Wednesday, May 08, 2013

သံဃာတော် တပါး သေဆုံးစေခဲ့မှုဖြင့် အစ္စလာမ်ဘာသာဝင် ၆ ဦး သေဒဏ်ကျခံရဖွယ်ရှိ

Posted by drmyochit Wednesday, May 08, 2013, under | No comments


ယခု လပိုင်း အတွင်း ဖြစ်ပွား ခဲ့သည့် ဘာသာရေး ဆိုင်ရာ ပဋိပက္ခ အတွင်း၌ ပျံလွန်တော် မူခဲ့ ရသော သံဃာ တော် ၏ သေဆုံးမှုနှင့် ပတ်သက်၍ စစ်ဆေးခြင်း ခံနေရသော အစ္စလာမ် ဘာသာဝင် ၆ ဦးမှာ ပြစ်မှု ထင်ရှားပါ က သေဒဏ် ကျခံ ရနိုင်ဖွယ် ရှိကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောကြား လိုက် သည်ဟု AFP သတင်း တရပ်တွင် ဖော်ပြပါရှိသည်။

မန္တလေးတိုင်း တရား သူကြီး ဦးရဲ အောင်မြင့်၏ အဆိုအရ ၎င်းတို့အား စစ်ဆေးနေပြီး သောကြာနေ့တွင် အမိန့် ချမှတ် လိမ့် မည်ဟု ခန့်မှန်းထားသည်။ 

“လူသတ်မှု အတွက် ပြစ်မှုထင်ရှားရင်တော့ သေဒဏ် ချမှတ် ခံရမှာပါ” ဟု ဦးရဲအောင်မြင့် ၏ တယ်လီ ဖုန်းမှ တဆင့် ဖြေကြား ချက်အား ကိုးကား၍ AFP သတင်းက ရေးသားသည်။

မတ်လ အတွင်းက မိထ္ထီလာမြို့ရှိ ရွှေဆိုင်၌ ခိုက်ရန် ဖြစ်ပွားမှု တခုမှ အစပြုပြန့်ပွားခဲ့သော အကြမ်းဖက်မှု ဂယက် များကြောင့် အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ထောင်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

သံဃာ တော် တပါး ပျံလွန်တော်မူစေခဲ့သည့် ကိစ္စ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတွင်းရှိ ဒေသ အများ အပြား၌ ဆူပူအုံကြွမှုများ ဖြစ်ပေါ်ခဲ့ကာ ၎င်းအကြမ်းဖက်မှုများသည် အစ္စလာမ် ဘာသာဝင်များ ထံသို့ ဦး တည် လာခဲ့ သည်။ 

ပြဿနာ စတင်ဖြစ်ပွားခဲ့သည့် ရွှေဆိုင်ပိုင်ရှင်နှင့် အခြား အစ္စလာမ်ဘာသာဝင် နှစ်ဦးတို့အား ဈေးဝယ် သူကို ကိုယ်ထိ လက်ရောက် ကျူးလွန် မှုဖြင့် ဧပြီလအတွင်းက ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်လိုက်သည်။ 

ဖြစ်ပွား ခဲ့သော ဆူပူ အုံကြွမှု များနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင် တစ်ဦးမျှ ပြစ်ဒဏ်ကျ ခံခဲ့ရခြင်း မရှိ ကြောင်း AFP သတင်းက ဆိုသည်။ 

ခန့်မှန်းခြေအရ မြန်မာနိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းခန့်ရှိသော အစ္စလာမ်ဘာသာဝင်များအား တိုက်ခိုက် ခဲ့ခြင်း သည် ယခု ကောင်းမွန်သောနိုင်ငံရေး အပြောင်းအလဲ ကာလဟု အမွှမ်းတင်ခြင်း ခံနေရမှုများကို အ မှောင် ရိပ် ဖုံးစေခဲ့ပြီး စစ်အစိုးရ၏ အုပ်ချုပ်မှုကြောင့် ဆိုးရွားစွာ ဖြစ်နေခဲ့ရသည့် နိုင်ငံ၏ အက်ကြောင်း များ ကို သိသာ ထင်ရှားစေခဲ့သည်ဟု ဆိုသည်။ 


အဓိ ကရုဏ်း ဖြစ်ပွား ရာတွင် သံဃာတော်အချို့ ပါဝင်ခဲ့ပြီး အချို့မှာ လူမျိုးရေး လှုံ့ဆော်မှုအဖြစ် အစ္စလာမ် ဘာသာ ဝင်များ ပိုင်ဆိုင်သော ဆိုင်များ၌ စီးပွားရေးအရ အဆက်အဆံ မလုပ်ရန် ဆော်သြမှုများ ပြုလုပ် ခဲ့ကြ သည်။

ယခု တရားခွင်တွင် စစ်ဆေးခြင်း ခံနေရသည့် ၆ ဦး အနက် သံဃာတော်အား သေစေခဲ့မှု၏ အဓိက တရား ခံမှာ အသက် ၂၀ အရွယ်ရှိသူ ဖြစ်ပြီး ကျန် ၅ ဦးမှာလည်း လူသတ်မှု၌ ပါဝင် ပတ်သက်သူများအဖြစ် စွဲချက် တင်ခံ ထားရသည်။

၇ ယောက်မြောက် မသင်္ကာဖွယ်ဖြစ်သူအား သက်ငယ် တရားရုံး၌ စစ်ဆေးသွားမည်ဖြစ်ပြီး အမှုတွင် ပါဝင် ပတ်သက် သည်ဟု ယူဆရသော ကျန် ၄ ဦးကိုလည်း ဖမ်းဆီးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ 

ယခင် သီတင်းပတ်က ရန်ကုန် မြို့၏တောင်ဘက် မိုင် ၆၀ အကွာရှိ ဥက္ကံမြို့တွင် ထပ်မံဖြစ်ပွားခဲ့သော အစ္စလာမ် ဘာသာ ဆန့်ကျင်ရေး အဓိကရုဏ်းကြောင့် လူ ၁ ဦး သေဆုံးပြီး ဗလီနှင့် လူနေအိမ်များ ဖျက်ဆီး ခံရကာ နိုင်ငံအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ တဖန် ဖြစ်ပေါ်ခဲ့ရသည်။ 

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်များ အကြား ပဋိ ပက္ခ များကြောင့် လူ ၂၀၀ ခန့် သေဆုံးခဲ့ရပြီး သေဆုံးသူ အများစုမှာ ရိုဟင်ဂျာ မူဆလင်များ ဖြစ်ကြ သည်။

သမ္မတ ဦးသိန်းစိန် တနင်္လာ နေ့က ပြောကြားခဲ့သော မိန့်ခွန်းတွင် ရခိုင် ပြည်နယ်ရှိ အစ္စလာမ် ဘာသာ ဝင် များ အ တွက် အဓိကကျသော အခြေခံ အခွင့် အရေးများ ရရှိရန် ကတိပြုခဲ့ပြီး “ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင် နိုင်ရန်” နိုင်ငံတော် အနေဖြင့် ဦးတည် သင့်သည် ဟု ပါရှိသည်။

From: မဇ္ဈိမသတင်းဌာန

ဘင်္ဂလားဒေ့ရှ် စက်ရုံပြိုကျမှု သေဆုံးသူ ၈၀၀ နီးပါးရှိ

Posted by drmyochit Wednesday, May 08, 2013, under | No comments



ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှာ အထည်ချုပ် စက်ရုံ တွေရှိရာ ကုန်တိုက် တခု ပြိုကျရာက သေဆုံးသူ အရေ အတွက် တဖြေးဖြေးနဲ့ ၈၀၀ နီးပါးအထိ တိုးလာနေပါတယ်။ အပျက်အစီးတွေကို ဆက်လက် ရှင်းလင်းရာက ထပ်မံ တွေ့ရှိ ရတဲ့ အလောင်းတွေနဲ့ ပါဆိုရင် သေဆုံးသူ အရေအတွက်ဟာ ၇၈၂ ယောက်အထိ ရှိသွားပြီ လို့ ဒီက နေ့ ပဲ အစိုးရ တာဝန် ရှိ သူ တွေက ကြေညာခဲ့ကြတာပါ။

ပြိုကျ ချိန်မှာတော့ အဆောက်အဦးထဲမှာ လူပေါင်း ၃ ထောင်လောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဧပြီလ ၂၄ ရက်နေ့ က အဆောက်အဦး ပြိုကျမှုအတွင်း သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာကို သိရဖို့ လည်း ပိုပြီးခက်ခဲလာနေပြီလို့ အာဏာပိုင်တွေက ပြောခဲ့ကြတာပါ။

သေဆုံး သူတွေရဲ့ အလောင်းတွေမှာ တွေ့ရတဲ့ မှတ်ပုံတင် အထောက်အထားတွေ၊ လက်ကိုင်ဖုန်းတွေကို အားကိုး ပြီး ဘယ်သူဘယ်ဝါတွေ ဖြစ်ကြတယ်ဆိုတာကို ဖော် ထုတ်နေရတယ်လို့လည်း ပြောပါတယ်။ အဆောက် အဦး ပြိုကျမှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေ အဖြစ်နဲ့တော့ အာဏာပိုင်တွေက လူ ၉ ယောက် ထက် မ နည်း ကိုလည်း ဖမ်းဆီးထားတာပါ။

ဖမ်းဆီး ခံထားရ သူတွေ ထဲမှာတော့ အဆောက်အဦးပိုင်ရှင်၊ ကုန်တိုက်ထဲမှာ ရှိနေကြတဲ့ အထည်ချုပ် စက်ရုံ ပိုင်ရှင်တွေနဲ့ အဆောက်အဦးကို တည်ဆောက်ခဲ့ကြသူ အင်ဂျင်နီယာတွေလည်း ပါဝင်ကြပါတယ်။ လုပ်အား ခ ဈေးသက်သာတဲ့အတွက် နိုင်ငံတကာက နာမည်ကျော် အမှတ်တံဆိပ်တွေ အပါအ၀င် အထည် ချုပ် လုပ်ငန်း တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပြည်ပပို့ကုန် လုပ်ငန်းရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးရှိပြီး တန်ဖိုးအား ဖြင့် ဒေါ်လာ သန်းပေါင်း ၂ သောင်းလောက် ရှိပါတယ်။

ပြည်ပကုမ္ပဏီ တချို့ကတော့ သူတို့ရဲ့ လုပ်ငန်းတွေ လုပ်ကိုင်ရင်း သေဆုံးသူတွေရဲ့ ကျန်ရစ်သူ မိသားစု တွေကို ထောက်ပံ့ ကူညီ ဖို့လည်း ကတိ ပေးထား ကြပါတယ်။ 


