Friday, November 16, 2012

"ဘားကုဒ်တွေကို ဘယ်လို ဖတ်ကြမလဲ "

Posted by drmyochit Friday, November 16, 2012, under | 1 comment


လူတိုင်းဟာ ပစ္စည်းရဲ့ တံဆိပ်ကလေးတွေကို ကြည့်ပြီး ဝယ်လေ့ရှိပါတယ်။ ၄င်း ပစ္စည်းရဲ့ နောက်ကျော
ဘက်မှာ ရေးထားတဲ့ ကုဒ်ကိုတော့ဖတ်လေ့ဖတ်ထ မရှိသလောက်ပါပဲ။ တခါတရံမှာ ပစ္စည်း ထုပ်ပိုးထားတာရဲ့ ဗူးဆိုလျှင် အောက်ခြေလောက် မှာခေါင်းလျှော်ရည်ဆိုလျှင် ဘေးမှာ စသည်ဖြင့် ဘားကုဒ်ကလေးတွေ ရှိတတ်ကြပါတယ်။
ထိုဘားကုဒ်ကလေးတွေကို ကြည့်ခြင်းအားဖြင့် ဒီပစ္စည်းဟာ ဘယ်ကလာ တယ်ဆိုတာကို သိနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးအစားတိုင်းမှာ တွေ့နိုင်မယ်လို့တော့ သင်တွေးထားလို့ မရပါဘူး။ ဥပမာ ဘယ်နိုင်ငံမှာ ပြုလုပ်ပြီး ဘယ်မြို့မှာ ပြုလုပ်တယ်ဆိုတာကို သင်သိနိုင်ပါတယ်တဲ့။ဥပမာအားဖြင့် ဂဏန်းရဲ့ ပထမ သုံးလုံးကို ကြည့်လိုက်ပါ။ အဲဒီမှာ 690, 691 or 692တွေနဲ့ စထားလျှင် ကျနော်တို့ရဲ့ ချစ်စွာသော ပေါက်ဖော်ကြီး တရုပ်က ထုတ်လုပ်တာဖြစ်ပြီး ၄၇ နဲ့ စထားတယ်ဆိုလျှင်တော့ ထိုင်ဝမ်က ထုတ်တာပါ။
ဗဟုသုတ အနေနဲ့ အောက်ပါ ဘားကုဒ်ကလေးမှာကို ဖတ်ကြည့်လိုက်ပါဦး
890......MADE IN INDIA
690,691,692...တရုပ်
00 - 09 ... USA and CANADA
30 - 37 ... FRANCE
40 - 44 ... GERMANY
471 ........ Taiwan
49 .......... JAPAN
50 .......... UK

မုဒိမ်းကျင့်လူသတ်မီးကွင်းပစ်မီးရှို့ နေတဲ့ လူတွေကို ရှင်တို့ လဲ မတတ်နိုင်ပါဘူးလို့  ဒေါ်စုပြောလိုက်ပြီ

Posted by drmyochit Friday, November 16, 2012, under | No comments


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ကို ရောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို နာမည်ကြီးသတင်း စာတစောင်ဖြစ်
တဲ့  ( The Hindu ) နေ့ စဉ်ထုတ်သတင်းစာက တွေ့ ဆုံမေးမြန်းခန်း အင်တာဗျူး ပြုလူပ်ခဲ့ တယ် ။
အဲဒီတွေ့ ဆုံ မေးမြန်းခန်းမှာ သတင်းစာက  ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့  ဖြစ်စဉ်တွေနဲ့  ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုးတွေနဲ့ မွတ်ဆလင်ကုလား လူမျိုးတွေရဲ့ ပဋိပက္ခ ဖြစ်ပျက်နေတာကို မေးမြန်းခဲ့ပါတယ်-  သတင်းစာက သုံးနုံးတဲ့ မြန်မာနိုင်ငံမှာမရှိတဲ့  လူမျိုးကို ဒေါ်အောင်ဆန်းစုကြည်က နာမည်ထုတ်ပြီး အင်တာဗျူး ဖြေကြားတာ မရှိတာကို တွေ့ရပါတယ် ။ သတင်းစာက ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို  ဒေါ်အောင်ဆန်းစုကြည်ကို စိုးရိမ်ကြောင့်ကြမှုတွေ မရှိဘူးလား ၊ ဒေါ်စုက ဘာကြောင့်များ မပြောမဆိုတာလဲ ဆိုပြီး မေးခွန်းတွေထုတ်ပါတယ် ။
 ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ကြောင့်ကြတယ်ဆိုတဲ့ အကြောင်း ပြောပြပါတယ်- ပြီးတော့ ဒေါ်စုအနေနဲ့ ၎င်း ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ ၊ ၄င်း ထာဝစဉ် တရားဥပဒေ စိုးမိုးရေးဆိုတာကို ရှိစေရန် လိုတယ်ဆို တဲ အကြောင်း လေးလေးနက်နက် ပြောနေတာဖြစ်တယ် ။ 
ဘာဖြစ်လို့ လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကနေပြီး ခိုးဝင်စိမ့်ဝင်လာတဲ့  လူတွေ ရှိနေတာကြောင့် တနေ့ နေ့ မှာ ဒီပြသနာဟာ ဒီအကြောင်းအရာပေါ် အခြေခံပြီး ဖြစ်လာလိမ့်မယ် ။ ဒါပေမဲ့  ဘယ်သူကမှ တကယ်တမ်းကျရင် လေးလေးနက်နက် အဲဒီလို မတွေးတောခဲ့ ကြဘူး ။ ဘာဖြစ်လို့ လဲဆိုတော့ ပြသနာက မဖြစ်လာသေးဘူးလေ ။  ဒါ့ကြောင့်ကျမအနေနဲ့  တရားဥပဒေစိုးမိုးရေးနဲ့  ငြိမ်ဝပ်ပိပြားရေးလိုတယ်ဆိုတာကို လေးလေးနက်နက်ပြောနေခဲ့ တာဖြစ်တယ် ။ တကယ်လို့ တရားဥပဒေစိုးမိုးရေးသာရှိနေခဲ့ မယ်ဆိုရင် အနည်းဆုံးဥပဒေရဲ့ ထိမ်းချုပ်မှုအောက်မှာထိမ်းထိမ်းသိမ်းသိမ်းတော့ ရှိနေမှာဖြစ်တယ် ။
 ဒါပေမဲ့  ဥပဒေနဲ့  ထိမ်းချုပ်မှု ရှိနေသည့်တိုင်အောင် ကျမတို့ ဟာ ဒီလူမျိုးစုနှစ်ခုရဲ့  စိတ်သဘောထားချင်း တူညီမှုတွေကို ကြိုးစားလို့ ရမှာမဟုတ်ဘူးလေ။ ရှင်တို့ လဲ မတတ်နိုင်ပါဘူး ။ သူတို့ တွေဟာမီးကွင်းတွေပစ်ပြီး မီးရို့ ကြတယ် ။ မိန်းခလေးတွေကို မုဒိမ်းကျင့်ကြတယ် ။ ပြီးတော့ လူတွေကို သတ်ဖြတ်နေကြတယ် ။   ရှင်တို့ အနေနဲ့  သူတို့ တွေကို အတူတကွထိုင်စေခိုင်းပြီး စကားပြောကြမယ်။ သဘောထားချင်း ကိုက်ညီအောင် လုပ်ပေးကြမယ် ဆိုတာက ဒီလို ပြသနာတွေ ကွဲပြားခြားနားနေတဲ့  လူမျိုးစုနှစ်စုကို ဘယ်လို လုပ်လို့ ရပါ့မလဲ ။ 
အဲဒါဟာ တကယ်တော့ လက်တွေ့ ကျတာမဟုတ်ပါဘူး ။ ကျမသေသေချာချာ ပြောနေတာက အဲဒီနေရာ ဒေသတွေမှာ ပေါက်ကွဲမှုတွေ မရှိရအောင် လုပ်ကြရမှာဖြစ်တယ် ။
 ဒီတော့ ကျမလေးလေးနက်နက် ပြောနေတာက တရားဥပဒေ စိုးမိုးရေး ရှိနေဖို့ လိုတာပါဘဲ ။ သူတို့ နှစ်ဖက်စလုံးဟာ ကျမကို တဖက်ဖက်က ၀င်ရောက်ပါဝင်စေချင်တယ် ။ လူမျိုးစုနှစ်စုစလုံးဟာ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရလို့ဘဲ ဖြစ်တယ် ။ ဒါ့အပြင် ရခိုင်လူမျိုးတွေကို  ခေတ်အဆက်ဆက် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရက ကမ်းကုန်အောင် အလွန်အမင်း လူ့ အခွင့်အရေးချိုး ဖေါက်မှုတွေ ပြုလုပ်ခဲ့ တာတွေ ရှိနေတယ် ။    ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစာက ဒီပြသနာကို ဘယ်လိုအဖြေရှာ  ဖြေရှင်းပါ့နိုင်မလဲလို့  ထပ်မေးတော့ ဒေါ်စုက ခုလို ဖြေခဲ့ ပါတယ် ။     ပထမဦးစွာအနေနဲ့  နေရာဒေသတွေမှာ တရားဥပဒေ စိုးမိုးရေးဆိုတာ ရှိဖို့ လိုအပ်နေပါတယ် ။ ကျမအနေနဲ့  နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုဆိုတဲ့  စကားကို   မုန်းတီးသူဖြစ်တယ် ။ ဘာကြောင့်လဲဆိုတော့ -၁၉၈၈-ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ တဲ့ အခါက  အဲဒီနာမည်နဲ့  အစိုးရလုပ်ခဲ့ တာလေ။ သူတို့ က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ နဲ့  အစိုးရလို့  ခေါ်ခဲ့ တယ် ။ ခုတော့လဲ ကျမတို့ အနေနဲ့  တရားဥပဒေစိုးမိုး ရေးအတွက် ပိုမိုပြီး လိုလိုလားလား ပြောရမယ်ဆိုရင် ဒီဟာကိုဘဲ ပြောရမှာဖြစ်ပါတယ် လို့ဒေါ်အောင်ဆန်း စုကြည်က ဖြေကြားသွားပါတယ် ။ ဒီတော့ခါ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့  ဖြစ်စဉ်တွေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  ခုလို ဖြေကြားပြောဆိုလိုက်တာဟာ ဗုဒ္ဒဘာသာဝင် လူမျိုးများအနေနဲ့  အထူးလေးစား ထောက်ခံရမဲ့  အကြောင်းအရာလို့  ပြောရတော့မှာ မဟုတ်ပါလား ။ ဘာဖြစ်လို့ လဲဆိုတော့ ရခိုင်ပြည်နယ်မှာ ဘယ်သူကမုဒိမ်းကျင့်ပြီး ဒီပဋိပက္ခကို စတင်ဖန်တီးခဲ့ တာလဲ ၊ လည်လှီးသတ်ဖြတ်တာတွေကို ဘယ်သူက ပြုလုပ်ခဲ့ တာလဲ ။ 

အောင်သာနီ

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်၌ နိုင်ငံရေးအကျဉ်းသားများမပါဝင်

