Friday, September 14, 2012

ကျေးရွာထဲက အိမ်တွေမှာ ရွာသားအနေနဲ့ KIA အဖွဲ့မှ ၀င်ရောက်နေထိုင်

Posted by drmyochit Friday, September 14, 2012, under | No comments


 
အောင်မြင်သာကျေးရွာမှာရှိတဲ့ အိမ်တွေမှာ ဒေသခံရွာသား အယောင်ဆောင်ကာ စက်တင်ဘာလ(၉) ရက်နေ့က စပြီး KIA အဖွဲ့မှ အဖွဲ့ဝင်(၂၀)ခန့် လာရောက်ေ နထိုင်လျက် ရှိတယ်လို့ KDN သို့ ပြောလာခဲ့ ပါတယ်။ ဗမာအစိုးရ၏ ငြိမ်းချမ်းရေးေ ဖ်ာဆောင်ရေး အဖွဲ့ရဲ့ ကမ်းလှမ်းချက်တွေကို KIO ခေါင်းဆောင်ကြီးများ အနေဖြင့် အကြောင်း အမျိုးမျိုးပြကာ ရှောင်လွှဲ ခဲ့တဲ့ေ နာက်ပိုင်း မှစပြီး ဗမာစစ်တပ်တွေ ကချင်ပြည်နယ် အတွင်း ပိုက်စိပ် တိုက် ထိုးစစ်ဆင်နေမှုကြောင့် စခန်းငယ်များ အနေဖြင့် နေထိုင်ခြင်း မပြုနိုင်တော့ဘဲ တော ထဲမှာ သေနတ်တွေ ထားပြီး ယခုလို ရွာတွေမှာ ၀င်ရောက်နေထိုင်ကာ ဗမာစစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ကို စောင့်ကြည့်နေတာဘဲ ဖြစ် ပါတယ်။

``ရွာလူကြီးတွေကလည်း သူတို့လာနေတာကို မပြောရဲဘူးလေ သူတို့အုပ်ချုပ်တဲ့ နယ်မြေထဲမှာဆိုတော့ သူတို့ အလို လိုက်ရတာပေါ့ ရွာသားတွေကိုလည်း ဗမာစစ်တပ်တွေကို သတင်းသွားမပေးဖို့ မှာထားတယ်၊ သူတို့ဒီလို လာနေတာ ဗမာ စစ်တပ် တွေ သိသွားရင် တစ်ရွာလုံး မီးရှို့အသတ်ခံရမယ်လို့ ပြောထားတယ်။ 

သူတို့ စားဖို့ သောက်ဖို့ကို ရွာမှာရှိတဲ့ လူတွေအားလုံးစုပြီး တာဝန်ယူပေးရတယ်၊ ပိုက်ဆံလိုရင် ပိုက်ဆံပေါ့၊ တစ်ခါ တစ် လေ သူတို့အဖွဲ့တွေ မူးလာရင် ကျွဲတွေ နွားတွေ သေနတ်နဲ့ပစ်တာတို့ ရွာလူကြီးကို ခေါ်ခေါ် ပြီး နှိပ်စက် တာတွေ လုပ်တယ်´´ လို့ ကျေး ရွာ နေ ဒေသခံတစ်ဦးမှ ပြောပါတယ်။
  From -ကချင်နေ့စဉ်သတင်း

ငါးလအတွင်း မြန်မာနိုင်ငံတွင် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ခြောက်ဘီလီယံ ကျော်ရှိ

Posted by drmyochit Friday, September 14, 2012, under | No comments


ရန်ကုန် ၊ စက်တင်ဘာ ၁၁ ယခုနှစ် ဧပြီလမှ သြဂုတ်လ အတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၏တရားဝန် ထုတ်ပြန်ချက်များ အရ သိရသည်။ ယင်းကုန်သွယ်မှု၏ ပို့ကုန် ကဏ္ဍသည် အမေရိကန် ဒေါ်လာ ၃ ဒသမ ၂၃ ဘီယီယံ ရှိပြီး ၊ သွင်းကုန် ပမာဏသည် အမေရိကန် ဒေါ်လာ ၃ ဒသမ ၃၈ ဘီလီယံ ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ပို့ကုန်ကဏ္ဍ၏ အဓိကမှာ သဘာဝ ဓာတ်ငွေ့ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ကျော်ရှိပြီး ကျန်ပို့ကုန်များမှာ ပဲ နှင့် ကျောက်စိမ်းတို့ ဖြစ် ကြောင်း Asian Affairs သတင်းဌာနတွင် ဖော်ပြထားသည်။

