Wednesday, May 15, 2013

တရုတ်မင်းသမီး Viann Zhang ရဲ့ ဓာတ်ပုံတွေ

Posted by drmyochit Wednesday, May 15, 2013, under | No comments

Screen အပြည့်ကြည့်ရန် ပုံပေါ်တွင် Click ပါ

မိအေးနှစ်ခါနာ

Posted by drmyochit Wednesday, May 15, 2013, under | No comments

 ဒူဘိုင်းသွားမယ့် မြန်မာမလေးများ သတိထား

ဒူဘိုင်းက အဆင့်မြင့်ဟိုတယ်ကြီးတစ်ခုမှာ အလုပ်လုပ်တဲ့ သြစတြေးလျနိုင်ငံသူ ကောင်မလေး တစ်ယောက် လူသုံးယောက်က ၀ိုင်းပြီး မုဒိန်း ကျင့်တာ ခံရတယ်...

ရဲတိုင်တော့ ဘေးက သက်သေတွေက ဟုတ်မှန်ကြောင်း မထောက်ခံ လို့ ပြုကျင့်တဲ့ သူ သုံးယောက် ကလည်း အပြစ်ဝန် မခံလို့ ဆိုပြီး  သူတို့ ဒူဘိုင်း အစ္စလာမ်မစ် ဥပဒေ အရ လင်ယောင်္ကျား မရှိဘဲ ပြင်ပမှာ လိင် ဆက်ဆံတယ် ဆိုပြီး ထောင်ဒဏ် ၈ လ ချလိုက်သေးးးး ထောင်က ထွက်လာတော့ အလုပ်ဖြုတ် ခံရ...
မုဒိန်း အကျင့် မခံရဘူး ဆိုပြီးလည်း ဆုံးဖြတ်ချက် ချသေး တယ်...

လင်ယောင်္ကျား မရှိဘဲ ပြင်ပမှာ လိင်ဆက်ဆံလို့ ဆိုပြီး ထောင် ၈ လ ချလိုက်သေး တယ်ဆိုတော့ ဘာလဲဗျ... ဥပဒေက လူ့ အခွင့် အရေး ဆိုပြီး အော်နေတဲ့သူတွေ ခုများကျတော့ သူတို့ အပေါက်ကို ဘာနဲ့ ဆို့ထားလည်း မသိဘူးးးးး

ဒူဘိုင်းသွား မယ့် မြန်မာမလေးများ သတိထား

Credit ; ပြည်မြန်မာဂျာနယ် (အမှတ်-၈၇၀)

မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီ ရင်သား နှစ်ဘက်လုံး ဖြတ်ထုတ်

Posted by drmyochit Wednesday, May 15, 2013, under | No comments


ဖေဖော်ဝါရီလ ကတည်းက ခွဲစိတ် ဖြတ်တောက် ရေး အစီအစဉ် စတင်ခဲ့

ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင် မင်းသမီး အိန်ဂျယ် လီနာ ဂျိုလီ Angelina Jolie က ကင်ဆာ ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် လျှော့ချနိုင် စေဖို့ သူ့ရဲ့ ရင်သား နှစ်ဘက် စလုံးကို ခွဲစိတ် ဖြတ်ထုတ် ပစ်ခဲ့ကြောင်း ထုတ်ဖော် ကြေညာ လိုက် ပါတယ်။

အိန်ဂျယ် လီနာ ဂျိုလီက သူ့မှာ ရင်သား ကင်ဆာ ဖြစ်နိုင်ချေ ၉၀ ရာခိုင်နှုန်း နီးပါး ရှိတဲ့ မျိုးဗီဇ ရှိနေတဲ့ အတွက် အခုလို ဖြတ်တောက် ပစ်ဖို့ ဆုံးဖြတ် ခဲ့တာလို့ နယူးယောက်တိုင်းမ်စ် New York Times သတင်းစာ ကြီးမှာ ရေးသား ထားပါတယ်။

သူ့ရဲ့ မိခင်ဟာလည်း ရင်သား ကင်ဆာနဲ့ပဲ ကွယ်လွန် ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ကင်ဆာ ရောဂါကြောင့် သူ့ သားသမီးတွေ အမေကို ဆုံးရှုံး သွားမှာ စိုးရိမ် စရာ မလို တော့ဘူး ဆိုပြီး သားသမီး တွေကို ပြောနိုင်ပြီလို့ အိန်ဂျယ် လီနာ ဂျိုလီက ပြောပါတယ်။

သူ ခွဲစိတ် ကုသမှု ခံယူခဲ့စဉ် အနားမှာ တစ်ချိန်လုံး ရှိနေခဲ့တဲ့ သူ့ရဲ့ ပါတနာ ဖြစ်သူ နာမည်ကျော် မင်းသား ဘရက် ပစ်တ် Brad Pitt ကို အိန်ဂျယ် လီနာ ဂျိုလီက ချီးမွမ်း ပြောဆိုခဲ့ ပါတယ်။

From: BBC

သီပေါမင်း၏ အရိုးအိုး ပြန်သယ်ရန် အနွယ်တော် များက သဘောတူ

Posted by drmyochit Wednesday, May 15, 2013, under | No comments


မြန်မာ ကုန်းဘောင် မင်းဆက်၏ နောက်ဆုံးမင်း ဖြစ်သော သီပေါမင်း၏ အရိုးအိုးကို ပြည်တော် ပြန်သယ် ယူ ရန် အတွက် သီပေါမင်း အနွယ်တော် များက သဘော တူသော်လည်း ပြည်တွင်း ငြိမ်းချမ်းရေး တည်ေ ဆာက် ပြီးမှသာ ပြန်လည် သယ်ယူရန် အကြံပြု ပြောကြားကြောင်း သီပေါမင်း၏ မြေးတော် တစ်ဦးဖြစ်သူ ဒေါ်ဒေ၀ီ သန့်ဇင် က ပြောကြားသည်။

