Thursday, May 23, 2013

ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန် နှင့် အခကြေးငွေယူ၍ ဆန္ဒထုတ်ဖော်သည်ဟု သမ္မတမှ ပြောကြားခဲ့သည့် အပေါ် ကျေနပ်မှုမရှိသဖြင့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်

Posted by drmyochit Thursday, May 23, 2013, under | No comments

ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန် နှင့် အခကြေးငွေယူ၍ ဆန္ဒထုတ်ဖော်သည်ဟု သမ္မတမှ ပြောကြား ခဲ့သည့် အပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ ညနေ ၃ နာရီ ခန့်တွင် လူဦးရေ ၂၀ ခန့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ဒီနေ့ ဆန္ဒထုတ်ဖော်ရတာက သမ္မတကြီးက အမေရိကန် ခရီးစဉ်မှာ ဆန္ဒထုတ်ဖော်သူတွေက ၃၀၀၀ ၊ ၅၀၀၀ ရလို့ ဆန္ဒထုတ်ဖော် ကြတာလို့ ပြောခဲ့တယ် ၊ အဲ့ဒီအချက်ကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်တာပါဟု” ဆန္ဒ ထုတ်ဖော် ရာ၌ ပါဝင်သူ နော်အုန်းလှ ကပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခွင့်ကို တရားဝင် လျှောက်ထားမှု မရှိဟု ၄င်းက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို တာမွေမြို့နယ် မင်္ဂလာတောင်ညွန့်  မြို့နယ် ၊ ပုဇွန်တောင် မြို့နယ်နှင့် ဗိုလ်တထောင် မြို့နယ် များသို့ စီတန်းလှည့် လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ရန်နိုင်
ဓာတ်ပုံ - အောင်နိုင်စိုး ( ကစ္ဆပ )


By: Popular Myanamr News Journal

ရွှေမှုန်ရတီရဲ့ ဖက်ရှင်ကျကျ ဓါတ်ပုံများ (Album)

Posted by drmyochit Thursday, May 23, 2013, under | 2 comments


By : 8 Day

တိုင်းရင်းသားလက်နက်ကိုင် ပြဿနာသည် အစိုးရအဆက်ဆက် သွေးခွဲမှုကြောင့်ဖြစ်ဟု စစ်ရေးလေ့လာသူပြော

Posted by drmyochit Thursday, May 23, 2013, under | No comments


မြန်မာအစိုးရအဆက်ဆက်သည် တိုင်းရင်းသားလူမျိုးစုငယ်များအပေါ် သပ်လျိုသွေးခွဲကာအပေါ်စီးမှချုပ်ကိုင်
အုပ်ချုပ် ခဲ့သလိုလက်ရှိ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း အဆိုပါနည်းလမ်းဟောင်းအတိုင်း ဆက် လက် ကျင့်သုံး ဆဲ ဖြစ်ကြောင်း တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည်။

မြန်မာ့လူ့အခွင့်အရေးအခြေအနေ စိုးရိမ်ရဆဲ AI သုံးသပ်

Posted by drmyochit Thursday, May 23, 2013, under | No comments

 ကမ္ဘာအနှံ့မှာ ဒုက္ခသည်တွေ တိုးလာနေသလို၊ အဲဒီ ဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီမှုတွေလည်း အားနည်းနေ တယ်လို့ Amnesty International နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ နှစ်ပတ်လည် အစီရင် ခံစာထဲ မှာ ထောက်ပြ ဝေဖန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကမ္ဘာအနှံ့ ဒုက္ခသည်တွေဟာ လူဦးရေ ၁၅ သန်းအထိ တိုးများလာတယ်လို့ Amnesty International က ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည် အတော်များများဟာ သူတို့ နိုင်ငံတွင်း မှာပဲ ရွှေ့ပြောင်း တိမ်းရှောင်နေကြရတဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း ဖော်ပြပါတယ်။

ဒီလို ဒုက္ခသည်တွေ တိုးများလာတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်ဖြစ်ပြီး၊ ဒုက္ခသည်တွေကို လက်ခံ ထားတဲ့ နိုင်ငံတွေရော နိုင်ငံ အတော်များများကပါ အဲ့ဒီ ဒုက္ခသည်တွေကို လုံလုံလောက်လောက် အကူအ ညီ မပေးနိုင်ကြဘူးလို့ ဝေဖန်ထားပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံပေါင်း ၁၀၀ ကျော်က ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ နိုင်ငံရေး အကျဉ်း သားတွေ အရေး ကိစ္စကိုလည်း မှတ်တမ်းပြုစုထားပါတယ်။ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက် တဲ့ ဖော်ပြချက်မှာတော့ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီး နိုင်ငံရေး အကျဉ်း သားတွေကို လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေး လှုပ်ရှားသူ အတော်များများဟာ အကျဉ်းထောင်ထဲမှာ ရှိနေတုန်း ပဲလို့  ဖော်ပြပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ အကျဉ်းသား ၈၅၀၀ ကျော် လွှတ်ပေးတဲ့အထဲမှာ ရာနဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါရှိပေမဲ့ အများစုဟာ ပုဒ်မ ၄၀၁ နဲ့ ခြွင်းချက် သဘောမျိုး လွှတ်ပေးခဲ့တာ ကို ထောက်ပြထား ပါတယ်။ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းထားပေမဲ့လည်း လူ့အခွင့် အရေး ချိုးဖောက်မှု တိုင်ကြားချက်တွေအပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ မလုပ်နိုင်တာကို ဝေဖန်ထားပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်သူတွေကို တရားဥပဒေအရ အရေးမယူနိုင်တဲ့ အခြေ အနေတွေ ကိုလည်း ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက စစ်ရေး တင်း မာမှုတွေ ရှိတာနဲ့အမျှ အဲဒီက ဒေသခံ ကျေးရွာတွေမှာ တရားလက်လွတ် ဖမ်းဆီးမှု၊ သတ်ဖြတ် မှု အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း Amnesty ရဲ့ နှစ်ပတ် လည် အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။

တဆက်တည်းမှာပဲ လူအတော်များများ သေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်းက ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေအပေါ် အစိုးရက စုံစမ်းရေး ကော်မရှင်ဖွဲ့တဲ့ နေရာမှာ အရေးပါတဲ့ အလွှာ အသီးသီးကို ထည့်သွင်းခဲ့ပေမဲ့ ရိုဟင်ဂျာ အသိုင်းအ၀ိုင်းက ကိုယ်စားပြုသူတွေကို ထည့်သွင်းခြင်း မရှိဘူးလို့ Amnesty က ပြောပါတယ်ရှင်။

