Saturday, September 15, 2012

Posted by drmyochit Saturday, September 15, 2012, under | No comments



ကချင်ပြည်နယ် ဖားကန့် မြို့နယ် မှော်ဝှမ်း ကချင်နှစ်ခြင်းဘုရားကျောင်းရှိ ဒုက္ခသည် စခန်းနှင့် အစိုးရ မူလွန်ကျောင်း ကြားတွင် စက်တင်ဘာလ ၁၃ ရက် ကြာသပတေးနေ့ ညနေ ၅ နာရီချိန် ပြင်းထန်သည့် လက်နက်ကြီး ပေါက်ကွဲလွင့်စင်လာသောကြောင့် ဒေသခံ ၈ ဦး ဒဏ်ရာ ရပြီး ၁ ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရတပ်များ တပ်ချထားသော ရွာအနီးနေရာတ၀ိုက်တွင် လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဗုံးပေါက်ကွဲမှုနှင့် သေနတ်များ ဆက်တိုက် ပစ်ဖောက်လာချိန် အဆိုပါဒေသခံ ၅ ဦး ကို ထိခိုက်ပြီး ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန် (Ja Seng Ing) ကို အမြောက် ကျည်ထိမှန်ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေတစ်ဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။ “ကျောင်းဆင်းချိန်ဖြစ်တယ်။ သေနတ်သံတွေအရမ်းမြည်လာတော့ ပုန်းကြသေးတယ်။ ဒါမယ့် ဂျာဆိုင်းအိန်ကို ကျည်ဆံလာထိမှန်သွားတော့ သေသွားတယ်။ ဆရာမ ၂ ယောက်က ဂျာဆိုင်းအိန်ရဲ့ ရုပ်အလောင်းကို သယ်ခဲ့တာ။”

အဆိုပါသေဆုံးသွားသော ကျောင်းသူမလေးသည် ဆွတ်ငိုင်ယန်ရွာ (Sut Ngai Yang) တွင် နေထိုင်သော ကျောင်းသူဖြစ်ပြီး ၄င်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်သွားသူများမှာ ဦးယာကုတ်အသက် (၃၀) ကလေး ကျောင်း သွားကြိုချိန် ခြေဖနှောက် နှစ်ခုတွင် ဗုံးစများထိမှန်ပြီး မဆိုင်းပန် (Seng Pan) ဆိုသူသည် ခြေတလုံးတွင် ထိမှန်ကာ မိခင်ဖြစ်သူကို နားတွင် ထိမှန်သွားခဲ့ကြောင်း သိရသည်။

ထို့အတူ မှော်ဝှမ်းရပ်ကွက်နေ ဦးလဘူခွန်ဆိုင်း (Salang Labu Hkun Seng) နှင့် သမီးဂျာလုအောင် (Ja Lu Awng) သည် ဖိနပ်သွားဝယ်ချိန် မျက်နှာတည့်တည့်တွင် ဗုံးပေါက် ကွဲလာပြီး ပါး၊ မျက်စိ နှင့် ရင်ဘတ်များတွင် ထိမှန်ကာ သမီးဖြစ်သူမှာ ညာဘက် လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
  မြန်မာအစိုးရတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော 
၉ တန်းကျောင်းသူ ဂျာဆိုင်းအိန်။ ဓါတ်ပုံ-ကချင်သတင်းဌာန

လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသောသူများသည် ယခုချိန် ဖားကန့်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ၄င်းတို့အားကူညီပေးနေသူ KNG ကချင်သတင်းဌာနသို့ပြောသည်။

ထိုသို့ ဒေသခံများရှိသည့်နေရာများသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် မည်သည့် တပ်ဘက်မှ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မသိရှိရသေးပေ။

အဆိုပါပေါက်ကွဲမှုသည် ထိုညနေတွင် မြန်မာအစိုးရတပ်သားများ အရက်သေ စာများသောက်စား မှုးယစ်ပြီး ပြန်လာချိန် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်လာပြီးနောက် ထိုကဲ့သို လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံများ ဖြစ်ပေါ်လာကာ ဆက်တိုက် ပစ်ခတ်လာခဲ့ခြင်းဖြစ်ကြောင်း မှော်ဝှမ်းနှစ်ခြင်း ဒုက္ခသည်စခန်းမှ သိရသည်။


ထိုဗုံးပေါက်ကွဲမှုဖြစ်ပွားရာတွင် မြန်မာအစိုးရတပ်မှ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း
သိရသည်။

ယခုချိန် မြန်မာအစိုးရ တပ်သည်လည်း ဒေသခံများ၏ နေအိမ်အတွင်းသို့ အဓမ္မဝင်ရောက်ပြီး ပိုက်ဆံများ၊ ပစ္စည်းများလုယက် လျက်ရှိနေကြောင်း လက်စွပ်လုယူခံသွားရသော ဒေါ်အာနမ် KNG ကချင် သတင်းဌာနသို့ ပြောသည်။

ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် အစိုးရတပ်ကြား တင်းမာမှုများ အရှိန်မြင့်နေချိန် နှစ်ဖက်တိုက်ခိုက်ရန် အသင့်နေရာယူထားချိန်ဖြစ်သောကြောင့် အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ပြီး ဒေသခံများလည်း သွားလာရန်ကြောက်လန့်နေကြသည်။

ကချင်း သတင်းဌာန

ကလေးမြို့နယ်ထဲမှာ ခိုးဝင်ဘင်္ဂလီ ဆယ်ယောက်ကို ဖမ်းဆီးရမိ

Posted by drmyochit Saturday, September 15, 2012, under | No comments


စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကလေးမြို့နယ်၊
ပေါက်တောရွာမှာ ခိုးဝင်လာသူ ဘင်္ဂလီကုလား
အယောက် သုံးဆယ် အနက်က ဆယ်ယောက်ကို
မနေ့က စက်တင်ဘာလ ၁၄-ရက်နေ့
ညခုနစ်နာရီခန့်မှာ ဖမ်းမိခဲ့တယ်။


အလောင်းတော် ကဿပသွား တောလမ်းမှာ ရွာသားတစ်ယောက်ကတွေ့လို့ သတင်းပို့တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အရံမီးသတ်တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတာဖြစ်တယ်။  ပေါက်တောရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ ခေတ္တ ထိန်းသိမ်းထားပြီးနောက် ကလေးမြို့ရဲစခန်းက စက်လှေနဲ့ လာခေါ် သွားခဲ့တယ်။

ဖမ်းမိတဲ့ ဆယ်ကျော်သက်အရွယ် ဘင်္ဂလီ ဆယ်ယောက်ကို လမ်းပြခေါ်လာခဲ့သူ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုး ကိုစိန်ဝင်းဟာ မင်းကင်းနယ် တောင်တွင်းရွာကဖြစ်ပါတယ်။ တမူးမှ ကလေးကို ဆိုင်ကယ်ဖြင့် ပို့ဆောင်ခ ငါးသိန်းကျပ်ရပြီးတော့၊ တမူးကနှေ မန္တလေးတရောက် ပို့ပေးရင် တစ်ယောက်ကို (၁၅)သိန်းရတယ် လို့ဆိုပါတယ်။ ခါတိုင်းလိုပဲ အလွယ်တကူ ဖြတ်ကျော်လို့ရမယ်ထင်ပြီး အတင့်ရဲရဲ ဖြတ်ကျော်လာတဲ့အတွက် ဖမ်းမိသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဖမ်းမိတဲ့ ဘင်္ဂလီတွေဟာ(၂၇)ယောက်အုပ်စုအနေနဲ့ ၀င်လာကြတာဖြစ်ပြီး၊ ကျန်(၁၇)ယောက် ကတော့ လွတ်မြောက်နေသေးတယ်။

အနီးအနားက ဆင်ရွာမှာလည်း (၃၀)ယောက် အုပ်စုတစ်အုပ်စု ရှိနေသေးတယ်လို့ သတင်းထွက်တယ်။ အင်းစိန်တံငါရွာမှာလည်း ဘင်္ဂလီများ ရောက်ရှိနေကြောင်း ကြားရလို့ နေသာရွာ ဆရာတော် ဦးဓမ္မိက က လူလွှတ်ပြီး စုံစမ်းနေတယ်လို့ သိရပါတယ်။

ဖမ်းမိလာသော ဘင်္ဂါလီ (၁၀)ဦးနှင့် မြန်မာ တစ်ဦးအား
 တောင်ဦကျေးရွာသို့ ခေါ်ဆောင်လာစဉ်

အခု ဖမ်းမိတဲ့ ကိုစိန်ဝင်းဟာ လမ်းပြအဆင့်သာဖြစ်ပြီးတော့ ဘင်္ဂလီတွေကို ခိုးသွင်းပေးနေတဲ့ ဂိုဏ်းခေါင်းဆောင် ဒေသခံ တစ်ဦး ကလေးမြို့မှာ ရှိနေပြီလို့ တွက်ဆကြတယ်။ အဆိုပါ ဒေသခံခေါင်းဆောင်ဟာလည်း ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတစ်ယောက်ပဲ ဖြစ်ပြီးတော့ စုံစမ်း ရှာဖွေဆဲဖြစ် တယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၃)ရက်နေ့က ကလေးမြို့မှာ ပူပူနွေးနွေး ကျင်းပထားတဲ့ ဘင်္ဂါလီ ခိုးဝင်သူ ရှုတ်ချပွဲကြောင့် အခုလို ပြည်သူလူထုဘက်က ပူးပေါင်းဆောင်ရွက်ပေးတာကို ဒေသခံပြည်သူ့ရဲတွေ ကလည်း အားရကျေနပ်နေကြတယ် လို့သိရတယ်။

လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးခင်ရီကတော့ ဘင်္ဂလီတွေ ခိုးဝင်လာတာကို မတွေ့ရဘူး ဆိုတဲ့သဘာမျိုးကို မကြာသေးခင်က သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ




