Thursday, November 08, 2012
ကမ္ဘာ့ အသက်အကြီးဆုံး ကိုယ်ချင်းဆက် အမြွာ
Posted by drmyochit Thursday, November 08, 2012, under | No comments
ကမ္ဘာ့အသက် အကြီးဆုံးကိုယ်ချင်း ဆက်အမြွာအဖြစ် အမေရိကန်နိုင်ငံမှ Roonnie နဲ့ Donnie Galyon တို့ကို ၂၀၀၉ခုနှစ်က ဂင်းနစ်စံချိန်တင်ခဲ့ပြီး ယနေ့တိုင် မှတ်တမ်း ဝင်နေဆဲ ဖြစ်ပါတယ်။ ၁၉၅၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ မွေးဖွားပြီး ယနေ့ဆိုရင်အသက် ၆၁ နှစ်ကျော်သွားပြီ ဖြစ်ပါတယ်။ မိခင် ဖြစ်သူ Maureen Galyonက သားနှစ်ယောက် မွေးမယ်လို့ ထင်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာပါဘူး။
ရင်ချင်းဆက် အမြွာဖြစ်နေပြီး အဝေးက ရုတ်တရက်ကြည့်လိုက် ရင်ခေါင်းနှစ်လုံးနဲ့ သတ္တဝါပမာ ကြောက်စရာ ကောင်းပါတယ်။
ကျောင်းနေခွင့် မရခဲ့ပါဘူး။ ကျောင်းတက်ရင် အခြားကလေးငယ် များကြောက်လှန့်လို့ ဖြစ်ပါတယ်။ မိသားစုကလည်း ဆင်းရဲပါတယ်။ ဒါကြောင့် ယင်း Roonie နဲ့ Donnie နှစ်ဦးကို လမ်းမပေါ်တွေမှာ Reality Show လို ပြသပြီး ဝင်ငွေရှာခဲ့ပါတယ်။ တောင်အမေရိက တိုက်တစ်ခုလုံးပတ်ပြီး ယခုလို ထူးထူးခြားခြား အမြွာနှစ်ဦးက ကမ္ဘာက သိသွားအောင် လုပ်ပါတယ်။ နောက်တော့ မိသားစု ဝင်ငွေ ကောင်းလာပြီး ယခုတော့ Ohioပြည်နယ်မိသားစုနဲ့ အတူနေထိုင်နေပြီ ဖြစ်ပါတယ်။ ယနေ့ချိန်ထိလည်း သူ့တို့ရဲ့ အလုပ်အကိုင်က ရုပ်သံလိုင်းတွေမှာ ပါဝင်သရုပ်ဆောင်တဲ့ Realityshow personality များ ဖြစ်ပါတယ်။ သူတို့ရဲ့ အခက်အခဲ၊ နေထိုင်မှု ပြဿနာ အစရှိသဖြင့်တို့ကို ရုပ်သံလိုင်းတွေက ရိုက်ကူးဖော်ပြေပေးကြပြီး တစ်ကမ္ဘာလုံးရှိ ကိုယ်ချင်းဆက်တို့ရဲ့ သနားစရာဘဝကို သိမြင်စေခဲ့ပါတယ်။ သာမန်လူတွေနဲ့တန်းတူ နေထိုင်နိုင်ပေမယ့် လက်ခံပေးနိုင် မှုရှိလာဖို့ကျတော့ ကြိုးစားယူခဲ့ကြရတာ ဖြစ်ပါတယ်။လက်ရှိမှာတော့ Roonnie တို့ ကိုယ်ချင်းဆက် ညီအစ်ကိုရာ တစ်ကမ္ဘာလုံးရှိကိုယ်ချင်း၊ ရင်ချင်းဆက်ပြီး သာမန်လူလို မနေထိုင်နိုင်တဲ့ အမြွာများအားလုံး ရဲ့  လေးစားစရာ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။
"အကျင့်ပျက် တရားရေးဝန်ထမ်း ၇ ဦးကို မန္တလေးတရားလွှတ်တော် ထုတ်ပယ်"
Posted by drmyochit Thursday, November 08, 2012, under | No comments
မြို့နယ်တရားသူကြီး နှစ်ဦးအပါအဝင် တရားရေး ဝန်ထမ်းခုနစ်ဦး ထုတ်ပယ်ခြင်းနှင့် ခရိုင်တရားသူကြီး တစ်ဦးအပါအဝင်=တရားရေးဝန်ထမ်း ခုနစ်ဦးတို့အား စာဖြင့်ပြင်း ထန်စွာ သတိပေးခြင်းတို့ကို မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ''ဥပဒေစည်းမျဉ်း၊ စည်းကမ်းတွေကို မလိုက်နာဘူး။ ဝန်ထမ်း စည်းမျဉ်း စည်းကမ်းတွေကို ဖောက်ဖျက်တယ်။ ဒါကြောင့်ပါ'' ဟု ဥပဒေချုပ်ဦးရဲအောင်မြင့်က ပြောသည်။ ယခုကဲ့သို့ အရေးယူခြင်း၊ ထုတ်ပယ်ခြင်းနှင့် ပြင်းထန်စွာ သတိပေး မှုပြုလုပ် ခဲ့ခြင်းမှာ ၂ဝ၁၁ ခုနှစ်မတ်လ ၃ဝ ရက်နေ့မှ ၂ဝ၁၂ ခုနှစ်အောက်တိုဘာလ ၃၁ရက်နေ့ အထိ စာရင်းများ အရဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှ သိရသည်။ ထုတ်ပယ်ခဲ့မှုတွင် မြို့နယ် တရားသူကြီးနှစ်ဦး၊ ဒုတိယမြို့နယ် တရားသူကြီး နှစ်ဦး၊ ဒုတိယ ဦးစီးမှူးအဆင့် လေးတစ်ဦး၊ အကြီးတန်းစာရေး တစ်ဦးနှင့် အငယ်တန်း စာရေးတစ်ဦးတို့ဖြစ်ပြီး စာဖြင့်ပြင်းထန်စွာသတိပေးမှုတွင် ခရိုင်တရား သူကြီးတစ်ဦး၊ ဒုခရိုင်တရားသူကြီး တစ်ဦး၊ မြို့နယ်တရား သူကြီးတစ်ဦး၊ ဒုတိယမြို့နယ် တရားသူကြီးနှစ်ဦး၊ အကြီးတန်း စာရေးတစ်ဦးနှင့် အငယ်တန်း စာရေးတစ်ဦးတို့ ဖြစ်သည်ဟု ဦးရဲအောင်မြင့်က ပြောသည်။ လက်ရှိတွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တရားခွင်တိုင်းတွင် မန္တလေးတိုင်းဒေ သကြီးတရား လွှတ်တော်က ထုတ်ပြန်ထားသည့် စာများကပ်ထား ကာတရား စီရင်ရေးအပေါ် ပွင့်လင်းထင်သာစွာ ဆောင်ရွက်ထားသည်ဟု လည်းဥပဒေချုပ်က ဆက်လက်ပြောသည်။
''ကြေညာထားတာက အမှုတွဲတွေကို မှန်မှန်ကန်ကန်ဆုံးဖြတ် ပေးမယ်။ တရားရုံးဆိုင်ရာ လုပ်ငန်းတွေကို လုပ်ထုံးလုပ် နည်းတွေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အ တွက် လာဘ်ငွေပေးဖို့ မလိုပါဘူးဆိုတာပါ။ ဒါတွေ အပြင်တိုင်လို့ရတဲ့ ဖုန်းနံပါတ်တွေလည်း ကပ်ထားပါတယ်''ဟု ၄င်းကထပ်လောင်း ဆိုသည်။ သို့သော် လက်ရှိတွင်မန္တလေး တရားစီရင်ရေးစနစ် ယိမ်းယိုင်ပြို လဲနေပြီဟူသော သတင်းများကထွက် ပေါ်နေခဲ့သည်။ ထိုစွပ်စွဲချက် များအပေါ် မမှန်ကန်ပါကြောင်း မန္တလေးတရားလွှတ်တော်က ပြောပြီး စစ်ဆေးစီရင်မှုကို အချိန်မရွေး လာလေ့လာ၍ ရပါကြောင်း ဦးရဲအောင်မြင့်က ပြောသည်။ ဥပဒေနှင့်အညီ မှန်ကန်စွာ မလုပ်ခြင်း၊ မတရားပြုကျင့်ခြင်းတို့ကို တိုင်စာအ ရသော်လည်းကောင်း၊ တရားသူကြီးချုပ် ကိုယ်တိုင်က သော် လည်းကောင်း ဝန်ကြီး ဌာနရုံးတို့ က ပေးပို့လာသော စာများကမှ တစ်ဆင့် သော်လည်းကောင်း စုံစမ်းစစ်ဆေး တွေ့ရှိသည့်အခါ စည်းမျဉ်း၊ စည်းကမ်းအရ ထိရောက်စွာအရေး ယူလျက်ရှိသည်ဟု မန္တလေးတိုင်းဒေသ ကြီး တရားလွှတ်တော် ရုံးထံမှသိရသည်။
မင်းသုအောင်
ကွတ်ခိုင်၌ မှောင်ခို ပစ္စည်းတင်ယာဉ်များဖမ်းဆီးမိ
Posted by drmyochit Thursday, November 08, 2012, under | No comments
ဗန်ကား ၇စီး Express Car၂စီး ပေါ်မှ အခွန်မဆောင် ထားသည့် ပစ္စည်းများ နိုဝင်ဘာ၇ ရက်နေ့တွင် ကွတ်ခိုင်၌ ဖမ်းဆီးမိခဲ့ကြောင်း နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန ခေါင်းဆောင်သော မှောင်ခိုတားဆီး ရေးရွေ့လျားအဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ စီမံချက်စတင်သည့် နိုဝင်ဘာ ၁ရက်နေ့မှ ၇ ရက်နေ့အထိ မူဆယ်အပါအ၀င် ကွတ်ခိုင်၌ ကား ၁၄စီး မှအခွန်မဆောင် ထားသည့် ပစ္စည်းများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားဝင်အခွန် ဆောင်နိုင်ရန် အကောက်ခွန် ဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။
လွှတ်တော်အတွင်းဗြောင်းကြိုးကိုင်သူ ဖမ်းဆီးရန်လိုနေပြီ''
Posted by drmyochit Thursday, November 08, 2012, under | No comments
လွန်ခဲ့ တဲ့ အပါတ်က ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွါးမှု အခြေအနေနဲ့ စပ်လျှဉ်း၍ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ် ။ အဲဒီထုတ်ပြန် ကြေညာချက်မှာ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွါးမှူ အခြေအနေနဲ့  စပ်လျှဉ်း၍ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂိုလ်များ ၊ အဖွဲ့ အစည်းများ ရှိနေကြောင်း သိရှိရသဖြင့် ၄င်းတို့ ကို ဖေါ်ထုတ်၍ ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ( ၁/၂၀၁၂ ) အမိန့် ကြေညာစာနဲ့  ထုတ်ပြန်ကြေညာခဲ့ပါတယ် ။
