Friday, November 02, 2012

နိုင်ငံရေးသမား ပေါက်စ နှင့် ၀ါရင့်နိုင်ငံရေးသမားကွာချားချက်.......

Posted by drmyochit Friday, November 02, 2012, under | No comments


နိုင်ငံရေးသမားပေါက်စ........
ဆက်သွယ်ရေး........... လမ်းဘေးဖုန်းဖြင့်ဆက်သွယ်ရသည်
ကား ............ လိုင်းကားတိုးဆီးရသည်
စာအုပ်..................... ငှားဖက်ရသည်.........
သွားလာစရိတ်.......... မိဘဆီကတောင်းရသည်.......
အင်တာနက်........... အကြွေးသုံးရသည်.........
ဆန္ဒပြသော နေရာ................. နိုင်ငံသမားပေါက်စ အရင်ေ၇ာက်သည်..
ဝါရင့်နိုင်ငံရေးသမားများ...........
 

တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဖိုးကြည် (ယခင် ကျွန်းစုမြို့နယ် ဥက္ကဌဟောင်း) ခေါင်းဆောင် ပါတီဝင် (၂၁)ဦးတို့သည် ၄င်းတို့၏ သဘော ဆန္ဒ ဖြင့် ပါတီဝင် အဖြစ်မှ နှုတ်ထွက်

Posted by drmyochit Friday, November 02, 2012, under | No comments


 ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဖိုးကြည် (ယခင် ကျွန်းစုမြို့နယ် ဥက္ကဌဟောင်း) ခေါင်းဆောင် ပါတီဝင် (၂၁)ဦးတို့သည် ၄င်းတို့၏ သဘော ဆန္ဒ ဖြင့် ပါတီဝင် အဖြစ်မှ နှုတ်ထွက် ကြောင်းအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) အတွင်းရေးမှူး ဦးဥာဏ်ဝင်း ထံသို့ တင်ပြ ခဲ့ကြောင်း၊ ၄င်းတို့ နှုတ်ထွက် ရခြင်းမှာ လက်ရှိ ကျွန်းစုမြို့နယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဌ ဦးကိုလေး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကျွန်းစုမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီ တို့နှင့် သဘောထား တိုက်ဆိုင်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။
 

အသက် ၄ နှစ် အရွယ် မိန်းကလေး တစ်ဦး ကို မေ့မျော့ သွားသည် ထိ ရိုက်နှက် ခဲ့ မှု မှတ်တမ်းတင်ထား သည့် ဗီဒီယို ယူကျူးပေါ်တွင်ပျံ့ နှံ့ 

Posted by drmyochit Friday, November 02, 2012, under | 1 comment


တရုတ် ပြည် ဂွမ်ဂျု ခရိုင် ရှိ အထီးကျန် စိတ်ဝေဒနာရှင် ကလေးငယ်များ စောင့် ရှောက် မှု ဂေဟာ မှ အသက် ၄ နှစ် အရွယ် မိန်းကလေး တစ်ဦး ကိုသင်ကြား ပြသသူ ဆရာမ က ခန္တာ ကိုယ် ကျိုး ပဲ့ မှု ဖြစ် ပြီး မေ့မျော့ သွားသည် ထိ ရိုက်နှက် ခဲ့ မှု မှတ်တမ်း တင်ထား သည် ဗီဒီယို မှာ တရုတ် အင်တာနက် သုံးသူ များ ကြား တွင် ဒေါသူပုန် ထ စရာ ဖြစ်နေ ပြီး CNNFOX , Guardian စသည့် မီဒီယာများ တွင် အကျယ်တ၀င့် ဖော်ပြထားပါသည်။

အပြစ်မဲ့ပြည်သူများစတေးခဲ့ရ

Posted by drmyochit Friday, November 02, 2012, under | No comments


KIA (ကချင်) အဖွဲ့၏လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ များသေဆုံး ဒဏ်ရာရရှိ တည်ငြိမ် အေးချမ်း မှုကိုလိုလားသော ဒေသခံပြည်သူများ၏ဆန္ဒအရ နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့သည် နိုင်ငံ အ၀န်း နေရာ အနှံအပြားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်ချမ်းရေးရယူပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိသော်လည်း ကေအိုင် အေ(ကချင်)အဖွဲ့ အနေဖြင့် ဒေသတွင်းအဖျက်အမှောင့် လုပ်ငန်းများအား ဆက်လက်ဆောင် ရွက်နေခြင်း၊ မိမိတပ်မတော်စစ်ကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းများ အဆက်မပြတ် လုပ်ဆောင် လျက်ရှိရာ အောက်တိုဘာ ၃၀ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ နမ့်မှော် ကျေးရွာ အနီးရှိ မှော်ရကင် မှော်ဈေး တန်းသို့ ကေအိုင်အေ(ကချင်)အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု များကြောင့် ဖားကန့်မြို့နေ ရခိုင်လူမျိုး မောင်စိုင်းစိုင်းအောင်(၂၅)နှစ်၏ ညာဘက်လက်ပြင်နှင့် ညာဘက် ပေါင်တို့၌ လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။ 
 