 ““ပြန်လည် သယ်ယူ မှာကိုတော့ သဘော တူပါတယ်။ ဒါပေမဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အရင် တည်ဆောက် စေချင်ပါတယ်၊ ငြိမ်းချမ်းရေး ရှိမှသယ်တော့ အဓိပ္ပာယ် ပိုရှိတာပေါ့””ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ သီပေါမင်း၏ အရိုးအိုး ပြန်လည် သယ်ယူရန် အဖွဲ့ မဖွဲ့စည်း ရသေးကြောင်း၊ ယင်းကိစ္စမှာ ယဉ်ေ ကျး မှု ၀န်ကြီး ဌာနနှင့် မဆိုင်ကြောင်း ယဉ်ကျေးမှု ၀န်ကြီး ဌာနရုံး အဖွဲ့မှူးက ပြောဆိုသည်။ ထိုသို့ ပြန် လည် သယ်ယူရာတွင် အစိုးရ အဖွဲ့၏ စီမံချက် ဖြင့်သာ သယ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ကုန်းဘောင် မင်းဆက်၏ နောက်ဆုံး မင်းဖြစ်သော သီပေါမင်းသည် တတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲအပြီး ၁၈၈၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် အိနိ္ဒယ နိုင်ငံသို့ ပါတော် မူသွားပြီး ယင်းနိုင်ငံ  ရတနာဂီရိ တွင်ပင် နတ် ရွာ စံတော် မူခဲ့သည်။ မိဖုရား ဖြစ်သော စုဖုရား လတ်မှာ မြန်မာပြည်သို့ ပြန်လာခဲ့ပြီး ရန်ကုန်မြို့တွင် နတ် ရွာ စံကြောင်း သိရသည်။

ယင်းသီပေါမင်း၏ အထိမ်းအမှတ် အုတ်ဂူနှင့် အိမ်တော်သို့ တာဝန် ရှိသူများ သွားရောက် ကြည့်ရှုခဲ့ပြီး နောက် ပိုင်းတွင် သီပေါမင်း၏ အရိုးအိုး ပြန်လည် သယ်ယူရေး ကိစ္စမှာ ပေါ်ပေါက် လာရခြင်း ဖြစ်သည်။

မြ၀တီ

အနိုင်ကျင့်ဗိုလ်ကျမှုဖြင့် ကျောင်းသူ ၈ ဦးကိုအရေးယူ

Posted by drmyochit Wednesday, May 15, 2013, under | No comments

 ကျောင်းသူ ၈ ဦးသည် အနိုင်ကျင့်ဗိုလ်ကျ ရမ်းကားမှုများဖြင့် အထိန်းသိမ်းခံလိုက်ရကြောင်း အွန်တို ရီယို သတင်း တွင် ဖော်ပြ ထားသည်။

ကနေဒါ အနောက်မြောက်ပိုင်း၊ အွန်တေရီယိုမြို့တွင် ကျောင်းသူ ၈ ဦးသည် အခြားကျောင်း သူများ အပေါ်တွင် အနိုင်ကျင့် ဗိုလ်ကျ ရက်စက်စွာ ပြုကျင့်မှုဖြင့် ဖမ်းဆီးအရေးယူလိုက်ရကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့ သည်။

ရဲတပ်ဖွဲ့ ကပြောကြား ရာတွင် လန်ဒန်တောင်ပိုင်း တက္ကသိုလ်ကျောင်းဆောင်တစ်ဆောင်ကို ဝင်ရောက် စစ်ဆေး ရာတွင် ရုပ်ပိုင်း၊ စိတ်ပိုင်း ဒဏ်ရာ ရစေရန် ပြုမူသည့် ထိုမိန်း ကလေးများကို တွေ့ခဲ့ရကြောင်း၊ ထိုကျောင်း သူများ အားလုံးကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးလျှင် အာမခံဖြင့် ခံဝန်ချက်ရေး ထိုးစေကာ ပြန် လွှတ်ပေးထား လိုက်ကြောင်း၊ မကြာမီ သူတို့ကို ရုံးတင်စစ်ဆေးသွားမည်ဟုဆိုသည်။

သိမ်းမြစ်ဒေသဆိုင်ရာ ကျောင်းဘုတ်အဖွဲ့က ထိုမိန်းကလေး ၈ ဦးကို သံသယဖြစ်နေသည်မှာ ကြာပြီဖြစ် ကြောင်း၊ သူတို့ထိုကိစ္စများကို ကျူးလွန်နေကြောင်း သက်သေပြနိုင်ရန် အတွက် ကျောင်း လွှတ်ချိန် တွင် နောက်ယောင်ခံလိုက်ခဲ့ရကြောင်းပြောကြားခဲ့သည်။ ပညာရေးဘုတ်အဖွဲ့ ဒါရိုက်တာ ဘီလ် တပ်ကာ က ထိုမိန်းကလေး များသည် ကျောင်းသူများအပေါ်တွင် အနိုင်ကျင့်ဗိုလ်ကျမှုပေါင်း ဒါဇင်နှင့်ချီပြီး ကျူးလွန်ခဲ့ ကြောင်း၊ ကျောင်းရှိ ဝန်ထမ်းများနှင့် အရပ်သားများအပေါ်တွင်ပါ မဖွယ်မ ရာ ပြုကျင့်ခဲ့ မှုများကြောင့် ထိုသို့ အရေးယူ ရခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသည်။