တနေ့ ကဘဲ ဘီဘီစီမြန်မာ ပိုင်းအစီအစဉ်မှာ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်နဲ့ ပါတ်သက်လို့  ဆွေးနွေးခန်း တခုကို ကြားလိုက်ရပါတယ် ။ အဲဒီဆွေးနွေးခန်းမှာ ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ၊ နိုင်ငံတော်သမ္မတရုံးမှ ဦးဇေါ်ဋ္ဌေး ( မှူးဇေါ် ) နဲ့  -ABSDF - ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်တို ဆွေးနွေးသုံး သပ်ချက်တွေ ကို ဆွေးနွေးကြတာဖြစ်ပါတယ် ။
  အဲဒီဆွေးနွေးခန်းကို ကြားကြတဲ့ အခါမှာ ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ဟာ သူတို့ ရဲ့  ဘင်္ဂလီကုလားတွေရဲ့ သမိုင်းလိမ်ထားတဲ့  ရိုဟင်ဂျာလို့  ခေါ်တဲ့  နာမည်ကို ပြောဆိုသွားပြီး သူတို့ ကို ခိုးဝင်လာသူ မဟုတ်တဲ့ အတွက် ရခိုင်ပြည်နယ် အတွင်းမှာ ရှိနေကြတဲ့  သူတို့ တွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် ပြု ပေးရမယ်လို့  ပြောဆိုသွားတာ ကြားရပါတယ် ။   အဓိက ပြသနာဟာ ဒါပါဘဲ ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကနေ အစိုးရတဖွဲ့ လုံးနဲ့  မြန်မာနိုင်ငံသား တွေကရော အဲဒီဘင်္ဂလီကုလား လူမျိုးတွေဟာ ခိုးဝင်လာတဲ့  လူမျိုးတွေပါလို့  အသိအမှတ်ပြု ပြောဆိုကြေညာနေကြပြီး -၁၉၈၂-ခုနှစ် နိုင်ငံသားပြုမူဆိုင်ရာ ဥပဒေနဲ့  ကိုင်တွယ်ဆောင်ရွက်မယ်လို့  ကြေညာထားပြီးသားဖြစ်ပါတယ် ။ 
အခုလို ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က မွတ်ဆလင်ရိုဟင်ဂျာလို့  ဘီဘီစီဆွေးနွေးခန်းမှာ တိတိကျကျ ထုတ်ဖေါ်ပြောဆိုတာဟာ တကယ်တော့ ကမ္ဘာကို သူက ကြေညာလိုက်တာဖြစ်ပါတယ် ။
 ပြီးတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့  အစိုးရကိုပါ စိန်ခေါ်လိုက်တာဖြစ်ပါတယ် ။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ပြောဆိုချက်ကို မလေးမခန့် နဲ့  အခုလို ပြောဆိုနေတာဟာ ခုတကြိမ် မကတော့ပါဘူး ။ သူ့ ရဲ့ ပြောဆိုချက်တွေကို စုစည်းပြီး လေ့လာကြမယ်ဆိုရင် သူဟာ တကယ့် မြန်မာနိုင်ငံကို မီးလောင်တိုက် သွင်းနေတဲ့  သူဖြစ်နေပါတယ် ။ 
ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ဟာ လွှတ်တော်အတွင်းမှာတောင် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တင်ပြရာမှာ သမိုင်းလိမ်တဲ့  ဘင်္ဂလီကုလားတွေအတွက် အတိအလင်း 
စိန်ခေါ် ပြောဆိုသွားသူဖြစ်ပါတယ် ။
 ဒီတော့ နိုင်ငံတော်သမ္မတရုံးက ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့  စပ်လျှဉ်းပြီး  နောက်ကွယ်က ကြိုးကိုင်သူများနဲ့  အဖွဲ့ အစည်းများ ရှိကြောင်း သိရှိရသဖြင့် ဖမ်းဆီးတော့မယ်လို့  ကြေညာထားတဲ့ အတွက် တကယ်ဖမ်းဆီးမယ်ဆိုရင် ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ဖမ်းဆီးရမှာဖြစ်ပါတယ် ။ 
သူဟာ နောက်ကွယ်က ကြိုးကိုင်သူ မဟုတ်ဘဲ ဗြောင်ကြိုးကိုင် ဆောင်ရွက်သူဖြစ်ပြီး ယခုအချိန်မှာ မြန်မာနိုင်ငံအတွက် ကြောက်စရာအကောင်းဆုံး မွတ်ဆလင်အကြမ်းဖက်သမား ခေါင်းဆောင်တဦးဖြစ်နေပါတယ် ။
 တကယ်တော့ ဘူးသီးတောင် မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ဟာ တိုင်းရင်းသားလဲ မဟုတ် နိုင်ငံသားမဟုတ်တဲ့ အတွက် -၂၀၁၀-ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်မှာ  ပယ်ဖျက်ခြင်း ခံရတဲ့  သူတဦးဖြစ်ပါတယ် ။
 ပြည်ခိုင်ဖြိုးပါတီကနေပြီး ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် လုပ်လာတဲ့ သူမို့ လို့  ဗဟိုရွေးကောက်ပွဲ ကော်မရှင် ကနေပြီး ဘူးသီးတောင်မြို့ နယ်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ  ကော်မရှင်က ပယ်ဖျက်ထားသည့်တိုင်အောင်-ကန့် ကွက်ထားသည့်တိုင်အောင် ၀င်ရောက်ယှဉ်ပြိုင် ခွင့်ပေးလိုက်တာဖြစ်ပါတယ်။ 
ဒီပြသနာကိုလဲဘဲ ပြည်ခိုင်ဖြိုးပါတီက ဦးဋ္ဌေးဦးတို့ က ဖြေ၇ှင်းပေးရန် လိုအပ်နေပါသေးတယ် ။    ဒီတော့ခါ အခုဆိုရင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားတဲ့  ကြေညာချက်အထဲကလို နောက်ကွယ်က ကြိုးကိုင်သူ မဟုတ်တော့ဘဲ လွှတ်တော်ထဲမှာတင် ဗြောင် ကြိုးကိုင်သူဖြစ်နေတော့မို့  အမြန်ဆုံး ထိရောက်စွာ ဥပဒေနဲ့ အညီ အရေးယူရမှာဖြစ်ပါတယ် ။ 
ရခိုင်ပြည်နယ်ဖြစ်စဉ်မှာ ရုန်းရင်းဆန်ဆတ်နဲ့  မြို့ သူမြို့ သားတိုင်းကို မဲမဲမြင်ရာ ပုလိပ်မျက်စိနဲ့  ဖမ်းဆီးနေဖို့ အစား အခုလို ဗြောင်လှုံ့ ဆော်သူများကို ဖမ်းဆီးရန်သာ လိုအပ်ပါတယ်လို့  ပြောကြားပါရစေ ။။
ရခိုင်အရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ သဘောထား ထုတ်ပြန်မည်
Posted by drmyochit Thursday, November 08, 2012, under | No comments
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်
 ခေါင်းဆောင်သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ် စားလှယ်များ နိုဝင်ဘာလ ၅ရက်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုသို့တွေ့ဆုံ ရခြင်းမှာ ရခိုင်အရေးနှင့် ပတ်သက်၍ တိုင်းရင်းသားပေါင်းစုံ၏ သဘောထားကို ရယူခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များက ၎င်းတို့၏အတွေ့ အကြုံများကို တင်ပြခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ယခုအရေးကိစ္စသည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၏ ကိစ္စမဟုတ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ လူမျိုးတို့နှင့် ဖြစ်ပွားနေခြင်း ဖြစ်သောကြောင့် နှစ်နိုင်ငံအရေး ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပေါင်းစုံ၏ သဘောထားကြေညာ ချက်တစ်စောင်ကို ထုတ်ပြန်သွား မည်ဖြစ်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးရဲထွန်းကပြောကြားခဲ့သည်။
ဒါကိုတိုင်းရင်းသားတွေရဲ့အလိုကျ ကျွန်မတို့ ဆောင်ရွက်မှာပါ။ ရခိုင်အရေးဟာ ပထမဆုံး ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို ဂရုစိုက်ရမယ်။ စစ်အုပ်ချုပ်ရေးအနေနဲ့ သွားဖို့ကတော့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ ဘာပဲပြောပြော သာမန်မဟုတ်တဲ့ အခြေအနေမျိုးကိုတော့ အမြန်ဆုံးပြန်ပြီးတော့ သာမန်အခြေအနေရောက်အောင်လိုတယ်လို့ ထင်ပါတယ်  .   .   .