မြန်မာအစိုးရတပ် ပစ်ခတ်မှု အရပ်သား ၁ ဦးသေဆုံး

Posted by drmyochit Friday, November 02, 2012, under | No comments


မြန်မာစစ်တပ် လားရှိုး အမှတ် (၁) ၀န်တင်တပ် စစ်သားများရဲ့ ဓါးပြတိုက် သတ်ဖြတ်ခံရတဲ့ ဦး မြင့်ဦး။
တရုတ်မြန်မာ နယ်စပ်တွင် နွားသွားရောင်းပြီး ပြန်လာသည့် ဒေသခံ ရှမ်း နွားကုန်သည် ၁၀ ဦးအား မြန်မာအစိုးရ တပ်ဖွဲ့ဝင်များက ဓါးပြတိုက်လုယက်၍ ပစ်ခတ်ခဲ့မှုကြောင့် ကုန်သည်တစ်ဦးသေဆုံးပြီး ကျန်လူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများဆိုသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ သုံးလောင်းပြိုင်လူသတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့

Posted by drmyochit Friday, November 02, 2012, under | No comments


ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် သုံးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်တစ်ခုစီ ဖြစ်ပွား ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြား ခဲ့သည်။

ယင်းကဲ့သို့ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်များကို အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒဂုံ ဆိပ်ကမ်းမြို့ နယ်နှင့် နိုဝင်ဘာလ ၁ရက်နေ့ နံနက်ပိုင်းတွင် မှော်ဘီမြို့နယ်တို့၌ ဖြစ်ပွားခဲ့ပြီး ခြောက်ဦးသေဆုံး ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဖြူ ဘင်္ဂါလီစခန်းတွင် ကျန်းမာရေးဝန်ထမ်းများ လုံခြုံရေး စိတ်မချရ

Posted by drmyochit Friday, November 02, 2012, under | No comments


ကျောက်ဖြူမြို့ ကျောက်တလုံး ဘုရားအနီးရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းတွင် သွားရောက် ဆေးဝါးကု သပေးနေကြသော ကျန်းမာရေးဝန် ထမ်းများအနေဖြင့် မိမိတို့၏ လုံခြုံရေးကို စိတ်ချမှုမရှိကြောင်း Coral Arakan အား ပြောကြားသည်။
“စခန်းထဲမှာ ဘင်္ဂါလီတွေက အများကြီးပဲ။ ကျွန်တော်တို့ ဆေးသွားပေးရတဲ့ နေရာနဲ့ ဆယ်ကိုက် လောက်တောင် မဝေးဘူး။ ပြီးတော့ အနီးအနားမှာလည်း ဓါးတွေကိုင်ပြီး ထင်းခုတ်နေကြတာတွေရှိတယ်။ ကျွန်တော်တို့ကို သူတို့လှမ်းကြည့်နေကြတဲ့ မျက်လုံးစိမ်းစိမ်းကြီးတွေကလည်း မာမာကျောကျောကြီး တွေနဲ့။ တအားကျော ချမ်းဖို့ ကောင်းတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ထဲ ရောက်ပြီးနောက် ပြည်သူ့လွှတ်တော် အမတ်များ လွှတ်တော်မတတ်ကြတော့

Posted by drmyochit Friday, November 02, 2012, under | No comments


ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ထဲ ရောက်ပြီးနောက် ပြည်သူ့လွှတ်တော် အမတ်များ လွှတ်တော် မတတ်ကြတော့ကြောင်း သတင်းရရှိသည်။ပဉ္စမ အကြိမ်ပြည်ထောင်စုလွှတ်တော်ဒုတိမနေ့က အစည်းအဝေး ကိုယမနေ့ကနေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံတွင် ယမနေ့က ကျင်း ခဲ့သည်။ထိုအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်၁၅၅ ဦးပျက် ကွက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ၏ပြောကြားချက် အရသိရသည်။ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စား လှယ် ဦးရေ စုစုပေါင်း ၆၅၁ ဦးရှိပြီး တက်ရောက်လာ သောကိုယ်စားလှယ် စုစုပေါင်း ၄၉၆ ဦးသာ ရှိကြောင်း သိရသည်။ 