ကျောင်းသူ ၈ ဦး ကျူးလွန်သည့် ကိစ္စများကို ကျောင်းရှိ ဝက်ဘ်ဆိုက်ပေါ်တွင် ကျောင်းသားများက တိုင်ကြား ခဲ့ကြပြီးနောက် ထိုသို့ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ ရှာဖွေဖော်ထုတ်ခဲ့ရခြင်းဖြစ်သည်ဟု ဘီလ်ကဆိုသည်။

From:မောက္ခ

နိုင်ဂျီးရီးယား အရှေ့မြောက်ဖက် အရေးပေါ် အခြေအနေ ကြေညာ

Posted by drmyochit Wednesday, May 15, 2013, under | No comments


နိုင်ဂျီးရီးယားမှာ အစ္စလာမ် ဝါဒီ စစ်သွေးကြွ အဖွဲ့ ဘိုခို ဟာရမ်ရဲ့ တိုက် ခိုက် မှုတွေကို လက်တုန့်ပြန်တဲ့ အနေ နဲ့ သမ္မတ ဂွတ်လပ်ခ် ဂျိုနသန်က နိုင်ငံ အရှေ့မြောက် ဖက်မှာ အရေးပေါ် အခြေအနေ ကြေညာ ခဲ့ပါတယ်။

နိုင်ဂျီးရီး ယားဟာ ပုန်ကန် ထကြွမှုတွေနဲ့ ရင်ဆိုင် နေ ရပြီး ဒီပြဿ နာက အမျိုးသား ညီညွတ်ရေးကို အကြီး အကျယ် ခြိမ်းခြောက် နေတယ်လို့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ သမ္မတ ဂျိုနသန်က ဆိုသွား ခဲ့ပါတယ်။

စစ်တပ်က ဘိုနို ၊ ရိုဘေးနဲ့ အဒမာဝါ ပြည်နယ်တွေရဲ့ လုံခြုံရေးကို လွှဲပြောင်း တာဝန် ယူမယ်လို့ တချိန် တည်းမှာ ဒေသ ဆိုင်ရာ လွှတ်တော် အမတ်တွေကိုလည်း သူတို့ ရာထူးတွေမှာ ဆက်လက် တာဝန် ထမ်းဆောင် စေမယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် တယူသန် အကြမ်းဖက် သမားတွေဟာ အစုလိုက် အပြုံလိုက် လူသတ်မှုတွေ ကျူးလွန်ပြီး နိုင်ဂျီး ရီးယားကို စစ်ကြေညာ နေတယ်လို့ မစ္စတာ ဂျိုနသန်က ပြောပြီး အဲဒီ လူတွေကို ဖြစ်တဲ့နည်းနဲ့ ဖမ်းဆီး နှိမ်နင်းကာ တိုင်းပြည်မှာ လုံခြုံ တည်ငြိမ်မှု ရအောင် လုပ်မယ်လို့ သူက ဆိုပါတယ်။

မုန်တိုင်းသတိပေးချက်

Posted by drmyochit Wednesday, May 15, 2013, under | No comments

၂၀၁၃ခုနှစ်၊ မေလ(၁၅)ရက်နေ့မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်
အလယ်ပိုင်း တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင်(MAHASEN) သည်မြန်မာနိုင်ငံ (မောင်တောမြို့) ၏အနောက် တောင်ဘက်မိုင်(၃၅၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင် ဘက်မိုင် (၃၅၀)ခန့်၊ကျောက် ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၃၆၀)ခန့်၊ အိန္ဒိယ နိုင်ငံ (ကိုလ်ကတ္တားမြို့) ၏တောင်ဘက် မိုင်(၃၃၀)ခန့် အကွာပင်လယ်ပြင်ကှို ဗဟိုပြုနေ ပါသည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အရှေ့မြောက် ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟုခန့်မှန်း ရပါသည်။

မုန်တိုင်းဗဟိုချက်အနီးတွင်အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၆၀)အထိရှိနိုင်ပါသည်။ ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေ သကြီး၊ ပဲခူတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် နေရာ စိပ်စိပ် မှနေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီးနေရာကွက်၍မိုးကြီးမည်။

မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံ
ခါမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီ
လျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိတိုက်ခတ်မည်ဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာလိမ္မော်ရောင်အဆင့်သို့ရောက်ရှိပြီးမြန်မာနိုင်ငံ (ရခိုင် ကမ်းရိုးတန်းမြောက်ပိုင်း )ဒေသ များဆီသို့ ဦးတည်ရွေ့လျားနေ သည့် အခြေ အနေဖြစ်ပါသည်။နောက် ဆုံး တိုင်း ထွာရရှိသော ခန့်မှန်းချက် အရမေလ (၁၆)ရက်နေ့ ညပိုင်းခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း မြို့နှင့်မြန်မာနိုင်ငံမောင်တောမြို့ အကြား ကမ်းခြေဒေသ များဆီ သို့ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း ခန့်မှန်း ရပါသည်။ မုန်တိုင်း ကမ်းခြေကိုဖြတ်ကျော် စဉ်မောင်တော ခရိုင် ကမ်းခြေတွင် မုန်တိုင်း ဒီရေ အမြင့်ဆုံးမှာ(၈)ပေမှ (၁၀)ပေ အထိနှင့် စစ်တွေခရိုင်ကမ်းခြေတွင် မုန်တိုင်း ဒီရေ အမြင့်ဆုံး မှာ(၆)ပေမှ(၈) အထိမြင့် တက်နိုင်ကြောင်း ခန့်မှန်း ရပါသည်။

မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေ ယာဉ်များ၊
သင်္ဘောများ အနေဖြင့်မုန်တိုင်းအန္တရာယ်ရှောင်ရှားရန်လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။

