Tuesday, September 03, 2013

သားရဲ့ ခြေဖ၀ါးကို ဓားဖြင့်ခွဲပြီး ဆားသိပ်သည်ဟု ဖခင်ကို အမှုဖွင့်

Posted by drmyochit Tuesday, September 03, 2013, under | No comments

သားဖြစ်သူ ကလေးငယ်၏ ခြေဖ၀ါးကို ဓားဖြင့်ခွဲပြီး ဆားသိပ်ခဲ့သည်ဟုဆိုကာ ဖခင်ဖြစ်သူကို အရေးယူပေးရန် တိုင်ကြားမှု တစ်ခုကို ရွှေပြည်သာရဲစခန်း၌ စက်တင်ဘာ ၁ ရက်တွင် အမှုဖွင့်ထားကြောင်း
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက သတင်းထုတ်ပြန်သည်။

ကာယကံရှင် ကလေးမှာ အသက် ၁၁ နှစ်အရွယ်သာရှိသေးပြီး သူက သြဂုတ် ၃၁ ရက်တွင် အဖွားဖြစ်သူ ထံ သွားရောက် တိုင်တန်းရာမှ ထိုအမှု စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။
ကလေးငယ်သည် ရပ်ကွက်အတွင်းရှိ ရေကန်ထဲရေးဆင်းကူးသဖြင့် ဖခင်ဖြစ်သူက ခြေဖ၀ါးနှစ်ဖက်ကို ဓားနှင့်လှီးပြီး ဆားသိပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ကလေးငယ်၏ အဖွားက ရဲစခန်း၌တိုင်တန်းရာတွင် ထွက်ဆိုခဲ့သည်။

ထိုသို့ပြုလုပ်သည်ကိုအနီးတွင်ရှိနေသော မိထွေးဖြစ်သူလည်းတွေ့မြင်ခဲ့ကြောင်းလည်း ကလေး၏ အဖွားက စွပ်စွဲပြောဆိုထားသေးသည်။

ကလေး၏ ခြေဖ၀ါးနှစ်ဖက်တွင်ရရှိထားသော ဓားဒဏ်ရာ တစ်ချက်စီကိုလည်း ဆေးကုသပေးပြီးဖြစ်ကြောင်း အဖွားဖြစ်သူက ရဲကိုပြောကြားထားသည်။

ကလေး၏ဖခင်ဖြစ်သူမှာ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကာ ရွှေပြည်သာမြို့နယ် အတွင်းရှိ သံလမ်းဘေးတွင် နေထိုင်သူဖြစ်ကြောင်းလည်း ရဲဌာနကအတည်ပြုထားသည်။
ယခုအမှုကို ရဲစခန်းက အမှုအမှတ် (ပ) ၆၃၈/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံထားရသူကို ဖမ်းဆီးစစ်ဆေး လျက်ရှိကာ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆ ဖြင့် တရားစွဲဆိုမည်ဟု ရန်ကုန်တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။

Source : Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်