Thursday, August 30, 2012

Posted by drmyochit Thursday, August 30, 2012, under | No comments



 
အကြောင်းအရာ။   မြောင်းမြမြို့နယ် NLD ပါတီဝင်များ ဆန္ဒဖော်ထုတ်မှု
            မြောင်းမြမြို့နယ် NLD ပါတီဝင် ဦးမြင့်ကျော် အပါအ၀င်(၃)ဦးသည် သြဂုတ်လ ၁၂ ရက်နေ့တွင် ပါတီအတွင်း မကျေမနပ်မှုနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။ ၄င်းဆန္ဒထုတ်ဖော်ပွဲကို တိုင်း NLD ညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဌ ဒေါက်တာ အေးကြူ၊ ဒေါက်တာ မျိုးညွန့် အတွင်းရေးမှူးနှင့် အဖွဲ့သည် ခရိုင် NLD ပါတီညီလာခံကျင်းပရေးကော်မရှင်ရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ် ဆန္ဒဖော်ထုတ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် ကြွေးကြော်သံ(၆)ရပ်ဖြင့် တောင်းဆိုခဲ့ကြောင်းသိရှိရသည်။ တောင်း ဆိုချက်များမှာ
            (၁)        ဒီမိုကရေစီနည်းမကျတဲ့ မြို့နယ်/ခရိုင် ညီလာခံကော်မရှင် (ဖျက်သိမ်းပေး)။        မြို့နယ်/ခရိုင် ညီလာခံကျင်းပရေးကော်မရှင်အား အောက်ခြေမှ ပဏာမလျာထားရွေးချယ်ထားသည့် အမည် စာရင်းအား အတည်ပြုထွက်ပေါ်လာခြင်းမရှိဘဲ အမည်စာရင်းပြောင်းလဲထွက်ပေါ်လာခြင်း အပေါ် မကျေနပ်ခဲ့ခြင်း၊ မြို့နယ် ကော်မရှင် ပဏာမရွေးချယ်စဉ်က ဥက္ကဌနေရာတွင် ဦးဘိုဖြူ(ခ)စိုးမင်း (၁၉၉၀ ရွေး/လှယ်)အား လျာထားခဲ့သော်လည်း အတည်ပြုတာဝန်ပေး အပ်သည့်အခါ ဦးရန်နိုင် (ဗဟိုတရားရုံးချုပ်ရှေ့နေ)အား တာဝန်ပေးအပ်ခဲ့ခြင်း၊
            ( ၂ )      သမိုင်းဝင်ပါတီရုံးကို သမိုင်းမရှိသူအိမ်(မပြောင်းနဲ့)။    ၁၉၈၉ ခုနှစ် မြောင်းမြ NLD ပါတီ စတင်ဖွဲ့စည်းစဉ်ကတည်းက ရုံးဖွင့်လှစ်ထားရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကာလအတွင်း မြောင်းမြ NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးရုံး ဖွင့်လှစ်ခဲ့သည့် မြောင်းမြမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဦးဘချိုလမ်း၊ အမှတ်(၂၂၇)နေ ဦးဘိုဖြူ(ခ)ဦးစိုးမင်း၏ နေအိမ်မှ မြောင်းမြမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဦးဘချိုလမ်း၊ အမှတ်(၁၀၁)နေ ရှေ့နေ ဦးရန်နိုင်၏ နေအိမ်သို့ ပါတီရုံးပြောင်းလဲဖွင့်လှစ်ရန် စီစဉ်ခဲ့မှုအပေါ် မကျေနပ်ခြင်း၊