ဘာ ကွာတာ မှတ်လို့

Posted by drmyochit Saturday, September 15, 2012, under | No comments


ပြုံးမချောင်း ရေချိုရပ် ၀န်း၌ တရုတ်ဈေး ကွက်ဝင် ငါးဖရုံဖမ်း ဆီးရရှိမှု ပိုမို

Posted by drmyochit Saturday, September 15, 2012, under | No comments



မြန်မာ-ဘင်္ဂလားဒေ့ရှ်  နယ်စပ်နတ်မြစ်လက်တက်  ပြုံးမချောင်းအလယ်ပိုင်းနှင့် ချောင်းဖျားပိုင်း ရေချိုရပ်ဝန်း ချောင်းမြောင်း အင်းအိုင်များတွင် တရုတ်ဈေးကွက်ဝင် တန်ဖိုးမြင့် ငါးဖရုံ ( ငါးလင်ဗန်း) ရေသယံဇာတများ ယခုနှစ်မိုးရာသီတွင်  ဖမ်းဆီးရရှိမှုပိုမို များပြားလာကြောင်း  ဒေသခံရေလုပ်သားများထံကသိရှိရသည်။
ငါးဖရုံမှာ ငါးရှဥ့်မျိုးနွယ်စုဝင် ငါးမျိုးစိတ်တစ်မျိုးဖြစ်သော်လည်း ငါးရှဥ့်ထက် အကောင်ကြီးပြီး ရခိုင်ဒေသ ပြုံးမချောင်းပြင်၊ ကုလားတန်၊ လေးမြို့၊ မယူမြစ်ဖျားပိုင် ရေချိုရပ်ဝန်းဒေသများ၌လည်း ဖမ်းဆီးရရှိကြောင်း သိရသည်။
ငါးဖရုံမှာ မြစ်ချောင်း၊ အင်းအိုင်ကျယ်ဝန်းပြီး ရေအနက် ပိုရှိသော ရေအောက်ကြမ်းပြင်ရှိ သဘာဝအရ ဖြစ်တည်နေသော   ကျောက်ခေါင်း၊ ချိုင့်ဝှမ်းနေရာများ၌ နေထိုင်ကျက်စားမှုများသည့် သတ္တ၀ါဖြစ်ကြောင်း ရေလုပ်သားများ၏အဆိုအရ သိရသည်။
မိုးရာသီတွင် တောင်ကျရေစီးများဖြင့် မြစ်ချောင်းအင်းအိုင်များအတွင်း ရေနောက်များ ၀င်ရောက်မှုများကြောင့် မူရင်းနေထိုင်ရာ ရေပြင်ရေအိုင်ဧရိယာပြင်ပဖြစ်သည့် ရေမြေသစ်များသို့ ထွက်ခွာကျက်စားလေ့ရှိရာတွင် ယခုကဲ့သို့ ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။
“အရင်နှစ်တွေက မိုးရာသီထက်စာရင် ဒီနှစ်မိုးရာသီမှာက ဖမ်းဆီးရရှိမှု အများဆုံးပါ”ဟု မောင်တော  မြောက်ပိုင်းမင်းကြီးကျေး ရွာမှ ရေလုပ်သားဦးမြင့်ဝင်းက ပြောသည်။
ဖမ်းဆီးရမိသော ငါးဖရုံများကို ကြိမ်ချောင်း၊ ငါးခူရ၊ မောင်တော ငါးဖယုံအ၀ယ်ဒိုင်များမှ အ၀ယ်တော်များ လာရောက်ဝယ်ယူလေ့ရှိရာ တစ်ပိဿာခန့် ငါးဖရုံအကောင်ကြီး တစ်ကောင်လျှင် ကျပ် (၃၀၀၀၀)မှ (၃၅၀၀၀)အထိ  ဈေးရှိကြောင်းကိုလည်း ရေလုပ်သားများ ထံက သိရသည်။
သို့သော် ၀ယ်ယူကြရာ၌ ငါးရှဉ့်ကဲ့သို့သော အကောင်ဝယ်များကို ၀ယ်ယူခြင်းမဟုတ်ပဲ အနည်းဆုံးတစ် ပိဿာခွဲ အရွယ်အစားရှိ အကောင်များမှ စတင်ကာ ၀ယ်ယူခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
“ငါးဖရုံက ငါးရှဉ့်လို အကောင်သေးတွေကိုတော့ မ၀ယ်ပါဘူး။ ၀ယ်ယူတဲ့နေရာမှာက ငါးဖရုံရဲ့ အဆီရှိမှု အပေါ်မူတည်ပြီး ခွဲခြားဝယ်ယူကြတာဖြစ်ပါတယ်။ ငါးဖရုံမှာကတော့ အကောင်ကြီးလေ ငါးရဲ့အဆီ အဆိမ့် တွေများလေပါဘဲ”ဟု မောင်တော ငါးဖရုံအ၀ယ်ဒိုင်က ကိုအေးသိန်းက ပြောသည်။
ထိုကဲ့သို့ ဖမ်းဆီးရရှိသည့် ငါးဖရုံများကို အ၀ယ်တော်များက တဆင့် တရုတ်ပြည်သို့ တင်ပို့ရောင်းချလျက် ရှိကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၌ ငါးဖရုံအဆီအဆိမ့်များကို ခွဲထုတ်စုတ်ယူပြီး ဆေးဖော်စပ်ရာတွင် အသုံးပြုရန် ၀ယ်ယူခြင်း ဖြစ်ကြောင်းကိုလည်း  သိရသည်။

From: MyitMaKha

ပြည်တွင်းသို့ စတင်ေ ရာက်ရှိ လာသည့် နေ့တွင် Galaxy Note 10.1 အလုံး ၂၀၀ ကျော်နီးပါး ရောင်းခဲ့ရ

Posted by drmyochit Saturday, September 15, 2012, under | No comments



တောင်ကိုရီးယား အီလက်ထရောနစ် ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Samsung ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်း ဖြစ်တဲ့ Galaxy Note 10.1 ကို ပြည်တွင်းမှ စတင် ရောင်းချမှု အနေနဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ တရားဝင် စတင် ရောက်ရှိ ရောင်းချခဲ့ပြီး စတင် ရောင်းချတဲ့ နေ့မှာပဲ စမတ်ဖုန်း အလုံး ၂၀၀ ကျော်နီးပါး ရောင်းခဲ့ ရတယ်လို့ Samsung ရဲ့ တရားဝင် ကိုယ်စားလှယ် ရရှိထားသူ အရောင်း ကိုယ်စားလှယ် ထံမှ သိရပါတယ်။
အဲ့ဒီလို စတင် ရောင်းချတဲ့ နေ့မှာ ၀ယ်ယူသူ တွေကို မူရင်းဈေး အမေရိကန် ဒေါ်လာ ၆၄၀ ကို ဒေါ်လာ ၅၇၀ နဲ့ဈေးလျှော့ ရောင်းချပေး တာကြောင့် ယခုလို ၀ယ်ယူမှု များပြားခဲ့တာ ဖြစ်ပါတယ်။ ယခင် ထွက်ရှိခဲ့တဲ့ Galaxy Note မှာ ၅ လက်မ အရွယ်အစား သာရှိပြီး အခု နောက်ဆုံး ထွက်ရှိလာတဲ့ Tablet အမျိုးအစား ဖုန်းဆင်းကဒ်ပါ ထည့်သွင်း အသုံးပြု နိုင်တဲ့ Galaxy Note 10.1 ဟာ ၁၀ လက်မ ရှိတယ်လို့ သိရှိရပါတယ်။ ဒါကြောင့် Galaxy Note 10.1 လို့ ခေါ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖုန်းစခရင်ကို နှစ်ခြမ်းခွဲကာ Function နှစ်မျိုးကို တစ်ပြိုင်တည်းမှာ အသုံးပြုနိုင်တာ ဖြစ်တယ် လို့လည်း သိရပါတယ်။ အဆိုပါ Galaxy Note 10.1 ကို Tablet အနေနဲ့ပါ အသုံးပြုနိုင်ပြီး ဖုန်းတွင်း မန်မိုရီမှာ ၁၆ ဂီဂါဘိုက် ရှိပြီး ၆၄ ဂီဂါဘိုက် အထိ ထပ်တိုး အသုံးပြု နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်မရာမှာ 5MP အထိ ရရှိနိုင်ပြီး ၀ိုင်ဖိုင်နဲ့ GPS စနစ်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ စတင် ရောင်းချခဲ့တဲ့ နေ့မှာ ၀ယ်ယူခဲ့ သူတွေကို ဒေါ်လာ ၅၀ တန် Galaxy Note 10.1 ရဲ့ Original Book Cover ကို လက်ဆောင် အဖြစ် ပေးခဲ့ပြီး စတင် ရောင်းချတဲ့ တစ်ရက်တည်းသာ ဒေါ်လာ ၅၇၀နဲ့ ရောင်းချပေးခဲ့ပြီး နောက်ရက်တွေ မှာတော့ မူရင်းဈေး ဒေါ်လာ ၆၄၀ နဲ့ ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ Galaxy Note 10.1ကို သြဂုတ်လ အတွင်းက ဈေးကွက် အတွင်းကို စတင် ရောင်းချခဲ့ ပြီး ပြည်တွင်း ဈေးကွက် အတွင်း ကိုတော့ စက်တင်ဘာ လဆန်းက ရောက်ရှိ လာတာ ဖြစ်ပါတယ်။ Samsung ကုမ္ပဏီဟာ အဆိုပါ Galaxy Note 10.1 ကို ကမ္ဘာတစ်ဝှမ်းမှာ အလုံးရေ ၇ သန်းကျော် ရောင်းချ ထားခဲ့ရပြီး ကုမ္ပဏီက ရည်မှန်း ထားတဲ့ အလုံးရေ ၁၀ သန်းထက် ကျော်လွန် ရောင်းချ နိုင်ဖို့ မျှော်လင့် ထားကြောင်း နိုင်ငံတကာ သတင်းများ အရ သိရှိရပါတယ်။
MRTV-4

မြန်မာပြည်မှာ နေထိုင်တဲ့ မွတ်ဆလင်တွေ ကျေးဇူးသိတတ်ပါစေ

Posted by drmyochit Saturday, September 15, 2012, under | 1 comment



From : အောင်သော်

အီရန်မှာ အမျိုးသမီးတွေကို စာသင်ခွင့်ပိတ်လိုက်ပြီ။ဆော်ဒီမှာ အမျိုးသမီးတွေ ကားမောင်းခွင့်မရဘူး။
ဒီလိုမွတ်ဆလင်နိုင်ငံတွေက မြန်မာပြည်ကို လူ့အခွင့်အရေးချိုးဖောက်တယ်စွပ်စွဲတာ ရယ်စရာ အလွန် ကောင်းတယ်။ တကိုယ်လုံးချီးတွေ သေးတွေ အံဖတ်တွေပေနေတဲ့လူတွေက သူများမျက်လုံးက မျက်ချေး နည်းနည်း ရှိတာကို အပြစ်ပြောနေတဲ့လူတွေနဲ့တူတယ်။မြန်မာပြည်မှာ အမျိုးသမီးက ကြိုးစားရင် တော်ရင် နိုင်ငံခေါင်းဆောင်လည်း ဖြစ်နိုင်တယ်။ ၀န်ကြီးလည်း ဖြစ်နိုင်တယ်။ ပါတီခေါင်းဆောင်လည်း ဖြစ်နိုင်တယ်။ စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်နိုင်တယ်။ သာသနာပြုပုဂ္ဂိုလ်လည်း ဖြစ်နိုင်တယ်။ပညာလိုလားရင် ဒေါက်တာဘွဲ့ရအောင်လည်း သင်နိုင်တယ် သင်ခွင့်ရှိတယ်။ပါမောက္ခတစ်ယောက်ပါချုပ်တစ်ယောက်တည်း ဖြစ်နိုင်တယ်။ မွတ်ဆလင်ချင်းတူရင်တောင် မြန်မာနိုင်ငံမှာ မွတ်ဆလင်ဖြစ်ရတာ ဂုဏ်ယူ ၀မ်းသာ ကြပါ။ မြန်မာပြည်မှာ အမျိုးသမီးတွေ ပညာသင်လို့ ကားမောင်းလို့ မျက်နှာကို အ၀တ်မအုပ်ထားလို့ ထောင်ချတာ အရေးယူတာ မရှိပါ။ မျက်နှာဖော်ရုံတင်မ ကိုယ်သာ မရှက်တတ်ရင် ဖော်ချင်တဲ့နေရာ ဖော်လို့ရပါတယ်။
မြန်မာ မွတ်ဆလင်များ မွတ်ဆလင်ချင်းတူရင်တောင် အမျိုးသမီးတွေကို ယောကျာ်းတွေနဲ့တန်းတူ လူလို မဆက်ဆံဘဲ တဆင့်နိမ့်ပြီး ယေက်ျားတွေရဲ့ ကာမဖျော်ဖြေရာ သတ္တ၀ါတွေလောက်သာ သားဖောက်တဲ့ စက်တစ်ခု အနေနဲ့သာ သဘောထားတဲ့ မွတ်ဆလင်နိုင်ငံတွေမှာ လူမဖြစ်ရဘဲ human right, woman right အပြည့်ရှိတဲ့ မြန်မာနိုင်ငံသား မွတ်ဆလင်ဖြစ်ရတာ ဂုဏ်ယူဝမ်းသာကြပါ။ မွတ်ဆလင်ချင်းအတူတူ မြန်မာပြည်မှာ လူဖြစ်ရတာ ကံကောင်းတယ် မှတ်ပါ။ မြန်မာပြည်မှာ နေထိုင်တဲ့မွတ်ဆလင်များ ကိုယ့်ကို လူ့အခွင့်အရေး အပြည့်အ၀ ပေးထားတဲ့ ကိုယ့်မြန်မာနိုင်ငံရဲ့ ကျေးဇူးတရား များကို သိရှိပြီး နိုင်ငံကို သစ္စာ စောင့်သိသော နိုင်ငံသားကောင်းများ ဖြစ်နိုင်ကြပါစေ။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ အနစ်နာခံ ပေးဆပ်မှု က စစ်သားတစ်ယောက်ကို ပင် မမှီ

