Friday, May 17, 2013

တောင်ကျချောင်းရေ ပြိုကျပြီးနောက်ပိုင်း အလုပ်သမား ၁၂၀ကျော် အလုပ်မှ နုတ်ထွက်

Posted by drmyochit Friday, May 17, 2013, under | No comments


ရန်ကုန်၊ မေ ၁၇။

လွန်ခဲ့သည့် မေလ ၂ ရက် နံနက် ၁ နာရီအချိန်ခန့်က ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ ရွှေမင်း ဘိုဒေသ တွင် ဖြစ်ပွားခဲ့သော လေဆင်နှာမောင်း တိုက်ခတ်ပြီး တောင်ကျချောင်းရေ ပြိုကျပြီးနောက်ပိုင်း အာရှ ကမ္ဘာမြေ စက်မှုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သမား ၁၂၀ ခန့် အလုပ် မှ နုတ်ထွက် သွားကြောင်း ရန်ကုန်မြို့ ဆာကူရာတာဝါတွင် ယနေ့ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

“အဓိကကတော့ တောင်ကျချောင်းရေ ပြိုကျပြီးတဲ့နောက်ပိုင်းမှာ လူတွေရဲ့ စိုးရိမ် ထိတ်လန့် မှုကြောင့် လို့ ပြောလို့ ရတယ်။ ဒီနေရာတွေမှာ ဆက်ပြီး အလုပ် မလုပ်ရဲတော့တာလည်း ပါလိမ့်မယ်” ဟု အာရှ ကမ္ဘာမြေ စက်မှုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းမှ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောကြားသည်။

မေလ ၂ ရက်က ဖြစ်ပွားခဲ့သည့် တောင်ကျချောင်းရေ ပြိုကျမှုကြောင့် ကုမ္ပဏီဝန်ထမ်း ၄ ဦး၊ ရွှေတွင်း လုပ် သား ၉ ဦးနှင့် အရပ်သား ၄ ဦး စုစု ပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၈ ဦးရှိခဲ့ကြောင်း၊ ဒဏ်ရာ ရရှိသူ များ အနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ယခုအချိန်ထိ ဆေးရုံ တွင် ဆေးကုသမှု ခံယူလျက် ရှိပြီး ပျောက်ဆုံးသူမရှိကြောင်း သိရသည်။

“နှစ်ပေါင်း လေး ငါးဆယ်အတွင်း ဒီလိုမျိုး တောင်ကျချောင်းရေ ပြိုကျတာ ဒီတစ်ခါ ပထမဦးဆုံးပဲ။ တစ်ခါမှ ဒီလို မဖြစ်ဘူး တဲ့အတွက် သတိ ပေးခဲ့တာမျိုးလဲ မလုပ်ခဲ့မိဘူး” ဟု ယင်းက ဆက်လက်ပြောကြားသည်။
မုန်တိုင်း မကျခင်အထိ ကုမ္ပဏီဝန်ထမ်းမှာ ၇၀၀ ခန့်ရှိပြီး မုန်တိုင်းကျပြီးနောက်ပိုင်းမှ ယင်းကဲ့သို့ အလုပ်မှ နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း ကုမ္ပဏီတွင် ရွှေတူးဖော်သည့် အင်းပေါင်း ၂၈ အင်းရှိပြီး အင်းတစ်အင်းသည် အနက်ပေ ပေ ၅၀၀ မှ ပေ ၆၀၀ အထိ ရှိကြောင်း သိရသည်။

ရည်မွန်
@ မြန်မာ့ခေတ် 

ပုဒ်မ(၄ဝ၁)အား လုံးဝမရှိသင့်ကြောင်း ကိုနေမျိုးဇင် ပြောကြား

Posted by drmyochit Friday, May 17, 2013, under | No comments

မအူပင်၊ မေ ၁၇။

မအူပင် အကျဉ်းထောင်မှ ယနေ့မွန်း လွဲ (၁)နာရီခွဲခန့် အချိန်ခန့်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက် လာသော ကိုနေမျိုးဇင် က ၎င်းအား ပြစ်ဒါဏ်ကျစေခဲ့သော ပုဒ်မ(၄ဝ၁)နှင့် ပတ် သက်၍ လုံးဝမရှိသင့်ကြောင်း မြန်မာ့ခေတ်သို့ ပြောကြားသည်။
ပုဒ်မ(၄ဝ၁)နှင့် ပတ်သက်၍ လုံးဝမရှိသင့်ကြောင်း၊ အဆိုပါ ပုဒ်မ(၄ဝ၁)ဖြင့် လွှတ်လာသူများ အားလုံးကိုလည်း အကြွင်းမဲ့ လွတ်ပေးသင့် ကြောင်း၊ အာဏာရှင်ခေတ်ကို ဝေဖန်ဆန့်ကျင်၍ ချမှတ်ခံခဲ့ရသော ပြစ်ဒါဏ်များကို ဒီမိုကရေစီ ကူးပြောင်းနေသည့် ကာလသို့ ယူဆောင်မလာ သင့်တော့ကြောင်း ၎င်းက ပြောကြားသည်။

၎င်းအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့် ပတ်သက်၍လည်း “အရမ်း ဝမ်းသာပါတယ်၊ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာက လုပ် နိုင်တဲ့သူတွေကို အကျဉ်းထောင်ထဲမှာ ထားတာထက် အားလုံးနဲ့ ပူးပေါင်းလက်တွဲလုပ်တာက တိုင်းပြည်အတွက် ပိုကျိုးရှိတာပေါ့”ဟု ဆို သည်။

ကိုနေမျိုးဇင်အား ရဲဝန်ထမ်းများကို အသရေဖျက်မှု ပုဒ်မ (၅ဝဝ) ဖြင့် ဒဏ်ငွေနှစ်သောင်း ပေးဆောင်ရန် ပန်းတနော် တရားရုံးက မေ ၂ ရက် တွင် အမိန့် ချမှတ်ခဲ့ပြီး ပေးဆောင် ရန် ငြင်းဆန် ခဲ့သောကြောင့် ထောင် ဒဏ်သုံး လ ပြစ်ဒဏ်ကို ပြောင်းလဲချမှတ်ရာမှ မအူပင် အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး ၎င်း ၏ ဆွေမျိုး များက မေ ၇ ရက်တွင် ပန်းတနော် တရားရုံးသို့ ဒဏ်ငွေကျပ်နှစ်သောင်း သွားရောက်ပေးဆောင် ခဲ့သော် လည်း ပုဒ်မ (၄ဝ၁)ဖြင့် ထောင်ဒါဏ်ခြောက်နှစ် ထပ်မံချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ကိုနေမျိုးဇင်အား ယင်းသို့ ပုဒ်မ(၄ဝ၁)ဖြင့် ထောင်ဒါဏ်ချမှတ်ခဲ့စဉ်က နိုင်ငံရေးအကျဉ်းသားဟောင်း အများစုက ၎င်းပုဒ်မ အပေါ် ဝေဖန် ပြောဆိုမှုများ ရှိခဲ့ကြသည်။

ယနေ့ မေလ (၁၇) ရက်နေ့တွင် မအူပင်ထောင်မှ လွတ်မြောက်လာသော ကိုနေမျိုးဇင် အပြင် အခြား အကျဉ်းထောင် များမှ လည်း နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးနေကြောင်း သိရပြီး လက်ရှိအချိန်အထိ အင်းစိန်ထောင်မှ(၁ဝ)ဦး အပါအဝင်
စုစုပေါင်း (၂၃)ဦး လွတ်မြောက်လာပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ သိရသည်။


ထက်နောင်နောင်
@ မြန်မာ့ခေတ် 

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ပြည့်တန်ဆာဈေးကွက် ဖော်ဆောင်မည်

Posted by drmyochit Friday, May 17, 2013, under | No comments

"ပြည့်တန်ဆာတွေကို လိုင်စင် ထုတ်ပေးပြီး တော့ စနစ် တကျနဲ့ လုပ်ဆောင် စေချင်ပါတယ်။ ဘာဖြစ် လို့လဲ ဆိုေ တာ့ လိုင်စင် ထုတ်ပေးရင် စနစ် တကျနဲ့ အခွန်ကောက် လို့ရပါတယ်။ စနစ်တကျ ကျန်းမာရေး စောင့်ေ ရှာက်မှု လုပ်ပေးလို့ ရ တယ်" ဒေါ်စန္ဒာ မင်း(NLD)

မြန်မာနိုင်ငံတွင် နိုင်ငံတ ကာအ ဆင့်မီ ပြည့် တန်ဆာ ဈေး ကွက်ကို စတင် အကောင် အထည် ဖော်ဆောင် တော့ မည်ဖြစ်ကြောင်း မင်္ဂလာဈေး၊ ဘုရင့်နောင်၊ ကြည့်မြင် တိုင်၊ ပန်းဆိုးတန်းတို့ ရှိ ပြည့်တန် ဆာလုပ်ငန်း လုပ်ေ ဆာင် နေသူများနှင့် မာဆတ်အမည်ခံ ပြည့်တန်ဆာခန်းများက ပြော သည်။

ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့တွင် ယင်းဈေးကွက်ရှိသော်လည်း မြန်မာနိုင်ငံတွင် မရှိသေးသဖြင့် ယခုကဲ့သို့ အေ ကာင် အထည်ဖော် ခြင်းဖြစ်ကြောင်း မင်္ဂလာဈေးရှိ ပြည့်တန်ဆာခေါင်း ဦးကြည်အေးက ပြောသည်။