From: မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦစီးဌာန

သီရိလင်္ကာ နိုင်ငံတွင် မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဝင်ရောက် ခုနစ်ဦးသေဆုံး၊ ၁၆ဝဝ ကျော် မုန်တိုင်းဒဏ် ခံစားခဲ့ရ

Posted by drmyochit Wednesday, May 15, 2013, under | No comments

ကိုလံဘို မေ ၁၄
ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းကြောင့် သီရိလင်္ကာ နိုင်ငံတွင် မေ ၁၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပွား ခဲ့ရာ ခုနစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၆ဝဝ ကျော် မုန်တိုင်းဒဏ်ခံစား ခဲ့ရကြောင်း အာဏာပိုင်အဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မဟာစင် အမည်ရှိ အဆိုပါ မုန်တိုင်းကြောင့် ရေကြီးမှုများ ဖြစ်ပွားခဲ့ပြီး သစ်ပင်များ ပြိုလဲခဲ့သည့် အပြင် အရှေ့ဘက်နှင့် တောင်ဘက်ပိုင်း ပင်လယ်ကမ်းခြေတွင် ငါးဖမ်းသမားများ သောင်တင်လျက် ရှိသည်ဟု သိရသည်။

နိုင်ငံအတွင်း မေ ၁၃ ရက်က မုန်တိုင်းကြောင့် ရေကြီးမှု ဖြစ်ပွားခဲ့ရာ ခုနစ်ဦး သေဆုံးခဲ့ပြီး အခြားရှစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူ ၁၆၁၈ ဦးသည် ရေကြီးမှုဒဏ်ကို ခံစားရလျက် ရှိကြောင်း သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန (DMC)မှ ထုတ်ပြန်သော မှတ်တမ်းများ အရ သိရသည်။      

From: မြ၀တီ

အသည်းစား သူပုန် ဗီဒီယိုထွက်

Posted by drmyochit Wednesday, May 15, 2013, under | No comments


အင်တာနက်တွေ ပေါ်မှာ ပျံ့နှံ့နေတဲ့ ဆီးရီးယား နိုင်ငံက ရရှိတဲ့ ဗီဒီယို တစ်ခုန ပတ်သက်ပြီး ကျယ်ကျယ် ပြန့်ပြန့် ဝေဖန် ပြောဆို တာတွေ ရှိနေ ပါတယ်။ အဲဒီထဲမှာ အစွန်းရောက် အစ္စလာမ်မစ် သူပုန် တပ်မှူးကြီး တစ်ယောက်လို့ ဖော်ပြထားတဲ့ အမျိုးသား တစ်ယောက်က စစ်သားတွေကို ရည်ညွှန်းပြီး သမ္မတ ဘာရှား စစ်ခွေးတွေရဲ့ အသည်းတွေ နှလုံး တွေကို စားပစ် မယ်လို့ ကြုံးဝါး နေတာကို မြင်တွေ့ ရပါတယ်။

အစိုးရ စစ်သား အလောင်း တလောင်းကို ရင်ခွဲပြီး အသည်းနဲ့ နှလုံးကို ထုတ်၊ ပါးစပ်မှာ ကိုက်ပြရင်း ကြုံးဝါး နေတာဖြစ်ပါတယ်။

HRW လူ့အခွင့် အရေး စောင့်ကြည့်ရေး အဖွဲ့က ဒီလို ပြစ်မှုမျိုး လုပ်ဆောင်သူ ဘယ်သူ့ကို မဆို နိုင်ငံတကာ တရားရုံးကို လွှဲပြောင်း ပေးသင့် တယ်လို့ ပြောပါတယ်။

ဆီးရီးယား အဓိက အတိုက် အခံ အဖွဲ့ ကလည်း ကျူးလွန်သူကို ရုံးတင် စစ်ဆေး မယ်လို့ ပြောပါတယ်။

အမေရိ ကန်နဲ့ တခြား နိုင်ငံ တွေက သူပုန်တွေကို လက်နက် ထောက်ပံ့ဖို့ ချိန်ဆ နေတဲ့ အခုလို အချိန်မှာ ဒီဗီဒီယို ထွက်လာ တာဟာ အတိုက် အခံတွေ အတွက် နိုင်ငံရေး အရ ထိခိုက် နိုင်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။


နှစ်နှစ်ကျော် ကြာ အကြမ်း ဖက်မှုတွေ ဖြစ်ခဲ့ ရာမှာ အခု တွေ့ရတဲ့ ဗီဒီယိုက ထိတ်လန့် စက်ဆုပ် ဖွယ်ရာ အကောင်းဆုံး ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ဖော်ပြပါတယ်။


From: BBC

'၀' ပြည်နယ် ခွင့်ပြုပေးရန် တောင်းဆိုမှု ရှုပ်ထွေးမှုများ ဖြစ်လာနိုင်

Posted by drmyochit Wednesday, May 15, 2013, under | No comments



'၀' ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဆင့်မှ ပြည်နယ်အဆင့်သို့ ခွင့်ပြုပေးရန် တောင်းဆိုမှုသည် ရှုပ်ထွေး မှုများ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက ပြောကြားသည်။

မေ ၁၀ ရက်က ရှမ်းပြည်နယ် '၀' အထူးဒေသ (၂) ပန်ဆန်းမြို့ တွင် ပြည်ထောင် စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သည့် အဖွဲ့နှင့် '၀' ပြည် သွေးစည်း ညီညွတ်ရေး ပါတီတို့ တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုတွင် '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးရှောင်းမီလျံက '၀' ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ခွင့်ပြုပေး ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ြ့မန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအနက် အင်အားအကြီးမားဆုံးဖြစ်သော '၀' ပြည် သွေးစည်း ညီညွတ်ရေး ပါတီ အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် ခွင့်ပြုပေးရန် ၂၀၁၂ ခုနှစ် အတွင်းမှ စတင်ပြီး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကာ ယခုတစ်ကြိမ်တွင် ထပ်မံတောင်း ဆိုလိုက်ခြင်း ဖြစ်သည်။