ပျက်ကျ ခဲ့သည့် ပိုလန် သမ္မတ၏ လေယာဉ်တွင် ဖောက်ခွဲရေး ပစ္စည်း အစအနများ တွေ့ရှိ

Posted by drmyochit Friday, November 02, 2012, under | No comments


ရုရှားနိုင်ငံ အတွင်း၂ဝ၁ဝ ပြည့်နှစ်က ပျက်ကျခဲ့သည့် ပိုလန် သမ္မတနှင့် ခရီးသည် ၉၅ ဦး စီးနင်း လိုက်ပါ လာသော လေယာဉ် တွင် ဖောက်ခွဲရေး ပစ္စည်း အစအန များကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၃ဝ ရက်က သတင်းစာကြီးတစ်စောင်  တွင် ဖော်ပြ ခဲ့သည်။
အဆိုပါ ဖောက်ခွဲရေး ပစ္စည်း အစအန များအား လေယာဉ် အတွင်းရှိ ထိုင်ခုံ ၃ဝ ပေါ်နှင့်   လေယာဉ်၏   ကိုယ်ထည်နှင့် တောင် ပံများ တွင်ပါ တွေ့ရှိခဲ့ရကြောင်း Rzeczpospolita သတင်း စာကြီးက ဖော်ပြ ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်ခြင်း

Posted by drmyochit Friday, November 02, 2012, under | No comments


From : သမ္မတရုံး

နေပြည်တော် အောက်တိုဘာ ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအ မတ်ကြီး မစ္စတာ အန်သနီ ဂျွန်လင့်ခ်ျ သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ ဘယ်လ်ဂျီယံနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်ခြင်း

Posted by drmyochit Friday, November 02, 2012, under | No comments


From : သမ္မတရုံး
နေပြည်တော် အောက်တိုဘာ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်ဆိုင်ရာ ဘယ်လ်ဂျီယံနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံ အမတ်ကြီး မစ္စတာ မားခ် မိုက်ကယ်လ်ဆင် သည် ယနေ့ နံနက် ၁၀ နာရီ ၃၀ တွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

ကမ္ဘာ့အကြီးဆုံး ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သော KPMG မြန်မာတွင် ရုံးခွဲဖွင့်လှစ်မည်

Posted by drmyochit Friday, November 02, 2012, under | No comments


နယ်သာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့အကြီးဆုံး ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီကြီးများထဲမှ တစ်ခုဖြစ်သော KPMG သည် မြန်မာသို့ ၀င်ရောက်ရန် စောင့်ဆိုင်းနေကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဘဏ္ဍာရေး ၀န်ဆောင်မှု များပေးနိုင်ရန် မြန်မာနိုင်ငံ၌ ရုံးခွဲတစ်ခုဖွင့်လှစ်သွားမည်ဟု သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း လွှတ်တော်တွင် ယနေ့အတည်ပြု

Posted by drmyochit Friday, November 02, 2012, under | No comments


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ယနေ့အတည်ပြုရာတွင် နိုင်ငံတော် သမ္မတ မှတ်ချက်ပြုထားသည့် အချက် ၁၁ ချက်အနက် အချက် ၁၀ ချက်အား နိုင်ငံတော်သမ္မတ၏ မှတ်ချက် အတိုင်း အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဥပဒေကြမ်း ပုဒ်မ ၂၄၊ ပုဒ်မခွဲ(စ)ပါ စာသားကို နိုင်ငံတော်သမ္မတက ပြင်ဆင်ရေးသား မှတ်ချက် ပြုခဲ့ သော်လည်း ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ကိုသာ ထည့်သွင်းရန် လွှတ်တော် ကိုယ်စားလှယ် များက မဲပေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ မှတ်ချက် ၁၁ ချက်နှင့် လွှတ်တော်၏ သဘောထား မှတ်ချက် များ ကို ပူးတွဲဖော်ပြလိုက်ပါသည်။

"ဧရာဝတီသတင်းဌာနကို သမ္မတရုံးက ဆော်လိုက်ပြီ "

Posted by drmyochit Friday, November 02, 2012, under | No comments


 
မိမိရပ်တည်ချက် မည်သို့ဖြစ်သည်ကို မိမိဘာသာ သိလျှင် ပြီးပါသည်။

(၁) ဧရာဝတီ အယ်ဒီတာမင်းကြီးများ ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်၍ မိသားစု အစုံအလင်ဖြင့် (၂)ပါတ် နေကြည့်စေလိုပါသည်။ (အစွန်အဖျား ကျေးရွာများ မဟုတ်သေးပါ။) 

