Wednesday, December 12, 2012

မုံရွာမြို့မှ သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်

Posted by drmyochit Wednesday, December 12, 2012, under | 1 comment



မုံရွာ မြို့တွင် ကျောင်းတိုက် အသီးသီးမှ သံဃာတော် များနှင့် ချောင်းဦးမြို့မှ ကြွရောက် လာသော သံဃာ အပါး ၃၀၀ အပါအ၀င် စုစုပေါင်း သံဃာ အပါး ၂၀၀၀ ကျော်သည် ယနေ့မွန်းလွဲ ၁၂ နာရီကျော် တွင် မုံရွာမြို့ ရွှေစည်းခုံစေ တီတော်ရင်ပြင်ပေါ် ၌ စတင်စုဝေးကြွ ချီလာပြီး မွန်းလွဲ ၁ နာရီဝန်း ကျင်မှစ တင်၍ ရွှေစည်း ခုံစေတီတော်မြောက် ဘက်မုခ်မှ စတင်ကာ မုံရွာမြို့ တွင်းသို့ ငြိမ်းချမ်းစွာ ကြွချီ ခဲ့ကြသည်။

ရန်ကုန်မြို့ရှိ သံဃာတော်များ ဆန္ဒထုတ်ဖော်

Posted by drmyochit Wednesday, December 12, 2012, under | No comments




လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် သံဃာတော် အပါး ၁၀၀ ကျော်ခန့်က ဗဟန်းမြို့နယ် ကြေးသွန်းဘုရားအနီးမှ စတင်ပြီး ဆန္ဒထုတ်ဖော်မှုကို ယနေ့ မွန်းလွဲ ၂ နာရီမှ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ သံဃာတော်များအား လူပုဂ္ဂိုလ် များက ၀န်းရံထားပြီး အဆိုပါသံဃာတော်များသည် ဆူးလေဘုရားသို့ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒ ထုတ်ဖော်နေပြီဖြစ်သည်။

မန္တလေးမြို့ရှိ သံဃာတော်များ ဆန္ဒထုတ်ဖော်

Posted by drmyochit Wednesday, December 12, 2012, under | No comments





လက်ပံတောင်းတောင် သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး မန္တလေးမြို့ရှိ သံဃာတော်များ ဆန္ဒထုတ်ဖော်မှုကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆန္ဒထုတ်ဖော် ရာတွင် သံဃာများ၊ လူပုဂ္ဂိုလ်အင်အား ၃၀၀၀ ခန့်ပါဝင်ကြောင်း သိရသည်။

ဆယ်တန်းဖြေမည့် လူငယ်ကို KIA ဟု ဖြောင့်ချက်ယူ ဖမ်းဆီးထား

Posted by drmyochit Wednesday, December 12, 2012, under | No comments


ယခုနှစ် ဆယ်တန်းစာမေးပွဲ ဖြေဆိုမည့် မောင်ဇော်ဆိုင်းအောင် ဆိုသည့် ကချင်လူငယ်အား ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) မှ တပ်ကြပ်ကြီးအဖြစ် ဖြောင့်ချက်ယူကာ ဖမ်းဆီး ချုပ်နှောင် ထားသည် ဟု ထိုလူငယ်၏ မိခင်ဖြစ်သူက ပြောသည်။

လက်ပံတောင်းတောင်အရေးမုံရွာနှုင့် ပြည်မြို့တွင် ၁၂ . ၁၂ . ၂၀၁၂ . ၁၂ နာရီအချိန် ဆန္ဒထုတ်ဖော်စတင်ပြီ

Posted by drmyochit Wednesday, December 12, 2012, under | No comments



မုံရွာသံဃာတွေ ဆန္ဒထုတ်ဖော်ဖို့ ရွှေစည်းခုံဘုရားမှာရောက်ရှိနေဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ မုံရွာမြို့မှာ သံဃာအပါး ၂၀၀ ဟာ လမ်းလျှောက် ကြွချီမေတ္တာ ပို့သဖို့ အတွက် မြို့လည် က ရွှေစည်းခုံ ဘုရားမှာ စုဝေးရောက်ရှိနေပြီလို့ ဦးဆောင်သံဃာ ၁ ပါးက မိန့်ပါတယ်။