Posted by drmyochit Friday, November 16, 2012, under | No comments


 နိုင်ငံတော်သမ္မတကြီးမှ ခွင့်ပြုပေးသည့် နိုဝင်ဘာ(၁၅)ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်၌  နိုင်ငံရေးသမားများ တောင်း ဆိုနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများ (နိုင်ငံရေးအကျဉ်းသား) မပါဝင်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများထံမှ သိရှိရသည်။ မြန်မာ တစ်နိုင်ငံလုံးရှိ အကျဉ်းသားများထဲမှ (၄၅၂)ဦး လွတ်ငြိမ်းချမ်း သာခွင့်တွင် စစ်စည်းကမ်းချိုး ဖောက်သူများနှင့် ရာဇ၀တ်မှု ကျူးလွန်သူများသာ ပါဝင်ခဲ့ပြီးနိုင်ငံရေး အကျဉ်းသားများ မပါဝင်သဖြင့်  နိုင်ငံရေးအသိုင်းအ၀န်းက ကျေနပ်မှုမရှိဟုပြောဆိုနေကြသည်။
  “စစ်ပြေးနဲ့ လောင်းကစားမှု တွေပဲပါတယ်။ အိုဘားမားလာလို့ အကြိုပုံစံမျိုးနဲ့ လွှတ်တယ်ပေါ့။ နိုင်ငံရေး အကျဉ်သား တစ်ယောက်မှ မပါဘူး။ ဒါက အားလုံးကို စော်ကားလိုက်သလို ဖြစ်နေတယ်။ ဒါကိုတော့ လုံးဝ လက်မခံနိုင်ဘူး။ မြန်မာပြည်မှာ  နိုင်ငံရေး အကျဉ်သားမရှိဘူး ဆိုတာကိုလည်း လက်မခံဘူး”ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ကိုသက်ဦးက ပြောသည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများ စုစည်းထားသည့် စာရင်းများအရ နှစ်ကြီးကျခံနေရသူ ဦးမြင့်အေး အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂၃၁)ဦး ကျန်ရှိနေကြောင်းကိုလည်း သိရှိရသည်။ မြန်မာနိုင်ငံအကျဉ်းထောင် အသီးသီးရှိ ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် အစဉ်တစိုက်တောင်းဆို သွားမည်ဖြစ်ကြောင်းကိုလည်း ၎င်းက ဆက်ပြောသည်။
 ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား(၃၆)ဦး၊ အကျဉ်းသူ (၇)ဦး လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။  အင်းစိန်ထောင်တွင်းရှိ ဆေးရုံ၌လည်း နိုင်ငံရေး အကျဉ်းသား(၂)ဦးမှာ နှလုံး၊ အသည်းရောဂါဖြင့် ဆေးကုသမှုခံယူ နေရကြောင်း  လွတ်မြောက်လာ သူများထံက သိရသည်။
 “ကျွန်တော်တို့ကို (၄၀၁)နဲ့ လွှတ်ပေးလိုက်တာ နောက်ထက်အမှု မဖြစ်အောင် နေရမယ်ပေါ့။ အမှုဖြစ်မယ်ဆိုရင် အခုပြစ်ဒဏ်တွေပါ ပေါင်းပြီး အပြစ်ပေးခံရမယ်လို့ ပြောလိုက်တယ်”ဟု လွတ် မြောက်လာသူတစ်ဦးက ပြောသည်။ အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သတ်၍ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှလည်း နိုဝင်ဘာ လ(၁၆)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းအဖွဲ့မှသိရှိရသည်။

မြစ်မခမီဒီယာ

""ကမ္ဘာပတ်ပြီး တိုင်းရင်းသားဖြစ်ခွင့် ရှာကြည့်ပါ ""

Posted by drmyochit Friday, November 16, 2012, under | No comments


ရခိုင်ပြည်မှာ ယခု အကြို စစ်တမ်း ပြန်ကောက်တော့ ဘင်္ဂလီတွေက မာရေကျောရေနဲ့လက်မှတ်မထိုးနိုင်ဘူး ၊ ရိုဂိန်ညာလို့ စာရင်းသွင်းပေး မှတို့ ၊ ဘင်္ဂလားမှ မျိုးရင်းကို ဖျောက်ပေးတို့စသဖြင့်ပေါ့ဗျာ ၊ငယ်မွေး ခြံပေါက်လိုလို သူတို့ကပဲ မြေရှင် ကြေးရှင်လိုလိုမျိုးနဲ့ ကျုပ်တို့ကိုငပြူးက ပြန်ပြဲပြပြီး အကြပ်ကိုင် ရတယ်ပဲ ရှိသေး  တွေးကြည့်တော့မှ ရေးရေးမြင်လာ သလိုပဘင်္ဂလီ ပညှာယှိကြီးတွေက အခါတော် ပေးလိုက်ပြီး ခိုးဝင် ဒုက္ခသည်တွေကို အသေချာမှာကြား ၊ရိုဂိန်ညာ စာရင်း အသွင်းမခံရပဲ ဘင်္ဂလီသာ ဆိုလျှင်ဖြင့် ထောက်ပံ့ကြေး ဖြတ်တောက်မယ် ၊ ခါဏာပျောက်ပြီးမရပ်မနား လူဖောက်ခြင်းကို ထိခိုက်စေလိမ့်မယ် လူ့အခွင့်အရေးတွေကို ဆုံးရှုံးမယ်ဆိုပြီး အကြမ်းနည်းနဲ့ မရလို့ အနုနည်းတနည်းနဲ့ တောင့်ခံထားခိုင်းမယ် ၊ ထို့နောက် မဟာဂိန်ညာယှိကြီးတွေက ပြည်ပမှသော်လည်းကောင်း ၊ ပြည်တွင်းမှ ( ဘင်္ဂလီအမတ်များ) အားကိုးနှင့် သော်လည်းကောင်း ၊ နိုင်ငံသားဖြစ်ခွင့် ဥပဒေ ကိုပြင်ဆင်ခိုင်းဖို့ ဖိအားပေးပြီး ပြည်ပမှလည်း လူ့အခွင့်အရေးကို ဗန်းပြကာ ဘင်္ဂလီမျောက် ပြဆန်တောင်း အဖွဲ့တွေက ကုလားသမဂ္ဂ မှတဆင့် ဖိအားပေးပြီး နိုင်ငံတော် ၂၀၁၄ စာရင်း စစ်မတိုင်မီမှာတောက်လျှောက် အူကြ ဟောင်ကြပြီး စာရင်းထဲမှာ ကမ္ဘာ့လူမျိုးစု အသစ်တစ်ရပ် ကိုဖန်တီးဖို့ မရမက ကြိုးစားနေကြပုံပါပဲ ။
 မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရိုဂိန်ညာ လူမျိုးစုများ ဆိုတဲ့ အမည်နဲ့ကမ္ဘာနိုင်ငံတွေကို ဘင်္ဂလားမှတိုက်ရိုက် ခိုးဝင်ဖို့ကြိုးစားကြမယ် ၊အဲဒီမှာ သူခိုးကုလားတွေကို သက်ဆိုင်ရာ နိုင်ငံက ဖမ်းဆီးမိလို့ မိခင်နိုင်ငံကို ပြန်ပို့ဖို့လုပ်လာလျှင် ယခုကဲ့သို့ ဘင်္ဂလား မှလည်း လက်မခံ ၊ မြန်မာကလည်း လက်မခံ ၊ပင်လယ်ပြင်မှာ သဘောင်္မှောက်ပြီးရေမျော ကမ်းတင်ဘဝက လည်းလွတ်မယ် ၊ဘယ်ကလာပါသလဲ လို့မေးလျှင် လွယ်လွယ်လေးပဲ မြန်မာပြည်ကို ခေါင်းစဉ်တပ် ၊ ရခိုင်ပြည်က ရိုဂိန်ညာနယ်ကိုပြန်မယ် ဆိုပြီး နေရာ ဇာတိကို ညွန်ပြစရာ ၊နေရာ ရရှိမှာကြေင့် ခုလက်ရှိမှာ အနုနည်း အကြမ်းနည်း ၊ အောက်လမ်းနည်း
 ပေါင်းစုံနှင့် မြန်မာ့တိုင်းရင်းသား အဖြစ်ရရှိရေးကို အားသွန်ခွန်စိုက် လုပ်ဆောင် နေကြခြင်းသာ ဖြစ်ပါတော့တယ်။
အချို့ဘင်္ဂလီလော်ဘီ လိုလို ၊ ပုဆိန်ရိုး လိုလိုတွေက မသိချင်ယောင်ဆောင်နေပြီး လူ့အခွင့်အရေးလေး ၊ ဘင်္ဂလီ အခွင့်အရေးလေးပါးစပ်နဲ့ မဆန့်တဲ့ စကားလုံး အကြီးကြီးတွေနဲ့ ပြောနေကြလွန်းလို့ လူမျိုးပေါင်းစုံတဲ့ အမေရိကန်နိုင်ငံရဲ့ စစ်တမ်းကောက် ပုံလေးကို တစေ့တစောင်း တင်ပြချင်ပါတယ် ။ ဒီလိုစစ်တမ်းကောက် တဲ့နေရာမှာ ကျုပ်တို့မြန်မာနိုင်ငံ မဆိုထားနှင့် အမေရိကန်လို နိုင်ငံမျိုးတောင်မှ ခိုးဝင်အခြေချ သူတွေသော်လည်းကောင်း၊ တရားဝင်လာရောက် အခြေချသူတွေ သော်လည်းကောင်း ၎င်းတို့ လိုချင်သလို နိုင်ငံသား ဖြစ်ခွင့်ကိုလုပ်လို့ ဥပဒေကြောင်းအရ မရဘူးပါဘူး။အမေရိကန်မှာ လက်တင် စကားပြောတဲ့နိုင်ငံက လာတဲ့သူဆိုရင် ရစ်ကီမာတင် ဖြစ်ဖြစ် ဟူဂိုရှားဘက်စ် ပဲဖြစ်ဖြစ်ဟစ်စပန်းနစ်လို့ပြောပါတယ်။
ဂျနီဖာလိုပက်ဇ် ၊ ဘရာဇီးက ပီလီဆိုရင် တော့လာတီနို ပေါ့လေ ဒါပေမယ့် သူတို့လည်းစာရင်း စစ်တဲ့အခါ ဟစ်စပန်းနစ်ဆိုပြီး တရားဝင်မှတ်တန်းသွင်း ခံရတယ်။ ဒီတော့ အမေရိကန်မှာ ခိုးနေတဲ့သူ တစ်ယောက်က သူဘယ်ကပဲ လာလာ သူ့ဌာနေက ဘယ်ကပဲ ဖြစ်ဖြစ် ၊မသိဘူး သူ့အဖိုးက တော့ ဘိုလီးဗီးယားလူမျိုးလို့ ပြောတယ်ဆိုပြီး ဘိုလီးဗီးယန်းလို့ စာရင်းသွင်းပေး ပါလို့ငြင်းလို့မရပါဘူး။ ဘာလို့လည်း ဆိုတော့ဥပဒေအရ အမေရိကန် တိုင်းရင်းသားဆိုတာဟာ မြောက်အမေရိကားတိုက်
အတွင်း အမေရိကန်နိုင်ငံထဲက ဟူပီ၊ ပွေဘလို၊ နာဗာဟိုး စသဖြင့် ( မြန်မာအခေါ်လူရိုင်း )အင်္ဂလိပ် အခေါ် ရက်ဒ်အင်ဒီးယန်း ( အိန္ဒိယနီ ) လူမျိုးတွေနဲ့ အမေရိကန်နိုင်ငံ အလာကနေဒါ ( ကန်နဒါ ) နိုင်ငံမြောက်ပိုင်းက အင်ညူဝစ်လို့ ခေါ်တဲ့လူမျိုးတွေ ဘဲရှိတယ်။ ကျန်တဲ့သူတွေဟာ ဟစ်စပန်းနစ် ( လက်တင်-စပိန်-ပေါ်တူဂီစကားပြောသူ အမေရိကန်တိုက်သား )၊ ကောကေးရှန်း( ဥရောပအာဖရိက မြောက်ပိုင်းမှ မျက်နှာဖြူများ ) နဲ့ အေရှန်း ( ကုလားအပါအဝင် အာရှတိုက်သားများ ) စသဖြင့်ဘဲခွဲထားလို့ပါ ။
အဲဒီတော့ မည်သူမဆို အမေရိကန် တိုင်းရင်းသား ဖြစ်တယ်ဆိုပြီး ဖင်ပိတ်ငြင်းလည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူးဗျ ။ အမေရိကန်လို တိုင်းရင်းသားပေါင်းစုံကို မခွဲခြားပါဘူး ရယ်လို ရူးသလိုလို ကြောင်သလိုလို
မတော်တရော် လျှောက်ပြောနေကြပြီး ၊သူတွေက ကျုပ်တို့နိုင်ငံရဲ့ လက်ရှိ ဘင်္ဂလီ စစ်တမ်းနှင့် ချိန်ထိုးပြီး မသိသလိုလို ၊သိသလိုလိုနဲ့ ဝါဒဖြန့်နေကြတာ ကိုမြန်မာနိုင်ငံက တာဝန်ရှိသူတွေသော်
လည်းကောင်း ၊ မျက်ကန်းမျိုးချစ် မဟုတ်ပါဘူး ရယ်လို့ ကြွေးကြော်နေကြသောခါတော်မှီ ငြိမ်းချမ်းရေး ယောင်ယောင် ၊ လူသားချင်းစာနာသူ အရေခြူံသူတွေက နားမယောင်ကြဖို့က လွန်စွာအရေးကြီးပါတယ် ။
 ဒီကိစ္စကို ဘင်္ဂလီအကျိုးတော် ဆောင်တွေက ၂၀၁၄ စာရင်းစစ် မလာခင်ခုလို အကြိုစစ်တမ်းကောက် နေချိန်ကတည်းက မနေမနား အတွင်းအပြင် ဝါဒဖြန့်မှိုင်းစွဲအောင် နည်းလမ်းမျိုးစုံနှင့် လုပ်ဆောင်နေကြမှာ ဖြစ်ပါတယ် ။ မည်သို့ပင် ဆိုစေကာမူ ၊ နိုင်ငံသားဖြစ်ခွင့် ဥပဒေ အရသော် လည်းကောင်း မူလတိုင်းရင်းသား စားရင်းဝင်မဖြစ်သော ဘင်္ဂလီ များအား မည်သည့်နည်းနှင့်မျှ နိုင်ငံ၏ ဥပဒေကိုပြင်ဆင်ပြီး တိုင်းရင်းသားစာရင်းဝင် လူမျိုးစုအဖြစ် အတင်းစားရင်းသွင်းစေရန် ကြိုးပမ်းစေကာမူ နိုင်ငံတကာ လုပ်ထုံး လုပ်နည်းအရ ၊ ဥပဒေအရ မည်သည့်နိုင်ငံနှင့် ယှဉ်ယှဉ် ရိုဂိန်ညာသည်
တရားမဝင်ဘူး ဆိုတာကြေညာနိုင်တဲ့ အဆင့်ရောက်အောင် ပြည်သူလူထု တရပ်လုံးကပါ ပါဝင်ဆောင်ရွက်နိုင်လျှင် မည်သည့်လူ့အခွင့်အရေးနှင့်မျှ ၊ ကျပ်တို့နိုင်ငံကို လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွတ်စွဲပြောဆို နေသော်ငြားလည်း အရာထင်မည်မဟုတ်ပါပေ ။အမှန်တကယ် လူ့အခွင့်အရေးချိုးဖောက်ပြီး လူသားချင်းစာနာမှု မရှိသောနိုင်ငံမှာ ဘင်္ဂလီတို့၏ မူလဇစ်မြစ်ဖြစ်သော ၊လူဦးရေ ဗုံးကွဲနေသော ဘင်္ဂလားဒေ့ နိုင်ငံသာလျှင် ဧကန်ဖြစ်ပါသည် ။ ယခုအချိန်တွင် ပဋိပက္ခတွေနှင့် ဆုံးရှုံးမှုတွေလည်း ကြီးကြီးမားမား ဖြစ်ခဲ့ကြရပြီးပြီ ၊ နေထိုင်နိုင်ခွင့်ကိုလည်း ခေတ်အဆက်ဆက် ခွင့်ပြုခဲ့သင့်တာ ထက်ကျော်လွန်ပြီး လက်ခံမှုပြုထားခဲ့ ရပြီးပြီ ။ နိုင်ငံတကာမှာလည်း ဒီဘင်္ဂလီ အကျိုးဆောင်တွေရဲ့ ဝါဒဖြန့်မှုနှင့် သိက္ခာလည်းကျ ဆင်းခဲ့ရပြီးပြီ ၊ဒါကိုမှ နောက်ထပ် တိုင်းရင်းသားဖြစ်ခွင့် ၊ လူမျိုးစုအဖြစ် သတ်မှတ်ပြီး နိုင်ငံသားဖြစ်ခွင့်အထိ ဥပဒေတွေဘာတွေ ပြင်ဆင်၍ ၊ ဘယ် ကုလားသမဂ္ဂ က ဖိအားပေး၍ ၊ ဘယ် ကုလားနိုင်ငံ ပေါင်းချုပ်က တောင်းဆို၍ ၊ ဘယ် နိုင်ငံကိုစံနမူနာ ထား၍ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဒီဘင်္ဂလီတွေကို လက်ခံပြီး လူမျိုးအသစ် စာရင်းသွင်းပေးခဲ့ရလျှင် ၊ဥပဒေ မျက်မှောက်ရှိပါလျက် ကျုပ်တို့ နိုင်ငံလောက် အနိုင်ကျင့်ခံရသော ၊ လူ့အခွင့်အရေး နိုင်ငံသားအခွင့်အရေး ကိုထိပါးအစော်ကား ခံရသောနိုင်ငံအဖြစ် ကမ္ဘာပေါ်တွင် ရှိတော့မည် မဟုတ်ချေ ။ဘင်္ဂလီစစ်တမ်းကို လွတ်လပ်ရေးရပြီးကတည်းက လုပ်ဆောင်လာ ပေမယ့်လည်း စစ်တမ်းတခါ ပြုစုလိုက်တိုင်းဘင်္ဂလီဦးရေမှာ အဆမတန် ပွာများလျက်ရှိနေပေသည်။ ရှေးကလုပ်ဆောင်ခဲ့သော စစ်တမ်းများ၏ အားနည်းချက်နှင့် စစ်တမ်းပြုစုပြီး နောက် ဥပဒေအား မျက်ကွယ်ပြုပြီး ဘင်္ဂလီများ၏ ခိုးဝင်မြဲ ခိုးဝင်ဆဲ ပွားများမှုအား ထိရောက်အောင် မဆောင်ရွက်နိုင်မှုသည် ယနေ့ရခိုင် ပဋိပက္ခကို အရှိန်အဟုန်ပြင်းစေသလို ၊ နိုင်ငံတကာမှ ဘင်္ဂလီအကျိုးဆောင်များ၏  စားပေါက်စားလမ်း ပွင့်စေနိုင်သော လူ့အခွင့်အရေး ခေါင်းစဉ်အတွက်ကစားကွက် ဖော်ဆောင်စရာအဖြစ် ရောက်ရှိသွားသော သာဓကကို သတိထား သင်ခန်းစာယူ၍ ယခုလိုအချိန်မျိုးတွင် ပေါက်ပြီးသား နဖူးအတွက် လှည့်ကြည့်မနေတော့ပဲ တည်ဆဲဥပဒေ အရသော်လည်းကောင်း ၊ မိမိနိုင်ငံသား အကျိုးကို ဖော်ဆောင်ပြ၍ သော်လည်းကောင်း တိကျပြတ်သားစွာ ဘင်္ဂလီအရေး (ရိုဂိန်ညာ )တောင်းဆိုရေးကို ထိထိရောက်ရောက် ကိုင်တွယ်သင့်ပြီး နောင်တချိန်တွင် အလားတူ ဖြစ်ရပ်မျိုး မလုပ်ဆောင် ၊မပေါ်ပေါက် လာစေရန် ၊ ယခုရှုပ်မှ နောင်ရှင်း မည်သည့်နိုင်ငံ မျက်နှာမှ မထောက်ထားပဲ ၊ မြန်မာတိုင်းရင်းသားများ အကျိုးအတွက် ရှေးရှုပြီး ပြည်သူ့အစိုးရ အဖြစ် ပြတ်သားစွာ ဖြေရှင်းသင့် ပါသည် ။ ကျုပ်တို့ ပြည်သူလူထု တရပ်လုံးသည်လည်း ထိုအရေးကိစ္စအား မြန်မာပြည်အစိုးရ ၊ အင်အားကြီးပါတီများမှ အစ ပူးပေါင်းပါဝင်ပြီး တိုင်းရင်းသား ၊ နိုင်ငံသားဖြစ်ခွင့် ၁၉၈၂ဥပဒေ အား အပြည့်အဝ ထောက်ခံကြောင်း နှင့် မိမိတို့၏ အမျိုးသားရေးနိုင်ငံရေးတို့အား တပါးတိုင်းသားတို့ အမြတ်ထုတ်ခြင်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်သင့်ပါကြောင်း ၊ စဉ်းစားချင့်ချိန် နိုင်စေရန် အတွေးတစ်စဖြင့် ရေးသားလိုက်ရပါသည် ခင်ဗျာ ။