(၂) ပြီးလျှင် ရခိုင်တိုင်းရင်းသားပြည်သူများနှင့် လက်ပွန်းတတီးနေကြည့်စေလိုပါသည်။ (မြန်မာစကား တတ်ကျွမ်းရန် လိုပါမည်)

"ရွှေကျေးရွာတွင် လူတစ်ယောက် အသတ်ခံရ"

Posted by drmyochit Friday, November 02, 2012, under | No comments


၁.၁၀.၂၀၁၂ ရက် နေ့လည် ၂း ၀၀ နာရီပတ်ဝန်ကျင်လောက်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပေါက်ကုန် ဘောင် တိုက်နယ်၊ ရွေကျေးရွာတွင် ဦးထွန်းကြည်ဆိုသူကို အမည်မသိသော လူတစုက သတ်ဖြတ် သွားကြောင်း သိရှိရပါတယ်။

သံတွဲမြို့  "ဂျာမေ့ဗလီ "မှ လက်နက်များ သိမ်းဆည်းရမိ

Posted by drmyochit Friday, November 02, 2012, under | No comments


 ၃၁.၁၀.၂၀၁၂ နေ့ နေ့လည် ၁  နာရီခွဲခန့်တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဗျူဟာမှူးဦးဆောင် သော တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်မိရပ်ဘများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရခိုင်ပြည်နယ် သံတွဲမြို့ အမှတ် ၃ ရပ်ကွက် ရှိ ဂျာမေ့ဗလီနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းသို့ ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့ သည်။

ကျောက်မဲမှ လူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲ နှုန်းမြင့်တက်နေ

Posted by drmyochit Friday, November 02, 2012, under | No comments


၂၀၁၂ ခုနှစ် သြဂုတ်လဆန်း ပိုင်းမှစတင်၍ ရှမ်းပြည်တောင်ပိုင်း၊ ကျောက်မဲမြို့တွင်း မူးယစ်ဆေးဝါး သုံးစွဲမှုများ သိသာစွာများပြားလာ ကြောင်း ကျောက်မဲမြို့ခံများထံက  သိရသည်။မူးယစ်ဆေးဝါးသုံးစွဲ  သူများမှာများသော အားဖြင့် ဆယ်  ကျော်သက်အရွယ် များဖြစ်နေပြီး အသက် ၁၄ နှစ်အရွယ်မှ အသက် ၃၅ နှစ်အရွယ်ဝန်းကျင်းအထိ သုံးစွဲသူများ ပါဝင်ကြောင်း သိရှိရ သည်။

ခိုးဆိုးလုယက် ဘ၀ ပြန်မရောက်လို၍ အနှေးယာဉ် လုပ်သားများဆန္ဒထုတ်ဖော်

Posted by drmyochit Friday, November 02, 2012, under | No comments


 လှိုင်သာယာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့အနှေးယာဉ် လုပ်သားနှစ် ရာကျော်က တရားဝင်လိုင်စင် ချထား ပေးရန် အတွက် နိုဝင်ဘာလဆန်းပိုင်း၌ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြသည်။ တရားဝင် လုပ်ကိုင် စားသောက် လိုခြင်းကြောင့်   အနှေးယာဉ်ဆိုက္ကားများအတွက် အခွန်ပေးဆောင် လိုင်စင်ရရှိ လိုမှုအ ပါအ၀င် လိုင်စင်မဲ့ အနှေးယာဉ် ဖမ်းဆီးမှုအား ရပ်တန့်စေရေးအတွက် ဆန္ဒထုတ်ဖော် ခဲ့ခြင်းလည်းဖြစ် သည်။

ရခိုင်ပြည်နယ် တစ်ဝန်းတွင် (၃) ရက်အတွင်း ဓား၊ လှံ၊ လက်နက်များကို အပ်နှံရန် ကြေညာ

Posted by drmyochit Friday, November 02, 2012, under | No comments


ရခိုင်ပြည်နယ် တစ်ဝန်းတွင် (၃) ရက်အတွင်း ဓါး၊ လှံ၊ လက်နက်များကို နီးစပ်ရာ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များသို့ အပ်နှံရန် ယနေ့တွင် သက်ဆိုင်ရာက ကြေညာသည်။ အဆိုပါ ကြေညာချက်များကို ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြသည်။
စာပါ အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