From: VOA

မြန်မာနိုင်ငံက စိတ်ကြွဆေးပြား ၄ သန်းခွဲ ဘန်ကောက်မှာဖမ်းမိ

Posted by drmyochit Thursday, May 23, 2013, under | No comments


ဇွန်လ ၂၀၁၀ ခုနှစ်က ထိုင်းနိုင်ငံတွင်း Methamphetamine စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိစဉ်။


ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာပြည်မှာ ထုတ်လုပ်တာဖြစ်လို့ ထိုင်းနိုင် ငံထဲ ၀င်ရောက် မလာအောင် ကာကွယ်တဲ့အနေနဲ့ ထိုင်းနဲ့ မြန်မာ ဂိတ်တွေကို တင်းတင်းကျပ်ကျပ် စိစစ်ရမယ် လို့ ထိုင်းဒုဝန်ကြီးချုပ်က ပြောသွားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ပမာဏ အများ ဆုံး Methamphetamine စိတ်ကြွဆေးပြားတွေ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒုဝန်ကြီးချုပ်က အခုလို ပြောသွားခဲ့တာပါ။ အေပီသတင်းကို အခြေခံပြီး အသေးစိတ်ကိုတော့ မအေးသန္တာကျော် က တင်ပြထား ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေထဲ အများဆုံး ဖမ်းဆီးရမိမှုအဖြစ်နဲ့ အင်္ဂါနေ့က တိုက်ခန်းတစ်ခုမှာ Methamphetamine ဆေးပြား ၄ သန်းခွဲ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲ့ဒီမှာ ၁၆ နှစ်အရွယ် ကောင်လေးတစ်ဦး အပါအ၀င် ၃ ဦးကို ဖမ်းဆီးမိခဲ့ပြီးတော့ ပစ်တိုသေနတ် ၄ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းမိတဲ့ မူးယစ်ဆေးဝါး ပမာဏ များလွန်းတာမို့လို့ မီဒီယာရှေ့မှာ ခင်းကျင်းပြဖို့အတွက် အထုတ်တွေ ဖြီတာကိုပဲ တပ်ဖွဲ့ဝင်တွေ ၁၀ မိနစ်လောက် အချိန်ယူခဲ့ရပါတယ်။

ဆေးပြားတွေနဲ့ crystal meth လို့ခေါ်တဲ့ crystal တုံး ပြုလုပ်ထားတဲ့ Methamphetamine ၁၃၂ ပေါင်က မြန်မာနိုင်ငံကနေ ခိုးသယ်လာတာတွေ ဖြစ်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ် ချလန် ယူဘန် ဘရန်ဒန် က ပြောပါတယ်။ အဲ့ဒီ မူးယစ်ဆေးဝါးတွေကို ဘန်ကောက်မြို့တော်နဲ့ အနီးတ၀ိုက်က ခရိုင်တွေမှာ ရောင်းချမယ်လို့ ယုံကြည်ကြောင်း သူက ပြောပါတယ်။ အဲ့ဒီ ထိုင်းဒုဝန်ကြီးချုပ်က ထိုင်းနိုင်ငံမှာ စိတ်ဝင်စားစရာ အကောင်းဆုံး နိုင်ငံရေးသမားတစ်ဦးလို့ ပြောလို့ရပြီးတော့ မကြာခဏဆိုသလိုပဲ အငြင်းပွားစရာကိစ္စတွေကိုလည်း ဖန်တီးတတ်သူ ဖြစ်ပါတယ်။ အခုလိုမျိုး မူးယစ်ဆေးဝါးတွေ ထိုင်းနိုင်ငံထဲကို ၀င်မလာရအောင်လို့ ရဲတပ်ဖွဲ့အနေနဲ့ ပိုပြီးတော့ ကြိုးစားလုပ်ဆောင်သင့်ပါသလားဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကိုတော့ ဒုဝန်ကြီးချုပ်က တခြားဘက်ကို လက်ညှိုးထိုးပြီးတော့ ဖြေသွားခဲ့ပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေက မြန်မာနိုင်ငံထဲမှာ ဆောင်ရွက်တာမို့လို့ မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ ၀င်ပေါက်အားလုံးကို တင်းတင်းကျပ်ကျပ် စိစစ်ရပါမယ်။ နိုင်ငံခြားရေး ၀န်ကြီးဌာနက တားဆီးရတဲ့ အနေအထားအထိ လုပ်ဆောင်ရပါမယ်လို့ ပြောသွားပါတယ်။ ဒါကလည်း ဘာကြောင့် ပြောရသလဲဆိုရင် ကျနော်က အတားအဆီး ခံရတဲ့ဘက်မှာ ဖြစ်နေလို့ပါလို့ ထိုင်းဒုတိယ၀န်ကြီးချုပ် ချလန် ယူဘန် ဘရန်ဒန် က ပြောသွားခဲ့ပါတယ်။

ခရီးဆောင်သေတ္တာ အများကြီးထဲမှာ ဖွက်ပြီးတော့ ထည့်ထားတဲ့ အခု ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ အမေရိကန်ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဖမ်းဆီးမိထားတဲ့ တရားခံ ၃ ဦးမှာတော့ ၁ ဦးက ဒီ မူးယစ်ဆေးဝါးတွေကို စောင့်ကြည့်ဖို့ သူတို့ကို ငှားထားတယ်လို့ ဆိုပါတယ်။ တကယ်လို့သာ သူတို့ကို အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်မယ်ဆိုရင်တော့ သေဒဏ်ပေးခံရနိုင်ပါတယ်။

ထိုင်းနိုင်ငံဟာ နိုင်ငံတကာ ဈေးကွက်ကို တင်သွင်းမယ့် တရားမ၀င် မူးယစ်ဆေးဝါးတွေ တထောက်ရပ်နားတဲ့ နေရာဖြစ်ပါတယ်။ မနှစ်ကဆိုရင် နယ်စပ်တွေကနေတဆင့် ထိုင်းနိုင်ငံထဲမှာ Methamphetamine ဆေးပြား သန်းပေါင်းများစွာ မှောင်ခို ရောက်ရှိခဲ့ပါတယ်ရှင်။