၂၀၁၂-၂၀၁၃(ဇူလိုင်လအထိ) ခုနှစ်အတွက် ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၄ ဒသမ ၃၆ ဘီလီယံ ရှိပြီး ၊ ၂၀၁၁-၂၀၁၂ ခုနှစ်က ၁၈ ဒသမ ၁၇ ဘီလီယံထိ ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။
From -TheVoiceWeekly 

မြန်မာ့အလင်း သတင်းစာ ကို ရောင်စုံစာမျက်နှာ များဖြင့် အောက်တိုဘာ ၁ နေ့ စတင် ထုတ်ဝေမည်

Posted by drmyochit Friday, September 14, 2012, under | No comments


ပြန့်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေတဲ့ မြန်မာ့အလင်း သတင်းစာကို အောက်တိုဘာ ရက်နေ့မှစတင်ပြီး အဖြူအမည်းနဲ့ မဟုတ်တော့ဘဲ ရောင်စုံစာမျက်နှာ တွေနဲ့ ထုတ်ဝေသွားဖို့ ရှိနေပါတယ်။ မြန်မာ့အလင်း သတင်းစာရဲ့ စာမျက်နှာ ၁၆ မျက်နှာကို ရောင်စုံကာလာနဲ့ ပုံနှိပ် ထုတ်ဝေသွားမှာဖြစ်ပြီး ကြော်ငြာလေးမျက်နှာကို အဖြူအမည်းနဲ့ ထုတ်ဝေသွားမှာ လဲဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းက ကြေးမုံ၊ မြန်မာ့အလင်း၊ The New Light of Myanmar စတဲ့ နေ့စဉ်ထုတ် သတင်းစာတွေကို ထုတ်ဝေနေတာဖြစ်ပြီး ကြေးမုံနဲ့ The New Light of Myanmar တို့ကိုလည်း မကြာခင်မှာ ရောင်စုံအဖြစ် ထုတ်ဝေဖို့ရှိနေတာလဲဖြစ်ပါတယ
From -DVB 

ရခိုင် စုံစမ်းရေးကော်မရှင်အဖွဲ့တွင် ပါဝင်သူဘင်္ဂလီခေါင်း ဆောင်များ ဘက်လိုက်မှု့ ရှိဟု ဝေဖန်နေ

Posted by drmyochit Friday, September 14, 2012, under | No comments



စုံစမ်းရေးကော်မရှင်အဖွဲ့တွင် ပါဝင်သူများအနေဖြင့် စည်းကမ်းကိုလိုက်နာမှု မရှိကြောင်းနှင့် ဘက်လိုက်စွာ ဆွေးနွေး မှုများရှိနေကြောင်းနှင့် ဘင်္ဂလီခေါင်း ဆောင်များအနေဖြင့် ထိုသို့လုပ်ကိုင်နေမှုများရှိကြောင်း အဖွဲ့ဝင် အချို့မှ သုံးသပ် ပြောဆိုမှုများရှိလာခဲ့ပြီဖြစ်ကြောင်းသိရှိရပါသည်။ဘင်္ဂလီများသည်သီးခြားစီစဉ်ထားသောလူများကိုသာမေးခြင်းများပြုလုပ်ပြီး  ရခိုင်များကိုမေးရာတွင်တွေ့ရာ လူကိုကောက်မေးခြင်းမျာနေကြောင်းသိရသည်။
From -Rakhine Straight Views facebook

"" ဒုံးလက်နက်ဝယ်ယူရန် ရုရှားသို့ စေလွှတ် ပြီ""