အဆိုပါသဘောထား ကြေညာချက်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ တိုင်းရင်းသားပါတီ/လွှတ်တော် ကိုယ်စားလှယ်များ စုပေါင်းပြီးထုတ်ပြန် မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများနှင့် ဆွေးနွေးပြီးမှသာ သဘောထားကြေညာချက်ကို ထုတ်ပြန်မည် ဖြစ်သောကြောင့် ကြိုတင်မပြော ဆိုနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
ထို့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "သဘောထားကြေညာချက်နဲ့ ပတ်သက် ပြီးလို့တော့ ကြိုပြောလို့ မရသေးပါဘူး။ ဒါကိုတိုင်းရင်းသား တွေရဲ့အလိုကျ ကျွန်မတို့ဆောင်ရွက်မှာပါ။ ရခိုင်အရေးဟာ ပထမဆုံး ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို ဂရုစိုက်ရမယ်။ စစ်အုပ်ချုပ်ရေးအနေနဲ့ သွားဖို့ကတော့ အခြေအနေပေါ်မှာ မူတည်ပါတယ်။
ဘာပဲပြောပြော သာမန်မဟုတ်တဲ့ အခြေအနေမျိုးကိုတော့ အမြန်ဆုံးပြန်ပြီးတော့ သာမန်အခြေ အနေရောက်အောင် လိုတယ်လို့ ထင်ပါတယ်" ဟု နိုဝင်ဘာလ ၆ ရက်နေ့က ပြည်သူ့လွှတ်တော်ပုံ မှန်အစည်းအဝေး ခေတ္တရပ်နားစဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။
Eleven Media Group
ကြေကွဲဖွယ် မန္တလေးအိမ်ဖော်ညီအစ်မ အညတရလေးများ၏ မူဆလင်နှင့် ရက်စက်မူ
Posted by drmyochit Thursday, November 08, 2012, under | No comments
မကွေးမြို့နယ်၊ ကန်ဖျားကျေးရွာမှ 
အသက်(၁၄)နှစ်အရွယ် နှင့် အ
သက်(၁၂)နှစ်အရွယ့်  ညီအစ်မ 
 နှစ်ယောက်အား အလုပ်ရှင်ဖြစ်
သော မန္တလေးမြို့၊ ၂၆-လမ်း၊ ၈၃ 
×၈၄လမ်းကြား ညီနောင်စတီးဆိုင်ပိုင်ရှင် "မူဆလင်မိသားစု"များက ရိုက်နှက်နှိပ်စက် မဖွယ်မရာပြုမှုအား သွားရောက်စုံစမ်းသူများကို အမှတ်(၈)ရဲစခန်းက ဆူပူကြိမ်းမောင်းကာ ဖမ်းမယ်ဆီးမယ် ခြိမ်းခြောက်လွှတ် လိုက်ကြောင်းသိရ။
============================================
မကွေးမြို့နယ်၊ ကန်ဖျားကျေးရွာမှ ဦးသန်းစိုး+ဒေါ်ခင်မာရီ မိသားစုတွင် အသက်(၁၄)နှစ်အရွယ် အမီးကြီး မတင်တင်ဌေးနှင့် အသက်(၁၂)နှစ်အရွယ် သမီးငယ် မနှင်းနှင်းလှိုင်တို့ ညီအစ်မ နှစ်ယောက်ရှိပါသည်။
စာရင်းငှားအလုပ်ဖြင့် ဝမ်းစာရှာရသဖြင့် အဆင်မပြေ ဖြစ်နေချိန်တွင် ပွဲစားတစ်ယောက် ရောက်လာပါသည်။ ညီအစ်မနှစ် ယောက်လုံးကို အိမ်ဖော်အလုပ်အပ်ပေးမည်။ တစ်လနှစ်သောင်းခွဲ ရမည်ပြော၍ သဘောတူ လိုက်ကြပါသည်။
အငယ်မ မနှင်းနှင်းလှိုင်(၁၂)နှစ်က မန္တလေးမြို့၊ ၂၆-လမ်း၊ ၈၃×၈၄လမ်းကြား ညီနောင်စတီးဆိုင်တွင် အလုပ်လုပ်ရပြီး အကြီးမ မတင်တင်ဌေး(၁၄)နှစ်က ၎င်းဆိုင်ပိုင်ရှင်အိမ်တွင် အိမ်ဖော်အလုပ် လုပ်ရပါသည်။
အလုပ်လုပ်၍ တစ်လပင်မပြည့် သေးခင်တွင် ညီအစ်မ နှစ်ယောက်လုံး သုံးကြိမ်တိတိ ထွက်ပြေးခဲ့ကြပါသည်။ ပထမ နှစ်ကြိမ်တွင် ပြန်ဖမ်းမိသွားပြီး ရွာအထိမ ရောက်ခဲ့ကြပါ။ 5-11-2012-ရက်နေ့က တတိယအကြိမ်အဖြစ် ထပ်မံထွက် ပြေးကြပြန်ပါ သည်။ ထွက်ပြေးကြပုံမှာ နှစ်ထပ်တိုက်ပေါ်မှ ဓာတ်ကြိုးများကို တွဲလောင်းချခိုစီးပြီး မနက်ဝေလီဝေလင်းမှာ ထွက်ပြေးကြခြင်း ဖြစ်ပါသည်။ အငယ်မ မနှင်းနှင်းလှိုင်(၁၂)နှစ်မှာ ဓာတ်လိုက်ပြီး ပြုတ်ကျကာ သတိမေ့သွားခဲ့ပါသည်။ တစ်ကိုယ်လုံးတွင် ဓာတ်လိုက်ဒဏ်ရာများ ပြည့်နှက်နေပြီး အထူးသဖြင့် ဝမ်းဗိုက်နှင့် ဆီးစပ်တွင် ဒဏ်ရာပြင်းထန်ခဲ့ပါသည်။ ထိုတွင် ဝမ်းဗိုက် ဒဏ်ရာက အပြင်းထန်ဆုံးဖြစ်ပြီး လေးလက္မခန့် လောင်ကျွမ်းသွားပါသည်။ 5-11-ရက်နေ့ မနက်(၆)နာရီခန့်တွင် ဆေးရုံကြီး ခွဲစိတ်ဆောင်(၂) အရေးပေါ်ဌာနသို့ ရောက်ရှိလာချိန်တွင် အငယ်မ မနှင်းနှင်းလှိုင်(၁၂)နှစ် သတိမရသေးပါ။ အရပ်ရှည်ရှည်၊ အသားဖြူဖြူ၊ မုဆိတ်မပါသည့် မူဆလင်တစ်ယောက် (ရှည်ရှည်-ဟုခေါ်သည်) အသက်(၄၀)ခန့်နှင့် အသားမည်းမည်း၊ ဗလတောင့်တောင့် မုဆိတ်ပါသည့် မူဆလင်တစ်ယောက် ဖတ်တီး(ခေါ်)အစန်း(၃၀)နှစ်ခန့်တို့ လိုက်ပို့ပေးကြပါသည်။ (၂၄)နာရီလုံးလုံး ညီမနှစ်ယောက်နားမှ မခွါဘဲ စောင့်ကြည့်နေကြပြီး မိဘထံသို့ ဖုန်းဆက်အကြောင်း ကြားခြင်းလည်း မရှိ၊ ညီအမနှစ်ယောက်ကို ဖုန်းဆက်ခွင့်လည်း မပေးခဲ့ကြပါ၊ ကလေးမလေးများကလည်း မူဆလင်များကို ကြောက်သောကြောင့် ဖုန်းမဆက်ရဲကြပါ။ မူဆလင်တစ်ယောက်က ဆေးသွားဝယ်နေပြီး ကျန်တစ်ယောက်က ဖုန်းလာ၍ အပြင်ဘက်ထွက်သွားပြီး ဖုန်းပြောနေချိန် တွင် ဆရာဝန်လေး တစ်ယောက်က အကြီးမကို မေးရာမှ အကြောင်းစုံသိခဲ့ရခြင်းဖြစ်ပါသည်။
ကလေးမလေးများက ပြောရာတွင် နေ့တိုင်းစော်ကားခံနေရလို့ ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ မူဆလင်အမျိုးသား များက လက်သီးနှင့်ထိုးပြီး မူဆလင်အမျိုးသမီး မစကီနာက တံမြတ်စည်းဖြင့် ရိုက်ကြောင်း၊ ဖတ်တီး(ခေါ်)အစန်းက အကြီးမ မတင်တင်ဌေး(၁၄)အား အဖွယ်မရာလုပ်ခိုင်းကြောင်း(လိင်ကို ကိုင်ခိုင်းကြောင်း) ထိုသို့ အဖွယ်မရာ လုပ်ခိုင်းသည်မှာ သီတင်းကျွတ်လဆန်း(၁ဝ)ရက် (25-10-2012)ရက်နေ့မှ နေ့စဉ်ရက်ဆက်ဖြစ်ကြောင်း၊ ဘယ်သူမျှ မပြောဖို့ ခြိမ်းခြောက် တားမြစ်ကြောင်း၊ တခြားအဓမ္မကျင့်မှုတော့ မရှိကြောင်း ပါဝင်ပါသည်။  ထိုသို့ ပြောပြရင်း “ကုလားတွေ မသိပါစေနှင့်”ဟုလည်း သတိပေးခဲ့ပါသည်။
ကုလားများအလစ်တွင် အကြီးမမှ ဖုန်းခိုးဆက်သောကြောင့် ယနေ့6-11-2012-ရက်နေ့တွင် မိခင်ဒေါ်ခင်မာရီ ရောက်လာပါသည်။
မနှင်းနှင်းလှိုင်(၁၂)နှစ်သည် ခွဲစိတ်ဆောင်(၂) ကုတင်နံပါတ်(၁၅)တွင် ဆေးကုသမှုခံယူနေပြီး သူ၏မိခင် ဒေါ်ခင်မာရီနှင့် သူ၏အမ မတင်တင်ဌေး(၁၄)နှစ်တို့လည်း သူနှင့်အတူ ဆေးရုံမှာ ရှိနေပါသည်။
ဆေးရုံရှိ မှုခင်းဌာနတာဝန်ကျ ရဲအရာရှိမှ ဓာတ်လိုက်သည့်ကိစ္စနှင့် ထွက်ပြေးရခြင်း အကြောင်းလောက်ကိုသာ ဝတ်ကြေတန်းကြေ မေးမြန်းစစ်ဆေးကြောင်း သိရပါတယ်။ ဆေးကုသစရိတ်ကို မူဆလင်များက ကုန်ကျခံမည်ဖြစ်ကြောင်း၊ နှစ်လစာလခ ငွေကျပ်တစ်သိန်း ကြိုယူထားရာ ယနေ့(6-11-2012)ရက်နေ့တွင် တစ်လပြည့်၍ ငွေကျပ်ငါးသောင်းသာ အကြွေးကျန်ကြောင်း သိရပါသည်။ အိမ်ဖော်ညီအစ်မ အညတရလေးများ၏ အနာဂတ်နှင့် မကြင်နာသူတို့၏ နေရပ်လိပ်စာ(အိပ်လိပ်စာ) စုံစမ်းသူများကို အမှတ်(၈)ရဲစခန်းက ဆူပူကြိမ်းမောင်းကာ ဖမ်းမယ်ဆီးမယ် ခြိမ်းခြောက်လွှတ်လိုက်ကြောင်း သိရပါသည်။
အညတရလေးများကိုကြင်နာကြပါဗျာ……။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)6-11-2012
ဆက်သွယ်ရန်= 09-444030770
ဈာပန ကိစ္စ စစ်တွေမြို့ခံများအခက်တွေ့
Posted by drmyochit Thursday, November 08, 2012, under | No comments
မြို့သုဿန်သည် ဘင်္ဂလီလူမျိုး အများစုနေထိုင်သည့် အရပ်ဒေသတွင် ရှိခြင်းကြောင့် ဈာပနာ ကိစ္စစီစဉ်ဆောင်ရွက် ရခြင်းတွင် အခက်အခဲအချို့ ရှိနေကြောင်း စစ်တွေမြို့ ခံ အချို့ကပြောသည်။ လက်ရှိအချိန်တွင် စစ်တွေမြို့နယ်တွင်း ဈာပနာကိစ္စများ၌ ယခင်သုဿန်ဟောင်း နေရာတွင်သာ အဆင်ပြေသလို မီးသဂြိုဟ်မှုဆောင်ရွက် နေရကြောင်း ဒေသခံအချို့က ပြောသည်။
““ သုဿန်သစ်က အခု ဘင်္ဂလီရွာတွေ ကိုဖြတ်ပြီးသွားရတော့ ဟိုတစ်ခေါက် အသုဘကားကို ခဲနဲ့ပေါက်တဲ့ ကိစ္စဖြစ်ပြီး နောက်ပိုင်းကတည်းက မသွားကြတော့တာ။ လုံခြုံရေးပေးနိုင်တဲ့ အခြေအနေ လည်းမရှိဘူး။ လုံခြုံရေးနဲ့ဆို မိသားစုတွေ လိုက်လို့မရဘူးလေ။ ဒါကြောင့် အရင်သုဿန်ဟောင်း (အားကျိတ်တော် ကုန်းသုဿန်ဟောင်း)မှာပဲ ဖြစ်သလို မီးရှို့သဂြိုဟ်နေရတာပဲ”” ဟု စစ်တွေမြို့ခံ အချို့ကပြောသည်။