From : ..voa 

သမီးကိုနှိပ်စက်သည့်မိခင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရ

Posted by drmyochit Wednesday, May 08, 2013, under | No comments


မေလ ၈ ရက် ၂၀၁၃

အပေါ့ သွားခြင်းကို သင်ကြားရန် ခက်ခဲသည့် သမီး ဖြစ်သူ ကို ရိုက်နှက်သည့် အပြင် လက်များကို စူပါကော်ဖြင့် သုတ်ပြီး နံရံတွင်ကပ်ကာ နှိပ်စက်သည့် မိခင်တစ်ဦးအား ထောင် ဒဏ် တစ်သက် တစ်ကျွန်း ပေးခဲ့ သည့် ဖြစ်ရပ် တစ်ခု အမေရိကန် ပြည်ထောင်စု ဒါးလာ့စ်မြို့တွင် ဖြစ်ပွား ခဲ့သည်။

အသက် ၂ နှစ် အရွယ် သမီးဖြစ် သူသည် ဆိုးရွားစွာ အရိုက် ခံထား ရသဖြင့် ဦးနှောက်တွင် သွေး ယိုစီးခြင်း ကို ခံစား နေရ ကြောင်း ဆရာဝန်ဆေးစစ်ချက်ကို တရားရုံးသို့တင်ပြထားခဲ့သည်။

အသက် ၂၃ နှစ်အရွယ် အဲလိဇဘတ် အက်စ်ကာလိုနာအား သမီးဖြစ်သူ ဂျို့စ်လင်း စီဒီလိုကို ပြီးခဲ့သည့်နှစ် စက်တင် ဘာလတွင် နှိပ်စက် ညှဉ်းပမ်း မှုဖြင့် ပြစ်မှုထင်ရှားသောကြောင့် ထောင်ဒဏ် တစ်သက် ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။

ယမန် နေ့က တရား ရုံးတွင် စီရင်ချက် ချစဉ် အစိုးရရှေ့နေက နံရံတွင် ကော်ဖြင့်ကပ်ထားခြင်းခံရသည့် ကလေး ဖြစ်သူ၏ပုံများ ကို သက်သေအဖြစ် ထုတ်ပြခဲ့သည်။ ဂျို့စ်လင်းသည် ရိုက်နှက်ဒဏ်ကြောင့် ဦးနှောက် သွေးယိုပြီး ဆေးရုံတွင် တစ်ပတ်ခန့် ကုသခံခဲ့ရသည်။ ထို့ပြင် ကလေးငယ်သည် နံရိုး တစ်ချောင်း လည်း ကျိုးသွားပြီး၊ ခန္ဓာကိုယ်နေရာအနှံ့အပြားတွင်လည်း ဒဏ်ရာများရရှိခဲ့သည်။

ကလေးသူငယ်နှိပ်စက်ညှင်းပမ်းမှု အကာအကွယ်ပေးရေးဌာနမှ ဒေါက်တာ အေမီ ဘာတန်က “ကျွန်မ တွေ့လိုက် ရတော့ မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရတယ်။ တကယ့်ကို လူမဆန်စွာ လုပ်ထားတာပါပဲ” ဟုပြော ကြား ခဲ့သည်။

တရားရုံးက အက်စ်ကာလိုနာကို ထောင်ဒဏ်တစ်သက်အဖြစ် ၉၉ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

မောက္ခ

လမ်းခင်းရန် ဂေါ်ထိုးရာမှ ဗုဒ္ဓဆင်းတုပါ စကျင်ကျောက် တွေ့ရှိ

Posted by drmyochit Wednesday, May 08, 2013, under | No comments



မြစ်ကြီးနား ၊ ၈-၅-၂၀၁၃

မြစ်ကြီး နားမြို့ ၊ လယ်ကုန်း ရပ်ကွက်တွင် မေလ ၃ ရက်နေ့က လမ်းခင်းရန် ကျောက်စရစ် ဂေါ်ထိုးသူ ဇနီး မောင်နှံ ၂ ဦးက ကျောက်စရစ် ဂေါ်ထိုးရင်း ဗုဒ္ဓ ဆင်းတုတော် ပုံပါ စကျင် ကျောက်တုံးငယ် တစ်တုံးကို တွေ့ရှိ ခဲ့ပြီး မေလ ၇ ရက်နေ့မှ စတင်ကာ ဘုရားဖူး ပြည်သူများ မပြတ် စည်ကား လျက်ရှိကြောင်း သိရ သည်။

ဖြစ်စဉ် မှာ လယ်ကုန်း ရပ်ကွက် ၊ နယ်မြေ (၁၂) ၊ ခတ်ချို ကူးတို့ဆိပ်ကမ်း နေ ကိုမောင်မြင့် ၊ မနှင်းဝေ ဇနီး မောင်နှံ သည် လယ်ကုန်း ရပ်ကွက် သောင်ဦး ကျောင်းတိုက် ဆရာတော် ဦးဥတ္တရ၏ တာဝန်ပေး အကူ အညီ တောင်းခံမှု ကြောင့် ရပ်ကွက်တွင်း လမ်းများ ခင်းရန် ဧရာဝတီ မြစ်အတွင်းမှ သဲကျောက်များ ကို နွေရာသီ ကာလ တစ်လျှောက် လုပ်ကိုင် ခဲ့ရာမှ ဧပြီလ ၂၉ ရက်နေ့က ကျောက်စရစ် ဂေါ်ထိုးစဉ်

ဗျက်အကျယ် ၂ လက်မခန့် ၊ အမြင့် ၃ လက်မခန့်ရှိ အဖြူရောင် ကျောက်တုံး တစ်တုံးအား ညီညာမှု မရှိ သော် လည်း ဖယောင်းတိုင် တင်ထွန်းရန် အတွက် သိမ်းဆည်း ထားခဲ့သည်။ မေလ ၃ ရက်နေ့ တွင် ဖယောင်း တိုင် တင်ထွန်း၍ ၀ိုင်းဖွဲ့ စကားပြောစဉ် ကျောက်ခဲ အတွင်းမှ

ရောင်ပြန်လွှတ် သကဲ့သို့ တွေ့ရှိ၍ ဆပ်ပြာရေ တို့ဖြင့် စင်ကြယ်စွာ ဆေးကြောပြီး ရတနာ ပစ္စည်းဆိုင်မှ ကော်ပတ် ဖြင့် အချော တိုက်ချွတ် ပေးမှ အဆိုပါ ကျောက်အတွင်း ဥာဏ်တော် တစ်လက်မ ပတ်လည်ခန့် ဗုဒ္ဓ ဆင်းတုတော် နှင့် ကြာမှောက် ကြာလှန် ပုံတွင် ထက်ဝယ်ဖွဲ့ ခွေကာ ပလ္လင်၏ နောက်မှီမှာ စက် တော်ရာ ပုံ ၂၄ ပစ္စည်း ပဌာန်း ဒေသနာတော် ပုံကို တွေ့၍ ဆရာတော် ဦးဥတ္တရ ၏ သြ၀ါဒ ကို ခံယူကာ နေအိမ် မင်္ဂလာ မဏ္ဍာပ် ၌ မေလ ၆ ရက်က အပူဇော်ခံ ထားရှိ ခဲ့သည်။

ထိုသို့ ဗုဒ္ဓ ဘုရားရှင် ပုံတော် အား ဖူးတွေ့ ရခြင်းကို ဗုဒ္ဓ ဘာသာဝင် ပြည်သူ အများက သက်ဝင် ယုံကြည် ပြီး မပြတ်လတ်ဘဲ နေ့စဉ် ဖူးမြော် ကြည်ညိုကာ ဗုဒ္ဓ ဘိသေက အနေကဇာ တင်နိုင်ရန် အမြန်ဆုံး ဆောင်ရွက် မည် ဖြစ်ကြောင်း ၄င်းတို့ ဇနီးမောင်နှံ ထံမှ သိရှိရသည်။

From The Myawady Daily

မေလ ၈ ရက်: ကမ္ဘာ့ကြက်ခြေနီနေ့နဲ့ ကမ္ဘာ့လခြမ်းနီနေ့

Posted by drmyochit Wednesday, May 08, 2013, under | No comments




World Red Cross and Red Crescent Day

ဒီနေ့က ကမ္ဘာ တစ်ဝန်းမှာ ရှိတဲ့ ကြက်ခြေနီ အဖွဲ့အစည်း တွေနဲ့ လခြမ်းနီအဖွဲ့အစည်းတွေရဲ့ စွန့်လွှတ် အနစ် နာ ခံ ကြိုးပမ်း ဆောင်ရွက်မှု တွေကို ဂုဏ်ပြုတဲ့နေ့ပါ။ လူသားတွေ ခံစားနေကြရတဲ့ ရောဂါ ဘယ တွေ၊ ငတ်မွတ်ဆင်းရဲခြင်းတွေ၊ သဘာဝဘေးအန္တရာယ် တွေနဲ့ စစ်ပွဲဒဏ်တွေ ကနေ သက်သာရာ ရလာ အောင် လုပ်ဆောင်ပေးမှုတွေကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ထောက်ခံအားပေးတဲ့ နေ့လည်း ဖြစ်ပါ တယ်။ လူသားချင်း စာနာ ကူညီ ပေးနေ တဲ့ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ဝင် အရေအတွက်ဟာ အခုဆိုရင် ၉၇ သန်းကျော် ရှိနေပါပြီ။ ဒီ ၉၇ သန်းကျော်ထဲမှာ တစ်ဝက်ကျော်က လူငယ်တွေပါ။ အမျိုးသမီးပါဝင်မှုကို သီး သန့် တွက်ချက်ကြည့်တဲ့အခါ ၅၀ ရာခိုင်နှုန်း ရှိနေတာကိုတွေ့ရ ပါတယ်။

ဒီနေ့ရဲ့ သမိုင်းကြောင်းကို စေ့ငုကြည့်ချင်ရင်တော့ ၁၉၂၂ ခုနှစ်ဆီကို ပြန်ကြည့်ကြရပါ လိမ့်မယ်။ အဲဒီ အချိန် တုန်းက ချက်ကိုစလိုဗက်ကီးယား နိုင်ငံရဲ့ ကြက်ခြေနီအဖွဲ့အစည်းဟာ အီစတာပွဲတော် မတိုင်ခင် သုံးရက် မြောက် နေ့ကစပြီး ပွဲတော်နေ့အထိ အပစ်အခတ် ရပ်စဲရမယ်လို့ ကြေညာချက်ထုတ်ပြန်ပြီး ငြိမ်း ချမ်း ရေးကို မြှင့်တင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နှစ်စဉ်တိုင်း ရဲ့ နေ့ရက်တစ်ရက်ကို လူသားတွေ ခံစား နေ ရတဲ့ ဝေဒနာတွေအတွက် ဖြေသိမ့်ရာ နေ့တစ်နေ့ဖြစ်လာအောင် လှုံ့ဆော်ဖို့ပါပဲ။

နောက် တော့ မေလ ၈ ရက်နေ့ကို ရွေးချယ်သတ်မှတ် ကျင်းပခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကြက် ခြေနီ အသင်းကြီး ကို ထူထောင်ခဲ့သူ ပရဟိတသူတော်စင် ပုဂ္ဂိုလ်ထူးကြီး ယန်းဟင်နရီဒူးနန့် (Jean Henry Dunant) ရဲ့ မွေးနေ့ဖြစ်လို့ပါပဲ။