အကြမ်းဖက်ရိုက်နက်ခံရသောသုံးတန်းကျောင်း သားလျော်ကြေးပေးပြီးပြေငြိမ်းခိုင်း

Posted by drmyochit Friday, November 16, 2012, under | No comments


ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်တွင် အသက် ၉ နှစ် အရွယ် မူလတန်း ကျောင်းသား တစ်ဦးအား ဆရာမ ၃ ဦးက အကြမ်းဖက် ရိုက်နက်မူကြောင့် ကျောင်းသားဖြစ်သူမှာ အကြောက်လွန် သွေးလန့်ပြီး ဆေးရုံတင်ရသည့် အနေအထားထိ ရောက်ရှိခဲ့သည်ဟု ကျောင်းသား မိဖများက ပြောသည်။
သို့အတွက် မိဘ ဖြစ်သူများက ယခုကဲ့သို့ ရိုက်နက်မူကို မကျေနပ်သဖြင့် လွန်ခဲ့သော အောက်တိုဘာလ ၁၄ ရက်နေ့က သက်ဆိုင်ရာ ပြည်နယ် ပညာရေးမှူးရုံးသို့ တိုင်ကြားခဲ့သည်ဟု ပြောသည်။ အရိုက်ခံရသော ကျောင်းသားမှာ ပုဏ္ဍားကျွန်းမြို့နယ် ကွန်းတောင် ကျေးရွာ အထက်တန်းကျောင်းခွဲမှ ဦးမောင်လှသိန်း၏သား သုံးတန်းကျောင်းသား မောင်မျိုးမင်းနိုင် ဖြစ်ကြောင်း သိရသည်။ ထိုသို့ တိုင်ကြားသည့် အတွက်  အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ပညာရေးမှူး ဦးမောင်ကျော်လှ ဦးဆောင်သော အဖွဲ့က လာရောက်ကာ စုံစမ်းစစ်ဆေးမူများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ရိုက်နှက်ခံရသည့် ကလေးငယ်နှင့် ပတ်သက်ပြီး မိဘများ အနေဖြင့် ဆရာမများအား အစိုးရဌာနများသို့ တိုင်တန်းခြင်း မပြုရန်၊ ငွေ ၁၈၀၀၀ ကျပ်ကို လက်ခံပြီး ရိုက်နှက်မှုအား ပြေငြိမ်းရန်  ၀န်ခံ လက်မှတ် ထိုးခိုင်း ခဲ့သည်ဟု ကျောင်းသား မိဘများက ပြောကြားသည်။
ထိုသို့ မလိုက်နာပါက ကွန်းတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲအား မြို့နယ်ပညာရေးမှူး အမိန့်ဖြင့် အခြားတစ်နေရာသို့ ရွှေ့ပြောင်းပစ်မည်ဟု ခြိမ်းခြောက်ကာ ကလေးငယ်၏ မိဘများအား အတင်း အကျပ် ကျေနပ်ရန် ဖိအားပေးသွားခဲ့သည်ဟု ဆိုသည်။ မြို့နယ်ပညာရေးမှူး လာရောက်စစ်ဆေးမှူသည် နှစ်ဦးနှစ်ဘက် လက်ခံနိုင်သည့် စုံစမ်းမူ မဟုတ်သည့်အတွက် မိဘများက မကျေနပ်နိုင်သဖြင့် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ထံသို့ လိပ်မူကာ ထပ်မံပြီး စုံစမ်းစစ်ဆေးပေးရန် ပြန်လည်တိုင်ကြားခဲ့ဟု ဆိုသည်။ ထိုသို့ ထပ်မံ တိုင်ကြားခဲ့သော်လည်း ပြည်နယ် ပညာရေးမှူးရုံးမှလည်းကောင်း၊ မြို့နယ် ပညာရေးမှူးရုံမှ လည်းကောင်း ယခုအချိန်ထိ တစ်စုံတရာ လာရောက် စုံစမ်း စစ်ဆေးခြင်း မလုပ်ပဲ မိဘများ၏ တိုင်ကြားမှုကို မသိကျိုးကျွန် ပြုပြီး မျက်ကွယ်ပြုထားသည်ဟု ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြို့နယ် ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့ရာ ဆက်သွယ်၍ မရရှိခဲ့ပါ။
မောင်မျိုးနိုင် အရိုက်ခံရသည့် ကိစ္စမှာ သူက အတန်းဖေါ် ကျောင်းသူ တစ်ဦးအား ဆရာမများ အနေဖြင့်  ကျောင်းသားများကို ကျူရှင်ပြနေသည်မှာ သူတို့ ကိုယ်ကျိုး အတွက် လုပ်စားနေတာသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည့် အပေါ် အဆိုပါ ကျောင်းသူမှ ဆရာမများကို သွားရောက် တိုင်ကြားရာမှ ဆရာမ (၃) ဦးက မောင်မျိုးမင်းနိုင်အား ဆံပင်များကို ဆွဲဆင့်ပြီး ပြင်းပြင်း ထန်ထန် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။
ယခုအခါ မောင်မျိုးမင်းနိုင်မှာ ဆရာမသုံးဦး၏ အကြမ်းဖက်ရိုက် နှတ်ခံရမူကြောင့်  ကြောက်စိတ်လွန်ကာ ကျောင်းမတက်ရဲတော့ဘဲ ဖြစ်နေကြောင်း သိရသည်။ မိဘမျာ အနေဖြင်င့်  ကလေးငယ်အား  ကျောင်းသို့ စာသင်ကြားရန် အတင်း မစေလွှတ်ဝံ့ဘဲ ဖြစ်နေကြောင်း သိရသည်။ မောင်မျိုးနိုင်မှာ အကြမ်းဖက်မူ ခံရပြီး နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ အရ ထိခိုက်နေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် အစိုးရ စာသင်ကျောင်းများတွင် ဆရာ ဆရာမများ အနေဖြင့် ကျောင်းသူ ကျောင်းသားများကို ဆိုဆုံးမရာတွင် ခေတ်နှင့် မလျှော်
ညီတော့သော ရိုက်ပုတ် ဆဲဆိုမူများကို ဆက်လက် ပြုလုပ်နေသေးသဖြင့်  အဆိုပါ ကိစ္စအပေါ် မြန်မာနိုင်ငံ ပညာရေး ဌာန အနေဖြင့် အသေအချာ ဆန်းစစ်ရန် လိုအပ်နေကြောင်း ကျောင်းသား မိဖ တစ်ဦးက ပြောသည်။