"ကျွန်တော့်အမြင်ကတော့ ပြည်နယ် မပေးသင့်သေးဘူး။ စောလွန်းသေးတယ်လို့ မြင်တယ်။ နောက်ပြီး ဒီကိစ္စဟာ လွှတ်တော်ထဲမှာ ပထမဆုံးအကြိမ် တံခါးပိတ် ဆွေးနွေးရမယ့်ကိစ္စ ဖြစ်လာပြီ။ '၀' ဒေသမှာ ရှိနေ တဲ့ လူတွေက '၀' တိုင်းရင်းသား အစစ်တွေလား။ ဒါမှမဟုတ် '၀' တိုင်းရင်းသားတွေကို ဆိတ်ကလေးလို သဘော ထားပြီး နောက်ကနေ အရိပ်ခိုဖို့ ၀င်နေတဲ့လူတွေလားဆိုတာ ပြန်ပြီး ဆန်းစစ်ဖို့ လိုတယ်။ ဒါတွေကို မဆန်း စစ်ဘဲ ခွင့်ပြုမယ်ဆိုရင် အရှုပ်အထွေး ဖြစ်လာတော့မှာပဲ" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် က ဆိုသည်။

အုပ်ချုပ်ရေးအဖွဲ့၏ ရုံးသုံးစာကို တရုတ်စာအဖြစ် ပြဋ္ဌာန်းထားပြီး ဒေသအတွင်း နေထိုင်သူ အားလုံး၏ ၃၀ ရာခိုင်နှုန်း ခန့်သာ ဗမာစကားနှင့် တိုင်းရင်းသား ဘာသာစကား သုံးစွဲသော '၀' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းကို ပြည်နယ် အဆင့် တိုးမြှင့်ပေး လိုက်သည်နှင့် မြန်မာနိုင်ငံ ၏ ပြည်ထောင် စု ပုံစံ အသွင် ပြောင်း သွားနိုင်ကြောင်း စိုးရိမ် မှုများလည်း ရှိနေသည်။

"သူ့အနေနဲ့ တောင်းဆိုပိုင်ခွင့် ရှိပေမယ့်လည်း မဖြစ်သင့်သေးတဲ့ ကိစ္စလို့ ကျွန်တော်မြင်ပါတယ်။ တိုင်းပြည် မှာ လူမျိုးစုပေါင်းစုံ ရှိနေ တယ်။ ရှမ်းပြည်နယ်မှာလည်း လူမျိုးစုပေါင်းစုံ ရှိနေတယ်။ ဒီအချိန်မှာ '၀' ကို ပြည်နယ်ပေး လိုက်မယ် ဆိုရင် ပြည်ထောင်စုလမ်းကြောင်းဟာ မခိုင်မာတဲ့သဘော ဖြစ်လာလိမ့်မယ်" ဟု ရှမ်းမျိုး ဆက် အင်အားစု အဖွဲ့ဝင် စိုင်းအောင်မြင်က ပြောကြားခဲ့ပါသည်။

အုပ်ချုပ်ရေးပိုင်းတွင် တရုတ်လူမျိုးများ ၀င်ရောက်နေရာယူထားကာ ဒေသတွင်း လူနေမှု စရိုက်များတွင် တရုတ်သြဇာ လွှမ်း မိုးမှု ရှိသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သော '၀' သွေးစည်းညီညွတ်ရေး ပါတီ ၏ ပြည်နယ် ခွင့်ပြုရန် တောင်းဆိုချက်ကို သဘောထားမှတ်ချက် မပေးလိုသော်လည်း အခြေအနေ ရှုပ်ထွေး မှုများ ကို ရင်ဆိုင်နေရပြီဟု ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါသည်။

"အခြေအနေတွေက အရူးရင့်သလို ဖြစ်နေပြီ။ အင်မတန် ထိလွယ်ရှလွယ် ဖြစ်နေတဲ့ကိစ္စမှာ ကျွန်တော် ၀င်ပြော လို့ မကောင်းတော့ဘူး။ အကောင်းဆုံးကတော့ လူထု သဘော ထားကိုသာ  မေးကြည့် ပါ။ ပြည်သူဆီ ပြန်သွားပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိစ္စတုန်းကလည်း ပြည်သူတွေဆီ ပြန်သွားပါလို့ ကျွန်တော်ပြော ခဲ့တယ်။ ပြန်မ သွားခဲ့ဘူး။ အခု ကိစ္စက ပြည်သူ ဆီ ပြန်မသွားခြင်း ရဲ့ ဘေးထွက် ဆိုးကျိုး လို့ပဲ မြင် တယ်" ဟု ဦးခွန်ထွန်းဦးက ဆိုသည်။

လက်နက် ကိုင်အင်အား ၃၀၀၀၀ ကျော်ခန့်နှင့် အရံပြည်သူ့ စစ်အင်အား ၁၀၀၀၀ ကျော်ခန့် ရှိနေသော '၀' သွေး စည်း ညီညွတ်ရေး တပ်မတော် (UWSA) သည် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ လက်အောက် တွင် ရှိနေပြီး ပန်ဆိုင်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်းနှင့် ဟိုပန်ဒေ သများ တွင် အဓိက လှုပ်ရှားလျက် ရှိပါသည်။ မကြာသေးမီ အချိန်က UWSA သို့ တရုတ်နိုင်ငံမှ စစ် လက်နက် ပစ္စည်းများ ထောက်ပံ့သည်ဆိုသော သတင်းများ ဆက်တိုက်ထွက်ပေါ်ခဲ့သည်။