Posted by drmyochit Friday, September 14, 2012, under | No comments


 
ရုရှားနိုင်ငံမှ ဒုံးလက်နက်ဝယ်ယူရန်အတွက်ကကဝယ် မှဗိုလ်ချုပ်ဇာနည်ဝင်းအား မြန်မာ့ကာကွယ်ရေးက စေလွှတ်ထားကြောင်း သံတမန် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ဗိုလ်ချုပ်ဇာနည်ဝင်းက ကကဝယ် ကလေ။ ကာကွယ်ရေး လက် နက်ဝယ်ယူရေးဌာနက အကြီးအကဲပေါ့။ ဩဂတ်စ် ၂၂ ရက်တုန်းက စေလွှတ်တယ်” -ဟု အဆိုပါ သံတမန်တဦးက ပြောပါ သည်။အဆိုပါ ဝယ်ယူမည့် ဒုံးလက်နက်များအား မည်သည့်အမျိုးအစားဝယ်ယူမည်ကိုမသိသော်ငြားလည်း () လတကြိမ် ရုရှားမှသယ်ယူရန် လေယာဉ်စေလွှတ်မည်ဖြစ်ကြောင်းလည်း ပြောပါသည်။
အဲဒီလက်နက်တွေ ဘယ်နိုင်ငံခြားတိုင်းပြည်နဲ့ စစ်ဖြစ်မှာလဲ။ တိုင်းရင်းသားတွေကိုဘဲ ပစ်မှာပေါ့ အရင်တုန်း က ဗမာပြည် ကွန်မြူနစ်ပါတီကိုဘဲတိုက်ရတာ။ မော်စီတုန်းမရှိတဲ့နောက်ပိုင်း နိုင်ငံခြားထောက်ပံ့တဲ့ လက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ဖို့လဲမရှိ တော့ဘူးဘဲ”- ဟု   ပြောပါသည်။မြန်မာအစိုးရသည် ရုရှားနိုင်ငံမှ MIG ဒုံးယာဉ် ၁၄ စီးကို ဝယ်ယူ ခဲ့ပြီြး ဖစ်သည်။

သမ္မတကြီး ဦးသိန်းစိန်ကလည်း  ယခုနှစ်ဧပြီလ ကရင်အမျိုးသား အစည်းအရုံးKNU နှင့်တွေ့ဆုံဆွေးနွေးစဉ် -“ ကျနော် တို့အချင်းချင်းတွေ တိုက်ခိုက်သတ်ဖြတ်နေကြတယ်။ကရင်စစ်သား တစ်ယောက်သေတာ ကိုယ့်နိုင်ငံ သားတစ် ယောက်ဆုံး ရှုံးတာဘဲ၊ဗမာစစ်သား တစ်ယောက်သေတာ ကိုယ်နိုင်ငံသားတစ်ယောက် ဆုံးရှုံး ရသ လိုဘဲ၊အလားတူဘဲ သျှမ်းလည်းဒီအတိုင်းဘဲ၊ ကချင်လည်း ဒီအတိုင်းဘဲ၊မွန်လည်း ဒီအတိုင်းဘဲ။  ပြောကြစတမ်းဆိုရင်တော့ ဒီဆုံးရှုံးတာတွေက အမှန်တော့ နိုင်ငံ အတွက်ဆုံးရှုံးတာဘဲ။ ဒီဆုံးရှုံးမှုတွေကိုပြန်ပြီးတော့ ကျနော်တို့ နောင်တရဖို့ ကောင်းပြီဟုပြော ကြားခဲ့သည်။

သို့သော် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည်  စစ်တပ်အပေါ်ညွှန်ကြားခွင့်မရှိ အရေးအကြောင်းရှိပါက စစ်တပ်နှင့် ကာလုံဟုအများက သိကြသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၌ သာတင်ပြညှိ နှိုင်းပိုင် ခွင့်ရှိသည်ဟု ဥပ ဒေကျွမ်းကျင်သူများကဆိုပါသည်။မြန်မာ့တပ်မတော်တွင် ဒုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး (ကကဒုံး) လက်အောက်ခံ ဒုံးတပ်ရင်း ၁၀ ရင်း ရှိရာ သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ တွင် တရင်းနှင့် သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံတွင် တပ်ရင်းတရင်းရှိ သည်ဟု NDD မှတ်တမ်းတင်ဌာနမှ ထုတ်ဝေသော စာအုပ်တွင်ဖော်ပြထားသည်။
သျှမ်းသံတော်ဆင့် သတင်းဌာနမှကူယူးဖော်ပြသည်

""OIC လူသားချင်းစာနာမှုဆိုင်ရာရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည်""