Posted by drmyochit Saturday, September 15, 2012, under | No comments



ဒေါ်အောင်ဆန်းစုကြည် ရဲ့ အနစ်နာခံ ပေးဆပ်မှု က စစ်သားတစ်ယောက်ကို ပင် မမှီ ခဲ့ပါ။ သမိုင်းမသိသူ အချို့က ဒေါ်အောင်ဆန်းစုကြည်က ပြည်သူအတွက် အနစ်နာခံခဲ့တယ်၊ ပေးဆပ်ခဲ့တယ်လို့ ထင်မြင်ယူဆ နေကြပါတယ်။ တကယ်တမ်းတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့အတွက် အနစ်နာခံခဲ့တာ ဘာမှ မရှိခဲ့သလို ပြည်သူ့အတွက်ပေးဆပ်ပြီး လုပ်ခဲ့တဲ့ အလုပ် ဘာမှ မရှိခဲ့ပါဘူး။ ကုန်ကုန်ပြောရရင် စစ်သား တစ်ယောက်လောက်တောင် မပေးဆပ်ခဲ့ပါဘူး။

ဦးစီးချုပ်ရုံး (ကြည်း) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယအရာခံဗိုလ် သိန်းလှိုင်(လူမှုထူးချွန်- တတိယအဆင့်၊ မျက်ကြည်လွှာ အလှူရှင်) သည် စက်တင်ဘာ ၁၁ ရက်တွင် တဆရ(၂/၁ဝဝဝ) နေပြည်တော်တွင် (၆၁) ကြိမ်မြောက် သွေးလှူဒါန်းခဲ့ပါတယ်။

တပ်မတော်သား ပြည်သူ့အတွက် ၎င်းရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးကို ၆၁ ကြိမ် ဖောက်ထုတ် လှူတန်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အသက် ၆၀ ကျော်ထိ ပြည်သူ့အတွက် ၎င်း ခံန္ဓာကိုယ်ထဲမှ ယခုချိန်ထိ အနစ်နာခံ ပေးဆပ်ခဲ့တာမျိုး မရှိခဲ့ပေ။ သို့သော် အသက် ၄၂ နှစ် ထိ ကတော့ နိုင်ငံခြားသား မိုက်ကယ်အဲရစ် ထံသို့ ခန္ဓာကိုယ်ရော အသွေးရော၊ အသားရော အားလုံး ပေးခဲ့ပါတယ်။

ပြည်သူ့သဘောထားစစ် တမ်းလေးတော့ ကောက် သင့်တယ်

Posted by drmyochit Saturday, September 15, 2012, under | No comments



လွှတ်တော်ကိုယ်စားလှယ်လည်းမဟုတ်၊ အစိုးရအဖွဲ့အစည်းမှာလည်းမပါ၊ နိုင်ငံရေးလည်း မလုပ် ပေမယ့် ပြည်သူ တစ်ယောက်အနေနဲ့တော့ အမြင်မတော်တာလေးတွေမြင်နေရတော့ ဝေဖန်ခွင့် လေးတော့ ရှိမယ် ထင်ပါရဲ့။ နိုင်ငံတော်ရဲ့ခုံရုံးအဖွဲ့ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ထပ်ဖွဲ့တယ်ဆိုတော့ နိုင်ငံတကာ စာမျက်နှာမှာ ကျော်မကောင်း ကြားမကောင်း တွေများဖြစ်နေပြီလားမသိ။ International Image မှာ မတွေ့ဖူးပါဘူးဗျာ။ နိုင်ငံတော်ခုံရုံးဆိုတာက လမ်းကြောင်းသွေဖည်နေတာတွေ၊ အခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိတာတွေ၊ မှားယွင်း နေတာတွေကို ထိန်းညှိပေးဖို့အတွက် ဖွဲ့စည်းထားတာပဲမဟုတ် လား။ နိုင်ငံတော်ရဲ့ အမြင့်ဆုံး ခုံရုံးဖြစ်တဲ့ အတွက် ဘယ်သူ့ဘက်မှဘက်မလိုက်ဘဲ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆုံးဖြတ်ပေးရတဲ့အပြင် ခုံရုံးရဲ့ ဆုံးဖြတ်ချက် ဟာ အပြီးအပြတ်ပဲ ဖြစ်တယ်ဆိုတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ စီမံခန့်ခွဲရေး ဆိုတဲ့ အာဏာကြီး ၃ ရပ်ကို အခြေခံဥပဒေမှာ သူ့ကဏ္ဍနဲ့သူ ခွဲခြားပေးထားပြီးဖြစ်တယ်။ အစိုးရရဲ့ စီမံခန့်ခွဲမှု အာဏာကို လွှတ်တော်အဖွဲ့အစည်းတွေက ၀င်ရောက် စွက်ဖက်ခြင်းမပြုနိုင်ပေမယ့် မှားယွင်းနေတာတွေ၊ လိုအပ်ချက်တွေကို အပြုသဘော နဲ့ထိန်းညှိခွင့် တော့ရှိပါလိမ့်မယ်။ တရားစီရင်ရေးအပိုင်းလည်းဒီလိုပါပဲ။ အခုတော့အပြုသဘောမဆောင် ဘဲ အကွဲအပြဲ ဘက်ကိုဦးတည်နေပြီလား လို့ မေးရမလိုဖြစ်နေပြီ။ ခုံရုံးအဖွဲ့ကို ပြန်ပြီးစုံစမ်းစစ်ဆေးရေးဖွဲ့တယ်။ ခုံရုံးအဖွဲ့ တွေကိုနုတ်ထွက်ခိုင်းတယ်။ တရားတောင်စွဲကြမလားမသိဘူး။ ကျွန်တော် တို့လို ဘေးကကြည့်နေတဲ့ပွဲ ကြည့်ပရိသတ်တွေအတွက် ပွဲကကြည့်မကောင်းဘူး။ တစ်ဖက် သတ်ကြီး ဖြစ်နေတယ်။ ခုံရုံးဥက္ကဋ္ဌပြော သလိုပဲ ဘယ်နိုင်ငံမှာမှ မကြုံဖူးပါဘူး။ သမ္မတကြီးကလည်း သ၀ဏ်လွှာ ပို့ပြီး သူ့ရဲ့သဘောထားကို ပြောပြီး သားပဲ။ ဒါကိုထပ်ပြီးအတွန့်တက်ကြ တယ်။ နိုင်ငံတော်အခြေခံ ဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်က အတည် မဖြစ်ဘူးဆိုရင်တော့ ဥပဒေရဲ့အထက်မှာတစ်ခုခုတော့ရှိနေပြီထင်တယ်။ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်း တွေဆိုတာ အသက်ရောဝင်ပါဦးမလားမသိ။ နောက်တာဝန်ယူမယ့်ခုံရုံးအဖွဲ့တွေကရော ၂၀၀၈ ခုနှစ် အခြေခံဥပဒေအတိုင်း မာမာထန်ထန်ရောရပ်တည်နိုင်ပါဦး မလား။ ပြည်သူ့သဘောထား၊ စစ်တမ်းလေး တွေတော့ ကောက်သင့်တယ်ထင်ပါတယ်။ ဘယ်အရာမဆို လွှတ်တော်ကပဲ ဆုံးဖြတ်တော့မယ် ထင်တယ်။ မှားတာရှိရင် လည်း ၀န္တာမိပါဗျာ……

ဆောင်းပါးရှင် ဝေယံမိုး

အီဂျစ် ဝန်ကြီးချုပ်ဟောင်း လာဘ်စားမှုဖြင့် ထောင် ၃ နှစ်ချခံရ

Posted by drmyochit Saturday, September 15, 2012, under | No comments


အီဂျစ် နိုင်ငံရှိ တစ်ချိန်က ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ Ahmed Nazif မှာ သမ္မတ ဟိုစနီမူဘာရက် လက်ထက် တွင် တရားမဝင်သည့် ငွေကြေး အမြတ်အစွန်းများ ရရှိအောင် လုပ်ဆောင်ခဲ့မှုဖြင့် တရားစွဲဆို ခံခဲ့ရကာ ကြာသပတေး နေ့က ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်သည်။
အီဂျစ် တရားရုံး တစ်ခုမှ Ahmed Nazif ကို ပစ္စည်းဥစ္စများကို တရားမဝင် ပိုင်ဆိုင်မှုများနှင့် ဥပဒေနှင့် မညီသည့် အမြတ်အစွန်းများ ရရှိအောင် ပြုလုပ်ခဲ့သဖြင့် ထောင်ဒဏ် ၃ နှစ် ကျခံစေရန် အမိန့် ချလိုက်ခြင်း ဖြစ်သည်။ အစိုးရ ရှေ့နေများ၏ အပြောအရ ၎င်း၏ တရားမဝင် ဝင်ငွေများမှာ အီဂျစ်ပေါင်ငွေ ၆၄ သန်းခန့် ရှိပြီး မြေများကို တရားမဝင် ဝယ်ယူမှုနှင့် ၎င်းထူထောင်ခဲ့သည့် ပုဂ္ဂလိက ပညာရေး လုပ်ငန်းမှ အမြတ်အစွန်းများမှ ဖြစ်ကြောင်းလည်း presstv သတင်းတွင် ဖော်ပြခဲ့သည်။ အလားတူပင် ယခုလိုထောင် ဒဏ်နှင့်အတူ ၎င်းကို အမေရိကန် ဒေါ်လာ ၁.၄၈ သန်း ဒဏ်ကြေး ပေးဆောင်ရန်လည်း အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။


အစိုးရပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ် (၁၇) ခု ပူးပေါင်း

Posted by drmyochit Saturday, September 15, 2012, under | No comments

From : RFA

မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရပိုင် ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ် (၁၇) ခု ပူးပေါင်းပြီး ရင်းနှီးငွေ အမေရိကန် ဒေါ်လာ လေးသန်း မတည် ထူထောင်ထားတဲ့ Myanmar Payment Union ကနေ Debit Card ဘဏ်ကဒ် မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ ဒီကနေ့ မနက်ပိုင်း က ကျင်းပခဲ့ပါတယ်။

အမ်ပီယူကဒ်တွေကို လက်တလောမှာ Debit Card ဘဏ်ကတ် အဖြစ် စတင်အသုံးပြုနိုင်မှာဖြစ်ပြီး မကြာခင် Credit Card အကြွေးဝယ်ကဒ် တွေ အဖြစ် ဆက်လက်ထုတ်ဝေတဲ့အခါ Master ၊ Visa ၊ American Express ၊ JCB ၊ China Union Pay Card စတဲ့ နိုင်ငံတကာအကြေးဝယ် ကဒ်ပြားတွေ နဲ့လည်း ချိတ်ဆက်သုံးနိုင်မယ်လို့ ပြောပါတယ်။

