Saturday, November 10, 2012

ရခိုင်အရေးနှင့်ပတ်သက်ပြီးအမေရိကန်အပါအ၀င် နိုင်ငံ(၉)နိုင်ငံမှ သံရုံးများ က ပူးတွဲကြေညာချက်ထုတ်ပြန်

Posted by drmyochit Saturday, November 10, 2012, under | No comments

ကြက်ငှက် တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး နှိုးဆော်ချက်

Posted by drmyochit Saturday, November 10, 2012, under | No comments



ချင်းပြည်နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိ

Posted by drmyochit Saturday, November 10, 2012, under | No comments



နေပြည်တော် နိုဝင်ဘာ ၉ - 
နိုင်ငံတော် အစိုးရမှ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ် (၈)ရပ်နှင့် အညီ တည်ငြိမ် အေးချမ်း သည့် ဒေသများ တွင် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း များကိုပါ တစ်ဆက်တည်း ဆောင်ရွက် ပေးနိုင်ရန် အတွက် ချင်းပြည်နယ် အတွင်းရှိ နယ်စပ်မြို့နယ်၊ ကျေးရွာများသို့ အထူးကု ဆရာဝန် ကြီးများ ပါဝင်သော တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ များမှ သွားရောက်၍ ဒေသခံ တိုင်းရင်း သား ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ခြင်း လုပ်ငန်းများအား ဆောင်ရွက် ပေးလျက်ရှိသည်။

ပြည်ထောင်စု ဝန်ကြီးဌာန အမည်ပြောင်းလဲ သတ်မှတ်

Posted by drmyochit Saturday, November 10, 2012, under | No comments




ထားဝယ်ကန်ပေါက်သို့ ရောက်ရှိလာသော ဘင်္ဂလီ ၁၅၀ အား နိင်ငံတကာရေပိုင်နက်သို့ ပြန်ပို့ ”

Posted by drmyochit Saturday, November 10, 2012, under | No comments


နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ် ခရိုင် ကန်ပေါက်မြို့သို့ ဘင်္ဂလီ လူမျိုး ၁၅၀ခန့်တင်ဆောင်လာသော ကွန်တိန်နာသင်္ဘောတစ်စီး ၀င်ရောက်လာခဲ့ကြောင်း တနင်္သာရီ တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှသိရသည်။

ယင်းသင်္ဘောပေါ်တွင် ဘင်္ဂလီလူမျိုး အမျိုးသား ၁၅၀ ပါဝင်ပြီး မြန်မာစကားပြောတတ်သူ သုံးဦးခန့်သာ ပါ ၀င်ကြောင်း သိရသည်။  ၄င်းတို့သင်္ဘောအနေဖြင့်မလေးရှားနိုင်ငံသို့သွားစဉ် မြန်မာရေပိုင်နက် အတွင်း လမ်း မှား ၀င်ရောက်လာခြင်းဖြစ်ကြောင်းပြောခဲ့သည်ဟုသိရသည်။

သိပ္ပံပညာရှင်များ စမ်းသပ်စစ်ဆေးခဲ့သည့် ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်

Posted by drmyochit Saturday, November 10, 2012, under | No comments




ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယ မကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့က အဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့ စမ်းသပ်တွေ. ရှိချက်တွေ ကတော့
(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့
(၂)လူသားတဦးရဲ့သွားဆိုတာလဲ
 မှန်ကန်ပါတယ်တဲ့
(၃)၎င်းသွားထဲမှာပါတဲ့ DNA ( Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord (အမြင့်မြတ်ဆုံးအရှင်သခ
င်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့ အဲဒီသိပ္ပံတွေ.ရှိချက် ထွက်လာစဉ် မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်း ရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။

ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာ 
ကမ္ဘာကျော်သွားမှာကို မဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။
သိပ္ပံပညာ တိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ် သူငယ်ချင်းတို့ ရေ...........
http://www.facebook.com/BuddhismBeams

