Monday, April 22, 2013

ဘော်စတွန်ဗုံးခွဲမှု သံသယတရားခံ ညီအစ်ကိုနှစ်ဦးနှင့် ဆက်နွယ်သူ ၁၂ ဦးကို FBI ရှာဖွေလျက်ရှိ

Posted by drmyochit Monday, April 22, 2013, under | No comments


အမေရိကန် ထောက်လှမ်းရေးဌာန FBIသည် တစ်ချိန်က အားကောင်းခဲ့ပြီး ယခုအခါ တိမ်မြုပ်နေသည့် အကြမ်း ဖက် အဖွဲ့အစည်း တစ်ခုမှ ဆက်နွယ်သူ (၁၂)ဦးကို ရှာဖွေနေကြောင်း သိရှိရသည်။ ဘော်စတွန် မာရ သွန် အပြေး ပြိုင်ပွဲတွင် ဗုံးခွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး အဓိက သံသယတရားခံ ညီ အစ်ကို နှစ်ဦးကို ကြိုးကိုင် ကူညီခဲ့သည်ဟု ယူဆရသော အဆိုပါ အကြမ်းဖက် အဖွဲ့အစည်းကို FBIက ဖြန့် ကျက် လေ့လာနေခြင်း ဖြစ်သည်။ ရဲများက တာမာလန်ဆာနေ့ဗ်နှင့် ဇိုခါဆာနေ့ဗ်တို့ ညီအစ်ကို နှစ်ဦးသည် ပြင်းထန် ဆိုးရွား လှသည့် အကြမ်းဖက်မှုကို ကျူးလွန်ရန် စနစ်တကျ လေ့ကျင့်ပေးခြင်း ခံထားရကြောင်း အလေး အနက် ယုံကြည်ထားသည်။

(ဘော်စတွန်မာရသွန် ဗုံးပေါက်ကွဲမှု အဓိက သံသယတရားခံ ညီအစ်ကိုနှစ်ဦး)

FBI အေးဂျင့်ပေါင်း (၁၀၀၀)ကျော်တို့သည် တနင်္ဂနွေနေ့ ညပိုင်းက စတင်ကာ ပစ်မှတ်အဖြစ် သတ်မှတ်ထားသည့် အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်သူများကို ရှာဖွေနေပြီး မသင်္ကာသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ FBIနှင့် နီးစပ်သူ တစ်ဦးက "အဖွဲ့အစည်းအနေနဲ့ ခုကိစ္စကို ဒီညီအစ်ကို နှစ်ယောက်တည်း လုပ်ဆောင်ခဲ့တယ်လို့ ဘယ်လိုမှ မယုံပါဘူး။ ဖောက်ခွဲခဲ့တဲ့ ပစ္စည်းတွေရဲ့ ဖွဲ့စည်းပုံက အဆင့်အတန်း မြင့်လွန်းတယ်။ ဒီလက်နက်မျိုး ဘယ်လိုလုပ်တယ် ဆိုတာကို Googleကနေတော့ သူတို့ညီအစ်ကို ရှာတွေ့မယ်ပုံ မပေါ်ဘူး"ဟု ပြောကြားခဲ့သည်။

(လူ ၃ ဦးသေဆုံးခဲ့သည့် ဘော်စတွန်မြို့ မာရသွန်ပြိုင်ပွဲ ဗုံးပေါက်ကွဲမှု)

၎င်းကပင် "ပြောရရင် ဖန်တီးမှုက ခေတ်ရှေ့ပြေးလွန်းတယ်။ တစ်ယောက်ယောက်က ဒီကျွမ်းကျင်မှုမျိုးကို သူတို့ညီအစ်ကိုဆီ မျှဝေခဲ့ပုံပဲ။ အေးဂျင့်တွေကတော့ အဖွဲ့ဝင် (၁၂)ယောက် ပါဝင်တဲ့ အဲဒီအဖွဲ့အစည်းဟာ သူတို့လုပ်ဆောင်မယ့် အကြမ်းဖက်ကိစ္စ အထမြောက်လာမယ့် နေ့မျိုးကို နှစ်တော်တော်ကြာအောင် အချိန်ယူ စောင့်ဆိုင်းနေခဲ့တယ်လို့ ယူဆထားတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။

Source: Mirror

အမဲသားတွင်း ဓာတုဆေးများပါဝင်သည်ဟု သတင်းများကြောင့် စိုးရိမ်လျက်ရှိ

Posted by drmyochit Monday, April 22, 2013, under | No comments


ရှမ်းပြည် နယ် ကျောက်မဲမြို့ သားငါး ဈေးကွက် တွင်းရှိ အမဲသား များတွင် ကျန်းမာရေး ထိခိုက် စေနိုင် သော ဓာတု ဆေးများပါဝင်သည့် သတင်း များ ကြောင့် ဒေသခံများအနေဖြင့် စိုရိမ်မှု များဖြစ် ပေါ် လျက် ရှိကြောင်း သိရှိရသည်။

ထိုကဲ့သို့ ကောလဟလများထွက်ပေါ်နေသော်လည်း သားငါး ဈေးကွက် တွင်း ဈေးနှုန်းနှင့် အရောင်းအ ၀ယ်ကျ ဆင်းမှု မရှိကြောင်း သားငါး ရောင်းချ နေသူ များက ပြောဆိုသည်။

အဆိုပါဒေသရှိ သားငါးဈေးကွက်တွင် အမဲသား (ရှယ်) တစ်ပိသာလျှင် ၇၀၀၀ (ခုနှစ်ထောင်)ကျပ်နှင့် (ရိုးရိုး)တစ်ပိသာလျှင် ၆၀၀၀ (ခြောက်ထောင်)ကျပ်ဈေးကွက်ရှိကြောင်း သိရှိရသည်။

"ရောင်းအား က အရင်လိုပါပဲ။ ဒိုင်ကယူရတဲ့ဈေးကနည်းနည်းတက်တော့ လက်ကားဈေးကွက်မှာတော့ နည်း နည်းတော့ တက်ပါတယ်။ ဘာမှတော့ဖြစ်တာမကြာပါဘူး။ စားတဲ့သူတွေလဲ ၀ယ်ယူစားသုံးနေကြ ပါတယ်" ဟု ကျောက်မဲမြို့၊ ဒေသခံ အမဲသားအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါဒေသတွင်းရှိ အမဲသားများတွင် ကျန်းမာရေးထိခိုက်နိုင်သော ဓာတုဆေးများပါဝင်သည့် သတင်းများမှာ မတ်လပိုင်းတွင် ဒေသအချို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများနောက်ပိုင်း ယခုကဲ့သို့ သတင်းများထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

"ကောလ ဟလ ဆိုတာ ကတော့ ဒီလိုပဲ ပြောနေ ကြမှာပဲ၊ အစား အစာဆို တာကတော့ အမြဲတမ်းသေချာ စီစစ်ပြီး စားသောက်ရင် အန္တရာယ်ကင်း နိုင်ပါတယ်"ဟု ကျောက်မဲမြို့ရှိ အထွေထွေ ရောဂါကု ဆရာဝန် တစ်ဦးက ပြောဆိုသည်။

အဆိုပါကောလဟလများထွက်ပေါ်နေသော်လည်း လက်ရှိအချိန်ထိ ကျန်းမာရေးထိခိုက်ဖြစ်ပွားမှု မရှိသေး ကြောင်း ဆေးကုသဌာနက သိရှိရသည်။

"အမဲသားထဲမှာ မစားသင့်တဲ့ ဆေးဝါးတွေထည့်ပြီးရောင်းတယ်လို့ သတင်းတွေထွက်နေတော့ စားသုံး သူတွေ စိုးရိမ် နေတယ်။ ကျွန်မတို့လည်း စိုးရိမ်တာပဲ။ အခုလောလောဆယ်တော့ ၀ယ်မစားဖြစ်တော့ ဘူး"ဟု ကျောက် မဲမြို့မှ ဒေသခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

နေဖြိုးမြင့် ရှမ်း/မြောက် (မြစ်မခ)

From:    Myit Makha Mediagroup 

HRW အစီရင်ခံစာပါ စွပ်စွဲမှု မြန်မာအစိုးရ အလေးမထားဟု တုံ့ပြန်

Posted by drmyochit Monday, April 22, 2013, under | No comments


မြန်မာ အစိုးရ အနေနဲ့ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ HRW ရဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မှုဆိုင်ရာ အစီ ရင် ခံစာဟာ တစ်ဖက်သတ် ရရှိတဲ့ သတင်း တွေ ကိုသာ အခြေခံ ထားတာ ဖြစ်ပြီး အလေး ထားမှာ မဟုတ်ဘူး လို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ် က ဧပြီ ၂၂ရက်မှာ တုံ့ပြန်လိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ် ပဋိ ပက္ခ တွေနဲ့ ပတ် သက်ပြီး ပညာရှင်တွေ၊ နှစ်ဖက် အသိုင်း အဝိုင်းက လေးအပ် အပ်တဲ့ သူတွေပါဝင်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းပြီး အစီရင် ခံစာပြု စုနေ တာမို့ ဒီအစီရင် ခံစာရဲ့ တွေ့ရှိချက်နဲ့ အကြံပြု ချက်တွေကို အကောင် အထည် ဖော်သွားမှာ ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောဆို လိုက်ပါတယ်။

အီးယူက မြန်မာနိုင်ငံအပေါ် တစ်နှစ်ဆိုင်းငံ့ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို လုံးဝရုပ်သိမ်းဖို့ အစည်း အဝေးပြုလုပ် နေချိန်နဲ့ အချိန်ကိုက်ပြီး HRW က အစီရင်ခံစာထုတ်ပြန်လိုက်တာဟာ မေးခွန်း ထုတ်စ ရာဖြစ်နေ တယ်လို့ မြန်မာအစိုးရဘက်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာကို ဧပြီ ၂၃ရက်နေ့မှာ ထုတ်ပြန်ဖို့ရှိနေတယ်လို့ ကော်မရှင်မှာ ပါဝင်တဲ့သူတွေက အတည်ပြု ပြောဆို ခဲ့ကြပါ တယ်။

HRW ရဲ့ အစီရင်ခံစာထဲမှာ မြန်မာအစိုးရအာဏာပိုင်တွေက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက် မှု၊ သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး လူမျိုးတုံး သတ်ဖြတ်မှုနဲ့ လူမဆန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန် ခဲ့တယ်လို့  စွပ်စွဲခဲ့ပြီး ဦးရဲထွဋ်ကတော့ HRW အစီရင်ခံစာဟာ စကားလုံးအသုံးအနှုံး အငြင်းပွား ဖွယ်ရာ ရှိတယ်လို့ တန်ပြန်ပြောဆိုခဲ့ပါတယ်။

From:  Kamayut Media

အရက်သောက်၊ လူစိတ်ပျောက်ပြီး ခွေးစိတ်ပေါက်တဲ့ ပုသိမ်၊ ချောင်းသာမြို့နယ်ထဲက ဗိုလ်ဗိုလ်ကျော် ကိုယ့်နှမကို ကိုယ်အဓမ္မပြုကျင့်သတဲ့

Posted by drmyochit Monday, April 22, 2013, under | No comments

ဘိန်း၊ ကင်း၊ ကစော်၊ လှော်စာ၊ အရက်ဆိုတဲ့ မူးယစ် ထုံထိုင်း စေတဲ့ အရာတွေ ကို အလွန် အကျွံ သုံးစွဲ မှီဝဲ တတ်သူဟာ လူစိတ် ပျောက်ပြီး ခွေးစိတ် ရောက်ရှိ တတ်ကြောင်းကို ပုသိမ်၊ ချောင်းသာ မြို့နယ်၊...... ရပ်ကွက် ဖြစ်ရပ်က သတိပြုဆင်ခြင် သင်ခန်းစာထုတ်ယူစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုလို့ ဆိုပါရစေ။

လူစိတ် ရှိသူ ဆိုရင် ကောင်းမြတ်သော ကိုယ့် အကျင့် အကြံ၊ စိတ် အကျင့် အကြံ ရှိရမှာ ဖြစ်သလို ယုတ်ညံ့တဲ့ အတွေး အခေါ်နဲ့ ယုတ်ညံ့တဲ့ အကျင့် အကြံ စရိုက် လက္ခဏာ တွေကို ဆင်ခြင် သတိနဲ့ ထိန်းညှိ တတ်မှ သာ လူသားစိတ်လို့ ပြောရ မှာလည်းဖြစ် ပါတယ်။

ဒီစိတ်တွေ ပျောက် သွားစေဖို့ ကိုယ်ကိုယ်တိုင် အရက်သေစာ ဆိုတဲ့ အမှောင်တွင်းထဲကို ခုန်ချ သက်ဆင်း ရင်း မကြံစည် ထိုက်၊ မပြုမူထိုက်၊ မလုပ်ဆောင်သင့်တဲ့ လူစိတ် ကင်းမဲ့ သူ တို့ရဲ့ အကျင့် စရိုက် တွေကို မက်မော ခုံမင်စွာ ပြုမူဆောင်ရွက်တတ်သူ၊

