Wednesday, October 09, 2013

ရင်သားကင်ဆာ ကုသနည်း

Posted by drmyochit Wednesday, October 09, 2013, under | No comments


ရင်သားကင်ဆာဟာ စောစီးစွာကုသလျှင် ပျောက်ကင်းနိုင်ပေမယ့် ကုသမှုနောက်ကျတဲ့အခါ၊ ကင်ဆာကျိတ်မကင်းစင်တဲ့အခါ ပြန်ဖြစ် တတ်ပါတယ်။ ပြန်ဖြစ်တယ်ဆိုတာ နှင့် မူလကထက် ပိုမိုပျံ့နှံ့လေ့ရှိပါ တယ်။

ကင်ဆာပျံ့တတ်သည့် နေရာများ – အဆုတ်၊ ရင်ခေါင်း၊ အသည်း၊ သငန် ရည်ကျိတ်၊ အရိုး၊ ဦးနှောက်တို့ကို ပျံ့တတ်ပါတယ်။ အခြားရင်သားတစ်ဖက်ကို ကူးတတ်သလို ဝေးဝေး လံလံလည်း ပျံ့တတ်ပါတယ်။
ကုသရန်ချည်းကပ်ပုံ – ရင်သားကင်ဆာ ပျံ့နှံ့မှုကို ကုသတဲ့အခါ ကင်ဆာ ပျံ့နှံ့မှုအဆင့်၊ ကင်ဆာ အမျိုးအစား၊ ကင်ဆာကနဦး ဖြစ်ခဲ့သည့်အချိန်၊ ကုသခဲ့သည့်နည်းလမ်းများ၊ ကင်ဆာရောဂါအပြင် အခြားရောဂါများ ရှိမရှိ ကိုမူတည်ပြီး ကုသမှုနည်းလမ်းထပ်မံရွေးချယ်ရပါတယ်။
ကုသမှုအောင်မြင်သည့် အချက်များ – အနီးအနားများသို့သာ ပျံ့နေလျှင်၊ ကင်ဆာဆဲလ်များ၌ အီစထရိုဂျင်နှင့် ပရိုဂျက်စတီရုန်းဟော်မုန်းလက်ခံ ပစ္စည်း(receptor)ရှိထားလျှင်၊ ဟော်မုန်းကုထုံးနှင့် ဓာတု ကုထုံးများ ထိရောက်လျှင်၊ ယခင်ကင်ဆာဖြစ်စဉ်က ကုသမှုနည်းပေါင်းစုံမသုံးထား လျှင်နောက်တစ်ကြိမ် ထပ်မံကုသတဲ့ အခါ ပျောက်ကင်းနိုင်ပါတယ်။

ကုသမှုနည်းလမ်းများ – ခန္ဓာကိုယ် တစ်ခုလုံး ပျံ့နှံ့နေသည့် ကင်ဆာဆဲလ်များကို ဦးတည်ကုသရန် ဓာတုကုထုံး၊ ဟော်မုန်းကုထုံးအသုံးပြုနိုင်သည်။ နေရာအနည်းငယ် ပျံ့နှံ့နေပါကဆိုင် ရာအစိတ်အပိုင်း အလိုက်ဓာတ် ရောင်ခြည်ပေး၍ ကုသနိုင်သည်။ ထိုအတောအတွင်း နာကျင်မှုသက်သာစေရန် ဆေးဝါး များဖြင့် ကုသနိုင် သည်။
သီဟ
Source: health central
By Health Updates

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်