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ KIO လူကြီးများ နှုတ်ထွက်

Posted by drmyochit Saturday, November 10, 2012, under | No comments



ဦးဆွမ်လွှတ်ဂမ်

ကချင်ပြည်နယ် အတွင်း စစ်ပွဲကာလ ကြာရှည်လာသဖြင့် ပြည်သူများ အတိဒုက္ခရောက်နေကြပါသည်။ KIO အ ဖွဲ့အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ ဆောင်ရွက်နေ သော်လည်း ယခုအချိန်အထိ တိကျသော အဖြေကို မရရှိနိုင်သေးပါ။ အောက်တိုဘာလ ၃၀ ရက်နေ့က ရွှေလီတွင် အစိုးရ အဖွဲ့ နှင့် ဆွေးနွေး ခဲ့သော်လည်း KIA မှ တာဝန်ရှိသူများ တတ်ရောက်ခြင်း မရှိခဲ့သည့်အတွက် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေး နိုင်ခဲ့ခြင်း မရှိခဲ့ပါ။

ကချင် ပြည်နယ် အတွင်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလာခြင်း၊ စားနပ်ရိက္ခာများရှားပါးလာခြင်း၊ က ချင် ပြည်သူများ ဆင်းရဲဒုက္ခ ခံနေရခြင်းတို့ကြောင့် KIO မှ ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေးကို လို လားနေကြ ပါသည်။ သို့သော်လည်း KIO အဖွဲ့အောက်ရှိ အခြား အဖွဲ့အစည်း များမှာ အာဏာမရှိပဲ လက် နက်ကိုင် အဖွဲ့ အစည်းဖြစ်သော KIA က သာလျှင် အာဏာရှိသဖြင့် အခြားအဖွဲ့များမှခေါင်းဆောင် များမှ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ထွက်ခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်-

(၁)     ဦးဆွမ်လွှတ်ဂမ်၊ ဗဟိုပညာရေးဌာန တာဝန်ခံ။
(၂)     ဦးလဖိုင်လ၊ ဗဟိုတရားရေးဌာန တာဝန်ခံ။
(၃)     ဦးလဖိုင်ဇော်ယော်၊ ဗဟိုအုပ်ချုပ်ရေးဌာန ဒုတာဝန်ခံ။
(၄)     ဦးဇော်တောင်၊ စစ်နည်းဗျူဟာ တာဝန်ခံ။
(၅)     ဦးဖုန်ကန်ခွန်နောင်၊ စိုက်ပျိုးရေးနှင့် သစ်တောရေးရာ တာဝန်ခံ။

တို့မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ နှုတ်ထွက်ခွင့် ပြုပါရန် KIO ဗဟိုသို့ တင်ပြခဲ့ကြောင်း သိရပါ သည်။

ကချင်နေစဉ်သတင်း 

မလေးရှားသွားမည့် ဘင်္ဂလီများ မြန်မာ့ ပင်လယ်ပြင်အတွင်း ဖမ်းမိ၍ ရခိုင် ပြန်ပို့မည်

Posted by drmyochit Saturday, November 10, 2012, under | No comments


ကြံကြံဖန်ဖန် ပင်လယ်ထဲမှာ တွေ့တာ ပြန်ခေါ်လာရတယ်လို့။ ဒါမှ မဟုတ် သတင်းက မှားနေပြီး ကိုယ့်ထဲကို ခိုးဝင်လာတာများ ဖြစ်နေမလား မသိ။ ခေါင်းစဉ်နဲ့သတင်းကို ဖတ်ပြီး စိတ်ထဲတွင် တစ်မျိုး ဖြစ်သွားတယ်။ လက်ခံရလည်းအခက် လက်မခံရလည်း အခက်။ တစ်ဦးတည်းသဘောအရဆိုပါက ထိုသို့သွားကြမည် ဆိုလျှင် လှေစရိတ်ပါ ထုတ်ပေးပြီး သွားချင်ရာသွားဆိုပြီး လွှတ်ပေးလိုက်ချင်တော့တာ အမှန်ပင်။

ဝန်ကြီး ဦးအောင်မင်း ABSDF အပါအဝင် အခြားအဖွဲ့များနှင့် ထိုင်းနိုင်ငံမှာ တွေ့ရန်ရှိ

Posted by drmyochit Saturday, November 10, 2012, under | No comments




From : Sa Maung


ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ သည် နိုဝင်ဘာလ ၉ ရက်နေ့၌ ထိုင်းနိုင်ငံသို့ ထပ်မံ လာရောက်ရန် ရှိပြီး ၎င်းခရီးစဉ် အတွင်း ကျောင်းသား တပ်မတော် ABSDF၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် အခြားအဖွဲ့အစည်းများအားလည်း တွေ့ဆုံနိုင်ရန် စီစဉ်လျက်ရှိကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် တဦးဖြစ်သူ ဦးလှမောင်ရွှေ က ပြောသည်။