''နိုင်ငံတကာ အဆင့်မှီပေါ့ဗျာ၊ နိုင်ငံတကာဈေးအတိုင်းပေါ့။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ခရီးသွားလုပ်ငန်းကို လည်း မြှင့်တင်ရာ ရောက်တာပေါ့'' ဟု ယင်းက ဆိုသည်။ယခုအချိန်ထိ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ် ငန်း ကို တရားဝင် ခွင့်ပြုပေးခြင်းမရှိသေးဘဲ ခိုးချောင်ခိုးဝှက်သာလုပ်ဆောင်နေရ ဆဲဖြစ်ကြောင်း ဦးကြည်ေ အး က ဆက်လက်ပြောသည်။


''ပြည်တန်ဆာဥပဒေကိုပြဌာန်းဖို့ လိုတယ်ဗျ။ အဲ့ဒီအတွက်လည်း ကျွန်တော့် ဖောက်သည် ပြည့်သူ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်က လွှတ်တော် မှာ တင်ပေးမယ်လို့ ပြောတယ်။ သူ့ကိုတော့ ဖရီးပေးေ ကျွးရ တာပေါ့။ အခုလောလောဆယ်တော့ လိုင်းကြေးပေးပြီး ဒိုင်လျှိုလေး လုပ်နေရတယ်'' ဟု ပြော သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တန်ဆာ ဥပဒေကို ပြဌာန်း ပြီးပါက ပြည့်တန်ဆာ လုပ်ငန်းသည် ကြီးထွားလာ နိုင်ပြီး ယခုကဲ့သို့ ခွင့်မပြုသေးသည့် ကာလ မှာပင် မာဆတ်အမည်ခံကာ ပြည့်တန်ဆာလုပ်ငန်းများ လုပ် ငန်းနေ မှုများ ရှိနေကြောင်း ပုံမှန် စားသုံးနေသူ အသက် ၂၅ နှစ်အရွယ် ကိုမောင်အောင်က ပြော သည်။

''တရားဝင်ဆိုကောင်းမယ်ဗျ။ အခုတော့ ဘယ်အချိန်ဝင်ဖမ်းမလဲ စိုးရိမ်နေရေ သးတယ်''ဟု ကိုမောင်ေ အာင် က ပြောသည်။ယင်းဈေးကွက်ကြီးဖော်ဆောင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပွင့်လင်း လာ နိုင်ပြီး အထူးသဖြင့် အမျိုးသမီးများအတွက် သင့်လျှော်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ဆီးဂိမ်းပြိုင်ပွဲ ကို ကျင်းပမည်ဖြစ်ရာယင်းအချိန်မတိုင်မီ ပြည်တန်ဆာ ဈေးကွက် ဖော်ေ ဆာင်ရန် လိုအပ်ကြောင်း အားကစားသတင်းထောက်တစ်ဦး ဖြစ်သူကိုချမ်းငြိမ်း ၎င်း၏ အမြင်ကို သုံး သပ်သည်။

''၂၀၁၃ ဆိုရင် ဆီဂိမ်းနဲ့ အတူ ဧည့်သည်တွေအများကြီးဝင်လာမှာ လေ။ အဲ့ဒီအထဲမှာ စားဖားကြီးတွေလည်း ပါလာမှာပဲ။ အဲ့ဒီလိုလူတွေအတွက် ပြည်တန်ဆာဈေးကွက်မရှိဘူးဆိုရင် အခြားအမျိုးသမီးအတွက် စိုးရိမ် ရနိုင် တယ်'' ဟု ကိုချမ်းငြိမ်းက ဆိုသည်။

ဆီးဂိမ်းနှင့်အတူ မြန်မာ့ပြည်တန်ဆာဈေးကွက်ကို လူသိများစေရန် လုပ်ဆောင် နိုင်ကြောင်း ပြည်တန် ဆာေ ခါင်း ဦးကြည်အေးက ဆိုသည်။

''အဲ့ဒီအခါဆို ကျွန်တော်တို့ ဖာခေါင်းတွေလည်း အငြိမ်နေရတော့မှာ မဟုတ်ဘူးဗျ။ ဈေးကွက်သစ်ရှာဖို့၊ ပစ္စည်း သစ်ရှာဖို့နဲ့ လုံးပမ်းနေရမှာ'' ဟုဦးကြည်အေးက ပြောသည်။

နိုင်ငံတကာ ပြည့်တန်ဆာ ဈေးကွက် ဖော်ဆောင်နိုင်မှုနှင့် ပတ်သက်၍ စီးပွားရေးကျွမ်းကျင်သူ ဦးဇော် သိုက်က ''ဒီဈေးကွက်က နိုင်ငံဂျီဒီပီကိုလည်း အထောက်အ ကူပြုနိုင်တယ်။ ထိုင်းနိုင်ငံဆိုရင် လည်း ဒီလုပ် ငန်း ကနေ အခွန်ငွေ တော်တော်ရတယ်လို သိရတယ်။ ကျန်းမာရေးပညာပေးတဲ့ နေရာမှာလည်း တစ်နေ ရာထဲ ထိထိ ရောက်ရောက်ပညာပေးနိုင်တဲ့အတွက် ရောဂါတွေကိုလည်း ထိန်းချုပ်လာ နိုင်တယ်'' ဟုသုံး သပ်သည်။

ယင်းနှင့် ပတ်သက်၍ ယခု လက်ရှိ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်နေသူ မစု(အမည်လွဲ)က ဝင်ငွေ လမ်းကြောင်းဖြောင့်လာနိုင်ပြီး နိုင်ငံတကာဈေးကွက်ဝင်ဆံ့နိုင်လာသည့် အတွက် မစတင်မီကပင် ကြိုတင် ရင်ခုန် မိနေကြောင်း ဘုရင့်နောင်ရှိ တည်ခိုခန်းတစ်ခုတွင် ပြောသည်။''နိုင်ငံခြားသားတွေနဲ့ ဆိုတော့.. .ဟိဟိ ရင်ခုန်စရာကြီး''ဟု မစုကဆိုသည်။

နိုင်ငံခြားသား များနှင့် ရင်ဆိုင်တွေ့ရ မည်ဖြစ် သည့်အတွက် မိမိတို့ဘက်ကလည်း ကြိုတင်ပြင်ဆင်ထား ဖို့လို အပ်ကြောင်း ပြည်တန်ဆာအမျိုးသမီးတို့က သုံးသပ်ကြသည်။မြန်မာနိုင်ငံတွင် ပြည်တန်ဆာ လုပ်ငန်း လုပ် ကိုင်နေသူပေါင်း သိန်းဂဏန်းအထိ ရှိနိုင်ကြောင်း ကျွမ်းကျင်သူတို့က သုံးသပ်ကြပြီး တရား ဝင်ဈေး ကွက် အကောင်အထည် ဖော်လာပါက ယင်းတို့နှင့် ဆက်နွယ်သော လုပ်ငန်းများပါ အခြေ အနေကောင်း လာနိုင်ကြောင်း သုံးသပ်ကြသည်

ဇေယျစိုပြေ
(ထပ်ဆင့် ဖော်ပြခြင်းသာ ဖြစ်သည်။)

From: Opposite eyes

EU နိုင်ငံများအား ရင်းနှီးမြှုပ်နှံခွင့်ပေးပါက မြန်မာနိုင်ငံအရေးသည် စိုးရိမ်ဖွယ်ရှိကြောင်း မလေးရှာလွှတ်တော်အမတ်တစ်ဦးပြော

Posted by drmyochit Friday, May 17, 2013, under | No comments

 မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ မှုများ ဖြေလျော့ လာတာ နှင့် အမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များလည်း ၀င်ရောက် လာခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် EU နိုင်ငံ များ အား ရင်းနှီးမြှုပ်နှံခွင့်ပေးပါ က မြန်မာနိုင်ငံ အရေး သည် စိုး ရိမ်ဖွယ်ရှိကြောင်း မလေးရှား အောက် လွှတ်တော် အမတ် Charles Santiago က ပြောကြား သည်။

““မြန်မာနိုင်ငံက သမ္မတ ဦး သိန်းစိန်က EU နိုင်ငံတွေ ကို သွား တဲ့အခါမှာ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့အတွက် EU ကို ကမ်းလာ တယ်။ အဲဒါ မြန်မာနိုင်ငံအတွက် မကောင်းဘူး။ ဘာလို့လည်းဆို တော့ EU နိုင်ငံတွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အပြည့်အ၀ကာကွယ်ပေးထား တယ်။ နောက်ပြီး စီးပွားရေးလုပ် ငန်းရှင်တွေက သူတို့ရဲ့ လုပ်ငန်း ထိခိုက်တယ်ဆိုရင် အစိုးရတောင် ပြန်ပြီးတော့ တရားစွဲဆိုပိုင်ခွင့် သူတို့မှာရှိတယ်။ နောက်ပြီး သူတို့လုပ်ငန်းရှင်တွေက အစိုးရ ထက်တောင် ပိုပြီးတော့ အား ကောင်းတယ်။ အစိုးရက သူတို့ နဲ့ဆိုရင် အားနည်းတယ်။ သူတို့ က အစိုးရကို တရားစွဲတယ်ဆို။ သူတို့က နိုင်ခဲ့တာကြီးပဲ။ ဥပမာ ဆိုရင် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းစတဲ့ အစိုးရတွေ ကို EU က လုပ်ငန်းရှင်တွေက နေပြီး တရားစွဲတယ်။ စွဲတဲ့အခါ တိုင်းမှာလည်း အစိုးရတွေက ရှုံး တာကြီးပဲ အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပုံစံမျိုးနဲ့ သူတို့ကို ရင်းနှီး မြှုပ်နှံခွင့်ပေးလို့မရဘူး””ဟု ပြော ကြားခဲ့သည်။


