Tuesday, September 03, 2013

ကန်ထရိုက်တိုက် ၁၀၀၀ ကျော် စည်ပင်က တရားစွဲထား

Posted by drmyochit Tuesday, September 03, 2013, under | No comments


ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုကို တွရေ့စဉ်။ ဓာတ်ပုံ - ရဲနောင် (ဖယ်ခုံ) /ရန်ကုန်တိုင်းမ်

ရန်ကုန် ၊ စက်တင်ဘာ ၂ ။       ။ စည်ပင်မှ တရားစွဲဆို ထားသော တရားမဝင် ကန်ထရိုက်တိုက် အလုံး ၁ဝဝဝ ကျော်အား ခွင့်ပြုမိန့် ရရှိအောင် မဆောင်ရွက် ပါက ဖြိုဖျက် ပေးရမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက် အအုံ (အင်ဂျင် နီယာ) ဌာနမှ သိရသည်။ တရားမဝင် ဆောက်လုပ် ထားသော ကန်ထရိုက် တိုက်များ ဒဏ်ကြေးဆောင်၍ ပါမစ်ကျသည် အထိ ဆောင်ရွက်ရန် သို့မဟုတ် ဖြိုဖျက် ပေးရန်၊ မလုပ်ဆောင် ပေးပါက အဆိုပါ မြေရှင်/ အိမ်ရှင် များအား တရား စွဲဆို ထားသည်ကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အဆောက် အအုံ (အင် ဂျင်နီယာ) ဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

အဆောက် အအုံ(အင်ဂျင်နီယာ)ဌာနမှ တာဝန်ရှိသူ တစ်ဦး က ''တရားစွဲ ထားတဲ့ တိုက်တွေကို ဖြိုပေး နိုင်ရင်ဖြိုပေး မဖြိုချင်ရင် ပါမစ် ကျအောင် ကျွန်တော်တို့ဆီ မှာ ဒဏ်ကြေးတွေ လာဆောင်ပါ။ ဒါမှ မဟုတ်ရင် တရား ဆက်စွဲ ထားမှာပါ''ဟု ပြောသည်။ ယခုကဲ့သို့ တရား စွဲဆို ခံရသူ များသည် မြေရှင်/ အိမ်ရှင်များ သာဖြစ်ပြီး ကန်ထရိုက်များ အနေဖြင့် ရရှိသော တိုက်ခန်း များကို  ရောင်းချ ထွက်သွား သောကြောင့် အမှန် တကယ် နစ်နာသူ များသည် အိမ်ရှင်/ မြေရှင်များ သာဖြစ် ရ ကြောင်း အဆောက်အအုံ (အင်ဂျင်နီယာ)ဌာနမှ တာဝန် ရှိသူက ပြောသည်။

ယင်းကဲ့သို့ မြေရှင်များသာ တရား စွဲခံ နေရခြင်းသည် တရား ဥပေဒကြောင်းအရ ဆောက်လုပ် ခွင့်ပေးသည့် သူဆီ မှာသာ တာ ဝန်ရှိကြောင်း၊ လိုင်စင်မဲ့ ကန်ထရိုက်တာ များကို အိမ်ရှင်များ အနေဖြင့် သိရှိပြီး မြို့တော် စည်ပင် ဌာမှ အရေးယူ ဆောင်ရွက် ပေး နိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ တစ်ဦးက ပြောသည်။ ယင်း တရား လွှတ်တော် ရှေ့နေက ''ဥပဒေမှာ ကတော့ ခွင့်ပြုတဲ့သူ မှာပဲ တာဝန် ရှိတယ်။ ဒါပေမဲ့ နစ်နာသူတွေ ကလဲ မြေရှင် တွေပဲဖြစ်နေတာ သူတို့တွေရဲ့ နားလည် မှု နည်းပါးတဲ့ အတွက်ပါ။ ကိုယ်ဆောက်မယ့် ကန်ထ ရိုက်က လိုင်စင် ရှိလား မရှိလား လေ့လာ။ မရှိဘဲ အငှား လိုင်စင်နဲ့ ဆောက်တဲ့ ကန်ထရိုက်ဆို စည်ပင် က အရေးယူ ပေးမယ်။ အဲဒီနည်း နဲ့တော့ ဆောင်ရွက် နိုင်တယ်။ ဆောက်တဲ့ သူတွေက တော့ အောက်ခြေက တာဝန် ရှိသူ တွေနဲ့ပေါင်းပြီး လုပ်သွားတော့ နောက်ဆုံး နစ်နာသူ တွေက မြေရှင် တွေပဲလေ''ဟု သုံးသပ် ပြောဆိုသည်။