ဧပြီ ၂၉ ရက်ကလည်း UWSA သို့ တရုတ်မှ စစ်ရဟတ်ယာဉ်များ ထောက်ပံ့သည်ဆိုသော သတင်း တစ်ရပ်ကို Janes Intelligence ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပြီး ထိုသတင်း မမှန် ကန်ဟု နှစ်ဖက်စ လုံးမှ ငြင်းဆိုခဲ့ပါသည်။

UWSA သို့ တရုတ်မှ စစ်ရဟတ်ယာဉ်များ ထောက်ပံ့သည်ဆိုသော သတင်းကို ပြင်းပြင်းထန်ထန် ကန့် ကွက်ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးက မေ ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး '၀' သွေး စည်း ညီညွတ်ရေး ပါတီကလည်း မေ ၁၀ ရက်က ဦးသိန်းဇော်တို့နှင့် တွေ့ဆုံစဉ် ရှင်းလင်းခဲ့ပါသည်။ အဆိုပါ ရှင်းလင်း ချက် အားလုံးမှာ သတင်းထွက်ပေါ်အပြီး အချိန်များစွာ နောက်ကျပြီးမှ ရှင်းလင်းခဲ့ခြင်း ဖြစ်ပါသည်။

တရုတ်ဘက်မှ ရှင်းလင်းချက်မှာ Janes Intelligence ၏ ဖော်ပြချက် မမှန်ကန်ကြောင်း ပြောဆိုခဲ့ပြီး '၀' ဘက်မှ ရှင်းလင်းချက်မှာ ရဟတ်ယာဉ်တစ်စင်း၊ ဖော်ကာလေယာဉ်တစ်စင်းနှင့် သဘောင်္တစ်စင်းတို့ကို ထိုင်းနိုင်ငံမှ ၀ယ်ယူခဲ့ကြောင်း၊ သို့သော် အင်ဂျင်များ မပါဝင်ကြောင်း၊ ၀ယ်ယူခဲ့သည်များကို ဒေသတွင်း သဘာဝဥယျာဉ် တည်ဆောက်ရာ၌ ထည့်သွင်းအသုံးပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ ရှင်းလင်းမှုများ ရှိနေသော်လည်း တရုတ်နိုင်ငံနှင့် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီ၏ ဆက်နွှယ်မှု အပေါ် မေးခွန်းထုတ်မှုများ ရှိနေဆဲဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး၏ မေ ၇ ရက် သတင်းထုတ်ပြန်ချက်တွင် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် အေးချမ်းရေး ထိန်းသိမ်းရန် အစောဆုံး အကောင်အထည်ဖော်နိုင်ကြောင်း အမြဲရပ်တည် တိုက်တွန်းသည်ဟု ပြောဆိုထားသော်လည်း '၀' ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုမှုသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ ထုတ်ပြန်ထားသော အချက်နှင့် ဆန့်ကျင်လျက် ရှိနေကြောင်း သိရသည်။

"တရုတ်ဗဟို အစိုးရက UWSA နဲ့ တိုက်ရိုက်ထိတွေ့တဲ့ပုံစံ မရှိပေမဲ့ ဗဟိုအစိုးရလက်အောက်မှာ ရှိနေတဲ့ ပြည်နယ်အစိုးရကတော့ UWSA နဲ့ အနည်းနဲ့အများ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိနေတယ်လို့တော့ ကျွန်တော်မြင်တယ်။ ဒီအချိန်မှာ တရုတ်ပြည်နယ် အစိုးရတွေနဲ့ UWSA ကြားက ပူးပေါင်းဆောင်ရွက်မှုတွေဟာ ပွင့်လင်းမြင်သာမှု ရှိရမယ်။ ပွင့်လင်းမြင်သာမှု ရှိမှလည်း တရုတ်-မြန်မာ ဆက်ဆံရေးက သံသယတွေ လျော့ပါးနိုင်မှာ ဖြစ်တယ်" ဟု နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားပါသည်။

အခြားတစ်ဖက်တွင်လည်း UWSA သည် တရုတ် Intelligent Agencies များနှင့် ဆက်နွယ်မှု ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး တရုတ်စစ်တပ်မှ အရာရှိများက UWSA ကို စစ်ပညာများ သင်ကြားပေးနေကြောင်း၊ တနည်းအားဖြင့် UWSA သည် မြန်မာနိုင်ငံအတွင်း၌ တရုတ်က ချဲ့ထွင်ထားသော စစ်တပ်ကဲ့သို့ ဖြစ်နေကြောင်း '၀' သွေးစည်းညီညွတ်ရေး ပါတီအကြောင်းကို အတွင်းကျကျ သိရှိထားသူ ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တနာက ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း Eleven Media Group နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

"ပြည်နယ်အဆင့်ဆိုတဲ့ ကိစ္စကို မသွားခင် အခုလက်ရှိ ပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဆိုတဲ့ အဆင့်အတန်းကို လွှတ်တော်က သေချာပြန်ပြီး သတ်မှတ်သင့်တယ်လို့ မြင်တယ်။ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေ အစိုးရအဖွဲ့တွေကို ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေတွေမှာ ဦးစီးအဖွဲ့တွေကို ပေးထားတဲ့ အဆင့်အတန်းတွေကို ပြန်ဆန်းစစ်ဖို့ လိုတယ်" ဟု ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။