နိရဉ္စရာတင်းဌာန

မြန်မာစာသင်ယူသော နိုင်ငံခြားသားများလာ

Posted by drmyochit Friday, November 16, 2012, under | No comments


အစိုးရသစ် တက်လာပြီးနောက် နိုင်ငံရေးပြုပြင် ပြောင်းလဲမှု များကြောင့် ပြည်တွင်း၌ မြန်မာဘာသာစကား လာရောက် သင်ယူသော နိုင်ငံတကာ ကျောင်းသားဦးရေ မြင့်တက် လာနေကြောင်း ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ နိုင်ငံခြားဘာသာ တက္ကသိုလ်များမှ သတင်းရရှိသည်။ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် နှစ်စဉ် နိုင်ငံတကာ ကျောင်းသား ၄၀ ဦးခန့် တက်ရောက်ပညာ သင်ယူလေ့ ရှိခဲ့သော်လည်း ယခုနှစ်ပိုင်း၌ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် ကျောင်းသား ၈၇ ဦးနှင့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် ကျောင်းသား ၁၀၀ ဦးထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
နိုင်ငံခြားသားများသည် သံတမန်ရေးရာလုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာနိုင်ငံများတွင် မြန်မာဘာသာစကား သင်ကြားသော ဆရာ၊ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်ရန် ဘာသာပြန်လုပ်ငန်းများဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုရန် မြန်မာဘာသာ စကားကို သင်ယူနေကြခြင်းဖြစ်ပြီး လာမည့်စာသင်နှစ်တွင် ကျောင်းသားဦးရေ ပိုမိုမြင့်တက်လာနိုင်ကြောင်း ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။ မြန်မာဘာသာစကားလာ ရောက်သင်ယူကြသော နိုင်ငံခြားသားများအနက် တရုတ်နိုင်ငံသားက အများဆုံးဖြစ်နေပြီး ထို့နောက်အ များဆုံးစာရင်းတွင် ကိုရီးယားနိုင်ငံသားနှင့် ဂျပန်နိုင်ငံသား တို့ရှိနေကာ ဗီယက်နမ်နိုင်ငံ သားများလည်း လာရောက်သင်ယူမှု မြင့်တက်လာကြောင်း သိရသည်။ “ပြီးခဲ့တဲ့နှစ်ကတော့ ၁၆ ယောက်၊ လာမယ့်နှစ်အတွက် ကျောင်းသား ၃၇ ဦးတက်ရောက်ဖို့ရှိပါတယ်။ ကျွန်တော်တို့ဆီကိုတော့ တရုတ်နိုင်ငံကပဲ လာကြတယ်။ ကျောင်းလျှောက်ထားတဲ့သူ အများစုကို ၀င်ခွင့်ပေးပါတယ်။ တစ်နှစ်ကျွမ်းကျင်မှုသင်တန်းကို အများစုတက်ရောက်ကြတယ်” ဟု မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ဇော်လင်းက ပြောသည်။ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် မြန်မာဘာသာစကား လာရောက်သင် ယူနေသော ကျောင်းသားများမှာ သြစတြေးလျ၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ဘရာဇီး၊ တရုတ်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အိနိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား(တောင်၊မြောက်)၊ လာအို၊ လစ်သူယီးနီးယား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ရုရှား၊ စင်ကာပူ၊ သီရိလင်္ကာ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗီယက်နမ်နှင့် သြစတြေးလျ နိုင်ငံများမှဖြစ်ကြောင်း သိရသည်။ “ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ မြန်မာဘာသာစကား အခြေခံသင်တန်းအတွက် တစ်နှစ်နီးပါးလောက် တက်ရောက်ခဲ့ပါတယ်။ တရုတ် ကောလိပ်ကနေ ၀င်ခွင့်စာမေးပွဲအောင်တော့ လူသိနည်းတဲ့ ဘာသာစကား သင်တန်းကို ရွေးချယ်သင်ယူ ချင်ခဲ့တာပါ။ အဲ့ဒီတုန်းကတော့ လွယ်မယ်လို့ ထင်ခဲ့တာ၊ မြန်မာဘာသာစကား စသင်တဲ့အချိန်ကျမှ ခက်ခဲမှန်းသိသွားတယ်။ ဒါပေမယ့်အခုတော့ အဆင်ပြေနေပြီလို့ ခံစားရပါတယ်။ မြန်မာလူမျိုး တွေကလည်း အရမ်းခင်ဖို့ကောင်းပြီး ဖော်ရွေတယ်လေ” ဟု မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် တာဝန် ထမ်းဆောင်နေသော အသက် ၂၃ နှစ်အရွယ် တရုတ်အမျိုးသမီး တစ်ဦးကပြောသည်။
နိုင်ငံခြားသား အများစုသည် မိမိအစီအစဉ်ဖြင့် မြန်မာဘာသာစကားကို လာရောက်သင်ယူ နေကြခြင်းဖြစ်ပြီး အစိုးရချင်း ချိတ်ဆက်မှုဖြင့် တက်ရောက် သူများလည်း ရှိနေကာ ကျောင်းလခမှာ ပညာသင်တစ်နှစ်အတွက် အက်ဖ်အီးစီ ၁၅၀၀ သတ်မှတ်ထားကြောင်း ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ သိရသည်။
ဂျပန်နိုင်ငံတွင်လည်း မြန်မာဘာသာ စကားသင်ယူရန် စိတ်ဝင်စားမှု မြင့်တက်နေပြီး လူကြီးပိုင်းအရွယ်က အဓိကလေ့လာသင်ယူနေကြောင်း Tokyo University of Foreign Studies ရှိ မြန်မာစာဌာနတွင် မြန်မာစာ လက်ထောက်ဆရာမ တာဝန်ထမ်းဆောင်နေသော မထက်ထက်နုဌေးက ပြောသည်။ “မြန်မာဘာသာ စကားသင်ယူတဲ့သူတွေ များလာပါတယ်။ လူကြီးပိုင်းတွေ သင်ကြတာများတယ်။ လူငယ်ပိုင်းကတော့ အဲ့ဒီလောက် မဟုတ်ဘူး” ဟု သူမက ပြောသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင် ပြောင်းလဲရေး အခြေအနေများကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများ ပေါ်ပေါက်လာခြေရှိသဖြင့် ထိုင်းနိုင်ငံတွင်လည်း မြန်မာဘာသာ စကားသင်ယူရန် စိတ်ဝင်စားသူဦးရေ မြင့်တက်လာနေကြောင်း Channel News Asia စင်ကာပူအခြေစိုက် သတင်းဌာနမှ ထုတ်ဖော်ရေးသားထားသည်။
Myanmar Express 

သတင်းထုတ်ပြန်ရေး အဖွဲ့ဖွဲ့စည်းခြင်း

Posted by drmyochit Friday, November 16, 2012, under | No comments


 ၁။ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများထုတ်ပြန်ခြင်း၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က)အရ "သတင်းထုတ်ပြန်ရေးအဖွဲ့"ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-

(က)ဦးအောင်သိမ်း(အဖွဲ့ခေါင်းဆောင်)
ဒုတိယဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန

(ခ)ဦးရဲမင်း(အဖွဲ့ဝင်)
ဒုတိယညွှန်ကြားရေးမှူးချုပ်
သမ္မတဦးစီးရုံး

(ဂ)ဦးရဲနိုင်(အဖွဲ့ဝင်)
အထွေထွေမန်နေဂျာ
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
ပြန်ကြားရေးဝန်ကြီးဌာန

(ဃ)ဦးမိုးကျော်အောင်(အဖွဲ့ဝင်)
ညွှန်ကြားရေးမှူး
နိုင်ငံတော်သမ္မတရုံး

(င)ဦးအောင်စိုးသိန်း(အဖွဲ့ဝင်)
ညွှန်ကြားရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

(စ)ဦးဉာဏ်ထွန်း(အတွင်းရေးမှူး)
ညွှန်ကြားရေးမှူး
နိုင်ငံတော်သမ္မတရုံး

၂။ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးရန်၊

(ခ) အခါအားလျော်စွာ လိုအပ်ချက်ရှိပါက သတင်းစာရှင်းလင်းပွဲများ တာဝန်ယူ ပြုလုပ်ပေးရန်၊

(ဂ) သတင်းထုတ်ပြန်ချက် (Press Statement)များ ထုတ်ပြန်ပေးရန်၊

(ဃ) ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် စပ်လျဉ်း၍ တင်ကူးမီဒီယာ (Preactive Media) လုပ်ငန်းနှင့် တုံ့ပြန်မီဒီယာ (Reactive Media) လုပ်ငန်းများ ဆောင်ရွက်ရန်၊
(င) ပြည်တွင်း ပြည်ပရှိ သတင်းဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ သတင်းဌာနများသို့အချိန်နှင့်တစ်ပြေးညီသတင်းဖြန့်ချိရန်၊
(စ) ဝန်ကြီးဌာနအသီးသီးမှ ဖွဲ့စည်းထားသော သတင်းထုတ်ပြန်ရေး အဖွဲ့များနှင့် ချိတ်ဆက်၍ အထောက်အကူပေးနိုင်ရေးညှိနှိုင်းဆောင်ရွက်ရန်။