ရန်ကုန်တွင် တရားမဝင် ဆောက်လုပ် ထားသော ကန်ထ ရိုက်တိုက်ပေါင်း ၁ဝဝဝ ကျော်ရှိ နေပြီး သင်ဃန်းကျွန်း မြို့နယ်တွင် အများဆုံး ဖြစ်ကာ လှိုင်နှင့် မရမ်း ကုန်းမြို့နယ် တို့တွင်လည်း အများ ဆုံး ရှိနေကြောင်း ဆက်လက်ပြောသည်။ ယင်းနှင့် ပတ်သက်ပြီး ပြည်တွင်း ဆောက်လုပ်ရေး ကန်ထရိုက် လုပ်ကိုင် နေသူ တစ်ဦးက ''တချို့ ဟာက နားလည်မှု တွေနဲ့ဆောက် နေရင်းက ပြဿနာ ဖြစ်လာတာ တွေလဲ တွေ့ရ ပါတယ်။ တချို့ ကျတော့ ဆောက်နေရင်း မှာပဲ ဂရန် ကိစ္စတွေ၊ ပိုင်ဆိုင်မှု အရှုပ် အရှင်း ကိစ္စတွေပေါ်ရင်းနဲ့ စည်ပင်ကနေ တားမြစ် ထားတာတွေလဲ ရှိပါ တယ်။ တချို့ကလဲ တရားစွဲရင်း ဆက်ဆောက်တဲ့လူ ရှိသလို အဲဒီ လူတွေကြောင့်လဲ နောက်လူတွေ က ဆက်ဆောက်ရင်းနဲ့ အဲဒီလို တွေဖြစ်တာ နေမှာပါ''  ဟု သုံးသပ် ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး အဆောက်အအုံ (အင်ဂျင်နီယာ) ဌာနတွင် တရား ဝင် ပါမစ် လာရောက် လျှောက်ထားမှု များကို ပြုလုပ် ပေးနေပြီး ချပေး လိုက်သည့် ပါမစ် များသည် အရည် အျသွး ခိုင်ခန့် မှုနှင့် သက်ဆိုင်မှု မရှိကြောင်း သိရ သည်။ အဆိုပါ စည်ပင်မှ တရားစွဲဆို ခံထားရသော ကန်ထရိုက် တိုက်များတွင် ပါမစ် ကျပြီးမှ ဆောက်လုပ်သော ကန်ထရိုက် တိုက်များ မပါကြောင်း ဟန်သာထွန်း ဆောက် လုပ်ရေး ကုမ္ပဏီမှ တာဝန် ရှိသူ တစ် ဦးက ပြောသည်။

ယင်းက ''ဟုတ်တယ်။ တရား စွဲမယ် ဆိုတာတော့ ကြားပါတယ်။ ကျွန်တော် တို့က ဆောက်လုပ်တဲ့ တိုက်တိုင်းကို ပါမစ်အရင် လျှောက်ပြီး ကျမှ ဆောက်တာပါ။ အရည် အသွေး ကိုလဲ သတ်မှတ်တဲ့ အတိုင်း ဆောက်လုပ်တဲ့ အတွက် သိပ်တော့ စိုးရိမ် စရာ မရှိပါဘူး''ဟု ပြောသည်။ သင်ဃန်းကျွန်းမြို့နယ်နေ ကန်ထရိုက် ပေးထားသူ တစ်ဦးက ''ကျွန်မတို့ လမ်းမှာ ပါမစ်မဲ့ ဆောက်ထားတဲ့ တိုက်တွေ အများကြီးပဲ။ အရေးယူတယ် ဆိုတော့ ကောင်းသွားတယ်။ လောလောဆယ်မှာ တော့ အိမ်ရှင် တွေ က နစ်နာတာ ပေါ့။ ဖြိုပေးဖို့တော့ အဆင်ပြေ နိုင်ဘူး ထင်တယ်။ ပါမစ် ကျအောင်ပဲ ဆက်လုပ် ရတော့ မှာပေါ့''ဟု ပြောသည်။

လက်ရှိတွင် တရားမဝင် ကန်ထရိုက် တိုက်ဆောက်လုပ်မှု အများဆုံး ဖြစ်သော သင်ဃန်းကျွန်း မြို့နယ်၌ ယင်းကဲ့သို့ တရားမဝင် ဆောက်လုပ်မှု များနှင့် ပတ်သက်၍ အသိ ပညာပေး ဟောပြောပွဲ များကို သက်ဆိုင်ရာ တာဝန် ရှိသူ များက စက်တင်ဘာ ပထမပတ်တွင် ကျင်းပ သွားရန် ရှိသည်။

ဝေဝေနှင်း
Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်