လက်ရှိအချိန်တွင် သန်းခေါင်စာရင်း ကောက်ယူမှုကို လုပ်ဆောင်နိုင်ခြင်း မရှိသေးသော '၀' ဒေသတွင် လူဦးရေ ခြောက်သိန်းနီးပါး နေထိုင်လျက်ရှိပြီး ၁၇၀၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းကာ '၀' ဒေသ မြောက်ပိုင်းနှင့် '၀' ဒေသ တောင်ပိုင်းဟု နှစ်ပိုင်းခွဲခြားထားသည်။ နေထိုင်သူ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ တရုတ်ဘာသာ စကားကို ပြောဆိုကြပြီး ငွေကြေးသုံးစွဲမှုတွင်လည်း တရုတ်ယွမ်ငွေကိုသာ အသုံးပြုကာ တရုတ်ဘာသာဖြင့် ထုတ်လွှင့်သော ရုပ်သံလိုင်းလည်း ရှိကြောင်း သိရသည်။

'၀' အဖွဲ့သည် စီးပွားရေး လုပ်ငန်းများ အနေဖြင့် ကျောက်မျက်၊ သတ္တု၊ လောင်စာဆီ၊ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ရေသန့်စက်နှင့် ကုန်တိုက်များ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကာ ဟုမ်ပန်းကုမ္ပဏီသည် '၀' အဖွဲ့၏ ထင်ရှားသော လုပ်ငန်းတစ်ခု ဖြစ်သည်။

ဗမာပြည် ကွန်မြူနစ်ပါတီ လက်အောက်မှ ဒုတိယခွဲထွက်လာသော အဖွဲ့ဖြစ်သည် '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီသည် ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်တွင် ဗမာပြည်ကွန်မြူနစ် ပါတီ၏ ဌာနချုပ်အဖြစ် တည်ရှိနေသော '၀' နယ်မြေအတွင်းမှ ပန်ဆန်းဌာနချုပ်ကို သိမ်းယူခဲ့ပြီး '၀' အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

စတင်ဖွဲ့စည်းစဉ် ကတည်းက တပ်မတော်နှင့် သင့်မြတ်စွာ နေထိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အစိုးရအဖွဲ့နှင့်လည်း ဆက်သွယ်မှုများ ပြုလုပ်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် အမျိုးသား ညီလာခံသို့ တက်ရောက်ခဲ့ပြီး အခြားတိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့်လည်း ပူးပေါင်းမှုများ ရှိခဲ့ပါသည်။

၂၀၀၅ ခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုကို ရပ်ဆိုင်းကြောင်း တရားဝင် ကြေညာခဲ့သော်လည်း '၀' အဖွဲ့ကို မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှုရှိသော အဖွဲ့အဖြစ် နိုင်ငံတကာ အသိုင်းအ၀ိုင်း ဆက်လက်ရှုမြင်ခဲ့ကြသည်။

၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် မပြေလည်မှုများ ဖြစ်ပေါ်ခဲ့ရာမှ တစ်ဆင့် '၀' ၏ စစ်အင်အားမှာလည်း တစ်စထက်တစ်စ အားကောင်းလာခဲ့သည်ဟု နိုင်ငံရေး အကဲခတ်များက သုံးသပ်ခဲ့သည်။

(၂၀၁၂ ခုနှစ် ဧပြီလအတွင်းက ပြုလုပ်ခဲ့သော '၀' ဒေသ ငြိမ်းချမ်းရေး တည်ဆောက်မှု ၂၃ နှစ်ပြည့် အခမ်းအနားကို တရုတ်ဘာသာစကားပြော ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော ပုံရိပ်များ)

From: Eleven

SSA (ရွက်ဆစ်)အဖွဲ့မှ အပြစ်မဲ့ ပြည်သူများအား ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်

Posted by drmyochit Wednesday, May 15, 2013, under | No comments




နေပြည်တော် မေ ၁၄

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ နောင်မတာ ကျေးရွာ အနီးတွင် အလုပ် လုပ်ကိုင်လျက် ရှိသော မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အလုပ်စခန်း နေရာသို့ မေ ၁၃ ရက် ည ၉ နာရီခွဲ အချိန် ခန့်တွင် RCSS/SSA (ရွက်ဆစ်) အဖွဲ့မှ ရောက်ရှိလာပြီး အလုပ် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းခွင် အတွင်း လက် နက်ငယ် များဖြင့် အကြောင်းမဲ့ ဝင်ရောက် ပစ်ခတ်ခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ပြီး ဦးမင်းဒင် ၃၈ နှစ်၊ ဦးစိုင်းဇာအောင် ၃၂ နှစ်တို့ လက်နက်ငယ် ကျည်ထိမှန် ဒဏ် ရာဖြင့် သေဆုံး ခဲ့ကြောင်း သတင်း ရရှိသည်။





RCSS/SSa (ရွက်ဆစ်) အဖွဲ့၏ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးနေသော ဦးမင်းဒင်အား တွေ့ရစဉ်

မုန်တိုင်းသတိပေးချက်

Posted by drmyochit Wednesday, May 15, 2013, under | No comments

၂၀၁၃ခုနှစ်၊ မေလ(၁၅)ရက်နေ့မြန်မာစံတော်ချိန်(၁၀း၀၀)နာရီ အချိန်ထုတ်ပြန်ချက်



ယနေ့မြန်မာ စံတော်ချိန် (၀၉း၃၀) နာရီ အချိန် တိုင်းထွာ ချက်များ အရ ဘင်္ဂလား ပင်လယ်အော်
အနောက် အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင် (MAHASEN)သည် အရှေ့မြောက် ဘက် သို့မိုင်  (၅၀)ခန့်ရွေ့လျား ခြဲ့ပီး၊မြန်မာနိုင်ငံ (မောင်တောမြို့)၏ အနောက်တောင် ဘက်မိုင် (၃၇၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင် ဘက်မိုင် (၃၇၀)ခန့်၊ကျောက် ဖြူမြို့၏ အနောက်တောင် ဘက်မိုင် (၃၈၀)ခန့်၊ အိန္ဒိယနိုင်ငံ(ကိုလ်ကတ္တားမြို့)၏တောင်ဘက် မိုင်(၃၆၀)ခန့် အကွာ ပင်လယ်ပြင်ကှို ဗဟိုပြုနေပါ သည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အရှေ့မြောက် ဘက်သို့ ဆက်လက် ရွေ့လျား မည်ဟု ခန့်မှန်း ရပါသည်။ မုန်တိုင်း ဗဟိုချက် အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်
(၆၀) အထိ ရှိနိုင်ပါသည်။