“့ ကျနော်တို့တော့၊ ဦးအောင်မင်း အဖွဲ့ကတော့ ဗန်ကောက်၊ ချင်းမိုင်ကို သွားဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံ မှာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့နဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်။ အခြားအဖွဲ့တွေနဲ့လည်း တွေ့ဖို့ စီစဉ်ထားပါတယ်။ ဘယ်အဖွဲ့တွေနဲ့တွေ့ဖြစ်မလဲ ဆိုတာတော့ တွေ့ပြီးမှပဲ ပြောပြနိုင်မှာပါ” ဟု ဦးလှမောင်ရွှေ က ပြောသည်။

နေပြည်တော်တွင် အားကစားနည်းစုံ ပြိုင်ပွဲ တစ်ရပ် ဆီးဂိမ်းအကြို ကျင်းပမည်

Posted by drmyochit Saturday, November 10, 2012, under | No comments


From : Popular



လာမည့် ဇန်နဝါရီလဆန်းတွင် ဆီးဂိမ်းအကြို အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲ တစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ သိရသည်။ ”တိုင်းနဲ့ပြည်နယ် များမှာ ရှိတဲ့ အားကစားသမားတွေ ဖိတ်ခေါ်ပြီး ဆီးဂိမ်းမှာ ယှဉ်ပြိုင်မယ့် အားကစား နည်းအားလုံးကို ထည့်သွင်း ကျင်းပ သွားမှာပါ။ ဆုများကို လည်း ပေးအပ်သွားမှာပါ” ဟု မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ ဒေါက်တာ မြတ်သူရစိုးက ပြောသည်။ အဆိုပါ ပြိုင်ပွဲကို ၁ဝ ရက်မျှ ကျင်းပ သွားမည် ဖြစ်ပြိး ဆီးဂိမ်း ကျင်းပသည့် ပုံစံအတိုင်း ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြိုင်ပွဲများ အား နေပြည်တော်၌သာ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။ ”ပြိုင်ပွဲဝင်မယ့် ကစားသမား တွေနဲ့ နည်းပြတွေ အတွေ့အကြုံ ရရှိအောင် ဆောင်ရွက်တာပါ။ နောက်တစ်ခုက ဒီ ပြိုင်ပွဲကနေ အလားအလာ ရှိတဲ့လူ ထပ်မံ ရွေးချယ် သွားမှာပါ။ ဒါကြောင့် ပြိုင်ပွဲ ကို စီစဉ်တာပါ” ဟု ၄င်းက ဆက် ပြောသည်။ လက်ရှိတွင် ပြိုင်ပွဲဝင်မည့် ကစားသမားများအား စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိပြီး အချို့တိုင်း ဒေသကြီးများတွင် စခန်းသွင်း လေ့ကျင့်နေသည့် ကစား သမား များမှာ နေပြည်တော် အားကစား လေ့ကျင့်ရေး စခန်းတွင် လာရောက် ပူးပေါင်း လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိပြီး ပြိုင်ပွဲ မကျင်းပမီ ရက်ပိုင်းတွင် နေပြည်တော် တစ် နေရာတည်း၌သာ လေ့ကျင့်မှုများ တစ်စုတစ်ဝေးတည်း ပြုလုပ်သွား မည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂ဝ၁၃ အရှေ့တောင်အာရှ အားကစားပွဲ ကို ဒီဇင်ဘာလတွင် ကျင်းပသွားမည် ဖြစ်ပြီး အားကစား အဖွဲ့ချုပ် အနေဖြင့် ရွှေဆု ၁ဝဝ ရရှိအောင် လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့ ပြီးနောက် ပြိုင်ပွဲတွင် လူငယ် သွေးသစ်များအား ဦးစားပေး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံ အနေဖြင့် အားကစားနည်း ၃၂ မျိုး၌ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရိုးရာအားကစားနည်း အချို့ကို ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနမှ သိရ သည်။