            ( ၃ )      ပါတီတွင်းဒီမိုကရေစီကင်းမဲ့မှု(ရှုံ့ချကြ)။    မြို့နယ်/ခရိုင် ညီလာခံက တာဝန်ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမည်စာရင်းပြောင်းလဲ တာဝန်ပေးအပ်ခဲ့မှုအပေါ် ဦးမြင့်ကျော် ပါ ပါတီအချို့မှ မကျေနပ်၍ NLD ဗဟိုရှိ ဦးတင်ဦး နှင့် ဦးလှဖေ ထံ တင်ပြခဲ့သော်လည်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်းမရှိဘဲ ပယ်ချခဲ့သည့်အပေါ် မကျေနပ်ခြင်း၊
            (၄)        တပည့်မွေး ဆရာမွေး၊ တိုက်ကျွေးစည်းရုံးနေရာရယူသူ(အလိုမရှိ)။   မြောင်းမြခရိုင် NLD ပါတီ ညီလာခံကျင်းပရေးကော်မရှင်တွင် ဦးလှဖေ ၏ တပည့်ရင်းဖြစ်သူ အိမ်မဲမြို့နယ် NLD ပါတီဥက္ကဌ ဦးမောင်မောင်ကြီးအား ဥက္ကဌ တာဝန်ပေးအပ်ခဲ့ပြီး မြောင်းမြမြို့နယ် NLD ပါတီဝင်အား တာဝန်ပေးအပ်ခြင်း မရှိ၍ မကျေနပ်ခြင်း၊ ရှေ့နေ ဦးရန်နိုင် ၏တပည့်ဖြစ်သူ (၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ဥပဒေရေးရာ ကော်မတီဝင်/မြောင်းမြမြို့နယ် NLD ပါတီညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင်) ဗဟိုတရားရုံးချုပ်ရှေ့နေ ဒေါ်ခိုင်ဇင်ဦးသည် မြောင်းမြမြို့တွင် (ဗစ်ထရီ)အမည်ဖြင့် စတိုးဆိုင်ဖွင့်လှစ်ထားရှိပြီး စီးပွားရေးတောင့်တင်းသူ တစ်ဦးဖြစ်သည့်အပြင် တည်းခိုနေထိုင်ရာ နေရာပြည့်စုံသူဖြစ်သဖြင့် NLD ပါတီဗဟိုမှ ဦးတင်ဦးနှင့်တာဝန်ရှိသူများ လာရောက်သည့်အခါ ဧည့်ခံကျွေးမွေး နေရာထိုင်ခင်း ပေးနိုင် သဖြင့် ၄င်း၏ပြောစကား အောင်မြင်သည်ဟု ထင်မြင်ခြင်း၊
            ( ၅ )      ပါတီသန့်စင်ဖို့ နိုင်ငံရေးမိစ္ဆာတွေ(မောင်းထုတ်ကြ)။          မြောင်းမြမြို့နယ် ကော်မရှင်တွင် အတည်ပြုတာဝန်ပေးအပ်ခဲ့သည့် ဥက္ကဌ ဦးရန်နိုင်ပါ ၁၉၉၀ ခုနှစ်က  NLD ပါတီတွင် ပါဝင်ခဲ့သည့် အစဉ်အလာ မရှိခဲ့သည့် အစ္စလာမ်ဘာသာဝင်တစ်ဦးအား နေရာပေးခဲ့ပြီး ယခင် NLD ပါတီဟောင်းတွင် အနစ်နာခံ ဆောင်ရွက်ခဲ့သည့် ဦးဘိုဖြူ(ခ)ဦးစိုးမင်းအနေဖြင့် နေရာပေးမခံရခြင်း၊
            ( ၆ )      ပါတီတွင် ၀င်မွှေ စုန်းမတွေကိုမြင်အောင်ကြည့်(မိအောင်ဖမ်းကြ)။    ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေး ဥပဒေရေးရာကော်မတီဝင်/မြောင်းမြမြို့နယ် NLD ညီလာခံ ကျင်းပရေးကော်မရှင် အဖွဲ့ဝင် ဗဟိုတရားရုံးချုပ်ရှေ့နေ ဒေါ်ခိုင်ဇင်ဦးသည် ၁၉၉၀ ခုနှစ် NLD လှုပ်ရှားမှုတွင် လုံးဝပါဝင်ပတ်သက်ခဲ့သူ မဟုတ်ဘဲ ယခုအခါမှသာ ပါတီသို့ဝင်ရောက်ခဲ့ပြီး စီးပွားရေးတောင့်တင်းသူတစ်ဦး ဖြစ်သည့်အပြင် တည်းခိုနေထိုင်ရန် နေရာပြည့်စုံသဖြင့် NLD ဗဟိုမှ ဦးတင်ဦး နှင့် တာဝန်ရှိသူများ လာရောက်သည့်အခါ ဧည့်ခံကျွေးမွေး နေရာထိုင်ခင်း ပေးနိုင်သူဖြစ်သဖြင့် ၄င်း၏ပြောစကား အောင်မြင်သည်ဟု ထင်မှတ်ခြင်း၊
            အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဧရာဝတီတိုင်း  NLD ပါတီဥက္ကဌ၊ NLD ပါတီရွေးချယ်ပွဲ ညီလာခံကျင်းပ ရေးကော်မရှင်အဖွဲ့(ဗဟို)မှ ဦးလှဖေအနေဖြင့် မြို့နယ်/ခရိုင် NLD ပါတီဝင်များထံ ပဏာမလျာထားရွေးချယ် သူများကို အတည်ပြုခန့်ထားခြင်းမပြုဘဲ ၄င်း၏တပည့်ရင်းဖြစ်သူ အိမ်မဲမြို့နယ် NLD ပါတီဥက္ကဌ ဦးမောင်မောင်ကြီးအား မြောင်းမြခရိုင် NLD ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ ဥက္ကဌ တာဝန်ပေးအပ်ခဲ့သဖြင့် ဦးလှဖေအပေါ် တရားမျှတမှုမရှိခြင်း၊ တပည့်မွေး ဆရာမွေးဖြစ်သည်ဟု ရှုံ့ချခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမကျေနပ်မှုနှင့်ပတ်သက်၍ မြောင်းမြ NLD ပါတီဝင် ဦးမြင့်ကျော်နှင့်အဖွဲ့မှ ဦးတင်ဦးထံ တင်ပြခဲ့သော်လည်း ထူးခြားခြင်းမရှိဘဲ ဦးလှဖေ၏ သဘောထားအတိုင်းပင် ပယ်ချခဲ့သဖြင့် ပါတီတွင်း ဒီမိုကရေစီမရှိကြောင်းနှင့် NLD (ဗဟို)ဦးတင်ဦး၏ သဘောထားကိုလည်း လက်မခံကြောင်းဖြင့် ရှုံ့ချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
            အဆိုပါ အခြေခံအကြောင်းအချက်များပေါ်မူတည်၍ မြောင်းမြမြို့နယ် NLD ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဌ၊ ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးရန်နိုင်အား လိုလားသူ ဦးမြင့်လွင် (တွင်း/မှူး)၊ အဖွဲ့ဝင်များ ဖြစ်သည့် ဗဟိုတရားရုံးချုပ်ရှေ့နေများဖြစ်သော ဒေါ်ခိုင်ဇင်ဦး ဦးမြင့်ဝေတို့အဖွဲ့နှင့် ဦးဘိုဖြူ(ခ)ဦးစိုးမင်းအား လိုလားသူ ဦးမြင့်ကျော်အဖွဲ့မှ ပါတီတွင်း စိတ်ဝမ်းကွဲပြားမှုဖြစ်ပေါ်ခဲ့ပြီး ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။






  
မြောင်းမြမြို့နယ် NLD ပါတီဝင် ဦးမြင့်ကျော် အပါအ၀င်(၃)ဦးသည် သြဂုတ်လ ၁၂ ရက်နေ့တွင် ပါတီအတွင်း မကျေမနပ်မှုနှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။ ၄င်းဆန္ဒထုတ်ဖော်ပွဲကို တိုင်း NLD ညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဌ ဒေါက်တာ အေးကြူ၊ ဒေါက်တာ မျိုးညွန့် အတွင်းရေးမှူးနှင့် အဖွဲ့သည် ခရိုင် NLD ပါတီညီလာခံကျင်းပရေးကော်မရှင်ရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ် ဆန္ဒဖော်ထုတ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် ကြွေးကြော်သံ(၆)ရပ်ဖြင့် တောင်းဆိုခဲ့ကြောင်းသိရှိရသည်။ တောင်း ဆိုချက်များမှာ