ပညာဥာဏ် နုံနည်းသူ တွေကတော့ အရက်သေစာသောက် စားပြီးတာနဲ့ တစ်ပြိုင်နက်တည်း မတွေးအပ်၊ မကြံအပ် မပြုမူ အပ် တာတွေ ကို ပြုမူဆောင်ရွက်လေ့ရှိကြပါတယ်။ အဲဒီအထဲမှာပါတဲ့ အခုဖြစ်ရပ်ကတော့ ပုသိမ်ချောင်း သာမြို့နယ်၊

....ရပ်ကွက်နေ မ.....၂၆ နှစ်ဟာ နေအိမ်မှာရှိနေ စဉ် မောင်ဝမ်းကွဲတော် စပ်သူ ကြွေချိုင် ရွာနေ ဗိုလ်ဗိုလ်ကျော် ၂၅ နှစ်ဟာ အရက်၊ ဘီယာဘူးများ ယူလာပြီး မ.......နဲ့အတူ ဘီယာ သောက်ကြ တယ်လို့ ဆိုပါ တယ်။

အဲဒီည ၁၀ နာရီလောက်မှာပဲ ဗိုလ်ဗိုလ်ကျော်ဟာ အမူးလွန်သွားပြီး အစ်မဖြစ်သူ မ.......အား ကြွေချိုင် ရွာကို ဆိုင်ကယ်ဖြင့် လိုက်ပို့ ခိုင်း ရာမှ ကြွေချိုင်-နတ်မော်သွား ပင်လယ်ချိုင်သဲသောင် ပြင်အရောက် လူစိတ် ကင်းမဲ့ စွာဖြင့် အဓမ္မ ပြုကျင့် ခဲ့ တယ်လို့ သိရ ပါတယ်။

အဲဒီနောက်မှာ သက်ဆိုင်ရာ ငရုတ်ကောင်းရဲစခန်းကို မ.........က သွားရောက် တိုင်ကြားခဲ့တဲ့အတွက် ရဲစခန်းက ပ ၁၁/၂၀၁၃၊ ပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီး အရေးယူ စစ်ဆေး နေပြီလို့ သိရပါတယ်။

ဒီဖြစ်စဉ်ကိုကြည့်ရင် ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသား၊ အမျိုး သမီး များအနေနဲ့ အန္တရာယ်ကို အချိန် မရွေး လက်ယပ် ခေါ်မယ့် မူးယစ်ဆေးဝါး၊ ဘိန်း၊ ကင်း၊ ကစော် သောက်သုံး ခြင်းဟာ ဘယ်သူ့ အတွက် အကျိုးရှိ သလဲ။

ဘာ ကောင်းကျိုးကို ဖြစ်စေ သလဲ ဆိုတာ သင်ခန်းစာ ယူ တတ်ကြ ဖို့ပါ ပဲ။ သေချာ တာကတော့ မုဒိမ်း ကျင့်ခံရတဲ့ မိန်းကလေးလည်း ဘ၀ပျက် ဆုံးရှုံး သွားသလို၊ ကျူးလွန်တဲ့ လူငယ်လည်း အနာဂတ်ပျောက် ဘ၀မှာ အမည်းစက် စွန်းထင်း ပေကျံ သွား စေတာ ပါပဲ။

Posted From The First Media Group
Credit: Myanmar Daily News 

Porn Movie မှာ သရုပ်ဆောင်ခဲ့ဖူးသော်လည်း နောင်တမရခဲ့သည့် ဂျက်ကီချန်း

Posted by drmyochit Monday, April 22, 2013, under | No comments


၁၉၇၅ ခုနှစ်က All in the Family အမည်ရ ဟောင် ကောင် Comedy film တစ်ခု ထွက်ရှိ ပါတယ်။ Comedy လို့တပ်ပေမယ့် ယင်းရုပ်ရှင်ဟာ ဆင် ဆာမဲ့ ရုပ်ရှင် (Porn Movie) လို့ လူတိုင်း သိခဲ့ပါ တယ်။

အဲ့တုန်း က ဂျက်ကီချန်းဟာ အသက် ၂၀ ဝန်းကျင် ပဲ ရှိပါ သေးတယ်။ အနုပညာ လောကမှာ နာမည် သိပ်မ ရသေး တော့ Porn movie မှာ ပါဝင်သရုပ် ဆောင် ဖို့ လက်ခံလိုက်ခြင်း ဖြစ်ပါတယ်။ ယင်းနဲ့ ပက်သက်လို့ ဂျက်ကီး ချန်းက အင်တာဗျူးမှာ ယခုလို ဖြေကြားခဲ့ ပါသေးတယ်။

"ဟောင်ကောင်မှာ အဲ့ဒီအချိန်တုန်းက ခေတ် အစားဆုံးက Porn movie ပဲဗျ။ မင်းသား တစ်ယောက်ဖြစ် ဖို့ဆို တာ ရွေးနေလို့ မရဘူးလေ။ Marlon Brando လို့ မင်းသား တစ်ယောက်လုံး ပါလို့ နာမည် ကြီးမယ့် Porn ဖြစ်ရင်တောင် ကျွန်တော်ဒါကို အလေး ထားမှာ မဟုတ်ဘူး။ ဒီအတွက် ကျွန်တော် နောင်တ လုံးဝမ ရပါဘူး"

ဂျက်ကီးချန်း အနေနဲ့ ရုပ်ရှင် လောက ရောက် လာဖို့ ကြိုးပမ်း ရာမှာ ယင်း Porn movie ကလည်း အထောက် အပံ့ တစ်ခု ဖြစ်ခဲ့ပါတယ်။ ဟောင်ကောင် ရုပ်ရှင် လောကမှာ အခြေခံ ဆုံး ဘဝက စလို့ ကြိုးစား လာရာ ယနေ့ အချိန်မှာ ကမ္ဘာကျော် ကွန်ဖူး မင်းသားလို့ လူသိ များစေ ခဲ့ပါတယ်။

ဂျက်ကီးချန်း ပါဝင်တဲ့ All in the Family ရုပ်ရှင်အကြောင်းကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့် ရှုလေ့ လာနိုင်ပါတယ်။

http://en.wikipedia.org/wiki/All_in_the_Family_%28film%29

From: OPP

ပေးထားတဲ့ကတိက၀န်ကျေဖို့ လမ်းပွင့်နေပါပြီလို့ ဆိုလာသူ ဒေါ်ဖြူဖြူသင်း

Posted by drmyochit Monday, April 22, 2013, under | No comments


ရန်ကုန်၊ ဧပြီ ၂၂။

မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲဖြစ်စဉ် များထဲတွင် အရေးကြီးသော မှတ်တိုင်များထဲတွင် ၂၀၁၂ ဧပြီလ(၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ကြား ဖြတ် ရွေးကောက်ပွဲသည် ဒီမိုကရေစီ ပြောင်း လဲ ရေး ဖြစ်စဉ်များအတွက် ချန်ထားခဲ့၍ မရသော နေ့တစ်နေ့ ပင်ဖြစ်သည်။

ယင်းကြားဖြတ် ရွေးကောက်ပွဲတွင် အများစု အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သည်လဲ လွှတ်တော်တွင်း နိုင်ငံရေးကို အခြေခံ ဥပဒေပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးများ ရရှိရန်အတွက် ဆောင်ရွက်သွားမည်ဟု ထိုစဉ်က ပြည်သူများကို ကတိ က၀တ် ပြုခဲ့ ကြသည်။ ထို့အတွက်ကြောင့်ပင် ပြည်သူများက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် များ ကို တခဲ နက် မဲပေးရွေးချယ်ခဲ့ကြသည်မှာ တစ်နှစ် တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ကုန်လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ရွေးချယ်တင်မြောက်ခြင်း ခံရသူ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

MMA။ ။အစ်မရေ အစ်မပြည်သူ့လွှတ်တော်က ဖွဲ့ထားတဲ့ ကော်မတီတွေထဲမှာ ဘယ်ကော်မတီမှာ ပါတယ်ဆိုတာရယ် ကော်မတီရဲ့ တာဝန်က ဘာလဲဆိုတာကို အရင်ဆုံးပြောပြပေးပါဦး။

PPT။ ။ပြည်သူ့လွှတ်တော် စီးပွါးရေးနှင့် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်ပါ။ ကော်မတီရဲ့ အဓိကတာဝန်က အစိုးရကပြုလုပ်နေတဲ့ စီမံကိန်းတွေဟာ အမှန်တကယ် လိုအပ်မှုရှိ မရှိဆိုတာရယ် တကယ်လို့ လုပ်ဖို့လိုအပ်တယ် ဆိုရင်လဲ ဘတ်ဂျက်စာရင်းတွေကို ပြန်လည် စီစစ်ပေးရတာပါ။ ဒီမှာလုပ်ကိုင်ရတာ နည်းနည်းတော့ အခက်အခဲရှိတယ်ပေါ့ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့ဝန်ကြီးဌာနတွေ အနေနဲ့ ဘတ်ဂျက်တင်ပြတာ နောက်ကျမှုလေးတွေ ရှိတဲ့အခါကျတော့ နည်းနည်းတော့ ခက်ခဲတာလေးတွေရှိတယ်။ နောက်ပိုင်းမှာ ကော်မတီ တစ်ခုတည်းက ကိုင်တာမျိုး မလုပ်တော့ပဲ လွှတ်တော်ထဲမှာ ရှိတဲ့ကော်မတီတွေက နေပြီးတော့ စီမံကိန်းတွေကို ခွဲပြီးစစ်တာတို့ လုပ်ကိုင် ဆောက်ရွက်ရပါတယ်။ တစ်ချို့ဝန်ကြီးဌာနတွေကလဲ စီမံကိန်းတွေ ဘတ်ဂျက်တွေ တက်မလာတာလဲ ရှိတယ်။ ဒါတွေကို ပြန်ပြီးတင်ပေးဖို့ ဆွေးနွေးရတာတွေလည်း ရှိပါတယ်။

MMA။ ။အစ်မရေ ဒီလွှတ်တော်သက်တမ်း တစ်နှစ်အတွင်း မှာပေါ့နော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နေပြီးတော့ ရွေးကောက်ပွဲမှာ ပြည်သူတွေကို ပေးထားတဲ့ ကတိက၀တ်တွေ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး နဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်သွားမယ်လို့ ပြောထားခဲ့တာ ရှိတယ်ပေါ့။ အဲဒီ လုပ်ငန်းစဉ်တွေကို ဘယ်အတိုင်းအတာထိ လုပ်ဆောင်ပြီးပြီလဲ ဆိုတာကို သိပါရစေ။

PPT။ ။ဒါကတော့ အားလုံးလလည်း သိပြီးသားဖြစ်မှာပါ။ အဲဒါကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို ကော်မတီ ဖွဲ့ပြီးတော့ လုပ်နေတာတွေရှိတယ်။ တစ်ချို့အရာတွေမှာလဲ ထင်သာမြင်သာမရှိ သေးတာလဲ ရှိတာပေါ့။ အမှုတွဲပေါင်းကလည်း ကော်မတီကို ခြောက်ထောင်ကျော် ခုနှစ်ထောင်လောက် ရောက်နေတာတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ကောမတီရှိသလို အခြားကော်မတီ တစ်ခုလည်းရှိတယ်။ အဲဒီကော်မတီကို သူရဦးအောင်ကို ဦးဆောင်တဲ့အဖွဲ့က လုပ်ဆောင်နေတာပါ။ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ လောလောဆယ် အခြေအနေမှာ မတရားတဲ့ ကိစ္စတွေကို လွှတ်တော်ထဲမှာ ကြားနာတာ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပေါင်းပြီးတော့ ကြားနာမှုတွေ လုပ်တာတွေတော့ ရှိပါတယ်။ တစ်ချို့ ကိစ္စတွေဆိုရင် ကော်မတီကနေပြီးတော့ သက်ဆိုင်ရာ မြို့နယ်အလိုက်ကို အမှုတွဲတစ်ခုခြင်းစီ အလိုက်ပေါ့။ လိုအပ်ချက်တွေ ရှိလာရင် သက်ဆိုင်ရာ တရားရုံးတွေနဲ့ ချိတ်တွဲ ဆောင်ရွက်နေတာတွေ ရှိတယ်။ အဲဒီလိုဆောင်ရွက်လိုက်တဲ့ အခါကျတော့ တစ်ချို့ အရာတွေဆိုရင် အစဉ်ပြေသွားတာ ရှိတယ်။ တစ်ချို့ကိစ္စတွေ ကျတော့လဲ တရားမမှုလို အမှုမျိုးတွေ ဆိုရင်တော့ အရမ်းနှစ်တွေ ကြာနေတာတွေရှိတယ်။ ဒါတွေကို ကော်မတီက နေပြီးတော့ တဖြည်းဖြည်းခြင်း ဆောင်ရွက်နေပါတယ်။တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး တစ်ဘက်က အခုလို ဆောင်ရွက်နေသလို အရင်ဥပဒေ အဟောင်းတွေကို ပြန်လည်ပြင်ဆင် အသစ်ရေးဆွဲနိုင်ဖို့ကို ပြည်သူ့လွှတ်တော်က နေပြီးတော့ ဆောင်ရွက်နေပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး အတွက်လဲ အခုဆိုရင် အစိုးရကဦးဆောင်ပြီးတော့ လုပ်နေတယ်။ ဒါပေမဲ့လည်း အဲဒါက အခုချိန်ထိ သိပ်ပြီးတော့ အောင်မြင်တာကို မတွေ့ရသေးဘူး။ ဒါနဲ့ပတ်သက်ပြီးတော့လဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အဆက်မပြတ် လွှတ်တော်ထဲကို စရောက်တဲ့ အချိန်ကနေပြီးတော့ အခုလွှတ်တော်ပြီးဆုံးသွားတဲ့ အထိကို ကချင်ပြည်နယ် အရေးကိစ္စတွေ အခြားတိုင်းရင်းသား ကိစ္စတွေကို လိုအပ်မယ်ဆိုရင် အချိန်မရွေး သူလုပ်မယ်ဆိုပြီးတော့ တင်ပြထားတာတွေရှိတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲ ၀င်စဉ်ကပေးထားတဲ့ ကတိကို အကောင်အထည်ဖော်နိုင်ဖို့ လုပ်ဆောင်ချင်တယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးဆိုတာက အားလုံးပူးပေါင်း ဆောင်ရွက်မှသာ အစဉ်ပြေမှာပါ။ အစိုးရအနေနဲ့ကော နိုင်ငံရေး ပါတီတွေ အနေနဲ့ ကောပေါ့နော်။ အခုဆိုရင် လက်နက်ကိုင်အဖွဲ့တွေကော အားလုံးကနေပြီးတော့ ပူးပေါင်းဆောင်ရွက်မှသာ ဖြစ်မှာပါ။ အခုချိန်ထိတော့ လုပ်ကိုင် ဆောင်ရွက်နိုင်ဖို့ ကမ်းလှမ်းထားတာ အားလုံးလဲ သိပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လုပ်ကိုင်ဆောင်ရွက်ဖို့ အမြဲတမ်း အစဉ်သင့် ရှိနေတယ် ဆိုတာကိုတော့ အမြဲတန်းပြောနေတာပါ။

အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့လည်း အဖွဲ့ချုပ်အနေနဲ့ အမြဲတန်း ပြောနေတာပါ။ ထူးဆန်းတာက အခုလွှတ်တော် နောက်ဆုံးရက်မှာ ပြည်ထောင်စ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီကနေပြီးတော့ ပြင်ဆင်ဖို့ အတွက်ကို ပြည့်သူ့လွှတ်တော်မှာတင်ပြီး ပြည်ထောင်စု လွှတ်တော်ကနေ အဲဒါကိုလုပ်ဖို့ကို ဆုံးဖြတ်ချက် ချလိုက်တယ်။ လွှတ်တော်ကိုယ် စားလှယ်အားလုံးကလဲ ဒါကို သဘောတူတယ်။ ပြီးတော့ ပြင်ဆင်မယ်၊ ပယ်ဖျက်မယ်၊ လိုအပ်ရင် အသစ်ပြန်ရေးဆွဲမယ် ဆိုပြီးတော့ လေ့လာသုံးသပ်ရေး ကော်မတီကို ဖွဲ့စည်းတာဝန်ပေးထားတာ ရှိပါတယ်။

အဖွဲ့ချုပ်က ပြည်သူကို ပေးထားတဲ့ ကတိက၀တ်တွေအတွက် နှစ်ချက်ကတော့ လုပ်ကိုင်ဆောင်ရွက်ဖို့ လမ်းစပွင့်နေ တယ်လို့ပဲ ပြောလို့ရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ပတ်သက်လို့ကတော့ အမြဲတန်း ကမ်းလှမ်းပြီး အစဉ်သင့် ရှိနေတယ် ဆိုတာကို အစိုးရသိအောင် ပြောထားပြီးပါပြီ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် လွှတ်တော်တွင်း နိုင်ငံရေးကို ဆောင်ရွက်မှု တစ်နှစ်တာကာလအတွင်း ပြည်သူကို ပေးထားသော ကတိက၀တ်များကို တည်အောင် အစဉ်တစ်စိုက် ကြိုးစားနေသလို တစ်ဘက်ကလဲ အဖွဲ့ချုပ်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့သက်ဆိုင်ရာ မဲဆန္ဒရှင် ပြည်သူများ၏ လတ်တစ်လော အခက်အခဲများကိုလည်းဒေသအလိုက်သက်ဆိုင်ရာ အာဏာပိုင် များနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျှက် ရှိကြောင်း ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့်) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က မြန်မာ့ခေတ်သို့ ပြောကြားခဲ့သည်။

မြင့်ကျော်
ဓာတ်ပုံ – အောင်သိုက်
From:  မြန်မာ့ခေတ် 

မြန်မာ Facebook user များကြောင့် ၈၈ အမည်ခံလုပ်စားသူများ ကြောက်လန့်တုန်လှုပ်

Posted by drmyochit Monday, April 22, 2013, under | No comments


၈၈ ကာလတွင် ကျောင်း မတက်ဘဲ ၈၈ မျိုးဆက် အမည် ခံထား သူများ၊ ပွင့်လင်း လူ့အ ဖွဲ့အစည်း အကြောင်းပြ ၍ အလှူငွေ ကောက်စား ကြီးပွား နေသူ များမှ ယနေ့ facebook လောကတွင် လူကောင်းတွေတောင် ၀င်ရေးဖို့ တွန့်လာ နေကြ ကြောင်း ပြောဆိုခဲ့ပါတယ်။

၎င်းတို့ အနေဖြင့် လွတ်လပ်ပွင့်လင်းသည့် ဒီမိုကရေစီ အင်အားစုဟု အကြောင်းပြ ပြောဆို နေသော်လည်း ၄င်း တို့ အပေါ် ဝေဖန်တိုက်ခိုက်မှုများကို မခံ မရပ် နိုင်ကြကြောင်း အဆိုပါ ဆွေးနွေးပွဲတွင် ပြောဆိုချက်များ အရ တွေ့ ရပါတယ်။ ၄င်းတို့ အနေဖြင့် အစိုးရ မကောင်းကြောင်း ပြောသည့်အခါ ကြိုတင်စည်းဝါး ကိုက် ထား သူများ မှ လက်ခုပ်လက်ဝါး တီးခြင်းသာ ဒီမိုကရေစီ ဖြစ်ပြီး အပုပ်ချ ပြောဆိုမှုများကို ကန့်ကွက် သူများ ကတော့ သေချာ ပြင်ဆင်ထားတဲ့ အဖွဲ့များ ဖြစ်ကြောင်း ပြောဆိုနေပါတယ်။

ဦးနှောက်မရှိ နည်းပညာ အသိကင်းမဲ့သူ ကိုဂျင်မီဆိုသူကတော့ နောက်ပိုင်းမှာ နည်း ပညာ အသုံးပြုပြီး နှိမ်နှင်း မယ်လို့ ဆိုပါတယ်။

၈၈ ကျောင်းသား အမည်ခံများမှ မင်းကိုနိုင်သည် ထိုကာလအတွင်း မည်သည့် ကျောင်း တွင်မှ တက်ရောက် စာ သင်ကြားနေခြင်း မရှိပါဘူး။ ထို့အတူ ၈၈ ခေါင်းဆောင်ဟု အမည် တပ်ထားသည့် မြအေး ဆိုသူမှာလည်း ၈၈ နဲ့ အတူ ခေါင်းဆောင်ဟု ဆိုပေမယ့် ၈၈ တွင် မည်သည့်လှုပ်ရှားမှုမှ မရှိခဲ့သူ လို့ ဖြစ်ပါတယ်။ ကိုကို ကြီး၊ဌေးကြွယ် နဲ့ ၈ျင်မီ တို့ဟာ ၂၀၀၇ ရွှေဝါရောင် အရေးအခင်း ဖြစ်ပေါ်စေ၇န် ပြည်ပမှ အကူအညီနဲ့ ဆောင် ရွက် ခဲ့သူ ဖြစ်ပြီး ပဲခူးမြို့ ရော်ဘာတောထဲမှ အဆိုပါခေတ်တွင် ပြည်တွင်း မသုံးနိုင်သော ဂြိုဟ် တု ဖုန်း များ ကို အသုံးပြုခဲ့ကြပါ တယ်။

 

ဘုရားစေတီပုံပါသော ထမီပိတ်စများရောင်းသည့် ယုဇနပလာဇာမှ မေခလာသိန်း(သမီး)အထည်ဆိုင်ကိုအမှုဖွင့်ထား

Posted by drmyochit Monday, April 22, 2013, under | No comments


ဘုရား စေတီ ပုံများ ပါရှိသော  ထမီ ပိတ်စများ အား ယုဇန ပလာဇာ  ရှိ မေခ လာသိန်း (သမီး) အထည် မျိုးစုံ လက်လီ လက်ကား ရောင်းဝယ်  ရေးဆိုင်တွင် တွေ့ရှိ၍ မင်္ဂလာ တောင်ညွန့်ရဲစခန်းက သာသနာ ငြိုးနွယ် စေမှုဖြင့် အမှုဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

သာကေ တမြို့နယ်နေ မဥမ္မာ   နှင့် သူငယ်ချင်းများသည် ၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ယုဇန ပလာဇာရှိ မေခလာ သိန်း (သမီး) အထည်မျိုးစုံလက်လီလက်  ကားရောင်းဝယ်ရေးဆိုင်တွင် ထမီ ပိတ်စများကြည့်နေစဉ်အရောင်း မိန်းကလေးတစ်ယောက်မှ ဘုရား စေတီပုံများပါရှိသော ပိတ်စအား တစ်ထည်လျှင် ၃၅၀၀ ဖြင့် ရောင်းချ၍ မဥမ္မာမှ တစ်ထည် ၀ယ်ယူခဲ့ကာရင်းနှီးသူကိုအောင် ငြိမ်းကျော်နှင့် ကိုဝင်းကြိုင်တို့အား  ပြသရာကိုဝင်းကြိုင်နှင့် တိုဟောင် ငြိမ်းကျော်တို့မှ မေခလာသိန်း (သမီး) အထည်ဆိုင်သို့သွားရောက်  ပြီး ဘုရားစေတီပုံများပါရှိသော  ထမီးပိတ်စနှစ်ထည်ဝယ်ယူ၍ မင်္ဂလာတောင်ညွန့်ရဲစခန်းသို့သွား ရောက်တိုင်ကြားရာရဲစခန်းမှ သက်သေခံပစ္စည်းကအဖြစ် ထမီ  ပိတ်စနှင့် ဟောင်များအား သိမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းနောက်မြို့နယ်မှူး စခန်း မှူးနှင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ  မဥမ္မာကိုဝင်းကြိုင်ကိုအောင်ငြိမ်း ကျော်တို့သည်မေခလာသိန်း (သမီး) အထည်ဆိုင်သို့သွားရောက်  ပြီး ရဲတပ်ဖွဲ့ဝင်များက ရှာဖွေရာ မတွေ့ရှိ၍ မဥမ္မာမှ ဆိုင်ထဲသို့ဝင် ရောက်ပြီး ရှာဖွေတော့မှ ဘုရား စေတီပုံများပါရှိသော ထမီ (၇) ထည်အား ထပ်မံတွေ့ရှိကြောင်း သိရှိရသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ မဥမ္မာကိုအောင်ငြိမ်းကျော်၊ ကိုဝင်းကြိုင်တို့မှ ဆရာတော်ဦးဝီ ရသူထံ ဖုန်းဆက် လျှောက် ထားရာ မှ ဆရာတော်မှ ရန်ကုန်ဒဂုံမြို့ သစ်အရှေ့ပိုင်းမြို့နယ်တွင်ရှိသော  ဆရာတော် ဦးကေ သရနှင့် ဦးပါမောက္ခ တို့ထံ သို့ သွားရောက် လျှောက်ထားခိုင်းရာမှဦးကေသရ နှင့် ဆရာတော် (၇) ပါး (ယောင်္ကျား+ မိန်းမ) (၁၀) ယောက်တို့သည်။ မင်္ဂလာတောင် ညွန့်ရဲစခန်းသို့ ၁၄.၄.၂၀၁၃ ရက်နေ့တွင် သွားရောက် ပြီး မြို့နယ်မှူးစခန်းမှူးတို့နှင့် တွေ့ဆုံ ၍ အကြိုအကြောင်းမေးမြန်ရာ မြို့နယ်မှူးမှ တမင် ရည်ရွယ်ချက် နဲ့ လုပ်တာမဟုတ်ကြောင်း လျှောက်ထားရာဆရာတော်ဦးကေ သရမှ မြို့နယ်မှူး လျှောက်ထား သော စကားအားလက်မခံကြောင်း  မနောကံဆိုကာဘုရားမှတစ်ပါး ကြိုမသိကြောင်း ဒီစကားကို လက် မခံကြောင်း ပြောကြား၍ ဆက်လက်ပြီး မြို့နယ်မှူးမှ ထမီ စတွင် ဘုရားစေတီပုံများပါရှိပြီး ရောင်းချခြင်း မှာ ဘယ်သူမှာ နစ်နာ  သွားသလဲဟုပြောကြားခြင်းကြောင့်  ဆရာတော် (၇) ပါးနှင့် လူပုဂ်္ဂိုလ်  (၁၀) ယောက်မှ မကျေမနပ်ဖြစ် နေ၍ ထေရ၀ါဒဓမ္မကုန်ရက်ဥပဒေ  ရေးရာအကြံပေးဦးအေးပိုင်မှ ဥပဒေ အရပြုလုပ် ရန် ဆရာတော် များအားလျှောက်ထားပြီး ပြန်လာ  ခဲ့ကြောင်း ဆရာတော်နှင့် ထေရ ၀ါဒဓမ္မ ကုန်ရန် ဥပဒေ ရေးရာ အကြံ ပေးဦးအေးပိုင်တို့မှပြောကြား၍ သိရှိရသည်။

