Saturday, July 06, 2013

သမ္မတဟောင်း မော်စီ ကို ထောက်ခံ ဆန္ဒပြသူတွေ ပစ်ခတ် ခံရ

Posted by drmyochit Saturday, July 06, 2013, under | No comments


 စစ်တပ် က ပစ်ခတ် လို့ ဆန္ဒ ပြသူတွေ သေဆုံးခဲ့

ကိုင်ရိုမှာ စစ်တပ်က ဖယ်ရှား လိုက်တဲ့ သမ္မတ မော်စီ ကို ထောက်ခံ ဆန္ဒ ပြသူတွေ သိန်းနဲ့ချီ ကာ လမ်းတွေ ပေါ်ထွက် လာနေပြီး တနေ ရာမှာ စစ်တပ် က ပစ်ခတ် လို့ အနည်းဆုံး လူ ၃ ဦး သေဆုံး ခဲ့ပါတယ်။

သောကြာနေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြမယ် လို့ Muslim Brotherhood အဖွဲ့က စည်းရုံး ဖိတ်ခေါ် ခဲ့ပြီးတဲ့နောက် ထောင်သောင်း များစွာသော လူစုကြီး ဟာ ကိုင်ရိုက လမ်းမ တွေပေါ် ထွက်လာ ခဲ့ကြပါတယ်။

သမ္မတ မော်စီ ကို ချုပ် နှောင်ထားတယ် လို့ ယူဆ ရတဲ့ စစ်တပ် တပ်စခန်း တခု နားမှာတော့ ဝင်းထရံ သံဆူးကြိုး မှာ ချိတ်ဆွဲ ထားတဲ့ သမ္မတ မော်စီ ရဲ့ ရုပ်ပုံ ကားချပ် ကို ပြန်ပြင်တပ်ဖို့ ဆန္ဒ ပြသူ တွေ လုပ်နေတုန်း စစ်တပ် က ပစ်ခတ် လို့ လူသေဆုံး တာတွေ ဖြစ်ခဲ့တာပါ။

စစ်တပ် ကတော့ သူတို့ ကျည်ဆံအစစ် တွေ သုံးပြီး ပစ်ခတ်တာ မလုပ်ပါဘူး လို့ ငြင်းဆို ထားပါတယ်။

ဆန္ဒ ပြသူတွေ ကတော့ စစ်တပ် က လူအုပ်ထဲ ကို ပစ်ခတ် ခဲ့တယ် လို့ ဆိုပါတယ်။

အီဂျစ် မှာ မငြိမ်သက် မှုက ဆက်ဖြစ်နေပြီး မြို့အတော်များများ မှာ ရုန်းရင်း ဆန်ခတ် တိုက်ခိုက် တာတွေ ဖြစ်နေ ပါတယ်။

From: BBC

ယခုလအတွင်း တန်ဖိုးနည်း GSM လိုင်းကတ်များ ချပေးဖွယ်ရှိ

Posted by drmyochit Saturday, July 06, 2013, under | No comments



ရန်ကုန် ဇူလိုင် ၅

တန်ဖိုးနည်း ငွေကျပ် ၁၅ဝဝ တန် GSM ဖုန်းလိုင်းကတ် များကို ယခုလအတွင်း WCDMA လိုင်းကတ်များနှင့် တွဲ၍ ချပေး သွားနိုင်ဖွယ် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

တန်ဖိုးနည်း CDMA 800 MHz ဖုန်းလိုင်းကတ်များကို ဧပြီလ အတွင်းက စတင် ချပေးခဲ့ပြီးနောက် မေလ အတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ''ကျွန်တော်တို့ စီစဉ်ထားတာက ပထမ CDMA 800 ချထားပေးမယ်။ ပြီးရင် GSM လိုင်းတွေ ချထား ပေးမလို့ပါ။ အခု လက်ရှိမှာက CDMA 800 လိုင်းတွေက အများကြီး ကျန် နေသေးတဲ့ အတွက် GSM လိုင်းကို မချသေးတာပါ။ နောက်နှစ်လလောက် ဆိုရင် လိုင်းချောင်တဲ့ နေရာတွေမှာ GSM နဲ့ WCDMA ဖုန်းလိုင်းတွေချထားပေး မှာပါ'' ဟု ပြောကြား ခဲ့သည်။

မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း MEC ဘက်မှ မိုဘိုင်းလ်ဖုန်းများ ချထားပေးရာတွင် တစ်လလျှင် အလုံးရေ သုံးသိန်းခွဲဖြင့် သုံးလ ချထားပေးမည်ဟု သဘောတူ ထားကြောင်း အဆိုပါ ဌာနမှ သိရသည်။

GSM ဖုန်းလိုင်း ကတ်များကို တစ်လလျှင် အရေအတွက် သုံးသိန်းခွဲဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ရောင်းချ ပေးသွားမည် ဖြစ်ပြီး ဇူလိုင်လတွင် စတင် ရောင်းချ ပေးသွားနိုင်ရန် စီစဉ်ထားလျက် ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြား ခဲ့သည်။

နိုင်ငံတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး များ၌ ဖုန်းလိုင်း ကျပ်ခြင်းများ မရှိစေရန် BDS တယ်လီဖုန်း တာဝါ တိုင်ဖြင့် တိုးချဲ့ တပ်ဆင်ရမည် ဖြစ်ပြီး လက်ရှိတွင် BDS တယ်လီဖုန်း တာဝါတိုင်ပေါင်း နှစ်ထောင်ကျော် တပ်ဆင် ထားကြောင်း သိရသည်။

From: မြ၀တီ

ကုလားတိုက်ခိုက်ခံရသူ ကျောင်းဆရာမလေး သတိပြန်လည်လာ ပြီ

Posted by drmyochit Saturday, July 06, 2013, under | No comments

ကျောက်တော်မြို့နယ် ပီချောင်းဝရှိ မြင်းဂန်းကျေးရွာမှ မိန်းကလေးနှစ်ယောက်ကို ရွာကမ်းစပ်တွင် ပိုက်လာ ချသူ ကုလားနှစ်ယောက်က ရိုက်နှုက်တိုက်ခိုက် လုယက် ခဲ့ကြသောကြောင့် ကျောက်တော်မြို့ ဆေးရုံ သို့ ရောက်နေကြရာ ထိုနှစ်ယောက်အနက် ဆေးရုံ တင်ခါစတွင် သတိမရသေးသည့် ကျောင်း ဆရာမလေး မဆန်းဆန်း (၂၀-နှစ်) မှာ သတိပြန်လည် လာပြီဖြစ် သည်။ (ဓါတ်ပုံ ကို ကြည့်ပါ။)

ဆရာမအား ဆေးစစ်ပြီးဖြစ်ပြီး၊ ရိုက်နှုက် တိုက်ခိုက်ခံ ရမှုရှိခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာကျူးလွန် ခြင်းခံခဲ့ ရသည့် လက္ခဏာ မတွေ့ရ ဟု ဆိုသည်။ ၄င်းအား ရေထဲမှ ဆယ်ယူလာစဉ်ကလည်း အတွင်းခံဘောင်း ဘီ အပြည့်အစုံနှင့်တွေ့ရခြင်းဖြစ်သည် ဟု ဆိုသည်။

ကျောက်တော် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူအချို့မှာ ရေမပါဘဲ ပြဿနာသာပါမည့် အမှုအခင်းဖြစ်လာသည် ဆိုပြီး စိတ်ညစ်သည့်လေသံဖြင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်ပြောနေသည်ကို ကြားနေရသည် ကြားမိသူ တစ်ဦးက ပြောကြားသည်။

ကျူရှင်ပြသည့်ဆရာမငယ် တစ်ဦးဖြစ်သည့် ဆန်းဆန်း (၂၀-နှစ်) နှင့် ၄င်း၏ တပည့်မ သန်းနွယ် (၁၂) နှစ်တို့သည် ယမန်နေ့ ညရှစ်နာရီခန့်တွင် စာပြအပြီး နောက်ဖေးနောက်ဖီသွားရန် ရွာ၏ မြစ်ကမ်းစပ်သို့ တင်လာခဲ့ကြသည်။