““EU ကို ရင်းနှီးမြှုပ်နှံခွင့် ပေးမယ်ဆိုရင် မြန်မာအစိုးရဟာ တရားစွဲခံရဖို့ရှိတယ်။ တခြား ဟာတွေကိုမပြော မြန်မာနိုင်ငံ က စီးကရက်ဘူးတွေမှာရေးထား တယ်””ဆေးလိပ်သောက်ခြင်း သည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သည်။ အဲဒါ မြန်မာ နိုင်ငံကလူတွေအတွက် ကောင်း သောဟာကို ထုတ်ထားတာ ဆေးလိပ်ဘူးတွေကို ကြည့်တိုင်း ဒီစာသားတွေကို တွေ့ရမယ်။

အဲတော့ ဆေးလိပ်သောက်နှုန်း ဟာ တဖြည်းဖြည်း လျော့ကျ သွားမယ်။ အဲတော့ အစိုးရဘက် ကကြည့်မယ်ဆိုရင်ကောင်းတယ်။ လုပ်ငန်းရှင်တွေဘက်ကြည့်ရင် မကောင်းဘူး။ သူတို့ရဲ့ စီးပွားရေး ကို ထိခိုက်တယ်။ အဲဒီတော့ သူတို့က တရားစွဲမှာ။ အဲဒါ ဥပမာပြောပြတာ သူတို့က တရားစွဲတယ်ဆိုရင် မြန်မာနိုင်ငံ က တရားရုံးမှာ တရားစွဲမှာ မဟုတ်ဘူး။ နိုင်ငံတကာ တရားရုံး မှာ တရားစွဲမှာမဟုတ်ဘူး။ နိုင်ငံ တကာတရားရုံးမှာ တရားစွဲမှာ နောက်တစ်ခုက အဲဒီမှာ ရှေ့နေ တစ်ယောက်ငှားတယ်ဆိုရင် ဒေါ်လာသန်း ၅၀ လောက် ကုန် တယ်။ EU ကလုပ်ငန်းရှင်တွေက သူတို့အကျိုးစီးပွားထိခိုက်တယ် ဆိုရင် အစိုးရတောင် တရားစွဲတဲ့ သူမျိုးတွေ မစွဲဘဲနဲ့နေတဲ့လူမရှိ ဘူး။ ဒါကြောင့် EU က နိုင်ငံ တွေကို ရင်းနှီးမြှုပ်နှံခွင့်ပေးမယ် ဆိုရင် သေချာစဉ်းစားသင့်တယ်။

သူတို့က မြန်မာနိုင်ငံကို ရင်းနှီး မြှုပ်နှံလာပေမဲ့ သူတို့က အစိုးရ နဲ့သဘောတူညီချက်စာချုပ်တွေ ချုပ်မှာပဲ။ သူတို့က မြန်မာနိုင်ငံ က သယံဇာတတွေကိုကြိုက် တယ်။ နောက်ပြီး လုပ်ခလစာ အရမ်းပေါတဲ့လူတွေကို အရမ်း ကြိုက်တယ်။ သူတို့ကို ရင်းနှီးမြှုပ် နှံခွင့်ပေးတာနဲ့ လက်ပံတောင်း လိုကိစ္စတွေထပ်ပေါ်လာမှာပဲဟု ပြောကြားခဲ့သည်။

ဖြိုးအောင်
From: The Hot News Weekly

တပ်မတော်သားများ ကူညီ၍ မီဒီယာ စာမျက်နှာထက် မရောက်ခဲ့တဲ့ မိုင်းပွန်နဲ့ ဟိုပုံးကြား ကားချောက်ထဲ ကျသည့် ဖြစ်စဉ်

Posted by drmyochit Friday, May 17, 2013, under | No comments



၁၁-၄-၂၀၁၃။ ထိုနေ့စွဲသည် သင်္ကြန်မတိုင်ခင် ဖြစ်ပွားခဲ့သည့် သွေးစွန်းသော ရက်စွဲ တစ်ခုဖြစ်ခဲ့သည်။ သို့ သော် ထိုကာလအတွင်းနှင့် သင်္ကြန်ကာလအတွင်း ကျွန်တော်တို့ ဖတ်ခဲ့ရသော သတင်းများ သည်ကား ချောင်း သာ သို့သွားသည့် ကား မှောက်သည့် သတင်း၊ AGB ဘဏ် မဏ္ဍပ်ရှေ့တွင် တပ်မတော်သားများ ခိုက်ရန် ဖြစ် ပွားဟု ဆိုသည့် အမှန်တစ်ဝက် သတင်း များသာ ဖြစ်ခဲ့လေသည်။




ဖြစ်စဉ်ကတော့ မိုင်းကိုင်မြို့တွင် ဆောက်လုပ်ရေး လုပ်ငန်း အောက်မှ လမ်းအလုပ်သမားများ သင်္ကြန် ပိတ် ရက် အတွက် ဖောကားအပြာဖြင့် ပြန်လာရာ အရက်မူးနေသော ကားမောင်းသမားကြောင့် မိုင်းပွန်နဲ့ ဟိုပုံး ကြား မိုင် တိုင် ၁၄၉ နားအရောက်၌ အရှိန် မထိန်းနိုင်ဘဲ ကား ချောက်ထဲကျခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ် ဖြစ် ပွား ချင်း၌ ကား (၁)စီး ၂ စီး ဖြတ်သွားခဲ့သော်လည်း ကြည့်သွားယုံမှ အပ ဘာမှ မကူညီခဲ့ကြ။


သိပ်မကြာခင် စစ်ကား aerolous တစ်စီးနှင့် စစ်သား အယောက် ၂၀ ခန့် ရောက်လာသည့် အခါတွင်တော့ အလုပ် စကြတော့သည်။ ချောက်ထဲကျသွားသည့် လူများကို လက်ဆင့်ကမ်း ဆွဲတင်ကြသည်။ ကားချောက် ထဲ ကျသည် ဆိုတော့ အချို့ကားများက ရပ်ပြီး ကြည့်ကြသည်။ အချို့ကတော့ ကြည့်သွားယုံထက် မပိုခဲ့ကြ။ အများ စုကတော့ သနားပါတယ် ဆိုသော စကားဖြင့်သာ ကူညီခဲ့ကြသည်။



စစ်ကားပေါ်မှ အရာရှိနှင့် အတူ ကူညီ ဆောင်ရွက်ပေးနေသူ တစ်ဦးကတော့ မိုင်းကိုင် မှ တိမွေးကု ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ နေလင်းပင်။ ထို့နောက် ဆောက်လုပ်ရေးနှင့် မိုင်းပွန် ရဲစခန်းသို့ အေ ကြာင်း ကြား ကြသည်။ သို့သော် အလှမ်းကွာဝေးနေသည့် နေရာဖြစ်သည့်အတွက် ချောက်ထဲကျသည့် လူ များ၊ ပစ္စည်းများ အားလုံး လမ်းပေါ်ရောက်သည် အထိ အကူအညီများ မရောက်လာခဲ့။


ချောက်ထဲကျသည့် သူအားလုံးကို အပေါ်သို့ ဆွဲတင်ပြီး ချိန်တွင်တော့ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၁ ယောက် မှ ဖြစ်သည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ၃ နှစ်သား အရွယ် ကလေးငယ်လေး မှာေ တာ့ ချောက်ထဲမှ အပေါ်သို့ အရောက်တွင် ဆုံးသွားခဲ့သည်။ ဒဏ်ရာ ပြင်းထန်သူများ ဒဏ်ရာ ရသူများကို စစ်သား များက တောင်ကြီးသို့ သွားသည့် ကားများပေါ်သို့ တင်ရန် ကြိုးပမ်းကြသည်။ အချို့ကားများက အမှု ပတ်မည် စိုးသဖြင့် လက်မခံလိုကြ။ ခရီးဖင့်မည် စိုးသဖြင့် မကူညီလိုကြ။ တစ်ယောက် တင်၍ ရသည့် ကားေ ပါ် ဒဏ်ရာ ရသူ တစ်ယောက် တင်ပေးကာ ဒဏ်ရာ ရသူများကို ကူညီပေးခဲ့ကြသည်။


တောင်ကြီး ဆေးရုံသို့ ရောက်ပြီးနောက် ဆောက်လုပ်ရေးမှ သေဆုံးသူတွေရဲ့ မိဘတွေကို ကူငွေ ၅ သိန်း၊ တောင် ကြီး ကူညီမှု အသင်းများက ၄ သိန်း ပေးသည်ဟု သိရသည်။ ယခုတော့ အဆိုပါဖြစ်စဉ် နေရာတွင် နောင် မဖြစ်စေရန် တိုင်များ စိုက်ထူထားကြောင်း သိရသည်။