ဆက်လက်၍ဆရာတော် ဦးကေသရမှမိန့်ကြားရာတွင် ဘုရားစေတီပုံများပါရှိသော ထမီ တစ်ကွင်းတွင် အပေါ် နားတွင် စေတီရဆူပါရှိပြီး ဟောက်နားတွင်  စေတီ (၇) ဆူပါရှိကြောင်း အပြာ ရောင်ခံ ဘုရား စေတီ ပုံများ ပါရှိသော  ထမီးစအားဗန်မော်ဆရာတော် သို့သိရှိရန်အတွက် ဆက်ကပ်ခဲ့ ကြောင်း မိန့်ကြား ၍သိ ရှိရသည်။

အဆိုပါဖြစ်စဉ်မှာ ၁၁.၄. ၂၀၁၃ ရက်နေ့တွင် ဖြစ်ပျက်ခဲ့ သော်လည်း ရဲစခန်းမှအမှုဖွင့် အရေးယူခြင်းမရှိပဲ။ ၁၄.၄.၂၀၁၃ ရက်နေ့ကြမှ မေခလာသိန်း (သမီး) ဆိုင်ပိုင်ရှင်ကျော်လှိုင်သိန်း အား (ပ) ၂၅၆/၁၃ ပုဒ်မ ၂၉၅ ဖြင့် ရဲမှတရားလိုပြုလုပ်၍ အမှု ဖွင့်ထားကြောင်း အမှုစစ်မှာစခန်း မှူးသက်နိုင်ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ၀င်းအောင်နီမှ ပြောပြ ၍ သိရသည်။

ရဲစခန်းမှသက်သေအဖြစ် သိမ်းဆည်းထားသော ပိတ်စများ  မှာ ထမီးရသည်စာအသင့်ဖြတ် တောက်ပီး ဖြစ်သော ပိတ်စများ  ဖြစ်ကြောင်း သိရသည်။


အရိန္ဒမာ (ဘိုကလေး)
From: Hot news Weekly 

မွတ်ဒေါင်း မင်းကိုနိုင်အတွက် ဦးဇင်း ပညာစက္က၏ ဆုံးမစာ

Posted by drmyochit Monday, April 22, 2013, under | No comments



မင်းကိုနိုင်ပြောစကးကို ပြန်လည်သုံးသပ်ချက်) ကျနော်တို့ ခွတ်ဒေါင်းအလံကို ကိုင်မယ့်လက်ဟာ လူမျိုးဘာသာ မခွဲခြားပါဘူး ကျနော်တို့ တမျိုးသားလုံး အ တွက် သစ္စာရှိဖို့ရယ် သွေးစွန်းနေတဲ့ လက်မဖြစ်ဖို့ရယ် သန့်စင်တဲ့ လက်ဖြစ်ဖို့ပဲ လိုပါတယ်။ (မင်းကိုနိုင်)

ဦးဇင်းတို့အနေနဲ့ အခုလိုစကားကိုကြားရတာအရမ်းဝမ်းနည်းမိပ်ါတယ် ဒီလို စကား ကိုကြားလာ လိမ်မယ် လို့လည်း မမျော်လင့်ခဲ့ပါဘူး .လူမျိုးဘာသာမရွေးဘူးဆိုတဲ့စကားကိုတော့ ဘုရားမကြိုက်လို့မပြောပါဘူး ကြိုက်ပါတယ် သို့သော်လည်း မြတ်စွာဘုရားတောင်းမှသူရဲ့ သာကီးဝင်မင်းညီမင်းသားတွေကို ဘုရင်ကောသလ မင်းကြိးရဲ့သားတော်စပ်သူဝိဋဋူပ ရဲ့လက်ချက်ကြောင့် သွေးချောင်းစီးမှာကို မလိုလားတဲ့ အတွက်ကြောင့် နေပူကြဲတေကွင်လယ်ကြိးမှာအရွက်တွေလုံးဝမရှိဘဲ နေပြောက် တွေဖြာကြနေ တဲ့သစ်ပင် အောက်မှာထိုင်တော်မူုရင်းသူရဲ့ဆွေတော်မျီုးတော်တွေဘက်ကနေရန်ကိုကာကွယ်ခဲ့ဖူးပါသေတယ် အခု မင်းကိုနိုင်က ဘုရားထက်တောင်းသဘောထားတွေကြီးနေပါလား လူတွေသိတဲ့အတိုင်ဘဲ ပဋိပက္ခတွေ ဖြစ်တိုင်း ဖြစ်တိုင်းမှာ ဧသည်ကိုအပြစ်တင်လေ့မရှိဘဲ အိမ်ရှင်ကိုဘဲ

အပြစ် တင်လေ့ ရှိတဲ့ အနေ အထား တွေက ဘာသ ဘောလဲ သူ လိုချင် နေတာက ဘာလဲ သူ အခုလို ပြော လာတဲ့ ဆိုကတည်းက တစ်ခုခုလို နေလို့ ဖြစ်မယ် ဒါမှမဟုတ် အစား လွန်နေလို့ဖြစ်မယ် ၊ အခုဖြစ် နေတဲ့ ပဋိပက္ခ တွေ အ ပေါ်မှာ ဘယ်သူ ထွန်းညှိ လိုက်တဲ့ မီးလဲဆို တာလည်း တစ်ချက်ပြန် လှည့်ကြည့် ဖို့လိုပါ တယ်၊ ကိုယ့် လူမျီုး ကိုယ့်ဘာသာကို ကိုယ် မကာကွယ်လို့ ရှိရင်ဘယ်သူ ကကာ ကွယ် မလဲ .. မင်းကိုနိုင် အားပေး ထောက်ခံ နေတဲ့ မူဆလင် တွေ ကကော ဘာသာ လူမျိုး မခွဲခြား ဘူးဆို တာသေ ချာလား တကယ် သေချာ လားပြောပါ သက်သေပြပါ မူဆလင် ကုလားတွေ ဘာသာ လူမျီုး မခွဲခြားဘူး ဆိုတာ တကယ် သေချာ လား ဒကာပြန် စဉ်စားပါ။

ဘာသာနဲ့ လူမျီုး ကို အစစ်မှန် ခွဲခြား နေတာ က ဘယ် သူလဲ လေးလေး နက်နက် တွေးကြည့်ပါ ။ အရောင်း တင်ထား တဲ့အ ဆိပ်သီး ကိုမင်း ကချီုး တယ်လို့ပြောမ လို့လား မင်းက ပိုပြီးတော့ ဗဟု သုတ ရှိတဲ့ လူုလေ ကမ္ဘာကြီး တစ်ခု လုံးကို ခြုံငုံပြိး ကြည့်လိုက်ပါ အစွမ်းရောက် နေတာတွေ က ဘယ်သူလဲ.. တကယ် ခွဲခြားနေ တာတွေက ဘယ်သူလဲ သေချာ ကြည့်ပါ။ သူတို့ ယူတဲ့ ကောင်မလေး ဘဲဖြစ်ဖြစ် ကောင်လေး ဘဲဖြစ် ဖြစ် သူတို့ ဘာသာ ကိုမ၀င် မနေရခြီမ်ခြောက်မှုတွ တစ်ဖက်ဘာသာရဲ့ရုပ်ပုံတွေကို
ဖျက်စီး ခိုင် တာတွေ ကို မင်းသိ မှာပါ လည်း လှီ သတ် တာတွေ ကိုကော မင်းက ဘယ်လို ပြောမလဲ သူတို့ နိုင်ငံတွေမှာ မြန်မာ ဗုဒ္ခ ဘာသာတွေ ရဟန်း သံဃံတွေ ဘယ်လို နေရ တယ် ဆိုတာကော မင်းသိလား ငါတို့ ဘာသာနဲ့ လူမျီူးကို ဘယ်လို အခွင့် အရေး မျီုးနဲ့ ထားတယ် ဆိုတာကော မင်း သိလား
သိချင် လည်း သိမယ် မလေးရှား နိုင်ငံလောက်ကို ကြည့် လိုက်ပါ မြန်မာ ရဟန်း တွေ မလေးကို တရား ဟောဖို့ သွားကြတယ် ပရိတ်ဟော သွားကြ တယ်  ပရိတ် ဟော တာတရား ဟောတာကို တစ်အိမ်းသား လုံးကြား စေချင် လို့ အသံဆက်စက်တပ်တာတောင်းတပ်ခွင့်မပေးကြဘူး ဒါကိုမင်းဘယ်လိုပြောမလဲ

ဒီလောက် အသေ အမွား ကိစ္စကို တောင်းသူ တို့ မပေး နိုင်ကြ ဘူးလေ ။ ကုလား နိုင်ငံ တွေကို အကုန်ု လုံးကို ကြည့် သူတို့ ဘာသာ ကလွဲရင် ဘယ်ဘာ သာကိုမှ အခွင့် အရေး မပေး ဘူး သူတို့ ကလုံးလုံး ပေါ်တင်အောင် ခွဲခြား နေပါလျက် မင်းကိုနိုင်က ဘာဖြစ် နေတာလဲ စဉ်းစား စရာဖြစ် နေ ပါတယ် ။ စကား မစပ်. ဘာသာ ရေး လူမျီုး ရေးနဲ့ ဆက်နွယ် လာရင် တော့ အသောက မင်းကြီး ကိုတော့ လျံလှန် ထားခဲ့လို့ မရပါ ဘူး။ အသောက မင်းပြော ခဲ့သော စကား တစ်ချို့ကို ပြော ပါရစေ..အစဉ် အားဖြင့် နံပါတ်(၁)စကားမှာ.  အကျွန်ုပ် ပွဲတော် တည်နေ သည်ဖြစ် စေ၊ မိဖုရား အဆောင် များကို ရောက် နေသည် ဖြစ်စေ၊ မည်သည့် အချိန် မည်သည့် နေရာ ၌ဖြစ် ဖြစ် ပြည်သူ ၏ အရေး အခင်းနဲ့ ပတ်သက် လာလျင် အကျွနု်ပ်ကို အကြောင်းကြား ရမည်။ နံပါတ်(၄) မှာတော့ ပြည်သူ များ အတွက် အလုတ် လုတ်ရခြင်းမှ တစ်ပါး တစ်ခြား အလုတ် အကျွနုပ်မှာ မရှိပေ။ ဒီနေရာမှာ ဘုရင်း မင်းတရားကြီး ရဲ့ စကား လေးနက် ပုံ ၁၊ ကိုကြည့်ပါ သူဆိုလိုချင်တာက ဘယ်လောက်ပင်အလုတ်တွေရှုပ်နေပါစေ ပြည်သူလုထု အရေးနဲ့ ပတ်သက်
ရင် အား မနာနဲ့ မကြောက်နဲ့ လာအ ကြောင်းကြားပါ သူကာ ကွယ်ပေးမယ် လို့ဆို လိုတာပါ ဘဲသူရဲ့ ရင်ခွင့် အောက်မှာ ဘဲပြည်သူ တွေကို နွေးထွေမှုတွေ ပေးပါတယ် ။ နံပါတယ်(၄)ကိုကြည့်ပါ ပြည်သူ အတွက်မှ တစ်ပါး တခြား အလုတ် ငါမှာ မရှိ ဘူးတဲ့ ဒါကို စဉ်းစားပါ နိုင်ငံရေး ခေါင်ဆောင်များ မင်းတို့ ပြော တာ
ပြည်သူ လုတ်နေ တာက တိုင်းတစ်ပါးသား အတွက် တွေဖြစ် နေတယ် ။ မင်းတို့ ပြောချက်တွေ ကိုမှားတယ် လို့ပြော
တာတော့ မဟုတ်ပါ ဘူး သူနည်းနဲ့ သူတော မှန်နေကြ တာပါဘဲ. တစ်ဖက် သတ်ကြီးမြန်မာ တွေကို ဘဲမ ကောင်းပြော နေတာတော့လွန်လွန်းပါတယ်။ အခုလို မင်းကိုနိုင် ဟောပြောချက် တွေကို နားထောင် ကြည့်ချင် အားဖြင့် ရဟန်း သံဃံနဲ့ ကျောင်းသားကြားမှာ နောက် ပဋိပက္ခတွေ ဖြစ်လာ နိုင်စရာ အကြောင်း ရှိတယ်။ လုတ်ချင်ရင် ကိုယ် တစ်ယောက် တည်သွား လုတ်ပါ ဘာသာ တရား ကိုတော့ အပျောက် မခံနိုင် ဘူး ။ စာရေး ရင်းပေါ် လာလို တစ်ခုလောက် ပြော ဦးမယ် ဗိုလ်ချုပ် အောင်ဆန်း အောက်မေ့ဖွယ် နေ့မှာ ဆွမ်းကပ်ခွင့် မရှိတာကော မင်းဘယ်လို ပြောမလဲ နောက် NLD ရုံခန်း မှာမြန်မာ အမျီုး သမီး တစ်ယောက် ဖျက်စီး လိုက်တာကော မင်းဘာ ပြောမလဲ?
မင်းကို ပြည်သူ ဘာ ကိုကြည့်ပြီး တော့ အားကိုး ရမှာလဲံ မင်းပြောတဲ့ စကားကို ဘယ်လို တန်းဘိုး ထားရ မှာလဲံ မင်း ရည် အသွေး တွေဟာ နိမ့်ကျ လာ နေပြိနော် ။။ ထိန်းတတ် ပါစေ.. နောက်နောင်း ဒီလို စကားမျီုး ကို မကြား ရပါ စေနဲ့လို ဆုတောင်း ပါတယ်.. ။ ပညာ စက္က ဘန် ကောက် အဝေး ပညာ တော်သင်။ တိုင်ပြည် အကျိုးကို ဆောင်ရွက် နိုင်ပါစေ.....