Posted by drmyochit Friday, September 14, 2012, under | No comments


 
OIC လို့ခေါ်တဲ့ အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးရုံးဟာ လူသားချင်းစာနာမှုဆိုင်ရာ ရုံးတစ်ရုံး ဖွင့်လှစ်ဖို့ မြန်မာအစိုးရနဲ့ သဘောတူညီချက် လက်မှတ် ရေးထိုးလိုက်တဲ့အကြောင်း OIC သံအမတ် Tariq Bakheet က မနေ့က ကြေညာပါတယ်။
ကူဝိတ်နိုင်ငံမှာရှိတဲ့ OIC အထွေထွေ အတွင်းရေးမှူးရုံးမှာ ဗုဒ္ဓဟူးနေ့က လုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပြီး ရိုဟင်ဂျာ မူဆလင်တွေနဲ့ပတ်သက်လို့ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စအတွက် OIC အ တွင်းရေး မှူးချုပ်ကအချက်အလက် ရှာဖွေတဲ့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပြီး ဒီသဘောတူညီချက်ကို အင်္ဂါနေ့ကလက်မှတ်ရေးထိုး ခဲ့တယ်လို့ Mr. Bakheet က ပြောပါတယ်။ဒါဟာ ထူးခြားပြီး အပြုသဘောဆောင်တဲ့ တိုးတက် မှုလို့လည်း ပြောပါတယ်။ OIC အတွင်း ရေးမှူးချုပ်လည်း မြန်မာနိုင်ငံ သွားရောက်ဖို့ အစီအစဉ်ရှိပြီး ဒီခရီးအတွက် မြန်မာအစိုးရနဲ့ အစီအစဉ် လုပ်နေတယ်လို့လည်း ဆိုပါတယ်။OIC ကိုယ်စားလှယ် အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေပြီးတာဝန်ရှိသူတွေနဲ့ ဆွေး နွေး တဲ့အပြင် နေရပ်က ရွှေ့ပြောင်းရသူတွေ ရှိနေတဲ့ နေရာ တွေကို လည်းကွင်း ဆင်းတယ်လို့ဆိုပါတယ်။

RFA (မြန်မာပိုင်း)

မြန်မာပြည်အတွက် ဂြိုလ်တု လွှတ်တင်နိုင်တော့မည်

Posted by drmyochit Friday, September 14, 2012, under | No comments


 
From:သာနောင်

မြန်မာနိုင်ငံအတွက် သတင်းကဏ္ဍ၊ ဆက်သွယ်ရေး ဆိုင်ရာတွေနဲ့ တခြား ကဏ္ဍတွေ အတွက် ဂျပန်အကူအညီ ယူပြီး ဂြိုလ်တု လွှတ်တင်ရေး အစီအစဉ်ရှိနေပါပြီ။ဂြိုလ်တုလွှတ်တင်ရေး ပြင်ဆင်တဲ့ အနေနဲ့ လာမယ့် အောက်တိုဘာလ ဒုတိ ယပတ်မှာ အလုပ်ရုံ ဆွေးနွေးပွဲ တခု ဂျပန်နဲ့ မြန်မာ ပူးပေါင်းပြီး ကျင်းပဖို့ ရှိတယ်လို့ သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။
ဂျပန်အခြေစိုက် Marubeni Aerospace Corporation မန်နေဂျင်း ဒါရိုက်တာ Hiroshi Ikuno နဲ့ မြန်မာ အစိုးရ ပို့ဆောင် ရေး ၀န်ကြီး ဦးဥာဏ်ထွန်းအောင်တို့ဟာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေး ဆွေးနွေးခဲ့ကြတာ ကို မြန်မာ့အလင်း သတင်းစာ က ဆိုထားပါတယ်။ဂျပန်အစိုးရက သစ်တောထိမ်းသိမ်းရေး၊ စိုက်ပျိုးရေး၊ အဏ္ဏ၀ါဗေဒ၊ ရာသီဥတု စတဲ့ ကဏ္ဍတွေအတွက် မြန်မာ ကို အကူ အညီပေးရေးဆိုင်ရာ အသေးစား မြေကမ္ဘာလေ့လာရေး ဂြိုလ်တု လွှတ်တင်ရေးနဲ့ပတ်သက်ပြီး အမြင်တွေဖလှယ်ဖို့ အလုပ် ရုံ ဆွေးနွေးပွဲကို ကျင်းပမှာဖြစ်ပါတယ်တဲ့။ဒီအပြင် ဂျပန်က အာကာသ သိပ္ပံဆိုင်ရာ နည်းပညာတွေ လေ့လာသင်ယူဖို့လည်းသူတို့ တက္ကသိုလ်တွေကနေ တဆင့် အကူအညီပေးအုံးမှာဖြစ်ပါတယ်။
အစောပိုင်း သတင်းတွေအရတော့ ဂြိုလ်တုလွှတ်တင်ရေးနဲ့ပတ်သက်ပြီး မြန်မာအနေနဲ့ အဖွဲ့ဝင် ၅ ဦးပါတဲ့ ဗဟိုကော်မတီ တခုဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၇ ဦးပါတဲ့ လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ဂျပန်နိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလာတုန်းက မြန်မာ့ဒီမိုကရေစီအရေး အားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံက ပေးဖို့ ရှိတဲ့ အကြွေး ဂျပန် ယန်းငွေ ဘီလျံ ၃၀၀ (အမေရိကန်ဒေါ်လာ ၃.၆၈ ဘီလျံ) ကိုလည်း လျှော်ပေးဖို့ ဆုံးဖြတ်ခဲ့ ပါသေးတယ်။