အမ်ပီယူ Dabit Card တွေကို လက်ရှိနိုင်ငံတစ်ဝန်းမှာ တပ်ဆင်ထားတဲ့ အေတီအမ် ငွေထုတ်စက်ပေါင်း ၁၂၇ လုံးမှာ အသုံးပြုနိုင်မှာဖြစ်ပြီး၊ များမကြာခင်မှာ နိုင်ငံတကာမှာတပ်ဆင်ထားတဲ့ ငွေထုတ်စက်တွေမှာပါ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ မြန်မာ ပေးမန့် ယူနီယံ အတွင်းရေးမှူး အေဂျီဒီဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက ပြောပါတယ်။
ဒီကနေ့ စတင်မိတ်ဆက်လိုက်တဲ့ အမ်ပီယူ debit ကဒ်တွေကို ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်က ဈေးဝယ်စင်တာတွေနဲ့ ဟိုတယ်လ်တွေမှာပါ ငွေပေးချေနိုင်မယ်လို့ သိရပါတယ်။ အမ်ပီယူကဒ်နဲ့ အေတီအမ် စက်တွေ ကနေ ငွေထုတ်တဲ့အခါ တစ်ရက်ကို အနည်းဆုံးကျပ်တစ်ထောင်ကနေ အများဆုံး ကျပ်ဆယ်သိန်း အထိ ထုတ်ယူဖို့ ကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။


KIA မှ လက်နှက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဖားကန့်တွင် ကျောင်းသူတစ်ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

Posted by drmyochit Saturday, September 15, 2012, under | No comments

From : The Voice

ကချင်ပြည်နယ် ဖားကန့်မြို့တွင် နှစ်ဖက်တပ်များအကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့သည့် တိုက်ပွဲ များကြောင့် နမ၀တန်း ကျောင်းသူ တစ်ဦးသေဆုံးခဲ့ပြီး ဒေသခံ ပြည်သူ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်တွင် နေထိုင်သည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံများထံမှ စုံးစမ်း သိရှိရ သည်။

စက်တင်ဘာ ၁၃ ရက်နေ့တွင် အစိုးရ တပ်မတော်က ဖားကန့်မြို့ ဗျူဟာကုန်းမှ လက်နှက်ကြီး နှင့်ပစ်သကဲ့သို့ ကေအိုင်အေတို့က မော်ဝမ်းကြီး ကျေးရွာအုပ်စု ဆွတ်ငိုင်ယန် ကျေးရွာကုန်း မှနေ၍ လက်နှက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်ကြကြောင်း၊ ယင်းပစ်ခတ်မှုမှာ ညနေ ၃နာရီမှ ၄နာရီခွဲ အထိ ကြာမြင့်ကြောင်း ၎င်းတို့ကဆိုသည်။


ပျောက်ကွယ်နေသော ကြက် ဥအတု ရန်ကုန်တွင် တစ်စခန်းထပြန်

Posted by drmyochit Saturday, September 15, 2012, under | No comments


ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သည့် ကြက်ဥအတုများသည် ယခုနှစ်တွင် ဈေးကွက်အတွင်းသို့ တစ်ကျော့ ပြန်ဝင်ရောက် လာပြီ ဖြစ်ကြောင်း ကိုယ်တွေ့ ကြုံသူများ က ပြောသည်။
ကြက်ဥအစစ်နှင့်ယှဉ်လျှင် ကြက်ဥအရောင်ဖျော့ကာ အရွယ်အစားလည်း ပိုကြီးကြောင်း၊ အလေးချိန်မှာ လည်း သာမန်ကြက်ဥထက် အနည်းငယ်ပေါ့နေပြီး လှုပ်ကြည့်သည့်အခါ အရည်သံများကြားနေရ ကြောင်း၊ ကြက်ဥကို ဖောက်လိုက်သည့် အခါတွင်လည်း အနှစ်ကများပြီး အကာနည်းကာ ညှီစို့စို့ အနံ့ အသက်များ ထွက်ပေါ် နေတတ် ကြောင်း ကိုယ်တွေ့ကြုံသူများ၏ ပြောပြချက်အရ သိရသည်။ ”ကြက်ဥက ပုံမှန်ထက် နည်းနည်း ကြီးတဲ့အပြင် အခုကြက်ဥဈေး တွေတက်ပြီး တစ်လုံးကို ၁၄ဝ လောက် ဖြစ်နေတဲ့အချိန်မှာ တစ်လုံး ၁ဝဝ နဲ့ရတယ်ဆိုတော့ တန်တယ်ဆိုပြီး ၁၅ လုံးတောင် ဝယ်လိုက်တာ။ အဆောင် ရောက်တော့ သူငယ်ချင်း တွေနဲ့ စားဖို့အတွက် ပြုတ်မလို့လုပ်တဲ့အချိန်မှာမှ ကြက်ဥက ပေါ့နေတာ ကို သတိထားမိတာ။ ခလောက် ကြည့်တော့လည်း ရေသံလိုကြားရတယ်။ ဒါနဲ့မသင်္ကာလို့ တစ်လုံးခွဲကြည့် လိုက်တော့ ကြက်ဥက အနှစ်နဲ့ အကာနဲ့ တွဲမနေဘူး။ အထဲမှာ အဝါရောင် အနှစ်တွေ ချည်းပဲ။ အကာ အကြည်လေးတွေ မပါဘူး။ ပျက်တဲ့ ကြက်ဥတွေလည်း ဒီလို ဖြစ်တတ်တယ်ဆိုပြီး ၈ လုံးလောက် ပြုတ် လိုက်တာ ၁ဝ မိနစ်လောက် ကြာတဲ့အခါ ညှီစို့စို့ အနံ့ ထွက်လာလို့ အိုးကို ဖွင့်ကြည့် လိုက်တော့ ကြက်ဥတွေ အကုန်လုံး ကွဲနေပြီး အကုန်လုံး ဖြူဖြူ အနှစ်တွေ ဖြစ်သွားတယ်။ နောက်အလုံးတွေ အကုန်လုံး အဲဒီလိုတွေချည်းပဲ။ ပုပ်စော်နံတာလည်း မဟုတ်ဘူး။ ညှီစော်နံတာ စူးစူးဝါးဝါးကိုနံတာ”ဟု လှည်းတန်းဈေးမှ ကြက်ဥအတုများ ဝယ်ယူ မိခဲ့သူတစ်ဦးက ပြောသည်။
ဈေးထဲတွင် ကြက်ဥအတုများ ပေါ်နေသည်ဟု သတင်းစကားများ ပေါ်ထွက်နေသော်လည်း မိမိအနေဖြင့် မယုံကြည်ခဲ့ကြောင်း၊ အဆိုပါ ကြက်ဥအတုများကို ရောင်း သည့် ဈေးသည်သည် ကြက်ဥကိုဝယ်ယူသည့်အခါ ခလောက်ကြည့်ပြီး ဝယ်ယူသည်ကို ခွင့်မပြုကြောင်း၊ နောက်တစ်နေ့ ဈေးသွားသည့်အခါတွင်လည်း ကြက်ဥအတု သည်ကို လှည်းတန်းဈေး၏ အခြားတစ်နေရာတွင် ထပ်မံ တွေ့ရှိရကြောင်း ၄င်းက ထပ်လောင်း ပြောသည်။
”ကျွန်တော်ကြုံရတုန်းက ကြက်ဥကိုခွဲလိုက်တော့ အနှစ်က အများကြီး အကာကနည်းနည်း လေးပဲပါတယ်။ ဒါ ထူးခြားတယ်ဆိုပြီး နောက်တစ်လုံးခွဲကြည့် တော့လည်း အဲဒီအတိုင်းပဲ။ အဲဒီကြက်ဥက အလုံးပိုကြီးတယ်။ အရောင်က နည်းနည်းဖျော့တယ်။ ကျန်းမာရေး ရှုထောင့်ကနေ ဘေးထွက်ဆိုးကျိုး ရှိလား၊ မရှိလားတော့ ကျွန်တော် မသိဘူး။ ကျွန်တော်သိရသလောက်တော့ အဲဒီကြက်ဥတွေ က တရုတ်ဘက်ကလာတာ။ ဒီ ကြက်ဥကို အကင်ဆိုင်တွေ အများဆုံးသုံးကြတယ်။ ကြက်ဥပေါင်း အတွက် အသုံးများတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့ဗျာ ဒါမျိုးတွေကို ဈေး ကွက်မှာ မရောင်းသင့်ဘူး။ တချို့ ကြက်ဥရောင်းနေတဲ့သူတွေ ကိုယ်တိုင် အတုလား၊ အစစ်လားမသိ ကြဘူး။ ဖောက်သည်ပို့တဲ့သူတွေက အများနဲ့ရောပြီးပို့ကြတာဆိုတော့ အလွယ်တကူ မသိနိုင်ဘူးပေါ့”ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
၎င်းကပင် ဆက်လက်၍ ”တရုတ်နယ်စပ်မှာ အလုပ်သွားလုပ်နေတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ပြောတာကတော့ ဓာတုဗေဒနည်းနဲ့စီမံထားတဲ့ ဆေးတစ်မျိုး နဲ့ ကြက်ကိုကျွေးတာတဲ့။ အဲဒီကြက်တွေကို ကြက်ခြံတွေမှာသီးသန့်မွေးထားတာ။ ကြက်တွေကို အဲဒီအစာကျွေးပြီး ၁ဝ ရက်လောက်အတွင်းမှာ ဥ  ဥနိုင်တယ်။ ဥ,ဥ တဲ့အခါ မှာလည်း ကြက်မ တစ်ကောင်ကို ဥ အလုံး ၂ဝလောက်အထိ ဥနိုင် တယ်”ဟု ပြောသည်။


မလေးရှာနိုင်ငံရှိ Apple စက်ရုံမှ မြန်မာ အမျိုးသမီး လုပ်သားများ ခေါ်

Posted by drmyochit Saturday, September 15, 2012, under | No comments



မလေးရှား နိုင်ငံရှိ အိုင်ဖုန်း (Apple) စက်ရုံတွင်အလုပ်လုပ် ကိုင်ရန် မြန်မာ အမျိုးသမီး လုပ်သား များအား ခေါ်ယူနေ လျက်ရှိကြောင်း တာမွေမြို့နယ် အခြေစိုက် မြန်မာ လုပ်သား စီမံခန့်ခွဲမှု ဆိုင်ရာဝန် ဆောင်မှု ကုမ္ပဏီက တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရ သည်။
အိုင်ဖုန်း (Apple) စက်ရုံ တွင် အလုပ်လုပ်ကိုင်မည်ဆိုပါက လစာ ၅၆၄ ရင်းဂစ် ရရှိမည်ဖြစ်ပြီး တစ် ရက်စာ လစာမှာ ၂၁ ရင်းဂစ်ရရှိ မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။ “OT ကြေးလဲရှိတယ်။ OT ကြေးကတော့ ဘယ်လောက်ရ တယ်ဆိုတာ ကိုယ့်အပေါ်မှာပဲ မူ တည်တယ်။ နာရီပိုင်းပဲ လုပ်မယ် ဆိုရင် နာရီပိုင်းစာပဲရမယ်၊ တစ်ရက် လုံးလုပ်မယ်ဆိုရင် တစ်ရက်စာ ၂၁ ရင်းဂစ်ရမှာပါဟု ၄င်းကဆက် လက်ပြောသည်။
အဆိုပါစက်ရုံတွင် အလုပ် လုပ်ကိုင်ရန် အမျိုးသမီးလုပ်သား များသာ အဓိကခေါ်ယူလျက်ရှိပြီး လုပ်ကိုင် လိုသူ များသည် အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ဝန်းကျင်အတွင်း ရှိသူဖြစ်ရမည်ဟု ကျောက်တံတား မြို့နယ်၌ရှိသည့် ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီမှ တာ ဝန်ရှိသူတစ်ဦးက ဆိုသည်။
“ပညာအရည်အချင်းက အဲ ဒီလောက်ကြီးမလိုဘူး၊ ဘာသာ စကားလည်း သိပ်မလိုဘူး။ အဲဒီ အိုင်ဖုန်း စက်ရုံမှာ ဘာလုပ်ရမလဲ ဆိုတော့ ဖုန်းထဲမှာရှိတဲ့ ဆားကစ် ပြားတွေနဲ့ပတ်သက်ပြီးလုပ်ရမှာ။ ပင်ပင် ပန်းပန်း ကြီးလုပ်ရမယ့် အလုပ် တော့ မဟုတ်ပါဘူး”ဟု ၎င်းက ဆက်လက် ပြောသည်။
ထို အိုင်ဖုန်း(Apple) စက် ရုံတွင် အလုပ်လုပ်ကိုင်လိုသူများ သည် လုပ်ငန်းအတွေ့အကြုံမရှိသူ များလည်း အလုပ်လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
“အင်တာဗျူးကတော့ ဘယ် နေ့ဘယ်ရက်လို့မရှိဘူး။ C V Form ရယ်၊ မှတ်ပုံတင်ရယ်၊ သန်းခေါင် စာရင်းရယ် အဲဒါတွေနဲ့ အလုပ်လာ လျှောက်လို့ရပါတယ်။ အဲဒါတွေနဲ့ ရုံးကိုလာတော့မှ ဘာတွေထပ်ပြီး လိုအပ်မယ်၊ ဘာတွေထပ်လုပ်ရ မယ်ဆိုတာ ပြောပြပေးမယ်”ဟု မြန်မာလုပ်သားစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
မလေးရှားနိုင်ငံရှိ အိုင်ဖုန်း (Apple) စက်ရုံတွင် အလုပ်လုပ် ကိုင်မည့် သူများအား နေစရာ စီစဉ် ပေးမည် ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံကူးလက်မှတ်မရှိသူများအားဝန်ဆောင်မှုမျိုး ပြုလုပ်ပေးနေလျက် ရှိကြောင်း မြန်မာလုပ် သားစီမံခန့် ခွဲမှုဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီမှ သိရသည်။