မိုးဟေကို ရဲ့နေအိမ်ပိုင်ဆိုင်မှု သူ့ချစ်သူရဲ့ ကြေညာချက် ထွက်ပေါ်

Posted by drmyochit Friday, November 02, 2012, under | No comments


အောက်တိုဘာလ (၃၁) ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ သံလွင်လမ်းရှိ မိုးဟေကိုရဲ့ နေအိမ် ပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး ကန့်ကွတ်တဲ့ မိုးဟေကိုရဲ့ ချစ်သူ ညီညီထွန်း ရဲ့ ကြေညာချက် ထွက်ပေါ်လာပါ တယ်။မော်ဒယ် မိုးဟေကိုရဲ့ ရည်စား ဖြစ်သူ ညီညီထွန်းဟာ မိုးဟေကို လက်ရှိတွင်နေထိုင်နေတဲ့ ရန်ကုန်မြို့ သံလွင် လမ်းရှိ အမှတ် (၇၄/ဘီ) အိမ်နဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှု ကြေငြာချက်ကို ကြေးမုံသတင်းစာမှာ ကြေငြာခဲ့ ပါတယ်။

ဗြောက်မဖောက်ရန် တားမြစ်သည့် မန္တလေးမှ ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရ

Posted by drmyochit Friday, November 02, 2012, under | No comments


 
မန္တလေးမြို့တွင် ဗြောက်မဖောက်ရန် တားမြစ်သည့် ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရသည့်ဖြစ်ရပ်တစ်ခု သီတင်း ကျွတ်လပြည့်ညက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ သီတင်း ကျွတ် လပြည့်ည ၈ နာရီခွဲအချိန်က မန္တလေးမြို့ အမှတ်(၅)ရဲစခန်းမှ နယ်မြေလှည့်ကင်းအဖွဲ့ ကင်းလှည့် စဉ် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မေဃဂိရိရပ်၊ လမ်း-၂၀၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား အရောက် တွင် ဗြောက်အိုး ပစ်ဖောက်ရန် ကြိုးစားနေသည့် လူငယ်တစ်ဦးအား ဗြောက်မဖောက်ရန် လှည့်ကင်းအဖွဲ့မှ ရဲတပ်ကြပ်ကြီးက တားမြစ်ခဲ့ ရာမှ လူငယ်မှ လက်မခံဘဲ ကိုယ်ထိလက်ရောက် ထိုးကြိတ်ကန်ကျောက်မှု ပြုလုပ်ခဲ့ရာ ထိုးကြိတ်ခံ ရမှုကြောင့် ရဲတပ်ကြပ်ကြီးမှာ ရုတ်တရက် စကားမပြောနိုင်တော့ဘဲ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရ သည်။ တားမြစ်သည်ကို လက်မခံဘဲ ရဲအရာရှိအား ထိုးကြိတ်သူ ပြည့်စုံ (၂၂ နှစ်) မန္တလေးမြို့နေသူအား ပြစ်မှု ပုဒ်မ ၂၉၄/၃၃၃ ဖြင့် အမှတ်(၅)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။

မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ကားမှန် ရိုက်ခွဲဖျက်ဆီးမှု ဒုတိယအကြိမ် ဖြစ်ပွား