ဒေါ်စုတင်သွင်းတဲ့အဆို ၂ ရပ် လွှတ်တော် အတည်ပြု

Posted by drmyochit Saturday, November 10, 2012, under | No comments

 

မြန်မာနိင်ငံ တက္ကသိုလ်ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာမှာ တိုးတက် အဆင့်မြင်အောင်လုပ်သင့်တဲ့ အဆို ၂ ခုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာ အဆင့်မှီအောင်နဲ့ ရန်ကုန်ဆေးရုံကြီး ကို အဆင့်မြင့် ဆေးရုံကြီး တခုဖြစ်အောင် လုပ်ဖို
့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပထမဆုံးအကြိမ် အဆို၂ ရပ် ကို တင်သွင်းခဲ့တာ ဖြစ်သလို အနိုင်ရခဲ့တာလဲ ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားပညာရေးဥပဒေ ပြဌာန်းနိုင်ဖို့ ကျန်းမာရေုး ဒုဝန်ကြီးဟောင်းရဲ့ အဆိုကိုလဲ လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

CIA အကြီးအကဲ လိင်ကိစ္စကြောင့် ရာထူးကနှုတ်ထွက်

Posted by drmyochit Saturday, November 10, 2012, under | No comments

 

အီရတ်စစ်ပွဲ အဆုံးသတ်ရေးမှာ အဓိက အရေးပါခဲ့တဲ့ CIA အမေရိကန်ဗဟိုထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီးဟောင်း David Petraeus ဟာ သူ့အနေနဲ့ လိင်မှုဖောက်ပြန်မှုဖြစ်ခဲ့ပြီး အဆုံးအဖြတ်မှားမိ ခဲ့တာကြောင့်
သူ့ဘာသူ နှုတ်ထွက်ခွင့်တင်လိုက်ပြီလို့ သောကြာနေ့မှာ ထုတ်ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း David Petraeus အနေနဲ့ CIA ကိုရေးတဲ့အစီရင်ခံစာထဲမှာ အခုလို လိင်ဖောက်ပြန်မှု ကျူးလွန်ခဲ့မိတာဟာ ခွင့်လွှတ်စရာ အကြောင်းမရှိဘူး။ အထူးသဖြင့် မိန်းမရှိတဲ့ ခင်ပွန်းတဦးအနေနဲ့ရော၊ CIA လို အဖွဲ့အစည်းကြီးအတွက်ပါ အဆုံးအဖြတ်မှားခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ဒီနှုတ်ထွက်စာကို သမ္မတ Barack Obama ထံကိုလည်း ကြာသပတေးနေ့က ကိုယ်တိုင်ပေးအပ်ခဲ့ပါတယ်။

ရခိုင်ဒေသအကူအညီများ သွားရောက်ခွင့် သံရုံးများ တောင်းဆို

Posted by drmyochit Saturday, November 10, 2012, under | No comments




ပြီးခဲ့တဲ့ ဇွန်လကစလို့ အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ ခိုင်ပြည်နယ်ထဲက ပဋိပက္ခနေရာတွေကို သွားရောက်ပြီး အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေသူတွေထံကို လူသားချင်း စာနာမှု အကူအညီတွေ လွတ်လွတ် လပ်လပ် သွားရောက် ကူညီခွင့် ပြုဖို့ အမေရိကန်၊
အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဂျပန်၊ တူရကီ၊ သြစတြေးလျ၊ ဆော်ဒီအာရေဗျ နဲ့ အီဂျစ် သံရုံးတွေက ဒီကနေ့ ပူးတွဲ ကြေညာချက် ထုတ်ပြန် မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေ အတွင်း လူတွေ အများအပြား သေဆုံးပြီး အပြစ်မဲ့ပြည်သူ သောင်းနဲ့ချီ အတိ ဒုက္ခရောက်ခဲ့ရတာမှာ ဒုက္ခရောက်နေသူတွေကို သူတို့ဘက်က လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးဖို့ အဆင်သင့်ရှိနေတဲ့ အကြောင်းနဲ့ ဒီ အကူအညီတွေ ပေးနိုင်ဖို့ မြန်မာအစိုးရဘက်က ခွင့်ပြုပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ နေရာတွေကို အမေရိကန်၊ အင်္ဂလန်နဲ့ သြစတြေးလျ သံရုံးတွေက သံအရာရှိတွေ သွားရောက် လေ့လာမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အစောပိုင်းကတော့ သူတို့ရဲ့ လေ့လာ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်မယ့်အကြောင်း ပြောဆိုခဲ့ပေမဲ့ မဖြစ်ခဲ့ပါဘူး။ ရခိုင်ဒေသ ပဋိပက္ခတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေကို ပွင့်လင်း မြင်သာမှု ရှိရှိနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်အောင် အထူး စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ကို လုပ်ပိုင်ခွင့်တွေ ပေးဖို့ ဒီ သံရုံး ၉ ရုံးက ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာ တိုက်တွန်း ထားပါတယ်။