လွှတ်တော်ကနုနု မုန်တိုင်းကထန်ထန်

Posted by drmyochit Saturday, September 15, 2012, under | No comments




လွှတ်တော်ကနုနု မုန်တိုင်းကထန်ထန်
အပိုင်း(၁)

ဦးပြည့်စုံ            ။     ဗျို့ ဦးကောင်းမွန် ဘယ်နေ့က ပြန်ရောက်လည်းဗျ .. နေကောင်းကျန်းမာရဲ့လား။
ဦးကောင်းမွန်      ။     ကောင်းပါတယ်ဗျာ စက်တင်ဘာ ၇ ရက်နေ့က လွှတ်တော်နားတယ်လေဗျာ
မနေ့က ပြန်ရောက်တာဗျ.. ခင်ဗျားကော နေကောင်းရဲ့လား။
ဦးပြည့်စုံ            ။     ကောင်းပါတယ်ဗျာ ဒီတစ်ခေါက် ခင်ဗျားတို့ ကိုယ်စားလှယ်ကြီးတွေ လွှတ်တော်
ထဲမှာ အကြိတ်အနယ်ကို ဆွေးနွေးနေကြပါလားဗျ။
ဦးကောင်းမွန်      ။     ဟုတ်တယ်ဗျ လွှတ်တော်နားခါနီးလေးမှာ လှုပ်လှုပ်လှုပ်လှုပ်နဲ့ အသက်ဝင်
လာတယ် ပြောရမှာပေါ့ဗျာ။
ဦးပြည့်စုံ            ။     အသက်ဝင်လာတာတော့ဟုတ်ပါပြီဗျာ… တိုင်းပြည်အတွက်လည်းမဟုတ် ပြည်သူ
အတွက်လည်းမဟုတ် အကြိတ်အနယ် ဆွေးနွေးတာကလည်း ကိုယ့်အတွက်
ကိုယ် ပြည်ထောင်စုအဆင့် သတ်မှတ်ခိုင်းနေကြပါလားဗျ။


ဦးကောင်းမွန်      ။     ဒါကတော့ဗျာ အခြေခံဥပဒေနဲ့ လုပ်ကြတာလေဗျာ။
ဦးပြည့်စုံ            ။     ဟုတ်တော့ဟုတ်နေပြီဗျို့ ခင်ဗျားတို့ကိုယ်စားလှယ်တွေကလည်း အခြေခံဥပဒေ
အတိုင်း ခုံရုံးအဖွဲ့ကလည်း အခြေခံဥပဒေအတိုင်း ဘာတွေလည်းဗျာ နားတောင်
မလည်တော့ဘူး ဘယ်သူမှားလို့ ဘယ်သူမှန်လဲ မသိတော့ဘူး။
ဦးကောင်းမွန်      ။     မှားတာက အစကထဲက မှားတာဗျ တင်သွင်းတာကို အခြေခံဥပဒေ ပုဒ်မ
၃၂၅(က)အရ သမ္မတကိုယ်တိုင် တိုက်ရိုက်တင်သွင်းရမယ် ဆိုတာကို
ပြည်ထောင်စုရှေ့နေချုပ်က တင်တော့ ဥပဒေနဲ့ မညီဘူးပေါ့ဗျာ။
ဦးပြည့်စုံ            ။     ဟာ အဲဒါဆိုရင်လဲ အစကထဲက ပြောပြီး ဖြေရှင်းညှိနှိုင်းကြပေါ့ဗျာ အခုတော့
အကျယ် အကျယ်နဲ့ ရှုတ်ကုန်ပြီ မဟုတ်လား။
ဦးကောင်းမွန်      ။     အကျယ်အကျယ်နဲ့ရှုတ်ကုန်ပြီ ဆိုတာတော့မှန်တယ်ဗျာ ဖွဲ့စည်းပုံအခြေခံဥပဒေ
ခုံရုံးက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ရာမှာ ဖွဲ့စည်းပုံ
အခြေခံဥပဒေပုဒ်မ၄၄၆အရ ပြည်ထောင်စုလွှတ်တော်ကပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မရှိသေးဘဲ  တည်ဆဲဥပဒေဖြစ်နေတဲ့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးရဲ့ ဆုံးဖြတ်တာ ဟာ မှားတယ် ဆိုပြီး အကြိတ်အနယ်ဖြစ်ကြတာဗျ။
ဦးပြည့်စုံ            ။     အေးဗျာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူနဲ့တိုင်းပြည်အကျိုး
အလေးထားပြီး ဆောင်ရွက်နေရမယ့်အချိန်မှာ ပြည်ထောင်စုအဆင့် သတ်မှတ်ဖို့
ကိုဦးစားပေး ဆွေးနွေးငြင်းခုံနေကြတာ ဘယ်ကောင်းမလဲဗျာ။