From: VOA

ဘယ်ဆရာ ဘယ်ဆရာမမှ လာဘ်စားလို့ ကားမစီးနိုင်ဘူး ဆိုတဲ့ ပညာရေး ဒုဝန်ကြီး ဦးအေးကြူ

Posted by drmyochit Thursday, May 23, 2013, under | 1 comment


ပညာရေးကဏ္ဍခြစားမှုပြဿနာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူ နှင့်တွေ့ဆုံခြင်း ။
၂ဝ၁၃-၂ဝ၁၄ ပညာသစ်နှစ်အတွက် အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံမှု မကြာမီ စ တင်တော့မည်ဖြစ် သည်။ ထို့အတွက်ကြောင့် ပညာရေး ကဏ္ဍနှင့် ဆက်နွှယ်မှုရှိသော လာဘ်ပေး၊ လာဘ် ယူ မှု ကိစ္စရပ် အား ကျောင်းအပ်လက်ခံမှုမတိုင်မီ ပညာရေးဝန်ကြီးဋ္ဌာနဒုတိယဝန်ကြီး ဦးအေးကြူနှင့် တွေ့ ဆုံ မေးမြန်း မှု များ အား ဖော်ပြလိုက်ပါသည်။

မေး။- အစိုးရသစ်တက်ခါစမှာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီး ဦးÓဏ်ထွန်းဦးက ရန်ကုန်မြို့ က နာမည်ကြီးကျောင်းတွေရဲ့ ကျောင်းဝင် ခွင့် လာဘ်စားမှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်သွားမယ်လို့ ကြုံး ဝါး ခဲ့ တယ်။ ပြီးခဲ့တဲ့နှစ်အထိတော့ ဗြောင်မကျတော့ ပေမယ့် လာဘ်စားမှုတွေရှိတုန်းပဲလို့ သတင်းတွေ ကြားနေ ရပါတယ်။ ဒါကို ဒုတိယဝန်ကြီးအနေနဲ့ သိရှိထားပါ သလားခင်ဗျာ။

ဖြေ- အခြေခံပညာအဆင့် ကျောင်း အပ်နှံမှုကိစ္စနဲ့ပတ်သက်ပြီး မူလတန်း အဆင့်က အခမဲ့ဆိုပြီး အတိ အလင်း ထုတ်ပြန်ထားပြီးပြီပဲ။ အလယ်တန်း အဆင့်နဲ့ အထက်တန်းအဆင့်က တော့ အခမဲ့မဟုတ်ဘူးပေါ့။ မူလ တန်း အဆင့် နဲ့ပတ်သက်ပြီး ပိုက်ဆံတစ်မတ်တောင် မကောက်ရဘူး။ ဒါကိုလည်း အဆင့် ဆင့်အ သိပေး ထား ပြီးပြီပဲ။ တိုင်တန်း လို့ သိရှိလို့ရှိရင် ညွှန်ကြားချက် မလိုက် နာမှုနဲ့ အပြစ်ပေး အရေးယူ မှုတွေ ရှိမယ်။ဒါပေမဲ့ ကျွန်တော်တို့ဆီအထိ ရန်ကုန်က ကျောင်းတွေကိစ္စက တက် မလာဘူး။တက်လာခဲ့ရင်လည်း အရေး ယူသွားမှာပါ။ အခုရှိနေတယ် ဆိုတာ ကိုလည်း မီဒီယာက ဖော်ပြရမှာပဲ။ ဖော်ပြလို့ အရေး မယူတာ မျိုး မရှိပါဘူး။ ဒါပေမဲ့ မှန်ကန်ရမယ်။ ခိုင်လုံရမယ်။ နိုင်ငံတော်အစိုးရကိုယ်တိုင် မူလတန်း ပညာရေးကို အခ မဲ့ မသင်မနေရ စနစ် ပြဋ္ဌာန်းထားတာပဲ။ မဟုတ်ဘူးလား။
မေး- ဒီနှစ်မှာလည်း လာဘ်စားမှုတွေ ထပ်ဖြစ်မယ့်အရိပ်အရောင်တွေ တွေ့ နေရတယ်။ ဒါက ထိရောက်တဲ့ အရေး ယူမှု မရှိလို့လား။ စီမံခန့်ခွဲမှု အားနည်း လို့လား။
ဖြေ- ထိရောက်တဲ့အရေးယူမှုဟာ ဒါက ရှိတာပေါ့။ မရှိဘဲနေပါ့မလား။ ဒီအပိုင်း ကို ကျွန်တော်ပြောပြမယ်။ သူ့ရပ် ကွက်၊ သူ့ဧရိယာမှာရှိတဲ့ သူက သူ့ကျောင်းမှာ အပ်တယ်။ ဒီလိုမှမဟုတ်ဘဲ တောင်ဒဂုံ မှာနေတဲ့ သူက ဒဂုံ(၁)ကို အပ်ချင်တာမျိုး ဒါတွေဆိုရင် ရှုပ်ထွေးလာမယ်။ ကိုယ့် ရပ်ကွက် ကိုယ့်ဧရိယာမဟုတ်ဘဲ ဟို မှာ ထားချင်တယ်။ ဒီမှာထားချင်တယ်ဆိုရင် ဒီလိုတွေကဘယ်ဖြစ်မလဲ။ ဒါကိုလည်း စီမံခန့်ခွဲရမှာပဲ။ ကျွန်ေ တာ် ပြောပြီးပြီပဲ။ လာဘ်စားမှုတွေရှိတယ်ဆိုရင် တင်ပြ ဖော်ပြကြပါ အရေးမယူရင်ပြော ကဲ ..ဟုတ်ပြီလား။
မေး- အနှစ် ၂ဝ ကျော် လာဘ်ပေး လာဘ်ယူမှုတွေနဲ့ အသားကျနေတဲ့ နိုင်ငံမှာ ပညာရေးကဏ္ဍကလည်း ဒီနှစ် နှစ်အတွင်း တိုက်ဖျက်ဖို့ မလွယ်ဘူးလို့ ယူဆထားပါသလား။
ဖြေ- စနစ်ရဲ့သားကောင်။ ဒါတွေက ရှိမှာပဲ။ သို့သော်လည်းပဲ ပညာရေးမှာက သူဌေး မရှိဘူး။ အင်မတန် နည်း တယ်။ ဘယ်ဆရာ၊ ဘယ်ဆရာမမှ လာဘ် စားလို့ ကားမစီးနိုင်ဘူး။ ၁ဝဝဝ မှာ တစ်ယောက်။ ၁ဝဝ မှာ ၁ ယောက် ရှိ ကောင်းရှိမယ်။ ဒါကလည်း သူ့ကိုယ်ပိုင် နဲ့ ဝယ်ထားတဲ့ကားပဲ ဖြစ်မယ်။ လာဘ် မစားနိုင် ဘူး လို့တော့ မပြောဘူးနော်။ ရှိရင်ရှိမယ်။ သမ္မတကြီးကိုယ်တိုင် လာဘ်ပေး လာဘ်ယူမှုတွေကို တိုက် ဖျက် မယ် လို့ ပြောထားပြီးသားပါ။ ဒါကို လည်း ပညာရေးဝန်ကြီးဌာနက လိုက် လုပ်ရမှာပဲ။ မလွယ်လည်း လုပ် မှာပဲ။
မေး- စီးပွားဖြစ် လာဘ်စားမှုတွေကို တိုက်ဖျက်သင့်ပြီလို့ မထင်ဘူးလား။
ဖြေ- စီးပွားဖြစ် ဒါတော့မရှိဘူး။ နည်း တယ်။ ပညာရေးမှာက ဒီလိုတွေ သိပ် မရှိကြဘူး။ သို့သော်လည်း လာဘ်ပေး လာဘ်ယူတွေရှိခဲ့ရင် အရေးယူရမှာပဲ။ တိုက်ဖျက်သင့်ပြီ မဟုတ်ဘူး။ တိုက်ဖျက် မှုကို ပြုနေတာ။
မေး- စီးပွားဖြစ်လာဘ်စားလို့ ပညာရေး နယ်ပယ်က ဘယ်နှဦးလောက် အရေး ယူထားပြီးပြီလဲ။ ဒါကိုရော ဒုတိယ ဝန်ကြီး ဖြေကြားပေးစေလိုပါတယ်။
ဖြေ – အရေးယူမှုတွေ ရှိတာပေါ့ဗျာ။ အတိအလင်းကို ရှိတာပေါ့။ မယူမနေ ရ ပင်စင်ပေးလိုက်တာတွေ၊ နေ ရာ ရွှေ့ပြောင်းလိုက်တာတွေ၊ ပြင်းထန်စွာ သတိပေးလိုက်တာတွေ အများကြီး ပါပဲ။ ညွှန်ကြားရေးမှူးချုပ် အဆင့် ရှိသူတွေတောင် ဘယ်နှယောက်ရှိပြီလဲ။ ဒါက မြင်သာတဲ့ အရေးယူမှုပဲ။ အညှာ ကနေ ကိုင်နေ တာပဲ ကျန်တာတော့ ပြောမနေပါနဲ့တော့။ ပါတာပေါ့ဗျာ။ သို့သော်လည်းပဲ အချို့သော ဖြစ်ရပ် တွေမှာ သက် ညှာ ရတဲ့ အနေအထားတွေ ရှိပါတယ်။ ဒါကိုငြင်သာစွာနဲ့ ဖြေရှင်း ရတာတွေရှိပါတယ်။ ဆရာ၊ ဆရာမ တွေဆိုတာက အနစ်နာခံပြီး နှစ်ရှည် လုပ်လာကြတာတွေ၊ ဒါတွေကိုကြည့် ရသေးတယ်။ ပညာရေး ဆိုတာ နဂိုက တည်းကိုက သိမ်မွေ့ပါတယ်။ သိမ်မွေ့ တဲ့အထဲမှာ လုပ်ကိုင်နေကြတဲ့သူတွေကို ကိုင်တွယ်ရ တာ ကလည်း နူးညံ့ဖို့လို ပါတယ်။