ထို့အတွက် ထုံးထမ်းစဉ်လာ အသုဘ ကိစ္စဖြစ်သော ရဟန်းသံဃာများ တရားနာယူခြင်း၊ သရဏဂုံတင်ခြင်း၊ ရေအိုးခွဲခြင်း၊ ကိစ္စရပ်များကို သုဿန်တွင် စီစဉ်နိုင်ခြင်းမရှိဘဲ နေအိမ်တွင်ပင် အဆင်သင့်သလို စီစဉ်ဆောင်ရွက်ရပြီး ငွေကြေးအကုန်အကျလည်း လိုအပ်သည်ထက်များစွာ ကုန်ကျလျှက်ရှိကြောင်းသိရသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် တက္ကသိုလ်စတင်ဖွင့်လှစ်တော့မည်
Posted by drmyochit Thursday, November 08, 2012, under | No comments
နိုင်ငံတော်အစိုးရနှင့် မြို့ ဖွံ့ဖြိုးတိုးတက်ရေးကော် မတီတို့ ပူးပေါင်းကာ တောင်ကုတ်မြို့ တက္ကသိုလ်ကြီးကို ၁-၁၂-၂၀၁၂ ရက်မှ စတင်ကာ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျောက် တောင်ထံက သိရှိရသည်။  အဆိုပါ တက္ကသိုလ်ကြီး စတင်ဖွင့်လှစ်ပါက ပထမနှစ်နှင့် ဒုတိယနှစ် တက္ကသိုလ် ကျောင်း သား/သူများအား ဦးစားပေး သင်ကြားပို့ချသွားမည်ဖြစ်သည်။ ဆရာ/မဦးရေ (၈၀)ကျော်နှင့် ၀န်ထမ်းအင်အား (၄၀၀)ကျော် တို့ဖြင့် စတင်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ ယခု တက္ကသိုလ်ကြီး ပေါ် ပေါက်လာခြင်းအတွက် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း(ငြိမ်း) နှင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်း စိန်တို့အား အထူးပင်ကျေးဇူးတင် ရှိပါကြောင်း၊ယခု တက္ကသိုလ်ကြီး ဖွင့်လှစ်ရန်အတွက် ဒုတိယဗိုလ် ချုပ်ကြီး ခင်မောင်သန်း(က-စ-ထ)မှူး လက်ထက်ကပင် ဤ တက္ကသိုလ်ကြီးဆောက်လုပ်ရန် တင်ပြခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်းက ငါနိုင်ငံတော် အကြီးအကဲတွေကို စိတ်လတ် ကြည်သာတဲ့အခါ တင်ပြပေး သွားမယ်ဟု ဆိုကာ စတင်စီစဉ် ပေးခဲ့ကြောင်း၊ ထို့နောက် ယခု ဒီမိုကရေစီအစိုးရ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်လက်ထက် တွင် ပြည်သူ့လွှတ်တော်သို့ တင် ပြဆွေးနွေးကာ နိုင်ငံတော်က သိန်းပေါင်း (၆၀၀၀)ကျော် အကုန်အကျခံ၍ တည်ဆောက် ပေးခဲ့ခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှိုင်က ပြောကြားခဲ့သည်။ 
 Myanmar Express 
ရခိုင်ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရင်း တပ်မတော် တပ်ကြပ်ကြီးတစ်ဦး ဖမ်းခံရ၊ ရဲဘော် တစ်ဦးကျဆုံး
Posted by drmyochit Thursday, November 08, 2012, under | No comments
ြ­မန်မာ-ဘင်ဂလား နယ်ြ­ခားမှတ်တိုင် ၅၀-၅၂ြ­ကားတွင်GE တပ်မှ တပ်ြ­ကပ်ြ­ကီး ကျော်ထူးနိုင်နှင့် တပ်သား နှစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွာြးေ­ကာင်း မောင်တောမှ ဒေသခံတစ်ဦးမသတင်းပေးလာပါသည်။ 
 မောင်တောမြောက်ပိုင်း နယ်မြေသစ်ရှိ ဗန္ဒုလရခိုင်ရွာအထက်ပိုင်းတွင် ၆ - ၁၁ - ၂၀၁၂ ရက်နေ့ နံနက် ၉ နာရီ - ၁၀ နာရီဝန်းကျင်ကြား GE ဆိပ်သို့ ဆိုင်ကယ် ၂ စီးဖြင့် သွားေ၇ာက်သည့် တပ်ကြပ်ကြီး ခိုင်မိုးအောင်၊ စက်ပြင် ကျော်ကျော်ဝေ နှင့် အရပ်သား ၂ ရပ်တို့အား ဘင်္ဂလီကုလားများက သေနပ်ဖြင့် ပစ်ခတ်သဖြင့် ကျော်ကျော်ဝေ ၏ ဦးခေါင်နှင့် ရင်ဘတ်တို့တွင် ကျည်ဆံထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး။ တကက ခိုင်မိုးအောင်နှင့် အရပ်သား ၂ ယောက်ကို ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
 Myanmar Express 
ဒေါ်အောင်ဆန်းစုကြည် ကုလား ကို ကုလားလို့ မခေါ်ရက်နိုင်သည့်ကိစ္စနှင့်ပတ်သတ်၍
Posted by drmyochit Thursday, November 08, 2012, under | No comments
 အို့
    မေမေဒေါ်အောင်ဆန်းစုကြည် 
၁. အပျိုကြီးကို အပျိုကြီးဟု ခေါ်ခြင်းသည်လည်းကောင်း 
 ၂. ဥကြီးသည်ကို လူသိသောသူကို ဘောကြီးဟု ခေါ်ခြင်းသည်လည်းကောင်း 
၃.>> ကုလားကို ကုလားဟုခေါ်ခြင်းသည်လည်းကောင်း << 
 ၄. တရုတ်ကို တရုတ်ဟုခေါ်ခြင်းသည်လည်ကောင်း 
၅. ရွာသားကို ရွာသားဟုခေါ်ခြင်းသည်လည်းကောင်း 
၆. အညာသားကို အညာသားဟုခေါ်ခြင်းသည်လည်းကောင်း 
 ၇. ကရင်ကို ကရင်ဟုခေါ်ခြင်းသည်လည်းကောင်း 
 ၈. ရခိုင်ကို ရခိုင်ဟုခေါ်ခြင်းသည်လည်းကောင်း 
ရိုင်းပြမှန်းကို ခုမှသိ၍ လွန်စွာစိတ်မကောင်းဖြစ်ရပါသည်။ သို့သော် မြန်မာ/ဗမာ စကားတွင် sorry နှင့်တန်း တူသော တောင်းပန်သည့် စကား မရှိဘူးဆိုသည့်အတွက် ဘိလပ်ဘာသာ ဖြင့်သာ တောင်းပန်လိုက်ပါသည် အခေါ်ခံရသူ အပေါင်းခင်ဗျား "ဗဲဒီး ဆောဒီး "ပါ 
Myanmar Express 
(၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်း အပြည့်အစုံ
Posted by drmyochit Thursday, November 08, 2012, under | No comments
နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင်  လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကစိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါပြောကြားချက်အပြည့်အစုံမှာအောက်ပါအတိုင်း ဖြစ်သည်-
အဆွေတော်ဝန်ကြီးချုပ်မစ္စတာသွန်ဆင်းသမာဗောင်၊
အဆွေတော်နိုင်ငံတော်အကြီးအကဲများနဲ့ ဝန်ကြီးချုပ်များ၊
ကိုယ်စားလှယ်တော်များခင်ဗျား၊
အာရှနိုင်ငံများနဲ့ ဥရောပနိုင်ငံများအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားနိုင်ဖို့အတွက် အရေးပါတဲ့  ယခု ထိပ်သီးအစည်းအဝေးကို ဖြစ်မြောက်အောင် အိမ်ရှင်အဖြစ် ခမ်းနားသိုက်မြိုက်စွာ လက်ခံ ကျင်းပပေးတဲ့ လာအိုနိုင်ငံအစိုးရကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဦးစွာပထမ ပြောကြား လိုပါတယ်။
ကျွန်တော်တို့ စတင်ရောက်ရှိတဲ့ အချိန်မှစ၍ နွေးထွေးပျူငှာစွာ ကြိုဆိုမှုများနဲ့ ဧည့်ဝတ်ကျေပွန် မှုများအတွက်လည်း လာအိုနိုင်ငံပြည် သူများနဲ့အစိုးရကို အထူးပဲကျေးဇူး တင်ရှိပါတယ်။
တကယ်တော့ ကျွန်တော့်အနေနဲ့ ယခုကျင်းပတဲ့(၉) ကြိမ်မြောက် အာရှ-ဥရောပ ဆွေးနွေးပွဲ (အေဆမ်) ထိပ်သီးအစည်းအဝေးမှာ ပထမဆုံးအနေနဲ့ ပါဝင်တက်ရောက်ခွင့် ရတဲ့ အတွက်လည်းများစွာ ဝမ်းမြောက်မိပါတယ်။
အေဆမ်တွင် အဖွဲ့ဝင်သစ်များအဖြစ် ပါဝင်လာကြတဲ့နော်ဝေ၊ ဆွစ်ဇာလန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကိုလည်း ကျွန်တော့်အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနဲ့ လှိုက်လှဲစွာ ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။
ယနေ့ အစည်းအဝေးမှာ ကျွန်တော့်အနေနဲ့ အလေးထား ပြောကြားလိုတာကတော့ လယ်ယာစိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာလုံခြုံရေးကဏ္ဍပဲ ဖြစ်ပါတယ်။
အဆွေတော်တို့ သိရှိကြတဲ့အတိုင်း လက်ရှိကမ္ဘာ့ လူဦးရေသန်းပေါင်း ၇ဝဝဝကျော်ရှိတဲ့ အနက်က လူဦးရေသန်း ၁ဝဝဝ နီးပါးတို့ဟာ စားနပ်ရိက္ခာ မလုံလောက်မှုကြောင့် ဆင်းရဲ ငတ်မွတ်မှုကို ခံစားလျက် ရှိကြပါတယ်။
ကမ္ဘာ့လူဦးရေဟာ တစ်နေ့တခြား တိုးပွားနေခြင်း၊ မြို့ပြအိမ်ရာများ တိုးချဲ့ခြင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ စက်မှုဖွံ့ဖြိုးရေးအတွက် စက်ရုံများ၊ စက်မှုဇုန်များ တိုးချဲ့တည်ထောင်ခြင်းနဲ့ မမျှော်မှန်းနိုင်တဲ့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ခြင်းတို့ကြောင့် စိုက်ပျိုး/မွေးမြူ ထုတ်လုပ်သော သီးနှံနှင့် သားငါးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးရမှုတွေကြောင့် စားနပ်ရိက္ခာ လုံခြုံရေးဟာ အရေးပါတဲ့ စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လျက်ရှိပါတယ်။