Posted by drmyochit Friday, November 02, 2012, under | No comments


 ၂၀၁၂ ရက်နေ့ အောက်တိုဘာလ၃၁ ရက်နေ့ အလွန် နိုဝင်ဘာလ (၁) ရက်နေ့ နံနက် (၀၁း၃၀) အချိန်ခန့်၌ မြိတ်မြို့ ကန်ကြီးရပ်ကွက်နှင့် ရေပုန်း ရပ်ကွက်ရှိ နေအိမ်များ အရှေ့တွင် ရပ်နားထားသော မော်တော်ကားများ၏ ရှေ့လေကာမှန်နှင့် နဘေးမှန်များအား အမည်မသိ လူငယ်တစ်စုမှ ရိုက်ခွဲဖျက်ဆီးမှု ဖြစ်ပွားခဲ့သည်။ 
ထို့သို့ လူငယ်တစ်စုမှ ရမ်းကားစွာ ကားမှန်များ ရိုက်ခွဲဖျက်ရှိမှုကြောင့် ရေပုန်းရပ်ကွက် ငြိမ်းချမ်းရေး (၂) လမ်းနေ ဦးချစ်ပွေ၏ ကင်တာအမျိုးအစား ကားအမှတ် ၈စ / ၆၈၀၀ မော်တော်ကား ဘေးမှန် ကွဲကြေခြင်း၊ ရေပုန်းရပ်ကွက် စည်ပင်သာယာလမ်းနေ ဒေါ်မိသီ၏ တောင်းအေ့စ် အမျိုးအစား ယာဉ်အမှတ် ၈/ဆ- ၄၁၄၉ မော်တော်ယာဉ် ရှေ့လေကာမှန် ကွဲကြေခြင်း၊ ကန်ကြီးရပ်ကွက် သာကေတ (၁)လမ်းနေ ဦးအာကာစိုး၏ မတ်တူးအမျိုးအစား ယာဉ်အမှတ် ၄ဂ/ ၉၁၈၃ မော်တော်ယာဉ် ရှေ့လေကာမှန် ကွဲကြေခြင်း စသည့် မော်တော်ယာဉ် (၃)စီးတွင် ဖြစ်ပွားခဲ့သည်။ 
မနက်ပိုင်း ရရှိသော သတင်းအရ ဖြစ်ပွားမှုမှာ မော်တော်ယာဉ် (၆)စီးထက် မနည်း ဖျက်ဆီးခြင်း ခံရနိုင် ကြောင်း နှင့် မော်တော်ယာဉ် ပိုင်ရှင်များအနေဖြင့် အမှုအခင်း မလုပ်လို သဖြင့် အမှုဖွင့်ခြင်း မပြုလုပ် ခဲ့ကြောင်း သတင်း ရရှိသည်။


ရွှေမြန်မာမီဒီယာမှကူးယူဖော်ပြသည်။

တူမီး လုပ်သေနတ် ၁၈၀ ရခိုင်အရေးအခင်းတွင် သိမ်းဆည်းရ

Posted by drmyochit Friday, November 02, 2012, under | No comments


လွန်ခဲ့သော အပတ်က ဖြစ်ပေါ်ခဲ့သော ရခိုင် ဆူပူမူအတွင်း တူမီး လုပ်သေနတ် ၁၈၀ ခန့်  သိမ်းဆည်း ရမိသည်ဟု နိုင်ငံတော် သမ္မတ ညွှန်ကြားရေးမှူးရုံး ထုတ်ပြန်ချက်အရ သိရသည်။ ဖမ်းဆီး သိမ်းဆည်းရ မိသော သေနတ် များမှာ ဒေသလုပ် တူမီး ယမ်းထောင်း အမျိုးအစားများ ဖြစ်သည်ဟု ဆိုသည်။

မန္တလေး ကျွန်းလုံးဥသျှောင်မှာမီးလောင် (ဓါတ်ပုံ)

Posted by drmyochit Friday, November 02, 2012, under | No comments


၃၁ အောက်တိုဘာ ၂၀၁၂ ည (၉ )နာရီခွဲခန့်က မန္တလေး ချမ်းမြသာစည်မြို့နယ် ၊ ကျွန်းလုံး ဥသျှောင် ရပ်ကွက် ၊ အကွက် (၅၀၇) ၊ စစ်ကိုင်း-မန္တလေး ကားလမ်းပေါ် အရှေ့ဘက်ခြမ်းမှာ မီးလောင်နေစဉ်။

ကချင်ဒုက္ခသည်များအတွက် အလှူငွေ ကျပ်သိန်း(၁၀၀၀)ကျော် ရရှိ

Posted by drmyochit Friday, November 02, 2012, under | No comments


စက်တင်ဘာလ (၃၁) ရက်နေ့မှ နိုဝင်ဘာလ (၁) ကြားကာလ၌ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အလှူငွေ ကျပ်သိန်း (၁၁၈၅) တန်ဖိုးအား လက်ခံရရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ထေရ၀ါဒ ဗုဒ္ဒဘာသာ တက္ကသိုလ်ကျောင်းမှ ဒေါက်တာ ဆေကိန္ဒမှ အလှူငွေကျပ်သိန်း (၁၁၀) နှင့် အတူ စားသုံးကုန်ပစ္စည်း၊ အသုံးဆောင် ပစ္စည်းများ တန်ဖိုးငွေ သိန်း(၅၇၅)ဖိုးခန့်လာရောက် လှူဒါန်းသွား ခြင်းဖြစ်သည်။
Photo: ကချင်ဒုက္ခသည်များအတွက် အလှူငွေ ကျပ်သိန်း(၁၀၀၀)ကျော် ရရှိ