မေး- ဆရာ၊ ဆရာမတွေရဲ့ ကျူရှင် စနစ်ဟာ ပျက်နေတဲ့ပညာရေးကို ပြိုကျ သွားစေတယ်လို့ဆိုကြပါတယ်။ ဒီနေ့ ပညာရေးကဏ္ဍအပြောင်းအလဲ လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ကျူရှင်စနစ် အပေါ် ဘာများ ပြော လိုပါသလဲ။

ဖြေ – ကျူရှင်စနစ် ဒါက မြန်မာမှာ လည်းရှိတယ်။ ဂျပန်မှာလည်းရှိတယ်။ ဒါကို မရှိသင့်တော့ဘူးလို့ ယတိပြတ် ပြောလိုက်လို့တော့ မရဘူး။ ကျောင်းမှာ လည်း သင်တယ်။ ဒါကို ပိုပြီးကျေညက် အောင် အပြင် မှာလည်း ထပ်သင်မယ်။ ဒါကို မသင်ရဘူးရပ်လို့ ပြောလို့မရဘူး။ သူ့အတန်းကို သင်။ သူသင်တဲ့ ကျူရှင် ကို တက်။ မေးခွန်းပေး ဒါဆိုရင် ဒါက မရှိသင့်ဘူး။ ပညာရေးဝန်ကြီးဌာနက လည်း ဒါကိုလက်မခံဘူး။

ဒါကြောင့် မေး ခွန်း ထုတ်တဲ့ကိစ္စကိုလည်းညှိနှိုင်း ရမှာပဲ။ အားလုံးကို ကျူရှင် မသင်ရ ဘူးလို့ ဝါးလုံးရှည်ကြီးနဲ့ တစ်ခါ တည်း ရမ်းလိုက်လို့မရဘူး။ ကျူရှင်ကခေတ် အဆက်ဆက်ရှိခဲ့တာပဲ။ ဒါကလည်း တရားမျှတတဲ့ကျူရှင်တွေ ရှိခဲ့လို့ပဲ။

မေး- အစိုးရဆရာဝန်တွေ အပြင်ဆေး ခန်းပြတာကျတော့ အရေးမယူဘူး။ ဆရာ၊ ဆရာမတွေ ကျူရှင်ပြ တာကျ တော့ အရေးယူတယ်ဆိုတာ မဖြစ်သင့် ဘူးလို့ တချို့က ပြောကြတယ်။ ဒုတိယ ဝန်ကြီးကရော ဒီလိုပြော ဆိုမှုအပေါ် ဘာပြောချင်ပါသလဲ။