၎င်းတို့နှစ်ယောက်အား မြစ်ကမ်းတွင် ပိုက်ချနေသူ ကုလားနှစ်ဦးက ဖမ်းချုပ်ပြီး တုတ်များဖြင့်ရိုက်နှုက်ခြင်း၊ ရေထဲသို့ ခေါင်းနှစ်၍ သတ်ရန်ကြိုးစားခြင်း၊ နားရွက်များမှ နားတောင်းများကို ဆွဲဖြတ်ယူခြင်း တို့ပြုခဲ့ကြ သည်။

မိန်းကလေးနှစ်ဦးက အော်ဟစ်ခဲ့ကြသော်လည်း ရွာထဲတွင် ဗွီဒီယိုပြသည့် အသံဖြင့် ဆူညံနေခြင်း၊ ကြားလိုက် သူများကလည်း ကမ်းတစ်ဖက် ကုလားရွာမှ အော်သံဟုသာ အမှတ်မှားကြခြင်းတို့ကြောင့် ဖြစ်ဖြစ် ချင်း ရွာသားများက မကယ်တင်နိုင်လိုက်ခဲ့ကြပေ။

တိုက်ခိုက်ခြင်းခံရသော မိန်းကလေးနှစ်ဦးအား စက်လှေဖြင့် ဆေးရုံသို့လိုက်ပို့ရာ ယနေ့ မနက် အာရုံ မတက်မီ (၂) နာရီမှ ကျောက်တော်ဆေးရုံသို့ရောက်ရှိကြသည်။

ဆန်းဆန်း (၂၀-နှစ်)မှာ မနက် ၆-နာရီ ခွဲခန့်အထိ သတိ ပြန်မလည်သေးချေ။

သန်းနွယ် (၁၂-နှစ်)၏ မျက်စိများမှာ ဖူးယောင်နေပြီး၊ နားတောင်ဆွဲဖြုတ် ခံရသောကြောင့် နားရွက်များ ပဲ့နေသည်။

မြင်းဂန်းရွာနှင့် တစ်ဖက်တစ်ကမ်းတွင် ပီစိ (ကုလား)ရွာ နှင့် နိတင် (ကုလား)ရွာ တို့ရှိကြသည်။

From:[_ Coral Arakan News)_]
(မောင်ကျောက်ခဲ အဖွဲ့)

ချင်းတောင်ပေါ်က ပန်းရိုင်း

Posted by drmyochit Saturday, July 06, 2013, under | No comments


ကလေး၊ ဇူလိုင် ၆။

အချိန်က မနက် သုံးနာရီ။ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်သွယ်ထားသည့် အဆင်း အတက်၊ အကွေ့အ၀ိုက်များလှသောတီးတိန် – ကလေး ကားလမ်း မှာ လျှပ်စစ်မီး အလင်းရောင် အလျဉ်းမရှိ။ပျို့အန်လာမည့် ရောင်နီကို မျှော်လင့်ရင်း အမှောင်ထုက ကြီးစိုးနေဆဲပင် ဖြစ်သည်။

အလင်းရောင်အားနည်းပြီးကြမ်းတမ်းသော ခရီးလမ်းပေါ်တွင် အပျိုဖော်ဝင်စ မိန်းမငယ် ၃ ဦးခြေလျှင်ခရီးဖြင့် မနားတမ်း တရွေ့ရွေ့ ဆင်းလာနေသည်။ မိုင်အရှည်အားဖြင့်၂၁ မိုင်ရှည်သည်။

သစ်ခွပန်းပလိုင်းလေးကို ကျောပိုးလွယ်ပြီး လက်ထဲမှာလည်းပွင့်နေဆဲသစ်ခွပန်းပင်တွေကို ခပ်ဖွဖွဆုပ်ကိုင်ထားသည့် ကောင်မလေးများကိုမြင်လိုက်ရုံဖြင့် ချင်းတိုင်းရင်းသူလေးများဆိုသည်ကို သိပြီးသားဖြစ်၏။

ရိုးရာ ပလိုင်းလေးများကို ခေါင်းအားဖြင့် သယ်မ ထားကြသည်။လက်ထဲတွင်လည်း သစ်ခွပန်းကလေးများ ကိုယ်စီ ကိုင် ထားကြသည်။ သူတို့၏မျှော်လင့်ချက်က ကလေးမြို့ပေါ်တွင် သစ်ခွပန်းများ ရောင်းရန်ဖြစ် သည်။