1 Nov, 2012

 စက်တင်ဘာလ (၃၁) ရက်နေ့မှ နိုဝင်ဘာလ (၁) ကြားကာလ၌ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အလှူငွေ ကျပ်သိန်း (၁၁၈၅) တန်ဖိုးအား လက်ခံရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ထေရ၀ါဒ ဗုဒ္ဒဘာသာ တက္ကသိုလ်ကျောင်းမှ ဒေါက်တာ ဆေကိန္ဒမှ အလှူငွေကျပ်သိန်း (၁၁၀) နှင့် အတူ စားသုံးကုန်ပစ္စည်း၊ အသုံးဆောင်ပစ္စည်းများတန်ဖိုးငွေသိန်း(၅၇၅)ဖိုးခန့်လာရောက် လှူဒါန်းသွားခြင်းဖြစ်သည်။

“ အရှင်ဘုရားလာတော့ ဒုက္ခသည်စခန်းတွေမှာ ဒီနေ့ အလှူလာ ပေးသွားတယ်။ တစ်ယောက်ကို ဘယ်လောက်ပေါ့။ အလှူတွေ သွားပေးတာ။ သူက မြစ်ကြီးနားအတွက်ပဲ ပေးဖို့လုပ်တာ ကျွန်မက ဗန်မော်မြို့နယ်ကိုလည်း အလှူ ပေးစေချင်တယ် ပြောတော့ ဗန်မော်ကို ဆန်အိတ်တွေ ပို့ပေးဖို့ ပြန်စီစဉ်တယ်။ အရှင်ဘုရားရောက်တာနဲ့ လိုတာတွေကို တင်ပြပြီး အလှူတွေ ကောက်နေတာ”ဟု လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။
ထို့ပြင် Max ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် ကမ္ဘောဇဘဏ် အတိုင်ပင်ခံ ဦးအောင်သိန်း တို့မှလည်း ကျပ်ငွေ (၅၀၀) ဒုက္ခွသည်များ အတွက် လှူဒါန်းခဲ့သည်။

အရှင်ဆေကိန္ဒ ၏ အလှူများကို မြစ်ကြီးနားမြို့မှ ဒုက္ခသည်များနှင့် မိဘမဲ့ကလေးများအတွက်သာမက ပူတာအိုခရိုင် အတွက် ဆန် (၆၄၀) ၊ ဆီက ပိဿ (၁) ထောင်။ ခေါက်ဆွဲခြောက်က (၅၀) ဖာ၊ (၄၈) ပိဿပါသော ဆားအိတ် (၂၀၈ ) အိတ်၊ ဆွမ်ပရာဘွမ်မြို့ကိုမူ ဆန် အိတ်(၁၀၀) လှူဒါန်းခဲ့သည်။

၎င်းအပြင် ကြွတ်ဘေးဒုက္ခခံနေရသည့် ၀ိုင်းမော်မြို့နယ် ဖုန်တန်ကောင်အုပ်စုမှ ၀ူယန်ရွာ၊ ကောင်းခမ်း ရွာ၊ ဂျန်မိုင်ရွာရှိ (၄၇၇) လူဦးရေအား ဆန်အိတ် (၁၀၀) ပေးလှူးခဲ့ပြီး ဗန်မော်မြို့နယ်ရှိ ဒုက္ခသည်များ အတွက်လည်း ဆန်လှူးဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
အလှူရှင်အချို့ကလည်း စားသုံးကုန် ဆန်၊ဆီ၊ ဆားအပြင် ကွန်ပျူတာ၊ အိပ်စောင် စသည်များကို လာရောက် ပေးလှူ သွားကြောင်း သိရသည်။ 

(မြစ်မခ)

အဖြေမှန်ကို ရှာသင့်ပြီ ကေအိုင်အို

Posted by drmyochit Friday, November 02, 2012, under | No comments


ဒီကနေ့ မြန်မာနိုင်ငံ ပြည်နယ်အချို့မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကိုကြည့်ပြီး အဖြေမှန် တစ်ခုကိုရဖို့ စစ် တမ်းကောက် ကြည့်ရင် တူညီတဲ့ အဖြေတစ်ခုကို ရပါလိမ့်မယ်။ အဲဒီ အဖြေကတော့ " ငြိမ်းချမ်းရေး " ဆိုတဲ့ အဖြေပါ။