From: Myanmar Express

ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်နေဟု HRW ထုတ်ပြန်

Posted by drmyochit Monday, April 22, 2013, under | No comments


"မင်းတို့ လုပ်နိုင်တာ ဆုတောင်းရုံပဲ - ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် ရိုဟင် ဂျာများ အပေါ် လူသားမဆန်သော သတ်ဖြတ် မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှုများ" ခေါင်းစဉ်ပါ စာမျက်နှာ ၁၅၃မျက်နှာ အစီရင် ခံစာ အတွင်း မြန်မာ အစိုးရ အာဏာပိုင် များက ရိုဟင်ဂျာ မွတ်ဆလင် များအပေါ် လူမျိုးတုံးသတ်ဖြတ်ရေး လှုပ်ရှားမှုကို ဆောင်ရွက် နေပြီး ယနေ့တိုင် စားနပ်ရိက္ခာ အကူ အညီများ၊ ထောက်ပံ့ရေး လုပ်ငန်းများ မရရှိအောင် ပိတ်ဆို့ ဟန့်တား ထားဆဲဖြစ် သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က ဧပြီ ၂၂ရက်စွဲဖြင့် ထုတ်ပြန် လိုက် သည်။

ပြီးခဲ့သည့်နှစ် ဇွန်နှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေးဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှု များအတွင်း နေအိမ်မီးရှို့မှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်မှုများကို လုံခြုံရေး အင်အားစု များဖြစ်သော ရဲ၊ လုံထိန်း၊ နစကအဖွဲ့၊ စစ်တပ်နှင့် ရေတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာ မွတ်ဆလင် များကို သတ်ဖြတ် တိုက်ခိုက်မှုများအား လက်ပိုက်ကြည့်ရုံတင်မက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး ရာဇဝတ်မှု များကို ကျူးလွန် ခဲ့သည်ဟု HRW ရဲ့ အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဖီလ် ရော်ဘင်ဆန်က ပြောဆို လိုက်သည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တကျော့ပြန်အကြမ်းဖက်မှုများအတွင်း အစိုးရ လုံခြုံရေး အင်အားစု များက ဓါးရှည်များ၊ ဝါးချွန်များ၊ တုတ်များ၊ လက်လုပ်သေနတ်များကိုင်ဆောင်ထားသည့် အင်အားစု များနှင့် အတူ ရိုဟင်ဂျာမွတ်ဆလင်များ၏ နေအိမ်များကို စီးနင်းတိုက်ခိုက်မှု၊ သတ်ဖြတ်မှုများပြုလုပ်ခဲ့ပြီး ရွာလုံး ကျွတ် ပြာပုံဖြစ် ခဲ့ရသည့် အဖြစ်အပျက်များ၊ သတ်ခံထားရသူများကို စနစ်တကျ အလောင်း ဖျောက်ဖျက် မှုများ ရှိ ခဲ့ကြောင်း အစီရင် ခံစာက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း Mass Grave ဟုခေါ်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး အလောင်း များမြှုပ်နှံ ထားသည့် နေရာ ၄ခုကို HRW က ရှာဖွေတွေ့ရှိခဲ့ပြီး အစိုးရအာဏာပိုင်များက အလောင်းများ ဖျောက်ဖျက် ခဲ့သည်ဟု ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူမျိုးတုံး သတ်ဖြတ် မှုများကို စုံစမ်းရန် လွတ်လပ်သော နိုင်ငံတကာစုံစမ်းစစ်ဆေးမှု ကော်မရှင်ကို ခွင့်ပြု သင့်ပြီး မြန်မာပြည်ကို ထောက်ပံ့ကူညီလိုသည့် အလှူရှင်နိုင်ငံများအနေဖြင့် အခြေအနေမှန်ကို သိရှိနား လည် ရန် လို အပ်နေပြီး ဖြစ်ပျက်ခဲ့မှုများအတွက် ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိသော အရေးယူ မှုများ လုပ်ဆောင် ဖို့ တိုက်တွန်းကြောင်း HRW မှ ဖီလ် ရော်ဘင်ဆန်က ဆိုသည်။


Kamayut Media

ဗုံးပေါက်မှုနဲ့ မီဒီယာ အခန်းကဏ္ဍ

Posted by drmyochit Monday, April 22, 2013, under | No comments


ဘော် စတွန် ဗုံး ပေါက်ကွဲမှု အပေါ် မီဒီယာ တွေရဲ့ သတင်း တင်ပြပုံနဲ့ ပတ်သက်ပြီး မီဒီယာတွေ အကြား ဆွေးနွေး တင်ပြနေတာ အတော် စိတ်ဝင် စား စရာ ကောင်း ပါတယ်။ 

အမေ ရိကန်က မီဒီယာကြီး ဖြစ်တဲ့ CNN က သူတို့ ဆီက မှားယွင်း တင်ပြချက် ကိုလည်း ပြန်ပြီး တင်ပြနေ ပါတယ်။ သံသယရှိသူ နံပတ်၂ ကို ဖမ်းမိပြီလို့ အရင်စလို ကြေညာခဲ့ ပေမဲ့ နောက်ပိုင်း မှာ မမိသေး တဲ့ အကြောင်း ပြန်ဖြေရှင်း ခဲ့ရလို့ပါ။ အကြီးတန်း ရဲ အရာရှိ တဦးက ပြောခဲ့ တယ် ဆိုပေမဲ့ အဲဒီ သတင်းကို ထပ်မံ စုံစမ်း လေ့လာတာ မလုပ်ဘဲ ထုတ်လွှင့် ခဲ့တဲ့ အတွက်ပါ။ ဒီလို ထုတ်လွှင့် ချက် ကြောင့် မီဒီယာ လောကမှာ CNN အတွက် အမဲစက် ထင်စေခဲ့ ပါတယ်။ ဒီသတင်း မှားကိုပဲ AP, FOX သတင်း ဌာနတွေ ကလည်း အလျင် အမြန် ဖော်ပြခဲ့ ပါတယ်။ 

အဆိုးဆုံး ကတော့ စီအန်အန် အသံလွှင့်သူ ဂျွန်ကင်းက သံသယရှိသူကို အသားညိုတဲ့ သူ လို့ ပုံဖော်ပြ တဲ့အ တွက် တာဝန်မဲ့တဲ့ ထုတ်လွှင့်မှုအဖြစ် လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်း အဖြစ် ၀ိုင်းဝန်းဝေဖန်တာ ခံခဲ့ရပါ တယ်။ သူက ရဲအရာရှိပြောတဲ့ စကားကို ပြန်ပြောတယ်ဆိုပေမဲ့ မီဒီယာရဲ့ ဒီလို ထုတ်လွှင့်မှုကြောင့် အသားညို သူအားလုံး သံသယဖြစ်ဖွယ် အထင်ခံရနိုင်တဲ့ အတွက် ပါပဲ။ အာရှ၊ အာဖရိက၊ မြောက်အ မေရိက၊ အာရပ်၊ အရှေ့ အလယ်ပိုင်း စသဖြင့် ကမ္ဘာ့လူဦးရေ တ၀က်လောက်ကို အသားညိုသူတွေကို သတ်မှတ် ထားလို့ပါပဲ။

မီဒီယာတချို့ရဲ့ ခန့်မှန်းယူဆချက်တွေနဲ့ ကောက်ချက်ဆွဲ တင်ပြချက် အတော်များများက မှားယွင်း ခဲ့တယ် လို့ ဆိုပါတယ်။ နယူးယောက် ပို့စ်ကလည်း ဘာမှမသက်ဆိုင်တဲ့ စုံတွဲတတွဲရဲ့ ပုံကို သံသယဖြစ်သူတွေ အဖြစ် တင်ထားခဲ့ပါသေးတယ်။ 

စိတ်ဝင်စားစရာတခုက ဒီဖြစ်စဉ်ကြီးတခုလုံးမှာ မီဒီယာရဲ့ အခန်းကဏ္ဍပါ။ သတင်းဖြစ်တိုင်း တင်နေလို့ မီဒီယာ တာဝန်မကျေဘဲ လူတွေလိုအပ်တဲ့ သတင်းအချက်အလက်တွေကို ပေးသင့်တယ်လို့ ဆွေးနွေး ကြတာ တွေ့ရပါတယ်။ ဒီ ၂ယောက်ဖမ်းမိရေးအပေါ်မှာ အာရုံထားနေတဲ့ တပြိုင်နက်ထဲမှာပဲ ကျန်ခဲ့သူတွေ ဆက်လက် ရပ်တည်ဖို့ သတင်းတွေကို အလေးပေးသင့်တယ် လို့ ဆိုပါတယ်။ ငါးပွက်ရာငါးစာချတဲ့ ဆူလွယ် နှပ်လွယ် လူကြိုက်မယ့် သတင်းမျိုး တင်ပြသူတွေများတယ်လို့ ပရိဿတ်တွေရဲ့ ဝေဖန်သံတွေလည်း ကြား ရပါတယ်။

ဘာသာရေး လူမျိုးရေးမုန်းတီးမှုတွေကြောင့် ရာဇ၀တ်မှုတွေဖြစ်မလာအောင် ဂရုစိုက်တင်ပြသင့်တယ်လို့ လည်း ဆွေး နွေးကြပါတယ်။ နိုင်ငံအရေး အရာ တွေမှာ မီဒီယာရဲ့ အခန်းကဏ္ဍက အရေးကြီးလှတဲ့အတွက် ဘယ် အဖြစ်ကို ဇောင်းပေးတင်ပြမလဲ၊ ဘယ်နှစ်ကြိမ်တင်ပြမလဲ၊ သတင်းရဲ့ ဘယ်နှစ်ရာခိုင်နှုန်းက ဘယ် အပေါ်မှာ အခြေခံ သလဲ စသဖြင့် ချိန်ဆပြီး ဖြစ်ပေါ်လာတဲ့ အကျိုးအပြစ်တွေကို တွက်ဆရပါတယ်။

မီဒီယာမှာ သတင်းသက်သက် မကဘဲ ဒီသတင်းနဲ့ ဖြစ်ရပ်အပေါ် ဘက်ပေါင်းစုံရဲ့ အမြင် သဘောထား၊ ကျွမ်းကျင် သူတွေ အမြင်၊ နောက်ခံသမိုင်းကြောင်း၊ ပြည်သူတွေရဲ့ သဘောထား စတာတွေကို မျှမျှတတ တင်ပြပေး နိုင်မှ မီဒီယာကဏ္ဍပီပြင်မယ်လို့ ဆွေးနွေးကြပါတယ်။ 

တပြိုင်ထဲလောက် ဖြစ်ပွားခဲ့တဲ့ တက်ဆက်က ဓာတ်မြေသြဇာစက်ရုံ မတော်တဆပေါက်ကွဲမှုအတွက် လူပေါင်း ရာကျော် ဒဏ်ရာရပြီး ၁၄ ဦးသေဆုံးရတဲ့ သတင်းက မှိန်သွားခဲ့ပြီး ဘော်စတွန်ဗုံးသတင်းကို လိုအပ် တာထက် ပိုပြီး မီဒီယာတွေက အသားပေးဖော်ပြခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

ပြည်သူတွေကို အတွေးအမြင် ဆင်ခြင်နိုင်ဘွယ် ရှုထောင့်ကနေ တင်ပြပေးနိုင်ဖို့ လူတွေကို သြဇာလွှမ်းမိုးတဲ့ မီဒီယာလော ကသားတွေ အခြေအတင် ဆွေးနွေးငြင်းခုံနေတာအကျဉ်းချုပ်ပြီး ပြန်လည်တင်ပြလိုက်တာပါ။ 

ခင်မေဇော် (Burma-Newselite) က CNN, ABC, NBC, NPR သတင်းမီဒီယာတွေက ဆွေးနွေး ချက်တွေ ကို ကိုးကား ပြန်ဆို ပါတယ်။ 