အဆိုပါ ဖြစ်စဉ်သည် မည်သည့် မီဒီယာတွင်မှ ရေးသားခဲ့သည်ကို မတွေ့ရပါ။ ကူညီခဲ့သော တပ်မတော် သားများ ကို ၄င်းတို့ ကူညီခဲ့သဖြင့် အသေအပျောက် နည်းခဲ့ကြောင်း ခယက ဥက္ကဌနှင့် ဆောက်လုပ်ရေး အင်ဂျင် နီ ယာချုပ် တို့ ၂ ဦးမှ ချီးကျူးခဲ့သည်ဟု သိရသည်။ ဒဏ်ရာရ ကူညီမှုများ အပြီး တွင်တော့ လေး စား ဖွယ် စစ်သားများ၏ လုပ်ရပ်ကို ထပ်မံ တွေ့လိုက်ရသည်။ ထိုအချက်မှာတော့ စေတနာကို ဝေဒနာ မဖြစ်စေ ချင်၍ စစ်သားများကို တန်းစီကာ မည်သည့် ပစ္စည်းမှ ယူမသွားကြောင်း သက် သေများ ရှေ့တွင် စစ်ဆေးပြ ခဲ့ခြင်းပင်။


( အဆိုပါ ဖြစ်စဉ်တွင် ကူညီပေးခဲ့ကြသော တပ်မတော်သားများကို လေးစားဂုဏ်ပြုပါသည်။ သတင်းနှင့် ဓာတ် ပုံ ပေးပို့သူအားလည်း အထူးကျေးဇူးတင်ပါသည်။)
















From: Opposite Eyes Blog

စံကောင်းပီနံအိပ်စက်ရုံမှ အလုပ်သမား ၅၀၀ ကျော် ၆ ရက်ဆက်တိုက် ဆန္ဒပြ

Posted by drmyochit Friday, May 17, 2013, under | No comments


ရန်ကုန် ၊မေ ၁၆။

လှိုင်သာယာမြို့နယ် ငွေပင်လယ်ရေလုပ်ငန်းစက်မှုဇုန်ရှိ စံကောင်းပီနံအိပ် စက်ရုံ အလုပ်သမား ၅၀၀ ကျော် သည် ယနေ့အပါအ၀င် ၆ ရက်ဆက်တိုက် ဆန္ဒပြနေကြောင်း အဆိုပါ စက်ရုံ၏ အခြေခံ အလုပ် သမား အဖွဲ့ အစည်းမှ ဥက္ကဋ္ဌဖြစ်သူ ကိုဝင်းထွန်းအောင်က ပြောကြားသည်။
“ကျွန်တော်တို့ လုပ်နေတာ တစ်ယောက်အတွက်မဟုတ်ပါဘူး။

အများအတွက်လုပ်နေတာပါ။ကျွန်တော်တို့နဲ့မတူ ဘဲအလုပ်သွားလုပ်နေတဲ့ သူတွေ ကိုလည်း တားပိုင်ခွင့် မရှိ ပါဘူး”ဟု ၎င်းက ပြောကြားသည်။
ပြီးခဲ့ သည့် ဧပြီလ ၂၉ ရက်နေ့က အဆိုပါ စက်ရုံ၏ ၀န်ထမ်း ၄၇ ယောက်အား အလုပ် ထုတ်ပယ်ပြီးနောက် ပိုင်း ဆွေးနွေးမှု များ အဆင်မပြေ သည့်အတွက် ယခုကဲ့သို့ ဆက်တိုက် ဆန္ဒပြမှု များ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။


အလုပ်သမားများအနေဖြင့် တည်ဆဲဥပဒေနှင့် ဆန့်ကျင်သော ဆန္ဒထုတ်ဖော်၍ စုဝေးခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်း၊ စာရွက် စာတမ်း ဖြန့်ဝေခြင်း၊ ကြော်ငြာ ပိုစတာကပ်ခြင်း၊ အစည်အဝေးပြုလုပ်ခြင်းတို့ကြောင့် ကုမ္ပဏီ၏ အလုပ်ခန့်အပ်မှုစာချုပ်ပါအရ အလုပ်ထုတ်ခြင်းဖြစ်ကြောင်း စံကောင်းပီနံအိပ် စက်ရုံစီမံခန့်ခွဲမှု ဒါရိုက်တာ ဦးခင်မောင်မြင့် က ပြောကြားသည်။

အလုပ်သမားများအနေဖြင့် ဆန္ဒပြမှုများပြုလုပ်နေခြင်းမှာ နှစ်ဦးနှင့်ဖက်အတွက် အကျိုးမရှိကြောင်းနှင့် ညှိနှိုင်မှုများလုပ်ဆောင်ပေးခဲ့သော်လည်း အလုပ်သမားများအနေဖြင့် အချက်အလက်များကို ပိုမိုတောင်းခံလာကြသောကြောင့် အဆင်မပြေမှုများ ရှိလာကြောင်း ဦးခင်မောင်မြင့် က ပြောကြားသည်။
အလုပ်သမားများသည် ယခင်က တောင်းဆိုချက် ၃ ခုသာ ရှိခဲ့သော်လည်း ယခုအခါ တောင်းဆိုချက် ၄၄ ခုအထိရှိလာကြောင်း သိရသည်။

အလုပ်သမား အနေဖြင့်လည်း အလုပ်သမား(၄၇)ဦးအား အလုပ်ထုတ်ခြင်းနှင့်ပတ်သက်၍ ခုံသမာဓိရုံး၏ အဆုံးအဖြတ်ကိုခံယူသွားမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဆန္ဒထုတ်ဖော်နေခြင်းမှာ ဆွေးနွေးမှုများကို လိုလားသောကြောင့်သာ ဆန္ဒပြခြင်းဖြစ်ကြောင်း အလုပ်သမားအဖွဲ့မှ ဦးဆောင်သူ တစ်ဦးက ပြောကြားသည်။

စံကောင်းပီနံအိပ် စက်ရုံတွင်အလုပ်သမားစုစုပေါင်း (၁၇၀၉)ဦး ရှိပြီး အလုပ်တက်သူများမှာ စုစုပေါင်း(၄၀၀)ခန့် ရှိကြောင်းနှင့် ဆန္ဒပြသူအလုပ်သမာများ ငါးရာ မှ တစ်ထောင်ဝန်းကျင်ခန့် နေ့စဉ် ဆန္ဒပြမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပိုင်လေး
@ မြန်မာ့ခေတ် 

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများကို ဇနီး နှင့် ကလေး ကန့်သတ်ပြီ

Posted by drmyochit Friday, May 17, 2013, under | No comments


ရခိုင်ပြည်နယ် မောင်းတော ခရိုင်အတွင်းရှိ ဘင်္ဂါလီလူမျိုးများ ၏ အိမ်ထောင်ပြုခြင်း ကိစ္စနှင့် ကလေးမွေး ဖွားနှုန်း ကို ကန့်သတ် သည့် ညွှန်ကြားချက်ကို ဒေသန္တ ရအမိန့်အဖြစ် ထုတ်ပြန်လိုက် ကြောင်း သတင်း ရရှိသည်။

မောင်းတော ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောနိုင် မှ ပြောကြား ရာတွင် မောင်းတော ခရိုင်အတွင်း နေထိုင်သည့် ဘင်္ဂါ လီလူမျိုးများ အိမ်ထောင်ပြုခြင်း နှင့် ကလေးမွေးဖွားနှုန်းကို ကန့် သတ်ထိန်းချုပ်သည့် ညွှန်ကြား ချက်ကို ဒေသန္တရအမိန့်အဖြစ် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်ဟုဆို သည်။ ယခုအခါ ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီကျေးရွာများ တွင် လူဦးရေ အဆမ တန်တိုး ပွား နေသည်ဟုလည်း ကြားသိရသည်။ ဘင်္ဂါလီအိမ်ထောင်စုများတွင် အိမ်ထောင်စုတစ်စုလျှင် လူဦးရေ ၃၀ ကျော်ရှိနေသည်။

အချို့အိမ် ထောင်စုများတွင် လူဦးရေ ၇၀ ကျော်ပင်ရှိနေကြောင်းလည်း တွေ့ရှိခဲ့ရသည်ဟုဆိုပါသည်။ ခရိုင်ဦး စီးမှူးမှ ဆက်လက်ပြော ကြားရာတွင် ““ဒါကြောင့်လည်း ဘင်္ဂါလီအမျိုးသားတစ်ဦးကို ဇနီး မယား တစ်ယောက်နှင့် ကလေး နှစ်ယောက်သာ ယူရမယ် ဆိုတာ ကို ဒေသန်္တရ အမိန့်အဖြစ် ထုတ် ပြန် စာဖြစ်ကြောင်းနှင့် ထုတ်ပြန် ထားသော အမိန့်ကို လိုက်နာမှု ရှိစေရန် အမြဲတမ်းရှောင်တခင် စစ်ဆေး မှုတွေပြု လုပ်နေကြောင်း”” ဆွဲ/တင်/စစ် ပြုလုပ်မည်ဖြစ် ကြောင်း၊ ဆွဲတင်စစ်ဆိုတာက လူဦးရေ စစ်မယ့်ရွာကို မြေကြီး၊ မြေပုံဆွဲမယ်။