 Myanmar Express 

အိုအိုင်စီ အစည်းအဝေးမှာ ရိုဟင်ဂျာ အရေး ထိပ်ဆုံးက ဆွေးနွေးမည်

Posted by drmyochit Friday, November 16, 2012, under | No comments


အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီ (OIC) ထိပ်သီး အစည်းအဝေးကို မနက်ဖြန်မှာ အာဖရိကတိုက်က (Djibouti) ဂျီဘူတီ နိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးဟာ ဆွေးနွေးမဲ့ ကိစ္စတွေထဲမှာ ထိပ်ဆုံးက ပါဝင်မယ်လို့ သိရပါတယ်။ တစ်ချိန်တည်းမှာလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တင်ပြဆွေးနွေးသွားဖို့အတွက် အိုအိုင်စီအဖွဲ့က ပြင်ဆင်နေတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေကို စနစ်တကျ အကြမ်းဖက် တိုက်ခိုက်မှုဟာ လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် အိုအိုင်စီအနေနဲ့ကြောင်း အိုအိုင်စီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတယ်လို့ အာရပ်သတင်းဌာနက ရေးသားပါတယ်။ ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အရှေ့တောင်အာရှ နိုင်ငံတွေ အနေနဲ့ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံပေးကြဖို့ မနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့မှာ တိုက်တွန်းပြောဆို လိုက်ပါတယ်။ ဒီလအစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်ထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာလှေစီး ဒုက္ခသည်တွေရဲ့ လှေ ၂ စီး နစ်မြုပ်ခဲ့ပြီး သေဆုံးသူတွေ ရှိတယ်လို့ ပြောဆိုကြတဲ့အတွက် ကုလသမဂ္ဂ UNHCR က မြန်မာ့ အိမ်နီးခြင်း နိုင်ငံတွေကို အခုလိုတိုက်တွန်းတာဖြစ်ပါတယ်

 
 Myanmar Express 

ဗုဒ္ဓဘာသာဘုန်းကြီးများသည် သင်္ဃန်းရုံထားသော ဘီလူးများဖြစ်ကြောင်း စွယ်စုံရ အနုပညာရှင် ကိုသူရ (ခေါ်) ကိုဇာဂနာ နှင့် ABSDF မှ ကိုထိန်လင်းတို့ ဦးဆောင်ကာ သရုပ်ပြပွဲတစ်ခု ပြုလုပ်

Posted by drmyochit Friday, November 16, 2012, under | No comments


အိုဘားမား လာချိန် သမ္မတကြီးဦးသိန်းစိန် ကမ္ဘောဒီးယား သို့ ထွက်ခွာမည်ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ အိန္ဒိယမှ ရန်ကုန်သို့ အမြန်ပြေးလာပြီး အိုဘားမားနှင့်တွေ့မည်

Posted by drmyochit Friday, November 16, 2012, under | No comments


(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ မြန်မာ အပါအ၀င် နိုင်ငံပေါင်း (၁၈) နိုင်ငံမှ ခေါင်းဆောင်များ  တက်ရောက် ကြမည် ဖြစ်သည်။  တက်ရောက်မည့် ခေါင်းဆောင်များ ထဲတွင် အာဆီယံနိုင်ငံ (၁၀)နိုင်ငံမှ ၀န်ကြီးချုပ်များ၊ သမ္မတများ၊ အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၊ တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်၊ အိန္ဒိယ ၀န်ကြီးချုပ် မန်မို ဟန်ဆင်း၊ ဂျပန် ၀န်ကြီးချုပ် ယိုရှီဟီကို နိုဒ၊ တောင်ကိုရီးယားနိုင်ငံ သမ္မတ လီမြောင်ဘတ်၊ သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာ ဂေးလာဒ် ၊ နယူးဇီလန် ၀န်ကြီးချုပ် ဟွန်ဂျွန်ကီး တို့ ဖြစ်ကြသည်။ ရုရှနိုင်ငံ အနေဖြင့် သမ္မတ ပူတင် တက်ရောက်မည် မဟုတ်ဘဲ နိုင်ငံခြားရေး ၀န်ကြီး ဆာဂီ လာရော့ဗ် ကို  စေလွှတ်မည် ဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ဘဏ်၊ ADB ၊ IMF ၊ WTO နှင့် UNCTAD စသော အဖွဲ့ အစည်းများမှ ခေါင်းဆောင်များ လည်း တက်ရောက်မည် ဖြစ်သည်။  (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲများနှင့် ဆက်စပ် အစည်းအဝေးများ အနက် ထိပ်တန်း ခေါင်းဆောင်များ တက်ရောက်မည့် အဓိက အစည်း အဝေးများကို နိုဝင်ဘာလ ၁၈ရက်၊ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင်  ပြုလုပ်မည် ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ အစည်း အဝေး၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ဖွင့်ပွဲနှင့် အာဆီယံ ခေါင်းဆောင်များ၏ ဆွေးနွေးပွဲ၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အာဆီယံနှင့်  ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံတို့၏ သီးခြား ဆွေးနွေးပွဲများ၊  ASEAN +3 ဆွေးနွေးပွဲ၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-အမေရိကန် အစရှိသော ဆွေးနွေးပွဲများကို ပြုလုပ်မည် သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အရှေ့ အာရှ ထိပ်သီး ဆွေးနွေးပွဲနှင့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ပိတ်ပွဲ အစီအစဉ်များ ပြုလုပ်မည်ဖြစ်ပါသည်။ 
မြန်မာ သမ္မတ ဦးသိန်းစိန်သည် (၂၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန်အတွက်  နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်သို့ ရောက်ရှိမည် ဖြစ်ကာ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည်ဟု ကမ္ဘောဒီးယား ပြန်ကြားရေး ၀န်ကြီးဌာနမှ ကနဦး သတင်း ထုတ်ပြန် ထားသည်။ ယင်း ထုတ်ပြန်ချက်တွင် သမ္မတ ဦးသိန်းစိန်နှင့် အတူ နိုင်ငံခြား ရေး ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်၊ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးတင်နိုင်သိန်း၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ကံဇော်၊ နိုင်ငံတော် သမ္မတ ရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ ၀န်ကြီး ဒေါက်တာ ၀င်းမြင့်တို့ တက်ရောက်မည်ဟု ဖော်ပြခဲ့ပါသည်။ သို့သော် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်ပင်သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရောက်ရှိမည့် နေ့ရက်ကို မြန်မာအစိုးဘက်မှ တရားဝင် ထုတ်ဖော် ပြောကြားထားခြင်း မရှိသေးပေ။ အမေရိကန် သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ခရီးဆက်မည် ဖြစ်ပါသည်။

 နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်နိုဝင်ဘာ၁၉ရက်ညနေတွင်ကျင်းပမည့်အာဆီယံအမေရိကန်ခေါင်းဆောင်များအစည်းအဝေးသို့တက်ရောက်မည်ဖြစ်ကြောင်းဖနွမ်းပင်တွင်ရောက်ရှိသတင်းယူနေသည့် 7 Day News သတင်းထောက်က သတင်းပေးပို့သည်။ ထို့ကြောင့်သမ္မတ ဦးသိန်းစိန်သည် အမေရိကန် အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး တက်မည်ဆိုပါက သတင်းများထွက်ပေါ်နေသည့်အတိုင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမား နှင့်မြန်မာနိုင်ငံတွင် ထိုနေ့ တွေ့ဆုံနိုင်ဖွယ် မရှိနိုင်ကြောင်းအာဆီယံထိပ် သီးအစည်း အဝေးရောက် မြန်မာသတင်းထောက်အချို့က ယူဆနေကြသည်။ အာဆီယံ အမေရိကန် ခေါင်းဆောင်များ အစည်းအဝေးကို နိုဝင်ဘာ၁၉ ရက်ညနေ ၆နာရီ ၂၀ မှ ၈နာရီ ၂၀ အတွင်းကျင်းပမည်ဖြစ်ပြီး တက်ရောက်မည့် ခေါင်းဆောင်များ ကိုမူယနေ့အထိ တိတိကျကျထုတ်ပြန်ခြင်းမရှိ သေးပေ။ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံခေါင်းဆောင်များ၏ ကမ္ဘောဒီးယားသို့ ရောက်ရှိမည့် အချိန်နှင့် ပြန်ချိန်များတွင် သမ္မတဦးသိန်း စိန် သည် အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုဝင်ဘာ ၁၇ တွင် အထူးလေယာဉ်ဖြင့် နံနက်၁၀နာရီဝန်းကျင်တွင် ဖနွမ်းပင် သို့ရောက်ရှိမည်ဖြစ်ပြီး ၂၁ ရက်နေ့နံနက် ၁၀နာရီတွင် အထူးလေ ယာဉ်ဖြင့်ပင် ပြန်မည်ဟု ထုတ်ပြန်သော အချိန်ဇယားများ တွင် ဖော်ပြထားသည်။ ထို့ကြောင့် နိုဝင်ဘာ ၁၉ရက်တွင် သမ္မတအိုဘားမားနှင့် မြန်မာနိုင်ငံ၌ တွေ့ဆုံဖြစ်မည်ဆိုပါက သမ္မတဦးသိန်းစိန်အနေနှင့် တစ်ခေါက်ပြန်လာရမည်ဖြစ်သည်။ ထိုသို့ ပြန်လာပြီး ထိုနေ့ညနေတွင် ကျင်းပမည့် အာဆီယံအမေ ရိကန် ခေါင်းဆောင် အစည်းအဝေးကို တက်ရောက်မည်ဆိုပါက အိုဘားမားနှင့် တွေ့ပြီး ကမ္ဘောဒီးယားသို့ အမြန်ပြန်ရမည်ဖြစ်သည်။
"သမ္မတက ထိပ်သီးအစည်းအဝေးတွေတက်မှာပါ။ အိုဘားမားနဲ့တွေ့ မယ့်ကိစ္စကတော့ ဘယ်နေ့ဆိုတာ ပြောလို့ မရသေးပါ ဘူး။ မြန် မာနိုင်ငံမှာကတော့သေချာပါတယ်" ဟု နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေးကပြောသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ၂၁ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးကို ယနေ့ နိုဝင်ဘာ ၁၅ ရက် မှ ၂၀ ရက်အထိကျင်းပပြု လုပ်သွား မည်ဖြစ်သည်။
သမ္မတ အိုဘားမားသည် ယခုအိန္ဒိယနိုင်ငံ သို့ရောက်ရှိနေသောဒေါ်အောင်ဆန်း စုကြည်နှ င့် နိုဝင်ဘာ ၁၉ ရက် တွင်တွေ့ဆုံ မည်ဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီအသိုင်းအ၀ိုင်းမှ အတည်ပြုပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံမှ နိုဝင်ဘာ၁၈ရက် နံနက်ပိုင်းမှသာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ  မည်ဖြစ်သည်။
Myanmar Express 

(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ ရခိုင်အရေး ဆွေးနွေးဖွယ်မရှိ