၁၈၅၉ ခုနှစ် ဇွန်လ ၂၄ ရက်က အီတလီနိုင်ငံ မြောက်ပိုင်း ဆိုလဖာရီနို (Solferino) နယ်ရှိ လွမ်ဘာဒီ မြို့ ကလေးမှာ တိုက်ပွဲကြီး တစ်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ သြစတြီးယားဘုရင် ဖရန့်ဇ်ဂျိုးဇက်ရဲ့ စစ်သည်တွေ သိမ်းပိုက် ထားတဲ့ အဲဒီမြို့ကလေးကို ပြင်သစ်ဘုရင် တတိယမြောက် နပိုလီယန် (နပိုလီယန် ဗိုနာပတ် ရဲ့တူ) လက်အောက်ရှိ ဆာဒီးနီးယားနဲ့ ပြင်သစ်မဟာမိတ် တပ်တွေက အပြင်းအထန် တိုက်ခိုက် ထိုး နှက်ကြ တာ ဖြစ်ပါတယ်။ ၁၅ နာရီကြာပြီးတော့မှ သြစတြီးယားတွေ တပ်ပျက် ထွက်ပြေးလို့ တိုက်ပွဲကြီး ပြီးဆုံး သွား ပါတယ်။ စစ်မြေပြင်မှာတော့ ဒဏ်ရာရသူပေါင်း လေးသောင်းကျော် ကျန်ရစ်နေပါတယ်။ 

သွေး ရဲရဲ သံရဲရဲနဲ့ အနိဋ္ဌာရုံ ရှုခင်းထဲကို ဘဏ်လုပ်ငန်းရှင်တစ်ဦး လည်းဖြစ်၊ ကုမ္ပဏီလုပ်ငန်း တစ်ခုကို တွဲဖက် လုပ်ကိုင်နေသူ တစ်ဦး လည်းဖြစ်တဲ့ ယန်းဟင်နရီဒူးနန့် (၁၈၂၈-၁၉၁၀)က အစိုးရဆီက အထူး အခွင့် အရေးတွေ ရရှိလိုတဲ့အတွက် နပိုလီယန်နဲ့ တွေ့ဆုံဖို့ ရောက်ရှိလာခဲ့ပါ တယ်။ ဒါပေမဲ့ ဘုရင်မင်းမြတ် နဲ့ မတွေ့ ရဘဲ ကြောက်မက်ဖွယ်ရာ ဝေဒနာတွေ၊ ညည်းညူမြည်တမ်းသံ တွေနဲ့ အားကိုးရာမဲ့နေတဲ့ နှစ်ဖက် စစ် သည် တော်တွေကိုပဲ တွေ့လိုက်ရပါတယ်။ လွမ်ဘာဒီ တိုက်ပွဲမြင်ကွင်းက ဟင်နရီဒူးနန့်ကို စည်းစိမ်တွေ များပြား တဲ့ မြို့နေလူကုံထံတစ်ဦး ဘဝကနေ အနစ်နာခံ၊ ပင်ပန်းဆင်းရဲဒဏ် ခံရတဲ့ ပရဟိတ ပုဂ္ဂိုလ် ထူး တစ်ဦး အဖြစ် ပြောင်းလဲစေခဲ့ပြီး သူ့ဘဝအပြောင်းအလဲ နဲ့အတူ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီး ဆိုတာကိုလည်း ယှဉ်တွဲ ဖြစ်ပေါ်စေ ခဲ့ပါတယ်။ ဒီအကြောင်းတွေကို မသိရှိဖူးတဲ့သူ ဆိုရင် ဒီ့ထက်စုံလင်စွာ လေ့လာဖို့ အတွက် ဆရာဖေမြင့်ရဲ့ “မဟာကရုဏာရှင်များ” စာအုပ်ကို ညွှန်းပါရစေ။

ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ကြီးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC (The International Committee of the Red Cross) ကို ၁၈၆၃ ခုနှစ်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒူးနန့်နဲ့ ဂူးစတေးဗ်မွိုင် နီယာ (Gustave Moynier) တို့က စတင်တည်ထောင် ခဲ့တာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နဲ့ လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း IFRC ( The International Federation of Red Cross and Red Crescent Societies) ကိုတော့ ၁၉၁၉ ခုနှစ်မှာ တည်ထောင်ဖွဲ့စည်း ခဲ့ပါတယ်။ အခုလက်ရှိမှာ တစ် ကမ္ဘာ လုံး အတိုင်း အတာအနေနဲ့ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့အစည်းပေါင်း ၁၈၈ ခု ရှိပါတယ်။

ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ဟာ ၁၉၁၇ ခုနှစ်၊ ၁၉၄၄ ခုနှစ်နဲ့ ၁၉၆၃ ခုနှစ် တွေမှာ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုကို သုံးကြိမ် ရရှိခဲ့ပါတယ်။ ၁၉၀၁ ခုနှစ်မှာ ဒူးနန့်က နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပါတယ်။
ကြက်ခြေနီ အလံဟာ ဆွစ်ဇာလန် အလံနဲ့ ပြောင်းပြန် ဖြစ်နေတယ်လို့ စာဖတ်သူ သတိထားမိပါ လိမ့်မယ်။ ဒူးနန့် က သူ့ဇာတိမြေကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီလိုဒီဇိုင်း ဆွဲခဲ့တာပါပဲ။

မြန်မာ နိုင်ငံရဲ့ ကြက်ခြေနီ သမိုင်းကြောင်းကို လေ့လာချင်ရင် တက္ကသိုလ် ဇော်ထူးဦး ရေးတဲ့ “မြန်မာ နိုင်ငံ ကြက်ခြေနီ သမိုင်း” စာအုပ်မှာ ရှာဖွေလေ့လာ ဖတ်ရှုကြည့်နိုင် ပါတယ်။ ၁၉၉၅ ခုနှစ် မေလမှာ ပထမ အကြိမ် ထွက်ရှိ ခဲ့တာဖြစ်ပါတယ်။ 

(လူသာမန်)
From: The Voice Weekly 

အခြားနိုင်ငံ၏ အကျိုးစီးပွားအတွက် အလုပ်အကျွေးပြုနေသူ အများစုမှ တစ်နှစ်အတွင်း တရားဝင်လွှဲငွေ ကျပ် ၈၈ ဘီလီယံကျော်

Posted by drmyochit Wednesday, May 08, 2013, under | No comments


နိုင်ငံတကာနှင့် ချိတ်ဆက် ထားသော ဘဏ်များမှတစ်ဆင့် ပြည် ပရောက် မြန်မာများက ပြည်တွင်းသို့ တရား ဝင် လွှဲငွေ လမ်း ကြောင်းဖြင့် လွှဲပို့သည်မှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် မတ်လ ကုန်ထိ တစ်နှစ် အတွင်း ကျပ် ၈၈ ဘီလီယံကျော် ရှိ ကြောင်း အလုပ်သမား ဝန်ကြီးဌာန၏ ငွေလွှဲဝင်ရောက်မှု စာရင်း များ အရ သိရသည်။

ယင်းငွေ များသည် ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ အာရှ စိမ်း လန်း မှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ် တို့မှတစ် ဆင့် ဝင် ရောက် လာခြင်း ဖြစ်ကြောင်း ယင်းစာရင်း များအရ သိရသည်။

တရားဝင်လွှဲငွေများသာ စာရင်း သိနိုင်ပြီး ဟွန်ဒီဖြင့် ငွေလွှဲ မှုများ လည်း ရှိနေဆဲ ဖြစ်သောကြောင့် မြန်မာ နိုင်ငံသို့ စီးဝင်ငွေမည်မျှ ရှိသည် ကို မခန့်မှန်း နိုင်ကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောဆိုသည်။

စင်ကာပူနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်သူ အများစုမှာ ဘဏ်စနစ် ဖြင့် တရားဝင်ငွေလွှဲသူ များပြား ပြီး မလေးရှား၊ ထိုင်းနိုင်ငံတို့ရှိ မြန်မာလုပ်သားများမှာမူ ဟွန်ဒီကိုသာ အားကိုးကြကြောင်း ယင်း နိုင်ငံ များ တွင် သွားရောက်အလုပ် လုပ်ကိုင်နေကြသူများထံမှ စုံစမ်း သိရှိရသည်။

"ဘဏ်နဲ့ လွှဲတာက စိတ်ချရတယ်။ ဒီမှာ (စင်ကာပူ) က တော်တော်များများ ဘဏ် နဲ့ပဲ လွှဲကြပါတယ်" ဟု စင်ကာပူ နိုင်ငံမှ ဘဏ်စနစ်အသုံးပြု၍ သမဝါယမဘဏ်သို့ ငွေလွှဲလေ့ရှိသူ အီလက် ထရွန်နစ် ကုမ္ပဏီ တစ်ခုမှ စက်မှုအင်ဂျင်နီယာ ဒေါ်ဇင်ဇင်ဦး က ပြောဆိုသည်။

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အများစုမှာ ၄င်းတို့၏ မိသားစု များကို ငွေလွှဲပို့ရာတွင် ဘဏ်များမှတစ်ဆင့် တရားဝင် ငွေလွှဲပို့နိုင်သော်လည်း အားလပ်ချိန်မှာ 
ဘဏ်ဖွင့် ချိန်နှင့် မတိုက်ဆိုင်သောကြောင့် ဟွန်ဒီကိုသာ အသုံးပြု၍ ငွေလွှဲကြကြောင်း အဆိုပါ မြန်မာ နိုင်ငံ သားများနှင့် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်နေသူများက ပြောကြားသည်။

ထိုင်းနှင့်မလေးရှား တို့မှ ငွေလွှဲသူ နည်းပါးပြီး ဘဏ်ဖွင့်ချိန်၊ ပိတ်ချိန်များမှာ ယင်းနိုင်ငံမှ ဘဏ်များနှင့် သက်ဆိုင် ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်လွင်ရွှေက ပြောကြားသည်။


From : ..the voice 

လူ ၇၅၀ ကျော်မှ အော်ဟစ် ကန့်ကွက်ခံခဲ့ရသည့် ၈၈ ကျောင်းသား အစစ်၏ ပြောပြချက်

Posted by drmyochit Wednesday, May 08, 2013, under | No comments



ဟိုပန်မြို့တွင် မင်းကိုနိုင်နှင့်အဖွဲ့အား ဆန္ဒပြသည့်အဖွဲ့အား ဦးဆောင်သူမှာ ၈၈ မျိုးဆက် ကျောင်း သား ဟောင်း ကိုအောင် စိုးမင်း ဦးစီး ဒေသခံ ၈၀၀ နီးခန့်ရှိကြောင်း သိရှိရသည်။