ရေအား လျှပ်စစ် စီမံကိန်းများ ဆိုင်ရာ နည်းပညာ နှီးနှောဖလှယ်ပွဲများ တက်ရောက်

Posted by drmyochit Friday, November 02, 2012, under | No comments


လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမြင့်ဇော် ဦးဆောင်သော မြန်မာ ကိုယ်စား လှယ် အဖွဲ့သည် ရေအား လျှပ်စစ် စီမံရေး ဦးစီး ဌာနမှ စပိန်နိုင်ငံ မက်ဒရစ် မြို့၌ အောက်တို ဘာ ၂၂ ရက်က ကျင်းပသော (၅)ကြိမ် မြောက် နည်းပညာ ရပ်ဆိုင်ရာ ကြီးကြပ် ကွပ်ကဲမှု ကော်မတီ အစည်းအဝေး တက်ရောက် ခဲ့ပြီး ဝန်ကြီး ဌာနမှ တည်ဆောက် နေသော ရေအား လျှပ်စစ် စီမံကိန်း များ၏ နည်းပညာ ပိုင်းဆိုင်ရာ များကို အတိုင်ပင်ခံ အင်ဂျင်နီယာ အဖွဲ့ဖြစ် သော ဆွစ်ဇာ လန်နိုင်ငံမှ AF- Colenco Co.,Ltd. အဖွဲ့နှင့် ဆွေးနွေး ညှိနှိုင်း ခဲ့သည်။

KIO ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးဂျီးနောင်နှင့် တွေ့ဆုံခြင်း

Posted by drmyochit Friday, November 02, 2012, under | No comments


(KIO ကိုယ်စားလှယ်အဖွဲ့ဝင်ဦးဂျီးနောင်)

တပ်ကိစ္စဆိုတာက ကျွန်တော်တို့ဆွေးနွေးဖို့ အာဂျင်ဒါတစ်ခုမှ မသိရပါဘူး။ တပ်ကိစ္စလုပ်ဖို့ အတွက် ပဲဖြစ်ပါတယ်။ တပ်ကိစ္စဆိုတဲ့ နေရာမှာမူဘောင်ရှိရပါမယ်။ ဥပမာ ဆိုရင် ကျွန်တော်တို့အရင် ဆွေးနွေးပွဲ တုန်းက တင်ထားတဲ့ပြဿနာ ဖြစ်ပွားနိုင်သောဒေသများ၊ အဲဒီကိစ္စမှာ ဘောင်မရှိဘဲနဲ့ ဟိုတပ်ဆုတ်၊ ဒီတပ် ဆုတ်နဲ့ တော့ မပြီးနိုင်ပါဘူး။ အဲဒီ တော့ပေါ်လစီရှိရမယ်။ ဘောင်ရှိရ မယ်။ ဘောင်ထဲမှာ ဆွေးနွေးဖို့ဆိုရင် နိုင်ငံရေး အဓိကဆွေးနွေးရမှာပဲ။ အဲဒီမှာမှ IDP ကိစ္စ၊ လမ်းတံတား ကိစ္စ၊ လျှပ်စစ်မီးကိစ္စ၊ တပ်ကိစ္စတွေ က အဓိ ကဆွေးနွေးရမှာ ဖြစ်ပါ တယ်။ ဘာလို့လဲဆိုတော့ အခု ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက စောစောက အဖွဲ့ခေါင်းဆောင် ဦးအောင် မင်းပြောတယ်။
 

ကြည်နူးဖွယ် အာရုံတက်၌ နိဗ္ဗာန် ဈေးပွဲတော် စည်းကား

Posted by drmyochit Friday, November 02, 2012, under | No comments


မြစ်ကြီးနားမြို့ ၊ ခေမာသီရိ ရပ်ကွက် ၊ သမိဒ္ဓေါ ဒယသီလရှင် ကျောင်းတိုက်ကြီး၌ အောက်တိုဘာ ၃၀ ရက် နံနက် အာရုံတက်က နိဗ္ဗာန် ဈေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ နိဗ္ဗာန် ဈေးပွဲတော်ကို နံနက် ၄ နာရီမှ စတင်ခင်းကျင်း လှူဒါန်းပြီး နံနက် ၆ နာရီထိ ကျင်းပရာ သီလရှင် ကျောင်းတိုက်အုပ် ဆရာမကြီး နှင့် အလှူရှင်များက မြန်မာမုန့် များဖြစ်သော မုန့်ဟင်းခါး ၊ ခေါက်ဆွဲ ၊ ကောက်ညှင်းပေါင်း ၊ အကြော် ၊ မုန့်ဖက်ထုပ် စသည့် မုန့်မျိုးစုံ များအပြင် အသင့် ထုတ်ပိုးထားသည့် ကော်ဖီမစ် ၊ ခေါက်ဆွဲခြောက် ၊ အချိုရည် မျိုးစုံတို့ဖြင့် ဆိုင်ပေါင်း ၇၀ ကျော် ဖွင့်လှစ် လှူဒါန်းခဲ့သည်။
 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်