ရွာမှာရှိတဲ့ အိမ် ထောင်စုတွေကို ဓာတ်ပုံရိုက်ပြီး လူဦးရေကို မှတ်တမ်းတင်မယ်။ ဒီဓာတ်ပုံနဲ့ အိမ်ထောင်စုတစ်ခု ချင်းစီကို နောင်မှာ ပြန်စစ်ဆေး တဲ့အခါ ဘင်္ဂါလီအမျိုးသားတစ် ဦးက နောက်မိန်းမထပ်ယူထား တာတွေ့ရင် တရားမ၀င်ပေါင်း သင်းမှုနဲ့ အရေးယူပါမယ်။ ကလေးတွေတိုးလာရင် နောက် ထပ်တိုးလာတဲ့ကလေးတွေကို Black List  သွင်းမယ်ဟု ခရိုင် လ၀ကမှူးက ပြောပြခဲ့သည်။



သာလိကာ

ဦးသိန်းစိန် အမေရိကန် ခရီးစဉ် အကြို နိုင်/ကျဉ်း တချို့ လွတ်မြောက်မယ်

Posted by drmyochit Friday, May 17, 2013, under | No comments


သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်အကြိုမှာ မြန်မာနိုင်ငံ အနှံ အကျဉ်းထောင်တွေက နိုင်ငံရေး အကျဉ်းသား ၂၃ ဦးကို ယနေ့ နံနက်ပိုင်း က စတင်ပြီး လွှတ်ပေးနေပါတယ်။

ဒါဟာ အမေရိကန် သမ္မတနဲ့ တွေ့ဆုံဖို့ ရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသား တချို့ကို လွှတ်ငြိမ်းချမ်းသာ
ပေးတာ ဖြစ်မယ်လို့ သုံးသပ်လို့ ရပါတယ်။

 နိုင်ငံအ၀ှမ်း အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသား ၂၃ ဦးလွတ်မြောက်မယ်လို့လည်း ၈၈ မျိုး ဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအံ့ဘွယ်ကျော်က ဆိုပါတယ်။

"
ယနေ့ (မေလ၊ ၁၇ ရက်)တွင် လွတ်မြောက်မည့်သူ အရေအတွက်မှာ ပုသိမ် မှ ၁ ဦး၊ မအူပင် မှ ၁ ဦး၊ တောင်ကြီး မှ ၁ ဦး၊ သာယာဝတီ မှ ၅ ဦး၊ လားရှိုး မှ ၁ ဦး၊ အင်းစိန် မှ ၇ ဦး၊ တောင်ငူ မှ ၂ ဦး၊ မန္တလေးမှ ၁ ဦးဖြစ်သည်ဟု သိရပြီး ယခုချိန်အထိ မည်သည့်နိုင်ငံရေးအကျဉ်းသားမျှ
ထောင် မှ ထွက်လာခြင်း မရှိသေးပါ။ (နံနက် ၁၁း၄၄ နာရီ)" လို့ ကိုအံ့ဘွယ်ကျော်က သူ့ရဲ့ ဖ့စ်ဘုတ် မှာ ရေးထားပါတယ်။

တောင်ငူ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား စောဂျက်တက်နှင့် ဆန့်ညွှန့်တို့ ဒီမနက်က လွတ်
မြောက် လာပြီး အင်းစိန်အကျဉ်းထောင်၊ မန္တလေး အိုးဖိုထောင်၊ သာယာဝတီ အကျဉ်းထောင် စတဲ့ အကျဉ်းထောင်တွေ ရှေ့မှာလည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက လွတ်မြောက်လာ မယ့် နိုင်ငံရေးအကျဉ်းသားတွေကို သွားရောက် ကြိုဆိုနေကြတယ်လို့လည်း သိရပါတယ်။

အခုထိ လွတ်မြောက်လာသူတွေထဲမှာ နောက်ဆုံး ဖမ်းဆီးထောင်ချခံထားရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင် ကတော့ အခု လွတ်မြောက်မှုမှာ ပါဝင်လာဖို့ မရှိနိုင်ဘူးလို့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေက ဆိုနေကြ ပါတယ်။

ဦးနေမျိုးဇင်ဟာ   ထောင်ဒဏ် ၃ လ ချမှတ်ခံရပြီး
ပြည်ထဲရေး ၀န်ကြီး ဌာန အမိန့်နဲ့ ထောင်ကြွေးကျန် နောက်ထပ် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရပြီး ယခုအခါ မအူပင် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းများနဲ့ AAPP တို့အဆိုအရ အကျဉ်းထောင်တွေထဲမှာ လက်ကျန်  နိုင်ငံရေး အကျဉ်းသား ခန့်မှန်းခြေ ၂၀၀ နီးပါး ရှိနိုင်တယ်လို့ သိရပါတယ်။

ဧရာဝတီ

KNU နှင့် အစိုးရ တပ်များ အပစ်ရပ် ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးရန် ရန်ကုန်မှာ တွေ့ဆုံမည်

Posted by drmyochit Friday, May 17, 2013, under | No comments

ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ အပစ် အခတ် ရပ်စဲစဉ် ကာလအတွင်း လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း (Code of Conduct) များအတွက် အကြိုဆွေးနွေး ပွဲကို မေလနှောင်းပိုင်းတွင် ရန်ကုန်မြို့၌ တွေ့ဆုံမည်ဟု KNU ပြန်ကြားရေးနှင့် စည်းရုံးရေး တာဝန်ခံ ဖဒိုစော လှထွန်း က မီဒီယာများကို ပြောဆိုလိုက်သည်။

ထိုဆွေးနွေးပွဲတွင် နှစ်ဘက်တပ်များ လိုက်နာရမည့်စည်းကမ်း၊ တပ်နေရာချထားရေး၊ နှစ်ဘက်တပ် သွားလာရမည့် လမ်းကြောင်းများကို အဓိက ဆွေးနွေးမည်ဟု ဖဒိုစောလှထွန်းက အင်္ဂါနေ့က ပြောသည်။

ထို့အပြင် ခိုင်မာသော အပစ်အခတ် ရပ်စဲရေး ရရှိရန်၊ ဒေသခံများ၏ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုနှင့် ဘဝရပ်တည်ရေး ကိစ္စရပ်များအတွက်လည်း ဆွေးနွေးမည်ဟု ဖဒိုစောလှထွန်း က ထပ်လောင်းပြောကြား သည်။

တိုင်းရင်းသားအားလုံး အပစ်အခတ် ရပ်စဲမှသာ ခိုင်မာတဲ့ နိုင်ငံရေးအရဆွေးနွေးမှု ဖြစ်နိုင်မည်ဟု ၎င်းက ပြောသည်။

“KNU ရဲ့ နိုင်ငံရေးအရ ခိုင်မာမှု၊ မခိုင်မာမှုဟာ တဖက်မှာ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အပစ်အခတ် ရပ်စဲရေး၊ တနိုင်ငံလုံးနဲ့ဆိုင်တဲ့ တိုင်းရင်းသားတွေရဲ့ သွားရမယ့် နိုင်ငံရေး Process (လုပ်ငန်းစဉ်) ပေါ်မှာလည်း မူတည်တယ်ဗျ” ဟု ဖဒိုစောလှထွန်း က ပြောသည်။

KNU က အဖွဲ့ဝင်အဖြစ် ပါဝင်သော UNFC နှင့် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့ နိုင်ငံရေး အရ ဆွေးနွေးနိုင်ရေးကိစ္စ ဆက်လက်ဆွေးနွေးရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သဘောတူခဲ့ကြသည်။

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် KNU တို့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးဆွေးနွေးခဲ့ပြီး ထိုနှစ် ဧပြီလ ၆ ရက်တွင် ရန်ကုန်မြို့၌ ပြည်ထောင်စုအဆင့် လက်မှတ်
ရေးထိုးခဲ့သည်။ စက်တင်ဘာလ ၃ ရက်နေ့တွင် ဘားအံမြို့၌ တတိယအကြိမ် တွေ့ဆုံကာ အပစ်အခပ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် ငါးချက်ကို လက်မှတ်ရေးထိုးခဲ့သည်။


ရန်ကုန် (မဇ္ဈိမ)

ပေါက်တော ငှက်ချောင်း ဒုက္ခသည်စခန်းမှ ဘင်္ဂလီ စက်လှေနစ် လူသေမူ အစိုးရပိုင် သတင်းစာတွင် ဖေါ်ပြ

Posted by drmyochit Friday, May 17, 2013, under | No comments


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းမှ မုန်တိုင်း အန္တရာယ်ကို ရှောင်ကွင်းတဲ့ စက်လှေ တစ်စင်း မေလ ၁၃ ရက်နေ့က နစ်သွားရာမှာ လူအနည်းဆုံး ၅၀ မှ  ၁၀၀ အကြား တွင် ပျောက်ဆုံးနေပါတယ်။

ဒီစက်လှေ နစ်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေလ ၁၆ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ခုလို ဖေါ်ပြ ပါတယ်။

ဘင်္ဂလီ ဒုက္ခသည် များအား ကန်ဆိပ်တောင်ပေါ်သို့ မုန်တိုင်း ခိုလှုံရန် ရွှေ့ပြောင်းပေးမှုကို ငြင်းဆို ၄င်းတို့ ဆန္ဒအလျောက် ညအချိန်တွင် တိတ် တဆိတ် ထွက်ခွာရာမှ လှေတစ်စင်း နစ်မြုပ် ခဲ့ခြင်းဖြစ်