ဦးကောင်းမွန်      ။     ဒါကတော့ဗျာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ အငြင်းအခုံဖြစ်ကြတာဆိုတော့ ပြဿနာ
လို့မထင်ပါဘူးဗျာ ဒါပေမယ့် ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစား
ရမှာဗျ။ အဲဒါကို မစဉ်းစားဘဲ ပြည်ထောင်စု အဆင့်မှ ပြည်ထောင်စု အဆင့် ဖြစ်တော့လည်း ထောပြီဆိုတော့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေလည်း ဆုတ်လည်းဆူး၊ စားလည်းရူးပေါ့ဗျာ။
ဦးပြည့်စုံ            ။     အဲဒီကိစ္စနဲ့ပတ်သက်ပြီး ခုံရုံးအဖွဲ့ကလည်း သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သေး
တယ်လေ အခြေခံဥပဒေပုဒ်မ ၃၂၄ အရ '' နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည် '' လို့ ပါတယ် လေဗျာ ဘာလို့ မပြီးပြတ်တာတုန်းဗျ။ တရားဥပဒေအရ တဖက်နဲ့ တဖက် လေးလေးစားစား ဖြေရှင်းကြဖို့ လိုတာပေါ့ဗျာ ပြည်သူတွေ ကလည်း ကိုယ်စားလှယ်တွေအပေါ် တမျိုးထင်ကုန်ကြပြီနော် နားလည်အောင်တော့ ရှင်းပြဖို့လိုလိမ့်မယ်ဗျာ ပြည်သူကိုယ်စားလှယ်မဟုတ်ဘဲ ကိုယ့်အတွက် ကိုယ်လုပ် တဲ့ ကိုယ်စားလှယ်တွေဖြစ်ကုန်လိမ့်မယ်နော်။
ဦးကောင်းမွန်      ။     ပြည်ထောင်စုအဆင့်ရဲ့ ခံစားခွင့်နဲ့ ရပိုင်ခွင့်ကလည်း အားကျစရာကိုးဗျ။
သို့သော်လည်း ကျွန်တော်တို့က ခံစားခွင့်နဲ့ရပိုင်ခွင့်ကို မက်မောလို့မဟုတ်ဘူး ဆိုတာ ပြည်သူတွေ သိအောင် ကျယ်ကျယ်လောင်လောင်ပြောပြီးပါပြီ၊ ဒါပေမဲ့ လုပ်ပိုင်ခွင့်တွေ လိုခြင်လို့ဆိုတာတော့ဘယ်သူမှ ပြောမထားပါဘူး။ ပထမ ကတော့ ပြည်ထောင်စု အဆင့်ဖြစ်မှ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအဖွဲ့တွေနဲ့ တန်းတူရည်တူ အပြန်အလှန် ထိန်းကျောင်းမှုတွေ ဆောင်ရွက်နိုင်အောင် လို့ တောင်းဆို ရင်းနဲ့ပဲ ပြည်ထောင်စုအဆင့်ကို အားကျပြီး အခွင့်အရေးလေး ရမလားလို့ပေါ့ဗျာ။
ဦးပြည့်စုံ            ။     အပြန်အလှန်ထိန်းကြောင်းတယ်ဆိုတဲ့ စကားလုံးကတော့ လှတယ်ဗျာ အဓိက
ကတော့  ဝင်စွက်ဖက်တာနဲ့ ဘာထူးလည်းဗျာ။
ဦးကောင်းမွန်      ။     နိုင်ငံရေးလုပ်တယ်ဆိုတာ စကားလုံးကို အတတ်နိုင်ဆုံးလှအောင် သုံးရတယ်
ဆိုတာ ခင်ဗျားလည်းသိသားနဲ့ဗျာ။
ဦးပြည့်စုံ            ။     နောက်ဆုံးကျတော့ လိပ်ကလိပ်ပါပဲဗျာ။ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်း
ဥပဒေ အခန်း(၅)၊ အပိုဒ်(၁၇)မှာ ဥက္ကဌ သို့မဟုတ် ဒုဥက္ကဌသည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်တွင် တာဝန်ပေးအပ်ခြင်းခံရပါက ဥက္ကဌ သို့မဟုတ် ဒုဥက္ကဌ အဖြစ်မှ နှုတ်ထွက်ပြီးဖြစ်တယ်ဟု မှတ်ယူရမည်လို့ ပါတယ်ဗျ။ ဒါပေမယ့် အခုအထိ မထွက်တာပြည်ထောင်စုအဆင့် မဟုတ်လို့ ယူဆရမှာလား ဒါမှမဟုတ် သိလျက်နဲ့ ဥပဒေကို မထေမဲ့မြင်လုပ်ပြီး မနှုတ်ထွက်တာလား စဉ်းစားစရြာ ဖစ်ပါတယ်။
ဦးကောင်းမွန်      ။     ဘာပဲပြောပြောပေါ့ဗျာ ကျွန်တော်တို့ကတော့ ပြည်ထောင်စုအဆင့်အဖြစ် အသိ
အမှတ်ပြု လက်ခံပေးဖို့ နည်းပေါင်းစုံနဲ့ လုပ်ရမှာပဲ။
ဦးပြည့်စုံ            ။     ခင်ဗျားကတော့ လုပ်ပြန်ပြီ ပြန်လည်းစဉ်းစားအုံးနော် ပြည်သူလူထုကို စော်ကား
သလို ဖြစ်နေရင် လွှတ်တော်နဲ့ ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာ ကျဆင်း တယ်နော် ပြေလည် အောင်မဖြေရှင်းဘဲ အတင်းကြီးကို အသိအမှတ်ပြု ခိုင်း နေပါလားဗျ။
ဦးကောင်းမွန်      ။     ကိုပြည့်စုံကလည်းဗျာ  အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍနဲ့   ဥပဒေပြုရေး
ကဏ္ဍ တွေမှာ အချင်းချင်းအပြန်အလှန် ထိန်းကျောင်းမှု  Check and Balance လုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ပြည်ထောင်စု အဆင့်ရမှ ဖြစ်မှာဗျ။ လွှတ်တော် ကိုယ်စားလှယ်တွေက အစိုးရကို ထိန်းကြောင်း ပေးရမယ်လေဗျာ၊ ပြည်ထောင်စုလွှတ်တော်အထက်မှာ မိုးကောင်ကင်ပဲ ရှိတယ်ဆိုပြီး ကန်ပက်လက် မဲဆန္ဒနယ်က သူရဦးအောင်ကို ကတောင် ပြည်သူ့ လွှတ်တော်ကြီးထဲမှာ ဟစ်ကြွေး ခဲ့တာကို ကြားခဲ့ရသေးတယ်။
ဦးပြည့်စုံ            ။     အော်သူက ဒီလိုဘဲပြောခဲ့သလား၊ အေးပေါ့ဗျာ သူက စစ်သားကလာပြီး
ရုတ်တရက် အမတ်ထဖြစ်တဲ့လူဆိုတော့ ဥပဒေကိုနားမလည် ပါးမလည် သူထင်တာကိုဘဲ ပြောမှာပေါ့၊ တကယ်တော့ လွှတ်တော်တွေဆိုတာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာရတာဘဲဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းဘဲ ဥပဒေ ပြုကြရမှာဘဲဖြစ်တယ်၊ ဒါ့အပြင် ဒီမိုကရေစီ ကျင့်စဉ်နဲ့ နိုင်ငံသစ်ကို တကယ်တည်ဆောက်မယ်ဆိုရင်တော့  ပြည်သူကို ကိုယ်စားပြုတဲ့၊ ပြည်သူကိုအကျိုးပြုတဲ့ ကိုယ်စားလှယ် ဖြစ်ဖို့လိုတာပေါ့ဗျာ။ လွှတ်တော်ထဲမှာလက်သင့်ရာတွေ အုပ်စုဖွဲ့ ညီညွတ်ကြောင်းပြဖို့ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းပြီး အင်အားပြတဲ့ဒီမို ကရေစီ အနိုင်ကျင့်မှုတွေ မဖြ စ်အောင် ရှောင်ကျဉ်ဖို့လည်း လိုပါတယ်။
ဦးကောင်းမွန်      ။     ကိုပြည့်စုံ ခင်ဗျားလည်း နိုင်ငံရေးတွေ၊ အခြေခံဥပဒေတွေ ပုဒ်မတွေ တော်တော်
နားလည်နေပါလားဗျာ၊ စိတ်ဝင်စားနေပြီထင်တယ်။
ဦးပြည့်စုံ            ။     တော်စမ်းပါဗျာ လွှတ်တော်ထဲမှာ အစီအစဉ်ပြီးကာနီး အရေးကြီးအဆို တင်သွင်း
ရာ ရှိတယ်ဆိုလို့ ဘာများလည်းလို့ စိတ်ဝင်စားပြီး နားထောင်လိုက်ေ တာ့လည်း ပြည်သူ အတွက်လည်းမဟုတ်၊ နိုင်ငံအတွက်လည်း မဟုတ် ဖြစ်နေတာတွေ့တော့ ရင်နာတယ်ဗျာ။ ဒါပေမဲ့ လွှတ်တော်ထဲမှာ ဆရာတပည့်တွေ အတိုင်အဖောက် ညီညီနဲ့ တင်ပြနေကြတာ တော့ ဇာတ်တိုက် ထားသလားအောက်မေ့ရတယ်ဗျ။
ဦးကောင်းမွန်      ။     ဒီလိုဗျ ကိုပြည့်စုံရ တချို့လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပါတီမတူ၊ နိုင်ငံရေး
ခံယူချက် အမြင်မတူတာတွေဘေးချိတ်ပြီး တိုင်းပြည်အတွက် လုပ်ကြမယ်လို့ အသံကောင်း ဟစ်ပေမဲ့ ကိုယ်ကျိုးစီးပွားတူတော့လည်း ညီညွတ်ကြတာပါ။
ဦးပြည့်စုံ            ။     ဟုတ်ကော ဟုတ်ရဲ့လား ကိုကောင်းမွန်ရာ။
ဦးကောင်းမွန်      ။     မယုံမရှိနဲ့ တချို့အစိုးရ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေကို လွှတ်တော်
ကိုယ်စားလှယ်တွေက ပြည်ထောင်စုအဆင့် မဖြစ်ခင်ထဲက လှန်ကိုမလှန်ရဲအောင်
တစ်ယောက်နဲ့ တစ်ယောက်ရှယ်ပြီး တွယ်လိုက်ကြတာ တကယ့်မဟာမိတ်
ဝင်ရိုးတန်းလိုတောင် ဖြစ်နေပြီဗျ။
ဦးပြည့်စုံ            ။     ဟေ့လူ ကိုကောင်းမွန် ခင်ဗျားတို့တွေ လွှတ်တော်ထဲမှာကြတော့ ကျေးဇူးရှင်
တောင်သူ လယ်သမားကြီးများတို့ သန်း(၆ဝ)သော ပြည်သူအကျိုး တို့ဆိုပြီး ကျွေးကြော်နေကြတာ တကယ်မဟုတ်ပဲ အာဏာရှင်ဖွဲ့နေကြပါလားဗျ။
ဦးကောင်းမွန်      ။     ဒါတင် ဘယ်ကမလဲဗျာ အင်အားမရှိတဲ့ ပါတီငယ်လေးတွေထဲက ကိုယ်စားလှယ်
တွေဆို လှုပ်တောင်မလှုပ်ရဲကြဘူး သူတို့ခဗျာလည်း အသုံးချခံတွေပဲ ဖြစ်မလား မသိဘူးဗျာ။
ဦးပြည့်စုံ            ။     အေးဗျာ ခင်ဗျားတို့ လွှတ်တော်ကိုယ်စားလှယ်တွေ စဖြစ်တော့ အခြေခံဥပဒေကို
ကာကွယ်စောင့်ရှောက်ပါမယ်လို့ ပြောပြီး ကျမ်းသစ္စာ ပြုကြတယ်မို့လား အဲဒါတောင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ဆုံးဖြတ်ချက်ကျတော့ လက်မခံဘူးဖြစ်နေပါလားဗျ။
ဦးကောင်းမွန်      ။     အဲဒါက ဒီလိုရှိတယ်ဗျ တချို့ကိုယ်စားလှယ်တွေဆို ဖွဲ့စည်းပုံအခြေခံ ဥပဒေ
စာအုပ်ကို ဟိုလှန်ဒီလှန် အဆင့်ပဲရှိတာ သေချာမသိကြသေးဘူးဗျ အခု ခုံရုံးကိစ္စက လည်း လျှပ်တပြတ် အတင်းအဓမ္မကို ကြုံးသွင်းခံလိုက်ရတဲ့ ဆင်လို ဖြစ်နေတာဗျ။
ဦးပြည့်စုံ            ။     ကိုကောင်းမွန်ရေ အချိန်လည်းတော်တော်ကြာသွားပြီ ခင်ဗျားပြောတော့မှပဲ
လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်ထောင်စုအဆင့်ကနေ ဆင်တွေ ဖြစ် ကုန်ပြီ နောက်တစ်ခါ ဆုံမှပဲ ထပ်ဆွေးနွေးတာပေါ့ဗျာ သွားပြီဗျို့။
ဦးကောင်းမွန်      ။     ကောင်းပါပြီဗျာ ကောင်းပါပြီ နောက်တခါကျရင် ကျွန်တော်တို့လည်း ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပုဒ်မ ၃၃၄(က) အပိုဒ်ခွဲငယ်(၅)အရ ဘယ်သူ့ကိုစွပ်စွဲပြစ်တင်ရမလဲ
လို့ထပ်ပြီး စဉ်းစားရဦးမယ်ဗျာ။
From -အေမ့အိမ္ဘေလာ့ 

ကိတ်မစ်ဒယ်လ်တန်၏ အပေါ်ပိုင်းဗလာကျင်းပုံများ ပုံနှိပ်ထုတ်ဝေမည်ဟုဆို

Posted by drmyochit Saturday, September 15, 2012, under | No comments


From : planet

ဗြိတိသျှ တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်လ်တန်၏ အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများကို မိမိတို့ လက်ဝယ် 
ပိုင်ဆိုင်ပြီး ပုံနှိပ်ထုတ်ဝေမည်ဆိုသော ပြင်သစ် မဂ္ဂဇင်း တစ်စောင်၏ ကြေညာချက်ကြောင့် တော်ဝင် နန်းတော် မိသားစု ခေါင်းကျိန်းနေရသည်။
ဗြိတိသျှ တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်လ်တန်၏ အပေါ်ပိုင်း ဗလာကျင်း ဓာတ်ပုံများကို မိမိတို့ လက်ဝယ်ပိုင်ဆိုင်ပြီး ပုံနှိပ်ထုတ်ဝေမည်ဆိုသော ပြင်သစ် မဂ္ဂဇင်း တစ်စောင်၏ ကြေညာချက်ကြောင့် တော်ဝင်နန်းတော် မိသားစု ခေါင်းကျိန်းနေရသည်။ Closer မဂ္ဂဇင်းက ကိတ်တစ်ယောက် အပေါ်ပိုင်း ဗလာကျင်းလျှက် ရှိနေပုံကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့ပြီး ယင်းဓာတ်ပုံများကို ယနေ့ဖြန့်ချီမည်ဟု ပြောကြား ထားသည်။
Closer အယ်ဒီတာ အဖွဲ့က ထိုဓာတ်ပုံများကို ကိတ်သည် တည်းခိုခန်း တစ်ခု၏ လှေကားထစ်များတွင် ရှိနေစဉ်က ရိုက်ယူခဲ့ခြင်းဟု ကြေညာခဲ့သည်။ မဂ္ဂဇင်း၏ ထုတ်ဝေရေး အယ်ဒီတာ လောရင့်စ် ပီယေးက Twitterမှတစ်ဆင့် "Closerကို ထုတ်ဝေလိုက်ချိန်မှာ မင်းသားဟယ်ရီတော့ တစ်ယောက်တည်း မဟုတ်ဘူး လို့ ခံစားရမှာပေါ့"ဟု ရေးသားခဲ့သည်။ ကိတ်၏ ကြင်ယာတော် ဝီလျံ၏ ညီဖြစ်သူ ဟယ်ရီသည်လည်း ခန္ဓာကိုယ် ဗလာကျင်းဖြင့် ပါတီပွဲ ကျင်းပနေသည့် ဓာတ်ပုံများ ထွက်ပေါ်လာသဖြင့် အရှက်ကွဲခဲ့ ဖူးသည်။
ယခုဓာတ်ပုံကို အဝေးမှ လှမ်း၍ ရိုက်ယူခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်က ကိတ်နှင့် ဝီလျံတို့ ပြင်သစ်ရှိ သီးသန့်ဟိုတယ် တစ်ခုတွင် တည်းခိုနေစဉ် ချောင်းမြောင်းရိုက်ယူ ခံရခြင်းဟု ယူဆရသည်။ ကိတ်နှင့် ဝီလျံတို့သည် မွတ်ဆလင် နိုင်ငံတစ်ခုဖြစ်ပြီး ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို စည်းမျဉ်းတင်းကျပ် တားမြစ်လေ့ရှိသော မလေးရှား နိုင်ငံသို့ ရောက်ရှိနေစဉ် ထိုဓာတ်ပုံများကို အချိန်ကိုက် ဖြန့်ဝေရန် Closer က စီစဉ်ခဲ့ခြင်း ဖြစ်သည်။