"ဘင်္ဂါလီများကိုလူမျိုးတုံး သတ်ဖြတ်နေသည်ဟုအယ်ဂျာဇီးယား ထုတ်လွှင့်မှုအချိန်ကုန်ခံချေပ သွားမည်မ ဟုက်''

Posted by drmyochit Wednesday, December 12, 2012, under | No comments



ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်နေသည်ဟု ထုတ်လွှင့်နေသော အယ်ဂျာဇီးယားသတင်းဌာနမှ Hidden Genocide ရုပ်သံ အစီ အစဉ်ကို အချိန် ကုန်ခံချေ ပသွားမည် မဟုတ်ကြောင်း နယ်စပ်ရေး ရာဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောသည်။

သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ချဉ်းကပ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူခြောက်ဦးသေဆုံး

Posted by drmyochit Wednesday, December 12, 2012, under | No comments



 သံလွင်တံတား (မော်လမြိုင်) မုတ္တမဘက် ချဉ်းကပ်လမ်းတွင် မုတ္တမဘက်မှတက်လာသော မထသ လိုက်ထရပ် ယာဉ်နှင့် မော်လမြိုင်မှ ကျိုက်ထိုဘက်သို့သွားမည့် စိုးရတနာ မှန်လုံယာဉ် တို့ တိုက် မှုဖြစ်ပေါ် ခဲ့ရာ လိုက်ထရပ် ယာဉ်ပေါ် လိုက်ပါလာသည့် အမျိုးသမီးခြောက်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ကွမ်းခြံတစ်ခုအတွင်းရှိ ကိုယ်ဝန် ၇ လ ဆောင်ထားသူ အသက် ၂၄ နှုစ်အရွယ် အမျိုးသမီးတစ်ဦးအလောင်း တွေ့ ရှိ

Posted by drmyochit Wednesday, December 12, 2012, under | No comments



မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင် ကျေးရွာရှိ အမည်မသိကွမ်းခြံတစ်ခုအတွင်းရှိ ရေတွင်းပျက်ထဲ၌(၄-၁၂-၂၀၁၂)တွင် လူသေအလောင်းတစ်လောင်းအားတွေ့ရှိကြောင်း သတင်းအရ သထုံမြို့နယ် တွဲဘက် တရားသူကြီး ဒေါ်ခင်နွယ်၊သထုံဆေးရုံမှာ ဒေါက်တာ ပြည့်ဖြိုးမောင်၊ သထုံရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ သထုံရဲစခန်းမှူး ရဲအုပ်ညွှန့်ဝင်းနှင့်အဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်ပွားရာ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာအမျိုးသမီးဖြစ်ပြီး ၄င်းနှင့်အတူ မွေးကင်းစ ကလေးငယ် အလောင်းပါတွေ့ရှိသဖြင့် သထုံရဲစခန်းက သေမှုသေခင်းအမှတ် ၁၆/၂၀၁၂ဖြင့်ဖွင့်လှစ်ပြီး ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စုံစမ်းရာမှာ (၆-၁၂-၂၀၁၂)ရက်နေ့တွင် မှုခင်းဗဟုသုတ နည်းပါး မှုကြောင့် အလောင်းဖျောက် ဖျက်ခြင်းဖြစ်ကြောင်းပေါ်ပေါက်ပြီး အပျော်လွန်သော ကိုယ်ဝန် သည်နှင့် လိုက်ပါပို့ဆောင်သူ သူငယ်ချင်းဦးလေးတို့၏ အဖြစ်ဆန်းကိုသိခဲ့ရသည်။

ဆေးဘက်ဝင် သရက်သီး

Posted by drmyochit Wednesday, December 12, 2012, under | No comments




 အသီးမှာ သရက် ဆိုတဲ့အတိုင်း အသားများပြီး အရသာ အလွန် ကောင်းမွန်သည့် သရက်သီး၏ အင်္ဂလိပ် အမည်မှာ Mango ဖြစ်ပြီး၊ ရုက္ခဗေဒ အမည်မှာ Mangifera L ဟုခေါ်တွင်ပြီး မျိုးရင့် Anacardiaceae ထဲတွင် ပါဝင် ပါတယ်။

ငါးပိရေကျိုတွင် ဓာတ်မြေသြဇာ ထည့်သွင်းထား၍ ပြည်သူများ သတိထား စားသုံးသင့်ဟု စားသုံးသူ ကာကွယ်ရေး အသင်းပြော