VOA

ငါးထောင်တန်ဖုန်းတကယ်ဖြစ်လာတော့မည်ဟုရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦး ကပြော

Posted by drmyochit Saturday, November 10, 2012, under | No comments


Photo: ငါးထောင်တန်အိမ်မက် တကယ်ဖြစ်လာတော့မယ်လော
Friday, November 9, 2012

ပြည်သူများမျှော်လင့်ကြ သော (၅၀၀၀)တန်ဖုန်း အိပ်မက်သည် တကယ်ဖြစ်လာရန် နီးစပ် လာပြီဖြစ်ကြောင်း နိုဝင်ဘာလ(၉)ရက်က
 ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦး က
ပြောကြားသည်။

““အခု ဆက်သွယ်ရေးဥပဒေကို အများပြည်သူသိရှိလေ့လာစေရန် ၂၀၁၂ခုနှစ် နိုဝင်ဘာလ(၇)ရက်က ဖော်ပြထားပြီး ဆက်သွယ်ရေးဥပဒေမှာ ဆက်သွယ်ရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတဲ့ အချက် အလက်တွေ၊သူ့ရဲ့အဓိပ္ပာယ်တွေ၊  အပြည်ပြည်ဆိုင်ရာလိုင်စင်တာဝန်၊ပြိုင်
ဆိုင်မှုကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များအား တားမြစ်ခြင်း အဲဒါ
မျိုးတွေလုပ်နေပြီ ဆိုတော့ မကြာခင်ပြည်သူကို ၀န်ဆောင်မှုအထူးပြုတဲ့
ဆက်သွယ် ရေးစနစ်တစ်ခုပေါ်ပေါက်လာမယ်။ ပြည်သူကိုဗဟိုပြုတဲ့ ဆက်သွယ် ရေးပုံစံမဟုတ်ဘဲနဲ့။ပြည်သူဝန် ဆောင်မှုကို အထူးပြုတဲ့ 
ဆက်သွယ်ရေးပုံစံမဟုတ်ဘဲနဲ့။ပြည်သူ ၀န်ဆောင်မှုကို အထူးပြုတဲ့ဆက် သွယ်ရေးပုံစံဖြစ်လာဖို့ လမ်းစပေါ် ပေါက်လာပြီလို့ပြောလို့ရတယ်။ ပြီးတော့ မကြာခင်ကပဲ FDI Law ကိုအတည်ပြုလိုက်တယ်။ FDI Lawကိုအတည်ပြု
လိုက်တဲ့အတွက်ကြောင့် FDI Law ရဲ့ ကျင့်သုံးတဲ့ အနှစ်သာရအရဆိုရင်
နိုင်ငံခြားနဲ့နိုင်ငံသားတွေအဓိက ဆက်သွယ်ရေးလုပ်ငန်းဆိုတာ ပြည်တွင်း
မှာရှိနေတဲ့ နိုင်ငံသားတွေ ရဲ့အကျိုးကိုရှေးရှုရမှာပေါ့””ဟု ဦး လွင်နိုင်ဦးမှ ဆက်လက်ပြောကြားသည်။