Burma-Newselite
Credit: Myawady News 

၄၈ လမ်းဗလီပြန်ဖွင့်လို့မရဆိုတာ ဗလီတာဝန်ရှိသူတွေနှင့်သာ သက်ဆိုင်ဟုဝန်ကြီးချုပ်ဆို

Posted by drmyochit Monday, April 22, 2013, under | No comments


ရန်ကုန်မြို့ ၄၈ လမ်းဗလီမီး လောင်မှုနှင့် ပတ်သက်၍ ဒုတိယ အကြိမ် ပြုလုပ်သော သတင်း စာ ရှင်း လင်းပွဲ သို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေတက်ရောက် ခဲ့ပြီး အဆိုပါ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ် သက် ၍ ရှင်းလင်း ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါစာနယ်ဇင်းရှင်းလင်း ပွဲ၌ “ဒီ (၄၈) လမ်း ဗလီပြန်ဖွင့်လို့ ရ မရဆိုတာနဲ့ ဘယ်တော့ပြန့်ဖွင့် လို့ရ မလဲ ဆို တာကတော့ ဗလီမှာ တာဝန်ရှိတဲ့သူတွေနဲ့ ပဲဆိုင်ပါတယ်။   သူတို့က အထက်ကိုစာတင်ပြီး ခွင့်ပြု မိန့် တောင်း မယ်၊ အထက်က လည်းခွင့်ပြုမိန့်ချပေးမယ်ဆိုပေမယ့် ဗလီဘယ်တော့ပြန်ဖွင့်မယ်ဆိုတာ က တော့ ဗလီကိုပြုပြင်မွန်းမံမဲ့ ဗလီကတာဝန်ရှိသူတွေနဲ့ပဲဆိုင်ပါ တယ်။ သူတို့က (၁) ရက်စောပြီး ရင် ဗလီ (၁) ရက် စောပြီးဖွင့်လို့ ရတာပေါ့”ဟု ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေမှပြော ကြားခဲ့သည်။
၎င်းသ တင်းစာ ရှင်းလင်း ပွဲတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့၏စုံစမ်းတွေ့ ရှိချက်များ စစ်ဆေးတွေ့ရှိချက်များ အား ထုတ်ပြန် ခဲ့ကြောင်း သိရ သည်။ 

ညီညီအောင်
Hot News Weekly 

အိန္ဒိယ မိန်းကလေး မုဒိမ်းမှု ဆန္ဒဆက်ပြ

Posted by drmyochit Monday, April 22, 2013, under | No comments


အခု ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အာဏာပိုင် တွေရဲ့ ကိုင် တွယ် ပုံကို မကျေနပ်ကြောင်း ထုတ်ဖေါ်ခဲ့ ကြပါတယ်

အိန္ဒိယ နိုင်ငံမှာ မကြာသေးခင်က အသက် ၅ နှစ် အရွယ် မိန်းကလေးငယ် တဦး မတရား ပြုကျင့် ခံခဲ့ ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ ဒေလီမြို့မှာ ဒုတိယ နေ့အဖြစ် ဆန်ဒပြ မှုတွေ ဆက်လက် ပြုလုပ်ခဲ့ ပါတယ်။

ဆန္ဒပြ သူတွဟော ရဲဌာနချုပ်နဲ့ အဓိက နိုင်ငံရေး ခေါင်းဆောင်တွေ ရဲ့ အိမ်တွေ အပြင် ဘက်မှာ စုရုံး ခဲ့ကြကာ၊ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အာဏာပိုင် တွေရဲ့ ကိုင်တွယ် ပုံကို ဒေါသ ဖြစ်ရကြောင်း ထုတ်ဖေါ်ခဲ့ ကြပါတယ်။

အစောပိုင်း တုန်းကတော့ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက သူ့နိုင်ငံမှာ အမျိုး သမီးတွေ လုံခြုံ စိတ်ချ ရရေး အတွက် အကြီး အကျယ် ပြုပြင် ဆောင်ရွက်ဖို့ လိုအပ် နေပြီး၊ အမျိုး သမီးတွေ လုံခြုံ စိတ်ချ ရအောင် လုပ်ဆောင် ပေးဖို့ လူတိုင်းမှာ တာဝန် ရှိတယ်လို့ ပြောကြားလိုက် ပါတယ်။

လူထုရဲ့ စိုးရိမ် သောက ဖြစ်နေ တာတွေကို ကိုင်တွယ် ဖြေရှင်း ပေးရာမှာလည်း ကိုယ်ချင်းစာ တရားနဲ့ ကြင်ကြင် နာနာ ဆောင်ရွက်ကြဖို့ ကို မစ္စတာ ဆင်းက ပန်ကြား လိုက်ပါတယ်။

ဒီ မိန်း ကလေး ငယ်ကို ဖမ်ဆီး ခေါ်ဆောင် သွားကာ၊ ၂ ရက်ကြာ အဓမ္မ ပြုကျင့်ခဲ့တာ ဖြစ်ပြီး၊ မတရား ပြုကျင့်ခဲ့ သူလို့ သံသယ ရှိသူ ကိုတော့ အခု ဖမ်းဆီး ထားပြီ ဖြစ်ပါတယ်။

မိန်းကလေးငယ် ကတော့ အရေးပေါ် ခွဲစိတ် ကုသဖို့ လိုအပ် နေပြီး၊ အခုတော့ သတိ ပြန်လည် လာပြီလို့ ဆရာဝန် တွေက ပြောပါတယ်။

From: BBC

၂၀၁၃ ဆီးဂိမ်းဖွင့်ပွဲတွင် အာဆီယံ အနုပညာရှင် ၃၀၀ ပါဝင်ဖျော်ဖြေမည်

Posted by drmyochit Monday, April 22, 2013, under | No comments


၂၇ ကြိမ်မြောက် အဖြစ် မြန်မာနိုင်ငံတွင် လက်ခံ ကျင်း ပမည့် အရှေ့တောင် အာရှ ဆီးဂိမ်း ပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနား တွင် ပြိုင်ပွဲဝင် အာဆီယံ ၁၀ နိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ယဉ်ကျေးမှု အနု ပညာရှင် စုစုပေါင်း ၃၀၀ တို့က မြန်မာ ယဉ်ကျေးမှု ပညာရှင် များနှင့် တွဲဖက်ကာ ဖျော်ဖြေ တင်ဆက် သွားရန် စီစဉ် ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ဦးက ပြောသည်။

 “နိုင်ငံ တကာ ကနေ အားကစားပြိုင်ပွဲတွေမှာ အနုပညာ ပေါင်းစပ်ဖျော်ဖြေတာက နည်းပါးတယ်။ ရွှေနိုင်ငံက ကြိုနေမယ် ဆိုတဲ့ သီချင်းကို သက်ဆိုင်ရာ နိုင်ငံအလိုက် ရိုးရာအကတွေနဲ့ ဖျော်ဖြေကြမှာပါ။ မြန်မာကော အပါအဝင် ၁၁ နိုင်ငံက အနုပညာ ရှင်တွေ ကပြကြမှာပါ” ဟု ၎င်းက ဧပြီ ၁၂ ရက်နေ့တွင် ကျင်းပ ခဲ့သော ဆီးဂိမ်းအကြို သတင်းစာ ရှင်းလင်းပွဲ၌ ရှင်းပြသည်။ ထိုင်း၊ ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယမ် နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ အရှေ့တီမော၊ စင်ကာပူနှင့် ဖိလစ်ပိုင်တို့မှ ယဉ်ကျေးမှု အနုပညာရှင် များက ဆီးဂိမ်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် လာရောက် ဖျော်ဖြေကြမည် ဖြစ်ပြီး တနိုင်ငံလျှင် အနု ပညာရှင် ၃၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ “အနုပညာရှင်တွေက ယဉ်ကျေးမှုဝန်ကြီး ဌာနကရယ်၊ ယဉ်ကျေးမှု တက္ကသိုလ် ကျောင်းတွေက ကလေးတွေရယ် ပါမယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ တ၀န်းလုံး မှာရှိတဲ့ အနုပညာရှင်တွေကလည်း သူတို့တတ်နိုင်တဲ့ ဘက်က ကူညီကြမှာပါ။ ဒီဆီးဂိမ်းမှာ ကဏ္ဍစုံ အနုပညာ ရှင်ပေါင်း သောင်းနဲ့ချီ ပါဝင်သွားမှာပါ။ အာဆီယံ နိုင်ငံတွေနဲ့ တွဲဖက်ကဖို့ အတွက်ကတော့ မြန်မာ ဘက်က အနုပညာရှင် ၁၆၀၀ လောက် ပါဝင်ပါမယ်” ဟု ဦးရန်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။

အနုပညာ ဆိုင်ရာနှင့်ပတ်သတ်၍ ရုပ်ရှင်နှင့် သဘင်အစည်းအရုံးမှ အကြံဉာဏ်များ တောင်းခံထားကြောင်း၊ ပါဝင်မည့် နိုင်ငံတကာ အနုပညာရှင်များနှင့် အချိန် ၁ လကျော်ကြာ လေ့လာဆည်းပူး ဖလှယ်သွားရန် စီစဉ် ထားကြောင်း၊ နိုင်ငံတကာမှ ကကွက်များ၊ ကပြမည့် တေးသွားများကို ဧပြီလကုန်မှ စ၍ သက်ဆိုင်ရာ နိုင်ငံ များမှ မြန်မာနိုင်ငံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားပြု ယဉ်ကျေးမှု အက အလှ အနုပညာရှင် မစ္စစ် ဘွန်တရာဂျွန်တရာက “ကျမတို့ နိုင်ငံ ရိုးရာ အကတွေကို မြန်မာနိုင်ငံက ရိုးရာ အကနဲ့ ပေါင်းစပ်သွားမှာပါ။ ဟာမိုနီဖြစ်အောင် ကပြသွားမှာပါ။ ကျမတို့ ရိုးရာအကကို မြန်မာ ပရိ သတ်တွေ သိပ်ရင်းနှီးမှာ မဟုတ်ပေမယ့် ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ မြန်မာ့ရိုးရာ အကဟာ အနု စိတ်ပြီး တကယ့်ကို သိမ်မွေ့လှပတဲ့ အကတွေပါ။ ပူးတွဲကရင်း လေ့လာဖြစ်ခဲ့ရလို့ ကျေနပ်ပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။ 

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် ၂၀၁၃ ဒီဇင်ဘာ ၁၁ မှ ၂၂ ရက်နေ့အထိ လက်ခံကျင်းပ သွားမည် ဖြစ်ကာ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ ၁၀ နိုင်ငံ၊ ပေါင်း ၁၁ နိုင်ငံမှ ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်းသိရသည်။ မြန်မာ နိုင်ငံ အနေဖြင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို ၁၉၆၁ ခုနှစ်တွင် တကြိမ်၊ ၁၉၆၉ တွင် တကြိမ် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုအခါ ၄၄ နှစ်အကြာတွင် တတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။ 

From : irrawady 

အမေရိကန် လက်နက် ထိန်းချုပ်ရေး ဥပဒေ ပြဋ္ဌာန်းမှုနှင့် အကြမ်းဖက် လုပ်ရပ်များ

Posted by drmyochit Monday, April 22, 2013, under | No comments


အမေ ရိကန် ပြည်ထောင် စုတွင် လက်နက်ကိုင် ရမ်း ကား တိုက်ခိုက် မှုများ မကြာခဏ ဖြစ်ပွား နေပြီး သမ္မတ အိုဘား မားက ဘော့စတွန် ဗုံးပေါက် မှု နောက်ပိုင်းတွင် လက်နက်ထိန်းချုပ်ရေး ဥပဒေ ပြ ဋ္ဌာန်းရေး ပြော ကြား လာခဲ့သည်။

ဘော့စတွန်မြို့  (၁၁၇) ကြိမ်မြောက် မာရသွန် ပြိုင်ပွဲတွင် ချေချင်းညာ ညီအစ်ကို နှစ်ဦးက ဧပြီ ၁၅ ရက်နေ့ တွင် လူမဆန်စွာ ဗုံးခွဲတိုက်ခိုက် ခဲ့ပြီး တရုတ်ကျောင်းသူ ဒေါ်ရသီလူ အသက် ၂၃ နှစ်၊ ၈ နှစ်သား ကလေး ငယ် တစ်ဦး အပါအဝင် လူသုံးဦး သေဆုံးခဲ့ရာ အကြမ်းဖက် တိုက်ခိုက်မှုများကို အမေရိကန် ပြည်ထောင်စု သာ မက ကမ္ဘာတစ် ဝန်းလုံးကပါ ဝိုင်းဝန်း တိုက်ဖျက်ရန် လိုလာပြီ ဖြစ်ကြောင်း  မီးမောင်း ထိုးပြလိုက်ခြင်း ပင် ဖြစ် သည်။