Posted by drmyochit Friday, November 16, 2012, under | No comments


 ၂၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အရေးကိစ္စကို ဆွေးနွေးဖွယ်မရှိကြောင်း အာဆီယံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းလွင်က Eleven Media Group သို့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများအတွက် အကြိုပြင်ဆင်မှု အစည်းအဝေး တစ်ရပ်ဖြစ်သော Committee of Permanent Representatives to ASEAN(CPR) အစည်းအဝေးကို နိုဝင်ဘာလ ၁၅ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့ရှိ Sofitel ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေး ကာလအတွင်း သံအမတ်ကြီး ဦးမင်းလွင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုပြုလုပ်မည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ ရခိုင်အရေးနှင့် ပတ်သက်ပြီး ရိုဟင်ဂျာ ဘင်္ဂါလီကိစ္စရပ်ကို အာဆီယံအတွင်း ရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်က ဆွေးနွေးဖွယ်ရှိကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့ပြီးနောက် ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးဖွယ် မရှိကြောင်း ဦးမင်းလွင်က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
"မြန်မာနိုင်ငံမှာ ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး တစ်ချို့ ခေါင်းဆောင်တွေက အားပေး ဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့ သိရတယ်။ ရခိုင်ကိစ္စကတော့ ဆူရင်က ပြောတယ်ဆိုပေမဲ့ ကျွန်တော်ထင်ပါတယ် ဆွေးနွေး
မယ်လို့ မထင်ဘူး"ဟု ဦးမင်းလွင်က ပြောခဲ့ပါသည်။ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ် ဆူဝမ်သည် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ရခိုင်အရေးကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ ကြားဝင်ပေးရန် တောင်းဆိုခဲ့သူ ဖြစ်ပါသည်။ ဆူရင်ပစ် ဆူဝမ်သည် အာဆီယံ အတွင်းရေးမှူးချုပ် ရာထူးကို ၂၀၀၈ ခုနှစ်က စတာဝန်ယူခဲ့ပြီး၂၀၁၂ နှစ်ကုန် ပိုင်းအထိတာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။  ၂၀၁၃ ခုနှစ်မှ စတင်ပြီး ဗီယက်နမ် ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး Le Luong Minh တာဝန်ယူမည် ဖြစ်ကာ အဆိုပါကိစ္စရပ်နှင့် ပတ်သက်သော တရားဝင်ထုတ်ပြန် ကြေညာမှုကို ယခုကျင်းပနေသည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် ပြုလုပ်မည်ဖြစ်သည်။ ထို့အပြင် ယခု ထိပ်သီးဆွေးနွေးပွဲ၌ ရေပန်စား အကြောင်းအရာ ဖြစ်နေသော တောင် တရုတ်ပင်လယ်ကိစ္စကို ဆွေးနွေးဖွယ်ရှိပြီး ခေါင်းဆောင်များ၏ ဆွေးနွေးမှု အပေါ် ကန့်သတ်ထားခြင်း မရှိကြောင်းသိရသည်။
(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲများနှင့် ဆက်စပ် အစည်းအဝေးများအနက် ထိပ်တန်းခေါင်းဆောင်များ တက်ရောက်မည့် အဓိက အစည်းအဝေးများကို နိုဝင်ဘာလ ၁၈ရက်၊ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင်သာ ပြုလုပ်မည် ဖြစ်ပါသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ အစည်းအဝေး၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင်အာဆီယံထိပ်သီး ဆွေးနွေးပွဲ ဖွင့်ပွဲနှင့် အာဆီယံ ခေါင်းဆောင်များ၏ ဆွေးနွေးပွဲ၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အာဆီယံနှင့် (+3)နိုင်ငံများ ဖြစ်သော ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံတို့၏ သီးခြားဆွေးနွေးပွဲများ၊ ASEAN +3 ဆွေးနွေးပွဲ၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-အမေရိကန် အစရှိသော ဆွေးနွေးပွဲများကို ပြုလုပ်မည် ဖြစ်ပါသည်။နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲနှင့် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ပိတ်ပွဲ အစီအစဉ်များကို ပြုလုပ်မည် ဖြစ်ပါသည်။

 Myanmar Express 

ရန်ကုန်တိုင်းဒေသကြီး၌ စက်သုံးဆီဈေး တည်ငြိမ်

Posted by drmyochit Friday, November 16, 2012, under | No comments


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များက စက်သုံးဆီများကို လွန်ခဲ့သော အောက်တိုဘာ လဆန်းပိုင်းမှစ၍ လီတာစနစ်ဖြင့် စတင်ရောင်းချခဲ့ရာ ယနေ့ နိုဝင်ဘာ လဆန်းပိုင်းတွင် တစ်လပြည့်ပြီ ဖြစ်သည်။ အဆိုပါ တစ်လတာ ကာလအတွင်း အရောင်းဆိုင် တစ်ဆိုင်နှင့် တစ်ဆိုင် (စက်သုံးဆီများ အရောင်းဆိုင်အရောက် သယ်ယူပို့ဆောင်မှုနေရာ အနီးအဝေးကို လိုက်၍) စက်သုံးဆီ တစ်လီတာ အရောင်းဈေးနှုန်း အနည်းငယ် ကွာသည်မှအပ ဈေးနှုန်းတည်ငြိမ်ကြောင်း သိရသည်။ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဗညားဒလလမ်း၌ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်၏ နိုဝင်ဘာ ၁၄ ရက် စက်သုံးဆီ တစ်လီတာ ဈေးနှုန်းမှာ ၂၀၁၂ အောက်တိုဘာလဆန်း (ကျပ်) အဆင့်မြင့်ဒီဇယ် ၈၈၀၊ ဓာတ်ဆီ ၈၀၃၊ အောက်တိန်း ၈၇၄၊ ဒီဇယ် ၈၆၃၊ ၂၀၁၂ နိုဝင်ဘာလဆန်း (ကျပ်) အဆင့်မြင့်ဒီဇယ် ၈၈၀၊ ဓာတ်ဆီ ၈၀၃၊ အောက်တိန်း ၈၈၀၊ ဒီဇယ် ၈၆၅  မြန်မာ့စက်သုံးဆီ ရောင်းချမှု သမိုင်းတွင် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များက ပထမဦးဆုံး လီတာစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး ဝယ်ယူသူများက ကြည်ကြည်သာသာ လက်ခံလာကြသည်မှာ လီတာ အခြင်အတွယ် ပြည့်ရေးအတွက် သက်ဆိုင်ရာ အရောင်းတာဝန်ခံ၊ မန်နေဂျာများကိုယ်တိုင် ကြီးကြပ်ရောင်းချ မှုတို့ကြောင့် ဖြစ်ကြောင်း  သိရှိရသည်။
 
 Myanmar Express 

အခြေခံလူတန်းစားတွေအတွက် အိမ်ရာစီမံကိန်း ငါးခု အကောင်အထည်ဖော်

Posted by drmyochit Friday, November 16, 2012, under | No comments


ရန်ကုန်မြို့တော် နယ်နမိတ်အတွင်းမှာ အိမ်ရာစီမံကိန်း ၅ခု အကောင် အထည်ဖော်ပြီး အခြေခံ လူတန်းစားတစ်ရပ် လက်လှမ်းမှီ ဝယ်ယူနိုင်မယ့် တန်ဖိုးနှုန်းထားတွေနဲ့  ရောင်းချသွားနိုင်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒီကနေ့ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ရန်ကုန်မြို့တော် ခန်းမမှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စည်ပင်သာ ယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက၂၀၁၅ ခုနှစ်မတိုင်ခင် စည်ပင်ပိုင် နယ်နိမိတ်အတွင်းမှာ အိမ်ရာစီမံကိန်း ၅ခု အကောင်အထည် ဖော်နိုင်ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနဲ့ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကို ဖိတ်ခေါ်တဲ့ အစီအစဉ်ဖြစ်တယ် လို့ပြောကြားခဲ့ပါတယ်။ တည်ဆောက်သွားမယ့် အိမ်ရာစီမံကိန်းတွေကို ဒဂုံမြို့သစ်မြောက်ပိုင်းမှာ သုံးခု၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာ တစ်ခု၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာတစ်ခု အကောင်အထည်ဖော်သွားဖို့ စီစဉ်ထားပြီး အခန်းပေါင်း ၉၅၂၈ ခန်း ပါဝင်မယ်လို့  သိရပါတယ်။ အဲဒီအိမ်ရာ စီမံကိန်း ၅ခုမှာ မြေဧက ၁၉၀ ဒသမ ၂၉ ဧက အသုံးပြုဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီအိမ်ရာ စီမံကိန်းတွေကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက တည်ဆောက် အကောင် အထည်ဖော်ပြီးတဲ့နောက်ပိုင်း ရောင်းချမှုတွေကိုတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဆက်လက်ဆောင် ရွက်သွားမှာဖြစ်တယ် လို့သိရပါတယ်။ 

 Myanmar Express 

လက်ပ်တော့သုံးမျိုး ကြမ်းခင်းဈေး ကျပ်တစ်သိန်း သတ်မှတ်၍ လေလံတင်ရောင်းမည့် နည်းပညာနှင့် မိုဘိုင်းပြပွဲ

Posted by drmyochit Friday, November 16, 2012, under | No comments


ပဲခူးတိုင်းဒေသကြီးတွင် ပထမဆုံး အကြိမ်အဖြစ် တောင်ငူမြို့၌ ကျင်းပမည့် အိုင်တီနှင့် မိုဘိုင်းပြပွဲ (IT & Mobile Fair) ၌ လက်ပ်တော့ အမှတ်တံဆိပ် သုံးမျိုးမှ လက်ပ်တော့များကို ကြမ်းခင်းဈေး ကျပ်တစ်သိန်း သတ်မှတ်ကာ လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိသည်။ “ဒီပြပွဲမှာ Dota Game ပြိုင်ပွဲပါမယ်။ Lenovo, HP, Acer Brand Laptop တွေကို ကြမ်းခင်းဈေး တစ်သိန်း သတ်မှတ်ပြီး လေလံစနစ်ဖြင့် ရောင်းချပေးမှာပါ။  နယ်ဒေသဆိုတော့ အိုင်တီဖွံ့ဖြိုးမှုက ရန်ကုန်လောက်မရှိဘူး။ နယ်မြို့က လူတွေ အိုင်တီမှာ ပိုမိုစိတ်ဝင် စားလာအောင် စာပေဟောပြောပွဲ၊ အိုင်တီဟောပြောပွဲ၊ အိုင်တီစကားဝိုင်း၊ နက်ဝါ့ခ် စကားဝိုင်းတွေ ပါမှာပါ” ဟု ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဋ္ဌဖြစ်သူ ဦးထိုက်လင်းက ပြောသည်။ ပြပွဲတွင် ရောင်းချမည့် လက်ပ်တော့များမှာ အလုံးရေ ကန့်သတ်ချက်ရှိကြောင်း ဦးစားပေး စနစ်ဖြင့်သာ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ ကေတုမတီ(တောင်ငူ)မြို့ နန်းတည်နှစ် ၅၀၂ နှစ်ပြည့် အထိမ်းအမှတ် ပွဲတော်နှင့်အတူ ပြပွဲကို ဘုရင့်နောင်ခန်းမ၌ နိုဝင်ဘာ ၂၃၊ ၂၄ ရက်တို့တွင် နံနက် ၉ နာရီမှ ၆ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ရန်ကုန်မှ ကွန်ပျူတာကုမ္ပဏီ ၂၄ ခု ပါဝင်ပြသမည် ဖြစ်သည်။ “ဒီပြပွဲက တိုင်းဒေသကြီးအနေနဲ့ ပထမဦးဆုံးပါ။ ပဲခူးတိုင်းဒေသကြီးက ကွန်ပျူတာပညာရှင် အသင်းနဲ့ လုပ်ငန်းရှင်အသင်း ပူးပေါင်းပြီး တောင်ငူမြို့မှာ ကျင်းပတာပါ” ဟု ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာဘဆွေက ပြောကြား ခဲ့ကြောင်း သိရှိရသည်။
  
 Myanmar Express 

အမျိုးသမီး ကြံ့ခိုင်မှု ဆိုင်ရာ ပြိုင်ပွဲကို ပထမအကြိမ် ကျင်းပပြုလုပ်

Posted by drmyochit Friday, November 16, 2012, under | No comments


 အမျိုးသမီးတွေရဲ့ ကိုယ်ကာယ ကြံ့ခိုင်မှု အတွက် အဓိက ရည်ရွယ်ပြီး ပြုလုပ်တဲ့ အမျိုးသမီး ကြံ့ခိုင်မှု ဆိုင်ရာ ပြိုင်ပွဲကို ကျင်းပနိုင်ဖို့ လေ့ကျင့် ဆောင်ရွက် လျက်ရှိပြီး လာမယ့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် MCC ခန်းမမှာ ကျင်းပ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကိုယ်ကာယ အလှပြသခြင်း မဟုတ်တဲ့ ကြံ့ခိုင်မှုနဲ့ ကြွက်သား တွေရဲ့ သန်မာမှု တို့ကို ပေါင်းစပ်ပြီး သရုပ်ပြမှု ပြိုင်ပွဲကို ပြုလုပ်တာ ကလည်း ပထမဆုံး အကြိမ်နဲ့ ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်မှု ကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီး အားကစား အသင်း အောင်နိုင်ရေး အဖွဲ့က ကြီးမှူးပြီး ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြိုင်ပွဲကို ပြည်တွင်းမှာ သာကမဘဲ နိုင်ငံတကာ အဆင့်ထိပါ လုပ်ဆောင် သွားဖို့ကို ရည်ရွယ် ထားပြီး ပြိုင်ပွဲဝင် အယောက် ၄၀ ကျော်မှ ၅ ဦးကိုသာ နောက်ဆုံး အနေနဲ့ ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲမှာ အကဲဖြတ် ပါဝင်ကြမယ့် ဒိုင်လူကြီးများ အနေနဲ့ ကတော့ အင်္လကာ ၀တ်ရည် မဂ္ဂဇင်း ဒယ်ဒီတာချုပ် ဒေါ်တူးတူးမြင့်သိန်းနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင် ပြေတီဦးတို့ အပါအ၀င် အကဲဖြတ်ဒိုင် ၇ ဦးတို့မှရွေးချယ်သွား မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

