Sunday, November 11, 2012

ကလေးမြို့တွင် ဖမ်းဆီးထားသည့် ဘင်္ဂါလီလူမျိုး ၅၀ ခန့်ရှိပြီ

Posted by drmyochit Sunday, November 11, 2012, under | No comments


ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် အဓိကရုဏ်းများ ပြန်လည် ဖြစ်ပွားခဲ့သည့် နောက် အိန္ဒိယ – မြန်မာ နယ်စပ်မှ စစ်ကိုင်းတိုင်းကလေးမြို့သို့ တရား မ၀င် ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး ၅၀ ခန့် ဖမ်းဆီးရမိထားကြောင်း သိရသည်။“နိုဝင်ဘာ ၅ ရက် မနက် ၈ နာရီခန့်က ဘင်ဂါလီလူမျိုး ၁၉ ဦးကို တွေ့ရှိတဲ့ တံငါသည်တဦးက အာဏာပိုင် တွေထံ သတင်းပို့လို့  ၉ မိုင် ကျောက်တလုံးအရပ်မှာ ဖမ်းဆီးပြန်တယ်၊ အရင်လက ဖမ်းဆီးတာ ၃၀ ခန့်တော့ ရှိပြီ”  ဟု ကလေးမြို့ ၉ မိုင် အရပ်မှ ဒေသခံတဦးကပြောသည်။
နောက်ဆုံး ဖမ်းဆီးထားတဲ့ ဘင်္ဂါလီ ၁၉ ဦးကို အမှုမစစ်ခင်  လူထု ရှေ့မှောက်တွင် ပြသခဲ့ရာ  ဒေသခံ ၁၀၀၀ ခန့်လာ ရောက်ကြည့်ရှုကြ ကြောင်း သိရသည်။“ ပြည်သူတွေက ဘင်္ဂလီလူမျိုးနဲ့ ရုပ်ချင်းဆင်သည့် သူစိမ်းတွေ တွေ့ရှိပါက အချိန်မှီ သတင်းပေး ပို့နိုင် ရေးအတွက် ယခုလို လုပ်ရခြင်းဖြစ်မယ်” ဟု မျက်မြင်တဦးက ခန့်မှန်းပြောဆိုသည်။ ယင်းသို့ ၀င်ရောက်လာသူများမှာ စစ်ကိုင်းတိုင်း ကလေးမြို့ မှတဆင့် မန္တလေးမြို့ကို ဖြတ်ပြီး ထိုင်း နယ်စပ်မှ တဆင့် မလေးရှားနိုင်ငံသို့ ၀င်ရောက်ရန် ဖြစ်သည် ဟု ကလေးမြို့မှ အမှုစစ် အရာရှိများထံကသိရသည်။


 
ခိုနူမ်းထုန် သတင်းဌာန 

သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တွေ့ဆုံ

Posted by drmyochit Sunday, November 11, 2012, under | No comments


ပြည်ပမှာခိုလှုံနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ မနေ့က မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း The Nation နဲ့ Bangkok Post သတင်းစာတွေက ဖေါ်ပြခဲ့ကြပါတယ်။ 
ဦးသိန်းစိန်နဲ့ သက်ဆင်တို့ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို သက်ဆင်က ချီးကျူးပြောဆိုခဲ့ပြီး၊ အာဆီယံရဲ့ရှေ့ရေးအပါအဝင် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်အတော်များများကို ဆွေးနွေးခဲ့တယ်လို့ သက်ဆင်ရဲ့ ဥပဒေအကြံပေး နော့ပါဒန်က ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအတွင်း ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စတွေကိုတော့ ဒါတွေဟာ အစိုးရချင်းသာ ဆွေးနွေးရမယ့် ကိစ္စလို့ သက်ဆင်က ယုံကြည်တဲ့အတွက် မဆွေးနွေးဘဲရှောင်ရှားခဲ့ကြောင်းလည်း ပြောဆိုပါတယ်။ သူက ဆက်လက်ပြောဆိုရာမှာ အဲဒီဆွေးနွေးပွဲမှာ ဦးသိန်းစိန်က သက်ဆင်ကို ကျေးလက်ဒေသ တိုးတက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ဟောပြောချက်တစ်ရပ် ပို့ချပေးဖို့အတွက်  မြန်မာနိုင်ငံကို နောက်ထပ် တစ်ခေါက်လာရောက်ပါဦးလို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ဟောပြောမယ့်နေ့ရက်ကို စီစဉ်ရဦးမှာ ဖြစ်ပါတယ်လို့လည်း သက်ဆင် ရဲ့ ဥပဒေအကြံပေး နော့ပါဒန်က ပြောဆိုကြောင်း The Nation နဲ့ Bangkok Post သတင်းစာတွေက ဖေါ်ပြခဲ့ကြပါတယ်။

အပျိုစင်အား ဈေးဦးဖောက်ခြင်း

Posted by drmyochit Sunday, November 11, 2012, under | No comments


ထိုင်းဘာသာ အရ"ပွတ်သောရီဆွတ်" မြန်မာလို "အပျိုစင်အား ဈေးဦးဖောက်ခြင်း" ဟု ခေါ်တွင်တေသာ
နယ်စပ်ဈေးကွက်၌ ထိုင်းနိုင်ငံသား တစ်ဦးက မြန်မာ မိန်းခလေးငယ် တစ်ယောက်ကို ဘတ်သောင်းဂဏန်း ကနေ သိန်းဂဏန်း အထိ ပေးဝယ်တယ်-

 PYI MYANMAR NEWS JOURNAL

မိုးညှင်းခရိုင်ရှိ လက်ဖက်ရည် ဆိုင်များကိုသိန်းရာချီ ကေအိုင်အို အခွန်ကောက်

Posted by drmyochit Sunday, November 11, 2012, under | No comments


ကချင်ပြည်နယ် မိုးညှင်းမြို့ ခရိုင်အတွင်းရှိ လက်ဖက်ရည်ဆိုင်များကို သိန်းရာချီ အခွန် ပေးဆောင်ရန် ကေအိုင်အို ရှေ့တန်း တပ်စခန်း ရုံး မှ အကြောင်းကြား ထားကြောင်း ယင်းဒေသ ရှိ လက်ဖက်ရည် ဆိုင် ပိုင်ရှင်များ က The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
" သိန်းသုံးရာ အခွန်ဆောင်ဖို့ အကြောင်းကြား ထားတယ်" ဟု မိုးညှင်းမြို့ မှ လက်ဖက်ရည် ဆိုင် ပိုင်ရှင် တစ်ဦးက ဆိုသည်။အဆိုပါ အကောက် အခွန် ငွေကျပ်သိန်း သုံးရာကို မပျက်မကွက် လာရောက် ပေးဆောင်ရန် နှင့် ထွက်ပြေး တိမ်းရှောင်ပါက ရှေ့တန်း တပ်စခန်းမှ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ပြီး အခွန်ငွေ ကို ငြင်းဆန်ပါ ကလည်း မအောင်မြင် မခြင်း လက်တွေ့ အကောင်အထည်ဖော် ပြုမူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လက်ဖက်ရည် ဆိုင် ပိုင်ရှင် များထံ ကေအိုင်အိုက အကြောင်းကြား သည့် စာတွင် ဖော်ပြ ထားသည်။
အလားတူ ကဲ့သို့ပင် ဟိုပင်မြို့ မြသီတာ ရပ်ကွက်ရှိ "အာကာ" စတိုးဆိုင် ကိုလည်း ငွေကျပ် သိန်း ၂၅ဝ အခွန် ပေးဆောင်ရန် အကြောင်းကြား သောကြောင့် ယင်းဆိုင် ပိုင်ရှင်သည် ပေးဆောင်နိုင်ခြင်း မရှိဘဲ အသက် အန္တရာယ် အတွက် စိုးရိမ် ပူပန်ကာ နိုဝင်ဘာ ၄ ရက်နေ့တွင် မန္တလေး မြို့သို့ ထွက်ပြေး တိမ်း ရှောင် ခဲ့ရကြောင်း ယင်းဒေသခံ များထံမှ သိရသည်။ ဟိုပင်မြို့ မြေနု ကျေးရွာမှ ဆင်ပိုင်ရှင် တစ်ဦးကမူ "ဆင်တစ်ကောင်ကို ၁၈ သိန်း တောင်းလို့ သွားပေးလိုက် ပြီးပြီ" ဟု ဆိုသည်။
ကေအိုင်အိုမှ အခွန် ကောက်ခံခြင်း နှင့် ပတ်သက်၍ ရှေ့တန်း တပ်စခန်းများ ကို ကေအိုင်အို ဌာနချုပ်မှ ညွန်ကြားထားခြင်း ရှိမရှိ ကို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ထံ The Voice Weekly မှ အီးမေးလ်ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဖြေကြားခြင်း မရှိ သေးပေ။
ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၆ မှ အရာရှိ တစ်ဦး က မူ "ကေအိုင်အိုက အခွန်ကောက်ခံ တဲ့ စနစ်ကို စနစ်တကျ ပြုလုပ် ထားပါတယ်။ ဖားကန့် ဘက်မှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို တစ်နှစ်လုံး အတွက် ငွေ တစ်သိန်းခွဲ ဝန်းကျင်ပဲ အခွန် ကောက်ခံပါတယ်။ တစ်ခုခု လွဲမှား နေတာ ဖြစ်ပါလိမ့်မယ်" ဟု ဆိုသည်။ လက်ရှိ မိုးညှင်း ခရိုင် အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင် များသည် ကေအိုင်အိုထံ အခွန် ကောက်ခံခြင်း ကို မပေးဆောင် နိုင်၍ ဒေသခံ များအား အန္တရာယ် ပြုလာမည် ကို စိုးရိမ်လျက် ရှိကြောင်း မိုးညှင်းမြို့ အခြေစိုက် ကျောက်စိမ်း ကုန်သည် တစ်ဦးက ပြောကြားသည်။



The Voice Weekly

ကျောက်တော်မြို့နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အရ မြန်မာနိုင်ငံသားအဖြစ်ခံယူခွင့်ရရှိထားသည့် ဘင်္ဂလီ လုံးဝမရှိဟုဆို

Posted by drmyochit Sunday, November 11, 2012, under | No comments


ကျောက်တော်မြို့နယ် အတွင်း၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အရ မြန်မာနိုင်ငံသား အဖြစ်ခံယူခွင့်ရရှိထားသည့် ဘင်္ဂလီ များ လုံးဝမရှိကြောင်း ကျော်တော်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန အကြီးတန်း အရာရှိက နိုဝင်ဘာလ ၉ ရက်က ပေါ်ပြူလာ နယူးစ်ဂျာနယ်နှင့်တွေ့ဆုံ စဉ်ပြောကြားသည်။
ယခင်ကာလ ကတည်းကပင် ကျောက်တော်မြို့နယ်အတွင်း နိုင်ငံသားစိစစ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပြဌာန်း ချက်အတိုင်းပင် ဆောင်ရွက်ခဲ့ကြောင်း၊ ကျောက်တော်မြို့နယ်၌ လူမျိုးခြားအဖြစ် ဘင်္ဂလီ ၊ ဟိန္ဒူနှင့် တရုတ်လူမျိုး တစ်ဦးသာရှိကြောင်း၊ ယင်းတို့အနက် ဘင်္ဂလီများသည် ၁၉၅၀ ၊ ၁၉၆၀ ခုနှစ်များက ကိုင်ဆောင်ရန် ထုတ်ပေးထားသည့် ကဒ်ပြားအဖြူရောင်ဖြင့်သာနေ ထိုင်ကြရခြင်းဖြစ်ကြောင်း၊ ၄င်းတို့အား ပြုကဒ်၊ ဧည့်ကဒ်ထုတ်ပေးထားခြင်း ရှိကြောင်း ၄င်းကပြောသည်။
လက်ရှိတွင် မြို့နယ်တွင်း၌ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ကောက်ယူရန် ညွှန်ကြားချက်တစ်စုံတစ်ရာ မရှိသေး၊ လက်ရှိတွင် ပေါက်တော ၌ ကောက်ယူလျှက်ရှိပြီး ယင်းနောက် စစ်တွေကောက်ယူပြီးမှ သာ ကျောက်တော်မြို့နယ်တွင်း ကောက်ယူခြင်း ဆောင်ရွက်မည်ဟု ယူဆရကြောင်း သိရသည်။ ကျောက်တော်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှထုတ်ပြန် ထားသည့်စာရင်းများ အရအိမ်ထောင်စု စုစုပေါင်းသုံးသောင်း ကိုးထောင်ကျော်နှင့် လူဦးရေစုစုပေါင်း နှစ်သိန်းတစ်သောင်း ကျော်ရှိကြောင်း သိရသည်။