ဈေးရောင်းသည့် အချိန်တွင် တစ်စုတစ်စည်းထဲရောင်းကြခြင်းမဟုတ်။ တစ်ဦးချင်း လမ်းခွဲကာ ကလေးမြို့ ထဲတွင်လှည့်လည်ရောင်းကြခြင်းဖြစ်သည်။
သူတို့အထဲမှ အသက်အငယ်ဆုံး ကလေးမလေးမှာ အသက်(၁၄)နှစ်ဝန်းကျင်အရွယ်ခန့်ရှိပေမည်။ အဖြူ၊အပြာ၊ အ၀ါနှင့် ရောင်စုံသစ်ခွပန်းစည်းများက သူ့ကျောပေါ်ရှိ ပလိုင်း ထဲတွင် ပြည့်နေသည်။

ကလေးမြို့သို့ရောက်သည့်အချိန်ကား မနက် ၇ နာရီ ရှိချေပြီ။ နေ၏ အလင်းရောင် ထွက်သည်နှင့်ပူစပ်စပ် နေရောင်က ကျလေသည်။ ခေါင်းဆောင်းစရာမပါသာ ချင်းတိုင်းရင်းသူကလေးမှာချွေးများစို့၍ မောပမ်းနွမ်းလျပုံပေါ်နေ၏။

ချင်းတောင်ပေါ်မှခူးလာပြီး တကူးတက လာရောင်းသည့် သစ်ခွပန်းလေးများကိုတစ်စုံတစ်ယောက်များ ၀ယ်လေမလားဟူသည့် မျှော်လင့်ချက်သမ်းနေသောအကြည့်များ သူမ၏မျက်ဝန်းတွင်ပြေးလွှားနေသည်။

သူတို့ကဗမာစကား သိပ်မတက်ကြဘူးလေ။ မြို့ပေါ်မှာ တစ်လမ်းဝင် တစ်လမ်းထွက်လျှောက်သွားနေတာ။ ၀ယ်ချင်တဲ့သူက ခေါ်တော့မှ သူတို့ သစ်ခွပန်းကိုရောင်းကြတယ်ဟု ကလေးမြို့မှ အသက် ၅၀ ကျော်ခန့်ရှိ အမျိုးသမီး တစ်ဦးကပြောသည်။

အချိန်ကား နေ့လယ်(၁၁)နာရီခွဲခန့်ရှိနေပြီ။နေအပူရှိန်က ပို၍ အားကောင်းလာသည်။ မြို့ထဲတွင် လှည့်လည်ရောင်းနေဆဲဖြစ်သည်။

ပန်းက နှစ်စီးကို ငါးရာပါဟု ချင်း အသံဝဲ၀ဲကလေးဖြင့် ထိုကလေးမက ဗမာလို ပြောသည်။

သစ်ခွပန်း ဆယ့်နှစ်မျိုးခန့်ပါရှိပေသည်။ ပန်းများသည် အကြီး အသေး၊ အရောင်အသွေး မျိုးစုံလှသည်။ နှစ်ပင်ခန့်ကို တစ်စည်းသတ်မှတ်သည်။

အပင်ကြီးသည့် ပန်းများကို တစ်ပင်တည်းဖြင့် တစ်စည်းသတ်မှတ်သည်။

တောင်ပေါ်တွင် ပွင့်သည့် ပန်းများဖြစ်သည့်အတွက် ငွေရင်းစိုက်ထုတ်ရန်မလို။သို့သော် သစ်ပင်အမြင့်ကြီးများထိပ်တွင် တွယ်ကပ်ပေါက်နေတတ်သော သစ်ခွပန်းများ ကို စွန့်စားခူးယူခဲ့ကြရည်။

နှစ်စီးကိုငါးရာဟုဆိုသော် ထိုကလေးမတွင် ပါလာသည့် ပန်းစည်းများအားလုံး၏ တန်ဖိုးမှာကျပ် ခုနှစ်ထောင်မှ တစ်သောင်း ၀န်းကျင်ခန့်သာရှိပေမည်။

နေမွန်းတည့်ချိန်သို့ ရောက်လုနီးပြီ။ပုလိုင်းထဲတွင် ပန်းများက ထက်ဝက်ပင် မကျိုးလှသေး။ မောပန်းနွမ်းလျမှုနှင့်အတူ ဆာလောင်မွတ်သိပ်ခြင်းတို့က ပေါင်းဖက် နှိပ်စက်နေဟန်တူ၏။