စက်လှေပိုင်ရှင်က ဒုက္ခသည်တစ်ဦးလျင် ကျပ် ၁၀၀၀၀ ဖြင့် ပို့ဆောင်ပေးခြင်းဖြစ်သည်ဟုဆို

၂၀၁၃ ခုနှစ် မေ ၁၃ ရက် ညက ပေါက်တောမြို့နယ် တောင်ဦးမော်ကျေးရွာအနီး ကုလားတန်မြစ်နှင့် ကျွဲကူးမြစ်ဆုံတွင် နစ်မြုပ်ပြီး ဘဂါင်္လီလူမျိုး ၅၀ ကျော် ပျောက်ဆုံး၍ ၄၀ ကျော်ကိုကယ်တင်နိုင်သည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ပြောကြား ရာတွင်  မေ ၁၃ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ရခိုင်ပြည်နယ် သဘာဝ ဘေးအန္တရယ် စီမံခန့်ခွဲရေး အဖွဲ့ဝင် ပြည်နယ် လျှပ်စစ် ၀န်ကြီး ဦးသာလူချေနှင့် အဖွဲ့သည် ပေါက်တောမြို့နယ် ငှက်ချောက် ကယ်ဆယ်ရေး စခန်းရှိ ဘဂါင်္လီဒုက္ခသည်များအား ၄င်းစခန်းအနီးရှိ ကန်ဆိပ် တောင်ပေါ်သို့  မုန်တိုင်း ခိုလှုံရန် အတွက် ရွှေ့ပြောင်းပေးမည်ဟုပြောရာ ငြင်းဆိုကြောင်း၊

လက်ရှိ နေရာတွင် မပြောင်းရွှေ့ဘဲနေလိုကြောင်း ပြောဆိုကြောင်း၊ ၄င်းဘဂါင်္လီဒုက္ခသည်များမှာ ယင်းနေ့ည ၁၂ နာရီခန့်တွင် ပေါက်တောမြို့နယ် ဒုံရွာသား ဘဂါင်္လီ ဒုက္ခသည် များသည် မိမိတို့ ဆန္ဒ အလျောက် စက်လှေ ခုနှစ်စင်းဖြင့် ဆင်တက်မော်ဘဂါင်္လီကျေးရွာသို့ တိတ်တဆိတ် ထွက်ခွာ သွား ခဲ့ကြောင်း၊ စက်လှေ ၆ စင်း ဆင်တက်မော်ဒုက္ခသည်စခန်းသို့ရောက်ရှိပြီး စက်လှေ တစ်စင်း နစ်မြုပ်ခဲ့ သည်ဟု သိရကြောင်း၊ သတင်းရသည်နှင့် ချက်ချင်း ရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်ရာ လူု ၄၂ ဦး အသက် ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး လူ ၅၀ ကျော် ပျောက်ဆုံးနေသည်ကို တွေ့ရကြောင်း၊ စက်လှေပေါ် တွင် လူ၉၀ မှ ၁၀၀ ကြား စီးနင်းလာခဲ့သည်ဟု စုံစမ်းသိရကြောင်း၊ ဘဂါင်္လီဒုက္ခသည်များသည် ပြည်နယ် အစိုး ရ အဖွဲ့၏ မုန်တိုင်းအန္တရယ်ကာကွယ်ရန် ကန်ဆိပ်တောင် ပေါ်သို့ ပြောင်းရွှေ့မှုကို ငြင်းဆိုပြီး မိမိတို့ သဘော ဆန္ဒ အရ ညအချိန် တိတ်တဆိတ် ထွက်ခွာသွားသဖြင့် ယခုကဲသို့ အန္တရယ်နှင့် ကြုံတွေ့ ခဲ့ရခြင်း ဖြစ်ကြောင်း၊ စက်လှေပိုင်ရှင်မှာ ပေါက်တောမြို့နယ် အနောက်ရွဲ ကယ်ဆယ်ရေးစခန်းမှ အီမန် ဟူဆောင်း(ခ) မော်ဒူလာ အသက် (၃၂ နှစ်) (ဘ) ဆွေဟော့ဒူဆောင်းဖြစ်ကြောင်း၊ ၄င်းသည် ကယ်ဆယ်ရေး စခန်းမှ ဒုက္ခ သည် များအား တစ်ဦးလျင် ကျပ် ၁၀၀၀၀ဖြင့် ပို့ဆောင် ပေးခြင်း ဖြစ်ကြောင်း၊ စက်မောင်း သူမှာ မျှော်ယူဆောင်း (၅၂ နှစ်) (ဘ) အူရာ မျာဖြစ်ပြီ ထွက်ပြေး တိမ်းရှောင်နေကြောင်း၊

ကယ်ဆယ်ပြီးသူများမှာ ကျား ၂၄ ဦး၊ မ ၁၉ ဦး၊ ပေါင်း ၄၃ ဦးဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို တပ် မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူများမှ ပူးပေါင်းဆောင်ရွက်နေကြောင်း၊ စက်လှေ တိမ်းမှောက် မှုအား ပေါက်တောရဲစခန်းတွင် မေ ၁၄ ရက် ည ၉ နာရီက အမှုဖွင့် အရေးယူ ထားကြောင်းဖြင့် ပြည်နယ် အစိုးရ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းမှ မေ ၁၅ ရက် နေ့လယ် ပိုင်းတွင် ပြောပြသည်။

From: နိရဉ္စရာ

KIA မှ ဥပဒေမဲ့ စစ်ဆေးမှုကြောင့် လူသေဆုံးသော တုံမဏီရွှေမှော်လူသတ်မှုဖုံးဖိရန် ကြိုးစားနေ…

Posted by drmyochit Friday, May 17, 2013, under | No comments


KIA အဖွဲ့မှ ဥပဒေမဲ့ရိုက်နှက်စစ်ဆေးရာတွင် လက်လွန်ပြီး သေဆုံးသွားသည့် ဆလန်မင်းလွင် ကိစ္စအား ဖုံး ဖိနိုင် ရန် ကြိုးစားနေကြောင်း KIA အဖွဲ့ တပ်မဟာ(၂)နှင့် အဆက်အသွယ်ရှိသူ တစ်ဦးက ပြောပြလာပါ တယ်။

“ ကျွန်တော်ကြားတာကတော့ (၁၁)ရက်နေ့က သေဆုံးသွားတဲ့ ဆလန်မင်းလွင်ကိစ္စ ကို မပေါက်ကြားဖို့နဲ့ သူ တို့ KIO/KIA အဖွဲ့ရဲ့သိက္ခာ မထိခိုက်အောင် ငွေသိန်း ၃၀ သုံးခွင့် ပေးထားတယ် လို့ကြားတယ်၊သေ ဆုံး သူ ရဲ့ မိသား စုကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော်တော် ၀မ်းနည်းနေကြ တယ်၊ အဖြစ်မှန်မပေါ်ခင်မှာ ကျူး လွန် မှန်း၊ မကျူးလွန်မှန်းလည်း သေချာ မသိဘဲ ဖြစ်သွားတာဆို တော့.. သူတို့ဘက်က တော်တော် စိတ် မကောင်းဖြစ်နေ တယ်။ KIA ဗဟိုဌာနချုပ်ကိုလည်း တိုင်မယ်၊ လူ့ အခွင့်အရေးအဖွဲ့ကို လည်းတိုင်မယ် ကြား တယ် ” ဟု ရွှေမှော်လုပ်သား တစ်ဦးမှလည်း ပြောပြလာပါတယ်။

၂၀၁၃ ခုနှစ်၊မေလ(၇)ရက်နေ့မှာ တုံမဏီရွှေမှော်ဈေးတန်းတစ်နေရာမှာ ဆိုင်ကယ် ခိုးမှု တစ် ခုဖြစ်ပွား ခဲ့ပါ တယ်။ ဒီဖြစ်စဉ်မှာ ပါဝင်ပတ်သက်တယ်ဆိုပြီး သံသယရှိခြင်း ခံရတဲ့ သေဆုံးသူ ဆလန် မင်းလွင် ကို KIA အဖွဲ့မှ တန်ဘောင်ဂယုန်းဇဲဆိုသူကရိုက်နှက်စစ်ဆေးရာမှာလက်လွန်သေဆုံးခဲ့ရခြင်ြး ဖစ်ပါတယ်။

Credit to ►
Kachin Land

News From: OPPOSITE

မြန်မာက လူသေ အလောင်း ၂၄ လောင်း ဘင်္ဂလာဒေခ်ျ့ရေပြင်တွင် ရှာဖွေ တွေ့ရှိ

Posted by drmyochit Friday, May 17, 2013, under | No comments


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက် ပင်လယ် ကမ်းခြေ တလျှောက် ရေထဲမှာ မျောပါ လာတဲ့ လူသေ အလောင်း ၂၄ လောင်းကို ဘင်္ဂလာဒေခ်ျ့ရဲက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