အရပ်ဘက်ပစ်မှတ်များကို ရွေးချယ်တိုက်ခိုက်နေသော KIA ကို ကချင်ပြည်သူလူထုမှ အမြစ်ဖြတ် ချေမှုန်း ပေးရန် တောင်းဆို တော့မည်

Posted by drmyochit Saturday, September 15, 2012, under | No comments

KIA ကချင် လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ ကချင်ပြည်နယ် အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ ကောင်းကျိုး စီးပွားကို လျစ်လျူရှုပြီး ကားလမ်း၊ ရထားလမ်း တွေမိုင်းထောင် ဖောက်ခွဲ ဖျက်ဆီး နေပါတယ်။ အခုရက်ပိုင်း အတွင်းမှာ နေ့စဉ် ဆိုသလို ဖျက်ဆီးမှုတွေ လုပ်ဆောင် နေရာမှာမေလ ၂ ရက်နေ့ မနက်၂နာရီခွဲမှာ မန္တလေး-မြစ်ကြီးနား ရထားလမ်း ပြည်ထောင်ဘူတာ နဲ့ မလိခဘူတာ အကြားမှာ မိုင်းဖောက်ခွဲခဲ့ပါတယ်။ အဲဒီနေ့ မနက်မှာပဲ ၀ိုင်းမော် ဆဒုံး-ကန်ပိုက်တီး လမ်းမှာရှိတဲ့ လန်န ခုနစ်ရောင်ခြယ် သံကူကျွန်ကရစ်တံတား၊ မြစ်ကြီးနား-တနိုင်းကားလမ်း ၀ရာဇွတ်ရွာအနီး သံပေါင် ဘေလီ တံတား၊ မြစ်ကြီးနား- ချီဖွေလမ်းမှာရှိတဲ့ ဒွန်ဘန်တံတားတွေ မိုင်းထောင်ဖျက်ဆီးခဲ့ပါတယ်။ ဒီလိုမျိုး မိုင်းထောင် ဖောက်ခွဲလို့ ရထား လမ်းတွေ ပျက်စီးသွားပြီး ပြည်သူတွေ လမ်းပန်းဆက်သွယ်ရေးမှာ အလွန်ပဲဒုက္ခရောက်သွားကြပါတယ်။ KIAရဲ့ အဖျက် လုပ်ရပ်တွေ ကြောင့် ပြည်သူတွေအနေနဲ့ ကချင်တပ်ဖွဲ့(KIA) အပေါ်မှာ နာကျည်း မုန်းတီး မှုတွေ များလာပြီး စိုးရိမ် ပူပန်လျက် ရှိနေကြပါ တယ်။
KIA ဟာ ကချင်ပြည်သူတွေအတွက် တိုက်ပွဲဝင် နေပါတယ်လို့ အသံကောင်း ဟစ်ကြွေး နေပေမဲ့ လက်တွေ့မှာတော့ လူထုတွေ ဒုက္ခရောက်အောင်လုပ်နေပါတယ်။ စစ်တပ်နဲ့မသက်ဆိုင်တဲ့ အရပ်သားတွေ နေထိုင်သွား လာတဲ့ နေရာတွေ ရွေးချယ် တိုက်ခိုက်နေပါတယ်။ လူစုလူဝေးရှိနေတဲ့နေရာ၊ ဈေး၊ ကျောင်း၊ ကားဂိတ်နဲ့ ဘာသာရေး အဆောက်အဦး တွေမှာမိုင်းထောင် ဖောက်ခွဲဖျက်ဆီးမှုတွေ၊ ရထားလမ်း၊ ကားလမ်း၊ တံတားတွေကို အင်အား အလွန်ပြင်းတဲ့ မိုင်းတွေနဲ့ ဖောက်ခွဲနေတာ တွေဟာ ကချင်ပြည်နယ်ကို မပျက် ပျက်အောင် ဖျက်ဆီး နေတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တွေတုန်းကပုံစံမျိုး အသက်ရှင် ဖို့ထက် သေဖို့မျှော်လင့်ပြီး ထမင်းစားနေကြရသလိုပါပဲ။ ဒီခြားထဲမှာ အဆိုးဆုံးကတော့KIA တပ်ဖွဲ့တွေဟာ ကချင်ပြည်နယ် မှာရှိတဲ့ ရှမ်းလူမျိုးတွေ၊ ဗမာလူမျိုးတွေဆို ပိုပြီး ဖိနှိပ်နေပါတယ်။ ရှမ်းနဲ့ဗမာ အမျိုးသမီးငယ်ငယ်ရွယ်ရွယ် လေးတွေတွေ့ရင် အငမ်းမရ ဖမ်းဆီးပြီး လိုင်ဇာဌာနချုပ်ကနေတစ်ဆင့် တစ်ဖက်နိုင်ငံထဲရောင်းစားနေပါတယ်။ အသက် ၁၅နှစ် ကနေ၃၀ အတွင်းရှိတဲ့ ယောကျာ်းလေး တွေကိုတော့ KIA စခန်းတွေမှာ ခေါ်ထားပြီး စစ်တိုက်ခိုင်းနေပါတယ်။ KIA ကချင် လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဖားကန့်ဒေသမှာ ကျောက်လုပ်ကွက်တစ်ဧကကို သိန်း(၅၀) ကောက်ခံနေတဲ့အတွက် လုပ် ငန်းရှင်တွေအဖို့ KIA ကို လုပ်ကျွေးနေရသလိုဖြစ်နေကြပါတယ်။ လူသစ်စုဆောင်းတဲ့ အခါမှာလဲ ထင်သလောက်မရရှိတဲ့ အတွက် ကားလမ်း၊ရထားလမ်းတွေပိတ်ပြီးတွေ့တဲ့သူ အကုန်ဖမ်းခေါ်နေတာကြောင့် ခရီးသွားတဲ့အရေအတွက် လျော့နည်း လာနေပါတယ်။ဒါကြောင့်မို့ ကချင်ပြည်နယ်အတွင်းမှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ လာတာနဲ့ အတူ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေပါတယ်။ ကချင်အထူးဒေသ(၁)ကိုKIA အဖွဲ့ သွားရောက် တိုက်ခိုက် တဲ့ရ လဒ်ကလဲ အခုအခါမှာ စစ်ဘေးဒုက္ခ သည်တွေ ပိုမိုတိုးပွားလာပါတယ်။ ဒီတိုက်ပွဲမှာလဲ ထင်သလောက် အောင်မြင်မှု မရတဲ့အတွက် ဒုတိယအကြိမ်ထပ်မံတိုက် ခိုက်ဖို့ပြင်ဆင်နေပါတယ်။



လက်ရှိအခြေအနေမှာတော့ KIA ဟာ ကချင်ပြည်နယ်အတွင်းမှာ ပွဲမဆူ ဆူအောင်လုပ်နေသလိုမျိုး ဖြစ်နေ ပါတယ်။ အမှတ် (၁၀၀၂)နယ်ခြားစောင့်တပ်ဌာနချုပ်ကိုလဲတိုက်ခိုက်နေတယ်။ အရပ်သားတွေ၊၀န်ထမ်းတွေ (အပြစ်မဲ့ ပြည်သူတွေ) အပေါ်မှာလဲ လက်နက်အားကိုးနဲ့ ပစ်ခတ်သတ်ဖြတ်နေတယ်။ရထား လမ်း ဆိုတာ ကတော့ KIA တွေရဲ့ မိုင်းပစ်ကွင်း လို့ပြောနိုင်လောက်အောင် နေ့စဉ်လိုလို ဖျက်ဆီးပစ်နေတယ်။ ကချင် ပြည်နယ်မှာတော့ KIAဟာအနိဌာရုံတွေချည်းပဲ အမွေ ပေးနေပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်မှာ ရှိတဲ့ ပြည်သူတွေ အားလုံး က နိုင်ငံတော် သမ္မတထံ စာရေးတိုင် ကြားဖို့ ပြင်ဆင်နေကြပါတယ်။ နိုင်ငံတော် သမ္မတရဲ့အလျော့ပေးမှု အပေါ်မှာ KIA ရဲ့ တဖက်သတ်လုပ်ရပ်တွေကြောင့် (ဖြစ်နိုင်မယ်ဆိုရင်) အစိုးရ တပ်တွေ အနေနဲ့ KIA ကို အမြတ်ပြတ် ချေမှုန်းပေးဖို့ တောင်းဆို တော့မယ်လို့ သိရှိရပါတယ်။

အရပ်ဘက်ပစ်မှတ်များကို ရွေးချယ်တိုက်ခိုက်နေသော KIA ကို ကချင်ပြည်သူလူထုမှ အမြစ်ဖြတ် ချေမှုန်း ပေးရန် တောင်းဆို တော့မည်