Popular New

နိုင်ငံသား စိစစ်ရေး ပြဿနာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ဝန်ကြီး ပေါက်တော လာရောက် ဖြေရှင်း

Posted by drmyochit Sunday, November 11, 2012, under | No comments


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မွတ်ဆလင် ကျေးရွာ ၅ရွာမှကျေးရွာသားများကို နိုင်ငံသားဟုတ် မဟုတ် စိစစ် နေရာ ရှုပ်ထွေမှုများပေါ်ပေါက်နေသောကြောင့် ကာကွယ်ရေး ၀န်ကြီး ဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့  ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က ပေါက်တောမြို့နယ်သို့  လာရောက် ဖြေရှင်း ပေးခဲ့သည် ဟုသတင်းရရှိသည်။
က်ထွန်းအောင်က  ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် အဖွဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာသို့ ရောက်ရှိလာကြောင်းကို ယခုလို ပြောကြားသည်။“  နိုင်ငံသား ဖြစ်ရေးအတွက် နိုင်ငံသားကဒ်တွေကို စိစစ်နေတဲ့ နေရာမှာ အရင်က ထုတ်ပေးထားတဲ့ ယာယီ ကဒ်ပြားမှာ လူမျိုး ဘင်္ဂလီ လို့ရေးသားထားတာကို ခုရိုဟင်ဂျာ နာမည် ရေးမှ လက်မှတ်ထိုးမယ် ဆိုပြီး တောင်းဆိုနေ ကြတဲ့အတွက် တော်တော် ရှုပ်ထွေးနေပါတယ်။
အဲဒါကြောင့် ဒီပြဿနာကို ကိုင်တွယ်ဖို့  မနေ့က ပေါက်တောမြို့နယ် ဆင်တက်မော်ကို ဗိုလ်ချုပ်ကြီး လှမင်းနဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့ အဖွဲ့ ရောက်လာပါတယ်။ သူတို့က ဘယ်ပုံ ဘယ်နည်းနဲ့ ညွှန်ကြားသွားမယ် ဆိုတာ မသိသေးဘူး” ဟုပြောသည်။ပေါက်တောမြို့နယ်ရှိ မွတ်ဆလင် ကျေးရွာ ၅ ရွာကို အဖွဲ့ ၁၅ ဖွဲ့ ခွဲပြီး ကျေးရွာများတွင် စခန်းချကာ လူဦးရေ စာရင်း နှင့် နိုင်ငံသား ကဒ်ပြားများကို စစ်ဆေးနေသည်ဟု သိရသည်။ ထိုသို့ စစ်ဆေးနေစဉ် ဘင်္ဂလီ လူမျိုးဟု ရေးသားထားသဖြင့်  လက်မှတ်ထိုးရန် ငြင်းဆန် နေကြခြင်း ဖြစ်ကြောင်း သူက ပြောသည်။“ဘင်္ဂလီတွေဘက်က လက်မှတ်ထိုးဖို့ ငြင်းဆန်တဲ့ ကိစ္စကဒီလိုပါ။ ၀န်ကြီးချုပ် ဦးနုခေတ်က ကျွန်တော်တို့ကို ရိုဟင်ဂျာ အမည်နဲ့ အသိအမှတ်ပြုခဲ့တယ်။ ပြီးရင်မြန်မာ့ အသံလွှင့်ဌာနကလည်း ထုတ်လွှင့်ခွင့် ပြုခဲ့တယ်။ အဲဒီ အထောက် အထားနဲ့ ငြင်းဆန်းနေတာကို တွေ့ရပါတယ်” ဟုဆိုသည်။၎င်းပြင်သူက  “  နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကတောင်မှ ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးလို့ အတိအလင်း တရားဝင်ထုတ်ပြန် ပြီးသားဖြစ်တယ်။
ဒါပေမယ့်လည်း သူတို့က ဒီဟာကြီးကို မရမက တောင်းဆိုနေတယ်။ ဒါကြောင့် နိုင်ငံသား စိစစ်ရေးမှာ အခက်အခဲ ဖြစ်နေတာ ဖြစ်ပါတယ် ” ဟုပြောသည်။ပြည်ပမှ သွေးထိုးကြိုးကိုင်သည့် အဖွဲ့အစည်းများ ရှိသည့်အတွက် သူတို့ လူမျိုးအတွင်းမှာ တနေ့ တမျိုး တနေ့ တမျိုး ပြောင်းလဲမှုများတွေ တွေ့ရကြောင်း ဦးတက်ထွန်းအောင်က ပြောသည်။နိုဝင်ဘာ ၉ရက်နေ့ မှ စတင်ပြီး ဘင်္ဂလီလူမျိုးများအား နိုင်ငံသားဖြစ်ရေးနှင့် မဖြစ်ရေးကို စစ်ဆေးနေရာ လက်မှတ်ရေးထိုးရန် ငြင်းဆန်နေသဖြင့် အချိန်နှင့် တပြေးညီ လုပ်ငန်းများကို မလုပ်ဆောင်နိုင်ဘဲ ဖြစ်နေသည်ဟု သတင်း ရရှိသည်။ယခုစစ်ဆေးနေသည့် ကျေးရွာများမှာ ဆင်တမော်၊ ကြိမ်နီပြင်၊ ငှက်ချောင်း(ပုဏ္ဏားကြီး)၊ ဆည်သုံးတန်(င၀က် ချောင်း)၊ ပြိုင်းတောင်တို့ ဖြစ်ကြသည်။
အဖွဲ့ ၁၅ဖွဲ့ခွဲပြီး စစ်ဆေးရာတွင် တဖွဲ့ တစ်ခုတွင် အဖွဲ့ဝင် ၁၅ဦးပါပြီး ထိုအထဲတွင် ရခိုင်မှတဦးနှင့် မွတ်ဆလင်များ ဘက်မှ တစ်ဦးစီ ပါဝင်သည်ဟု သိရသည်။
နိရဉ္စရာသတင်းဌာန

ရဲတပ်ဖွဲ့ဝင်များကို မချေမငံ ပြောဆိုသော တပ်မတော်ဗိုလ် တစ်ဦးအား အမှုဖွင့်

Posted by drmyochit Sunday, November 11, 2012, under | No comments


ကားပြိုင်မောင်းသူများနှင့် တုတ်၊ဓား စသည့် လက်နက်ပုန်းများ သယ်ဆောင်လာသည့် ယာဉ်များကို စစ်ဆေး ဖမ်းဆီးနေ သောတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ကို မချေမငံ ပြောဆိုခဲ့သော ဗိုလ်မင်းသန်းထွန်းအား အမှုဖွင့် ထားကြောင်းရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များ အရ သိရသည်။နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး သက်ထွန်းဦး နှင့် တပ်ဖွဲ့ဝင်များ အပါအဝင် နယ်မြေ ( ၂ ) မှ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ ကမ္ဘာအေးလမ်းမပေါ် ဖူစန် တရုတ်ဘုံကျောင်းရှေ့တွင် တာဝန်အရ ယာဉ်များကို ရပ်တန့် စစ်ဆေးနေစဉ်ချော်တွင်းကုန်း ဘက်မှ ကုက္ကိုင်းဘက်သို့ ယာဉ်မောင်းသန့်ဇင် ( ၂၈ ) နှစ် မောင်းနှင် လာသော ၈ဇ/ ၇၂၂၇ ဟိုင်းအေ့ မိုက်ခရိုဘတ် အဖြူ နံသာ ရောင် ကိုယ်ပိုင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲပိတ်ဆို့ တားဆီး စစ်ဆေးရာ တွင်အသုံးပြုသည့် ဗယ်ရီဂိတ်ကို ဝင်တိုက်မိခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့ရုံး၏ အမှုဖြစ်စဉ်တွင် ဖော်ပြထားသည်။ အဆိုပါယာဉ်နှင့် ဗယ်ရီဂိတ် ပျက်ဆီးသွားပြီး ယာဉ်ပေါ် လိုက်ပါလာသူ ကြည်း(၅ဝ၉၃၈ ) ဗိုလ်သန်းမင်းထွန်း က ကားပေါ်မှဆင်းလာကာ တာဝန်ကျ တပ်ဖွဲ့ဝင်များကိုမချေမငံ ပြောဆိုခဲ့ခြင်းကြောင့် အမှတ်( ၃ ) တပ်ထိန်းတပ်ဖွဲ့သို့ဆက်သွယ် အကြောင်းကြားထားပြီး ဖြစ်စဉ်နှင့် ပက်သက်၍ဗဟန်းရဲစခန်းမှပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၂၈ / ၁၂ ၊ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်ထားပြီးစုံစမ်း စစ်ဆေးလျက် ရှိကြောင်းရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက် အရ သိရသည်။


The Voice Weekly

တပ်သား (၃) ဦး ကိစ္စ ဒုတိယ အကြိမ် မြန်မာဘက်မှ ဘင်္ဂလာသို့ စာရေးသား ပေးပို့

Posted by drmyochit Sunday, November 11, 2012, under | No comments


ဖမ်းဆီး ခေါ်ဆောင်သွားသောတပ်သား (၃) ဦး ကိစ္စနှင့်ပတ်သက်ပြီး မြန်မာ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ နစကမှဘင်္ဂလာဒေခ်ျ့ နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ ဘီဂျီဘီသို့  ယမန်နေ့က ဒုတိယ အကြိမ်မြှောက် စာတစ်စောင် ရေးသားပေးပို့ လိုက်သည်ဟု သတင်း ရရှိသည်။
ယခုကဲ့သို့ နစက တပ်ဖွဲ့မှ စာရေးသား ပေးပို့ကြောင်းကို ယမန်နေ့ သောကြာနေ့က လက်ခံ ရရှိခဲ့ကြောင်း ဘင်္ဂလာဒေခ်ျ့ဘက်က အတည်ပြု ပြောကြားသည်။ နတ်ကျောက်ဆရီမြို့ အခြေစိုက် အမှတ် ၁၅ ဘီဂျီဘီ တပ်ရင်း တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး Mahabubur Rahman က မြန်မာနစက တပ်ဖွဲ့မှ စာကို လက်ခံ ရရှိကြောင်းနှင့် စာထဲတွင် ဖမ်းဆီး ခေါ်ဆောင်သွားသော မြန်မာနိုင်ငံသားများကို ရှာဖွေ ကယ်တင် ပေးရန် အကူအညီ တောင်းခံထားသည်ဟု ဖေါ်ပြထားကြောင်း ပြောဆိုသည်။မြန်မာ နစက တပ်ဖွဲ့မှ အဆိုပါ ဒုတိယ အကြိမ်မြှောက် စာကို နှစ်နိုင်ငံ တပ်မှူး အဆင့် ပြု လုပ်ခဲ့သော အလံတင် ဆွေးနွေးပွဲ အပြီး နာရီ (၂၀) အတွင်းတွင် ပေးပို့ခဲ့သည်ဟု ဆိုသည်။ မြန်မာ စစ်တပ်နှင့် နီးစပ်သော သတင်းအရ အဆိုပါ စာထဲတွင် မြန်မာဘက်က တပ်သား (၃) ဦးကို ဘင်္ဂလာဒေခ်ျ့နယ်မြေထဲသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ သို့ အတွက်   အဆိုပါ တပ်သား (၃) ဦး အမြန်ဆုံး ပြန်လည် လွှတ်မြောက်လာမည်ကို ကူညီပေးရန် မျှော်လင့်ကြောင်း၊ မဟုတ်ပါက ဘင်္ဂလာဒေခ်ျ့ နယ်မြေထဲထိ ၀င်ရောက် ရှာဖွေမည်ဟု စာထဲတွင် ပါဝင်သည်ဟု ဆိုသည်။အဆိုပါ မြန်မာဘက်က တပ်သား (၃) ဦးကို ဘင်္ဂလာဒေခ်ျ့တွင် အခြေစိုက်သော လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုမှ  ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် နယ်စပ် အခြေအနေမှာ တင်းမာနေပြီး အချိန်မရွှေး သေနတ် ထပေါက်နိုင်သဖြင့်  နယ်စပ်နေ ပြည်သူများ အကြား စိုးရိမ်မူများ တိုးပွားနေသည်ဟု သိရသည်။