ကျွန်တော် တို့ မင်းကိုနိုင်ကို ဆန္ဒပြမဲ့အဖွဲ့တွေ ရပ်ရွာလူထု ၈၀၀ လောက် မနက် ၁၀ နာရီကတည်းက ဟို ပန်မြို့ အ၀င် ဖောင်ဆိပ်တံတားမှာ စောင့်နေပါတယ်။ ၈၈ အဖွဲ့လာခဲ့ရင်လဲ ဟိုပန်မြို့ကို ဆက်သွား ခွင့်ေ ပး မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့စောင့်ပြီး ဆန္ဒပြနေတာကြားလို့ မင်းကိုနိုင် သိန်းနီမြို့ကနေ လှည့်ပြန် သွား ပါ တယ်ဟု ဆန္ဒပြအဖွဲ့အား ခေါင်းဆောင်သူ ကိုအောင်စိုးမင်းမှ ပြောကြားသည်။
ဟိုပန် ဒေသခံများ မင်းကိုနိုင် ဦးစီးလာသည့် ၈၈ ကျောင်းသားအဖွဲ့အား ဆန္ဒပြရသည့် အကြောင်း အ ရင်း နှင့် ပတ်သက်၍ ကိုအောင်စိုးမင်းက ကျွန်တော်လဲ ၈၈ ကျောင်းသားတစ်ယောက်ပါ။ ၈၈ မတ် ၁၂/၁၃ တုံး က စက်မှုကျောင်းသားတွေ ဆန္ဒပြခဲ့တဲ့နေရာမှာ ပါဝင်ခဲ့ပါတယ်။ အင်းစိန်မှာ ကိုဌေးကြွယ်နဲ့အတူ ချုပ် နှောင် ခံခဲ့ရ ပါတယ်။ ဒါပေမယ့် မင်းကိုယ်နိုင်တို့အဖွဲ့ဟာ ပြည်သူအတွက် အဓိကမထားဘဲ သူတို့ နာ မည် ရရှိ ရေး၊ ပြည်ပအထောက်အပံ့ရရှိရေးကိုဘဲ ဦးစားပေးလုပ်နေတယ်။ အခု ဟိုပန်သို့ လာတယ် ဆိုတာ လဲ ဒေသ အတွက် လာတာမဟုတ်ဘဲ ၎င်းတို့ နာမည်ရဖို့ ဟိုပန်ကို အသုံးချဖို့ လာတာဖြစ် ပါတယ်။ ဒါေ ကြာင့် ကန့်ကွက် ဆန္ဒပြ ရတာ ပါဟု ပြောဆို သွားပါသည်။

ရှမ်းလေး
ဟိုပန်

ဒါကတော့ ၈၈ အဖွဲ့ရဲ့ စာမျက်နှာကနေ စွပ်စွဲ ရေးသားဖြေရှင်းထားတာပါ။
======================
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဟိုပန်မြို့ ခရီးစဉ်ရွှေ့ဆိုင်းခဲ့ရခြင်း
----------------------------------------
ရှမ်း ပြည်နယ် မြောက်ပိုင်းသို့ ငြိမ်းချမ်း ရေးနှင့် ပွင့်လင်း လူ့ အဖွဲ့ အစည်း ခရီးစဉ် အဖြစ် ရောက်ရှိ နေကြ သော မင်းကိုနိုင် ဦးဆောင် သည့် ၈၈ မျိုးဆက် တို့သည် ယနေ့နံနက်တွင် လားရှိုးမြို့မှ ဟိုပန်မြို့သို့ ထွက်ခွာ လာရာ ဟို ပန်မြို့မှ ကိုဝင်းတင့်နှင့် ပွဲဖြစ်မြောက်ရေးတာဝန်ခံတို့က "ယနေ့နံနက်တွင် ဟိုပန်မြို့ အ၀င် အခြေ အ နေ သည် ရုတ်ချည်းပြောင်းလဲ သွားခဲ့ကြောင်း၊ ဦးခွန်စိန် ဦးစီးသည့် အဖွဲ့က တောင်ပေါ် ရွာများ မှ ရွာ သား များ ကို ကား ၁၇စီးဖြင့် ခေါ်လာပြီး မြို့ဝင်တံတားထိပ်တွင် ချထားကြောင်း၊ လူအင်အား ၄၀၀ ကျော် ခန့် ရှိ ကြောင်း၊ ၈၈မျိုးဆက်ကို ကြိုဆိုရေးအတွက် ရွာသားများကို တစ်အိမ်တစ်ယောက် ခေါ်ယူလာသည်ဟု ကြား သိရ ကြောင်း၊ သို့သော် အခြေအနေမှာ ဆန့်ကျင်ဘက်သဘောထားသို့ ပြောင်းလဲသွားစေရန် ဦးခွန်စိန်နှ င့် အဖွဲ့ က စီစဉ်နေကြောင်း၊ ပွဲ ကျင်းပခွင့် ပြုထားသည့် ပြည်သူ့ရဲများက အခမ်းအနားကျင်းပမည့် ဘုန်းေ တ်ာကြီး ကျောင်းတွင်သာ လုံခြုံရေး တာဝန်ယူပေးနိုင်မည်ဖြစ်ကြောင်း၊ လာရောက်မည့် သူတို့ အတွက် လုံခြုံေ ရးကို ပွဲစီစဉ်သူများအနေဖြင့်လဲ အာမခံ တာဝန်ယူပေးနိုင်ရန်မှာလဲ မလွယ်ကူ ပါကြောင်း" တို့ကို ၈၈မျိုး ဆက်သို့ သတင်းပေးပို့ခဲ့သည်။ ၎င်းနောက် ပွဲဖြစ်မြောက်ရေးတာဝန်ခံ ကိုဝင်း တင့်နှင့် ပွဲဖြစ်မြောက် ရေး ကော်မတီက " ၎င်းတို့ အနေဖြင့် ပွဲကို လုံခြုံရေးအခြေအနေအရ ရွှေ့ဆိုင်း လိုက်ပြီ ဖြစ်ကြောင်း" ဆက် လက် သတင်း ပေးပို့ လာခဲ့ သဖြင့် ရှမ်းပြည်မြောက်ပိုင်း ပွင့်လင်း လူ့ အဖွဲ့ အစည်း ခရီးစဉ်တွင် ဟိုပန်ခရီး စဉ် ကို ရွှေ့ဆိုင်းခဲ့ကြသည်။

From : OE

မရှိဆင်းရဲသားပညာဥာဏ်နည်းသောသူများကို အခကြေးငွေပေးကာ ပဋိပက္ခများ ဖန်တီးနေဟုဆို

Posted by drmyochit Wednesday, May 08, 2013, under | No comments



မန္တလေး-မေ၇

ဖြစ်ပွား ခဲ့သော ပဋိပက္ခများမှာ မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများမှ ပညာဥာဏ်နည်းသော မရှိ ဆင်းရဲသား များကို အခကြေးငွေ ပေးပြီး လှုံ့ဆော်ဖန်တီးနေကြောင်း ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေး ဆပ်ကော် မတီ(မန္တလေး)မှ တရားလွှတ်တော် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

ပဋိပက္ခ ဖန်တီး မှုများ ကြိုတင် ကာကွယ် တားဆီးရေးဆပ်ကော်မတီ(မန္တလေး)၏ လိုအပ်ချက်များနှင့် ရှေ့ဆက် လုပ်ဆောင် မည့် ကိစ္စများအား ဆွေးနွေးတိုင်ပင်ပွဲကိုယနေ့ နေလည့်က ဗြဟ္မစိုရ် အသင်း တိုက် တွင် ပြုလုပ်ခဲ့ပြီး ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေး အသင်းဖွဲ့များ၊ ပါတီ အသီး သီး မှ ပါတီဝင်များ တက်ရောက် ခဲ့ပြီး အသင်း လိုအပ်သည် များကို ဆွေးနွေးတိုင်ပင် ခဲ့ကြသည်။

ပဋိ ပက္ခ ဖြစ်ပွားသည့် နေရာ တိုင်းတွင် ၀င်ရောက် ဖျက်ဆီး သူများမှ မြို့ခံများ ဟုတ်ဘဲ မျက်နှာစိမ်းများ ဖြစ် နေခြင်း၊ အသုံးပြု သည့် တုတ်များမှ ဆင်တူများ ဖြစ်နေခြင်း၊ ဖြစ်ပွားသည့် နေရာ များသို့ လူခြေတိတ် ချိန်တွင် ကား နှစ်စီး သုံးစီး ခန့်ဖြင့် အုပ်စုလိုက် ရောက်လာကာ ဈေးဆိုင်များ၊ ဗလီများ၊ အိမ်များကို ၀င်ရောက် ဖျက် ဆီးခြင်း များကို ခြုံငုံသုံးသပ်ကာ အုပ်စုဖွဲ့၍ပဋိပက္ခဖန်တီးမှုများရှိနေကြောင်း အဆိုပါ ကော်မ တီ မှ တရား လွှတ်တော် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။ 

ဖိုးလပြည့်
From: Popular Myanmar News Journal 

"ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်"

Posted by drmyochit Wednesday, May 08, 2013, under | No comments


ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်

ထုတ်ပြန်ချက် အမှတ် ( ၃ /၂၀၁၃ )

၁။ ၂ဝ၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ် ၌ ဖြစ်ပွား ခဲ့သော ပဋိပက္ခများ၏ အကြောင်း အရင်း များကို စနစ် တကျ ရှာဖွေ ဖော်ထုတ် ရန်နှင့် အလားတူ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း ခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၂၉ ရက် နေ့တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ ယင်းအစီရင်ခံ စာနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၂ဝ၁၃ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါသည်။

၂။ နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းတွင် အောက်ပါ အချက်များ ပါဝင်သည်ကို တွေ့ရှိ ရပါသည်။

- နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေးအတွက် တရား ဥပဒေ စိုးမိုးရေး အစီ အမံများ ချမှတ် ဆောင်ရွက်ရန် ဖြစ်ကြောင်း။

- နိုင်ငံသားတိုင်း မိမိတို့ ယုံကြည် ရာ ဘာသာ တရားကို လွတ်လပ်စွာ ရွေးချယ် ကိုးကွယ် ပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရရှိ စေရေး အတွက် မဖြစ်မနေ တစ်ပါတည်း ကြိုးပမ်း ဖော်ဆောင် နေရ ကြောင်း။

- မတူ ညီသော ကိုးကွယ် ယုံကြည်မှု များကို လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ရှိစေရန် အတွက် အခြေခံ အနှစ် သာရသည် ဘာသာတရား အချင်းချင်း အပြန်အလှန် လေးစားမှုဖြစ်ကြောင်း။

- လွတ်လပ်စွာ ယုံကြည်မှုနှင့်ပတ်သက်၍ အစိုးရအနေဖြင့် အစဉ်လေးစား ကာကွယ် ပေးသွား မည်ဖြစ် ကြောင်း။