 Myanmar Express 

ပေါက်တောစမ်းသပ်လူစာရင်းကောက်ခံရာ၌ ရိုဟင်ဂျာဟုထည့်သွင်းရန် ဘင်္ဂလီများက တောင်းဆို

Posted by drmyochit Friday, November 16, 2012, under | No comments


ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂလီလူမျိုး များနေထိုင်ရာ ဘင်္ဂလီကျေးရွာများ၌ နိုဝင်ဘာ ပထမအပတ် အတွင်းက ဘင်္ဂလီလူဦး ရေစာရင်း ကောက်ခံရာတွင် ရိုဟင်ဂျာလူမျိုးဟု သုံးနှုန်းမှသာ လက်မှတ်ထိုးပေး နိုင်မည်ဟု တောင်းဆို မှုများရှိလာကြောင်းသိရသည်။
ပေါက်တောမြို့နယ် ကျေးရွာအချို့၌ ဘင်္ဂလီလူဦး ရေစာရင်း(အစမ်း) ကောက်ခံယူမှုကို နိုဝင်ဘာ(၇)ရက်နေ့က စတင် ကောက်ခံခဲ့ရာ လူမျိုးအမည်များကို ပြောဆိုရန် ငြင်းဆန်ခဲ့ကြောင်းကိုလည်း သိရသည်။
ထိုသို့ လူဦးရေစာရင်း ကောက်ယူမှုကို ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာ၊ ကြိမ်နီပြင်ကျေးရွာ ၊ ငှက်ချောင်းကျေးရွာ ပြိုင်းတောင်ကျေးရွာတို့တွင် ပြုလုပ်ခဲ့ရာ မူဆလင် ဘင်္ဂါလီအချို့မှာ လက်မှတ်မထိုးဘဲ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း စာရင်းကောက်ယူရာ၌ ကိုယ်တိုင် လိုက်ပါခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။ “ အခုလဲ အဲဒီဒေသတွေမှာ စစ်ဆေးနေပါတယ်၊ စစ်ဆေးနေတဲ့ နေရာငါးနေရာ ပြီးသွားပြီး (၆) ရက်နေ့က စတယ်၊(၇) ရက်နေ့မှာ စစ်ဆေးတယ်၊ စစ်ဆေးမခံတာက ကြိမ်နီပြင်ကျေးရွာပါ၊ စစ်ဆေးခံတဲ့ ရွာတွေရှိတယ်၊ ဒါပေမယ့် သူတို့က လက်မှတ်မထိုးဘူး ”ဟု ပေါက်တော မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။ ထိုသို့စစ်ဆေးရာတွင် လူဦးရေစာရင်း ကောက်ခံပြီး ပုံစံတခါတည်း ဖြည့်ရကြောင်း၊ ၁၉၈၂ ဥပဒေနှင့် လူမျိုး ဘာသာစသဖြင့် ပုံစံ(၄)ခုရှိကြောင်း ပုံစံနှစ်နေရာတွင် လက်မှတ်ထိုးရကြောင်း ၊ ၄င်းတို့မှာ လက်မှတ် မထိုးသေးပဲ သူတို့အား ရိုဟင်ဂျာဟု ထည့်သွင်းမှ လက်မှတ်ထိုးမည်ဟု ဆိုကြောင်း ဦးတက်ထွန်းအောင်ကရှင်းပြသည်။
ပေါက်တောမြို့နယ်တွင် ကယ်ဆယ်ရေး စခန်း(၅)ခုရှိပြီး လူဦးရေစာရင်း ကောက်ခံရန်အတွက် အဖွဲ့(၁၅) ဖွဲ့ သတ်မှတ်ထားကြောင်း ကိုလည်း သိရှိရသည်။ လူဝင်မှုကြီးကြပ်ရေး   အပါဝင်အဝင် စစ်တပ်နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများလည်း အဆိုပါအဖွဲ့များ၌ ပါဝင်သည်။
“ ရခိုင်မှာက ဘင်္ဂလီလို့ဘဲ သုံးလာတာ၊ သူတို့လဲ မူဆလင် ဘင်္ဂလီလို့ဘဲ ပြောကြတာ၊  ဒီနောက်ပိုင်း သူတို့ဆီက ရိုဟင်ဂျာလို့ တပြိုင်နက် အသံထွက်လာတော့ အံ့သြမိတယ်” ဟုအစိုးရ အငြိမ်းစား ဝန်ထမ်းတစ်ဦးက ပြောသည်။
ဘင်္ဂလီလူဦးရေ စာရင်းကောက်ယူမှုကို ပေါက်တောမြို့နယ်တွင် အစမ်းကောက်ခံ နေခြင်းဖြစ်ပြီး စစ်တွေမြို့၌ လည်းကောက်ယူမည်ဟု သိရသည်။ 


Myanmar Express 

အမေရိကန်သမ္မတ အိုဘားမားကို ကြိုဆိုပါတယ်..ကြိုဆိုပါတယ်...ဒါပေမယ့်... (ပေးစာ - ၂၁၃)

Posted by drmyochit Friday, November 16, 2012, under | No comments


 တစ်ခုလောက်တော့ မြန်မာနိုင်ငံ ပြည်သူ ပြည်သား များ အနေ နဲ့ ပြောကြား လိုပါတယ်မိမိတို့ တိုင်းပြည်သို လာရောက် စဉ်အချိန်ကာလအတွင်းမှာ အမေရိကန် သမ္မတ ကြီးနှင့် ၀န်ကြီးချုပ် တို့ မိန့်ခွန်း စကားတွင် ****** ရိုဟင်ဂျာ ****** ဟူသောစကားလုံး အား လုံးဝ မပြောဆိုပါရန် အနူးအညွတ် မေတ္တာ ရပ်ခံပါတယ် ။
အကြောင်းမူကား မိမိတို့ တိုင်းပြည်တွင် လူမျိုးကြီး ၈ မျိုး မှဆင်သက် လာသောလူမျိုး ပေါင်း ၁၃၅ ရှိသည့်အနက် ရိုဟင်ဂျာ ဆိုသော လူမျိုး မရှိခဲ့ပါ ။ မိမိတို့ သမ္မတကြီး နှင့်တကွ မြန်မာပြည်သူ ပြည်သားများ က လည်း လက်ခံ ယုံကြည်ကြောင်း လည်း ကမ္ဘာအသိ ပင်ဖြစ်ပါသည်။ သို့ပါသောကြောင့် လုပ်ကြံဖန်တီး ပီးပြောဆို နေသော ရိုဟင်ဂျာ ဆိုသည့် စကားလုံး တစ်လုံး အား အမေရိကန် နိုင်ငံ သမ္မတ ကြီး နှင့် ၀န်ကြီးချုပ်တို့ က သုံးစွဲ ပြောဆို ခဲ့မည် ဆိုလျှင် မိမိတို့ နိုင်ငံ တော်သမ္မတကြီးနှင့် တကွ မြန်မာနိုင်ငံ သူ နိုင်ငံ သားများ အပေါ် စော်ကားရာ ရောက်ပါမည် ။ သို့ပါသောကြောင့် ဤ မဟုတ်မမှန် စကားလုံး ဖြစ်သော ****** ရိုဟင်ဂျာ ****** စကားလုံး အား မသုံးနူန်း စေချင်ပါ ။ သုံးစွဲ ခဲ့သည် မည်သည့် လူပုဂိုလ် ၊ အဖွဲ့အစည်းများ သည် ဤ စကားလုံး အပေါ် မိမိတာဝန် မိမိ ယူ ရမည် ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံ သမ္မတနှင့်တကွ မြန်မာ ပြည်သူပြည်သားများ နှင့် ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


Myanmar Express 

မြန်မာလူမျိုးဖြစ်ရတာ ဂုဏ်ယူစရာပါ....

Posted by drmyochit Friday, November 16, 2012, under | No comments


 မြန်မာ  မြန်မာ ဆိုသည်မှာ အထင်ကရ သမိုင်းနှင့် မျိုးနွယ်အခြေခံ ကြီးကြီးမှ ဆင်းသက် ပေါက်ဖွာလာသော  အဆင့်အတန်းရှိသည့် လူမျိုးစု တစ်စု ဖြစ်သည့်အားလျော်စွာ  မြန်မာတို့၏  ရှေ့သမိုင်းတို့သည် လည်း  အိမ်နီးချင်း နိုင်ငံများတင်မက ကမ္ဘာကပါ မြန်မာတို့ အကြောင်းကို သိကြလေ၏…။ သိအောင် လုပ်သောသူများကလဲ မတို့တထိ လုပ်ဆောင်ခဲ့ကြခြင်းမဟုတ်၊  ဦးအောင်ဇေယျက ၀ါးရင်းတုတ်နဲ့ ပြည်တက်သိမ်းတယ်….။ ဘုရင်နောင်က စစ်သည်ရာမကျော်ပဲ   ထောင်ချီသော ရန်သူတပ်မကြီးကို   ဖောင်ဖျက်ပီး ၀င်တိုက်သည်. ။အနော်ရထာက တိုင်းပြည်အတော် များများကို  ဘုန်းတန်ခိုး ကြီးမားစွာမင်းလုပ် အုပ်ချုပ်ပြီး ကမ္ဘာ့ နေရာဒေသ တော်တော်များများကို ဗုဒ္ဓသာသနာစည်ပင် ပြန့်ပွားစေခဲ့သည်…။
   ထိုကဲ သို့ပဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီး လက်ထက်တော်တွင်းလဲ  အမျိုးဇတ်ကြီးမားသော မြန်မာအစသာကီ ၀င်မင်းမျိုးတို့သည် အမျိုးဂုဏ်ဇတ် မြင့်မားမှုကို  မျိုးနွယ်စု တစ်ခုလုံး လိုက်နာထိမ်း သိမ်းခဲ့ကြသည်…။ မြန်မာတို့၏ ဂုဏ်ပုဒ်များကို ပြောပြလျှင် တစ်ထောင် တစ်ည ပုံပြင်ထက်  ပိုများပြားပေလိမ့်မည်…။
  သမိုင်းတစ်လျှောက်ပြန်ကြည့် လျှင်မြန်မာတို့သည်…. ယဉ်ကျေးကြသည်…။ ခွင့်လွှတ်သည်းခံမှု အားကြီးကြသည်….။ ကိုယ့်စာပေ ၊ ကိုယ့်ဂီတ ၊ ကိုယ်ဘာသာ ဖြင့်  တသီးတကန့် ရပ်တည်ခဲ့ကြသည်….။ အဆင့်အတန်းမြင့် မားသော လူမျိုးစု များဖြစ်ကြသည်….။
   သို့သော်  ယခု မြန်မာတို့၏ ၂၁ ရာစုခေတ်ပုံ သဏ္ဍန်များနှင့် ယှဉ်ကြည့် လိုက်လျှင်တော့  မြန်မာတို့၏ ပြယုဂ်များသည်  ယခင်ကရှိခဲ့သော သမိုင်းနှင့်  မြင့်မြတ်မှုများကို   ဘယ်လိုမှ ဆက်ဟပ်၍ မရနိုင်တော့ပေ….။