အဲ့ဒီလို လူသားထုတစ် ရပ်လုံးအတွက် အခြေခံကျပြီး မရှိမဖြစ် လိုအပ်တဲ့စားနပ်ရိက္ခာကို ဖူလုံလောက်ငအောင် ဖြည့်တင်းပေးနိုင်ဖို့ဆိုရင် ကမ္ဘာ့နိုင်ငံများအနေနဲ့ စားနပ်ရိက္ခာ စိုက်ပျိုးရေးအပိုင်းမှာရော ထုတ်လုပ်ဖြန့်ဖြူးမှု အပိုင်းမှာပါ ယခုထက် ပိုမိုတိုးမြှင့် ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်ပြီး စိုက်ပျိုး နိုင်တဲ့ မြေနဲ့ရေအရင်းအမြစ်များ ကြွယ်ဝတဲ့အပြင် သမမျှတတဲ့ ရာသီဥတုစတဲ့ အခြေခံ ကောင်းတွေ ရှိနေပါတယ်။
ဒါ့အပြင် နိုင်ငံလူဦးရေရဲ့ ၇ဝ ရာခိုင်နှုန်းဟာ ကျေးလက်နေ ပြည်သူများ ဖြစ်ကြပြီး လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းတို့အပေါ်မှာ မှီခိုလုပ်ကိုင်နေကြ သူများပဲ ဖြစ်ပါတယ်။
သို့ပေမယ့်လည်း လက်ရှိအခြေအနေမှာ ၎င်းလယ်ယာ လုပ်ကိုင်သူအများစုတို့ဟာ ၎င်းတို့ရဲ့ ဝမ်းစာဖူလုံရေးနဲ့ မိသားစု ရပ်တည်ရေးအတွက်သာ တစ်ပိုင်တစ်နိုင် လုပ်ကိုင် နေကြသူများ ဖြစ်ကြပြီး ကျယ်ကျယ်ပြန့်ပြန့် စီးပွားဖြစ် လုပ်ကိုင်နိုင်ကြခြင်း မရှိသေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၈ခုနှစ်က ဈေးကွက်စီးပွားရေးစနစ် စတင်အကောင်အထည် ဖော်ဆောင်ရွက်စဉ် ကတည်းက လယ်ယာကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အပါအဝင် ပုဂ္ဂလိကမှ ပါဝင်ဆောင်ရွက်နိုင်ဖို့ မူဝါဒများ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း သိသာတဲ့ တိုးတက်မှုများ မရှိသေးကြောင်း ပြည်တွင်းနဲ့ နိုင်ငံတကာပညာရပ်များက ထောက်ပြ ပြောဆိုနေကြပါတယ်။
ဒါဟာလည်း ကျွန်တော်တို့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေခဲ့ရတာရယ်၊  ကမ္ဘာ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တ နိုင်ငံကြီးများရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် လိုအပ်တဲ့ ခေတ်မီ နည်းပညာ၊ အတွေ့အကြုံ၊ ချေးငွေနဲ့  ရင်းနှီးမြှုပ်နှံမှုများ မရရှိခဲ့တာဟာလည်း မိရိုးဖလာ လက်မှုလယ်ယာအဆင့်မှ စက်မှုလယ်ယာအဆင့်သို့ ကူးပြောင်းနိုင်ရေးနဲ့ လယ်ယာ ထွက်ကုန်များ ပြည်ပဈေးကွက်သို့ ရောက်ရှိအောင် တင်ပို့နိုင်ရေးမှာ များစွာအဟန့် အတားများ ဖြစ်ခဲ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ကြည့်ပါက သုညဒသမ ၄၈ ရာခိုင်နှုန်းသာရှိပြီး အခြားသော ကဏ္ဍများနှင့် နှိုင်းယှဉ်ပါက အနည်းဆုံးပင် ဖြစ်ပါတယ်။
ယခင်တစ်ချိန်တစ်ခါက ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံကို ''အာရှရဲ့ စပါးကျီ'' (Rice Bowl of Asia) လို့တောင် တင်စားခေါ်ဆိုရလောက်အောင် မြန်မာနိုင်ငံမှ တင်ပို့တဲ့ဆန်ဟာ ကမ္ဘာ့ နိုင်ငံများသို့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာလည်း မြန်မာနိုင်ငံဟာ ဆန်စပါးကို အဓိက စိုက်ပျိုးတဲ့နိုင်ငံ ဖြစ်ပြီး၂ဝ၁၁-၂ဝ၁၂ခုနှစ်မှာ စုစုပေါင်းစိုက်ဧရိယာဟက်တာ သန်းပေါင်း ၂၂ဒသမ ၅သန်း ရှိတဲ့ အနက်က ဆန်စပါး စိုက်ဧရိယာဟာ ဟက်တာ ၇ ဒသမ ၅၉ သန်း ရှိတာကြောင့် စုစုပေါင်း စိုက်ပျိုးမြေ ဧရိယာရဲ့ ၃၃ ဒသမ ၈ ရာခိုင်နှုန်း ရှိပါတယ်။
ပဲမျိုးစုံနဲ့ ဆီထွက်သီးနှံများ စိုက်ပျိုးမှုဟာ စပါးသီးနှံပြီးပါက စိုက်ပျိုးမြေဧရိယာ အများဆုံး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုဟာ ၁၉၉၆-၁၉၉၇ ခုနှစ်မှ ၂ဝ၁၁-၂ဝ၁၂ခုနှစ်အတွင်း ၈၄ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှု ဟာ၂၉၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုနဲ့ တင်ပို့ ရောင်းချမှုမှာ မြန်မာနိုင်ငံဟာ အာဆီယံရဲ့ ဦးဆောင်နိုင်ငံအဖြစ် ရပ်တည်လျက် ရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး ကြိုးပမ်းမှု လုပ်ငန်းများမှာလည်း တက်ကြွစွာ ပါဝင်လျက် ရှိပါတယ်။
အာဆီယံ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ ဆောင်ရွက်လျက်ရှိတဲ့ အာဆီယ စားနပ်ရိက္ခာ ဖူလုံမှု ဘုတ်အဖွဲ့၊ စားနပ်ရိက္ခာ ဖူလုံရေး သတင်းအချက်အလက် စီမံကိန်းနဲ့ အာဆီယံ အပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာ စတဲ့လုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။
ဒေသတွင်း အရေးပေါ်ဆန်ရိက္ခာ ဖြည့်တင်းရေးအတွက် အရန်ဆန် ပမာဏ စုစုပေါင်း ၈၇ဝဝဝ မက်ထရစ်တန် သတ်မှတ်ထားရှိတဲ့ အနက် မြန်မာနိုင်ငံမှ စုစုပေါင်း အာဆီယံ အရန်ဆန်၏ ၁၆ ရာခိုင်နှုန်းဖြစ်တဲ့ ဆန်မက်ထရစ်တန်ချိန် ၁၄ဝဝဝ ကို ဖြည့်ဆည်းပေးရန် သဘောတူညီထားပြီး ဖြစ်ပါတယ်။
ယခု မြန်မာနိုင်ငံမှာ ကျွန်တော်တို့ အစိုးရအဖွဲ့သစ် စတင်တာဝန်ယူခဲ့တဲ့ အချိန်ကစပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတ ကဏ္ဍပေါင်းစုံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိနေရာ လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်နေ ပြည်သူများဘဝ ဖွံ့ဖြိုးတိုးတက်ရေးမှ တစ်ဆင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို နိုင်ငံတော်ရဲ့ အဓိကဦးစားပေး အစီအစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။
ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ရည်မှန်းချက် (Millennium Development Goals) (၈) ချက် ချမှတ်ထားတဲ့အနက်က ပထမဆုံး ရည်မှန်းချက်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်မှု လျှော့ချရေးအရ လာမယ့် ၂ဝ၁၅ခုနှစ်မှာ မူလအခြေအနေမှ ထက်ဝက်သို့ လျှော့ချရန် ဖြစ်ပါတယ်။
အဲ့ဒီအခြေခံအကျဆုံးသော ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ လက်ရှိ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု ၂၆ရာခိုင်နှုန်းမှ ၂ဝ၁၅ ခုနှစ်မှာ ၁၆ရာခိုင်နှုန်း သို့ လျှော့ချနိုင်ရေးအတွက် ရည်မှန်းချက် ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်။
သို့ရာမှာလည်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေးကွက်၊ ချေးငေ၊ွ မြေယာပိုင်ဆိုင်မှု မူဝါဒများ ဖြစ်တဲ့ မေခရိုစီးပွားရေးမူဝါဒများ၊ ခေတ်မီစိုက်ပျိုးရေး နည်းပညာ နဲ့ အခြေခံအဆောက်အအုံများမှာ စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်ပါတယ်။
ယခုအခါမှာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးများအနေနဲ့ ယခင်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ပိတ်ဆို့ ကန့်သတ်မှုများကို လျှော့ချခြင်း၊ ယာယီဆိုင်းငံ့ခြင်းတို့ကို ဆောင်ရွက်လာပြီ ဖြစ်တဲ့အလျောက် ကျွန်တော်တို့ နိုင်ငံအတွက် လိုအပ်လျက်ရှိတဲ့ ပြည်ပမှ ခေတ်မီနည်းပညာ၊ အတွေ့အကြုံ၊ သုတေသန၊ ချေးငွေနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရရှိနိုင်မယ်ဆိုပါက အထက်တွင် ကျွန်တော်ပြောကြားခဲ့တဲ့ အတိုင်း မြန်မာနိုင်ငံမှာရှိတဲ့ စိုက်ပျိုးမြေနဲ့ ရေအရင်းအမြစ် ကြွယ်ဝမှု၊ အလုပ်ကြိုးစားလုပ်ကိုင်လိုတဲ့ လူသားအရင်းအမြစ်များ ရှိနေမှုတို့နှင့် ပေါင်းစပ်ပြီး မှန်မှန်ကန်ကန် နည်းလမ်းတကျ ပူးပေါင်းဆောင်ရွက်သွားနိုင်မယ်ဆိုပါက ကျွန်တော်တို့မြန်မာနိုင်ငံဟာ ပြည်တွင်းမှာ စားနပ်ရိက္ခာ ဖူလုံပိုလျှံတဲ့ အပြင် ဒေသတွင်း၌သာမက စားနပ်ရိက္ခာလိုအပ်မှု ရှိတဲ့ ကမ္ဘာ့ နိုင်ငံများ အတွက်ကိုပင် တစ်ဖက်တစ်လမ်းက ဖြည့်တင်း ပေးသွားနိုင်မယ်ဆိုတာကို အလေးအနက် ယုံကြည်ပါတယ်။