““အခုဆက်သွယ်ရေးဥပဒေ မူကြမ်းထွက်လာပြီ ပြည်သူသိဖို့ အတွက်ချပြ
ထားပြီ ဒါ့အပြင် FDI Law လည်းထွက်လာပြီဆိုတော့ တကယ်လို့ ဒီပုံစံအတိုင်း သွားမယ်ဆိုရင် မကြာခင်ဆိုတာ ဒီကောင်လုပ်ရတဲ့ဟာက အခတ် အခဲမရှိဘူး။သို့သော် ဥပဒေတွေက ဘာတွေရှိနေသေးတော့ 
ဒီဥပဒေတွေသာကျော်လွှားနိုင်မယ် ဆို အချိန်အကြာဆုံးကတော့ ၂၀၁၃နှစ်
ကုန်မြန်မယ်ဆိုရင် ၂၀၁၃ဇွန်လထဲမှာ ဒီဖုန်းထွက်မယ်””ဟု ဦးလွင်နိုင်ဦး က
အတည်ပြု ပြောကြားခဲ့သည်။

The Hot News

ပြည်သူများမျှော်လင့်ကြ သော (၅၀၀၀)တန်ဖုန်း အိပ်မက်သည် တ ကယ်ြ ဖစ် လာရန် နီးစပ် လာပြီဖြစ်ကြောင်း နိုဝင်ဘာလ(၉)ရက်ကရွှေပြည် တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦး ကပြောကြား သည်။
““အခု ဆက်သွယ်ရေးဥပဒေကို အများပြည်သူသိရှိလေ့လာစေရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ(၇)ရက်က ဖော်ပြထားပြီး ဆက်သွယ်ရေးဥပဒေမှာ ဆက်သွယ်ရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုလုပ်မလဲဆိုတဲ့ အချက် အလက်တွေ၊ သူ့ရဲ့ အဓိပ္ပာယ်တွေ၊ အပြည်ပြည်ဆိုင်ရာလိုင်စင်တာဝန်၊ပြိုင်ဆိုင်မှုကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များအား တားမြစ်ခြင်း အဲဒါ
မျိုးတွေလုပ်နေပြီ ဆိုတော့ မကြာခင်ပြည်သူကို ၀န်ဆောင်မှုအထူးပြုတဲ့ဆက်သွယ် ရေးစနစ်တစ်ခုပေါ်ပေါက်လာမယ်။ ပြည်သူကိုဗဟိုပြုတဲ့ ဆက်သွယ် ရေးပုံစံမဟုတ်ဘဲနဲ့။ပြည်သူဝန် ဆောင်မှုကို အထူးပြုတဲ့ ဆက်သွယ်ရေး ပုံစံမ ဟုတ်ဘဲနဲ့။ပြည်သူ ၀န်ဆောင်မှုကို အထူးပြုတဲ့ဆက် သွယ်ရေးပုံစံဖြစ်လာဖို့ လမ်းစပေါ် ပေါက်လာပြီလို့ပြောလို့ရတယ်။ ပြီးတော့ မကြာခင်ကပဲ FDI Law ကိုအတည်ပြုလိုက်တယ်။ FDI Lawကိုအတည်ပြုလိုက်တဲ့အတွက်ကြောင့် FDI Law ရဲ့ ကျင့်သုံးတဲ့ အနှစ်သာရအရဆိုရင်နိုင်ငံခြားနဲ့နိုင်ငံသားတွေအဓိက ဆက်သွယ်ရေးလုပ်ငန်းဆိုတာ ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံသားတွေ ရဲ့အကျိုးကိုရှေးရှုရမှာပေါ့””ဟု ဦး လွင်နိုင်ဦးမှ ဆက်လက်ပြောကြားသည်။


““အခုဆက်သွယ်ရေးဥပဒေ မူကြမ်းထွက်လာပြီ ပြည်သူသိဖို့ အတွက်ချပြထားပြီ ဒါ့အပြင် FDI Law လည်းထွက် လာပြီဆိုတော့ တကယ်လို့ ဒီပုံစံအတိုင်း သွားမယ်ဆိုရင် မကြာခင်ဆိုတာ ဒီကောင်လုပ်ရတဲ့ဟာက အခတ် အခဲမရှိ ဘူး။သို့သော် ဥပဒေတွေက ဘာတွေရှိနေသေးတော့ ဒီဥပဒေတွေသာကျော်လွှားနိုင်မယ် ဆို အချိန်အကြာဆုံးကတော့ ၂၀၁၃နှစ်ကုန်မြန်မယ်ဆိုရင် ၂၀၁၃ဇွန်လထဲမှာ ဒီဖုန်းထွက်မယ်””ဟု ဦးလွင်နိုင်ဦး ကအတည်ပြု ပြောကြားခဲ့သည်။