ဖြေ- ကျူရှင်ကိစ္စကို တစ်ထိုင်တည်းနဲ့ ပြောလို့မရဘူးထင်တယ်။ တစ်ညလုံး ပြောလည်းမပြီးဘူး။ နောက် တစ်နေ့ ပြောလည်း မပြီးဘူး။ တက်တဲ့သူ ရှိလို့ သင်တဲ့သူ ရှိတယ်။ သင်တဲ့သူရှိလို့ တက်တဲ့သူ ရှိတယ်။ ဒါ့ အပြင် ထားတဲ့ သူရှိလို့လည်း ကျူရှင်ရှိတယ်။ ဒါကို ဘယ်လို လုပ်ကြမလဲ။ ပညာရှင်တွေက ဖြေရှင်းကြ ရမယ့် ကိစ္စတောင် ဖြစ်နေ တယ်။ ထိခိုက်မှု ဘာမှမရှိတဲ့ ကျူရှင်ကို အပြစ်ပြောလို့တော့ မရဘူး။

မေး- အခုဆို အချို့ဆရာ၊ ဆရာမ တွေက ကျူရှင်ပြနေကြပါပြီ။ အချို့ တွေက ကျောင်းမှာ စာသိပ်မ သင် ဘူး။ ကျူရှင်ကျမှ သေချာသင်တယ်တဲ့။ ကျူရှင်မတက်တဲ့ ကလေးဆို အတန်း ထဲမှာ အနှိမ်ခံရတော့ မဖြစ် မနေ ကျူရှင်တက်ရတယ်တဲ့။ မသင်မနေရ ကျူရှင်စနစ်ပေါ့။ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်သွားမလဲ။
ဖြေ – ဒီ ကျူရှင်မျိုးဆိုရင်တော့ မရှိသင့် ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ဒီခေတ် က ဒီမိုကရေစီခေတ်။

ဒါကြောင့် ပြောင်းလဲမှု၊ ဖြည့်စွက်မှု၊ ပြင်ဆင်မှု တွေကို ပညာရေးဝန်ကြီးဌာနက ပညာ ရေးကဏ္ဍမှာ ဆောင် ရွက်နေ တယ်။ တစ်ဦးတည်း တစ်ဖွဲ့တည်းက ဆုံးဖြတ် တာမျိုး၊ အမိန့်ပေးညွှန်ကြားတာမျိုး မဟုတ်ဘဲ ပညာ ရှင် များ က ဒီကိစ္စကို ကိုင်တွယ်မယ်။ အဖြေထွက်လာပြီး သဘောတူပြီးရင် ဒီပြဿနာကို ဖြေရှင်း သွားမှာ ပါ။
မေး- လစာမလောက်လို့ ကျူရှင်ပြ ကြတာတဲ့။ အခုပေးထားတဲ့ လစာက ကျူရှင်ပြစရာမလိုအောင် လုံလောက် နေပြီလား။

ဖြေ- ကျူရှင်ပြဿနာ ဒါကို တစ်ထိုင် တည်း ပြောလို့မရဘူးလို့ ပြောထားပြီး ပါပြီ။ ဒီထဲမှာမှ လုံလောက်ပြည့် စုံသော လစာရရှိမှုကလည်း အချက်တစ်ချက် ပါဝင်နေတယ်ဆိုတာ ငြင်းမရပါဘူး။ စပါးတင်း ၁ဝဝ၊ ရွှေတစ် ကျပ်သား၊ ဆရာ၊ ဆရာမလစာ တစ်တန်းထဲ ဆိုရင် တော့ ကျူရှင်က ရှိပါတော့မလား။ မရှိ တော့ဘူးနဲ့ တူ တယ်နော်။ ဆရာ၊ ဆရာမတွေအတွက်ပဲ ပါတာမဟုတ် ဘူး။ တောင်သူလယ်သမားတွေ အတွက်လည်း ပါ တာပေါ့။ ဘယ်သူမှ အလုပ်ရှုပ်ခံကြတော့မှာ မဟုတ်ဘူး။ ဒါတောင် ပျောက်ကွယ်သွားမယ်လို့ အာမ မခံနိုင် ဘူး။ ဒီလိုတွေတော့ ရှိတာ ပေါ့။

မေး – ပညာရေးကဏ္ဍထဲက ခြစား မှုတွေ ဘယ်အချိန်လောက်မှ အမြစ် ပြတ်မယ်ထင်ပါသလဲ။
ဖြေ- ဒါက ပေးသူရော၊ ရယူသူနဲ့ပါ သက်ဆိုင်ပါတယ်။ အမြစ်ပြတ်မှုဆို တာက အားလုံးနဲ့ဆိုင်ပါတယ်။ ထိ ရောက်တဲ့ အရေးယူမှုတို့၊ လိုက်နာ ကျင့်သုံးမှုတို့ရှိရင် အမြစ်ပြတ်ပါတယ်။ ။
မင်းသုအောင်တွေ့ဆုံမေးမြန်းသည်။
From: popular

သြစတြေးလျရဲ့ ခိုလှုံခွင့်တောင်းလိုသူအပေါ်ထားတဲ့ ဥပဒေကို ကုလ ဝေဖန်

Posted by drmyochit Thursday, May 23, 2013, under | No comments


ၾသစေၾတးလ် လက္ရွိအာဏာရအစိုးရက ၾသစေၾတးလ် ပင်မကုန်းမြေ နင်းပြီးသား ခိုလှုံခွင့်တောင်း လို သူတွေ ရဲ့ ရပိုင်ခွင့်တွေကို ပလပ်ဖျက်သိမ်း လိုက်တဲ့ အပေါ် ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင် ရာအေဂျင် စီဖြစ်တဲ့ UNHCR က ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကပဲ သြစတြေးလျအစိုးရက လူဝင်မှုဆိုင်ရာဥပဒေ အပြောင်းအလဲလုပ်ခဲ့ရာမှာ သြစတြေး လျ ပင်မကုန်းမြေရောက်ပြီးသား ဒုက္ခသည်တွေကို ရပိုင်ခွင့်လျော့ချခဲ့တာနဲ့ပတ်သက်ပြီး UNHCR က သြစတြေးလျအစိုးရအနေနဲ့ ဒီလိုလုပ်ဆောင်လိုက်ရုံနဲ့ ခံယူရမယ့် တာဝန်တွေကို ခေါင်းရှောင်လို့တော့ မရ နိုင် သေးဘူးလို့ ပြောလိုက် တာ ဖြစ်ပါတယ်။