 နိရဉ္စရာသတင်းဌာန

တယ်လီဖုန်း အရေးပေါ် အားသွင်းနည်းတခု

Posted by drmyochit Sunday, November 11, 2012, under | No comments


သဘာဝ ဆိုတာ တကယ့် စွမ်းအင်ကို ရစေတဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ဒါကို သက်သေထူတဲ့ လူငယ်တဦး ကတော့ ထိုင်း နိုင်ငံက တက္ကသိုလ်ကျောင်းသား တဦးပါ။ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ တောင်းပိုင်းတ၀ိုက် ပြီးခဲ့တဲ့ ရေကြီးမှုတွေဖြစ်တော့ လျှပ်စစ်မီးတွေပျက်၊ တယ်လီ ဖုန်းတွေလည်း ဘက်ထရီ အားသွင်းလို့ မရတော့တဲ့အခါ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ် သွားခဲ့တဲ့ သင်္ခန်းစာကို ထိုင်းနိုင်ငံ သားတွေ ရခဲ့ကြပါတယ်။ အဲဒီကနေ ထိုင်းကျောင်းသား လူငယ်တဦးက တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ လုပ်ခဲ့ပါတယ်။ သူကတော့ ဘက်ထရီ အားပြန်သွင်းဖို့ အတွက် ရေနွေးငွေ့နဲ့ ဖန်တီးထားတဲ့ Thermoelectric Power Generator အဖြစ် ပုံမှာ ပြသထားတဲ့ အတိုင်း တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အရေးပေါ် ဘက်ထရီ အားပြန်သွင်းလို့ ရနိုင်ပါတယ်။  အခုတော့ ထိုင်းနိုင်ငံ သတင်းမီဒီယာ တွေကပါ အဲဒီလို တီထွင်ပြခဲ့တဲ့ ဘက်ထရီ ဓာတ်အားပြန်သွင်းတဲ့ စနစ်ကို အကျယ်တ၀ံ့ ဖော်ပြသွားခဲ့ပါတယ်။ 

စက်တပ်လှေတစ်စီး တိမ်းမှောက်ကာ ကိုရင် ၃ ပါးနှင့် လူတစ်ဦး ပျောက်ဆုံးလျက်ရှိ

Posted by drmyochit Sunday, November 11, 2012, under | No comments


အောက်တိုဘာလ ၉ရက်နေ့ ညပိုင်းက မုံရွာမြို့ မှ ညောင်ပင်ကြီး ဆိပ်ကမ်းဘက်သို့ ညပိုင်း
၈နာရီခွဲခန့်တွင် ခုတ်မောင်းလာသော ဟွန်ဒါအမျိုးအစား မြင်းကောင်ရေ ၇ကောင် ၂၅ပေ×၃ပေ အနက်၂ပေခန့်ရှိ သစ်သားကိုယ်ထည် စက်တပ်လှေတစ်စီး တိမ်းမှောက်ကာ ကိုရင် ၃ ပါးနှင့် လူတစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ “ညပိုင်း ၈နာရီ အထိပုံမှန် စက်လှေတွေ ပြေးဆွဲပေးပြီး ည ၈နာရီနောက်  ပိုင်းဆိုရင်  လှေငှားမှရတယ်။ ပုံမှန်ကူးနေကျ စက်လှေတွေက လူတစ်ယောက်ကို ၂ရာကျပ်နဲ့  ဆိုင်ကယ်တစ်စီးကို ၅၀၀ ကျပ်ပေးရတယ်။ ညပိုင်း၈နာရီကျော်ရင်ကို ချင်းတွင်းမြစ်တာရိုး အလယ်လောက်မှာရှိ တဲ့နန်ချွန်မုန့်ဆိုင်နားမှာ ရှိလို့ နန်ချွန်ဆိပ်ကမ်းလို့ခေါ်တဲ့ နေရာမှာ လှေငှားဦးမလား …အနောက်ဘက်ကမ်း ကူးမလားဆိုတဲ့       ဧည့်ကြိုသမားတွေ များတယ်။ ချင်းတွင်းတံတားနဲ့ မုံရွာမြို့ထဲက ၆မိုင်ကျော်ကျော်ဝေးလို့  မုံရွာမြို့ထဲ နန်ချွန်ဆိပ်ကမ်းက ကူးကြတာများပါတယ်။ အခုဟာက မုံရွာဘုရားကြီးဈေး ပွဲတော်လို့ ခေါ်တဲ့ သီတင်းကျွတ်ပွဲရှိတော့ ညပိုင်းပွဲသွား ပွဲလာတွေနဲ့ အလုပ်ဖြစ်တာများတယ်။ မုံရွာတာရိုး တောင်ဘက်ထိပ် မြို့ပတ်လမ်း ဆိပ်ကမ်းဘက်မှာ သဲသောင်တွေထွန်းလာလို့ သောင်ခုံကို ပတ်သွားနေရတယ်။အဲဒီတော့ နန်ချွန်ဆိပ်ကကူး တာများတယ်လေ။”ဟု ညောင်ပင်ကြီးဆိပ်ကမ်းမှ ဒေသခံတစ်ဦးကပြောပြခဲ့သည်။ ဖြစ်စဉ်အကျဉ်းမှာ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာ အမှတ် ၃ရပ်ကွက်နေ ဝေမိုး (၂၇ နှစ်) အဘဦးမောင်နီ မောင်းနှင်လာသောဟွန်ဒါအမျိုးအစားမြင်းကောင်ရေ ၇ကောင် ၂၅ပေ×၃ပေ အနက်၂ပေခန့်ရှိ သစ်သားကိုယ်ထည် စက်တပ်လှေမှာ ညောင်ပင်ကြီးဆိပ်ကမ်းသို့ မုံရွာမှ မောင်းလာစဉ် လှေဦးမှ ရေများဝင်လာကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စက်လှေပေါ်မှာ အမျိုးသမီး၂ဦး ၊အမျိုးသား ၇ ဦး စုစုပေါင်း ၉ ဦီးနဲကိုရင် ၅ ပါးတို့ လိုက်ပါလာတာလို့ သိရတယ်။ ပျောက်ဆုံးနေတဲ့ အမျိုးသားက ဆားလင်းကြီးမြို့နယ် အောင်ချမ်းစီရွာက ကျဘမ်းလုပ်သားမင်းမင်းထွန်း ၂၅ နှစ် (ဘ-ဦးဌေးဝင်း) ဖြစ်ပြီး ၃နှစ်အရွယ်ကလေးနဲ့ နို့စို့အရွယ် ကလေးတို့ ပါတယ်လို့ သိရတယ်။ သူ့ အမျိုးသမီးက ရေကူး
တတ်ပြီးကလေးတွေနဲ့ လွတ်မြောက်သွားပေမဲ့ မင်းမင်းထွန်းကတော့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
”ဟု ညောင်ပင်ကြီးဆိပ်ကမ်းမှ ဈေးသည်တစ်ဦးကပြောပြသည်။မင်းမင်းထွန်းနှင့် အတူပျောက်ဆုံးလျက်ရှိသော ကိုရင် ၃ပါး မှာ မုံရွာမြို့ဘုန်းစိုးကျောင်းတိုက်မှဖြစ်ပြီး အရှင်အိန္ဒိယ ၁၈နှစ်၊ ဝါတော် ၄ ဝါ (အဘဦးတင်မြင့် )၊အရှင် စာရိတ္တ ဝါတော် ၃ဝါ (အဘ-ဦးအိုက်မာ)၊အရှင်ဓမ္မ၁၂ နှစ် (အဘ-ဦးသန်းရွှေ ) တို့ ဖြစ်ပြီးအဆိုပါ စက်လှေတိမ်းမှောက်မှုအတွက် ဆားလင်းကြီး ရဲစခန်းမှ တရားခံ ဝေမိုး ၂၇ နှစ်အား (ပ)၂၅၃/
၂၀၁၂   ပုဒ်မ ၂၈ဝ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရှိရပါသည်။


Eleven Media Group

အမျိုးသမီးတဦး "ငတုံး" ဆိုင်းဘုတ် လည်ပင်းချိတ်ရန် စီရင်ချက်ချခံရ

Posted by drmyochit Sunday, November 11, 2012, under | No comments



ကလေးများကို အိမ်ရှေ့ချ ပေးနေသော ကျောင်းကြိုပို့ကားကို ကျော်တက်ပြီး ပလက်ဖောင်းပေါ်မှ မောင်းသွား အမျိုးသမီးတဦးသည် "ငတုံး" ဟူသော ဆိုင်းဘုတ် လည်ပင်းချိတ်ပြီး အခင်းဖြစ်သည့်နေရာတွင် မတ်တပ်ရပ်ရန် တနင်္လာနေ့က စီရင်ချက် ချခံလိုက်ရသည်။
အမှုခိုင်လုံ ရခြင်းအကြောင်းမှာ ကျော်တက်နေပုံကို ကြိုပို့ကားဒရိုင်ဘာက ဗီဒီယို ရိုက်ကူးထားခြင်း၊ အနီးတွင် စောင့်ကြည့်နေသော ယာဉ်ထိန်းရဲကားတစီး ရှိနေခြင်းကြောင့် ဖြစ်ဟန်တူသည်။ အမှုမှာ အမေရိကန် Ohio ပြည်နယ်၊ Cleveland မြို့ အသက် ၃၂ အရွယ် Shena Hardin အမည်ရှိ အမျိုးသမီး စက်တင်ဘာလက ထိုသို့ ယာဉ်စည်းကမ်း ချိုးဖောက်မိခြင်း ဖြစ်သည်။ ဗီဒီယိုပြကွက်အရ ထိုအမျိုးသမီး လမ်းစည်းကမ်း ဖောက်ပြီးချိန်တွင် စောင့်ကြည့်နေသည့် ရဲကားတစီးက အချက်ပြမီးဖွင့်ပြီး တားဆီးလိုက်သည်ကို တွေ့ရသည်။
ကလေးအတင် အချလုပ်နေကြောင်း အချက်ပေး အမှတ်အသား ပြနေသော ကျောင်းကြိုပို့ကားကို တွေ့လျှင် မည်သည့်ယာဉ်မဆို ရပ်တန့်ထားရန် အမေရိကန်နိုင်ငံ စည်းကမ်း ထုတ်ထားသည်။
ကျောင်းကြိုပို့ကား မောင်းသူက အချက်ပေး အမှတ်အသား ရုပ်သိမ်းမှ ဆက်လက်သွားလာနိုင်သည်။ ကလေးအတင်အချ လုပ်မည့်အချိန်တွင် STOP  ဟု ထင်သာမြင်သာ ရှိသည့် ဆိုင်းဘုတ်သည် ကျောင်းကြိုပို့ကားဘေးတွင် ပေါ်ပေါက်လာတတ်ပြီး၊ အချက်ပြမီးများ ဖွင့်ထားလေ့ရှိသည်။ ကလေးများ ယာဉ်အန္တရာယ် ကင်းဝေးရန် ပြည်နယ် ၅၀ စလုံးတွင် ထိုသို့သော ယာဉ်စည်းကမ်းကို ချမှတ်ထားသည်။
အထက်ဖော်ပြပါ စည်းကမ်းဖောက်ဖျက်မှုမှာ E. 38 လမ်း၊ Superior လမ်းမကြီးနှင့်  Payne Avenue လမ်းမကြီးကြားတွင် ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။ ယာဉ်စည်းကမ်းဖောက်ဖျက်သူ အမျိုးသမီးကို ယင်းမြို့ စည်ပင်သာယာတရားရုံးက ယာဉ်မောင်းလိုင်စင် ရက် ၃၀ ရုပ်သိမ်းရန်၊ တရားရုံးစရိတ် ဒေါ်လာ ၂၅၀ ကျခံရန် အမိန့်ချမှတ်လိုက်သည်။ ထို့ပြင် အခင်းဖြစ်သည့်နေရာတွင် နံနက် ၇း၄၅ မှ ၈း၄၅ အထိ နှစ်ရက်တိုင် ဆိုင်းဘုတ်တခု လည်ပင်းဆွဲပြီး ရပ်နေရန်လည်း အမိန့် ချသည်။ ထိုဆိုင်းဘုတ်တွင် "ငတုံးယာဉ်မောင်းသူသာ ကျောင်းကားရှောင်ရန် ပလက်ဖောင်းပေါ် တက်မောင်းသည်" ဟု ရေးထားသည်။
၎င်းစီရင်ချက်ကို အွန်လိုင်းတွင် ထောက်ခံချီးကျူးသူ အများအပြား ရှိသကဲ့သို့ ကန့်ကွက်သူများရှိကြောင်းလည်း တွေ့ရသည်။