  ယခုအချိန်တွင်  ပိုးအင်္ကျီနှင့် ချိတ်ထမီအစား  ကွာတာပင်နှင့် ကြိုးတစ်လုံးအင်္ကျီက နေရာယူထား၏..။ 
အားကောင်မောင်းသန် ၂၇တောင်ဝတ် မင်းယောကျာင်္းတွေက ဆံပင်တွေ ကလိန်ကွေးကောက်ကာ   ဖြူဖတ်ဖြူရော် မျက်နှာနဲ့   ခေတ်အခေါ် ဂျော်တကီးတွေ   ဖြစ်နေကြ၏..။
ထိုကဲ့သို့ပဲ   မြန်မာထမင်းဝိုင်းမှ မြန်မာတို့၏ ရိုးရာစားစရာ ငပိရည်နှင့်တို့စရာစုံစုံလင်လင် နေရာတွင် ကိုရီးယားကင်နှင့် နိုင်ငံတကာ အစားအစာများက ဥဒဟို ၀င်ထွက်နေရာ ယူနေကြပြီ..။
    မြန်မာဂီတကို  အရောအနှောများဖြင့် ပုံစံပြောင်းကာ ဗုံးတီးသံကို ဘေ့စ်သံနှင့် ပျောက်အောင် ဖျောက်နေကြသည်…။ မြန်မာရိုးရာ အ၀တ်အစားများကို ရက်ပ်ပါ အ၀တ်အစားများ ရောနှောကာ  ယိမ်းအကကို ဒန့်စ်ဆွဲနေကြသည်…။ ယုတ်စွှအဆုံး အိနြေ္ဒကြီး လှသောမြန်မာ အမျိုးသမီးလေးများကပင်   သုံးနှစ်သုံးမိုးစောင့်၍ ဘ၀လက်တွဲဖော် ရွေးချယ်ရာ ကိစ္စကို  မိမိတို့သဘောနှင့် မိမိတို့ပယ်ဖျက်၍ ဗယ်လင်းတိုင်းနေ့ ညတွင် တည်းခိုးခန်းသွားပြီး မိဘတွေ ကျေးဇူးဆပ်ကြသည်….။ ကိုယ်ကျင့်တရား ကောင်းမွန်ခံသော မြန်မာအမျိုးသားများကလဲ နှမချင်းမစာနာစွာပဲ အလိုတူ မြူစွယ်ကြသည်….။  
 ထိုနည်းလည်းကောင်းပဲ ဘာသာခြားကို ငွေမျက်နှာ တစ်ခုတည်း ကြည့်၍ ဘ၀ပေး ပေါင်းကြသည်…။ ကုလားလင်ဖြစ်ဖို့ထက် ကုလားမယား အဖြစ် အဖြစ်ခံနေရခြင်းက ပိုများနေသည်..။ ဒါကိုလဲ မြန်မာအမျိုးကောင်း သားကြီးတို့က နာရမှန်းမသိ  လက်စားချေ ဟန့် တားရမှန်းမသိကြပေ..။ စဉ်းစားပြီးလဲ မသုံးသပ်ကြပါ…။ ကုလားမလင်၊ တရုပ်မလင်၊   နိုင်ငံခြားသူလင်   ဖြစ်မှုအရေအတွက် ထက်….. ကုလား မယားတွေ…. တရုပ် မယားတွေ….. တိုင်းတပါးသား မယားတွေ …မိမိတို့ လူမျိုး အမျိုးကောင်းသမီးတွေ    ဖြစ်နေကြသည်ကို အလေ့မပြုမိကြပါ....။ ထိုသို့ဆိုလျှင် ကျိမ်းသေးပါသည်  မြန်မာနိုင်ငံသည် များမကြာသော အချိန်ကာလတွင် တစ်ချိန်က ဗုဒ္ဓဘာသာ ကိုးကွယ် ခဲ့သော အင်ဒိုနီးရှား နိုင်ငံနည်းတူ   တိုင်းတစ်ပါးသားတို့လက်တွင်းသို့တိုင်းပြည်ကျရောက်၍ လူမျိုးပါပျောက်ရ ပေလိမ့်မည်….။
        မြန်မာသည် မြန်မာဖြစ်ပါသည်….။ မြန်မာသည် ကိုရီးယား လူမျိုးမဟုတ်ပါ….။ ကိုယ့်အမျိုးကိုယ့် ဘာသာဖြင့် ရပ်တည်နေ  သော  နိုင်ငံသည် မြန်မာနိုင်ငံဖြစ်ပါသည်…။ အဆင့်အတန်းရှိသော တိုင်းပြည်ဖြစ်ပါသည်….။ မျိုးစစ်မျိုးမှန်တို့ ဌာနေ ဖြစ် ပါသည်…။ ကမ္ဘာပေါ်ရှိ  အဆင့်အတန်း အမြင့်ဆုံး ထိပ်သီးနိုင်ငံ တစ်နိုင်ငံဖြစ်သော  အမေရီကန်နိုင်ငံပင် လျှင် မြန်မာနိုင်ငံလို မျိုးရိုး၊ သမိုင်းစစ်စစ် မရှိသောမျိုးမစစ်နိုင်ငံဖြစ်ပါသည်….။
              မြန်မာလူမျိုးတို့၏ အမျိုးဂုဏ်ကို စောင့်ထိမ်းရန်မှာ မြန်မာလူငယ်တို့၏ တာဝန်ဖြစ်ပြီး….. မြန်မာ့အမျိုးဂုဏ် ယဉ်ကျေးမှုကို လက်ဆင့်ကမ်း ပေးရန်မှာ မြန်မာလူကြီးတို့၏  တာဝန်ဖြစ်ပါသည်….။ ထိုသို့တာဝန်ကျေ ပွန်မှုမရှိလျှင် အမျိုးပျောက် ပါတော့မည်…။
      မကြာသေးခင်ကမှ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် အဓိကရုန်းကို ကြည့်၍ သင်ခန်းစာ ယူသင့်ကြပါသည်….။ မြန်မာလူကြီးဖြစ်သော မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ  ဥက္ကဌကြီးက  ၄င်းတို့ပါတီ အနိုင်ရရန်အတွက် မဲပေးခိုင်းပီး နိုင်ငံတွင်း ခိုလှုံခွင့်ပေးခဲ့သော ဘင်္ဂါလီ ကုလားများ သည် မည်မျှ လောက်ထိ မိမိတို့ ပြည်ထောင်စု ဖွားများကို ယနေ့  နှိပ်စက်ခဲ့ကြသနည်း…။ ဦးနေ၀င်း ဆိုသော မြန်မာ လူကြီး တစ်ဦး၏ မှားယွင်းသော လက်ဆင့်ကမ်းထိမ်းသိမ်းမှုကြောင့် ယခု အချိန်တွင် ထိုကဲ့သို့ ရှင်းမရသော မလိုလားအပ်သည့် ပြဿနာ များ ပေါ်ပေါက်လာခဲ့ရပါ၏ ။ မိမိတို့ နိုင်ငံတွင်း လူမျိုးများ ထိခိုက် ပျက်ဆီးခဲ့ရပါသည်..။
   ထို့ကြောင့် မြန်မာအမျိုးဂုဏ်ကို  သေခါနီး လူကြီးများက ပို၍ဂရုစိုက်သင့်ပါသည်…။ ထိုမှ သာလျှင်လူငယ်များ အတုခိုး မှန်ပါလိမ့်မည်။ရှေ့နွား ဖြောင့်ဖြောင့်မသွားလျှင် နောက်နွားလဲ ဖြောင့်ဖြောင့်လိုက်မည်မထင်ပါ....။
      မြင်မြတ်သော အမျိုးဂုဏ်ကို အသေးအဖွဲကိစ္စမှ စ၍ မြန်မာတို့သည် ထိမ်းသိမ်းစောင့် ရှောက်သင့်ပါသည်…။ မနှစ်က ဖြစ်ပျက်ခဲ့သော မလေးရှားမြန်မာ ဘောလုံးပွဲမှ အဖြစ်မျိုးသည် လွန်စွာ နိုင်ငံတကာတွင်း မြန်မာလူမျိုးတို့၏ ပြယုဂ်သည် အကျည်းတန် စေခဲ့ပါသည်….။ ပွဲမစခင်က မြန်နိုင်ငံတော် သီချင်းကို ဖင်ကုန်းပြီးအော်  ခဲ့သလောက်   ပွဲလည်တွင် ဖြစ်ပွားခဲ့သော အထိကရုန်းသည် လွန်စွာနိုင်ငံဂုဏ်ကို လျှောကျပျက်ဆီး စေပါသည်….။ ပရိတ်သတ်သည် အားပေးမည် ဖြစ်သည်…။ သို့သော် ထိုပရိတ်သတ်ကို ထိမ်းရန်မှာ ထိုပရိတ်သတ် ကိုယ်စားပြု  ကစားသမားများ၏ တာဝန်ဖြစ်ပါသည်…။ ယခုတော့ ထိုကဲ သို့မှ မဟုတ် ၄င်းတို့က ထိမ်းမယ်မှ မကြံ…ကိုယ်တိုင် ခိုက်ရန်ဖြစ်ပွားကာ ဆဲဆိုအော်ဟစ်၍  ပရိတ်သတ်ကို  ရန်မီးပွားတိုက်ခိုက် စေချင်သည်   ယဉ်ကျေးသော မြန်မာ အမျိုးကောင်းသားတို့ လုပ်ရပ်မဟုတ်ပါ….. နိုင်ငံ့ကစားသမားကောင်း လုပ်ရပ်မဟုတ်ပါ….။ 
စာရေးသူတို့ အရိုးစွဲအောင် ငယ်စဉ်ကလေးဘ၀မှ စ၍ ကျောင်း၌ ရွတ်ဆိုခဲ့ရသော နိုင်ငံတော် သီချင်းသည် အလကား မဟုတ်ပါ။ထို သီချင်းသည် အလွန်အဓိပ္ပါယ် လေးနက်သော စာသားများနှင့် ဖွဲ့စည်းတည်ဆောက် ထားခြင်းဖြစ်ပါသည်…။ ထိုနိုင်ငံတော် သီချင်းကို ရွတ်ဆို ၍ စာရေးသူတို့ ဘိုးဘွားများသည် နိုင်ငံတော် ရန်ကို အသက်ပေး၍ ကာကွယ်ခဲ့ကြပါသည်….။  သွေးများစွာပေး၍  တည်တံ့စေခဲ့ သော မြန်မာနိုင်ငံတော် သီချင်း ဖြစ်ပါသည်…။

     ကိုယ်မျိုး..ကိုယ်မြေမှာ ရှင်သန်နေလျှက်နှင့်  မွေးဖွားလာလျှက်နှင့်  မည်သို့ကြောင့် မြန်မာ များ  ယခုခေတ်ကာလတွင်  အမျိုးဖျက်    နေကြ သနည်း…။  မိမိတို့ လုပ်ရပ်များသည် ကိုယ့်မျိုး၊  ကိုယ့်နိုင်ငံဂုဏ် ၊ကိုယ့်ယဉ်ကျေးမှုကို  မသိကြပေ၍လော….။ ထိုမှမဟုတ်မရှက်တတ်ကြပေ၍လော…။ ကိုယ်နိုင်ငံတန်ဖိုးကို မသိကြပေ၍လော….။မေ့လျော့နေကြသည်လော့…။     ထိုကဲ့သို့ ဆိုလျှင်…..  မြန်မာနိုင်ငံတော် သီချင်းကို သေသေချာချာ တစ်ခေါက်မျှ ပြန်ဆိုကြည့်စေချင်ပါသည်….။ “မြန်မာမျိုးဟေ့တို့မြန်မာ” ဆိုသည့် စကားပေါ်ထွက် လာခဲ့သော အင်္ဂလိပ်ခေတ် သူ့ကျွန်ဘ၀က သခင်များ၏ ရွတ်ဆိုသံများကို  ပြန် လည်ကြားယောင်စေချင်မိပါသည်…..။

 Myanmar Express 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်