သြစတြေးလျအစိုးရအနေနဲ့ အခုလိုလူဝင်မှု ဥပဒေပြုလိုက်တာဟာ နိုင်ငံတ ကာ ဥပဒေတွေ အရ လိုက်နာ ရမှာဖြစ်တဲ့ တာဝန်ယူမှုနဲ့ သဟာဇာတလည်း မဖြစ်လှဘူးလို့ UNHCR က Babar Baloch က ဝေဖန်လိုက် ပါတယ်။ခိုလှုံခွင့်တောင်းလိုသူ အမျိုးသမီးကို လုံခြုံရေး အရ စိတ်ချ ရ သူလို့ သြစတြေး လျ ထောက် လှမ်းရေးတွေ ပြန်သတ် မှတ် သြစတြေး လျနိုင်ငံ ထောက်လှမ်းရေး တွေက လုံခြုံရေး စိတ်မချရဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အတွက် သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်မရတဲ့ သီရီလင်္ကာ အမျိုးသမီးတစ်ဦးကို ခုအခါမှာ လုံခြုံစိတ်ချ ရသူလို့ ပြန်လည် သတ်မှတ်ပေး တဲ့အတွက် အလားတူ အခြေအနေမှာ ရှိနေသူတွေအ တွက် မျော်လင့် ချက်တခု တိုးလာ ပါတယ်။

ယခင်က လက်နက်ကိုင်အဖွဲ့အစည်း တခုခုနဲ့ ဆက်စပ်ဖူးတဲ့ သူတွေ အခုတော့ သြစတြေးလျနိုင်ငံမှာ ဒုက္ခသည်ခံယူဖို့ ရောက်ရှိလာသူတချို့ကို သြစတြေးလျ ထောက်လှမ်းရေးအဖွဲ့ကနေ သြစတြေးလျနိုင်ငံရဲ့ လုံခြုံရေး အတွက် စိတ်မချရသူတွေလို့ သတ်မှတ်တဲ့အတွက် ဒုက္ခသည် စစ်မှန် တာတောင် နေထိုင်ခွင့် မရတဲ့ သူတွေရှိနေပါတယ်။

သီရိလင်္ကာနိုင်ငံက အသက် ၄၁ နှစ်အရွယ် မိုနိုကာလာဂျယ်နာဒါဆန်ရဲ့ အမျိုးသားဟာ တာမီးလ်ကျားသူ ပုန်အဖွဲ့ ဝင်ဖြစ်ခဲ့တဲ့ အတွက် သူ့ကို သြစတြေးလျ လုံခြုံရေးအတွက် စိတ်မချရသူလို့ ယူဆပြီး နေထိုင်ခွင့် မပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ အမျိုးသမီးရဲ့ ခင်ပွန်းသည် ကွယ်လွန်ပြီး အမျိုးသမီး ကိုယ်တိုင် သူပုန်အဖွဲ့မှာ တက်ကြွ ပါဝင် တာတွေ မရှိ ခဲ့တာကို တွေ့ရှိ တဲ့အတွက် ခုအခါမှာ လုံခြုံရေးစိတ်ချရသူလို့ သြစတြေးလျ
ထောက်လှမ်းရေးအဖွဲ့က ပြန်ပြောင်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးဟာ ခုအခါမှာ သြစတြေးလျနိုင်ငံမှာ နေထိုင်ခွင့်ရဖို့အတွက် လျောက်လွှာနောက်တကြိမ် တင်ထားပြီလို့လည်း လူဝင်မှုကြီး ကြပ်ရေးဌာနက အတည်ပြု ပြောဆိုခဲ့ပါတယ်။

သြစတြေးလျနိုင်ငံမှာ လုံခြုံရေး စိတ်မချရသူလို့ သတ်မှတ်ခံရသူလူပေါင်း ၅၄ ယောက် ရှိနေတဲ့အတွက် သူတို့ကိုလည်း အလားတူ ပြန်ပြောင်းသတ်မှတ်ကြဖို့ လိုလားနေကြပါတယ်။

ABC Radio Australia

"အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူး" - ဘလော်ဂါသစ်ထူးလွင်

Posted by drmyochit Thursday, May 23, 2013, under | No comments


အင်တာနက်သုံးတဲ့ ပြည်တွင်း/ပြည်ပ မြန်မာပြည်သားတွေ အများဆုံးရောက်တဲ့ မြန်မာဝက်ဆိုက်က သစ်ထူးလွင် ဒေါ့ကွန် ဖြစ်ဖွယ်ရှိပါတယ်။
လားရှိုး၊ ရန်ကုန်၊ မိုးကုတ်၊ မြစ်ကြီးနား ဘယ်သွားသွား သစ်ထူးလွင်ပရိသတ်တွေနဲ့ တွေ့ရမှာပါ။

အင်တာနက်ဆိုင်ပိုင်ရှင်၊ မဂ္ဂဇင်းအယ်ဒီတာ၊ ကုန် သည်၊ နိုင်ငံရေးသမား စသဖြင့် သူ့ပရိ သတ်က အလွှာ အသီးသီးကပုဂ္ဂိုလ်တွေ၊ သတင်းဖတ်လိုသူတွေ ပါပါ တယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့တဲ့ ကိုဒီ၊ သိပ်မကြာသေးခင်ကာလအထိ မီဒီယာ ဌာနတွေမှာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့တဲ့ ကိုဒီ၊ လတ်တလော အထင်ကရ ဘလော်ဂါတဦးဖြစ်သူ သစ်ထူး လွင်နဲ့ ဧရာဝတီ ဆက်သွယ်မေးမြန်းချက်ကို ဖော်ပြလိုက်ပါတယ်။

ဧရာ ဝတီ  - သစ်ထူးလွင် ဝက်ဆိုက်ကို ဘယ်တုန်းက ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာလဲ။
သစ်ထူး လွင် - ပထမဆုံး ရှင်းပြချင်တာကတော့ သစ်ထူးလွင် ဝက်ဆိုက် ဆိုတာနဲ့ပတ်သက်လို့ ပါ။ www.thithtoolwin.com ဟာ ဝက်ဆိုက် မဟုတ်ပါဘူး၊
Blogger သို့မဟုတ်  blogspot သာဖြစ်ပါတယ်။ blog ကနေ .com ကို ပြောင်းထားတာပါ။
မူရင်းကတော့ လူမူကွန်ယက်အက်တာနက် စာမျက်နှာ အုပ်စုမှာပါတဲ့ Blogger သာ ဖြစ်ပါတယ်။