ရခိုင်နယ်စပ်ဒေသ ၊ ခိုးဝင်သူ နှင့် လာဘ်ပေးမှုပြဿနာ

Posted by drmyochit Sunday, November 11, 2012, under | No comments


မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံများနှင့်ထိစပ်လျက်ရှိပါသည်။ အရှေ့မြောက်ဖက်တွင် တရုတ်နိုင်ငံ(လူဦးရေသန်းပေါင်း ၁၃၃၀ခန့် )၊ အနောက်မြောက်ဘက်တွင် အန္ဒိယနိုင်ငံ (လူဦးရေသန်းပေါင်း ၁၁၇၀ခန့်)၊ အနောက်ဖက်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ (လူဦးရေသန်းပါင်း၁၆၀ခန့်) တို့ရှိကြသည်။ ယင်းအနက် ရခိုင်ပြည်နယ်သည် လူဦးရေသန်း(၁၆၀)ခန့်ရှိသော ဘင်္ဂလာဒေ့ရှ်နှင့်လည်းကောင်း လူဦးရေသန်း(၁၁၇၀)ခန့်ရှိသော အိန္ဒိယနိုင်ငံနှင့်လည်းကောင်း ထိစပ်လျက်ရှိပါသည်။
ဘင်္ဂလာဒေ့ရှ်သည် မြန်မာနိုင်ငံ အကျယ်အ၀န်း၏ ငါးပုံတစ်ပုံ (၅၅၅၉၈ စတုရန်းမိုင်) သာရှိပြီး လူဦးရေမှာ သုံးဆခန့်ပိုများပါသည်။ တစ်စတုရန်းမိုင်တွင် လူဦးရေ(၂၈၂၇)ဦးနေထိုင်သဖြင့် သိပ်သည်းဆမှာ ပေါက်ကွဲလုမတတ်ရှိသည်။ ဘင်္ဂလာဒေ့ရှ်တွင် လူဦးရေတိုးနှုန်းမြင့်မားပြီး လူဦးရေသိပ်သည်းလွန်းမှု၊ နေထိုင်လုပ်ကိုင် စားသောက်ရန် မြေနေရာရှားပါးမှု၊ (ဘင်္ဂလာဒေ့ရှ်၏ မြေဧရိယာအများစုမှာ မြစ်ဝကျွန်းပေါ် ဒေသများဖြစ်ပြီး ဒီရောက်တောများဖြင့် ဖုံးလွှမ်းနေကာ မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှု မကြာခဏဖြစ်ပေါ်သဖြင့် လူအခြေချနေထိုင်ရန် မြေနေရာရှားပါးလှသည်။)၊ စားနပ်ရိက္ခာရှားပါးမှု၊ အလုပ်အကိုင်ရှားပါးပြီး ဆင်းရဲမွဲတေမှုကြောင့် (တစ်နေ့ဝင်ငွေ ၁.၂၅ ဒေါ်လာအောက်သာရှိသည်။) နိုင်ငံကိုစွန့်ခွာသွားလိုသူ တစ်နေ့တစ်ခြား များပြားလျက်ရှိသည်။ အများစုမှာ နယ်ချင်းစပ်နေသော အိန္ဒိယနိုင်ငံနှင့် ရခိုင်ပြည်နယ်သို့ ၀င်ရောက်နေထိုင်ရန် ကြိုးပမ်းလေ့ရှိကြသည်။ အိန္ဒိယက ဘင်္ဂလာဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရိုးများ (ယခုအထိ ၁၇၉၀မိုင် ရှိနေပြီဖြစ်သည်။ ၁၉၈၆-ခုနှစ်မှ စတင်တည်ဆောက်ခဲ့သည်) ကာရံထားပြီး ပစ်ခတ်မိန့်များပင် ပေးထားကြောင်း သိရသည်။ ယင်းသို့ ခြံစည်းရိုးကာရံခဲ့သော်လည်း ယနေ့အထိ ဘင်္ဂလာဒေ့ရှ်နိုင်ငံသား သန်း(၂၀)ခန့် အိန္ဒိယ အတွင်းသို့ရောက်ရှိနေခဲ့ပြီဟု သိရသည်။ ရခိုင်ပြည်နယ်ဖက်တွင်လည်း ခေတ်အဆက်ဆက် ခိုးဝင်မှုများ အဆက်မပြတ်ရှိခဲ့သည်။ ၂၀၀၉-ခုနှစ်တွင် နတ်မြစ်ကမ်းတစ်လျှောက် သံဆူးကြိုး ကာခြင်းကို မြန်မာဖက်မှ စတင်ခဲ့သော်လည်း ယခုအထိ ပြီးစီးခြင်းမရှိသေးသဖြင့် ထိရောက်သော တားဆီးမှုများ မပြုလုပ်နိုင်သေးချေ။
၂၀၀၀-ခုနှစ် နောက်ပိုင်းတွင် မြန်မာအစိုးရက နယ်စပ်ဒေသထိန်းချုပ်မှုများ ပိုမိုပြုလုပ်လာသဖြင့် ပင်လယ်ရေကြောင်းမှ ထိုင်း၊ မလေးရှား ၊ အင်ဒိုနီးရှားသို့တိုင် လှေစီးထွက်ခွာမှုများ ရှိလာခဲ့သည်။ စွန့်စားထွက်ခွာ သူများလွန်းသဖြင့် ၂၀၁၂-ခုနှစ်သို့ ရောက်သောအခါ လူကုန်ကူးသူများ၏ ဈေးကွက်တစ်ခု အဖြစ်သို့ပင်ရောက်လာခဲ့သည်။ ၂၀၁၂-ခုနှစ် ဇူလိုင်လက ဂွမြို့နယ်အတွင်း ဘင်္ဂါလီလူမျိုး (၇၀)ခန့်ကို လူကုန်ကူးသည့် မော်တော်ဘုတ်ဖြင့် ဖမ်းဆီးရမိခြင်း ၊ ၂၀၁၂-ခုနှစ် ဇူလိုင်လ (၂၀)ရက်နေ့ကလည်း ဘင်္ဂါလီလူမျိုး(၉၀)ဦးကို ပေါက်တောမြို့နယ် သဲခုံ၌ လူကုန်ကူးသည့် မော်တော်ဘုတ်ဖြင့် ဖမ်းဆီးရမိခြင်း တို့က အထင်အရှား သက်သေခံနေကြသည်။ ယင်းသို့ ခရီးရှည် ခရီးကြမ်းများကိုပင်လျှင် အသက်စွန့်၍ သွားရောက်နေကြလျှင် နယ်ချင်းစပ်နေသော ရခိုင်ပြည်နယ်သို့ ဘင်္ဂါလီဦးရေ မည်မျှအထိခိုးဝင်နေခဲ့ကြပြီကို တွက်ဆရန်မှာ ကြက်သီးထစရာပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရခိုင်ပြည်နယ်တွင် ခိုးဝင်ဘင်္ဂါလီ အများအပြား ရှိနေပြီကိုကာ အရှိတရား တစ်ခုအဖြစ် လက်ခံ ထားရမည် သာဖြစ်သည်။ ယင်းခိုးဝင် ဘင်္ဂါလီများကြောင့် လူမှုရေး ၊ စီးပွားရေး အခြေအနေများတွင် လွန်စွာရှုပ်ထွေးလာခဲ့ပြီး အုပ်ချုပ်ရေးယန္တရား (အထူးသဖြင့် ရခိုင်မြောက်ပိုင်းဒေသ)တွင် တရားဥပဒေ စိုးမိုးမှုလွန်စွာ လျော့ရဲအားနည်းလာခဲ့ကြောင်းတွေ့ရပါသည်။ ခိုးဝင်သူဘင်္ဂါလီများမှာ ဥပဒေအရ တရားဝင်နေထိုင်ခွင့်ရှိသူများ မဟုတ်ကြသဖြင့် ဥပဒေကို အစဉ်ကြောက်ရွံ့နေကြရသူများဖြစ်သည်။ ယင်းကြောက်ရွံ့နေရမှုများ လျော့နည်းသက်သာစေရေးအတွက် အုပ်ချုပ်ရေး ယန္တရားအတွင်းရှိ ၀န်ထမ်း အဆင့်ဆင့်အား လာဘ်ငွေ နှင့် ရုပ်ဝတ္တုပစ္စည်းများ (ဥပမာ ဆန်၊ ဆီ၊ သားငါး၊ အိမ်အသုံးအဆောင် စသည်တို့)အား စဉ်ဆက်မပြတ်ပေးကမ်းကာ ဆက်လက်နေထိုင်ခွင့်ရရေးအတွက် ကြိုးစားလေ့ရှိကြသည်။ အုပ်ချုပ်ရေးယန္တရားအတွင်း ၀န်ထမ်း အဆင့်ဆင့်မှာလည်း ယင်းသို့လာဘ်ငွေနှင့် ရုပ်ဝတ္တုပစ္စည်းများ မယူချင်အဆုံး ရရှိနေကြ၍ ခိုးဝင်ဘင်္ဂါလီများကို အရေးတယူ ဖမ်းဆီးမှု မပြုတော့ဘဲ လက်သပ်မွေးထားကာ ၀င်ငွေရလမ်းတစ်ခုအဖြစ် ခေတ်အဆက်ဆက် ဖန်တီးထားခဲ့ကြသည်။
ခိုးဝင်ဘင်္ဂါလီများအနေဖြင့် နေထိုင်မှုကြာပြီး အတည်တကျ ဖြစ်လာသောအခါ တစ်ဆင့်တက်၍ တိုင်းရင်းသားများ (နိုင်ငံသားလက်မှတ် ကိုင်ဆောင်ခွင့်ရှိသူ) သာ လုပ်ကိုင်ဆောင် ရွက်ခွင့်ရှိသော လုပ်ငန်းနှင့် ပိုင်ဆိုင်ခွင့်များကို သက်ဆိုင်ရာ ၀န်ထမ်းများသို့ လာဘ်ပေး၍ ရယူဆောင်ရွက် လာကြပြန်သည်။ ယင်းလုပ်ငန်းများမှာ နိုင်ငံသားလက်မှတ်ရှိမှ လုပ်ပိုင်ခွင့်ရှိသော လယ်မြေပိုင်ဆိုင်ခွင့်၊ ဆန်စက်ထူထောင်ခွင့်၊ ငါးဖမ်းနှင့် ခရီးသွားစက်လှေ ထူထောင်ပိုင်ခွင့်၊ ဈေးများ၌ ဆိုင်ရောင်းချခွင့်၊ နယ်စပ်ကုန်သွယ်ရေးလုပ်ပိုင်ခွင့် စသည်ဖြင့် အရေးပါသည့် လုပ်ငန်းများဖြစ်ပြီး လာဘ်ငွေပေးခြင်းဖြင့် လုပ်ပိုင်ခွင့်ရရှိသွားခဲ့ကြသည်။ ယင်းလုပ်ငန်းများမှ တစ်ဖက်နိုင်ငံနှင့် အဆက်အသွယ်ရှိသော ခိုးဝင်ဘင်္ဂါလီများအတွက် ၀င်ငွေရလမ်းမြောက်များစွာကို ဖန်တီးနိုင်ခဲ့သည်။ ၀န်ထမ်းအဆင့်ဆင့်အားလည်း မက်လောက်အောင် ပုံအော၍ လာဘ်ထိုးနိုင်ခဲ့ကြသည်။ ယင်းသို့ငွေကြေး အရင်းအနှီးများစွာကို ပိုင်ဆိုင်လာသောအခါ ဒေသအတွင်း သြဇာအာဏာ ထူထောင်နိုင်ရေးအတွက် အုပ်ချုပ်မှုယန္တရားမှ ထိပ်တန်းခေါင်းဆောင် များအထိ ပေါက်မြောက်နီးစပ်အောင် နည်းအမျိုးမျိုးဖြင့် ချဉ်းကပ် ဆောင်ရွက်ခဲ့ကြသည်။