- ပဋိပက္ခများကြောင့် အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသူများ အတွက် ကယ်ဆယ်ရေး၊ ကူညီ စောင့်ရှောက် ရေး များကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ဒုက္ခသည်များအတွက် မိုးမကျ မီ အမိုးအကာအောက် အချိန်မီရောက်ရှိရေးကို အလျင်အမြန် အရေးယူ ဆောင် ရွက် သွား မည် ဖြစ် ကြောင်း။

- အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေးကို လုပ်ဆောင် ရန်ဖြစ်ကြောင်း။

၃။ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အချက် အလက် များမှာ မြန်မာနိုင်ငံအတွက် အနာဂတ်တွင် ငြိမ်းချမ်း စွာ အတူ ယှဉ်တွဲ နေထိုင် နိုင်သည့် လူ့ အဖွဲ့ အစည်း တစ်ရပ် ပေါ်ပေါက် လာရေးအတွက် အခြေခံကျပြီး လက်တွေ့ ကျင့်သုံး ရမည့် လမ်းညွန်မှု ဖြစ်သည်ကို တွေ့ရှိရပါ သည်။

၎။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ သွားရောက် ခြဲ့ပီးနောက် သတင်း ထုတ်ပြန်ချက် အမှတ် (၄/၂ဝ၁၂) ဖြင့် ထုတ်ပြန်ခဲ့ ရာတွင် အကြမ်းဖက် ကျူးလွန်မှု များ အပေါ် ဥပဒေနှင့်အညီ မှန်ကန် ထိရောက်စွာ အရေးယူ ဆောင်ရွက်ရေး၊ အကြမ်းဖက် ခံရ သူများ၏ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင် ရေးနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် အပြန်အလှန် ယုံကြည်မှု တည် ဆောက်ရေး၊ အသိပညာ ဗဟုသုတကြွယ်ဝစေရန် ကလေးသူငယ်များ အခြေခံပညာ တတ်မြောက် မှုနှုန်း မြင့်မား ရေး အတွက် အထူးအစီအစဉ် တစ်ရပ်အဖြစ် အမြန်ဆောင်ရွက်ပေးရေးနှင့် နယ်မြေရှိ ဒုက္ခ သည်များ အတွက် အခြေခံလိုအပ်ချက်များတိုးမြှင့်ကူညီပေးရေးတို့ကို ဆောင်ရွက်ကြ ပါရန် တိုက်တွန်း နှိုးဆော်ခဲ့ ပါသည်။

၅။ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဗဟို ကော် မတီ၏ မူဝါဒများ၊ လုပ်ငန်း စဉ်များနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လော့လာအကြံပြုချက်များကို အကောင် အထည်ဖော် ဆောင်ရွက် ရန် အတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီ (၇)ရပ်နှင့် သက်ဆိုင်ရာ အစိုးရဌာနများက ဆော လျင်စွာ အကောင်အထည်ဖော် ဆောင်ရွက် န် ကော်မရှင်အနေ ဖြင့် အလေး အနက် တိုက်တွန်း အပ်ပါသည်။


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ မေလ ၇ ရက်


From: Popular Myanmar News Journal 

ဗလီများသို့ ဘာသာခြားများ ဝင်ရောက်လေ့လာခွင့် ပိတ်ပင် ထားခြင်း မရှိ ဂေါပကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်လေ့လာနိုင်ဟု ဆို

Posted by drmyochit Wednesday, May 08, 2013, under | No comments



အစ္စလာမ် ဘာသာဝင်များ ဝတ်ပြုရာ ဗလီ များသို့ ဘာသာခြားများ ဝင်ရောက် လေ့လာ ခွင့်ကို မည်သည့် အခါ ကမျှ ပိတ်ပင် ထားခြင်း မရှိသလို ဝင်ရောက် လေ့လာ လိုပါကလည်း သက်ဆိုင်ရာ ဗလီ ဂေါပက အဖွဲ့၏ ခွင့်ပြုချက် ရယူပြီး အချိန်မရွေး ဝင်ရောက်လေ့လာ ၍ရကြောင်း အစ္စလာမ်ဘာသာရေး အသင်းများ ထံမှ သိရသည်။

''ဗလီထဲကို ဘာသာခြားတွေ ဝင် ရောက်ခွင့် ပိတ်ပင်ထားတယ်ဆိုတာ သတင်းအမှားကြီးပါ။ ဘယ်တုန်းကမှ ပိတ်ပင် ထားခြင်း မရှိပါဘူး။ ဗလီထဲကို ဝင်ရောက်လေ့လာချင်တယ်ဆိုရင် ဗလီ ဂေါပက အဖွဲ့ဆီက ခွင့်ပြု ချက် ရယူရုံ ပါပဲ'' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လ ဝီအဖွဲ့ချုပ်မှ ဦးကျော်စိုးက ပြောသည်။

သက် ဆိုင်ရာ ဗလီဂေါပကအဖွဲ့ထံ သို့ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ခွင့်ပြု ချက်တောင်းခံပြီး ဝင်ရောက် လေ့လာနိုင် ကြောင်း၊ ဗလီတွင်းဝင်ရောက် လေ့လာ ရန်အတွက် မည်သည့်ကန့်သတ်ချက် ကြီးကြီး မားမား မျှ မရှိကြောင်း သိရ သည်။

''ဂေါပက အဖွဲ့ရဲ့ ခွင့်ပြုချက် ရပြီ ဆိုရင် ဝင်လေ့လာလို့ရပါတယ်။ ဒါပေမဲ့ ဘာသာရေးအရ ဖိနပ် မစီးရ တာတို့၊ ကိုယ်လက် သန့်ရှင်း စင်ကြယ်အောင် လုပ်ဖို့ တို့ပဲ လိုပါတယ်'' ဟု အိုလမာ အစ္စလာမ် သာသနာ ပညာ ရှင်များ အဖွဲ့ ချုပ်မှ အောင်လာနာယူစွပ်ဖ်ဦးသိန်း မြင့်က ဆိုသည်။

ရွှေညဝါဆရာတော်က ယခုကဲ့သို့ ဗလီများအတွင်းသို့ ဝင်ရောက်လေ့လာ ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ပြုခြင်းသည် လက် ရှိဖြစ်ပေါ်နေသော ပဋိပက္ခ ဖြစ်စဉ်များ လျော့နည်းသွားစေရေး၊ နှစ်ဖက် သံ သယများ လျော့ပါး သွားစေရေး အတွက် များစွာ အထောက်အကူ ပြုနိုင်ေ သာ ကြောင့် ယင်းအား ကြိုဆိုကြောင်း မိန့် သည်။

''ကောင်းတဲ့ လက္ခဏာပေါ့ကွာ။ ငါတို့ ဘုန်းကြီးကျောင်းတွေမှာဆိုရင် ဘယ်သူမဆို လွတ်လပ်စွာ ဝင်ထွက် ခွင့် ရှိတယ်လေ။ အဲဒီတော့ သူတို့ရဲ့ ဗလီ တွေကိုလည်း ထင်သာမြင်သာတဲ့ ပုံစံ မျိုးနဲ့ ဘယ်သူမဆို လွတ်လပ် စွာ ဝင်ခွင့်၊ ဓာတ်ပုံရိုက်ခွင့် ရှိတယ်ဆိုရင် နှစ်ဘာ သာကြားမှာ ပဋိပက္ခတွေ၊ သံသယတွေ လျော့နည်း သွားလိမ့်မယ်လို့ ငါ့အနေနဲ့ မြင်တယ်'' ဟု ရွှေညဝါဆရာတော်က မိန့်သည်။

ရခိုင်ပဋိပက္ခ အစီရင်ခံစာတွင် လည်း ဗလီများနှင့် အာရဗီ စာသင် ကျောင်းများကို သက်ဆိုင်ရာ၏ ခွင့်ပြု ချက်များ နှင့် အညီ ဖြစ်စေသင့်ကြောင်း၊ အထူးသဖြင့် ဘာသာရေးနှင့် သက်ဆိုင် သော နေရာဖြစ်သည့် ဗလီများ သည် မည်သူမဆို အချိန်မရွေး နားခို၊ တရား အားထုတ်နိုင်သော နေရာဖြစ်စေသင့် ကြောင်း အကြံပြု ဖော်ပြ ထားသည်။

ကျော်ရဲလင်း
From: Popular Myanmar News Journal 

မူးယစ်ဆေးဝါးရောင်းဝယ်သူများ နောက်ကွယ်တွင် အာဖရိကနှင့် အီရန်မူးယစ်ဂိုဏ်းများပါဝင်နေဟုဆို

Posted by drmyochit Wednesday, May 08, 2013, under | No comments


ရန်ကုန်

နိုင်ငံတွင်း မူးယစ် ဆေးဝါး ထုတ်လုပ် သယ်ဆောင် ရောင်းဝယ်မှု များတွင် အာဖရိကနှင့် အီရန် နိုင်ငံသား ဂိုဏ်းဖွဲ့ ကျူးလွန် သူများက လုပ်ဆောင် နေသည်ကို တွေ့ရကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယ ရဲချုပ် ရဲမှူးချုပ်ဇော်ဝင်းက ပြောသည်။

မေလ ၆ ရက်က ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်တွင်ပြုလုပ်ခဲ့သော မူးယစ်ဆေးဝါးထိန်းချုပ်ရေး အစည်း အဝေး ၌ အထက်ပါ ပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေသတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ် ဖောက်ကားမှုတွင် နိုင်ငံ တကာ ဂိုဏ်းဖွဲ့ကျူး လွန်သူများ ပါဝင် ပတ်သက် နေပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမှာလည်း၂၀၀၇ ခုနှစ်မှစ၍ ပြန် လည် မြင့်တက် လာခဲ့ သည်ဟု ၎င်းကဆက်လက်ပြောသည်။ ထို့အပြင် Methamphe tamine ဆေးဝါး
ပြဿနာ မှာ စိုးရိမ်ရေမှတ်အထိ တိုးမြင့်နေပြီး စိတ်ကိုပြောင်းလဲစေသော ဆေးဝါး သစ်များ ပေါ်ထွက် လာမှုမှာ အနာဂတ် မူးယစ် ဆေးဝါး ထိန်းချုပ်ရေး လုပ်ငန်း များကို ခြိမ်းခြောက်နေသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာ နိုင်ငံ၏ နယ်စပ်ဒေသများတွင် ငါးနှစ်အတွင်း မူးယစ်ဆေးဝါး အပြီးသတ်ပပျောက်ရေးစီမံကိန်းမှာ မူလ ရည်မှန်း ထားသည့်ထက် နှေးကွေး နေကြောင်း ၎င်းက ဆိုသည်။