၂ဝ၁၁ခုနှစ်က ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ စားနပ်ရိက္ခာ လုံခြုံရေးဆိုင်ရာ အေဆမ် အဆင့်မြင့်အစည်းအဝေးမှာ အေဆမ်အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အနာဂတ် ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်များကို သတ်မှတ်နိုင်ခဲ့တဲ့အတွက်ကိုလည်း မြန်မာနိုင်ငံက ကြိုဆိုပါတယ်။
အဆွေတော်များခင်ဗျား၊
အေဆမ်အဖွဲ့ဝင်နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံရဲ့ ပင်မစီးပွားရေး အခြေခံဖြစ်တဲ့ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လူဦးရေအများစုဖြစ်တဲ့ ကျေးလက်ပြည်သူတွေရဲ့ဘဝ တိုးတက်ရေးနဲ့ ထောင်စုနှစ်ရည်မှန်းချက်နဲ့အညီ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး အတွက် လိုအပ်တဲ့ အကူအညီများ ပံ့ပိုးပေးအပ်သွားဖို့ မေတ္တာရပ်ခံလိုပါတယ်။
ယခုအစည်းအဝေးကနေ အာရှ-ဥရောပ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက် ခိုင်မာလာစေဖို့ ရေးဆွဲချမှတ်ထားတဲ့  ''ဗီယင်ကျန်းကြေညာချက်''ကိုလည်း အပြည့်အဝ ထောက်ခံ ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။
အာရှ-ဥရောပဒေသနှစ်ခုအကြား အေဆမ်၏ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ ခိုင်ခိုင်မာမာ ချမှတ်ဆောင်ရွက်ရေးအတွက် နည်းပညာ၊ အတွေ့အကြုံနှင့် ငွေကြေး အင်အားပါ ကြွယ်ဝကြတဲ့ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ ဦးဆောင်ဝိုင်းဝန်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။
ကျေးဇူးတင်ပါတယ်။
 Myanmar Express 
နာဂ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသတွင် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်
Posted by drmyochit Thursday, November 08, 2012, under | No comments
စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမှု လျှော့ချရေး ကော်မတီမှ တိုင်းဒေသကြီး အတွင်းရှိ ကျေးလက် ဒေသ များသို့ PCO တယ်လီ ဖုန်းများ တပ်ဆင် ရန်အတွက် တယ်လီ ဖုန်းနှင့် ဆက်စပ် ပစ္စည်းများ လွှဲပြောင်း ပေးအပ်ခြင်း နှင့် ကျေးရွာ စာကြည့် တိုက်များ ဆောက်လုပ် ရန်အတွက် မတည် ငွေ များ ပေးအပ်ခြင်း အခမ်း အနားကို နိုဝင်ဘာ ၂ ရက် ညနေ ပိုင်းက မုံရွာမြို့ မြို့တော် ခန်းမ၌ကျင်းပခဲ့သည်။
အခမ်း အနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ တို့သည် ကျေးလက် PCO တယ်လီ ဖုန်းများ တပ်ဆင်ရန် အတွက် တယ်လီဖုန်း အထိုင် စက်များနှင့်ဆက်စပ် ပစ္စည်းများကို လည်းကောင်း၊ ကျေးရွာ စာကြည့်တိုက် အဆောက် အအုံ များ ဆောက်လုပ်ရန် အတွက် မတည် ထောက်ပံ့ငွေ များကို လည်းကောင်း အသီး သီး ထောက် ပံ့ ပေးအပ်ရာ တိုင်း ဒေသကြီး အတွင်းရှိ ခရိုင် အုပ်ချုပ်ရေးမှူး ရှစ်ဦးနှင့် နာဂ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသမှ ကိုယ်စားလှယ် တစ်ဦးတို့က လက်ခံ ရယူ ခဲ့သည်။ အဆိုပါ အခမ်း အနားတွင် တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ကျေးရွာပေါင်း ၆ဝ အတွက် PCO ဖုန်း အထိုင် စက်၊ ငွေကျပ် နှစ်သိန်းတန် မိုဘိုင်းလ် တယ်လီ ဖုန်းကတ် ၊ ငွေကျပ် တစ်သောင်း တန် ငွေဖြည့်ကတ် အပါ အစုံ ၆ဝ၊ စာကြည့်တိုက် အဆောက်အအုံ တစ်လုံး ဆောက်လုပ်ရန် ငွေကျပ် ၁ဝ သိန်းနှုန်းဖြင့် စာကြည့်တိုက် အလုံး ၅ဝ အတွက် တန်ဖိုး ငွေကျပ် သန်း ၅ဝ  စုစုပေါင်း တန်ဖိုးငွေ ကျပ် ၆၈ သန်းကျော် တို့ကို ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရသည်။
 Myanmar Express 
နိုင်ငံတော်သမ္မတဦးသိန်းစိန်အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနား တက်ရောက်
Posted by drmyochit Thursday, November 08, 2012, under | No comments
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ National Convention Centre,Champa Grand Hall၌ ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေး ပိတ်ပွဲအခမ်း အနားသို့ တက်ရောက်သည်။
အစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့ အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။ ရှေးဦးစွာ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ်မစ္စတာ သွန်ဆင်းသမာဗောင်က မိန့်ခွန်း ပြောကြားသည်။ ထို့နောက်၂ဝ၁၄ခုနှစ် (၁ဝ) ကြိမ်မြောက် အာရှ-ဥရောပထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဥရောပကောင်စီဥက္ကဋ္ဌ H.E. Mr. Herman Van Rompuyက နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
  Myanmar Express 
နားပေါက်ဖောက်ရာတွင် သတိထားသင့်တာလေးများ
Posted by drmyochit Thursday, November 08, 2012, under | No comments
ထုံးတမ်းဓလေ့အရ မြန်မာအမျိုးသမီး အများစုက နားပေါက်ဖောက်ပြီး နားကပ် ဝတ်ဆင်ကြပါတယ်။ ရှေးဘုရင်တွေ ခေတ်တုန်းကလည်း နားထွင်းမင်္ဂလာ ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာ့ဓလေ့အရ နားဖောက်တာက ထုံးစံလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင် ခန္ဓာကိုယ်မှာ အပေါက်ဖောက်ပြီး ပစ္စည်းတွေ ထည့်တာကတော့ မကောင်းပါဘူး။ ဒါပေမဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေအရတော့ ဖောက်နေကြတာပါပဲ။ ယဉ်ကျေးမှုဓလေ့ကို တားလို့တော့မရပါဘူး။ အဲဒါကြောင့် အကောင်းဆုံးဖြစ်အောင် အကြံပေးချင်ပါတယ်။
နားဖောက်ချင်တယ်ဆိုရင် နားရွက်အောက်ခြေမှာ ရှိတဲ့ နားသန်သီး (Ear Lobe) မှာ ဖောက်တာက အန္တရာယ် အကင်းဆုံးပါပဲ။ နားအရေပြားကို ဖောက်မယ်ဆိုရင် အားလုံးသိထားတဲ့အတိုင်း HIV ပိုး၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးတွေ ကူးစက်နိုင်ပါတယ်။ အပ်နဲ့ပဲ ဖောက်ဖောက်၊ သေနတ်နဲ့ပဲ ဖောက်ဖောက် အရေပြားကို ဖောက်တဲ့အခါ သွေးထွက်တတ်ပြီး ဖောက်တဲ့ပစ္စည်းကိရိယာတွေ မသန့်ရင် ပိုးဝင်တတ်ပါတယ်။ HIV ပိုး၊ အသည်းရောင် အသားဝါဘီပိုး၊ စီပိုးတွေအပြင် ဘက်တီးရီးယား ပိုးတွေလည်း ဝင်တတ်ပါတယ်။
ဘက်တီးရီးယား ပိုးတွေဝင်ရင် နားက ရောင်လာမယ်၊ ကိုက်လာပါမယ်။ ဘက်တီးရီးယားပိုးထဲမှာ အဆိုးဆုံးက မေးခိုင်ပိုးဝင်တာပါ။ အဖြစ်နည်းပါတယ်။ အဖြစ်များတာကတော့ တခြားဘက်တီးရီးယား ပိုးတွေဝင်တာပါ။ ရောင်တယ်ဆိုရင် ပိုးသတ်ဆေး ပေးလို့ရပါတယ်။ ဘက်တီးရီးယားပိုးတွေက လူနာအတွက် အန္တရာယ် သိပ်မများပေမယ့် HIV ပိုး၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုးတွေဆိုရင်တော့ နောက်ဆက်တွဲ ဒုက္ခတွေ ခံစားရနိုင်ပါတယ်။ နားဖောက်မယ်ဆိုရင် ဘယ်မှာပဲ ဖောက်ဖောက် အရေးကြီးတဲ့အချက်က သန့်ရှင်းတဲ့ တစ်ခါသုံး ပစ္စည်းတွေကိုသာ သုံးပါ၊ နားဖောက်နေကျနေရာ နားသန်သီးမှာပဲ ဖောက်ပါ။ နားသန်သီးမှာ ဖောက်တာက ပြဿနာမရှိဘူး ဆိုပေမယ့် နားဖောက်မယ့် ပစ္စည်းကိရိယာတွေက သန့်ရှင်းဖို့တော့ လိုပါတယ်။ နားဖောက်တဲ့ ပစ္စည်းကိရိယာတွေ မသန့်ရှင်းတာကြောင့် ပိုးဝင်ပြီး နားရောင်လို့ လာပြတဲ့လူနာတွေ ဆရာတို့ဆီကို မကြာခဏ ရောက်လာတတ်ပါတယ်။ တချို့လည်း နားကွင်းတွေ အများကြီး ဝတ်ချင်တာကြောင့် နားသန်သီးမှာ နားဖောက်တာ အပြင် နားရွက်ရဲ့ အပေါ်ဘက်ကို တက်ပြီး နားဖောက်ကြပါတယ်။ နားရွက်အပေါ်ဘက် တက်ဖောက်တာမျိုးကိုတော့ ဆရာတို့က အားမပေးပါဘူး။ ဒါပေမဲ့ ခေတ်ရေစီးကြောင်းဆိုတာ တားလို့ မရပါဘူး။ အဲဒါကြောင့် အန္တရာယ်ကင်းအောင် အကြံပေးချင်ပါတယ်။