ဗုံးခွဲသူတစ်ဦး ဖြစ်သည့် တာမာလန် ဇာနေယက်ဗ်ကို ဝါးတားတောင်း ရှိနေအိမ်၌ FBI အမေရိကန် အမိမြေ လုံခြုံ ရေး ဌာနတို့ ပူးပေါင်း အဖွဲ့မှ ဝိုင်းဝန်းပစ်ခတ် ဖမ်းဆီးရမိပြီး ဆေးရုံသို့ ပို့ဆောင် စဉ် သွေးထွက်လွန် သေဆုံး သွားခဲ့သည်။

ထွက်ပြေး လွတ်မြောက်သွားသော သေဆုံးသူ၏ ညီဖြစ်သူ ဇိုခါဇာနေ ယက်ဗ်အား ဝါးတားတောင်း နေအိမ် တစ်ခု ၏ နောက်ရှိ  လှေတစ်စင်း အတွင်း၌  သေနတ် ဒဏ်ရာများနှင့် ပုန်းခိုနေစဉ် ရဲများက ဧပြီ ၂ဝ ရက် စနေ နေ့ မနက် ပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့သည်။

အမေရိကန် ပြည်သူတို့သည် သေနတ်ကြောင့် ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုများကို လျော့ကျစေချင် သကဲ့သို့ သေနတ် ကိုလည်း  မိမိကိုယ်ကို ကာကွယ်ရေး မူအရ ဆက်လက်ပြီး  ဖက်တွယ် ထားနေချင် တုန်းပါပဲ။

ဝီကီပီး ဒီးယားမှာ  ဖော်ပြထားတဲ့ စာရင်းများအရ လူတစ်ရာလျှင် သေနတ်ကိုင်ဆောင်သူ ၈၉ ဦးရှိပြီး လက်နက် ကြောင့် လူသေဆုံးမှုဟာ လူဦးရေ တစ်သိန်းပေါ် အခြေခံပြီး တွက်ချက်မှုအရ ၅ ဒသမ ၃ ရာခိုင် နှုန်း ရှိပါတယ်။ ဒါ့အပြင် အမေရိကန် နိုင်ငံသားတွေဟာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လက်နက် ကိုင်ဆောင်သူ စုစု ပေါင်း ရဲ့ ၄၂ ရာခိုင်နှုန်း ရှိပါတယ်။

From: မြ၀တီ 

မန္တလေး ဘူတာကြီးတွင် အထက်တန်း အိပ်စင်တွဲတစ်တွဲ မီးလောင်မှု ဖြစ်ပွား

Posted by drmyochit Monday, April 22, 2013, under | No comments


 မန္တလေး ဧပြီ  ၂၁

မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ မန္တလေး ဘူ တာကြီး ဘူတာရုံ သံလမ်းအမှတ် (၁ဝ)တွင် ရပ်နား ထားသော ရထားတွဲ အမှတ် BNUEZ-12665 အ ထက် တန်း အိပ်စင် ရထား တွဲဆိုင်းသည် ယနေ့ ညနေ ၄ နာရီ ၁ဝ မိနစ်တွင်  မီးလောင်မှု ဖြစ်ပွား ခဲ့ပြီး ညနေ ၄ နာရီ ၂၅ မိနစ်တွင် မီးငြှိမ်း သတ်နိုင် ခဲ့ကြောင်း သိရ သည်။

အဆိုပါ  မီးလောင်မှု ဖြစ်ပွားရာ  ရထားတွဲနေရာသို့  မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၃၅ စီး၊ သန္ဓေမီး သတ် တပ်ဖွဲ့ဝင် ၃၈ ဦးနှင့် အရန်မီး သတ်တပ်ဖွဲ့ဝင် ၁၅၅ ဦးတို့ဖြင့် မီး ငြှိမ်းသတ် ခဲ့ကြပြီး မီးလောင်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိမှု၊ သေဆုံးမှု မရှိကြောင်း သိရသည်။           

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်း၊ အထက်မြန်မာပြည် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်၊ တိုင်းမီး သတ် ဦးစီးမှူး ဦးကျော်တိုး နှင့်အဖွဲ့ ရောက်ရှိခဲ့ပြီး မီးလောင်ကျွမ်း ရခြင်း၏ အကြောင်းအရင်းကို စုံစမ်း စစ်ဆေး လျက် ရှိကြောင်း  သတင်း ရရှိသည်။

From: မြ၀တီ

Boston အပြင် အခြားတိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်ရှိခဲ့ပုံရ

Posted by drmyochit Monday, April 22, 2013, under | No comments


ဘော်စတွန် မာရသွန် ဗုံးခွဲမှု လုပ်တယ်လို့ သံသယ ရှိသူ ညီအစ်ကို ၂ ယောက် ဟာ နောက်ထပ် တိုက်ခိုက် မှုတွေ လုပ်ဖို့လည်း စီစဉ် ခဲ့ကြ တယ်လို့ စုံစမ်း စစ်ဆေး သူတွေက ယုံကြည်ကြောင်း ထိပ်တန်းရဲ အရာရှိ တယောက်က ပြောလိုက် ပါတယ်။ Tsarnaev ညီအစ်ကိုနဲ့ ရဲတွေကြား သောကြာနေ့က အပြန်အလှန် ပစ်ခတ် ခဲ့ကြပြီး နောက် မှာ ဖွက်ထားတဲ့ အိမ် လုပ်ဖောက် ခွဲရေး ပစ္စည်း တွေကို အာဏာ ပိုင်တွေ ရှာတွေ့ ခဲ့တယ် လို့ ဘော်စတွန်မြို့ ရဲမှူးကြီး Ed Davis က CBS ရုပ်သံရဲ့ တနင်္ဂနွေနေ့ Face the Nation အစီအစဉ် မှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊

အခင်းဖြစ်တဲ့နေရာမှာ မပေါက်ကွဲသေးတဲ့ဗုံးတွေနဲ့ ပြန့်ကြဲနေခဲ့ပြီး Tsarnaev ညီအစ်ကို ခိုးသွားတယ်ဆိုတဲ့ ကား ထဲမှာ အိမ်လုပ်ဖောက်ခွဲရေးပစ္စည်း တခုကို ရဲကရှာတွေ့တယ်လို့ ရဲမှူးကြီးကပြောပါတယ်။ အပြန် အလှန် ပစ်ခတ် ခဲ့မှုအတွင်း အသက် ၂၆ နှစ်အရွယ် Tamerlan သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းကတော့ သူ့ညီ Dzhokhar ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ တနင်္ဂနွေနေ့နှောင်းပိုင်းမှာ သူ့ကို ဖမ်းမိခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် Dzhokhar ဟာ ပြင်းထန်တဲ့ဒဏ်ရာနဲ့ ဆေးကုသခံနေရဆဲဖြစ်ပါတယ်။ ဒဏ်ရာ နဲ့ ဆေး အရှိန် တွေကြောင့် လောလောဆယ် စကားပြောနိုင်တဲ့ အခြေအနေမှာ မရှိသေးပါဘူး။ သူ့ကုတ်ပိုးနဲ့ လည်ပင်းတဝိုက်မှာ သေနတ် ဒဏ်ရာ တခု ရထားတယ်လို့ ဘော်စတွန်မြို့တော်ဝန် Thomas Menino က ABC ရုပ်သံကိုပြောခဲ့ပါတယ်။

ဒီဒဏ်ရာဟာ သူ့ဖာသာသူလုပ်လို့ရတဲ့ ဒဏ်ရာဖြစ်ကောင်းဖြစ်မယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါ တယ်။ Dzhokhar Tsarnaev ရဲ့ အခြေအနေတိုးတက်လာရင် မေးမြန်းစစ်ဆေးဖို့ FBI အကြမ်း ဖက်မှု တန်ပြန်ရေး အထူး ကျွမ်းကျင်သူ တယောက်က အသင့် ရှိနေ ပါတယ်။
 
From...ဗွီအိုအေ

နိုင်ငံတော်သမ္မတ ၏ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ချက်များအား လမ်းလျှောက်ထောက်ခံခဲ့ကြ

Posted by drmyochit Monday, April 22, 2013, under | No comments


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်ချက် များကို ပြည်ထောင်စု ငြိမ်း ချမ်းရေး လှုပ်ရှားမှု အဖွဲ့က ဧပြီ(၂၁)ရက်နေ့၊ နံနက်(၈)နာရီတွင် လမ်းလျှောက် ဆန္ဒ ဖော်ထုတ်ပြီး ထောက်ခံ ခဲ့ကြကြောင်း သိရပါ သည်။ 

အဆိုပါ ပြည်ထောင်စု ငြိမ်းချမ်းရေး လှုပ်ရှားမှု အဖွဲ့ သည် လူအင်အား (၆၀) ခန့် ရှိပြီး စမ်းချောင်းမြို့ နယ်၊ ရတနာပုံ ရုပ်ရှင်ရုံ ဟောင်း ရှေ့မှ ကမာရွတ် မြို့နယ် တံတားဖြူ မှတ်တိုင် အထိ နိုင်ငံတော် သမ္မတ ကို ထောက်ခံ သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး(၁)နာရီခွဲကြာအောင် လမ်းလျှောက် ခဲ့ကြကြောင်း သိရပါ သည်။ "သမ္မတ ကြီးရဲ့ လုပ်ဆောင် ချက်ကို ထောက်ခံပွဲ ပြုလုပ် ခြင်းက တခြား ရည်ရွယ်ချက် မရှိ ပါဘူး၊ နိုင်ငံတော် တည်ငြိမ် အေးချမ်း စေဖို့ မြစ်ဆုံ စီမံကိန်း ရပ်၊ စစ်ပွဲတွေ ရပ်တန့်ခိုင်း တဲ့ သမ္မတရဲ့ လုပ်ဆောင် ချက်ကို အသိ အမှတ် ပြုတဲ့ အနေနဲ့ လမ်းလျှောက် ဆန္ဒ ဖော် ထုတ်တာ ပါ၊ ကျွန်တော်တို့ ဒီလို လမ်းလျှောက် ရခြင်းဟာ လူတိုင်း  လူတိုင်းရဲ့ ရင်ထဲမှာ ငြိမ်းချမ်းရေး အမှန် တကယ် ရှိဖို့ အတွက် ရည် ရွယ် ပါတယ်”ဟု လမ်းလျှောက်ပွဲ ဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့ သည့် ပြည်ထောင် စုငြိမ်းချမ်းရေး လှုပ်ရှားမှု အဖွဲ့မှ ဦးမိုးကျော်သန့် က ပြောကြား ခဲ့ပါသည်။

From:The Voice

၂ ဦး သေဆုံးတဲ့ ပုသိမ်ယာဉ်တိုက်မှု နောက်ဆက်တွဲ

Posted by drmyochit Monday, April 22, 2013, under | No comments




ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ လူ ၂ ယောက် ပွဲချင်းပြီး သေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုတခု ဧပြီလ ၄ ရက်နေ့က ပုသိမ် - ချောင်းသာလမ်းမှာ ဖြစ်ပွားခဲ့ပါတယ်။  

မြို့ပြင်ဘက်က ကား သမား သက်ပိုင် မောင်းနှင်လာတဲ့ ကုန်တင် ၁၀ ဘီး ကားကြီးက ပုသိမ်မြို့ ဘက် ကနေ မောင်း လာတဲ့ လော်ဂျား ဆိုင်ကယ်ကို ၀င်တိုက်ခဲ့ရာမှာ ဆိုင်ကယ်ပေါ်မှာပါလာတဲ့ တိုင်းဒေသကြီး အား ကစားနဲ့ ကာယ ပညာ ဦးစီး ဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်နဲ့ ဌာနခွဲစာရေး ဦးမောင် မောင်ဌေးတို့ ဒဏ်ရာအပြင်းအထန်ရပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ကား သမား သက်ပိုင်ဟာ ယာဉ်တိုက်မှုဖြစ်ပြီးတာနဲ့ ကားကိုထားခဲ့ပြီး ချက်ခြင်း တိမ်းရှောင်သွားခဲ့တယ်လို့ သိရပါ တယ်။

“ကားသမားက ထွက်ပြေးတိမ်းရှောင်နေဆဲပါပဲ။ အဲဒီအမှုကို ကျနော်တို့စခန်းက အမှုစစ် ဒုရဲအုပ် ထွန်းထွန်း စိုးက လက်ခံစစ်ဆေး ဆောင်ရွက်နေပါတယ်” လို့ ပုသိမ်မြို့ အမှတ် ၂ ရဲစခန်း မှုခင်းဌာနမှ တပ်ကြပ်ကြီး မြင့် လွင်က ဧရာဝတီကိုပြောပါတယ်။

ဦးမောင်မောင်ဌေးရဲ့သားဖြစ်သူ ကိုမြတ်ခိုင်က အခုလိုပြောပါတယ်။

“ကျနော့်အဖေဆိုတာ မြင်ရက်စရာတောင် မရှိဘူး။ ဆိုင်ကယ်ဆိုတာလည်း တစစီကြေမွနေတာပဲ။ ကားက တော့ မောင်းလာတာ အရှိန်ပြင်း လွန်းလို့ ပေ ၁၀၀ လောက်က အပင်ကို ခေါင်းနဲ့ ၀င်ဆောင့်ပြီးမှ ရပ်သွား တယ်”လို့ သူက ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်တဲ့ ကားက ယူဒီကောင်တာ ကုန်တင်ယာဉ်အမျိုးအစားဖြစ်ပြီး ကားနံပါတ်က ၅က/၉၂၈၅ ဖြစ်ပါ တယ်။ ယာဉ်ပိုင်ရှင်ကတော့ ကန်ကြီးထောင့်မြို့က ဦးမြင့်အောင်ရှိန် ဖြစ်ကြောင်း သိရပါတယ်။