သစ်ထူးလွင် ဘလော့ဂ်ကို ၂ဝ၁၁ အောက်တိုဘာလ ၁၅ ရက်နေ့ မှာ စတင်ပြီး ပုံမှန် သတင်းတွေ တင်ဖြစ်ခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ မြန်မာ အစိုးရရဲ့မျက်နှာကို ထောက်ထားနေရတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေမှာ ဆင်ဆာဖြတ်ခံထားရပြီး တိမ်မြုပ်ပျောက်ကွယ် သွားတက်တဲ့  သတင်းတွေကို ဖော်ထုတ်တင်ပြဖို့ နဲ့
ပြည်တွင်း၊ ပြည်ပ မီဒီယာတွေက ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမဲ့ သတင်းတွေကို တစုတဝေးတည်း ဖတ်ရှုနိုင်အောင် ကောက်နှုတ်ဖော်ပြ ပေးဖို့ ၊
ပြည်သူပြည်သားတွေက တိုက်ရိုက်ပေးပို့ လာတဲ့ သတင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေဖို့  ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

 ဧရာဝတီ  - ကိုသစ်ထူးလွင်အကြောင်းလည်း နည်းနည်း ပြောပြပါဦး။
သစ်ထူးလွင် - ကျနော် အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ အော်ဘာနီမြို့ မှာ နေပါတယ်။
ရင်းနှီးတဲ့ မိတ်ဆွေတွေက ကိုဒီ လို့ ခေါ်ပြီ၊ မီဒီယာလုပ်ငန်းနဲ့ပတ်သက်သူတွေကတော့ သစ်ထူးလွင် လို့ ပဲ ခေါ်ပါတယ်။
သစ်ထူးလွင် ဆိုတာ ထိုင်းအခြေစိုက် RFA သတင်းထောက် လုပ်ခဲ့စဉ်က နာမည်ပဲ ဖြစ်ပါတယ်။

အင်တာနက်ကနေ သတင်းတွေ ဖြန်တော့ ကိုယ်တိုင်ရေးတာတွေရော ရှိသလား၊ ကလောင်နာမည် ဘယ်လို ပေးထားသလဲ။

ပြည်သူပြည်သားတွေက သစ်ထူးလွင် ဘလော့ဂ်ကို တိုက်ရိုက်ပေးပို့လာတဲ့ သတင်းတွေကိုတော့ ကိုယ်တိုင်ပြန်ရေးပြီး သစ်ထူးလွင် ဒါမှမဟုတ် Myanmar News Now ဆိုတဲ့ ကလောင်နာမည်တွေနဲ့ပဲ ပြန်ရေးဖြစ်ပါတယ်။

သတင်းသမားဘဝမှာ သစ်ထူးလွင် ဆက်သွယ် လုပ်ကိုင်ခဲ့တဲ့ သတင်းဌာနများ
၂ဝဝ၅ -၂ဝဝ၆ BBC မြန်မာဌာန
၂ဝဝ၃ -၂ဝဝ၄ RFA မြန်မာဌာန
၂ဝဝဝ - ၂ဝဝ၂ ဧရာဝတီသတင်းဌာန
၂ဝဝ၁ - ၂ဝဝ၃ အမြင်သစ်၊ ခေတ်ပြိုင် လစဉ်ထုတ် စာစောင်များ
၁၉၉၈ - ၂ဝဝ၃ DVB အသံလွှင့်ဌာန


ဧရာဝတီ  - ဟက်ကာတွေ နှောက်ယှက်တာနဲ့ ကြုံရဖူးတယ်လို့ သိရပါတယ်၊ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ခံရသလဲ။
သစ်ထူးလွင် - ဟက်ကာတွေရဲ့ နှောက်ယက်မှုကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။
အဆိုးရွားဆုံးကတော့ https://www.facebook.com/pages/Myanmar-News-Now/164568630295390?ref=hl စာမျက်နှာ ဟက်ကာတွေလက်ထဲကို တရက်ကြာရောက်ရှိသူသွားပြီး  https://www.facebook.com/thithtoolwin အကောင့် log ကျသွားခြင်းပဲ ဖြစ်ပါတယ်။
ဧရာဝတီ  -  သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေတာလား။ ကူညီတဲ့သူ ရှိသလား။
သစ်ထူးလွင် - သစ်ထူးလွင် ဘလော့ဂ်နဲ့ ဖေ့စ်ဘုတ်တို့ကို တကိုယ်တော် လုပ်နေပါတယ်။  ကူညီတဲ့သူတွေကတော့ ပြည်သူပြည်သား သတင်းသမားတွေပါပဲ။
ဧရာဝတီ  -  သစ်ထူးလွင်က ဘာလဲ။ အစိုးရဆန့်ကျင်ရေး လုပ်တဲ့သူလား။
သစ်ထူးလွင် - အစိုးရကို ဆန့်ကျင်တဲ့သူ မဟုတ်ဘူးလို့ ငြင်းဆိုပါရစေ။
ဒါပေမယ့် အစိုးရရဲ့လုပ်ရပ်မှားရင် မှားတဲ့အကြောင်း ဝေဖန်ထောက်ပြမှာ ဖြစ်သလို အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အလျဉ်းသင့်သလို ဖော်ပြပေးနေပါတယ်။
အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးပါတီတွေနဲ့လူမှုအဖွဲ့ အစည်းတွေ၊ စီးပွားရေးသမားတွေ စတဲ့ အုပ်ချုပ်ရေး ယန္တယားမှာ အဓိက တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူလူထုကို ထိခိုက်နစ်နာစေမယ့် လုပ်ရပ်မှန်သမျှ ဆက်လက် ဖော်ထုတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

သစ်ထူးလွင်ဟာ ကိုယ်တတ်တဲ့ သတင်း နည်းပညာနဲ့ မြန်မာပြည်သူ ပြည်သားတွေဘက်ကနေ အခိုင်အမာ ရပ်တည် ဖို့ ဆုံးဖြတ် ထားသူပဲ ဖြစ်ပါတယ်။