တချို့ လူငယ်လေးတွေလည်း နားပေါက်တွေ အများကြီး ဖောက်တတ်ကြပါတယ်။ အဲလိုဖောက်တဲ့အခါ နားရွက်ရဲ့ အပေါ်မှာက အရေပြားနဲ့ အရိုးနုပဲ ရှိတာကြောင့် အရိုးနုကို ဖောက်မိတတ်ကြတယ်။ ဘာလို့လဲဆိုတော့ နားရွက်ရဲ့အပေါ်ပိုင်းမှာ အရိုးနုနဲ့ လွတ်တဲ့ အရေပြားက နည်းနည်းလေးပဲ ရှိတာကြောင့်ပါ။ နားဖောက်တာ အရိုးနုကို ဖောက်မိလို့ ပိုးဝင်သွားတယ်ဆိုရင် အရိုးနုရောင်တာ (Perichondritis) ဖြစ်လာတတ်တယ်။
အရိုးနုရောင် တာကတစ်ဆင့် နားရွက်ပုံစံ ပျက်စီးသွားတတ်ပါတယ်။ နားရွက်ပုံစံ ကားကား ထောင်ထောင်လေး ဖြစ်နေတာက နားရွက်မှာရှိတဲ့ အရိုးနုကြောင့်ပါ။ နားရွက်ရဲ့ အရိုးနုသာ ပျက်စီးသွားပြီး အရေပြားသာ ကျန်ခဲ့တာကြောင့် နားရွက်က ပုံမှန်ပုံစံ မပေါ်တော့ဘဲ ပျော့သွားတယ်၊ ကုပ်သွားတယ်။ ဆိုလိုတာက ရုပ်အင်္ဂါ ပျက်စီးသွားပါတယ်။ လှချင်လို့ နားဖောက်တာ နောက်ဆုံးရလဒ်က နားရွက်ပုံစံ ပျက်စီးသွားတတ်ပါတယ်။ တစ်သက်လုံး နားကို ဖုံးပြီးနေရတတ်ပါတယ်။ ပုံမှန်နားရွက်ပြန်ရအောင် ခက်ခက်ခဲခဲ ခွဲစိတ်ပြုပြင်ရပါတယ်။
နားဆရာဝန် တစ်ယောက်အနေနဲ့ အကြံပေးချင် တာကတော့ နားဖောက်မယ်ဆိုရင် ဖောက်နေကျနေရာ နားသန်သီးမှာပဲ ဖောက်ပါလို့ ပြောချင်ပါတယ်။ တကယ်လို့ နားရွက်အပေါ်ဘက်မှာ နားဖောက်ချင်တယ် ဆိုရင်တော့ တတ်သိနားလည်တဲ့ ဆရာဝန်နဲ့ ဖောက်စေချင်ပါတယ်။ သန့်ရှင်းတဲ့နေရာမှာ တစ်ခါသုံးအပ်နဲ့ ဖောက်စေချင်ပါတယ်။ နားအပေါ်ဘက်မှာ ဖောက်မိပြီး နားနာလာတယ်၊ နားကိုက်လာတယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးကုသဖို့ နောက်ကျသွားလို့ အရိုးနုတစ်ခုလုံး စားသွားခဲ့ရင် နားရွက်ပုံစံ ပျက်သွားပါတယ်။ နားရွက်အရိုးနုက ပျက်စီးတာ မြန်ပါတယ်။ ဆရာတို့ မကြာခဏ တွေ့နေရပါတယ်။
 Myanmar Express 
နိုင်ငံတော်သမ္မတဦးသိန်းစိန် ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ တိုးတက်မြှင့်တင်ရန် ဆွေးနွေး
Posted by drmyochit Thursday, November 08, 2012, under | No comments
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ  ၆  ရက်  ညနေ  ၄  နာရီခွဲတွင်  လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ National Convention Centre ၌  ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် H.E Mrs. HelleThorning Schmidtနှင့် တွေ့ဆုံဆွေးနွေးသည်။ 
ထိုသို့ တွေ့ဆုံရာတွင်  နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊  သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းတို့ တက်ရောက်ကြပြီး ဒိန်းမတ်နိုင်ငံ ဝန်ကြီးချုပ် နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းသို့ တွေ့ဆုံစဉ်  မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့်  တိုးတက်မှုများအပေါ် ထောက်ခံအားပေးရေး၊ ယခုလအတွင်း မြန်မာနိုင်ငံတွင်    ဒိန်းမတ်နိုင်ငံသံရုံး ဖွင့်လှစ်ခဲ့ပြီးနောက်    နှစ်နိုင်ငံချစ်ကြည်ရေးနှင့်  ဘက်စုံပူးပေါင်း ဆောင်ရွက်မှု များတိုးတက် မြှင့်တင်ရန်အတွက် ဆက်လက်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ နယ်ပယ်တွင် တက်ကြွစွာ ပိုမိုပူးပေါင်းပါ ဝင်လာနိုင်ရေး အတွက် အီးယူက ချမှတ်ထားသော ပိတ်ဆို့အရေးယူမှု အားလုံးကိုအမြန်ဆုံးပယ်ဖျက်ပေးရန်နှင့် GSP အခွင့်အရေးကို ပြန်လည်ပေးအပ်ရေး၊  ဒိန်းမတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးမြှင့်ရေးအတွက် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ မကြာမီလာရောက် ရေးစသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။   
  Myanmar Express 
ရွှေတိဂုံ စေတီတော်၌ နိုင်ငံခြားသား ဧည့်သည်များ အပြင် ပြည်တွင်း ဘုရားဖူး များပါ ဝိုင်ဖိုင် အခမဲ့ အသုံးပြု နိုင်ရန် ညှိနှိုင်း ဆောင်ရွက်မည်
Posted by drmyochit Thursday, November 08, 2012, under | No comments
 ရွှေတိဂုံ စေတီတော်တွင် သြဂုတ် ၁၅ ရက်မှစ၍ ဘုရားဖူး လာရင်း အင်တာနက် အသုံးပြု လိုသည့် နိုင်ငံခြားသား များ အတွက် အသုံးပြု နိုင်အောင် ဝါယာလက် ဝိုင်ဖိုင် အင်တာနက် တပ်ဆင် ဆောင်ရွက် ပေးထားကြောင်း သိရ သည်။ အဆိုပါ ဆောင်ရွက်ချက် သည်နိုင်ငံခြားသား များအတွက် ဝန်ဆောင်မှု အသစ်ဖြစ်ကာ အခမဲ့ အသုံးပြုနိုင်အောင် ဆောင်ရွက် ပေးထားခြင်းမျိုး ဖြစ်သည်။ အခမဲ့ အသုံးပြုခွင့် ပေးသည် ဆိုသော် လည်း ကန့်သတ် ချက် အနေဖြင့် နာရီဝက်သာ အသုံးပြုခွင့် ရမည်ဖြစ်ပြီး နာရီဝက်ပြည့်လျှင် အော်တို ရပ်ဆိုင်း သွားရန် စီမံ ဆောင်ရွက် ထားသည်။ ယင်းကန့်သတ်ချက်သည် အစပိုင်း ဖြစ်၍ စမ်းသပ်သည့် သဘော ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဝါယာလက် ဝိုင်ဖိုင်အား Crystal Shine ကုမ္ပဏီက လှူဒါန်းခြင်း ဖြစ်ပြီး Acer Product ကွန် ပျူတာ များကို ရွှေလမင်း နဂါး ကုမ္ပဏီက လှူဒါန်းခြင်း ဖြစ်သည်။ ဘုရား တံခါးဖွင့်ချိန်မှ ပိတ်ချိန် အထိ သုံး စွဲနိုင်အောင် တောင်ဘက်မုခ်တွင် ပထမ ဦးစွာ တပ်ဆင် ထားပေးသည်။ တပ်ဆင်ခြင်းကြောင့် ပေါ်ပေါက် လာသော အကျိုးအပြစ်များ အပေါ် မူတည်ပြီး ဘုရားဖူးလာ တိုင်းရင်းသား ပြည်သူများ သုံး စွဲ နိုင်အောင် ပါ ဆောင်ရွက်လျက် ရှိကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကရှင်းလင်းပြောကြားသည်။ 
Myanmar Express 
အများပြည်သူကို ဥပဒေ ပညာပေးမည်
Posted by drmyochit Thursday, November 08, 2012, under | No comments
နိုင်ငံတွင်းနေ ပြည်သူအများစုမှာ တရားဥပဒေနှင့် ဥပဒေပါ အခွင့်အရေးများကို မသိကြသောကြောင့် တရားတပေါင် ရင်ဆိုင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေရာ ဥပဒေပညာရပ်နှင့် ပတ်သက်သည့် ပညာပေး အစီအစဉ်များ ပြုလုပ်မည်ဖြစ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေး ချမ်းရေး ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။ “ပြည်သူ ၉၅ ရာခိုင်နှုန်းလောက်က ဥပဒေကို မသိကြဘူး။ ဥပဒေတစ်ခု ထုတ်ပြန်လိုက်ရင် သတင်းစာမှာ ပါတာတောင်မှ လူတိုင်းဖတ်ကြတာ မဟုတ်သလို ဥပဒေပါ အခွင့်အရေးနဲ့ လိုက်နာမှု အားနည်းကြတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုချက်နဲ့ ဥပဒေပညာပေး အစီအစဉ်တွေ လုပ်သွားဖို့ရှိတယ်” ဟု ၎င်းကပြောသည်။ အဆိုပါ ပညာပေး အစီအစဉ်အတွက် ဥပဒေပညာရပ်ဆိုင်ရာ သင်တန်းများပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ အပါအဝင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ ရုပ်သံအစီအစဉ် တစ်ခုခုကိုလည်း တင်ဆက်နိုင်ရန် ကြိုးစားနေကြောင်း ဦးဝင်းမြင့်က ပြောသည်။ တရားဥပဒေ၏ အခွင့်အာဏာနှင့် အခွင့်အရေးများကို သိရှိမှု ဗဟုသုတ နည်းပါးခြင်းကြောင့် တရားတပေါင် ရင်ဆိုင်ရာတွင် မလိုလားအပ်သော အခက်အခဲများ၊ တရားစွဲဆိုမှုများ ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ “ဥပဒေကို မသိလို့ ငြိကြတာတွေ၊ ဖြစ်ကြတာတွေ တွေ့နေရတယ်။ အခု လတ်တလောမှာဆို ဂျာနယ်တွေ တရားစွဲဆိုခံနေရတာတွေဟာ ဥပဒေကို မသိလို့ ဖြစ်ကြတာပေါ့။ ဒါကြောင့် ဥပဒေကို မီဒီယာသမားရော၊ နိုင်ငံသားအားလုံးရော သိသင့်တာ ထင်ရှားပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားခဲ့ကြောင်း သိရှိရသည်။