The Hot News

ပေါက်တောမြို့တွင် သားအဖနှစ်ယောက် ယမ်းထောင့်သေနတ် ပစ်ခံရ၍ ဒဏ်ရာရ

Posted by drmyochit Saturday, November 10, 2012, under | No comments




နိုဝင်ဘာလ(၈)ရက်နေ့၊ ညနေ(၅)နာရီအချိန်တွင် ပေါက်တောမြို့နယ်၊ စောမဲကျီကျေးရွာမှ သားအဖနှစ်ဦးဖြစ်သော ဦးလပြည့်ဦး(ဘ)ဦးသာတူးအောင်၊
အသက်(၄၄)နှစ်နှင့် သားဖြစ်သူမောင်ဝင်းဝင်းချေ အသက်(၉)နှစ်တို့အား ဘင်္ဂလီသင်္ဘောတစ်စီးက ယမ်းထောင့်သေနတ်ဖြင့် လာပြီးပစ် ခတ်သဖြင့်ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။၎င်းတို့ သားအဖနှစ်ဦးသည် ဆံတော်ရှင်ကျွန်းအနီးတွင် ငါးဖမ်းနေစဉ် ဘင်္ဂလီ သင်္ဘောတစ်စီးက ယမ်းထောင့်သေနတ်ဖြင့် လာပြီးပစ်ခတ်သောကြောင့်ဦးသာတူးအောင်မှာ ဒူး၊ လက်မောင်း၊ ရင်ဘတ်နှင့် ပေါင်များတွင် ကျည်ထိဒဏ်ရာ ပြင်းထန်စွာရရှိသွားပြီး သားဖြစ်သူ ဦးလပြည့်ဦးမှာ
မျက်နှာတွင် ကျည်ထိဒဏ်ရာ ရရှိသွား၍ သားအဖနှစ်ဦးအား စောမဲကျီကျေးရွာဖက်ကို သယ်ယူသွားကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေဆေးရုံသို့ ဆေးကုသရန် ရောက်ရှိလာပုံကို စစ်တွေမှ ဒေသခံတစ်ဦးမှ ” ဒီနေ့ ညနေ (၁၀)နာရီလောက်မှာ ဆေးရုံကို သတိမေ့ပြီး ရောက်လာပါတယ်။ ဦးသာတူးအောင်က ဒူး၊ လက်မောင်း၊ရင်ဘတ်နှင့် ပေါင်မှာ ကျည်ထိဒဏ်ရာက ပြင်းထန်တာမို့လို့ စစ်တွေဆေးရုံကို ယူလာပါတယ်။

သူ့သားကတော့ မျက်နှာမှာပဲ ကျည်ထိတာဆိုတော့ ရွာမှာဆေးကုဖို့ ကျန်ခဲ့ပါတယ်။ အသက်အန္တရာယ်က စိုးရိမ်စရာ တော့မရှိတော့ ပါဘူး။ ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဒုတိယအကြိမ် တစ်ကျော့ပြန် အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးနောက် ရခိုင်ပြည်သူများသည် သူတို့၏ အသက်အန္တရာယ်အတွက်
စိုးရိမ်ပူပန်မှုများ ရှိနေကြောင်းသိရသည်။
နိုင်ငံတော်အစိုးရက လုံခြုံရေးများ တင်းကြပ်စွာချထားပြီး အကြမ်းဖက်မှု ဖြစ်ပွားနိုင်တဲ့ လက်နက်တွေကို သုံးရက်အတွင်း ပြန်အပ်ရမည်ဟု နိုဝင်ဘာလ(၂)ရက်နေ့က ထုတ်ပြန်ထားသော်လည်း ယခု အသက်အန္တရာယ်ကိုထိခိုက်စေနိုင်သော အကြမ်း ဖက်မှုကို ပြန်လည်ဖြစ်ပွားနိုင်သောလက်နက်မျိုးဖြင့် တိုက်ခိုက်ခံရပြန်သဖြင့် နိုင်ငံတော်အရအနေနဲ့ရခိုင်ပြည်သူများ၏ လုံခြုံရေးကို ဦးစားပေး စဉ်းစားသင့်ကြောင်း ဝေဖန်ပြောဆိုနေကြသည်။

Arakan Times

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်