သံအမတ်သေဆုံးမှုအတွက် တရားမျှတမှု ပြန်လည်ရယူမည်ဟု အိုဘားမားပြောကြား

Posted by drmyochit Friday, September 14, 2012, under | No comments



From:အေးချမ်းမွန်

လစ်ဗျားနိုင်ငံတွင် တိုက်ခိုက်မှု တစ်ခုအတွင်း အမေရိကန် သံအမတ် သေဆုံးမှုအတွက် မိမိတို့အနေဖြင့် တရားမျှတမှုကို ပြန်လည် ရယူမည်ဟု အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားလိုက်သည်။ အစ္စလာမ် အစွန်းရောက် တိုက်ခိုက်ရေး သမားများ၏ လုပ်ကြံပစ်ခတ်မှုကြောင့် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗန်စ်နှင့် အခြားသော အမေရိကန်နိုင်ငံသား သံရုံးဝန်ထမ်း(၃)ဦးတို့သည် ခုခံနိုင်စွမ်း လျော့နည်းသည့် ဘန်ဂါဇီမြို့ရှိ ကောင် စစ်ဝန်ရုံးတွင်ရှိနေစဉ် အင်္ဂါနေ့ည ပစ်ခတ်မှုများအတွင်း သေဆုံးသွားခဲ့သည်။ အဆိုပါ သေနတ်သမားများက အမေရိ ကန်တွင် ပရောဖက် မိုဟာမက်ကို စော်ကားသည့် ရုပ်ရှင်ဇာတ်ကားတစ်ခု ရိုက်ကူးမှုကြောင့် ယခုလို တုံ့ပြန်ခြင်းဟု ကြေညာထားခဲ့သည်။
ဘန်ဟာဇီတွင် ဖြစ်ပွားသော အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ယခုအခါ အိုဘားမားက "အမေရိကန် ပြည်ထောင်စုဟာ ခုလို တုန်လှုပ်စရာ တိုက်ခိုက်မှုမျိုးအတွက် အပြင်းထန်ဆုံး ရှုတ်ချပါတယ်။ ဒါဟာ လစ်ဗျားအစိုးရသစ်နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးကို အများကြီး ထိခိုက်စေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လစ်ဗျားအစိုးရသစ်နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့သူတွေဆီက တရားမျှတမှုကို ပြန်ယူပါမယ်"ဟု ပြောကြားလိုက်သည်။ လစ်ဗျားခေါင်းဆောင် မိုဟာမက် မာဂရစ်ဖ်သည် ယခုကိစ္စနှင့် ပတ်သက်၍ အမေရိကန် အစိုးရထံ တောင်းပန်မှု ပြုလုပ်ထားကြောင်းလည်း သိ ရသည်။
အသက်(၅၂)နှစ်ရှိ သံအမတ်သည် အာဖဂန်နစ္စတန်တွင် (၁၉၇၉)ခုနှစ်က တိုက်ခိုက်မှုအတွင်း အဒေါ့ဖ်ဒက်ဘ်စ် သေ ဆုံးမှုနောက်ပိုင်း ပထမဆုံး သတ်ဖြတ်ခံရသည့် အမေရိကန် သံအမတ်လည်း ဖြစ်လာသည်။ ယခုဖြစ်စဉ် ပေါ် ပေါက်ပြီးနောက် အမေရိကန် စစ်တပ်သည် ရေတပ်မှ ဖျက်သင်္ဘော (၂)စင်းကို လစ်ဗျားကမ်းခြေသို့ ချက်ချင်း စေ လွှတ်လိုက်သည်။ ထို့အပြင် လိုအပ်ပါက ရေတပ်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးကွန်မန်ဒိုများကို စေလွှတ်ရန် တပ်လှန့်မှုလည်း ပြုလုပ်ထားကြောင်း သိရှိရသည်။

