဖော် ညှိနှိုင်းတိုင်ပင်ပြီးပြီလား။
- ကလေး တစ်ယောက်ရဲ့ လိုအပ် ချက်တွေကို ဖြည့်ဆည်းပေးဖို့ အစီ အစဉ်ရေး ဆွဲပြီးပြီလား။
- သင်နဲ့သင့်လက်တွဲဖော်ဟာ အချိန် နဲ့လွတ်လပ်မှုတွေကို စွန့်လွှတ်ပြီး ကလေး တစ်ယောက်ကို အနစ်နာခံ ပြုစုဖို့ ဆုံးဖြတ်ချက် ချထားပြီလား။

BY HEALTH DIGEST

လူသား ၅ ဘီလီယံ ကမ္ဘာနှင့် အဆက်အသွယ် မပြတ်ရန် ဇူကာဘတ် စီစဉ်

Posted by drmyochit Sunday, August 25, 2013, under | No comments



လူသား ၅ ဘီလီယံ ကမ္ဘာနှင့် အဆက်အသွယ် မပြတ်ရန် ဇူကာဘတ် စီစဉ်အင်တာနက် ခေတ်ဟု ဆိုသော်လည်း ယနေ့တိုင် ကမ္ဘာပေါ်တွင် အင်တာနက် အသုံး မပြုနိုင်သေးသော သူပေါင်း ၅ ဘီလီယံခန့် ရှိနေသဖြင့် လူတိုင်း အင်တာနက် သုံးစွဲခွင့်ရရေး ကြံဆောင်ပေးရန် ဦးဆောင် လုပ်ရှားပေးမည် ဖြစ်ကြောင်း နာမည်ကျော် လူမှုကွန်ရက် Website ကို ထူထောင်သည့် မာ့ခ်ဇူကာဘတ်က CNN သတင်းသို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အနေနဲ့ကတော့ လူတိုင်း၊ နေရာတိုင်း အင်တာနက် သုံးစေချင်ပါတယ်။ အိန္ဒိယနိုင်ငံ ကျေးလက်ဒေသတွေမှာ မွေးဖွားခဲ့တဲ့ ကလေးတစ်ယောက်ဟာ ကွန်ပျူတာနဲ့ ထိတွေ့ဖို့ဆိုတာ မလွယ် ပါဘူး။ သူတို့ကို ဆိုင် တစ်ဆိုင်ကိုသွား၊ ဖုန်း တစ်လုံးဝယ်၊ အွန်လိုင်းပေါ် တက်ပြီး အင်တာနက် သုံးနိုင်စေချင်ပါတယ်” ဟု ဇူကာဘတ်က CNN နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထို့ပြင် သူက “အွန်လိုင်းပေါ်မှာ ဘယ်လို အစိုးရမျိုးကို လိုချင်တယ်ဆိုတာ သူတို့ ဆုံးဖြတ်လိမ့်မယ်။ ကျန်းမာရေး အတွက်လည်း ကြည့်ချင် ကြည့်မယ်။ မိုင်ရာချီ ဝေးတဲ့ နေရာက မိသားစုတွေနဲ့ နှစ်ပေါင်းများစွာ မတွေ့ရသူတွေကို ဆက်သွယ်ချင်လည်း ဆက်သွယ်ကြလိမ့်မယ်” ဟု ပြောကြားခဲ့ သည်။ ကမ္ဘာပေါ်တွင် လူဦးရေ ၇ ဘီလီယံ ရှိသည့်အနက် ၄ ဒသမ ၅ ဘီလီယံခန့်မှာ အင်တာနက် အသုံးပြုနိုင်ခြင်း မရှိသေးကြောင်း ကမ္ဘာ့ဘဏ် အဖွဲ့က ထုတ်ဖော် ပြောကြားခဲ့သည်။

အထူးသဖြင့် အင်တာနက် အသုံးပြုနိုင်မှု ကွာဟချက် အများဆုံးမှာ Eritrea နိုင်ငံတွင် လူဦးရေ ဒသမ ၈ ရာခိုင်နှုန်း၊ Timor-Leste တွင် ဒသမ ၉ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၁ ဒသမ ၁ ရာခိုင်နှုန်းခန့်သာ အင်တာနက် သုံးစွဲနိုင်သေးကြောင်း၊ အမေရိကန် ပြည်ထောင်စုတွင် လူဦးရေ၏ ၁၉ ရာခိုင်နှုန်းခန့်သာ အင်တာနက် မသုံးနိုင်သေးကြောင်းကိုလည်း နှိုင်းယှဉ် ဖော်ပြထားသည်။