ဤသို့ဖြင့် ဒေသခံ တိုင်းရင်းသား ရခိုင်လူမျိုးများကပင် ရရှိခံစားခွင့်မရှိသော အထူးအခွင့်အရေးများကို တရားမ၀င်ရယူနိုင်လာခဲ့ကြသည်။ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးတို့တွင် တိုင်းရင်းသားရခိုင်များနှင့် ယှဉ်ပြိုင်စရာ ဖြစ်လာခဲ့ပါကလည်း ထိပ်တန်းအုပ်ချုပ်သူ အာဏာပိုင်များကို အသွင်အမျိုးမျိုးဖြင့် ချဉ်းကပ်၍ တိုင်းရင်းသားများအပေါ် ဗိုလ်ကျအနိုင်ယူနိုင်အောင် ဆောင်ရွက်ခဲ့ကြသည်။ ဤသို့ဖြင့် နိုင်ငံ့ဝန်ထမ်း လောကတွင် “ကုလားလာရင် ပိုက်ဆံပါ၊ ရခိုင်လာရင် ပြဿနာရှာ” ဟူသော ဆိုရိုး ပေါ်ပေါက်ရသည်အထိ ပျက်စီးခြင်းငါးပါးတိုင်ခဲ့ရသည်။
ယင်းမှတစ်ဆင့်တက်၍ အရေးအကြီးဆုံးဖြစ်သည့် “နိုင်ငံသားလက်မှတ်” ရရှိကိုင်ဆောင်နိုင် ရေးအတွက် အာဏာရှိပုဂ္ဂိုလ်များအား နည်းမျိုးစုံဖြင့် ချဉ်းကပ်၍ တရားမ၀င်ရယူ ကိုင်ဆောင်ခဲ့ကြကြောင်း တွေ့ရသည်။ (ဤတွင် အချို့လ၀က အရာရှိများအနေဖြင့် ခိုးဝင်ဘင်္ဂါလီများကို နိုင်ငံသားလက်မှတ် ထုတ်မပေးလိုသော်လည်း နိုင်ငံအပေါ်သစ္စာမဲ့သော အာဏာပိုင်ဆိုသူအချို့က နှုတ်အမိန့်ညွှန်ကြားချက်များဖြင့် အတင်းအဓမ္မ ခိုင်းစေ သဖြင့် ထုတ်ပေးခဲ့ရကြောင်း သိရပါသည်။)  ဤသို့ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ မည်သို့မျှ နိုင်ငံသားလက်မှတ် ရနိုင်စွမ်းမရှိသူ ဘင်္ဂါလီ အများအပြားကို ရခိုင်ပြည်နယ်အတွင်း၌လည်းကောင်း၊ မြန်မာနိုင်ငံ အနှံ့အပြား၌လည်းကောင်း တွေ့မြင် နေရပါသည်။ ရခိုင်တိုင်းရင်းသားများမှာ ဤဖြစ်ရပ်အား သိသိကြီးဖြင့် အံကြိတ်ရင်းငုံ့ခံနေခဲ့ကြရပါသည်။ (ဤဘင်္ဂါလီများအနက် နိုင်ငံတော်၏ကျေးဇူးသစ္စာကို မစောင့်သိဘဲ ‘ရိုဟင်ဂျာ’ လှုပ်ရှားမှုများ၌ ပါဝင်နေကြသော၊ နောက်ကွယ်မှ ကြိုးကိုင်နေကြသော ဘင်္ဂါလီများကို ဖော်ထုတ်အရေးယူနိုင်ရန် ၀ိုင်းဝန်းဆောင်ရွက် သင့်ကြပါ သည်။) တရားဝင်မဟုတ်သော်လည်း နိုင်ငံသားလက်မှတ် လက်ဝယ်ရှိနေသော ဘင်္ဂါလီများမှာ ရခိုင်ပြည်နယ်တွင်သာမက ရန်ကုန်မြို့အပါအ၀င် မြို့ကြီးများ၌ စီးပွားရေးလုပ်ငန်းကြီးများ ထူထောင်ကာ နိုင်ငံ၏ စီးပွားရေးကို ချယ်လှယ်သော အဆင့်သို့ ရောက်လာခဲ့သည်။ စီးပွားရေးလုပ်ပိုင်ခွင့်အတွက် အဆင့်တိုင်းတွင် ဘင်္ဂါလီတို့၏ သဘာဝအတိုင်း လာဘ်ပေးကာ ဆောင်ရွက်ခဲ့ကြသဖြင့် ကြီးကျယ်သော အဆင့်သို့ ရောက်ရှိသွားနိုင်ခဲ့ကြသည်။ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်း၊ ကားအရောင်းအ၀ယ် လုပ်ငန်းများတွင် ရှေ့တန်းရောက်အောင် ဆောင်ရွက်ခဲ့ကြသည်။ ဗမာ၊ ရခိုင် စသော တိုင်းရင်းသားများမှာ တိုင်းရင်းသားဖြစ်၍ လုပ်ပိုင်ခွင့် အပြည့်အ၀ရှိသည်ဟု ခံယူကာ လာဘ်ပေးစေလိုစိတ်မရှိသဖြင့် ဘင်္ဂါလီများအား မယှဉ်ပြိုင်နိုင်ဘဲ လုပ်ငန်းနယ်ပယ်အများအပြား၌ နောက်သို့ရောက်သွားခဲ့ကြသည်။ ဤကား နယ်စပ်မှ ခိုးဝင်သူ ဘင်္ဂါလီများ၏ အကျင့်စရိုက်ကြောင့် ၀န်ထမ်းများ အကျင့်စာရိတ္တပျက်စီးရကာ နယ်စပ်စည်းရိုးများ ကျိုးပေါက်ခဲ့ရခြင်း အကြောင်းတရားများပင်ဖြစ်သည်။
ဤသို့ ခိုးဝင်သူများကြောင့် ထိုင်းနိုင်ငံတွင်လည်း လူဝင်မှုကြီးကြပ်ရေးရဲများ နှင့် ပုလိပ်တပ်ဖွဲ့ဝင်များ စာရိတ္တပျက်ပြားကာ ထိန်းမနိုင် သိမ်းမရ ဖြစ်နေကြောင်း ကြားသိရပါသည်။ နယ်စပ်ခြံစည်းရိုးကာပြီး ပစ်သတ်မိန့်များ ပေးထားသော အိန္ဒိယနယ်စပ်၌ပင် ဘင်္ဂါလီများ၏ လာဘ်ပေးမှုဒဏ်ကို မခံနိုင်သဖြင့် အကျင့်ပျက်ခြစားမှုများ ရှိနေကြောင်း သိရသည်။
အမေရိကန်သို့ ခိုးဝင်သော မက္ကစီကို နယ်စပ်၌ပင် ရံဖန်ရံခါ လာဘ်ပေးမှုများရှိကြောင်းသိရသဖြင့် ခိုးဝင်သူ နှင့် လာဘ်ပေးမှုသည် တွဲနေသည့် သဘာဝပင်လားဟု စဉ်းစားရမလို ဖြစ်နေပါသည်။ ခိုးဝင်သူမှာ သူ၏တရားမ၀င်မှုကြောင့် အချိန်မရွေးလာဘ်ပေးရန် အဆင်သင့် ဖြစ်နေတတ်ပါသည်။ နောက်ဆုံးအဆင့် အသက်အန္တရယ်ကြုံလာလျှင် ရှိသမျှစည်းစိမ်အားလုံးကို ပုံပေးရန် ၀န်လေးမည် မဟုတ်ချေ။
တစ်ဖက်နိုင်ငံမှ လူခိုးဝင်မှုသည် မြန်မာနိုင်ငံတွင်သာ ဖြစ်နေခြင်းမဟုတ်ဘဲ အခြားသော ကမ္ဘာ့ဒေသများတွင်လည်း ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။ သြစတြေလျသို့ အာဖဂန် နှင့် သီရိလင်္ကာ မှ လူများ ရေကြောင်းဖြင့် ခိုးဝင်မှု၊ သီရိလင်္ကာ မှ အိန္ဒိယ တမီးလ်နာဒူးမှ တမီးလ်များ ခိုးဝင်မှု၊ မက္ကဆီကိုမှ အမေရိကန်သို့ နယ်စပ်မှ ခိုးဝင်မှု၊ ဘင်္ဂလာဒေ့ရှ်မှ အိန္ဒိယသို့ နယ်စပ်မှ ခိုးဝင်မှု၊ ဘင်္ဂလာဒေ့ရှ်မှ ထိုင်းနှင့် မလေးရှားသို့ ပင်လယ်ရေကြောင်းမှ ခိုးဝင်မှုတို့သည် ထင်ရှားသော ဖြစ်ရပ်များဖြစ်သည်။
ဘင်္ဂလာဒေ့ရှ်မှ အိန္ဒိယသို့ ခိုးဝင်သူ သန်းနှစ်ဆယ်ခန့်၊ မက္ကဆီကိုမှ အမေရိကန်သို့ ခိုးဝင်သူ (၁၁.၂)သန်းခန့် ရှိမည်ဟု ခန့်မှန်းချက်များ ရှိသည်။ ရခိုင်ပြည်နယ်တွင် ခိုးဝင်သူနှင့် ယင်းမှ ပေါက်ပွားသူ ရှစ်သိန်း(အချို့က ဆယ်သိန်းအထိ ခန့်မှန်းကြသည်) အထိရှိနေပြီ ဖြစ်သည်။
၂၀၁၂-ခုနှစ် ဇွန်လအတွင်း ဘင်္ဂလီဆူပူမှု ဖြစ်ပွားခဲ့ရာတွင် သေကြေသူ ဘင်္ဂါလီ နှင့် ရခိုင်လူမျိုးများ အရေအတွက်မှာ ရှစ်ဆယ်ခန့်ရှိခဲ့သည်။ ငွေကြေးတန်ဖိုးအားဖြင့် ကြီးစွာ ဆုံးရှုံးခဲ့ကြရသည်။ သတ်ဖြတ်ခံရသော ရခိုင်အများစုမှာ လည်လှီးသတ်ဖြတ်ခံရခြင်း၊ မီးရှို့သတ်ဖြတ်ခံရခြင်း၊ ခန္ဓာကိုယ်အား အပိုင်းပိုင်းလှီးကာ သတ်ဖြတ်ခံရခြင်း၊ ဖုတ်ကင်၍စားပြခြင်း စသော လူမဆန်စွာ ရက်ရက်စက်စက် ပြုမူခြင်းကို ခံခဲ့ကြရသည်။ ဤဒဏ်ရာဓဏချက်များ အနာအကင်းမသေသေးမီ ဇွန်လအရေး အခင်းမျိုးတဖန် ကြုံကြရပြန်သည်။
ရခိုင်ပြည်တွင် ခံစားနေရသော ခိုးဝင် ဘင်္ဂါလီများအရေးကို မကြာသောအချိန်အတွင်း တစ်စုံတရာ ပြီးပြတ်အောင် ဖြေရှင်းကြရတော့မည်။ ဘင်္ဂါလီများကား လာဘ်ပေးရန်၊ ၀န်ထမ်းများကို ဖျက်ဆီးရန် အဆင်သင့် အနေအထားတွင် ရှိနေကြသည်။ နည်းနည်းပေး၍ မရလျှင် များများပေးကြလိမ့်မည်။ များများပေး၍ အလုပ်မဖြစ်လျှင် ပုံအော၍ပေးရန် ကြံစည်ကြပေလိမ့်မည်။ ပုံအောပေး၍ မပြတ်လျှင် ၂၀၁၂-ခုနှစ် ဇွန်လ နှင့် အောက်တိုလာလ တို့တွင် ဖြစ်ခဲ့သော ဆူပူတိုက်ခိုက်မှုများကို တစ်ဖန်ပြန်၍ ဖန်တီးကြမှာ သေချာသည်။