Posted by drmyochit Saturday, September 15, 2012, under | No comments

KIA ကချင် လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ ကချင်ပြည်နယ် အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ ကောင်းကျိုး စီးပွားကို လျစ်လျူရှုပြီး ကားလမ်း၊ ရထားလမ်း တွေမိုင်းထောင် ဖောက်ခွဲ ဖျက်ဆီး နေပါတယ်။ အခုရက်ပိုင်း အတွင်းမှာ နေ့စဉ် ဆိုသလို ဖျက်ဆီးမှုတွေ လုပ်ဆောင် နေရာမှာမေလ ၂ ရက်နေ့ မနက်၂နာရီခွဲမှာ မန္တလေး-မြစ်ကြီးနား ရထားလမ်း ပြည်ထောင်ဘူတာ နဲ့ မလိခဘူတာ အကြားမှာ မိုင်းဖောက်ခွဲခဲ့ပါတယ်။ အဲဒီနေ့ မနက်မှာပဲ ၀ိုင်းမော် ဆဒုံး-ကန်ပိုက်တီး လမ်းမှာရှိတဲ့ လန်န ခုနစ်ရောင်ခြယ် သံကူကျွန်ကရစ်တံတား၊ မြစ်ကြီးနား-တနိုင်းကားလမ်း ၀ရာဇွတ်ရွာအနီး သံပေါင် ဘေလီ တံတား၊ မြစ်ကြီးနား- ချီဖွေလမ်းမှာရှိတဲ့ ဒွန်ဘန်တံတားတွေ မိုင်းထောင်ဖျက်ဆီးခဲ့ပါတယ်။ ဒီလိုမျိုး မိုင်းထောင် ဖောက်ခွဲလို့ ရထား လမ်းတွေ ပျက်စီးသွားပြီး ပြည်သူတွေ လမ်းပန်းဆက်သွယ်ရေးမှာ အလွန်ပဲဒုက္ခရောက်သွားကြပါတယ်။ KIAရဲ့ အဖျက် လုပ်ရပ်တွေ ကြောင့် ပြည်သူတွေအနေနဲ့ ကချင်တပ်ဖွဲ့(KIA) အပေါ်မှာ နာကျည်း မုန်းတီး မှုတွေ များလာပြီး စိုးရိမ် ပူပန်လျက် ရှိနေကြပါ တယ်။
KIA ဟာ ကချင်ပြည်သူတွေအတွက် တိုက်ပွဲဝင် နေပါတယ်လို့ အသံကောင်း ဟစ်ကြွေး နေပေမဲ့ လက်တွေ့မှာတော့ လူထုတွေ ဒုက္ခရောက်အောင်လုပ်နေပါတယ်။ စစ်တပ်နဲ့မသက်ဆိုင်တဲ့ အရပ်သားတွေ နေထိုင်သွား လာတဲ့ နေရာတွေ ရွေးချယ် တိုက်ခိုက်နေပါတယ်။ လူစုလူဝေးရှိနေတဲ့နေရာ၊ ဈေး၊ ကျောင်း၊ ကားဂိတ်နဲ့ ဘာသာရေး အဆောက်အဦး တွေမှာမိုင်းထောင် ဖောက်ခွဲဖျက်ဆီးမှုတွေ၊ ရထားလမ်း၊ ကားလမ်း၊ တံတားတွေကို အင်အား အလွန်ပြင်းတဲ့ မိုင်းတွေနဲ့ ဖောက်ခွဲနေတာ တွေဟာ ကချင်ပြည်နယ်ကို မပျက် ပျက်အောင် ဖျက်ဆီး နေတာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တွေတုန်းကပုံစံမျိုး အသက်ရှင် ဖို့ထက် သေဖို့မျှော်လင့်ပြီး ထမင်းစားနေကြရသလိုပါပဲ။ ဒီခြားထဲမှာ အဆိုးဆုံးကတော့KIA တပ်ဖွဲ့တွေဟာ ကချင်ပြည်နယ် မှာရှိတဲ့ ရှမ်းလူမျိုးတွေ၊ ဗမာလူမျိုးတွေဆို ပိုပြီး ဖိနှိပ်နေပါတယ်။ ရှမ်းနဲ့ဗမာ အမျိုးသမီးငယ်ငယ်ရွယ်ရွယ် လေးတွေတွေ့ရင် အငမ်းမရ ဖမ်းဆီးပြီး လိုင်ဇာဌာနချုပ်ကနေတစ်ဆင့် တစ်ဖက်နိုင်ငံထဲရောင်းစားနေပါတယ်။ အသက် ၁၅နှစ် ကနေ၃၀ အတွင်းရှိတဲ့ ယောကျာ်းလေး တွေကိုတော့ KIA စခန်းတွေမှာ ခေါ်ထားပြီး စစ်တိုက်ခိုင်းနေပါတယ်။ KIA ကချင် လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ဖားကန့်ဒေသမှာ ကျောက်လုပ်ကွက်တစ်ဧကကို သိန်း(၅၀) ကောက်ခံနေတဲ့အတွက် လုပ် ငန်းရှင်တွေအဖို့ KIA ကို လုပ်ကျွေးနေရသလိုဖြစ်နေကြပါတယ်။ လူသစ်စုဆောင်းတဲ့ အခါမှာလဲ ထင်သလောက်မရရှိတဲ့ အတွက် ကားလမ်း၊ရထားလမ်းတွေပိတ်ပြီးတွေ့တဲ့သူ အကုန်ဖမ်းခေါ်နေတာကြောင့် ခရီးသွားတဲ့အရေအတွက် လျော့နည်း လာနေပါတယ်။ဒါကြောင့်မို့ ကချင်ပြည်နယ်အတွင်းမှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ လာတာနဲ့ အတူ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေပါတယ်။ ကချင်အထူးဒေသ(၁)ကိုKIA အဖွဲ့ သွားရောက် တိုက်ခိုက် တဲ့ရ လဒ်ကလဲ အခုအခါမှာ စစ်ဘေးဒုက္ခ သည်တွေ ပိုမိုတိုးပွားလာပါတယ်။ ဒီတိုက်ပွဲမှာလဲ ထင်သလောက် အောင်မြင်မှု မရတဲ့အတွက် ဒုတိယအကြိမ်ထပ်မံတိုက် ခိုက်ဖို့ပြင်ဆင်နေပါတယ်။



လက်ရှိအခြေအနေမှာတော့ KIA ဟာ ကချင်ပြည်နယ်အတွင်းမှာ ပွဲမဆူ ဆူအောင်လုပ်နေသလိုမျိုး ဖြစ်နေ ပါတယ်။ အမှတ် (၁၀၀၂)နယ်ခြားစောင့်တပ်ဌာနချုပ်ကိုလဲတိုက်ခိုက်နေတယ်။ အရပ်သားတွေ၊၀န်ထမ်းတွေ (အပြစ်မဲ့ ပြည်သူတွေ) အပေါ်မှာလဲ လက်နက်အားကိုးနဲ့ ပစ်ခတ်သတ်ဖြတ်နေတယ်။ရထား လမ်း ဆိုတာ ကတော့ KIA တွေရဲ့ မိုင်းပစ်ကွင်း လို့ပြောနိုင်လောက်အောင် နေ့စဉ်လိုလို ဖျက်ဆီးပစ်နေတယ်။ ကချင် ပြည်နယ်မှာတော့ KIAဟာအနိဌာရုံတွေချည်းပဲ အမွေ ပေးနေပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်မှာ ရှိတဲ့ ပြည်သူတွေ အားလုံး က နိုင်ငံတော် သမ္မတထံ စာရေးတိုင် ကြားဖို့ ပြင်ဆင်နေကြပါတယ်။ နိုင်ငံတော် သမ္မတရဲ့အလျော့ပေးမှု အပေါ်မှာ KIA ရဲ့ တဖက်သတ်လုပ်ရပ်တွေကြောင့် (ဖြစ်နိုင်မယ်ဆိုရင်) အစိုးရ တပ်တွေ အနေနဲ့ KIA ကို အမြတ်ပြတ် ချေမှုန်းပေးဖို့ တောင်းဆို တော့မယ်လို့ သိရှိရပါတယ်။

KIA ( ကချင် ) သောင်းကျန်းသူအဖွဲ့ မှ မိုင်ထောင်ဖောက်ခွဲယုံသာ မကပဲ ပြည်သူများ ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်လာ

Posted by drmyochit Saturday, September 15, 2012, under | No comments


နိုင်ငံတော် အစိုးရသည် ပြည်သူလူထု လွယ်ကူချောမွေ့ စွာ ဆက်သွယ် သွားလာနိုင်ရေး အတွက် လမ်းတံတားများအား ဘဏ္ဍာငွေ မြောက်များစွာ ကုန်ကျခံ၍ ဖောက်လုပ်ပေးလျှက် ရှိသော်လည်း KIA ( ကချင် ) သောင်းကျန်းသူအဖွဲ့ အနေနှင့် လမ်းတံတားများအား စဉ်ဆက်မပြတ် မိုင်းထောင် ဖောက်ခွဲ ဖျက်စီး နေပါတယ် ။

ဧပြီလ ၂၉ ရက် နံနက် နံနက် ၁ နာရီခန့် က မြစ်ကြီးနား-နန့် စီးအောင် ရထားလမ်း မော်ဟန်ဘူတာ အနီးမှာ ရှိတဲ့ တံတားအား KIA အကြမ်းဖျက်သောင်းကျန်းသူ အဖွဲ့ မှ ရထားဖြတ်သန်း နေစဉ်မှာ မိုင်းခွဲ ဖျက်စီးခဲ့ပါတယ် ။ KIA ရဲ့  လုပ်ဆောင်ချက်တွေဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့ အသွင်မဆောင်ပဲ သောင်းကျန်းသူ အသွင်ကို ဆောင်လာပြီ ဖြစ်ပါတယ် .. 
KIA ရဲ့ အခုလို ပြည်သူတွေ သွားလာမှုခက်ခဲစေရန် မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပြည့်သူ့ ဘဏ္ဍာဖြင့် ကချင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေရန် တည်ဆောက်ထားတဲ့ လမ်းတံတားများ ပျက်စီး ဆုံးရှုံး ရသလို အပြစ်မဲ့တဲ့ ပြည်သူတွေလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြပါတယ် .. ဧပြီလ ၂၉ ရက်နေ့ က ရထားလမ်းပေါ်တွင် ရထားဖြတ်သန်း နေစဉ် မိုင်းဖောက်ခွဲမှုကြောင်းလည်း ဦးမျိုးမြင့်ထိုက်သည် ဘယ်ဘက်ခြေထောက် ကျိုးသွားပြီး ဆရာတော် ရှင်စန္နောဘာသ သည် ခြေချင်းဝတ် ပြတ်ရှ ဒဏ်ရာ ရရှိခဲ့ပါတယ် .. 

ဒါကြောင့် ကေအိုင်အေ အနေနဲ့ ကိုယ့်လူမျိုး ကိုယ့်ပြည်နယ် အတွက် တိုက်ပွဲဝင်နေပါတယ်လို့  အသံကောင်းဟစ်ပြီး ကိုယ့်လူမျိုးအချင်းချင်း ပြန်သတ် ထိခိုက်ဒဏ်ရာရအောင်လုပ် ဒေသဖွံ့ ဖြိုးရေး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့ အတွက် တည်ဆောက်ထားတဲ့ လမ်းတံတားတွေကို ဖျက်စီးနေတာဟာ ကချင်လူမျိုးအတွက်လား ၊ ကချင်ပြည်နယ်အတွက်လား KIA ခေါင်းဆောင်ပိုင်းတွေ အာဏာတည်မြဲဖို့ လားဆိုတာတော့ စဉ်းစားဖို့  လိုနေပါပြီ .....

ကိုရီးယားခရီးသွား အမျိုးသမီးတစ်ဦး လေကြောင်းဝန်ထမ်း မြန်မာအမျိုးသားကို လည်ပင်းညှစ်

Posted by drmyochit Saturday, September 15, 2012, under | No comments



From:ဂျောက်ဂျက်

ကိုရီးယား နိုင်ငံသား ကမ္ဘာလှည့် ခရီးသွား အမျိုးသမီးကြီး တစ်ဦးက Air Asia လေကြောင်းမှ မြန်မာ ၀န်ထမ်း အမျိုးသား တစ်ဦးအား လည်ပင်းညှစ် သည့်ဖြစ်ရပ် တစ်ခု မတ် ၄ ရက်က ရန်ကုန် လေဆိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“မတ် ၂၀ ရက် ပြန်မယ့် လက်မှတ်ကို စောပြီး ပြန်ချင်တာ ခရီးသည်က ပြည့်နေတော့ မလွယ်ဘူး။ စောင့်နေ ရတာ ကြာတယ် ဆိုပြီး လည်ပင်း ညှစ်တာ”ဟု အဆိုပါ လေကြောင်း လိုင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ထိုကဲ့သို့ လည်ပင်း ညှစ်သော အမျိုးသမီး ကြီးမှာ အသက် ၇၈ နှစ်ရှိပြီး ပြန်လည် တောင်းပန် သောကြောင့် အညှစ် ခံရသည့် ၀န်ထမ်းက အမှု မဖွင့် တော့ကြောင်း အဆိုပါ လေကြောင်း လိုင်းမှ တာဝန် ရှိသူ ကပြောသည်။ မကြာ သေးမီက ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် လာရောက် တည်းခိုသည့် ဂျပန်နိုင်ငံသားတစ်ဦးကလည်း ဟိုတယ် ၀န်ထမ်း အမျိုးသမီး တစ်ဦးအား ပါးရိုက်သဖြင့် အမှု ဖြစ်ပွား လျက်ရှိသည်။ ယခုနှစ်တွင် ကမ္ဘာလှည ခရီးသည် ၀င်ရောက်မှု များ၍ ၀န်ထမ်းများ၏ ၀န်ဆောင်မှုမှာလည်း ကျဆင်းလျက်ရှိကြောင်း လာရောက် တည်းခိုသူအချို့က မှတ်ချက် ပြုကြသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်