ကမ္ဘာပေါ်တွင် ယနေ့အထိ လူမှုကွန်ရက် Facebook သုံးစွဲနေသူပေါင်း ၁ ဘီလီယံခန့် ရှိသည်။ ဇူကာဘတ်ကလည်း ကမ္ဘာသူ ကမ္ဘာသား အားလုံး မိမိတို့ စိတ်ကူးကို ဖော်ထုတ်ခွင့် ရှိကြောင်း၊ လွတ်လပ်စွာ ပြောဆို ဖော်ထုတ်ခွင့် ရှိကြောင်း၊ ဆက်သွယ် ပြောဆိုပိုင်ခွင့်သည် လူ့အခွင့်အရေးဖြစ် ကြောင်း ပြောကြားခဲ့သည်။ လူတိုင်း အင်တာနက် သုံးစွဲခွင့် ရရေးအတွက် မိမိအနေဖြင့် လက်ရှိ ဒေါ်လာ ၁ ဘီလီယံ သုံးစွဲမည် ဖြစ်ကြောင်း ထို့ထက်လည်း ပိုမို သုံးစွဲရန် ရှိကြောင်း CNN သို့ ပြောကြားခဲ့သည်။

BY THE VOICE JOURNAL
From: yoyarlay

"ဦးဝီရသူ၏ ပန်ကြားချက်"

Posted by drmyochit Sunday, August 25, 2013, under | No comments


မြန်မာပြည်သူအားလုံး သတိထားကြစေလိုပါသည်။ မူဆလင်များ
အကြမ်းဖက်ရန်စနေကြသည်မှာ အကြောင်း များစွာ ရှိပါသည်။
မူဆလင်များက သံဃာများနှင့် အမျိုးသမီးများကိုပစ်မှတ်ထား
စော်ကားနေခြင်းသည် ရဟန်းရှင်လူပြည်သူ လူထု၏စိတ်ကို
ဒေါသမဖြစ် ဖြစ်အောင် ဆွပေးနေခြင်းဖြစ်ပါသည်။ ထိုသို့ဆွပေး
နေခြင်းမှာ နိုင်ငံတကာရှိ အကြမ်းဖက်အဖွဲ့များ အလွန်ဆင်နွှဲ
ချင်နေသော ဂျီဟတ်စစ်ပွဲကို မြန်မာပြည်သို့အရောက်သွင်းနေ
ခြင်းဖြစ်ပါသည်။

နိုင်ငံတကာမှာရှိသည့် မြန်မာများကို ရက်ရက်စက်စက်
လုပ်ပြချင်သောကြောင့် ဖြစ်ပါသည်။ ထို့အပြင် ဗုဒ္ဓဘာသာနှင့်
မြန်မာလူမျိုးကိုကမ္ဘာမှာ အကြမ်းဖက် လူဆိုးအသွင်ပုံဖော်လိုသော
ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မူဆလင်ထောင်ချောက်ထဲ
မဝင်မိအောင် စောင့်စည်းဖို့ များစွာလိုအပ်ပါသည်။ မြန်မာလူမျိုးနှင့်
ဗုဒ္ဓဘာသာ၏ အနှိုင်းမဲ့ သမိုင်းပုံရိပ်တွေ အစွန်းအထင်မရှိရလေအောင်
ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုပါသည်။ လက်နှီးစုတ် အိုးမဲပေးတာ မသိသာပါ။
လက်ကိုင်ပုဝါ ဆီစွန်းရုံနှင့် ရုပ်ဆိုး အကျည်းတန်သွားပါသည်။
မြန်မာလူမျိုးနှင့်ဗုဒ္ဓဘာသာ အမဲစက် လုံးဝ အထင်မခံနိုင်ပါ။

ဥပဒေမဲ့ အကြမ်းဖက် တုန့်ပြန်ခြင်းများ လုံးဝ မလုပ်ဘဲ ရှုတ်ချ
(ဆန္ဒဖော်ထုတ်) ပွဲများ ပြုလုပ်ခြင်း၊ တရားဥပဒေအတိုင်းထိရောက်စွာ
အရေးယူနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့်သာအမျိုးဘာသာ၊
သာသနာကို ရေရှည်ကာကွယ်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါသည်။
မူဆလင်များအကြမ်းဖက်ရန်စမှုများ ရပ်တန်းမှရပ်ကြပါ။
ရွှေမြန်မာများ ဥပဒေမဲ့ တုန့်ပြန်မှုများ ချက်ချင်းရပ်တန့်ပစ်ကြပါ။
အားလုံး အားလုံး လူသားချင်း စာနာမှုများ အပြည့်အဝထားရှိကြပါ။
ရွှေမြန်မာဖြစ်စေ၊ မူဆလင်ဖြစ်စေ၊ မိမိကြောင့် မိမိလူမျိုး၊မိမိဘာသာ
သိက္ခာမကျပါစေနှင့်။

ဦးပဉ္စင်း

ဝီရသူ (မစိုးရိမ်)