စစ်အာဏာရှင် စနစ်ရဲ့အရိပ်အာဝါသအောက်မှာ နည်းမျိုးစုံနဲ့ဖုံးဖိခံထားရတဲ့ အမှန်တရားတွေ ကို ပြည်သူလူထုနဲ့ ပူးပေါင်းဖော်ထုတ်သွားမှာဖြစ်ပါတယ်။
ဘယ်လို တိုက်ခိုက်ဝေ ဖန်မှုတွေ ရှိနေ ပါစေ - ပြည်သူလူထု အကျိုးဖြစ်ထွန်းမယ့် သတင်းတွေကို ကြိုးစားပြီးတော့ ပြည်သူတွေဆီကို အရောက်ပို့ ပေးသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံး အနေနဲ့ကျနော် ပြောချင်တာကတော့ သစ်ထူးလွင် ဘလော့ဂ်မှာ သတင်းတွေ ကူးယူဖော်ပြရာမှာ နားလည်မှုပေးထားကြတဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာများနဲ့အင်တာနက် လူမှုကွန်ယက် စာမျက်နှာမှာ သတင်းတွေ တင်ပေးကြသူများ၊
သစ်ထူးလွင်ကို သတင်းတွေ တိုက်ရိုက်ပေးပို့လာတဲ့ ပြည်သူ/ပြည်သားတွေကို သစ်ထူးလွင်က အထူး ကျေးဇူးတင်ရှိကြောင်းပါ။ 

From: ဧရာဝတီ

ဖလန်းဖလန်းထမဲ့ နန်းခင်ဇေယျာ သိစေရန်

Posted by drmyochit Thursday, May 23, 2013, under | 1 comment


အသည်းကြား မှ ရိုးသားသည့်Touch Click သန်းပေါင်းများ တို့၏ မြစ်ဖျားခံရာ သို့မဟုတ် National Spirit အခု Photo မှာ မြင်ရတဲ့ အတိုင်းပါဘဲ ---> Myanmar Facebook User တွေ ဆိုတာကလည်း VOTE တကာ့ VOTE တို့ရဲ့ ထိပ်ခေါင် Clicker တွေလို့ဆိုရင် မမှားပါဘူး Information မရလိုက်နဲ့၊ မြန်မာသာ ဖြစ်ပါစေ အားတိုင်း VOTE မကြာခဏ VOTE တရေးနိုးလည်း ထပီး VOTE ကုန်ကုန်ပြောရင် အိမ်သာတက်ရင်းတောင် VOTE ကြတဲ့ သူတွေ VOTE သန်းပေါင်းများစွာတက်ရေး ဒို့အရေးဆိုပီး ဘီလ်ကုန်ခံ အိပ်ပျက်ခံ Like ကြ Share ကြတဲ့သူတွေ အဲဂလို အားရပါးရ VOTE တတ်ကြတဲ့ ရွှေမြန်မာ Voter တွေ ဆိုတာကလည်း VOTE ရုံလောက်နဲ့ အားမရ ကိုယ် VOTE ပေးလိုက်တဲ့ သူအပေါ် စေတနာ အပြည့်နဲ့ ဘာလုပ်လုပ် အမြဲတသသ ထာဝစဉ် Like ချင်နေတဲ့ သူတွေ ဘာကြောင့် အဲလို လုပ်ကြတာလဲ? ဘယ်သူ က ခိုင်းလို့လဲ?

National Spirit ဆိုတဲ့ အမျိုးသားရေး စိတ်ဓာတ် ရဲ့ စေစားမှုကြောင့် ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ခဲ့ကြတာပါ ညီမလေးရေ အလားတူပဲ၊ အခု ၉၆၉ လှုပ်ရှားနေသူ အားလုံးသည်လည်း နိုင်ငံရေးလုပ်စားနေတာ မဟုတ်ပဲ၊ ကိုယ့်အသိစိတ်နဲ့ကိုယ် အမျိုးသားရေး အတွက် ဆောင်ရွက်နေကြတာပါ ညီမလေးရေ အဲဒီ National Spirit တွေကနေ တစ်ဆင့် Miss International Nang Khin Zayar ဆိုတာကို ဖြစ်စေခဲ့တာ ဆိုရင် ညီမလေး ငြင်းမလား? နောက်တစ်ချက် က၊ VOTER ပမာဏ ရဲ့ 99.999 % သည်လည်း မွတ်စလင် ကုလားတွေ မဟုတ်ဘူး ညီမလေးရေ ---> Voter တွေ မျက်နှာ မှ မထောက် Keyboard လောက်မှ ဇောက်မနက် တဲ့ စကားတွေ ကို ပြောရက်လို့ ပြောထွက်ခဲ့တာ ဘယ်သူလဲ? ပီးတော့မှ ဂျာနယ် ကို လွှဲချတဲ့ Post လေး ၁ ကြောင်းနဲ့ ' ဒါပါဘဲရှင် ' တော့ မလုပ်စေချင်ဘူး

ညီမလေးရေ --> ဒါဆို ရှင် က ဘာလုပ်စေချင်တာလဲ ? လို့ တော့ လာမမေးပါနဲ့၊ ငါလည်း တိဝူး သိချင်ရင် မင်းရဲ့ Facebook User ပရိတ်သတ်ကြီးကိုသာ မင်းဖာသာ ပြန်မေးကြည့်ပါတော့ အားလုံး က ညီမလေး ကို ချစ်ပြီးသားပါ မင်း ဘက်ကသာ နည်းနည်းလောက် စာနာတတ်ဖို့ လိုတာပါ ညီမလေးရေ # ဂျာနယ် မှ Nang Khin Zay Yar သို့ Warning --> သက်ဆိုင်သူ ဖေ့စ်ဘွတ်ခ်မင်းသမီး သိစေရန် (အင်တာဗျူး အနေနဲ့  ဖော်ပြတော့မယ်ဆိုရင် အခု ခေတ်မှာ သတင်းထောက်က အသံဖမ်းပါတယ် . .စကားလုံးများ အတိအကျ ဖော်ပြခံရခြင်းမရှိကြောင်း လို့ ပြောနေသူ အတွက် ကျွန်တော်တို့မှာ အထောက်အထားအတိအကျ ရှိပါတယ် လိုအပ်လာရင် အဲဒီအသံဖိုင် ကို အများပြည်သူကို ချပြပေးဖို့ ၀န်လေးမှာမဟုတ်ကြောင်း သက်ဆိုင် သူအား အသိပေး အကြောင်းကြားအပ်ပါသည်။)

# * အခုလို ပုံစံမျိုးနဲ့ အချစ်စမ်းပီး ဖလန်းဖလန်းထမယ် ဆိုရင်တော့၊ ဖလပ်ဖလပ် ဖြစ်သွားလိမ့်မယ် ဆိုတာလေးတော့ သတိပြုစေချင်ပါတယ် Nang Khin Zay Yar ဆိုတဲ့ ညီမလေးရေ *

From:Ko June

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်