အလောင်းတွေ ကို ကြည့်နေကြ တဲ့ ဒေသခံ ဘင်္ဂလီ အမျိုးသားတွေ ( ဓါတ်ပုံ- The Daily Ittefaq)
သူတို့ရဲ့ ကိုယ်ပေါ်က မြန်မာကျပ်ငွေ (၄) သောင်းကို ရှာဖွေတွေ့ရှိတဲ့ အတွက် သူတို့ဟာ မြန်မာနိုင်ငံ သားတွေ ဖြစ်ပြီး  မြန်ဘက်ကနေ ဘင်္ဂလာဒေခ်ျ့ ရေပြင်ထဲကို မျောပါလာတဲ့ အလောင်းတွေ ဖြစ်တယ်လို့ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တွေက ပြောပါတယ်။

အလောင်းတွေဟာ မနေ့က တက်ကနက်မြို့နယ် နတ်မြစ်ကမ်းခြေ ဘာဟာချရ ( Bahachara) နဲ့ ဆားပြင် ( Sabrang) အကြား မျောပါနေတာကို တွေ့တဲ့ အတွက် ရွာသားတွေက ဘင်္ဂလာ အာဏာပိုင်တွေကို အကြောင်းကြား ခဲ့တယ်လို့ ဆိုပါတယ်။

တက်ကနက်ရဲအဖွဲ့က သွားရောက် ဆယ်ယူရာမှာ မနေ့က အလောင်း ၂၂ လောင်းကို တွေ့ရှိခဲ့ပါတယ်။ ဆက် လက်ပြီး ရှာဖွေရာမှာ အလောင်း (၂) လောင်းကို ထပ်မံ တွေ့ရှိခဲ့ အတွက် အခုအချိန်ထိ စုစုပေါင်း အလောင်း ၂၄ လောင်းကို ရှာဖွေ ရရှိခဲ့ပြီ ဖြစ်တယ်လို့ ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူတွေက သတင်းဌာနတွေကို ထုတ်ဖေါ် ပြောဆို ပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ အလောင်းတွေထဲမှာ ကလေး ၁၁ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကျန်တာတွေကတော့ အမျိုးသားတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အခု ဆယ်ယူရရှိခဲ့တဲ့ အလောင်းတွေဟာ မေလ ၁၃ ရက်နေ့က ပေါက်တောမြို့နယ် ငှက်ချောင်း မူဆလင် ဒုက္ခသည် စခန်းကနေ ဖရုံကာကျွန်းမှာရှိတဲ့ အနောက်ရဲ မူဆလင်ရွာကို မဟာစင် မုန်တိုင်း အန္တရာယ်ကို ရှောင်ကွင်းဖို့ သွားရာကနေ စက်လှေနစ်ရာမှာ ပါဝင်သွားခဲ့တဲ့ သူတွေလို့ ခန့်မှန်း ရပါတယ်။

နစ်သွားတဲ့ စက်လှေမှာ မူဆလင် ဒုက္ခသည် ၁၃၈ ယောက်ပါဝင်ပြီး ၄၃ သာ အသက်ရှင် ကျန်ရစ်ကာ ၉၅ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒီအလောင်းတွေကို မြန်မာဘက်ကို လွှဲမှာလား၊ ဘင်္ဂလာဒေခ်ျ့မှာ သဂြိုလ်မှာလားဆိုတာကိုတော့ ခုလောလောဆယ်မှာ သဲကွဲစွာ မသိရသေးဘူးလို့ တက်ကနက် ဒေသခံ တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။

နိရဉ္စရာ

မြန်မာပြည်သူပေါင်းများစွာ သတ်ဖြတ်ခဲ့သည့် အမြောက် ပြည်သူ့ရင်ပြင်၌တွေ့

Posted by drmyochit Friday, May 17, 2013, under | No comments


အများပြည်သူများ အပန်းဖြေရာ နေရာတစ်ခုဖြစ်သည့် ပြည်သူ့ရင်ပြင်ဝင်း အတွင်းရှိ ဦးဝိစာရ ရှော့ ပင်းမောလ် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံး ထန်းလုံး အမြောက် တစ်ခုကို မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်က တွေ့ရှိခဲ့ကြောင်း သွားရောက် စစ်ဆေး သည့် ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်း ဝင်းက ပြောကြားသည်။

ဦးဝိစာရ ဝင်ပေါက်အနီး မြေတူးစက်ဖြင့် မြေတူးရာမှ အလေးချိန် ခြောက်တန်ရှိသည့် အရှည် ၁၄ ပေနှင့် ၅ လက်မ၊ ထိပ်ဝ အချင်း ၁၃ လက်မ၊ နောက်ပိုင်းအချင်း ၂၃ လက်မရှိ ထန်းလုံး အမြောက်ကို တွေ့ရှိခဲ့ကြောင်း ရန်ကုန် တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

"နှစ်ပေခွဲ အကွာမှာ တွေ့တာ။ အမြောက်နောက် ပိုင်းက အပိတ်တော့ မပါတော့ဘူး။ မြေကြီးထဲမှာ ကျန်ခဲ့ တယ် ထင်တယ်" ဟု သွားရောက်စစ်ဆေး သည့် ရှေးဟောင်းသုတေသန အမျိုးသားပြတိုက် နှင့် စာကြည်တိုက် ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ပြောကြား သည်။

အဆိုပါအမြောက်နှင့် ပတ်သက်၍ အချက်အလက်များကို ယဉ်ကျေးမှုဝန်ကြီး ဌာနတွင် တင်ပြထားကြောင်း၊ လက်ရှိ တွင် ယင်းနေရာ၌ပင် ထားရှိကြောင်း ၄င်းထံမှ သိရသည်။

ယခုအမြောက် တွေ့ရှိရာ နေရာသည် ရွှေတိဂုံဘုရားနှင့် နီးသောကြောင့် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်တပ် များက ရွှေတိဂုံ ရင်ပြင်၌ တပ်စွဲခဲ့ပြီး အင်္ဂလိပ်စစ်တပ်သုံး အမြောက်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန အမျိုး သားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနထံမှ သိရသည်။

အင်္ဂလိပ်-မြန်မာ စစ်ပွဲသုံးအမြောက် နှစ်ခုကို ပြည်သူ့ ရင်ပြင် ယခုတွေ့ရှိသော နေရာနှင့် ပေ ၈၀ အကွာတွင် ၂၀၁၂ ခုနှစ် အတွင်းကလည်း တွေ့ရှိခဲ့ကြောင်း ယင်း ဌာနထံမှ သိရှိရသည်။

From : ..the voice

မူဆယ်မြို့ မိုးလုံလေလုံ အားကစားရုံ အရှေ့ မိုင်းတွေ့ရှိ

Posted by drmyochit Friday, May 17, 2013, under | No comments

၂၀၁၃ ခုနှစ်၊မေလ (၁၇)ရက်နေ့ မနက် ၈ နာရီ  ၁၅ မိနစ် အချိန် ခန့်တွင် မူဆယ်မြို့ မိုးလုံလေလုံ အားက စားရုံ အရှေ့ တွင် ဗီယက်နမ် နိုင်ငံ လုပ် ရှေ့ထွက် မိုင်း တစ်လုံး အား ထောင် ထားကြောင်း တွေ့ရှိရသည်။

သတင်း ရလျင်ရခြင်း တပ်မတော် မိုင်းရှင်းလင်းရေး အဖွဲ့မှ  သွားရောက် ရှင်းလင်းခဲ့ရာ မနက် ၈ နာရီ ၃၅ မိနစ် အချိန် ခန့်တွင် မိုင်းအား သက်မဲ့ ပြုလုပ် ပြီးကြောင်းနှင့် ထပ်မံ၍ သတင်းများ စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။




From: မြ၀တီ

မူဆယ် ရဲစခန်း မြောက်ဘက် ၆ ဖာလုံခန့် အကွာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

Posted by drmyochit Friday, May 17, 2013, under | No comments

နေပြည်တော် မေ ၁၇

၂၀၁၃ခုနှစ်၊ မေ ၁၆ရက် ည ၉နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မူဆယ် ရဲစခန်းမြောက်ဘက် ၆ ဖာလုံ ခန့် အကွာ ဟိုမွန် ရပ်ကွက်၊ သစ်တောရုံးလမ်းရှိ မြို့နယ်သစ်တောဝန် ထမ်းအိမ် ယာ ခြံဝင်း၏ အနောက်တောင် ဘက် ခြံစည်း ရိုးနှင့် ကပ်လျက် အမှိုက်ပုံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ အခင်းဖြစ်ပွားရာသို့ နယ်မြေခံ တပ်မတော်သားများနှင့် တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ရာ ဆံပင် ရှည် အမျိုးသား အလောင်း(၁)လောင်း (အမည်/ နေရပ်လိပ် စာ စိစစ်ဆဲ) ၀မ်းဗိုက် ပွင့်ထွက်ကာ ၀ဲခြေထောက်နှင့် ၀ဲဘက်လက် ကြေမွ ပြတ်တောက် ဒဏ်ရာများဖြင့် သေဆုံးလျက် ရှိကြောင်း တွေ့ရှိခဲ့ရသည်။
 စစ်ဆေး တွေ့ရှိချက်များ အရ သေဆုံးသူမှာ အဆိုပါ ဗုံးထောင်သူဟု ယူဆရကြောင်းနှင့် ၎င်းဖြစ်စဉ်အား တာဝန်ရှိသူ များမှ ဆက်လက် စုံစမ်း ဖော်ထုတ် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သတင်းရရှိသည်။