Posted by drmyochit Wednesday, December 12, 2012, under | No comments



ငါးပိ ရေကျိုတွင် ယူရီးယား ဓာတ်မြေသြဇာများ ထည့်သွင်း၍ ပြုလုပ်လာ သောကြောင့် စားသုံးသူ ပြည်သူ များ သေချာ လေ့လာပြီးမှသာ ၀ယ်ယူ စားသုံး သင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က တောင်သူကြီးများ ဂျာနယ်ကို ပြောကြားသည်။

မိုင်းဖြတ်မြို့နယ်အတွင်း ဘိန်းဖြူဘလောက်တုံးဖမ်းဆီးရမိ

Posted by drmyochit Wednesday, December 12, 2012, under | No comments



ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်၊ ဝှေလေလန် စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ(၁၀)ရက်နေ့ ညနေပိုင်းက ဘိန်းဖြူ ဘလောက်တုံး သယ်ဆောင်လာတဲ့ အမျိုးသား(၂)ဦးကို ဖမ်းမိခဲ့ပါတယ်။ မိုင်းဖြတ်မြို့နယ် ၀မ်ပုံကျေးရွာ အနီးမှာ တာဝန်ကျနေတဲ့ စရဖ၊ တာချီလိတ် မူးယစ်အဖွဲ့၊ မြို့နယ်ရဲအဖွဲ့၊ အကောက်ခွန် အဖွဲ့၊ လ၀ကအဖွဲ့များမှ ရှာဖွေဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

RCSS/ SSA က ဖမ်းမိ ယာဘဆေးပြားသောင်းချီအား တရုတ်အစိုးရလက်လွှဲအပ်

Posted by drmyochit Wednesday, December 12, 2012, under | No comments



သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ခေါ် သျှမ်းပြည်တပ်မတော် RCSS/ SSA မှ ဖမ်းဆီးရမိသော ယာဘဆေးပြား ခုနှစ်သောင်းကျော်ကို ယခု အပတ်တနင်္ဂနွေ နေ့က တရုတ်အစိုးရထံ လွှဲအပ်ပေးလိုက် ပြီဖြစ်ကြောင်း သျှမ်းပြည်မြောက် ပိုင်းသတင်းရပ်ကွက်ကဆိုသည်။

ဦးသန့်အရေးအခင်း အင်အားသုံးဖြိုခွင်းမှု ဦးတင်ဦး တောင်းပန်

Posted by drmyochit Wednesday, December 12, 2012, under | 1 comment



လွန်ခဲ့တဲ့ ၃၈ နှစ်က ဖြစ်ပွားခဲ့တဲ့ ဦးသန့် ဈာပန အရေးအခင်းမှာ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားတွေကို အင်အားသုံး နှိမ်နှင်းခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီအချိန် တုန်းက ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ NLD ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက သူ့မှာ တာဝန်ရှိတဲ့အကြောင်းနဲ့ စိတ် မကောင်း ဖြစ်မိတဲ့ အကြောင်း ဒီနေ့ ရန်ကုန်၊ မရမ်းကုန်းမြို့နယ် ပေါက်စေတီ ကျောင်းတိုက်မှာ ကျင်းပတဲ့ ဦးသန့်အရေးလှုပ်ရှားမှု (၃၈) နှစ်ပြည့် အခမ်းနားမှာ ပြောသွားပါတယ်။ ဗွီအိုအေ ဝိုင်းတော်သား သိန်းထိုက်ဦး ရန်ကုန်ကနေ သတင်းပေး ပို့ပါတယ်။

သတင်းလွတ်လပ်ခွင့် မြန်မာအပြည့်မရသေး

Posted by drmyochit Wednesday, December 12, 2012, under | No comments



ပြောင်းလဲ မှုတွေ ဖော်ဆောင် နေတဲ့ မြန်မာ နိုင်ငံမှာ စာနယ်ဇင်း သမားတွေ ကို ဖိနှိပ်မှုတွေ လျော့ပါး လာနေတယ်လို့ နိုင်ငံ တကာ စာနယ်ဇင်း သမား ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ CPJ က အင်္ဂါနေ့က အစီရင်ခံစာ ထုတ်ပြန် ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့ သတင်း မီဒီယာ လောက မှာတော့ စာနယ်ဇင်း လွတ်လပ် ခွင့်နဲ့ သတင်း သမားတွေ အပေါ် ဖိနှိပ် ကန့်သတ် မှုတွေ ရှိနေဆဲ ပဲလို့ ပြည်တွင်း သတင်း သမား တွေက သုံးသပ်ကြ ပါတယ်။ အသေး စိတ်ကို ဆက်သွယ်စုံ စမ်းထားတဲ့ မဆုမွန်က ဆက်ပြော ပြပေးပါ မယ်ရှင်။