ညစ်ညမ်းဝက်ဘ်ဆိုက်များ အမေရိကန်တွင် အဓိက အခြေစိုက်

Posted by drmyochit Sunday, August 25, 2013, under | No comments

ကမ္ဘာပေါ်တွင် ညစ်ညမ်း(Porn) ဝက်ဘ်ဆိုက်များ အများပြားဆုံး အခြေစိုက်သော နိုင်ငံအဖြစ် အမေရိကန်က ထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရှိရသည်။ အမေရိကန်နောက်တွင် ဥရောပ နှစ်နိုင်ငံဖြစ်သည့် နယ်သာလန်နှင့် ဗြိတိန်တို့က အစဉ်လိုက် ရပ်တည်နေသည်။ Daily Mail သတင်းစာက ဗြိတိန်နိုင်ငံတွင် ညစ်ညမ်းဝက်ဘ်ဆိုက် Domainပေါင်း (၅၁၂၀၀၀)မျှ ရှိနေကြောင်း ဖော်ပြခဲ့သည်။ ယင်းပမာဏသည် တစ်ကမ္ဘာလုံးမှ စုစုပေါင်း ညစ်ညမ်းဝက်ဘ်ဆိုက် အားလုံး၏ (၇)ရာခိုင်နှုန်းနှင့် ညီမျှသည်။ သို့သော်လည်း အဆိုပါ ပမာဏသည် အမေရိကန်နှင့် ယှဉ်လျှင် ခပ်ပါးပါး အခြေအနေသာ ရှိသည်။ အမေရိကန်သည် ကမ္ဘာပေါ်ရှိ ညစ်ညမ်းဝက်ဘ်ဆိုက် အားလုံး၏ (၆၀)ရာခိုင်နှုန်း အခြေစိုက်ရာ နိုင်ငံအဖြစ် ရပ်တည်လျှက် ရှိသည်။

ဥရောပ၏ လိင်နှင့် မူးယစ်ဆေး မြို့တော်အဖြစ် တင်စားလေ့ရှိသော အမ်စတာဒမ်မြို့၏ မိခင်နိုင်ငံ နယ်သာလန်ကလည်း ကမ္ဘာ့ညစ်ညမ်းဝက်ဘ်ဆိုက် စုစုပေါင်း၏ (၂၆)ရာခိုင်နှုန်းအတွက် ဘူမိနက်သန် ဖြစ်နေသည်။ အမေရိကန်တွင် ညစ်ညမ်းဝက်ဘ်ဆိုက် Domain (၄.၂)သန်းမျှ ရှိနေပြီး (၃)ပုံ(၂)ပုံသည် ကယ်လီဖိုးနီးယားတွင် မှတ်ပုံတင်ထားကြောင်းလည်း သိရသည်။ နယ်သာလန်တွင် ညစ်ညမ်းဝက်ဘ်ဆိုက် Domainအမည် (၁.၈)သန်း ရှိနေပြီး ညစ်ညမ်းဝက်ဘ်ဆိုက် စာမျက်နှာ (၁၈၇)သန်းကို သိုမှီးထားသည်။

အမေရိကန်၊ နယ်သာလန်နှင့် ဗြိတိန်တို့နောက်တွင် ဂျာမနီက စတုတ္ထနေရာမှ တန်းစီပြီး Domainအမည် (၈၀၀၀၀)၊ ဝက်ဘ်ဆိုက် စာမျက်နှာပေါင်း (၈)သန်းဖြင့် ကမ္ဘာ့ညစ်ညမ်းဝက်ဘ်ဆိုက် ဝေစု (၁.၁၆)ရာခိုင်နှုန်းကို ခွဲယူထားသည်။ ကလေးများ အင်တာနက် သုံးစွဲမှု လုံခြုံရေး အစိုးရ အကြံပေးအရာရှိ ဂျွန်ကားရ်က ဗြိတိန်တွင် ညစ်ညမ်းဝက်ဘ်ဆိုက် Domainများ တားဆီးမှုကို ယခုထက် ကြပ်မတ် ဆောင်ရွက်ရန် အကြံပြု တိုက်တွန်းခဲ့သည်။ "ကလေးတွေ အလွယ်တကူ ဝင်ကြည့်လို့ ရတာမျိုးကို ဘယ်လို ကန့်သတ်မလဲဆိုတာ အဖြေရှာဖို့ လိုပါတယ်"ဟု ၎င်းက ဆိုသည်။

ယခုစစ်တမ်းကို ကယ်လီဖိုးနီးယား အခြေစိုက် အင်တာနက် စီစစ်လေ့လာရေး ကုမ္ပဏီ MetaCertက ကောက်ယူခဲ့ခြင်း ဖြစ်သည်။ ယင်းကုမ္ပဏီသည် (၂၀၁၁)ခုနှစ်၊ ဒီဇင်ဘာလမှ (၂၀၁၃)ခုနှစ်၊ ဩဂုတ်လထိ အချက်အလက်များ စုဆောင်းကာ ယခုကဲ့သို့ ဖော်ပြထားခြင်းဟု သိရသည်။ ကုမ္ပဏီက Tabletနှင့် စမတ်ဖုန်းများမှတစ်ဆင့် ညစ်ညမ်းရုပ်ရှင်များ ကြည့်ရှုမှုတွင် ကလေးများနှင့် ကင်းကွာအောင် အစီအစဉ်များ ပြုလုပ်သင့်ကြောင်းလည်း မှတ်ချက်ပေးသွားသည်။

From: Planet Myanmar Network

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်