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးအား လေကြောင်းကုန်စည်စီးဆင်းရာ အဓိကလေဆိပ်ကြီးအဖြစ် ဆောင်ရွက်မည်

Posted by drmyochit Friday, September 14, 2012, under | No comments



From:မြ၀တီ

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးအား ဒေသတွင်းနိုင်ငံများအကြား လေကြောင်းကုန်စည် စီးဆင်းရာ အဓိ ကလေဆိပ်ကြီးအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် လေကြောင်းနှင့် ထောက်ပံ့ရေးဆိုင်ရာ ဆုံရပ် (Aviation & Logistics Hub) တစ်ခုအဖြစ်သို့ ရောက်ရှိစေရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နေပြည်တော် ပို့ဆောင်ရေးဝန်ကြီးဌာန လေ ကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲမှ သတင်း ရရှိသည်။ ပထဝီအနေအထားအရ အချက် အချာကျပြီး လေကြောင်းကုန်စည် စီးဆင်းရာ အဓိကလေဆိပ်နှင့် လေကြောင်းထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ဆုံရပ် အဖြစ် ဆောင်ရွက်ရန် အပိုင်း ၆ ပိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍ ပါဝင်နိုင်စေရေးအတွက် စီစဉ် ဆောင်ရွက်ထားကြောင်း သိရသည်။ အကြိုအရည်အချင်း စစ်ဆေးခြင်းအတွက် ပုဂ္ဂလိကသို့ တင်ဒါခေါ်ယူခြင်းဖြစ်ပြီး တစ်လ အတွင်း တင်သွင်းရမည်ဖြစ်သည်။ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တရုတ်၊ ဂျပန်၊ ကိုရီးယား စသည့် အာရှ ဒေသ တွင်း နိုင်ငံများသို့ ကုန်စည်ကူးသန်း ပို့ဆောင်ရာတွင် အဓိက အချက်အချာ ဆုံရပ်တစ်ခုဖြစ်ပြီး ဧရိ ယာအကျယ် အဝန်းအားဖြင့် ၂၇၅၄၄ ဒသမ ၇၄ ဧက ရှိကာ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စာရင်းဝင်လည်း ဖြစ်နေ သည်။ လေယာဉ်ပြေးလမ်းမှာလည်း ပေ ၁၄၀၀၀ ရှည်ကာ ကမ္ဘာ့အရှည်ဆုံး လေယာဉ်ပြေးလမ်းများတွင် ပါဝင်နေသည်။ လေယာဉ်ရပ်နားနိုင်သည့် ဧရိယာမှာ ၂၀၀၀x၈၀၀ ပေဖြစ်သည်။ လက်ရှိ လေဆိပ်လုပ်ငန်းများကို ၃၆၈၂ ဧကပေါ်တွင် ဆောင်ရွက်ထားခြင်းဖြစ်ပြီး လေဆိပ်လုပ်ငန်းများ၊ လေကြောင်းကုန်စည် ပို့ဆောင်ရေး လုပ်ငန်း များ၊ လေကြောင်း ဖွံ့ဖြိုးရေး လုပ်ငန်းများကို ယင်းဧရိယာအတွင်း ပုဂ္ဂလိကကဏ္ဍ ပါဝင်ဆောင်ရွက်ခွင့်ပြု မည်ဖြစ်သည်။ မန္တလေး အပြည် ပြည်ဆိုင်ရာ လေဆိပ်ကြီးကို ၁၉၉၆ ခုနှစ် မေလ ၁၇ ရက်တွင် Country Project အနေဖြင့် စတင်ဆောက် လုပ်ခဲ့ခြင်းဖြစ်ပြီး၂၀၀၀ပြည့်နှစ်တွင်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