စကားဝါလမ်း၊ အမှတ် (၃) ရပ်ကွက်၊ ပုသိမ်မြို့မှာနေတဲ့ ယာဉ်မောင်း သက်ပိုင်ကို ဖမ်းဆီးပေးဖို့ တိုင်းဒေသကြီး အား/ကာဌာနက ရဲစခန်းကို တောင်းဆိုခဲ့ကြောင်း တိုင်းအား/ကာဌာနက ပြောပါတယ်။

“ခင်ဗျားတို့ တရားခံကိုမဖမ်းဘူးလားလို့ ကျနော်တို့စခန်းမှူးကို မေးတော့ အုံနာ (ယာဉ်ပိုင်ရှင်) အနေနဲ့ တရားခံဖြစ်တဲ့ သူ့ယာဉ်မောင်းကိုဖမ်းပြီးတော့ စခန်းကိုခေါ်လာအပ်ပေးဖို့ ပြောထားတယ်လို့ စခန်းမှူးက ပြန်ဖြေတယ်။ လူ ၂ ယောက်သေအောင် တိုက်သတ်ခဲ့တဲ့ ကားသမားကို ရဲက ဖမ်းဖို့ မလုပ်ဘဲနဲ့ အုံနာကိုပဲ တာဝန်ပေးတဲ့သဘော ဖြစ်နေတယ်။ တရားခံကိုဖမ်းဖို့ ရဲမှာ တာဝန်မရှိဘူးလား။ ဒါပဲ ကျနော်မေးချင်တယ်” လို့ လပွတ္တာခရိုင် အား/ကာ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းသန်းက ပြောပါတယ်။

အဲဒီအမှုကို ပုသိမ်မြို့ အမှတ် ၂ ရဲစခန်းက ပြစ်မှုအမှတ် ၉/၂၀၁၃၊ ဥပဒေပုဒ်မ ၃၀၄ (က) နဲ့ ရဲက တရား လိုပြု လုပ်ပြီး အမှုဖွင့်ထားကြောင်း သိရပါတယ်။

တိုက်သွား တဲ့ ကားကို မိထားသလို ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းရဲ့ အမည်၊ နေရပ်လိပ်စာတွေ အပြည့် အစုံ ရရှိ ထား ပေမယ့် ဒီကနေ့အထိ တရားခံ မဖမ်းမိနိုင် ဖြစ်နေတဲ့အပေါ်မှာ သေဆုံး သူရဲ့ မိသားစု ၀င်တွေ အပါအ၀င် တိုင်းဒေသကြီး အား/ကာဌာနက ၀န်ထမ်းတွေကပါ မကျေမနပ် ဖြစ်နေကြပါတယ်။

“အစိုးရ၀န်ထမ်းတယောက်က တာဝန်ထမ်းဆောင်နေတဲ့အချိန် သေဆုံးရတာကို ပေါ့ပေါ့တန်တန်နဲ့ တရား ခံကို ဖမ်းဆီးအရေးယူပေးခြင်း မရှိဘဲ အရေးမစိုက်တဲ့ပုံစံ လုပ်နေတဲ့အပေါ်မှာ ကျမတို့ အရမ်း ၀မ်းနည်း ရပါတယ်။ ကျမတို့မှာ လူလည်းဆုံးရှုံး၊ ဆိုင်ကယ်လည်း ဆုံးရှုံးနဲ့ နစ်နာဆုံးရှုံးမှုက ပြောမပြနိုင်အောင်ပါပဲ” လို့ ဦးမောင် မောင်ဌေးရဲ့ ဇနီးဖြစ်သူ ဒေါ်အေးအေးမော်က ပြောပါတယ်။

ဆလိုင်းသန့်စင် ~
ဧရာဝတီ 

သမီးရည်းစားစုံတွဲ စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖမ်းမိ

Posted by drmyochit Monday, April 22, 2013, under | No comments


မန္တလေး ကန်တော်ကြီး သဘာဝ ဥယျာဉ် ရှေ့ တွင် ဧပြီ ၁၇ ရက် မြန်မာ နှစ်ဆန်း တရက် ည ၉ နာရီ ကျော်ခန့် က သမီး ရည်းစား စုံတွဲ စကား များ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွား ခဲ့ရာ ယင်း တရား ခံကို ဧပြီလ ၁၈ ရက်နေ့ ညနေ ၃ နာရီခန့်က ပြင်ဦး လွင်မြို့တွင် ဖမ်းဆီး ရမိ ခဲ့ ကြောင်း သိရသည်။

အဆိုပါ သမီး ရည်းစား စုံတွဲ တွင် သေဆုံးသူ အမျိုး သမီးမှာ ချမ်းမြ သာ စည်မြို့နယ် တွင် နေထိုင်သူ ဖြစ်ပြီး တရားခံမှာ မဟာ အောင်မြေ မြို့နယ်မှ ဖြစ်ကာ နှစ်ဦင်္း စလုံးမှာ အသက် ၂၀ကျော် ဝန်း ကျင်သာ ရှိသေး ကြောင်း၊ သမီးရည်းစား စုံတွဲ သဘာဝ အလျောက် ချိန်းတွေ့ ရာမှ စကားများ ရန်ဖြစ်ပြီး အမျိုးသားမှ ၎င်း၏ အဖော်ကို ဖိနပ်ချု ပ်ရာတွင် အသုံးပြုသည့် အရှည် တမိုက်ခန့် ရှိသည့် ဓါးဖြင့် လက်မောင်းနှင့် မေးစေ့ ကို မွှန်းခဲ့ပြီး နောက်ကျောနှင့် လည်ပင်းနေရာသို့ အဆိုပါဓါးဖြင့် နေရာတွင်ပင် ထိုးသတ် ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး အမှတ်၁၀ ရဲစခန်း နယ်ထိန်း ဒုရဲအုပ် စိုးသိန်းက ဧရာဝတီ သို့ပြော သည်။

“ အခင်းဖြစ်တဲ့နေရာနားက နည်းနည်းမှောင်တယ်၊ လာတဲ့စုံတွဲတွေကို လုံခြုံရေးအရ မသွားမလာဖို့ ရှင်းပေ မဲ့ ရဲကို တောင်ပြန်ခံပြောတာတွေရှိတော့ လုပ်ရကိုင်ရတာတွေ ခက်တာရှိတယ်။ဒီအမှုကတော့ လက် ရှိနှစ်ပိုင်း မှာ ပထမဆုံးပဲ။ တရားခံကလည်း သူသတ်တယ်ဆိုတာ ဝန်ခံထားပြီးပြီ။”ဟု ဒုရဲအုပ် စိုးသိန်း က ပြော သည်။

လက်ရှိတွင် တရားခံကို လူသတ်မှုပုဒ်မ ၃၀၂၊ ပနံပါတ် ၁၁၈ ဖြင့် အမှတ်၁၀ ရဲစခန်းက အမှုဖွင့်ထားပြီး အရေး ယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာ ပတ်ဝန်းကျင်သည် လူနေ ရပ်ကွက်များနှင့် နီးသော်လည်း ညကိုးနာရီခန့်မှ စတင် ကာ လူပြတ် သွားတတ်ကြောင်း၊ ယင်းနေရာသို့ စုံတွဲများ၊ လူငယ်အုပ်စုများနှင့် မသမာသူအချို့က အများ ဆုံး လှုပ်ရှားသွားလာမှုများ ပြုလုပ်လေ့ရှိကြောင်း ချမ်းမြသာစည်မြို့နယ်နေ ကိုလှိုင်ထက်ကျော်က ဆို သည်။

“ ဖြတ် သွားဖြတ် လာတွေ ရှိပေမဲ့ စုံတွဲတွေ ရန်ဖြစ်တာ မြင်လည်း ကိုယ်နဲ့မဆိုင်တော့ ဝင်ပါလေ့မရှိတာ များ တယ်၊ အဲ့ဘက်က သာမန်လက်လုပ်လက်စား ရပ်ကွက်ဖြစ်တော့ လူတွေအလုပ်သိမ်းချိန်ကျော်ရင် လူမရှိသ လောက်ပြတ်တယ်။” ဟု ၎င်းကပြောပြသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂၀၀၈ခုနှစ်က လူသတ်မှု ၇၈၉ မှုသာရှိခဲ့သော်လည်း ၂၀၁၂ခုနှစ်တွင် ၁၃၁၂မှု ဖြစ်ပွား ခဲ့ပြီး အမှုကြီး ၁၀မျိုး ဖြစ်သည့် လူသတ်မှု၊ ဓါးပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိမ်းမှုစသည့် အမှု အခင်း ဖြစ်ပွား မှုမှာ ၂၀၀၈ ခုနှစ်တွင် အမှုပေါင်း ၁၄၈၄မှု ရှိခဲ့ပြီး ၂၀၁၂ နှစ်တွင်မှု ၂၃၁၈မှုထိ မှုခင်းဖြစ် ပွားမှုရှိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝက်ဆိုက်ဘ်တွင် ဖော်ပြထားသည့် စာရင်းအရသိရသည်။

မေစစ်ပိုင်
ဧရာဝတီ

အမရပူရမြို့နယ် လင်းဇင်းကုန်း သုဿာန်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူဘေးတွင် အယုဒ္ဓယကျေးရွာ တည်ဆောက်ရန် အစီအစဉ်ရှိဟုသိရ

Posted by drmyochit Monday, April 22, 2013, under | No comments


ပြန်လည်တူးဖော်မှုများ ပြုလုပ်လျက်ရှိသော ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူအား တွေ့ရစဉ်

မန္တလေး တိုင်းဒေ သကြီး အမရ ပူရ မြို့နယ် ဆင်စွယ် ပွတ်တန်း ရပ်ကွက်အတွင်းရှိ ထိုင်းဘုရင်ဟောင်း၏ အုတ်ဂူ ဘေး တွင် အယုဒ္ဓယ ကျေးရွာ တည်ဆောက် ရန် အစီ အစဉ် ရှိကြောင်း သုတေ သန ပြုလုပ်နေ သည့် အဖွဲ့ ထံမှ သိရ သည်။

ဧပြီလ ၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ တစ်ခုတွင် ထိုသို့အယုဒ္ဓယ ကျေးရွာ တည်ဆောက် သွားရန် စီစဉ်ခဲ့ကြကြောင်းကို ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြ ထားချက် အရ သိရ သည်။

ထိုင်း ဘုရင်ဟောင်း ဒေါက်မဒူဝါ၏ အုတ်ဂူဖြစ်ကြောင်း အထောက်အထား အခိုင်အမာရရှိရန် ထိုင်းနိုင်ငံ Thai Design Comso rtuin Co.Ltd မှ အဖွဲ့ခေါင်းဆောင် Vichit Chinalai၊ ဗိသုကာ အင်ဂျင်နီယာ Noon အပါအ၀င် ထိုင်းနိုင်ငံသား ခုနှစ်ဦးနှင့် ထိုင်းရှေးဟောင်း သုတေသန ပညာရှင်များ ပါဝင်သော တူးဖော်ရေးအဖွဲ့နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့် တိုက် ဦးစီးဌာန (မန္တလေးဌာခွဲ)မှ မြန်မာပညာရှင်များ ပါဝင်ကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်၍ ရှာဖွေတူးဖော်မှုများ ဆောင်ရွက်ခဲ့ရာ မတ်လ ၁၃ ရက်နေ့က အုတ်ဂူအတွင်းမှ မှန်ပန်းချီ၊ အရိုးအိုး နှင့် အထောက်အထားအချို့ တွေ့ရှိခဲ့ပြီး ဆက်လက် ရှာဖွေမှုများ ပြုလုပ်ခဲ့ရာတွင် ထူးခြားသော (Site plan) ကုန်း တစ်ကုန်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အုတ်ဂူတူးဖော်မှုတွင် ပထမအဆင့် ပြီးဆုံးသွားပါက ဒုတိယအဆင့် ပြန်လည်စတင်သည့် အချိန်တွင် ထိုင်းဘု ရင်၏ အုတ်ဂူဘေး၌ အယုဒ္ဓယ ကျေးရွာ တည်ဆောက်သွားရန်အတွက် နှစ်နိုင်ငံ အစိုးရ အချင်း ချင်း ညှိနှိုင်း မှုများ ပြုလုပ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာ ဗီချစ်ချီနာလိုင်က ပြောဆိုခဲ့သည်။

ထိုင်း ဘုရင်ဟောင်း၏ အုတ်ဂူ တူးဖော် မှုများ ကို သင်္ကြန် ကာလ အတွင်း ရပ်နား ထားခဲ့ပြီး ဧပြီ လကုန် တွင် တူးဖော် မှုများကို ဆက်လက်လုပ် ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ 

From: Eleven 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်