“မူးယစ် ဂိုဏ်းတွေက တစ်နိုင်ငံ တည်းမှာ အခြေပြုတာမဟုတ်ဘူး။ တချို့ကထိုင်းမှာ ၊တချို့က လာအိုမှာ ရှိကြတယ်။ နောက်ကွယ်က ဂိုဏ်းတွေ ကြီးကြီး မားမား မိထားတာ ရှိပါ တယ်။ အထူးသဖြင့် တခြား နိုင်ငံတွေ နဲ့ ပူးပေါင်း ဆောင်ရွက် မှုတွေနဲ့ ပူးပေါင်း ဆောင်ရွက် မှုတွေနဲ့ မိတာများပါတယ်”ဟု ဒုရဲမှူးကြီး ဦးမြင့်သိန်းကလည်း ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများက ဒေသခံလူငယ်များ၊ အထူးသဖြင့် ကလေး ငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သက်ကြီးရွယ် အိုများကို ပစ်မှတ် ထား၍ မူးယစ် ဆေးဝါး သယ်ဆောင် ရောင်းချမှု တို့ကို လုပ်ဆောင် လာကြောင်း ၎င်းတို့က ဆိုသည်။ ထို့ကြောင့်ဒေသ ခံ မူးယစ် တပ်ဖွဲ့ များက ယခုနှစ် ဧပြီ ၁ ရက်မှစ၍ စီမံချက်ဖြင့် ပညာပေး လုပ်ငန်းများ လုပ်ဆောင် နေရကြောင်း သိရသည်။

ဘိန်း စိုက်ပျိုးမှု များကို ပြန်လည် လျှော့ချရေးနှင့် စိတ်ကြရူး သွပ်ဆေးဝါးအန္တရာယ်လျှော့ချရေးအတွက် မြန်မာ နိုင်ငံ မူးယစ် ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ အနေဖြင့် မူးယစ် ဆေးဝါးပပျောက်ရေးစီမံချက်ကို ၂၀၁၉ ခုနှစ် အထိ သက်တမ်းတိုးလိုက်ကြောင်း နိုင်ငံ ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် ဒုရဲချုပ် ဇော်ဝင်းက ပြောကြား သည်။

ယခင်မြန်မာ အစိုးရက သတ်မှတ်ထားသည့် နှစ်မှာ ၂၀၁၄ ဖြစ်သည်။

From: 7Day News Journal 

ဖခင်ဖြစ်ကြောင်း ကြေညာပေးစေလိုမှုဖြင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား တရားစွဲဆို

Posted by drmyochit Wednesday, May 08, 2013, under | No comments


ပြင်ဦးလွင် မြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ် စားလှယ် ဦးကျော်သီဟအား အရွယ်မရောက်သေးသော ကလေး ၏ ဖခင်အဖြစ် မြွက်ဟကြေညာပေးစေလိုမှု ဖြင့် တရားစွဲဆို ထားကြောင်း ပြင်ဦးလွင် ခရိုင် တရားရုံးသို့ လျှောက်ထားသည့် အဆိုလွှာ အရသိ ရသည်။

ပြင်ဦးလွင် မြို့နယ် တရားရုံးမှ အမှုအား စစ်ဆေးခွင့် ပေးခဲ့ပြီး ၄င်းအမှုမှာ တရားလို မောင်...၏ မိခင်ဖြစ်သူ ဒေါ်ခိုင်ဝတ်ရည် သန္တာမောင်နှင့် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟ တို့မှာ ၁၉၉၈ ခုနှစ်တွင် ရည်းစား ဖြစ်ခဲ့ကြပြီး ဦးကျော်သီဟမှ ဒေါ်ခိုင်ဝတ်ရည် သန္တာမောင်အား လက်ထပ် ပါမည်ဟုယုံ ကြည်အောင် ပြောဆိုကာ ကာမ ရယူ ခဲ့ပြီး ကိုယ်ဝန် ရရှိ ခဲ့ကြောင်း ကလေး၏ အသက် ၁ နှစ်နှင့် ခြောက်လ အရွယ်တွင် လက်ထပ်ရန် တောင်းဆို သော်လည်း ငြင်းဆို ခဲ့ကြောင်း ထို့ကြောင့် ပြင်ဦး လွင် မြို့နယ် အမျိုး သမီးရေးရာ အဖွဲ့ထံ တိုင်ကြားခဲ့ပြီး ဦးကျော်သီဟ နေထိုင်သည့် ရပ်ကွက်မှ လူကြီးများမှ ညှိနှိုင်း ပေး သဖြင့် မယား စရိတ်၊ ကလေး စရိတ် အဖြစ် ငွေကျပ် လေးသိန်းအား ပေးချေ ခဲ့ပြီး နောက်ပိုင်း တွင် ဆက်လက် ထောက်ပံ့မှု မပြုလုပ် တော့ကြောင်း အဆို လွှာတွင် ပါရှိသည်။

ယခုအချိန် ကလေး၏ အသက် ၁၄ နှစ်အရွယ်ရောက်ချိန်တွင် ဒေါ်ခိုင် ဝတ်ရည်သန္တာမောင်တို့မိသားစုမှာ စားဝတ် နေရေး ခက်ခဲ နေသဖြင့် ကလေး အား သားအဖြစ်လက်ခံထောက်ပံ့ကူညီ ရန်အတွက် တရားစွဲဆို ရခြင်းဖြစ် ကြောင်း ဒေါ်ခိုင်ဝတ်ရည်သန္တာမောင် အား ကူညီပေးနေသူ တစ်ဦးက ပြော သည်။

ဦးကျော်သီဟ ကမူ ဒေါ်ခိုင်ဝတ် ရည်သန္တာမောင်အား သမီးရည်း စား ဖြစ်ခဲ့ခြင်းမရှိဘဲ လက်ထပ် ပေါင်းသင်းပါ မည်ဟု ယုံကြည်အောင် ပြောဆိုခြင်း၊ ကာမရယူခြင်း လုံးဝမရှိခဲ့ကြောင်း ငြင်း ဆိုထားပြီး အမျိုး သမီး ရေးရာ အဖွဲ့နှင့် လူကြီးများရှေ့တွင်ညှိနှိုင်း၍ မယား စရိတ် ကလေးစရိတ်အဖြစ်ငွေကျပ်လေး သိန်းပေး ခဲ့သည်မှာလည်း မဟုတ်မှန် ကြောင်း ငြင်းဆိုသည်။

''ကျွန်တော် လွှတ်တော်ကိုယ်စား လှယ် တစ်ယောက်ဖြစ်လာမှ ဒါတွေက ဖြစ်တာတာပါ။ ကျွန်တော့်ကို မနာ လိုတဲ့ သူတွေက လုပ်ကြတာ။ ကျွန်တော်က တော့ ခေါင်းထဲမှာ ဒီကိစ္စ သိပ်မရှိပါ ဘူး။ ကျွန်တော်နဲ့ သက် ဆိုင်တဲ့ လုပ်ငန်း တွေနဲ့ တခြားလူမှုရေးလုပ်ငန်းတွေကို အားစိုက်လုပ်ဆောင်သွားမှာပါ'' ဟု ဦး ကျော်သီဟ က ပြောသည်။

လက်ရှိ တွင် အမှုအား ပြင်ဦးလွင် ခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေး မှုများ လုပ်ဆောင်နေပြီး မေလ ၁၃ ရက် နေ့တွင် ဆက်လက်စစ်ဆေးဖို့ ရှိ ကြောင်း ကလေးငယ်၏ ရှေ့နေ ဦးအေး သောင်းက ပြောသည်။

ဦးကျော်သီဟ သည် ၂ဝ၁၂ ခုနှစ် ဧပြီ၁ ရက်က ကျင်းပခဲ့သော ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင် ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သော ပြင်ဦး လွင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်တစ်ဦး ဖြစ် သည်။

ဖိုးလပြည့်
From: Popular Myanmar News Journal 

အကြမ်းဖက် ပဋိပက္ခ မြန်မာ ကိုင်တွယ်ပုံ အင်ဒိုကျေနပ်

Posted by drmyochit Wednesday, May 08, 2013, under | No comments



အင်ဒို နီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ရှိတဲ့ မြန်မာ သံရုံးရှေ့ကနေ အင်ဒို နီးရှား ရဲအရာရှိတွေ ဖြတ်လျှောက်သွားစဉ် (၃ မေ ၂၀၁၃)

အင်ဒို နီးရှား နိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ ကြိုးစား ခဲ့တာနဲ့ သဘောထား တင်းမာတဲ့ မူဆလင် တွေက သံရုံးရှေ့မွာ ဆန္ဒလာ ပြတာ တွေ ကြုံခဲ့ ရပြီးတဲ့ နောက် မြန်မာ သံရုံးရဲ့ လုံခြုံရေး အခြေ အနေဟာ တည်ငြိမ် နေပြီလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဌာန တာဝန် ရှိသူ တစ်ဦးက ပြောလိုက် ပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံက ပဋိပက္ခ တွေနဲ့ ပတ် သက်ပြီး မြန်မာ အစိုးရရဲ့ ကိုင်တွယ် လုပ်ဆောင်ပုံ တွေကို အင်ဒို နီးရှား အစိုးရက ထောက် ခံ ပါတယ် လို့လည်း ဆိုပါတယ်။

ဂျကာတာ မြို့တော်မှာရှိတဲ့ အင်ဒို နီးရှား နိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက် ဖို့ ရည်ရွယ်ချက်နဲ့ ဆင် ထားတဲ့ ပိုက်ဗုံး ၅ လုံးနဲ့ အတူ သံသယ ရှိသူ ၂ ဦးကို ကြာသ ပတေးနေ့ နှောင်းပိုင်းမှာ အင်ဒို နီးရှား ရဲ တပ်ဖွဲ့က ဖမ်းဆီး ခဲ့ပြီးတဲ့ နောက် တစ်ရက် မှာပဲ သဘောထား တင်းမာတဲ့ ရာပေါင်းများစွာသော အင်ဒို နီးရှား နိုင်ငံသား မူဆလင် တွေက သံရုံးရှေ့မှာ ဆန္ဒပြ ခဲ့ကြ တာပါ။

သံသယ ဖြစ်ခံရသူ ၂ ဦးဟာ မြန်မာ အစိုးရက ရိုဟင်ဂျာ မူဆလင် တွေအပေါ် ပြုမူ ဆက်ဆံ ပုံနဲ့ ပတ် သက်ပြီး လက်စားချေဖို့ ရည်ရွယ် ချက်နဲ့ သံရုံးကို ဗုံးခွဲဖို့ ကြံစည် ခဲ့တာ ဖြစ်တယ်လို့ အင်ဒို နီးရှား က လာတဲ့ သတင်း တွေမှာ ဖော်ပြ ပါတယ်။

သံရုံး ရှေ့မွာ ဆန္ဒပြခဲ့သူ တွေဟာ လည်း အလားတူ မကျေနပ်ချက်နဲ့ဘဲ သူတို့ရဲ့ သဘောထား တွေကို အေးအေး ချမ်းချမ်း ထုတ်ဖော် ခဲ့ကြပြီး သူတို့ရဲ့ တောင်းဆိုချက်ကို မြန်မာသံရုံး တာဝန်ရှိသူ တွေက လက်ခံပြီး တဲ့နောက် ဆန္ဒပြပွဲ အဆုံး သတ်ခဲ့ တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှ ပစိဖိတ် ရေးရာ လက်ထောက် ညွှန်ကြား ရေးမှူး ဂူဒါဒီ ဆာဆွန်းဂ်ကိုး (Gudadi Sasongko) က ဗွီအိ အေကို ပြောပါတယ်။