အခု ချိန်ထိ ထမင်းမစားရသေးဘူးဟု သူမ၏ ဗမာလိုပြောလိုက်သည့် အသံက ၀ဲသည့်အပြင် ရှက်စိတ်နှင့် သိမ်ငယ်စိတ်ကလေးများ ရောထွေးနေသည်။

သို့သော် နောက်ထပ်ပွင့်အန်လာသည့် စကားလုံးများထဲတွင်သူမ၏စိတ်ခွန်အားများကို ထိတွေ့ခွင့်ရ လိုက်သည်။ ၉ တန်းအောင်ပြီးကျောင်းနားထားရသည်ဟု ဆိုသော်လည်း နောက်နှစ်တွင် ကျောင်းပြန်တက်မည့်ရည်မှန်းချက်က ခိုင်မာနေသည်။

မန္တလေးဟု ဆိုသော မြန်မာနိုင်ငံ၏တတိယမြို့တော်ကြီးတွင် ၁၀ တန်းပြန်တက်ရန်အတွက် စိတ်အား ထက်သန်နေ သည်။ မိသားစု စားဝတ်နေရေးအတွက် သူ့ပုခုံးထက်မှာ သူနိုင် သမျှထမ်းနေခြင်း လည်းဖြစ်၏။

ကျောင်းပညာဆက်သင်ယူဖို့ စိတ်ထက်သန်မှုပြင်းပြနေသောသစ်ခွပန်းရောင်းသူလေးကဲ့သို့ ပညာရေးနှင့် မိသားစု စားဝတ်နေရေး အတွက် ရုန်းကန်နေကြရသည့် လူငယ် လူရွယ်ပေါင်း ချင်းတောင်တန်းကြီးပေါ် တွင်မည်မျှ ရှိမည်ကို မခန့်မှန်းနိုင်တော့ပေ။

ယခုလို မိုးရာသီတွင် ချင်းတောင်တစ်ခုလုံး ညှို့မှိုင်းအုံ့ဆိုင်းပြီး မိုးက သည်းသည်း ထန်ထန်ရွာသွန်း တတ်ပေ သည်။ ထိုကဲ့သို့ မိုးရွာလျှင် ချင်းတောင်ကိုပြန်တက်ရမည့် အပြန်ခရီးက ခက်ခဲပင်ပန်းလှပေမည်။

သို့သော် ချင်းတောင်တန်းကြီးအိပ်တန်းမ၀င်ခင် ၂၁ မိုင်ဝေးသော အိမ်ပြန်လမ်းကို ခရီးနှင် ရပေဦးတော့မည်။

ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်



မီဒီယာကို စောင့်ကြည့်နေတဲ့ ဦးအောင်သောင်း

Posted by drmyochit Saturday, July 06, 2013, under | No comments


ကိုယ်ရေးတဲ့သတင်း လူသိပ်မဖတ်ဘူး ဆိုရင် သတင်းသမားတွေ အားပျက်စရာပါပဲ။ ဖတ်တယ်၊ ပရိသတ် သိပ်များတယ် ဆိုရင်တော့ အားတက်စရာပေါ့။

စာဖတ်ပရိသတ်တွေထဲမှာ ဝန်ကြီးဟောင်း ဦးအောင်သောင်းလည်း တယောက် အပါအ၀င်ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် မြန်မာသံတော်ဆင့်ဂျာနယ်မှာ ဖော်ပြထားတဲ့ အင်တာဗျူးတခုအရ သိနိုင်ပါလိမ့်မယ်။

ဇွန် ၂၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်မှာ ဦးအောင်သောင်း ပြောထားတာက ဒီလိုပါ -

"အရင်တုန်းက အာအက်ဖ်အေတို့၊ ဒီဗွီဘီတို့၊ ဧရာဝတီတို့၊ မဇ္ဈိမတို့ ဆိုတာ ရှိတယ်။ သူတို့ အကြီး အ ကျယ်ပေါ့ တချို့နှစ်တွေဆိုရင် အများဆုံးက ကျွန်တော့ကိုဝေဖန်တိုက်ခိုက်ပြီးတော့ ရေးတာ ၂၁၆ ကြိမ် ရှိ တယ်"