 Myanmar Express 
နိုင်ငံတော်သမ္မတဦးသိန်းစိန် သြစတြီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ
Posted by drmyochit Thursday, November 08, 2012, under | No comments
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်   နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် နိုဝင်ဘာ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံဗီယင်ကျန်းမြို့ National Convention Centre ဧည့်ခန်းမ၌ သြစတြီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးMr. Andreas Schienderအား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်းနှင့် ဦးကျော်လွင်၊  ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်တို့ တက်ရောက်ကြပြီး သြစတြီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ်  မြန်မာနိုင်ငံနှင့်  သြစတြီးယားနိုင်ငံတို့ ဆက်ဆံရေး တိုးမြှင့်ရန်၊ သြစတြီးယား နိုင်ငံမှ  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ရန်အားပေးရေး၊ ဆေးဘက်ဆိုင်ရာ အတတ်ပညာ ကဏ္ဍနှင့်  အခြေခံအဆောက်အအုံများ ဆောက်လုပ်ရေး နည်းပညာရပ်များ ပံ့ပိုးကူညီရေး၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေစနစ်တကျ အသုံးချနိုင်ရေး၊ ရေအားလျှပ်စစ်စွမ်းအား ထုတ်လုပ်ရေး စွမ်းအင်အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ အီးယူက ချမှတ်ထားသော ပိတ်ဆို့အရေးယူမှု အားလုံးကို အမြန်ဆုံး ပယ်ဖျက်ပေးရန်နှင့် GSPအခွင့်အရေးကို ပြန်လည်ပေးအပ်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ 
Myanmar express
လစ်လပ်နေသော ပြည်ထောင်စု ဒုဝန်ကြီး သုံးနေရာ ယခုလွှတ်တော် အစည်းအဝေးများတွင် ခန့်အပ်ရန်ရှိ
Posted by drmyochit Thursday, November 08, 2012, under | No comments
လစ်လပ်လျက်ရှိသော အစိုးရအဖွဲ့ဝင် ဒုဝန်ကြီးနေရာ သုံးနေရာအတွက် ယခုကျင်းပနေသော လွှတ်တော် အစည်းအဝေး မပြီးဆုံးခင် ခန့်အပ်ရန် အစီအစဉ်ရှိကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။ “သုံးနေရာ ရှိတယ်။ ဝန်ကြီး တစ်ဦးတည်းရှိတော့ ဝန်ကြီး နိုင်ငံခြားသွားတဲ့အခါ လွှတ်တော်မှာ အမေးအဖြေလုပ်ဖို့ ထပ်ခန့်ဖို့ရှိတယ်” ဟု ဝန်ကြီးဦးအောင်မင်းက ပြောသည်။ မကြာသေးမီက ပြောင်းလဲဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့ ဝန်ကြီးဌာနများအနက် ဒုဝန်ကြီးနေရာ လစ်လပ်နေသည့် ဝန်ကြီးဌာန သုံးခုမှာ သတ္တုတွင်းဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ဖြစ်သည်။ လစ်လပ်လျက်ရှိသော ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဒုဝန်ကြီး နေရာအတွက် ဒေါက်တာအောင်မြတ်ကျော်နှင့် ဦးခင်ဇော် (Tour Mandalay) တို့မှာ ထင်ကြေးပေး ခံနေရကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုနေကြ ကြောင်းသိရှိရသည်။
 Myanmar Express 
နိုင်ငံတော်သမ္မတဦးသိန်းစိန် လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်း၊ မိသားစုဝင်များအား တွေ့ဆုံ
Posted by drmyochit Thursday, November 08, 2012, under | No comments
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ မိသားစုဝင်များအား နိုဝင်ဘာ (၇) ရက် နံနက်ပိုင်းတွင် ခေတ္တတည်းခိုသည့် ဗီယင်ကျန်းမြို့ရှိ ဒေါင်ချန်းဧည့်ဂေဟာ၌ တွေ့ဆုံသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတက ဩဝါဒစကား ပြောကြားရာတွင် အေဆမ် အစည်းအဝေးသည် အာရှနှင့် ဥရောပနိုင်ငံများမှ ခေါင်းဆောင်များ (၂)နှစ် တစ်ကြိမ် တွေ့ဆုံ၍ ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများကို ရှင်းလင်းပြောကြားခွင့် ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုးတက်မှုများ ကို မသိရှိသည့် အထူးသဖြင့် အနောက်နိုင်ငံများကို ပြောကြားနိုင်ခဲ့ကြောင်း၊ ယခင်က မိမိတို့ နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများကြောင့် ပြည်သူလူထုအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းကဲ့သို့ ထိခိုက်မှုများကြုံတွေ့ခဲ့ရကြောင်း၊ ၎င်းအချိန်ကာလအတွင်း နိုင်ငံအချို့ကသာ လာရောက်ရင်းနှီးမြုပ်နှံမှု ရှိခဲ့ကြောင်း၊ ယခုအခါ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာအခွင့်အလမ်းများ ရရှိနိုင်ရန်နှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို တစ်ပြိုင် တည်းဆောင်ရွက်နိုင်ခဲ့ကြောင်း။
ယခုခရီးစဉ်အတွင်း ဥရောပနိုင်ငံများသို့ ပေးဆပ်ရန် ကျန်ရှိသည့် ကြွေးမြီးအချို့ လျှော်ပေးရန် ပြောဆိုဆောင်ရွက် နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုရှိမှသာ နိုင်ငံတကာ၏ လေးစားမှုရရှိပြီး ပြည်ပမှရင်းနှီး မြှုပ်နှံမှုများလည်း ဝင်ရောက်လာ ကြမည်ဖြစ်ကြောင်း၊ လာအိုနိုင်ငံသည် ညီရင်းအစ်ကိုကဲ့သို့ ရင်းနှီးခင်မင်ရသော မိတ်ဆွေနိုင်ငံ တစ်ခုဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအပေါ်တွင်လည်း လေးစားသည့် ဆက်ဆံရေးရှိကြောင်း၊ သို့ဖြစ်၍ နှစ်နိုင်ငံဆက်ဆံရေး မပြေမလည် ဖြစ်စေမည့်ကိစ္စရပ်များ မပေါ်ပေါက်စေရေး ဂရုပြုဆောင်ရွက်ကြရန် လိုကြောင်း ဖြင့်မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတအား သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်ချုပ်ဝင်းမြင့်နှင့် သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်း၊ မိသားစုဝင်များက မြန့်မာရိုးရာ ထုံးတမ်းအစဉ်လာနှင့်အညီ ဂါရဝပြုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက မြန်မာသံရုံးနှင့် စစ်သံရုံး ဝန်ထမ်း၊ မိသားစုဝင်များ အတွက် လက်ဆောင်ပစ္စည်းနှင့် စားသောက်ဖွယ်ရာ များကို ပေးအပ်ရာ သံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူး နှင့် ဇနီး တို့က လက်ခံကြသည်။
 Myanmar Express 
လစ်ဗျား ထောက်လှမ်းရေးရုံးချုပ် ပစ်ခတ်ခံရ
Posted by drmyochit Thursday, November 08, 2012, under | No comments
လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီရှိ ထောက်လှမ်းရေး ဌာနချုပ်ရုံးကို နိုဝင်ဘာ ၄ ရက်က အာပီဂျီများဖြင့် ပစ်ခတ်ခဲ့သဖြင့်ငါးဦးသေဆုံး သွားခဲ့ကြောင်း ပရက်စ်တီဗွီသတင်းတွင် ဖော်ပြသည် ။ အဆိုပါ ပစ်ခတ်မှုသည် လုံခြုံရေးကော်မတီရုံးချုပ် အဆောက်အအုံအနီး ပြိုင်ဘက် လက်နက်ကိုင်အုပ်စု အချင်းချင်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်း အကြမ်းဖက်မှုတွင် လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။ ဘင်ဂါဇီမြို့မြောက်ပိုင်း ရဲစခန်းတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲအရာရှိသုံးဦးဒဏ်ရာရရှိသွားခဲ့သည်။
 Myanmar Express 
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်