ကျပ် ငါးထောင်တန် ငွေစက္ကူအတုများ ဟင်္သာတမြို့တွင် စစ်ဆေးတွေ့ရှိမှုများ ရှိနေ

Posted by drmyochit Wednesday, December 12, 2012, under | No comments




ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့တွင် ကျပ် ငါးထောင်တန် ငွေစက္ကူ အတုများ မကြာ ခဏ စစ်ဆေး တွေ့ရှိမှုများ ဖြစ်ပေါ်လျှက် ရှိပြီး ဒီဇင် ဘာလ(၁၁) ရက်နေ့ တွင်လည်း ကမ္ဘောဇ ဘဏ် ခွဲ (ဟင်္သာတ) ၌ ငွေလွှဲ သူများ ထံ ကတွေ့ရှိမှုများ ရှိခဲ့ကြောင်း သိရသည်။အဆိုပါ ကျပ် ငါးထောင် တန် ငွေစက္ကူများအား အတုနှင့် အစစ် ခွဲခြားရာတွင် စာရွက်အသားနှင့် လုံခြုံရေး ကြိုးလိုင်း ကွဲပြားမှု ရှိကြောင်း၊

အမျိုးသမီးတစ်ဦးကို ဓားဖြင့် အချက် ပေါင်းများစွာ ထိုးသတ်သူကို ဖမ်းဆီးရမိ

Posted by drmyochit Wednesday, December 12, 2012, under | No comments




 ရန်ကုန်တိုင်း ဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ ယမုံနာလမ်း၊ အမှတ် (၂/၄) ရှိ သီရိစံအိမ်ဟိုတယ် အခန်း -- - တွင် ၂၄-၁၁-၂၀၁၂ ရက်က ဖြစ်ပွားခဲ့ သော အမျိုး သမီး တစ်ဦး အသတ် ခံရခြင်း နှင့်ပတ် သက်၍ လူသတ်မှု ကျူးလွန်သူဟု ဆိုသူကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး သက်ဆိုင်ရာ မှ ၂၉- ၁၁-၂၀၁၂ ရက်က သိရသည်။

မမျော်လင့်ပဲသေဆုံးသွားပြီးဖြစ်တဲ့ဇနီးကိုသချိုင်းကနေအိမ်ကိုပြန်သယ်လာတဲ့ အချစ်ရှူးသမား

Posted by drmyochit Wednesday, December 12, 2012, under | No comments



အမေရိကန်နိုင်ငံ Arizona က Jeff Green ဆိုတဲ့ အသက် ၃၂ နှစ် အရွယ်ရှိ လူတစ်ယောက်ရဲ့ ဇနီးဖြစ်သူ Lucy ဟာ နှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်..။ သူဟာ သူ့မိန်းမကို အရမ်းချစ်လွန်းပြီး သိပ်ကို ခံစား ခဲ့ရ ပါတယ်..၊ နောက်ဆုံးတော့ သူဟာ သာမန်လူသားတွေ လုပ်ဖို့ မစဉ်းစားရဲတဲ့ မိုက်မဲတဲ့ လုပ်ရပ်တစ်ခုကို လုပ်ခဲ့ပါတယ်..၊ အဲဒါကတော့ သေဆုံးသူ သူ့ဇနီးကို သချိုင်းကနေ အိမ်ကို ပြန်သယ်လာတာပဲ ဖြစ်ပါတယ်။