"အခြေ အနေ တည်ငြိမ် နေပါပြီ။ ဆန္ဒျပပွဲဟာ အခြေခံ အားဖြင့် တကယ့်ကို အေးချမ်း ပါတယ်။ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြသူ တွေက သူတို့ရဲ့ သေဘာ ထားတွေကို ထုတ်ဖော် ခဲ့ကြ ပါတယ်။ သံရုံး ကိုယ်စားလှယ် တစ်ဦး နဲ့လည်း သူတို့ တွေ့ ဆုံခဲ့ ပါတယ်။ အမြင်တွေကို ဖလှယ် ခဲ့ကြပြီး ဆန္ဒပြသူ တွေက သေဘာထား ပြောခဲ့ ကြတာကို သံရုံး တာဝန် ရှိသူက လက်ခံ ခဲ့ပါတယ်။ အဲ့ဒီနောက် ဆန္ဒ ပြသူ တွေ ပြန် သွားကြပါတယ်။ ဘယ်လို ရုန်းရင်းဆန်ခတ် အခြေ အနေမှ မရှိခဲ့ ပါဘူး။" လို့ မစ္စတာ ဆာဆွန်းဂ်ကိုး (Sasongko) က ပြောပါတယ်။

ဆန္ဒျပသူတြေနဲ့ပတ်သက်တဲ့ အင်ဒိုနီးရွားအစိုးရရဲ့ သေဘာထားက အင်ဒိုနီးရွား ဥပေဒအရ လူတိုင်းဟာ သူတို့ရဲ့ သေဘာထားတြေကို ငြိမ်းခ်မ်းစြာ ထုတ်ဖော်ခြင့် ရွိပြီးတော့ သံရုံးမွာ ဆန္ဒျပခဲ့တာဟာ ဥပေဒအတိုင်းပျဲဖစ်ပါတယ်လို့ သူကဆိုပါတယ်။

တခါ မြန်မာ နိုင်ငံက ပဋိပက္ခ တွေကို မြန်မာ အစိုးရက ကိုင်တွယ် ဖြေရှင်း ပုံနဲ့ ပတ် သက်ပြီး အင်ဒို နီးရှား အစိုး ရရဲ့ သဘောထား ကတော့ အင်ဒို နီးရှား နိုင်ငံ အနေ နဲ့လည်း ကူညီ လုပ်ဆောင် ပေးနိုင်တယ် ဆိုတာ ပါပဲလို့ မစ္စတာ ဆာဆွန်းဂ်ကိုး (Sasongko) က ပြောပါတယ်။

"အခြေ အနေကို ထိန်းသိမ်းဖို့ မြန်မာ အစိုးရ လုပ် ဆောင် နေ တာကို ကျနော်တို့ ထောက်ခံ ပါတယ်။ မြန်မာ နိုင်ငံက လူမျိုးစု အားလုံးအကြား အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက် နိုင်ဖို့ ကျနော်တို့ မျှော်လင့် ပါတယ်။ မြန်မာ အစိုးရရဲ့ ကြိုးပမ်း အားထုတ်မှု တွေကို အင်ဒို နီးရှား နိုင်ငံက ထောက်ခံ ပါတယ်" လို့ မစ္စတာ ဆာဆွန်းဂ်ကိုး (Sasongko) က ပြောပါတယ်။

ဆန္ဒပြပွဲ မတိုင်ခင် တစ်ရက် ပြီးခဲ့တဲ့ ကြာသပတေး နေ့က ဗုံးသယ်လာသူ ၂ ဦးကို အကြမ်း ဖက်မှု တန်ပြန် နှိမ်နင်းရေး ဆိုင်ရာ အင်ဒို နီးရှား အထူး တပ်ဖွဲ့က ဖမ်းဆီး ခဲ့ပြီးတဲ့နောက် ထွက်ပြေး လွတ်မြောက်သွားသူ ၁ ဦးရဲ့ မိသားစုဝင် ၅ ဦးကိုလည်း ဆက် ဖမ်းဆီး ခဲ့ပါတယ်။

ဒါပေမဲ့လည်း အကြမ်းဖက်မှု နှိမ်နင်းရေး အထူးတပ်ဖွဲ့ Densus 88 က သူတို့ ၅ ဦးကို ပြန် လွှတ်ပေး လိုက်ပြီလို့ မေလ ၇ ရက်နေ့ အင်ဒိုနီးရှားက လာတဲ့ သတင်းတွေမွာ တွေ့ရပါတယ်။ သူတို့ ၅ ဦးကို ဗုံးခွဲဖို့ ကြံစည် မှုမှာ ပါဝင် ပတ်သက်သူ တွေအဖြစ် သံသယ ရှိခဲ့ ပေမဲ့လည်း သူတို့ဟာ မျက်မြင် သက်သေ တွေသာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ရဲမှူးချုပ် ဘွိုင်း ရာဖလီ အမာ (Boy afli Amar) ကို ကိုး ကားပြီး သတင်းတွေက ရေးပါတယ်။

မစ္စတာ ဆာဆွန်းဂ်ကိုး (Sasongko) ကတော့ အဲ့ဒီ အဖမ်း အဆီး အခြေ အနေတွေကို သူ အတိ အကျ မသိရ သေးဘဲ သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူတွေက ဆက်ပြီး စုံစမ်း စစ်ဆေး နေပါ တယ်လို့ ပြောပါတယ်။

ဧပြီ လဆန်း ပိုင်းက အင်ဒိုနီးရှား လူဝင်မှု ထိန်းသိမ်းရေး စခန်းတစ်ခုမှာ ရုန်းရင်း ဆန်ခတ် ဖြစ်ပြီး မြန်မာ နိုင်ငံသား တချို့ သေဆုံးခဲ့ ရတဲ့ ကိစ္စကို အင်ဒိုနီးရှား တာဝန် ရှိသူတွေက စုံစမ်း စစ်ဆေး နေပြီး၊ အဲ့ဒီမှာလည်း အခြေ အနေတွေ တည်ငြိမ် နေပါပြီလို့ အင်ဒို နီးရွား နိုင်ငံခြားရေး ဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ လက်ထောက် ညွှန်ကြား ရေးမှူး မစ္စတာ ဂူဒါဒီ ဆာဆွန်းဂ်ကိုး (Gudadi Sasongko) က ဗွီအိုအေကို ပြောခဲ့ပါတယ်။

မြန်မာ သံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်တယ် ဆိုတဲ့ အခြေ အနေ ဖြစ်ခဲ့ပြီးတဲ့ နောက် ဂျကာတာ မြို့တော်မှာ မေလ ၁၁ ရက်နေ့ကျရင် နာမည်ကျော် Aerosmith အမေရိကန် ရော့ခ် တေးဂီတ ၀ိုင်း ဖျော် ဖြေ ဖို့ စီစဉ် ထားတာကိုလည်း လက်မှတ်တွေတောင် ရောင်းထားပြီးခါမှ ပွဲစီစဉ်သူ တွေက ဖျက်သိမ်း ခဲ့ပါ တယ်။

From: BBC

ပုဒ်မ၅၀၀ဖြင့် ထောင်ကျမည် သို့သော်ပုဒ်မ၄၀၁ ငြိစွန်းနေ

Posted by drmyochit Wednesday, May 08, 2013, under | No comments


မအူပင်၊ မေ ၇။ 
 
မေလ ၂ရက်နေ့တွင် ရဲဝန်ထမ်း များအား အသရေ ဖျက်မှု ကြောင့် ပုဒ်မ ၅၀၀ဖြင့် ထောင်ဒဏ် ၃လကျခံခဲ့သည့် ဗိုလ်ကြီး ဟောင်း နေမျိုးဇင် အား ပြစ်မှု ထင်ရှားသည့် အတွက် နိုင်ငံတော် လွတ်ငြိမ်း သာခွင့် ဥပဒေ ပုဒ်မ ၄၀၁ဖြင့် ပြန်လည် ငြိစွန်းခြင်း ကြောင့် လက်ကျန် ထောင်ဒဏ် ၆နှစ် ၄လ ကျခံရ မည်ဟု မေလ ၇ရက်နေ့ ၌ မအူပင် အကျဉ်း ထောင်မှ တာဝန် ရှိသူ များနှင့် တွေ့ဆုံစဉ်ပြောကြားသွားကြောင်း အဆိုပါအရေး ကိစ္စ အား လိုက်လံ ဆောင်ရွက်လျက်ရှိသည့် ပန်းတနော်မြို့နယ် တောင်သူလယ်သမား ဖွံ့ဖြိုးရေးသမဂ္ဂ အထွေ ထွေ အတွင်းရေးမှူး ကိုမောင်ငြိမ်း က မြန်မာ့ခေတ်သို့ ပြောကြားသည်။
 
 ပထမ ပုဒ်မ ၅၀၀ ဆိုပြီး အသရေ ဖျက်မှုနဲ့ ဆွဲထားတဲ့ ကိစ္စမှာ ပန်းတ နော် ပြည်သူ တွေက ဒဏ်ငွေ နှစ် သောင်းဆောင် ပြီးလို့ ပြီးသွားပြီ။ အဲဒါကြောင့် အမှန်တကယ်ဆိုရင် ဒီနေ့ ကိုနေမျိုးဇင်လွတ်ပြီ။ ဒါပေမယ့် သူက ပုဒ်မ ၄၀၁ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထွက်လာတာဆိုတော့ လွတ်လွတ်ခြင်း တစ်နှစ်အတွင်း အပြစ်မလုပ်ရ ဘူး။ လုပ်လို့ပြစ်မှု ထင်ရှားရင် လက်ကျန် ထောင်ဒဏ် ကျခံရမယ်ဆိုတဲ့ အမှုတွဲ ဒီနေ့ဘဲ လာတင် သွင်း တာပါ ဟု ၎င်းက ဆက်လက်ပြောကြားသည်။
 
ထိုသို့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် ပုဒ်မ ၄၀၁ဖြင့် ပြန်လည်ငြိစွန်းသည့်အတွက် ဗိုလ်မှူးကြီးဟောင်း
နေမျိုး ဇင်အား လက်ရှိ တရားစွဲခံရသည့် ပုဒ်မ ၅၀၀သည် ထင်ရှားသည့်အတွက် လက်ကျန် ထောင်ဒဏ်
ကျခံရ မည့် အရေးနှင့်စပ်လျဉ်း၍  အဆိုပါ ပုဒ်မ ၅၀၀အား ခရိုင်အဆင့်ထိ အယူခံ ဝင်မည်ဖြစ်ကြောင်း သိရပြီး မေလ ၈ရက်နေ့ မနက် ၈နာရီတွင် ၈၈မျိုးဆက်ကျောင်းသားများနှင့်တွေ့ဆုံကာ တရားဥပဒေဘောင်အတွင်းမှ လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။
 