ဘင်္ဂါလီတို့၏သဘောကို ရခိုင်ပြည်နယ်၌သာမဟုတ်၊ အခြားဒေသများ၌လည်း တွေ့နေရသည်။ ၂၀၁၂-ခုနှစ် ဇူလိုင်လအတွင်းက အိန္ဒိယနိုင်ငံ အာသံပြည်နယ်၌ ဘိုဒိုလူမျိုးစု (ဒေသခံမွန်ဂိုလွိုက် တိုင်းရင်းသားများ) နှင့် ခိုးဝင် ဘင်္ဂါလီများ အကြားအဓိကရုဏ်းဖြစ်ပွား၍ ညမထွက်ရအမိန့်ထုတ်ပြန်ကာ အခြေအနေကို ထိန်းသိမ်းခဲ့ရသည်။
ဘင်္ဂါလာဒေ့ရှ်မှ ခိုးဝင်လာသူများကြောင့် (ဒေသခံ)ဟိန္ဒူတို့အဖို့ရာ ဘာသာပြောင်းလျှင်ပြောင်း မပြောင်းလျှင် ပင်လယ်ထံသို့ ဂျောင်း ကြတော့ရန်သာရှိတော့သည် ဟု အနောက် ဘင်္ဂလားပြည်နယ်မှ အထင်ကရ နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် တပ်ဟာဂွတာရွိင် က ပြောသည်ကို ကြားဖူးပါသည်။ သို့ရာတွင် ရခိုင်တို့ကား ဗုဒ္ဓဘာသာကို မစွန့်လွှတ်နိုင်သလို ရခိုင်မြေကိုလည်း တစ်လက်မမျှပင် အဆုံးအရှုံး ခံကြမည် မဟုတ်ချေ။ ရခိုင်နယ်စပ်တွင် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေ အတိုင်း နိုင်ငံ့ဝန်ထမ်းများက ခိုးဝင်သူများအား စိစစ်ကြရသောအခါ လာဘ်ပေးမှုမှာ နံပါတ်တစ် သတိမူကြရမည့် ရန်သူကြီး ဖြစ်သည်။
ခိုးထုပ်ခိုးထည်နှင့်မိလျှင် ရရှိမည့်ပြစ်ဒဏ်တွေကတော့ အဆင်သင့်ရှိနေပါ၏။ နိုင်ငံသားဥပဒေ ပုဒ်မ(၁၈) အရ ခိုးဝင်သူဘက်မှ ကျူးလွန်လျှင် ထောင်ဒဏ် ဆယ်နှစ် နှင့် ငွေဒဏ် ငါးသောင်း ကျခံရမည်ဖြစ်ပြီး၊ အားပေးကူညီသူများကမူ ပုဒ်မ(၁၉)အရ ထောင်ဒဏ် ခုနစ်နှစ် နှင့် ငွေဒဏ်တစ်သောင်း ကျခံစေရမည်ဖြစ်သည်။
 သို့ရာတွင် သိန်းနှင့်ချီသော ဘင်္ဂါလီများထံမှ ထိုးဖောက်ဝင်ရောက်လာမည့် လာဘ်ငွေများကို သာမန် စိတ်ဓါတ်ကြံ့ခိုင်မှုမျိုးဖြင့် ကြံ့ကြံ့ခံနိုင်ရန်မှာ မလွယ်လှချေ။ ခိုင်ကျည်သော အမျိုးသားရေးစိတ်ဓါတ် ရှိသူများကိုသာ စိစစ်ရေးအလုပ်အတွက် ရွေးချယ်တာဝန်ပေးသင့်ပါသည်။ သို့မဟုတ်ပါက သမင်မွေးရင်းကျားစားရင်းဖြင့် သံသရာလည်နေဖွယ်ရာသာ မြင်မိပေသည်။
ပြဿနာဖြေရှင်းသည့် နည်းစနစ်ပိုင်းတွင်လည်း မက္ကဆီကိုနယ်စပ်မှ ခိုးဝင်ပြဿနာ ဖြေရှင်းနည်း၊ သီရိလင်္ကာမှ ခိုးဝင်တမီးလ်ပြဿနာ ဖြေရှင်းနည်း၊ ထိုင်းနယ်စပ် ခိုးဝင်ပြဿနာ ဖြေရှင်းနည်း၊ သြစတြေလျမှ ခိုးဝင်ပြဿနာ ဖြေရှင်းနည်း၊ အိန္ဒိယနယ်စပ်မှ ခိုးဝင်ပြဿနာ ဖြေရှင်းနည်း၊ ကိုဆိုဗိုမှ ခိုးဝင်ပြဿနာ ဖြေရှင်းနည်းများကို လေ့လာပြီး မဟာဗျူဟာ နည်းဗျူဟာကျကျ စေ့စေ့စပ်စပ် ကိုင်တွယ်နိုင်ပါမှ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများ၏ နောင်ရေး၊ ပြည်ထောင်စုကြီး နှင့် ပြည်ထောင်စုသားများ၏ နောင်ရေးကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။

လိင်ပြောင်းထားသူတို့ရဲ့ အလှအပ ပြိုင်ပွဲ

Posted by drmyochit Sunday, November 11, 2012, under | No comments


လိင်ပြောင်းလဲထား သူအများအပြား ၀င်ပြိုင်ကြတဲ့ Miss InternationalQueen 2012 ပြိုင်ပွဲကို မကြာသေးခင် ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျင်းပပါတယ်။ သရဖူဆောင်းသွား သူကတော့ ဖိလစ်ပိုင်ကပါ။ အမည်က - Kevin Balotသူ့အသက်က ၂၁ နှစ် ရှိပါပြီ။ ဒီအောင်မြင်မှုကြောင့် လိင်ပြောင်းလဲထားသူတွေ၊ ဂေးတွေကို  နားလည်ပေးကြဖို့၊ လက်ခံလာဖို့အတွက် သူ့နိုင်ငံမှာ ပိုပြီးလှုံ့ဆော်နိုင်မယ်လို့ သရဖူဆောင်းသူက မီဒီာတွေကို ပြောပါတယ်။သူက အမျိုးသားအဖြစ်နဲ့ မွေးဖွားလာသူပါ။ အခုတော့ ပြောင်းလဲထားပါပြီ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လုပ်ခဲ့တဲ့ ဒီပွဲမှာ နိုင်ငံပေါင်း ၁၅ နိုင်ငံက အလှပဂေး ၂၁ ဦး ၀င်ပြိုင်ခဲ့တာပါ။
နိုင်ငံတကာမှာ ဒီပွဲကို အာရုံစိုက်ကြသူတွေ၊ ပွဲရှိတဲ့နေရာအထိ အရောက်လာသူတွေလည်း မနည်းမနောပါပဲ။

အမျိုးသမီးများအဖြစ် အသွင်ပြောင်းထားသူတွေက ဓာတ်ပုံထဲမှာတော့ အမျိုးသမီး တွေအတိုင်းပါပဲ။ တတိယလိင်တွေကို စိတ်ဝင်စားသူအင်အားက အများအပြား ရှိနေပါတယ်။
ပြိုင်ပွဲ အွန်လိုင်းတွေမှာတော့ အချက်အလက် ပြည့်ပြည့်စုံစုံ တွေ့ရပါလိမ့်မယ်။
http://www.missinternationalqueen.com အောက်ဖော်ပြပါပုံများကိုတော့ ပြိုင်ပွဲကော်မတီရဲ့ အွန်လိုင်းကနေ ယူပါတယ်။

အမေရိကန်တွင် ကြောင်တစ်ကောင်ကို မြို့ တော်ဝန် တစ်ဦးအဖြစ် ခန့်အပ်ထား

Posted by drmyochit Sunday, November 11, 2012, under | No comments


ကြောင်တစ်ကောင်ကို မြို့တော်ဝန်ခန့်တယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စလို့ ယူဆပေမယ့် တကယ်ကိုဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း အလက်စကာပြည်နယ်ရှိ Talkeetna မြို့ ငယ်လေးရဲ့  မြို့ တော်ဝန်အဖြစ် Stubb အမည်ရ ကြောင်ကို မြို့ တော်ဝန် အဖြစ် ခန့်အပ်ထားပါတယ်။ ခန့်အပ်ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ် ဇူလိုင်လက Talkeetna မှ မြို့ တော်ဝန် ရွေးကောက်ပွဲ လုပ်ကြပါတယ်။ လူဦးရေ ၉၀၀ ပဲရှိတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။ ဘယ်သူမှ ဘယ်သူ့ကိုမှ မြို့ တော်ဝန် မခန့်ချင်ကြပါဘူး။ ဒါကြောင့် အားလုံး ပြောင်ပြောင် နောက်နောက်နဲ့ မဲစာရွက်မှာ ကြောင်အမည် Stubb ကိုထည့်ပြီး မဲပေးကြပါတယ်။ ဒါကြောင့် Candidate စာရင်းမှာ မပါပေမယ့် Write in Candidate တစ်ဦး ဖြစ်လာပြီး အားလုံး ချီးမြောက်မှုကြောင့် မြို့တော်ဝန် ဖြစ်သွားရရှာပါတယ်။
ယနေ့ထိတိုင်လည်း မြို့ တော်ဝန်ပဲ ဖြစ်ပါတယ်။ ၁၉၉၇ ၊ဧပြီလ ၁၂ ရက် က မွေးဖွားပြီး ယနေ့ဆိုရင် ၁၅ နှစ်ကျော်သွားပါပြီ။ မသေမချင်း တစ်သက် လုံး မြို့ တော်ဝန် ရာထူးနဲ့ Talkeetna ကို အုပ်ချုပ်သွားရမယ့် ပုံ ပေါ်ပါတယ်။ရေတောင် ဖန်ခွက်နဲ့တိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့  အရာရှိမှတ်တမ်းစာရင်းထဲလည်း တကယ်ထည့်ထားရပြီး Talkeetna မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
ဒါကြောင့် ကြောင်တစ်ကောင်ကို မြို့ တော်ဝန်ခန့်ထားတဲ့ Talkeetna မြို့ ဟာ တစ်နေ့ကို ကမ္ဘာလှည့်ခရီးသွား ၄၀ ကျော် လာရောက်လေ့လာပြီး အမေရိကန်မှာ လည်ပတ်စရာ မြို့တစ်ခု ဖြစ်လာပါတယ်။ 