ဖတ်ထားသမျှကို ကိန်းဂဏန်းနဲ့ တိတိကျကျ ရေးမှတ်ထားတယ် ဆိုတော့ တကယ့် အမှန်အကန် စာဖတ် ပရိသတ် လို့ ဆိုနိုင်တာပေါ့။

"ကျွန်တော့ကို အပုပ်ချရင် ပြည်ခိုင်ဖြိုးကို အပုပ်ချပြီးသားဖြစ်တယ် လို့ သူတို့က ယူဆတယ်။ ...
သို့သော် အဲဒီအချက်တွေ အားလုံးကို သူတို့ အဲလိုထည့်တာကို ကျွန်တော် ဝမ်းသာတယ်။ ကျေးဇူး တင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ခုမှ မမှန်ဘူး။ ... ဥပမာ ဒီပဲယင်းကိစ္စဆို ကျွန်တော် လုံးဝ မသိဘူး"
လို့ ဦးအောင်သောင်းက ပြောတာကို "အချပ်ပို (ဇ)" စာမျက်နှာမှာ ဖတ်ရမှာပါ။

"အဲလိုရေးလေ ပြည်သူက အမှန်သိလေ ကျွန်တော့် နိုင်ငံရေးသြဇာအာဏာ ပိုတောင် ရှိသွားသေးတယ်" တဲ့။

ကြံ့ခိုင်ရေးပါတီမှာ နိုင်ငံရေးသြဇာအာဏာ ကြီးမားတဲ့ ဦးအောင်သောင်းကို "အဘ အသက် ဘယ်လောက် လဲ" ဆိုပြီး မေးရာမှာ အဲဒီလို ဆက်စပ် ပြောလိုက်တာ ဖြစ်ပါတယ်။

အသက်အကြောင်း ဖြေရာမှာတော့ ... "ကျွန်တော်က အခု ၇၃ တရားဝင်ပါ။ ဒါက တရားဝင် ပြောတာနော် အမှန်က ဒီ့ထက် နည်းနည်းကြီးတယ်" လို့ ဖြေပါတယ်။

ဒါကြောင့် ဦးအောင်သောင်းက အသက် ၇၅ တော့ ရှိပြီလို့ ဆိုရမယ် ထင်ပါတယ်။

Credit: ဧရာဝတီ

ရိုးမ ဘဏ်ကို အပစ်ရပ် ရှမ်းတပ် ဆက်ကြေးတောင်း

Posted by drmyochit Saturday, July 06, 2013, under | No comments



ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း ဗဟိုဌာနချုပ် လွယ်တိုင်းလျန်တွင် ကျင်းပသော (၆၆) နှစ်မြောက် “ရှမ်းပြည်အမျိုးသားနေ့” အခမ်းအနား (ဓာတ်ပုံ – ဧရာဝတီ)


တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ဖွင့်လှစ်ထားတဲ့ ရိုးမဘဏ်ကို ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) အမည်နဲ့ ဆက်ကြေးငွေ ကျပ် သိန်း ၁၀၀ တောင်းခံမှုတခု ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖြစ်ပွားခဲ့ပါတယ်။

အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ RCSS/SSA အမည်ခံပြီး ဆက်ကြေးငွေတောင်းခံမှုကို ရိုးမဘဏ်က သက်ဆိုင်ရာ ရဲစခန်းမှာ တိုင်ကြား ထားတယ်လို့လည်း ဒီနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ပါရှိပါတယ်။

SSA တောင်ပိုင်း စစ်ဒေသ ၇၀၁ အနေနဲ့ ငွေတောင်းခံရာမှာ ရိုးမဘဏ်သာမက စစ်တပ်ပိုင် မြ၀တီဘဏ် ကိုလည်း ကျပ် သိန်း ၁၀၀ တောင်းခံထားပြီး SSA စစ်ကြောင်းထံ လာရောက်အခွန်ဆောင်ဖို့ ဆင့်ခေါ်တယ် လို့ ငွေတောင်းစာမှာ ရေးသားထားပါတယ်။