ယင်းသို့ မေလ ၇ရက်နေ့တွင် ပြည်သူများမှ ဒဏ်ငွေ ၂သောင်း ပေးဆောင်ပြီးပါက နေမျိုးဇင်အား ပြန်လည် လွှတ်ပေးမည်ဟု သက်ဆိုင်ရာက ပြောကြားခြင်းကြောင့် ဧရာဝတီတိုင်းရှိ ကျေးရွာ ၁၄ရွာခန့်မှ လူဦးရေ ၁၀၀နီးပါးခန့်သည် မအူပင်ထောင်ရှေ့၌ ကြိုဆိုမှုများ ပြုလုပ်ရန် နံနက် ၁၂နာရီခန့်မှ စတင်ကာ စောင့်ဆိုင်းမှုများ ရှိခဲ့သော်လည်း ညနေ ၃နာရီခန့်တွင် မိသားစုဝင်အချို့ အား ခေါ်ယူ၍ ထောင်အာဏာပိုင်များက ပုဒ်မ ၄၀၁နှင့်စပ်လျဉ်းသည့် အမှုတွဲအား ရှင်းပြခဲ့ကြောင်း မိသားစုဝင်များ၏ ပြေကြားချက်အရ သိရသည်။
 
TMA
From: မြန်မာ့ခေတ်  

ကလောမြေပြိုမှု သေဆုံးသူဦးရေ နှစ်ဆကျော်နိုင်

Posted by drmyochit Wednesday, May 08, 2013, under | No comments


 ရွှေတွင်း (ဓာတ်ပုံ - thevelvetrocket.com)ရွှေတွင်း (ဓာတ်ပုံ - thevelvetrocket.com)

ကလောမြေပြိုမှု လူသေဆုံးမှုများ

ကလောမြို့နယ် ရွှေတွင်း ရေကြီး မှုကြောင့် သေဆုံးသူ ဦးရေဟာ နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ အနည်း ဆုံး ၁၈ ဦးထိ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမဲ့ တကယ်တမ်း သေဆုံးသူဟာ ဒီထက် မက များနိုင်ကြောင်း ဒေသခံတွေက ပြောပါ တယ်။ လောလောဆယ်မှာတော့ ကူညီကယ်ဆယ်ရေး ဆောင်ရွက် သူတွေ ကို ရွှေတူးဖော်ရာ လုပ်ကွက်အတွင်းကို ၀င်ခွင့်မပေးတာကြောင့် အတိအကျ သတင်း ရရှိဖို့ လည်း အခက်အခဲတွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ ဒီသတင်း အပြည့် အစုံကို ရန်ကုန် အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က စုံစမ်းပြီး သတင်း ပေးပို့ ထား ပါတယ်။

မေလ ၁ ရက်နေ့ သန်းခေါင်ချိန်လောက်မှာ မိုးများပြီး ရေကြီးခဲ့တာကြောင့် ကလောမြို့နယ် ရွှေတောင် ကြား ရွှေတူးဖော် ရေး လုပ်ကွက်မှာ ရွှေတူးဖော်ရေး လုပ်သားအနည်းဆုံး ၁၈ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ ကူညီ ကယ် ဆယ်ရေး လုပ်ဆောင် သူတွေက ပြောပါတယ်။

“၁၆ ဦးက ကျနော်တို့ ကလောမြို့နယ်တွင်းမှာ သေဆုံးသူပေါ့ ၁၆ ဦး။ အဲ့ဒါပဲ ကျနော်တို့ ရထားတယ်ခင်ဗျ။ ဒါပေမဲ့ ကြား ထဲမှာ ၂ ဦးကျန်သေးတယ်ဆိုတော့ ၂ ဦးက ဒီဘက်ကို မသယ်လာတော့ဘူး။ ၂ ဦးကို ဟိုမှာပဲ သင်္ဂြိုဟ် မယ်ဆိုတဲ့ အနေအထားမျိုး။ ဘာလို့လဲဆိုတော့ ရက်က အတော်ကြာသွားပြီလေ။ ၁ ရက်နေ့ ကတည်းက ဖြစ်တာဆိုတော့ ဒီဘက်သယ်လာဖို့က အခက်အခဲ ဖြစ်နေတယ် အဲ့ဒါကြောင့်။”

ဒါက တော့ ကလောမြို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင် ရွက် နေတဲ့ ဦးသိန်းဇော် ပြောသွားတာဖြစ်ပါတယ်။ ဒဏ်ရာရသူကတော့ ကလောဆေးရုံမှာ ၃ ယောက် နဲ့ တောင်ကြီးဆေးရုံမှာ ၄ ယောက် ရှိတယ်လို့ ပြောပါတယ်။

လောလောဆယ်မှာ သေဆုံးသူ စုစုပေါင်း ၁၈ ယောက်သာ စာရင်းရရှိပေမဲ့ အမှန်တကယ် သေဆုံးသူဟာ ၄၀၊ ၅၀ လောက်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြောင်း ဦးသိန်းဇော် က အခုလို ဆက်ပြောပါတယ်။

“ဒီက လုပ်ကွက်မှာ လုပ်သားအားလုံး ၄ သောင်းကျော်လောက်ရှိပါတယ်။ အဲ့တော့ ရေကြီးမှု ဖြစ်သွား တဲ့ အချိန် မှာ ရွာသားတွေ ပြောတာက တကျင်း တကျင်းကို ဆင်းနေတဲ့ လုပ်သားတွေက ၁၀ ဦးရှိတယ်။ ၁၅ ဦးရှိ တယ်။ ညဘက် ဆင်းနေတဲ့ဟာတွေလည်း ရှိတယ်။ ကျင်းတော်တော်များများက ထိသွားတာကိုး။ ရွာသား တွေ အပြောအရက အနည်းဆုံး ၄၀၊ ၅၀ လောက်ရှိမယ်။ ကျနော်တို့က အခုက စုံစမ်းလို့လည်း မရဘူးဗျာ။”

သေဆုံးသူ စာရင်းဟာ ကလောမြို့နယ်အတွင်း သယ်ယူလာတဲ့ စာရင်းပဲဖြစ်ပြီး သာစည်မြို့နယ်ဘက်က ရွှေတူး ဖော်ရေး လုပ်ကွက်က သေဆုံးမှုစာရင်းကိုတော့ မသိရသေးကြောင်းနဲ့ ရေနစ်မြုပ်ခဲ့တဲ့ ရွှေတူး ဖော်ရေး လုပ်ကွက်အတွင်းကို ပြင်ပက ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတွေနဲ့ သတင်း မီဒီယာ အဖွဲ့ တွေ ကို ကုမ္ပဏီ အာဏာပိုင်တွေက ၀င်ရောက်ခွင့် မပေးကြောင်း ဦးသိန်းဇော် က ပြောပါတယ်။

အခြား ဒေသခံ ကူညီရေးဆောင်ရွက်သူတယောက်လည်း သေဆုံးသူဦးရေကို အခုလို ခန့်မှန်းပါတယ်။

“အာရှ ကမ္ဘာ မြေ ကုမ္ပဏီ လက်အောက်က ရွှေတောင်ကြားလုပ်ကွက်ထဲမှာ အင်းပေါင်း ၂၃ အင်းရှိတယ်။ အဲ့ဒီနေ့က အင်းပေါင်း ၂၃ အင်းမှာ မတော်တဆ ထိခိုက်မှုဖြစ်သွားပြီးတော့ ၄ အင်းကတော့ ကယ်ဆယ် တော့ လုံးဝ လွတ်တယ်ပေါ့နော်။ ကျန်တဲ့အင်းတွေကတော့ အဲ့လိုမျိုး နွံတွေ၊ သဲတွေ အကုန်ပြည့် သွားတယ် ဆိုတော့ အဲ့ဒီအချိန်မှာ အကုန်လုံး အလုပ်လုပ်နေတယ်ဆိုရင် အဲ့ဒီအင်းထဲမှာရှိတဲ့သူ အကုန်လုံး ကတော့ လစ်မှာပဲဗျ။ အဲ့လိုမျိုး။ ဖြစ်တာက သူတို့ ည ၁ နာရီခွဲနဲ့ ၂ နာရီကြားထဲမှာ ဖြစ်တာဆိုတော့ အဲ့ဒီ အချိန် က အလုပ်လုပ်နေတဲ့ အချိန်ကြီးဗျ။ အလုပ်လုပ်နေတဲ့ အချိန်ကြီးမှာ ၂၃ အင်းရှိတဲ့အထဲမှာ ၄ အင်း လွတ် တယ် ဆိုတော့ ၁၉ အင်းပေါ့ဗျာ။ ၁၉ အင်း၊ တကျင်းကို ၁၀ ယောက်နှုန်းနဲ့ပဲ တွက်ပါဦး။ အနည်း ဆုံးတော့ ၁၀၀ ကျော်မှာပေါ့ အဲ့လိုမျိုး။”

သူပြောတဲ့ အင်း ဆိုတာကတော့ ရွှေတွင်းတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ကလောမြို့နယ်အတွင်းက ရွှေတွင်း တွေဟာ အနည်းဆုံး ပေ ၃၀၀ ကျော်လောက် နက်ပြီး မြေအောက်မှာ လှိုင်ခေါင်းတွေနဲ့ ရွှေတူး ဖော်နေတာ ဖြစ်ပါတယ်။ ဒီတွင်းထဲကို ဆင်းပြီး ရွှေတူးမယ်ဆိုရင် မြေပြင်ပေါ်က အောက်ဆီဂျင် ရယူပြီး မှသာ လုပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။

ရွှေတွင်း လုပ်ငန်းမှာ လုပ်ကိုင်သူအများစုဟာ ဒေသခံ ကလောနယ်သားတွေထက် မြန်မာပြည် အလယ် ပိုင်း ဒေ သက လာရောက် လုပ်ကိုင်သူတွေက အများစုဖြစ်ပါတယ်။ ဒါကြောင့် ပျောက်ဆုံးသူစာရင်း ရယူဖို့ အခက် အခဲရှိတာ ဖြစ်တယ်လို့ ဒေသခံကူညီသူတွေက ပြောပါတယ်။

ကလောမြို့နယ်အတွင်းက ရွှေတောင်ကြား ရွှေတူးဖော်ရေးလုပ်ကွက်ဟာ ရှေးယခင်ခေတ်ကတည်းက တပိုင် တနိုင် တူးဖော်ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ အခုလို ရွှေတူးဖော်ရေး ကုမ္ပဏီတွေက အင်နဲ့အားနဲ့ လုပ်ကိုင် လာတာ တော့ တနှစ်ကျော်ကျော်သာ ရှိသေးတာ ဖြစ်ပါတယ်။

From: VOA 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်