 Myanmar Express

E-Pension Card ဖြင့် ပင်စင်လစာများ မန္တလေးမြို့၌ ထုတ်ပေးမည်

Posted by drmyochit Sunday, November 11, 2012, under | No comments


 မန္တလေးမြို့ မြန်မာ့စီးပွားရေး ဘဏ်များ၌ အငြိမ်းစားဝန်ထမ်းများ အားနိုဝင်ဘာလမှစ၍ အီးပင်စင်ကတ်ဖြင့် ပင်စင်လစာများ ထုတ်ပေးသည် အီးပင်စင်စနစ်ဖြင့် ပင်စင်လစာ ထုတ်ယူလျှင် လဆန်း ၁ ရက်မှ ၂ဝ ရက် အတွင်း ထုတ်ယူပါက ပြီးခဲ့သည့် လအတွက် အကျုံးဝင်ပြီး လတစ်လ၏ ၂၁ ရက်မှ လကုန်ရက်အတွင်း ထုတ်ယူလျှင် အဆိုပါလအတွက် အကျုံး ဝင်သည်။ အီးပင်စင်ကတ်အတွက် ကျပ် ၃၅ဝဝ ကျသင့်ပြီး သုံးကြိမ် အရစ်ကျ ပေးသွင်းနိုင်သည်။ထုတ်ပေးငွေ ကျပ် ၅ဝဝဝ အထက်အား တံဆိပ်ခေါင်းဖိုးငွေ ငါးကျပ်ကို ပင်စင်လစာမှ ဖြတ်ယူထားသည်။ ကိုယ်စားလှယ်ဖြင့် ပင်စင်လစာ ထုတ်ယူလိုပါက အီးပင်စင်ကတ်နှင့်အတူ ကိုယ်စားလှယ်လွှဲစာ တင်ပြ၍ ထုတ်ယူနိုင်သည်။ အီးပင်စင်စနစ်ဖြင့် ပင်စင်ထုတ်ယူသော အငြိမ်းစားဝန်ထမ်းများအား ခြောက်လ တစ်ကြိမ် လူတွေ့စစ်ဆေးမည်ဖြစ်ပြီး အငြိမ်းစားဝန်ထမ်းများ ကွယ်လွန်လျှင် အီးပင်စင်ကတ်ကို ဘဏ်သို့ အပ်နှံပြီး မိသားစုပင်စင် လျှောက်ထားရမည်။ အီးပင်စင်ကတ် အသုံးပြုခြင်းဖြင့် ပင်စင်လစာငွေများ တန်းစီစောင့်ဆိုင်းရမှုများမှ ကင်းဝေး၍ လွယ်ကူလျင်မြန်စွာ ထုတ်ယူနိုင်ကြောင်းသိရှိရသည်။


 Myanmar Express 

ကားဟောင်းတစ်စီး ပေးလျှင် ကားသစ်တစ်စီးရမည့် အစီအစဉ် မကြာမီ စတင်မည်

Posted by drmyochit Sunday, November 11, 2012, under | No comments


အပ်နှံရမည့် ကားဟောင်း တစ်စီးပေးပြီး ကားသစ်တစ်စီး လဲလှယ်ရယူနိုင်မည့် အစီအစဉ်အား နိုဝင်ဘာ ၁၇ ရက်မှ စတင်ကာ ဆောင်ရွက်ပေးသွားမည်ဟု Farmar Auto Showroom မှ ဒါရိုက်တာ ဒေါက်တာစိုးထွန်း၏ ပြောကြားချက်အရ သိရသည်။ ''ကမ္ဘာပေါ်မှာတောင် မရှိသေးတဲ့ အခွင့်အရေးပါ။ ကားသစ်ဖိုး၊ သင်္ဘောတင်ခ၊ လိုင်စင်လျှောက်ခ၊ အကောက်ခွန်၊ ကုန်သွယ်ခွန်၊ ကညနခွန်နှင့် အခြားခွန်၊ ယာဉ်ဟောင်း အပ်နှံစရိတ်နှင့် ကုမ္ပဏီဝန်ဆောင်ခတွေ အားလုံး Free of charge (အခမဲ့)ပါ။ အရေအတွက်တော့ ကန့်သတ်ထားပါတယ်'' ဟု ၄င်းက ထပ်မံပြောကြားသည်။ အပ်နှံရမည့်ကားနှင့် လဲလှယ်ခွင့်ရမည့် ကားမော်ဒယ်များမှာ ၂ဝဝ၂ မှ ၂ဝဝ၆ အတွင်းရှိ မော်ဒယ်မြင့် ဂျပန်ကားများဖြစ်ပြီး လဲလှယ်ရယူနိုင်မည့် ကားအမျိုးအစားများမှာ Suzuki Light Truck ကားများ၊ Daihatsu အမျိုးအစားကားများ၊ Mazada Bongo Truck ကားများ၊ Nissan March အမျိုးအစား ကားများဖြင့် နိုဝင်ဘာ ၁၇ ရက်မှ စတင်၍ လဲလှယ်ရယူနိုင်မည်ဟု သိရသည်။ ''ကားတင်သွင်းခွင့် ပြုလိုက်ကတည်းက ရောင်းအားနဲ့ ဝယ်အားမှာ ရောင်းအားက over supply ဖြစ်နေပြီး ဝယ်လိုအား demand နဲ့မမျှဘူး ဖြစ်နေတယ်။ ဒီတော့ ဈေးလျော့ကုန်တာပေါ့။ တစ်နိုင်တစ်ပိုင် ကားသွင်းသူတွေနဲ့ လုပ်ငန်းရှင်ငယ်တွေ အရှုံးပိုတာပေါ့''ဟု ၄င်းကဆက်လက် ပြောပြသည်။ လက်ရှိအပ်ကား 'ဗ' အက္ခရာ နံပါတ် ပေါက်ဈေးသည် သိန်း ၉ဝ အထက်တွင်ရှိပြီး အပ်ကား 'န' နှင့် 'ပ' အက္ခရာများမှာ သိန်း ၇ဝ မှ ၇၃ သိန်းခန့် အထိ ရှိသည်ဟု သိရသည်။ အပ်ကားများ ဈေးမြင့်တက်လာသောကြောင့် ကားသစ်များ ဈေးအနည်းငယ် မြင့်တက်လာကြောင်း ယင်းနှင့်ဆက်စပ်သော ဈေးကွက်အသိုင်းအဝိုင်းမှ သိရှိရသည်။
  
 Myanmar Express 

အစိုးရပိုင် သတင်းစာများ ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းမည်

Posted by drmyochit Sunday, November 11, 2012, under | No comments


နှစ်ပေါင်း ၆၀ ကျော်ကြာ အစိုးရ၏ လုပ်ဆောင် ချက်များကိုသာ ဖော်ပြလေ့ ရှိသော မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar သတင်းစာများကို ပြည်သူ့ဝန်ဆောင်မှု မီဒီယာများအဖြစ် ပြောင်းလဲကာ ပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြားသည်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က နိုဝင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သော ပြန်ကြားရေး ဝန်ကြီးဌာန၏ မီဒီယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး စီမံချက် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံများတွင် ရွေးကောက်ပွဲစနစ်များအရ အုပ်ချုပ်ရေးအဖွဲ့နှင့် ဥပဒေပြုရေး အဖွဲ့တို့သည် သက်တမ်း ကုန်ဆုံးသည်နှင့် အပြောင်းအလဲ ပြုလုပ်ရခြင်းကြောင့် နိုင်ငံပိုင် မီဒီယာများသည် အစိုးရ၏ ဝါဒဖြန့်ယန္တရားအဖြစ် ဆက်လက်ရပ်တည်ရန် မသင့်ခြင်းကြောင့် နိုင်ငံပိုင်မီဒီယာများကို ပြည်သူ့ဝန်ဆောင်မှု ပေးနိုင်သော မီဒီယာများအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတို့ကို ပြည်သူ့ဝန်ဆောင်မှု မီဒီယာများအဖြစ် ပြောင်းလဲနိုင်ရန် ၂၀၁၃ ခုနှစ်မှ စတင်ကာ အစိုးရက ရှယ်ယာအများစု ပိုင်ဆိုင်ထားပြီး အစုရှယ်ယာ ထည့်ဝင်သူများဖြင့် တာဝန်ကန့်သတ်သော ပြည်သူ့ကော်ပိုရေးရှင်း (Public Corporation) များအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန မီဒီယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် ထုတ်ပြန်ထားသည်။ The New Light of Myanmar သတင်းစာကို နိုင်ငံခြားကုမ္ပဏီ၊ နိုင်ငံသားပုဂ္ဂလိက ကုမ္ပဏီများနှင့် အစိုးရတို့ (Joint Venture) အဖြစ် ဖက်စပ်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းသိရှိရသည်။
  
 Myanmar Express 

ပဋိပက္ခဖြစ်ပွားသော မြို့နယ်များကို အဓိကထား နိုင်ငံသားစိစစ်မှု ပြုလုပ်

Posted by drmyochit Sunday, November 11, 2012, under | No comments


တစ်ကျော့်ပြန် ပဋိပက္ခများကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သော ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှုကို ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သော မြို့နယ်များအား အဓိကထား၍ နိုဝင်ဘာလ ၆ ရက်နေ့မှစပြီး စစ်ဆေးနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဘင်္ဂါလီကျေးရွာများကို နိုဝင်ဘာ ၆ ရက်နေ့က စတင်စစ်ဆေးခဲ့ကြောင်း၊ ရဲတပ်ဖွဲ့၊ နစက၊ လ.ဝ.က၊ တပ်မတော်၊ မြို့နယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရခိုင်တိုင်းရင်းသားများ၊ ဘင်္ဂါလီလူမျိုးများ ပါဝင်သော တစ်ဖွဲ့လျှင် လူပုဂ္ဂိုလ် ၁၈ ဦးဖြင့် ဖွဲ့စည်းထားသော အဖွဲ့ပေါင်း ၁၅ ဖွဲ့ဖွဲ့၍ ကနဦးအနေဖြင့် သန်းခေါင်စာရင်းများ၊ လူဦးရေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ ယာယီသက်သေခံကတ်များကို စိစစ်ခဲ့ပြီး စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့ကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ပေါက်တောမှာ တခြားမြို့နယ်တွေကပါ ထွက်ပြေးလာတဲ့ သူတွေ များနေတဲ့အတွက် အရင်ဆုံး စိစစ်တာပါ” ဟု ဦးဝင်းမြိုင်က ရှင်းပြသည်။ အဆိုပါ နိုင်ငံသား စိစစ်မှုတွင် နိုင်ငံသား ဖြစ်ခွင့်ရသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုသွားမည် ဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့် မရသူများ၊ ခိုးဝင်လာသူများကို လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ဆက်လက်စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။ “ပေါက်တောကို အရင်ဆုံး စိစစ်တာ ဘင်္ဂလားပင်လယ်အော်နဲ့ နီးတယ်။ ဘင်္ဂါလီတွေ ခိုးဝင်မှု များတဲ့အတွက်ပါ” ဟု အဆိုပါမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးသာထွန်းအောင်က သုံးသပ်သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းသောအားဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့် ရှိသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုသွားမည် ဖြစ်ကာ နိုင်ငံသားဖြစ်ခွင့် မရရှိသူများကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း၊ ယင်းစိစစ်မှုကို အကောင်အထည် ဖော်ရာတွင် လူ့အဖွဲ့အစည်း နှစ်ခုလုံးမှ ခေါင်းဆောင်များ ပါဝင်မည်ဖြစ်ကြောင်း နိုဝင်ဘာလ ၃ ရက်နေ့က စစ်တွေမြို့တွင် မြို့မိမြိုဖများနှင့် တွေ့ဆုံစဉ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားသည်။ ၁၉၈၂ ခုနှစ် ဥပဒေသည် ယခင်က ဖြစ်ပျက်ခဲ့သည့် အခြေအနေပေါ် သင်ခန်းစာယူပြီး အကောင်းဆုံး ရေးဆွဲထားသော ဥပဒေဖြစ်ကြောင်း၊ ယင်းဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်ခင် ဝင်လာသော လူများကနေ ပေါက်ဖွားလာသည့် တတိယမျိုးဆက် Third Generation များသည် နိုင်ငံသားဖြစ်ခွင့်ရမည် ဖြစ်ကြောင်း သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတကြီးက ပြောကြားသည်။ ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာဝင်ဦးရေ ၁၀ သိန်းကျော်ရှိပြီး ငါးသိန်းခန့်မှာ ယာယီသက်သေခံကတ် (White Card) ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇူလိုင်လအတွင်းတွင် မီဒီယာများကို တရားဝင် ပြောကြားသည်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အသစ်ရေးဆွဲပြီး တည်ဆဲဥပဒေကို ပယ်ဖျက်ပေးရန် စစ်ကိုင်းတိုင်းဒေသကြီး အမှတ်(၇) မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်မြက နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်သော လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ရာ ယင်းအဆိုကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက မှတ်တမ်းအဖြစ်သာ ထားရှိမည် ဖြစ်ကြောင်း သိရှိရသည်။
  