စစ်တွေတက္ကသိုလ် ဆရာများ လစာဖြတ်ခံရ

Posted by drmyochit Friday, September 14, 2012, under | No comments


 
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် စစ်တွေ တက္ကသိုလ်မှ ဆရာ၊ ဆရာမ ၈၀ ကျော်သည် မိမိတို့ နေရပ်ဒေသ အသီးသီးသို့ ပြန်သွားကြပြီး  အချိန်မီ ပြန်ရောက်မလာသောကြောင့် လစာ ဖြတ်တောက် ခံရသည်။ဇွန်လဆန်းက စတင်သော ပဋိပက္ခများကြောင့် စစ်တွေ တက္ကသိုလ်အပါအ၀င်တက္ကသိုလ်များအား ခေတ္တ ပိတ် ထားရသဖြင့် ပြန်သွားကြ သော ဆရာ၊ ဆရာ မများကို ဇူလိုင် ၂၀ ရက်တွင် ပြန်လာကြရန် စစ်တွေ တက္ကသိုလ် ပါမောက္ခချုပ် ကစာထုတ်ထားသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ပြန်မရောက်သူများ၏လစာဖြတ်ခံရ ကြောင်း စစ်တွေ တက္ကသိုလ်မှ ကျောင်း ဆရာတဦး ကဧရာဝတီ ကို ပြောသည်။အရေးပေါ်ကာလ ဖြစ်တဲ့အတွက် ၂၀ ရက်မှာ အားလုံးအရောက်ပြန်လာဖို့၊ မရောက်ဘူးဆိုရင် ရက်အလိုက် လ စာဖြတ်မယ် ဆိုတဲ့ အကြောင်းကို ပါမောက္ခချုပ်က  ကြိုတင်ပြောထားတာ တော့ရှိတယ်၊ ဖြတ်ခံရတဲ့ ငွေက ကျပ်သိန်း ၅၀ ၀န်းကျင် လို့ သိရတယ်ဟု က ဆိုသည်။ဆရာ၊ ဆရာမ များ၏ လစာဖြတ်တောက်ခြင်းကို ပြည်ထောင်စုအဆင့် ပညာရေးဝန်ကြီးဌာနက တိုက်ရိုက်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တဦးလျှင် ၁၀ ရက်မှ ၁၅ ရက်စာ ဖြတ်ခံရ၍ လစာ တ၀က်ခန့်သာ ရကြကြောင်း၊ တက္ကသိုလ် ဆရာ၊ဆရာမ တဦး၏လစာသည် ကျပ် တသိန်း သောင်းရှိကြောင်း၊ စစ်တွေ တက္ကသိုလ်တွင် ဆရာ၊ဆရာမ ဦးရေ ၂၀၀ ၀န်းကျင်ရှိ ကြောင်း သိရသည်။
စစ်တွေ တက္ကသိုလ်မှ ဆရာ၊ ဆရာမများ လစာဖြတ်တောက်ခံရမှု ကိစ္စကို ပြန်လည် စဉ်းစား ပေးရန်အတွက် တက္ကသိုလ် ဆရာ၊ဆရာမများအသင်း ( ရန်ကုန် တက္ကသိုလ်၊ဒဂုံ တက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်စသည့် တို့မှ ဆရာ၊ ဆရာများသည်  စက်တင်ဘာလ ၁၁ နေ့ ရက်စွဲဖြင့်မေတ္တာရပ်ခံစာ တစောင်ထုတ်ပြန်၍ သက်ဆိုင်ရာ ဌာန များသို့ ပေးပို့ထားကြောင်း ပေါ်ပြူလာဂျာနယ်၌ ဖော်ပြထားသည်။ရန်ကုန်အခြေစိုက် တက္ကသိုလ် ဆရာ၊ ဆရာမ အသင်း ထုတ်ပြန်ချက်အား နိုင်ငံတောသမ္မတရုံး၊ ပညာရေး ၀န်ကြီးဌာန၊ လွှတ်တော်ရေးရာ ဌာနများသို့  ပေးပို့