မအူပင်မြို့မရဲစခန်းမှ အချုပ်သား ၃ ဦးထွက်ပြေး

Posted by drmyochit Wednesday, December 12, 2012, under | No comments



မအူပင် မြို့နယ် ကမ်းနားလမ်း (အောင်) အပေါင် ဆိုင်တွင် (ဗိုလ်မှူး အတုက သေနတ် အတုနှင့် ရွှေအတု ကို လိမ်လည် ပေါင်နှံ သူများဟု စွပ်စွဲခံ ရ၍ မအူပင်မြို့မ ရဲစခန်းတွင် ပြစ်မှုအမှတ် ပ/၁၇၂ (၂၀၁၂)  ပုဒ်မ ၄၂၀ /၁၇၀/၁၄၀/၃၄/အရ အရေးယူ စစ်ဆေး နေဆဲ ဖြစ်သည့် (မြင့်နိုင်ဦး ၊ ခင်မောင်တင် ၊ ကျော်လွင်ဦး ၊ ကြူဇင်) တို့ (၄) ဦးအနက်မှ (မြင့်နိုင်ဦး ၊ ခင်မောင်တင် ၊ ကျော်လွင်ဦး ) တို့ (၃) ဦးသည် (၉.၁၂.၁၂) နေ့ နံနက်က ရဲအ ချုပ်ခန်းမှ ထွက်ပြေး သွားကြောင်း သိရှိ ရပါသည်။

အစိုးရမှ အချက်(၃)ချက် မလိုက်လျောခြင်းကြောင့် တစ်တိုင်းပြည်လုံးရှိသံဃာများ ဆန္ဒပြမည်

Posted by drmyochit Wednesday, December 12, 2012, under | No comments



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ် စခန်းအား အကြမ်းဖက် ဖြိုခွင်းခဲ့ ရာတွင် ဒဏ်ရာရ သံဃာ များကို သက်ဆိုင်ရာ တာဝန် ရှိသူ များမှ တစ်စုံ တစ်ရာ လိုက်လျောခြင်း မရှိခြင်းကြောင့် ဒီဇင်ဘာ (၁၂)ရက်နေ့တွင် မြန်မာ နိုင်ငံရှိ သံဃာများ ဆန္ဒပြ တောင်းဆို သွားမည် ဖြစ်သည်ဟု ကျန်း မာရေး ပြုစု စောင့်ရှောက်မှု ကော်မတီမှ ဦးဥတ္တမ ထံမှ သိရှိရသည်။

၁၂ ရက်နေ့  ၁၂ နာရီ နောက်ဆုံးထား ဖြေရှင်းခြင်း မပြု ပါ က အထွေထွေ သပိတ် စတင် မည်

Posted by drmyochit Wednesday, December 12, 2012, under | No comments



မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ လှုပ်ရှားမှု ဦးဆောင် ကော်မတီ ကြေညာချက် အမှတ် ၁/၂၀၁၂
၁၀.၁၂.၂၀၁၂
 
၁။ အောက်မြန်မာ နိုင်ငံ သံဃာတော် များနှင့် အထက် မြန်မာ နိုင်ငံ သံဃာတော်များ ပူးပေါင်းပြီး မြန် မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ လှုပ်ရှားမှု ဦးဆောင်ကော် မတီကို ၁၀.၁၂.၂၀၁၂ ရက်နေ့တွင် ဖွဲ့စည်း လိုက် သည်။

မန်း မှ သေကြောင်းကြံစည်သူတစ်ဦး အား သက်ဆိုင်ရာမှ အချိန်မှီ တားဆီး(ရုပ်/သံ)

Posted by drmyochit Wednesday, December 12, 2012, under | No comments



ယနေ့ နံနက် ၁၀ နာရီခွဲ ခန့် အချိန်တွင် မန္တလေး မြို့ ၃၃ လမ်းပေါ်ရှိ ဒိုင်းမွန်းပလာ အပေါ်ထပ်မှ လူတစ်ယောက် မိမိကိုယ်ကို မိမိ သေကြောင်း ကြံစည် ခုန်ချရန် ကြိုးပမ်းခဲ့သည်။ အဆိုပါ နေရာ သို့  သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်မှ တာဝန်ရှိသူများ၊ ကယ်ဆယ်ရေး အဖွဲ့ ဝင်များနှင့် မီးသတ်ယာဉ် ၂ စီးတို့ ရောက်ရှိ လာပြီး မိမိကိုယ်ကို မိမိ သေကြောင်းကြံစည် ခုန်ချရန် ကြိုးပမ်းသော အသက် ၃၅ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးအား အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့သည်။ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်