ဆိုင် ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေ သကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင်နေရာ စိပ်စိပ်မှနေ ရာအ နှံ့အပြား မိုးထစ် ချုန်း ရွာပြီးနေ ရာကွက် ၍မိုးကြီး မည်။

မြန်မာ့ ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်း ကြီးမည်။ မိုးသက် လေပြင်း ကျစဉ်ရေပြင် /မြေပြင်လေ သည် တစ်နာရီ လျှင်မိုင် (၄၀)မှ(၄၅) မိုင် အထိ တိုက်ခတ် မည်ဖြစ်ပါသည်။ ဆိုင် ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေ အနေမှာ လိမ္မော်ရောင် အဆင့် သို့ရောက် ရှိပြီးမြန်မာ နိုင်ငံ(ရခိုင် ကမ်းရိုးတန်းမြောက် ပိုင်း)နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကမ်းခြေဒေ သများ ဆီသို့ဦး တည်ရွေ့လျားနေသည့် အခြေအနေ ဖြစ်ပါသည်။နောက် ဆုံး တိုင်းထွာ ရရှိသော ခန်မှန်းချက် အရမေလ (၁၆) ရက်နေ့ ညပိုင်း ခန့်တွင်မြန်မာနိုင်ငံ (ရခိုင်ကမ်း ရိုး တန်းမြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေဒေ သများဆီ သို့ဖြတ်ကျော် ၀င်ရောက် နိုင်ကြောင်း ခန့်မှန်း ရပါသည်။ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ကမ်းဝေး
ငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်း အန္တရာယ်ရှောင်ရှား ရန်လို အပ်ကြောင်း အကြံပြု အပ်ပါသည်။

မိုးဇလ

လယ်သမားသမဂ္ဂမှ ပြန်လာသူ လယ်သူမတဦး ဆိုင်ကယ် ကယ်ရီသမား၏ အဓမ္မပြုကျင့်ခံရ

Posted by drmyochit Wednesday, May 15, 2013, under | No comments

 တောင်သူလယ်သမား သမဂ္ဂ ရုံးမှ ပြန်လာသော လယ်သူမ တဦးအား ဆိုင်ကယ် ကယ်ရီ သမားက လမ်းခု လတ် အရောက် အဓ မ္မပြုကျင့်မှု တခုအား ကျောက်တန်း ရဲစခန်းက မေလ ၁၁ ရက်နေ့တွင် အမှုဖွင့်ပေး ထား ရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့စခန်း၏ မှုခင်းသတင်း မှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၃၁ ရက်နေ့ ည ၇ နာရီအချိန်က ဒေါ်…………(၄၃)နှစ်၊ (လယ်လုပ်၊ ………ကျေးရွာ) မှာ ကျောက် တန်းမြို့ အလယ်ပိုင်းရပ်ကွက်၊ မင်းချောင်းလမ်းရှိ “မြို့နယ် တောင်သူ လယ်သမားသမဂ္ဂရုံး” မှ နေအိမ် သို့ပြန်ရန် လမ်းတွင်တွေ့ရှိသော ထွန်းရွှေ (စုံစမ်းဆဲ၊ နောင်မှ အမည်သိရ)၊ အဒွက်ကျေး ရွာ၊ ကျောက်တန်းမြို့နယ် နေသူ၏ ဆိုင်ကယ်အား ၁,၀၀၀ ကျပ်ဖြင့် ငှားရမ်းစီးနင်းခဲ့ကြောင်း မှုခင်းမှတ်တမ်း တွင် ဖော်ပြပါ ရှိသည်။

ထို့နောက် အေးရှားဝေါလမ်း၊ မြိုင်သာယာသင်္ချိုင်းအလွန်တွင် ထွန်းရွှေဆိုသူက ဆိုင်ကယ်ရပ် ပြီး ဒေါ်……..၏ လက်မောင်း အား ဆွဲကာ လမ်းဘေး ချုံတစ်ခု ထဲသို့ ခေါ်ဆောင်ပြီး မိနစ် ၂၀ ခန့် သားမ ယား အဖြစ် တကြိမ် ပြုကျင့် ခဲ့ကြောင်း သိရသည်။

ထို့နောက် ထွက်ပြေး ခဲ့ရာ ထွန်းရွှေ၏ အမည်နှင့် လိပ်စာအား မေလ ၉ ရက်နေ့တွင် စုံးစမ်း သိရှိခဲ့ ရသဖြင့် သားမ ယားပြုကျင့် ခဲ့သူ ၎င်းအား အရေးယူပေး ရန် ပြစ်မှုကျူးလွန်ခံရသူ ကိုယ်တိုင် လာရောက်တိုင်တန်းခဲ့ သဖြင့် ကျောက်တန်း ရဲစခန်းက (ပ)၁၅၆/၁၃၊ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံထားရ သူအား ဖမ်းဆီးနိုင် ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန် (မဇ္ဈိမ)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်