ထားကြောင်းလည်း သိရသည်။အဝေးရောက်နေသည့် ဆရာ၊ ဆရာမ များသည် ခရီးလမ်းကြောင်း၊ လမ်းစရိတ်၊ မိသားစု အရေး စသည့် အခက်အခဲများ အပြင် ရခိုင်ဒေသတွင်း ထုတ်ပြန်ထားသည့်ပုဒ်မ ၁၄၄ အမိန့် စသည့် အခြေအနေတို့ကြောင့် လုံခြုံရေး စိုးရိမ်မှုများ ရှိနေသေး ခြင်း စသည့် အခြေအနေများ ရှိနေ ခြင်းအပေါ်မိသားစုသဘောထားဖြင့် ပြန် လည်သုံးသပ်ပေးရန် ကြေညာချက်၌ ဖော်ပြထားကြောင်း ပေါ်ပြူ လာဂျာ နယ်က  ရေးထားသည်။ဇွန်လဆန်းမှ စတင်ပြီး စစ်တွေမြို့နယ် အပါအ၀င် ရခိုင်ပြည်၏ မြို့အများစု၌ ပဋိပ က္ခ များဖြစ်ပွားသည့်အတွက် တက္ကသိုလ်များ၊ ကောလိပ်များ၊ အခြေခံပညာ ကျောင်းများ ပိတ်ထားခဲ့ရသည်။ တ က္က သိုလ်တချို့နှင့် အခြေခံ ပညာကျောင်း တချို့အား ဇူလိုင် အတွင်း ပြန်လည် ဖွင့်ခဲ့ပြီး စစ်တွေ တက္ကသိုလ် (ပင်မ )အား သြဂုတ်လ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ထိုပဋိပက္ခ များကြောင့် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ စသည့်မြို့နယ်များမှ ဒေသခံ မဟုတ်သည့် ဆရာ၊ ဆရာမ များ သည် မိမိဒေသ အသီးသီးသို့ ပြန်သွားကြသည်။စစ်တွေ တက္ကသိုလ် ဆရာ၊ ဆရာမ အများစု သည် ရခိုင်ပြည် နယ်နှင့် ရန်ကုန်တိုင်းတို့မှ ဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့မှ ပါဝင်ကြောင်း သိရသည်။ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်များကို ညမထွက်ရအ မိန့် ပုဒ်မ ၁၄၄ အား သမ္မတ ဦးသိန်းစိန် က ဇွန်လ ၁၀ ရက်နေ့တွင် ကြေ ညာခဲ့ခြင်း ဖြစ်သည်။ရခိုင်ပြည်နယ်ကို ထိုနေ့မှ စ၍ အရေးပေါ် အခြေအနေလည်း ကြေညာခဲ့သည်။အကြမ်းဖက်မှု စတင်ခဲ့သည့် မောင်တောမြို့၌ ဇွန်လ ရက်နေ့က စတင်၍ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ရခိုင်ဒေသတွင်း ပဋိပက္ခဖြစ်ပွားပြီး ကျော်လာသည့်တိုင် တည်ငြိမ်မှု အပြည့်အ၀မရှိသေးပေ။ လုံခြုံရေး အားနည်း သည့် မြို့နယ် တချို့တွင် ခိုးမှု၊ လုယက်မှု၊လူသတ်မှု တချို့ဖြစ်ပွားနေကြောင်း သိရပြီး ကျောက် တော်မြို့နယ် အတွင်းမှဦးကျော်မောင်ချေ ဆိုသူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း လူ ၇၇ ဦးသေဆုံး၍ ဒုက္ခသည်ပေါင်း ခြောက်သောင်း ကျော်ရှိနေပြီး အရေးပေါ်အကူ ညီနှင့် ပြန်လည် ထူထောင်ရေး အကူအညီများလိုအပ နေသည်ဟု နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က ဇူလိုင် ၃၀ ရက်ကရန်ကုန်မြို့နိုင်ငံခြားရေးဝန်ကြီးဌာန၌ကျင်းပသောအစိုးရသတင်းရှင်းလင်းပွဲတွင်  ပြောသည်။

(
ဧရာဝတီ)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်