Tuesday, September 03, 2013

ထာဝရနုပျိုသော အသက် ၄၂ နှစ်အရွယ် ကလေး ၂ ယောက်အမေ

Posted by drmyochit Tuesday, September 03, 2013, under | No comments

 ပြောရင်တောင် ယုံရခက်တဲ့ အနေအထား တစ်ခုပါ။ သို့ပေမ့ယ် ဒါဟာ တကယ် အမှန်တရားတစ်ခု ပဲ ဖြစ်ပါ တယ်။ တောင်ကိုရီးယားနိုင်ငံမှာပါ။ Jung Dayeon လို့အမည်ရတဲ့ အသက် ၄၂ ကျော်ပြီဖြစ်တဲ့ ကလေး ၂ ယောက် မိခင် တစ်ဦးပါ။ ကလေးရပြီးနောက် ဝိတ် က ကီလိုဂရမ် ၇၀ ကျော်အထိတောင် တက်ခဲ့ပါတယ်။ နေရထိုင်ရလည်း အဆင်မပြေဖြစ်လာပြီး ဖျားနာလွယ်တဲ့ လူအိုတစ်ဦးလို ဖြစ်လာပါတယ်။ ဒါနဲ့ တစ်မနက်မှာ အိပ်ယာ ထထခြင်း သူ့စိတ်ခံယူချက်ကို ပြောင်းလဲလိုက်ပါတယ်။ ဝိတ်ကျပြီး သွက်လက်ချက်ချာ ကျန်းမာရေး ကောင်းမွန်သူ တစ်ဦး ဖြစ်လာစေရမယ်လို့ ခံယူချက်ထားလို့ ဝိတ်ချတဲ့ အားကစားကို ဆက်တိုက်ပြုလုပ်ပါတော့တယ်။











၃ လအတွင်း ဝိတ် ၂၀ ကီလိုဂရမ်အထိ ကျဆင်သွားပြီး သူ့ရဲ့  ပြောင်းလဲလိုက်တဲ့ Life Style ကြောင့် ပုံမှာ မြင်တွေ့ ရတဲ့အတိုင်း နုပျိုသွားတာကို မြင်တွေ့ရမှာပါ။ သူ့ကို အသက် ၄၂ နှစ်လို့ပြောရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ တကယ် အသက် ၄၂ နှစ်အရွယ် ဖြစ်ပါတယ်။ ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ် လှပလာမှုနဲ့အတူ ရုပ်ရည်လည်း နုသထက်နုသွားပါတယ်။ ဒါကြောင့် ကြည့်လိုက်ရင် ဆက်ကျော်သက်၊ နှစ်ဆယ်ကျော်သက် အရွယ်လိုပဲ အမှန်တကယ် နုပျိုနေပါတယ်။ ကမ္ဘာအရပ်ရပ်က သတင်းမီဒီယာတို့ လာရောက် အင်တာဗျူး၊ လေ့လာရတဲ့အထိ နာမည်ကြီးသွားပြီး ဝိတ်ချနည်း စာအုပ်၊ အရွယ်တင် လေ့ကျင့်ခန်း အားကစားစာအုပ် အစရှိသဖြင့် အမျိုးမျိုး ရေးသား ထုတ်ဝေ ရာမှာလည်း   အောင်မြင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အားကစားလေ့ကျင့်ရေးခန်းမ ဖွင့်လှစ်သင်ကြားပြီး   အောင်မြင်နေ ပါတယ်။ သူ့ရဲ့  အောင်မြင်မှုက တောင်ကိုရီးယားမှာတင်မကပဲ ဂျပန်နိုင်ငံအထိ ကူးဆက် ခဲ့ပြီး အာရှရဲ့  စံပြ အိမ်ရှင်မ တစ်ဦးအဖြစ် မှတ်တမ်းတင်စေခဲ့ ပါတယ်။ စီးပွားရေးအရလည်း အောင်မြင်တဲ့ လုပ်ငန်းရှင် တစ်ဦး ဖြစ်လာပါတယ်။ အသက် ၄၂ နှစ်အရွယ် တကယ်ရှိပါပြီ။ သူမရဲ့  Facebook Profile Link ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

www.facebook.com/jungdayeon

Aung Kham (International news for myanmar)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်