Thursday, August 22, 2013

ရင်းနှီးကျွမ်းဝင်သူတွေကိုသာ အင်တာဗျူးဖြေပေးတယ်လို့ ဆိုတဲ့ မိုးဟေကို

Posted by drmyochit Thursday, August 22, 2013, under | No comments



သရုပ်ဆောင် မိုးဟေကိုက သူမအနေနဲ့ မီဒီယာတိုင်းကို အင်တာဗျူး ဖြေပေးသူမဟုတ်ပဲ ရင်းနှီးကျွမ်းဝင်သူတွေကိုသာ  တလေးတစား ဖြေဆိုပေးသူဖြစ်ကြောင်း အတိအလင်း ၀န်ခံပြောဆိုလိုက်ပါတယ်။ အနုပညာ လောကမှာ ပရိသတ် စိတ်ဝင်စားခြင်း ခံရသူတွေကို သတင်းမီဒီယာတွေက အသည်းအသန် အင်တာဗျူးဖို့ ကြိုးစားကြတာနဲ့ ပတ်သက်ပြီး မိုးဟေကိုက အခုလို ဖွင့်ပြောလိုက်တာ ဖြစ်ပါတယ်။ သူမနဲ့ မိသားစုကို ခင်မင်ရင်းနှီးတဲ့ ပေါ်ပြူလာ၊ အလင်းတန်းနဲ့ နံနက်ခင်း ဂျာနယ်တွေက လာမေးရင် တလေးတစားနဲ့ သေသေချာချာ ဖြေပေးပါတယ်။ နောက်တစ်ခုက တယ်လီဖုန်းနဲ့ အင်တာဗျူးဆိုရင်လည်း မိုးဟေကိုက ဖြေဆိုလေ့ ရှိသူမဟုတ်ပါဘူး။ ဂျာနယ်အသစ်တွေဆိုရင်တော့ မိုးဟေကိုရဲ့ အင်တာဗျူးကိုရဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အနေအထားပါ။ ဒါကြောင့် မီဒီယာ စာမျက်နှာတွေပေါ်မှာ သူမကို သိပ်ပြီး မတွေ့ရတာပါလို့တောင် မိုးဟေကိုက ဖွင့်ပြောသွားပါတယ်။

မကြာသေးခင်က အိမ်ခြံမြေအရှုပ်အထွေးနဲ့ပတ်သက်ပြီး မိုးဟေကိုရဲ့ သတင်းတွေ ရေပန်းစားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သိပ်မတွေ့ရတော့ပါဘူး။

Friday(Malay)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်