From: မြ၀တီ




ယခင်မုန်တိုင်းသင်ခန်းစာကြောင့်သတိပေးဆောင်ရွက်မှုများပြုလုပ်နိုင်ခဲ့ကြ

Posted by drmyochit Friday, May 17, 2013, under | No comments


ချောင်းသာ၊ မေ ၁၆။

ယနေ့ မေလ ၁၆ရက်၌ မြန်မာနိုင်ငံ အနောက် ဖျားရှိ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသများ သို့ မဟာ ဆန် မုန်တိုင်း ဝင်ရောက် မည်ဟု နိုင်ငံပိုင်ရုပ်သံမီဒီယာများနှင့် ဌာနဆိုင်ရာ အဆင်ဆင့်မှ ကြိုတင်ပြင် ဆင်မှုများ ပြုလုပ်ခဲ့ကြရာ ဧရာဝတီတိုင်း ချောင်းသာကမ်းခြေတွင် လည်း ကြိုတင်ပြင် ဆင်များ စွာ ပြုလုပ်ခဲ့ကြကြာင်းဟု သိရသည်။

“ကျွန်တော် တို့ မုန်တိုင်းကျလာခဲ့ရင် ရှောင်နိုင်ဖို့အတွက် သာသနိက အဆောက် အအုံ ရှိတဲ့ တောင်ကုန်းပေါ်မှာ အဓိက ရေတွေကို သိုလှောင် ထားပါတယ်။ ဒီရေတောတွေ မှာနေတဲ့သူ သုံးရာလောက် ကိုလည်း ကြိုတင်ရွှေ့ထားပေးပါတယ်။ မနေ့ကတော့ မိုးရွာ လေတိုက်ဖြစ်သေး တယ်။ ဒီနေ့တော့ သာသာ ယာယာပါပဲ။ အရင်မာလာ မုန်တိုင်းတုန်းကတော့ တော်တော် ခံလိုက်ရတယ်လေ။ အာဏာ ပိုင်တွေ ကလည်း အခု လိုမျိုးမရှိခဲ့ဘူးလ အဲ့ဒီတုန်းက။ ခုကတော့ ရခိုင်မှာဖြစ်မှာ ဆိုပေမဲ့ ဒီမှာ လည်းကြိုတင် ပြင်ဆင်မှုတွေ အများကြီး လုပ်ထားခဲ့ပါတယ်”ဟု ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ကိုတေဇာအောင် က ပြောကြားသည်။

ယင်းသို့ တိုင်းဒေသကြီး အစိုးရ၏ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် သတိပေးချက်များကြောင့် ချောင်းသာ ဟိုတယ်ဇုံများတွင်လည်း ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

“မဟာဆင်မုန်တိုင်းနဲ့ ပတ်သက်ပြီးတော့ ဧရာဝတီတိုင်း အစိုးရအဖွဲ့က ၁၄ရက်နေ့မနက်မှာ ကြေညာချက် ထုတ် ထားတယ်။ ချောင်းသာ ဟိုတယ်ဇုံနဲ့ ပတ်သက်ပြီးတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို တင်ပြရ တယ်။ ၁၅၊ ၁၆ ရက်မှာ မုန်တိုင်းဝင်မယ် ဆိုတာ သိထားတော့ ဟိုတယ်အားလုံးက ဧည့်သည်တွေကို လက်မ ခံခဲ့ဘူး။ ရှိနေတဲ့ ဧည့်သည် တွေကိုလည်း အသိပေးပြီး ပြန် ချင်ရင်ပြန်ဖို့ စီစဉ်ပေးသလို ကိုယ်တိုင် အာမ ခံပြီး နေချင်သူတွေ အတွက်လည်း အဆင်ပြေအောင် အားလုံးကူညီဆောင်ရွက် ပေးပါတယ် ”ဟု ချောင်း သာဟို တယ်ဇုံ၏ ပြောရေးဆိုခွင့်ရှိသူ Hotel Max ၏ မန်နေဂျာ ကိုညီညီက ပြောကြားသည်။
ယခုနှစ် မုန်တိုင်း သည် မဖြစ်ပေါ်မီ ရက်များ၌ပင် သတင်းထုတ်ပြန်ချက်များ ကြိုတင်ကွယ်ကွယ်ပေးမှုများကို ရခိုင်ပြည် နယ်၊ ဧရာဝတီ တိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် အရေးပေါ်ကြေ ညာချက် များဆောင် ရွက်သ ကဲ့သို့ ကြိုတင်ပြင်ဆင်မှုများပါ ပြုလုပ်နိုင်ခဲ့ကြ ကြောင်း နိုင်ငံပိုင် မီဒီယာ များတွင် နေ့စဉ်ဖော်ပြ ပါရှိခဲ့သည်။

၂၀၀၈ ခုနှစ် မေလတွင် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းသည် လူဦးရေ ၈၀၀၀၀ ကျော်သေဆုံး၍ လူဦးရေ ၅၀၀၀၀ ကျော် ပျောက်ဆုံးခြင်းနှင့် ဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၁ ထရီလီယံခန့်ရှိ ခဲ့ကြောင်း သိရသည်။

ယင်းနောက် ၂၀၀၉ခုနှစ်တွင် ဘယ်ဂျီယမ်မုန်တိုင်း၊၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရခိုင်ပြည် နယ် ခြောက်မြို့နယ်သို့ တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းသည် လူဦးရေ ၂၀ ကျော် ခန့် သေဆုံး ခဲ့ကြောင်း သိရ သည်။ ၂၀၁၁ခုနှစ် အောက်တိုဘာတွင် O2B မုန်တိုင်း ဝင်ရောက်ခဲ့ဖူးသည်။

ယင်း မုန်တိုင်း အများစုသည် မေလတွင် ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန် တိုင်း ဒေသကြီး တို့တွင် အဓိက တိုက် ခတ်ခဲ့ကြောင်း သိရသည်။

AT
@ မြန်မာ့ခေတ် 

ဆိုင်ကလုန်းမဟာစင် ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်ရာ လူပေါင်းတစ်သန်း နေအိမ်များ စွန့်ခွာထွက်ပြေး

Posted by drmyochit Friday, May 17, 2013, under | No comments

စစ်တကောင်းဘက်သို့ ဦးတည်သွားသော မုန်တိုင်းကို ဘင်္ဂလားဒေ့ရှ် ပင်လယ်ကမ်းခြေ တစ်နေရာ၌ လူများ စုဝေးစောင့်ကြည့်နေစဉ် (Photo-AFP)

မဟာစင် ဆိုင်ကလုန်း မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင် ငံတောင်ပိုင်း ကမ်းရိုးတန်းသို့ မေ ၁၆ ရက်တွင် ၀င်ရောက် ခဲ့ရာ ဝေးလံသီခေါင်သော ဒေသရှိ တံငါရွာများတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ် ခဲ့သောကြောင့် နေအိမ်များ ပျက်စီးသွားပြီး လူပေါင်းတစ်သန်းကျော်ကို အတင်း အဓမ္မ ရွှေ့ပြောင်းစေခဲ့ရသည်။

မုန်တိုင်း ၏ အဓိက အပိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မေ ၁၆ ရက်တွင် ၀င်ရောက်လာပြီး ချက်ချင်းပင် အားပျော့ သွားကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေ၀သနှင့် ဇလဗေဒဌာနမှ ညွှန်ကြားရေးမှူး မိုဟာ မက်ရှား အလမ်က ပြောကြားခဲ့သည်။ သို့သော် မုန်တိုင်းသည် ပို၍နှေးသွားသည့်နှုန်းဖြင့် ဆက် လက်ရွေ့လျားမည် ဖြစ်သောကြောင့် မုန်တိုင်းလမ်းကြောင်း ကျရောက်ရာမြို့များ အနေဖြင့် မုန်တိုင်းဒဏ်ကို ခံရမည် ဟု ဆိုသည်။

မေ ၁၆ ရက်တွင် မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း တံငါရွာ တစ်ရွာဖြစ်သော ခေပါပါရာရွာသို့ စတင် ၀င်ရောက် ခဲ့ပြီး ဘင်္ဂလားပင်လယ်အော် တစ်လျောက် တစ်နာရီ ကီလိုမီတာ ၁၀၀ (၆၂ မိုင်) နှုန်းဖြင့် တိုက်ခတ် ခဲ့သည်။ ယင်းနောက် အရှေ့ဘက်သို့ ဦးတည်သွားပြီး စစ်တကောင်းမြို့နှင့် ပင်လယ်ကမ်းခြေ အပန်းဖြေ ဆိပ်ကမ်းမြို့ဖြစ်သော ကော့စ်ဘာဇာမြို့ များဆီသို့ ဆက်လက်ရွေ့လျားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ဘင်္ဂလားပင်လယ်အော် တစ်လျှောက်၌ ကူးတို့သင်္ဘောများနှင့် အခြားသင်္ဘောများ ထွက်ခွာခြင်း ကို ရပ်ဆိုင်းထားပြီး စက်ရုံအလုပ်ရုံများကိုလည်း ပိတ်ထားလိုက်သည်။ ကယ်ဆယ်ရေး လုပ်ငန်း များ လုပ်ဆောင် ရန် စစ်တပ်က ရေတပ်သင်္ဘော ၂၂ စင်းနှင့် ရဟတ်ယာဉ် ၁၉ စင်းကို အသင့်ပြင် ထားသည် ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ် ရုပ်သံဌာနများက လူနှစ်ဦး သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။

From:eleven

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်