RCSS/SSA အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက “ဗဟိုအမိန့်နဲ့ လုပ်တာမဟုတ်နိုင်ပါဘူး၊ ဒီလိုမျိုး မူလည်း မရှိပါဘူး၊ ဒါပေ မယ့် ပြန်စိစစ်ကြည့်ဖို့တော့ လိုပါလိမ့်မယ်၊ အောက်ခြေ ရဲဘော်တွေလုပ်တာ ဖြစ်နိုင် မဖြစ်နိုင်ကတော့ အတိအကျပြောလို့ မရပါဘူး”လို့ ဆိုပါတယ်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို မကြာသေးခင်က သွားရောက်စဉ် ဆက်ကြေးကောက်မှု၊ လူသစ် စုဆောင်းမှုတွေ များပြားနေတဲ့အကြောင်း ဒေသ ခံတွေရဲ့ တိုင်ကြားပြောဆိုတာတွေကို ဖြေရှင်းခဲ့ရ တယ်လို့လည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ပြောပါတယ်။

RCSS/SSA အနေနဲ့တော့ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရေးအရ စစ်သားစုဆောင်းမှု၊ ဆက်ကြေးကောက် ခံမှုတွေ မလုပ်ကြောင်း၊ လုပ်ခဲ့ရင်လည်း စစ်စည်းကမ်းအရ အရေးယူမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ၂ လ လောက်ကတော့ မူဆယ်-နမ့်ခမ်းဒေသ အခြေစိုက်တဲ့ SSA တောင်ပိုင်း စစ်ဒေသ ၇၀၁ တပ်ရင်းကို အစိုးရတပ်က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသေးတယ်။

ရှမ်းပြည်နယ်ဟာဆိုရင် လက်နက်ကိုင်အုပ်စု အများဆုံးရှိတဲ့ ဒေသဖြစ်ပြီး အဖွဲ့အစည်း အသီးသီးရဲ့ ဆက်ကြေးငွေ တောင်းခံမှုကို ဒေသခံတွေ အနေနဲ့ ဆက်တိုက်ကြုံတွေ့ နေရပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)၊ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အပြင် နမ့်ခမ်းဒေသမှာ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ ၄ တို့ လှုပ်ရှားနေပါတယ်။

အဲဒီ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဆက်ကြေးကောက်ခံမှုဟာ ကျေးလက်တောရွာများသာမက အခုဆိုရင် ကျောက်မဲ၊ သီပေါ စတဲ့ မြို့ပေါ်ဒေသများအထိ ရောက်ရှိနေပြီလို ဒေသခံတွေက ဆိုပါတယ်။

ကျောက်မဲ ဒေသခံတဦးက“မြောက်ပိုင်းမှာတော့ တော်တော်ဆိုးတယ်၊ ကျောက်မဲမှာ တပ်တွေထိုင်လို့ မြို့ထဲမ၀င်ပေမယ့်၊ ပတ်ဝန်း ကျင် ရွာတွေကတော့ အကုန်ကောက်တယ်၊ သီပေါကတော့ မြို့ပေါ်မှာကို ၀င်ကောက်တာ၊ ဒေသခံတွေ အရမ်းစိတ်ညစ်နေတယ်” လို့ ပြောဆိုပါတယ်။

ပွဲရုံ၊ ဈေးဆိုင်၊ လမ်းဘေးဓာတ်ဆီဆိုင်၊ ကားပိုင်ရှင်၊ ထော်လာဂျီပိုင်ရှင်၊ လယ်ယာမြေပိုင်ဆိုင်သူများကို ကောက်ခံပြီး ဆက်ကြေး နှုန်း ထားမှာလည်း သိန်းဂဏန်းအထိ ပေးရတယ်လို့ ကျောက်မဲ ဒေသခံ က ဆိုပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ ပြည်သူ့စစ် အသွင်ပြောင်းထားတဲ့ လက်နက်ကိုင် အုပ်စုတွေသာ များပြီး ဆက်ကြေးထက် ဘိန်းနဲ့ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်ဖြန့်ဖြူးခြင်းနဲ့ ငွေကြေးရှာဖွေကြတယ်လို့ သိရပါ တယ်။

ဧရာဝတီ

နန်းစုရတီစိုး ရဲ့ခပ်ဟော့ဟော့စတိုင်နဲ့ Sexy ဖက်ရှင်ဓာတ်ပုံတွေပါ...

Posted by drmyochit Saturday, July 06, 2013, under | No comments


Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်