 Myanmar Express 

ကျွန်မတို့ ပြည်သူတွေရဲ့ဖခင်သမ္မတကြီး ဦးသိန်းစိန်နှင့် ပက်သက်သမျှ (ပေးစာ - ၂၁၀)

Posted by drmyochit Sunday, November 11, 2012, under | No comments



ဖခင်ကြီး နိုဘယ်ဆုရတာ မရတာထက် တိုင်းပြည်ကို မြောင်းထဲကနေ ဘယ်လိုရအောင် ပင့်ထုတ်နေလဲပဲ စိတ်ဝင်စားတယ်။ ဖခင်ကြီးဟာ အရင့်အရင် ဆင်းရဲမွဲတေနေတဲ့ တိုင်းပြည်ကို သိပ်ကို တိုးတက်အောင် လုပ် လာတာပါ။ ရင်သပ်ရှုမောအောင် လုပ်တဲ့သူပါ။ သူများလို မြောင်းပေါ်ကနေ ဆွဲမတင်ဘဲ သူကိုယ် တိုင် မြောင်း ထဲဆင်းပြီး နိုင်ငံကို တွန်းတင်တဲ့ လူမျိုးပါ။ ဖခင်ကြီး အင်္ဂလိပ်စကားပြော ကောင်းတာ မကောင်းတာထက် ဆက်ဆံရေးဘယ်လို ကောင်းအောင် လုပ် လဲပဲ စိတ်ဝင်စားတယ်။ သူ့ထက်အင်္ဂလိပ်စကားပြောကောင်းတဲ့ မိုးသီးဇွန်နဲ့ နိုင်အောင်... သူ့လို ပြည်သူ အတွက် ဘာအနစ်နာခံတာ ရှိလဲ။ အစိုးရကို ဆန့်ကျင်တဲ့သူအချင်းချင်း ယိုင်းပင်းဖို့နေနေသာသာ ပက် ပက်စက်စက် နှိပ်ဆက်ပြီး သတ်တောင် သတ်လိုက်သေးတယ်။ ခုလဲ ဘာလို့ ပြန်ခေါ်လဲ မစဉ်းစားဘဲ ဖင်ခေါင်း ပဲ ကျယ်နေတယ်။ အာဏာပိုင်တွေကို ကလေးလို့ မှတ်နေပုံရတယ်နော်... ဟင်းဟင်း.... အမေ ရိကန်ပြည်ထောင်စုကြီးရှိနေတာကို ရွှေတောင်ကြီးလို့ ထင်နေတယ်။ တကယ့်တကယ် ဖမ်းဝရမ်းနဲ့ နိုင် ငံရေးပြစ် မှုကြီးတင်လိုက်ရင် ဘာဖြစ်မလဲ မသိဘူးလားကွယ်။ သနားလိုက်တာ.... သူတို့ကို ပြန်ခေါ်ရင်း ဒီနိုင်ငံမှာ PRပြန်ထုတ်ပေးတော့မယ်ဆိုတာ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ဘ၀င်လေဟပ်နေ တဲ့ လေပေါ် ၀ဲတွေက မသိကြရှာပါလား။ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် နိုင်ငံပိုင်ငွေကြေး တက်လာဖို့ နိုင်ငံခြား ရင်းနှီးမှုတွေ လိုတယ်။ သူတို့လာနေရင် PRထုတ်ပေးရမယ်။ ပေးရမဲ့လူမရှိလို့ လှည့်ပြီး အဲ့ဒီ ရာဇ၀တ် သားတွေကို ပြန်ခေါ်တယ်ဆိုတာ မသိကြပါလား။ ကလေးတောင်သိတယ်။ အာဏာပိုင်တွေကို အချဉ် ထင်နေတဲ့သူတို့ကတော့ ဘ၀င်တွေ လေဟပ်နေကြတာပါကလား။ အဲ့ဒါသာကြည့်တော့လေ။ အင်္ဂလိပ်စာ တတ်တာ အရေးကြီးလား မကြီးလားဆိုတာ။ ဖခင်ကြီးဝတ်တ့ အ၀တ်အစားထက် သူ့ရဲ့ သွင်ပြင်ကိုပဲ စိတ်ဝင်စားတယ်။ ဖခင်ကြီးကို သတိထားပြီး ကြည့် ပါ။ သမ္မတမဖြစ်ခင်ကထက်ကို အခုပိုပြီး အိုစာသွားတယ်။ ဒီလောက်သက်တမ်း တိုတိုလေးမှာ ကျွန်မတို့ မြန် မာနိုင်ငံဟာ တဟုန်ထိုးတက်သွားတာ လူတိုင်းလက်ဖျားခါလောက်ပါတယ်။ ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့်နဲ့ သူများကိုပဲ လိုက်ချီးကျူးနေကြတယ်။ အဲ့ဒီလူတွေကို အရင်ခေါင်းတောင်တွေက ချုပ်ထားတာ မေ့နေကြ လားတော့ မသိပါဘူး။ ဖခင်သမ္မတကြီးဟာ အဲ့ဒီချုပ်နှောင်ထားတဲ့လူတွေကို လွှတ်ပေးတယ်။ အရင် လို ပြန်လည်နေထိုင်ခွင့်ပေးတယ်။ ဒီလူတွေ သူ့လည်ပင်းကို ကြိုးကွင်းစွပ်လာမှာ သိသိကြီးနဲ့ကို လွှတ်ပေး ခဲ့တယ်။ အရင်က ဘယ်သူဘယ်လောက်တောင်းဆိုဆို အခုဒီမိုကရေစီဆိုတာကို ရဖူးလား။ အခုဒီမိုကရေ စီကို ဦးဆောင်ပြီး လှုပ်ရှားနေတဲ့သူတွေကိုရော အခုလို လွတ်လွတ်လပ်လပ်တွေ့ ရလို့လား။ ဘယ်လောက်တောင်း ဆို တောင်းဆို လွှတ်ရိုးထုံးစံရှိခဲ့လို့လား။ ဒါဆို လွတ်လာတဲ့သူ သဘောထားကြီး တာလား၊ လွှတ်ပေးတဲ့သူ သဘောထားကြီးတာလား။ ကလေးတောင်သိတာကို မျက်စေ့စုံမှိတ်ကြီး ငြင်းနေ ကြတယ်။ ဒီလောက်ပင်ပန်းအောင် စဉ်းစား၊ လိုက်လုပ်၊ အဲ့ဒီအတိုက်အခံတွေကို ဖြေရှင်းနဲ့ ကျွန်မတို့ ဖ ခင်ကြီး သိပ်ကို ပင်ပန်းနေရှာပါပြီ။

သူများတွေ ဟိုသွား ဒီသွား သွားလာတာထက် ဖခင်ကြီးရဲ့ စိတ်နေစိတ်ထားကိုပဲ စိတ်ဝင်စားတယ်။ ဟီဟာ ရီကလင်တန်လို ကိုယ့်ထက်လဲငယ်၊ ရာထူးလဲငယ်တဲ့ အမျိုးသမီးကိုတောင် ဖခင်ကြီးဟာ တလေးတစား ဆက် ဆံတာ။ ဖခင်ကြီးမှာ ဂါရဝေါစ(ကိုယ့်ထက်ကြီးသူကို ရိုသေခြင်း)၊ နိဝါတောစ(ကိုယ့်ထက်ငယ်သူကို ညှာတာထြင်း)ဆိုတဲ့တရား အပြည့်ရှိပါတယ်။
သူများကိုယ်ကျင့်တရားထက် ဖခင်ကြီးရဲ့ ကိုယ်ကျင့်တရားကိုပဲ စိတ်ဝင်စားတယ်။ သူများတွေလို နိုင်ငံခြား သား ၊ လူ မျိုးခြား၊ ဘာသာခြားကိုလဲ ဖခင်ကြီး လက်မထပ်ဘူး။ Hlaf-bloodedကလေးတွေလဲ ဖခင် ကြီးမမွေးဘူး။ မွေးထားတဲ့ သမီးတွေကိုလဲ ပစ်ပယ်ပြီး ဒီမိုကရေစီလို့ ပါးစပ်ကနေ အော်မနေဘူး။ ကိုယ့် ရင်ကမွေးထားတဲ့ ကိုယ့်ကလေးတွေကိုတောင် ဂရုမစိုက်နိုင်တဲ့ ဘယ်လိုလူက အများကို ဂရုစိုက်နိုင်မှာလဲ။ သာရာကူးနေတာလား၊ တကယ်အနစ်နာ ခံနေတာလား မသိတာလဲ မဟုတ်ဘူး။ ဒါနဲ့များ စွတ်ငြင်းနေ ကြတယ်။ ကျွန်မတို့ကတော့ ရှင်းတယ်။ ကိုယ့်အမျိုး အနွယ်ကိုတောင် မစောင့်ရှောက်နိုင်တဲ့ ဘယ် လို လူကိုမှ၊ ဘယ်သူ့သားသမီးကိုမှ ခေါင်းဆောင်လို့ မမှတ်ယူဘူး။ အရာရာကို ထောက်ဆခြင့်ချိန်လိုက်ရင်..... ဖခင်သမ္မတကြီး ဦးသိန်းစိန်ဟာ နိုင်ငံ အတွက် တကယ်ကြိုး စားရင်း သူ့ကိုယ်သူလောင်ကျွန်းခံနေတဲ့ဖယောင်တိုင်၊ ပြည်သူကို ရင်ဝယ်သားလို စောင့်ရှောက်ရင်း သား သမီးတွေ ဟင်းကောင်းစားဖို့ သူများဆီမှာ ပိုက်ဆံလိုက်ချေးပြီး လုပ်အားနဲ့ပြန်ဆပ်တဲ့ သူမျိုးပါ။ 2015မှာ ဖခင်ကြီး အနားယူတော့မယ်တဲ့။ ပြောလို့ရရင် ပြောလိုက်ချင်တယ်.....

"ဘယ်သူတွေဘယ်လိုပဲ လုပ်လုပ် ၊ အဖကို ဘယ်သူမှမမီဘူး။ ဒီနိုင်ငံမှာ ကျွန်မတို့မှာ အဖမရှိလို့ မဖြစ်ဘူး" လို့ .....

 

 Myanmar Express 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်