            (၁)        ဒီမိုကရေစီနည်းမကျတဲ့ မြို့နယ်/ခရိုင် ညီလာခံကော်မရှင် (ဖျက်သိမ်းပေး)။        မြို့နယ်/ခရိုင် ညီလာခံကျင်းပရေးကော်မရှင်အား အောက်ခြေမှ ပဏာမလျာထားရွေးချယ်ထားသည့် အမည် စာရင်းအား အတည်ပြုထွက်ပေါ်လာခြင်းမရှိဘဲ အမည်စာရင်းပြောင်းလဲထွက်ပေါ်လာခြင်း အပေါ် မကျေနပ်ခဲ့ခြင်း၊ မြို့နယ် ကော်မရှင် ပဏာမရွေးချယ်စဉ်က ဥက္ကဌနေရာတွင် ဦးဘိုဖြူ(ခ)စိုးမင်း (၁၉၉၀ ရွေး/လှယ်)အား လျာထားခဲ့သော်လည်း အတည်ပြုတာဝန်ပေး အပ်သည့်အခါ ဦးရန်နိုင် (ဗဟိုတရားရုံးချုပ်ရှေ့နေ)အား တာဝန်ပေးအပ်ခဲ့ခြင်း၊
            ( ၂ )      သမိုင်းဝင်ပါတီရုံးကို သမိုင်းမရှိသူအိမ်(မပြောင်းနဲ့)။    ၁၉၈၉ ခုနှစ် မြောင်းမြ NLD ပါတီ စတင်ဖွဲ့စည်းစဉ်ကတည်းက ရုံးဖွင့်လှစ်ထားရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကာလအတွင်း မြောင်းမြ NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးရုံး ဖွင့်လှစ်ခဲ့သည့် မြောင်းမြမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဦးဘချိုလမ်း၊ အမှတ်(၂၂၇)နေ ဦးဘိုဖြူ(ခ)ဦးစိုးမင်း၏ နေအိမ်မှ မြောင်းမြမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဦးဘချိုလမ်း၊ အမှတ်(၁၀၁)နေ ရှေ့နေ ဦးရန်နိုင်၏ နေအိမ်သို့ ပါတီရုံးပြောင်းလဲဖွင့်လှစ်ရန် စီစဉ်ခဲ့မှုအပေါ် မကျေနပ်ခြင်း၊
            ( ၃ )      ပါတီတွင်းဒီမိုကရေစီကင်းမဲ့မှု(ရှုံ့ချကြ)။    မြို့နယ်/ခရိုင် ညီလာခံက တာဝန်ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမည်စာရင်းပြောင်းလဲ တာဝန်ပေးအပ်ခဲ့မှုအပေါ် ဦးမြင့်ကျော် ပါ ပါတီအချို့မှ မကျေနပ်၍ NLD ဗဟိုရှိ ဦးတင်ဦး နှင့် ဦးလှဖေ ထံ တင်ပြခဲ့သော်လည်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်းမရှိဘဲ ပယ်ချခဲ့သည့်အပေါ် မကျေနပ်ခြင်း၊
            (၄)        တပည့်မွေး ဆရာမွေး၊ တိုက်ကျွေးစည်းရုံးနေရာရယူသူ(အလိုမရှိ)။   မြောင်းမြခရိုင် NLD ပါတီ ညီလာခံကျင်းပရေးကော်မရှင်တွင် ဦးလှဖေ ၏ တပည့်ရင်းဖြစ်သူ အိမ်မဲမြို့နယ် NLD ပါတီဥက္ကဌ ဦးမောင်မောင်ကြီးအား ဥက္ကဌ တာဝန်ပေးအပ်ခဲ့ပြီး မြောင်းမြမြို့နယ် NLD ပါတီဝင်အား တာဝန်ပေးအပ်ခြင်း မရှိ၍ မကျေနပ်ခြင်း၊ ရှေ့နေ ဦးရန်နိုင် ၏တပည့်ဖြစ်သူ (၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ ဥပဒေရေးရာ ကော်မတီဝင်/မြောင်းမြမြို့နယ် NLD ပါတီညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဝင်) ဗဟိုတရားရုံးချုပ်ရှေ့နေ ဒေါ်ခိုင်ဇင်ဦးသည် မြောင်းမြမြို့တွင် (ဗစ်ထရီ)အမည်ဖြင့် စတိုးဆိုင်ဖွင့်လှစ်ထားရှိပြီး စီးပွားရေးတောင့်တင်းသူ တစ်ဦးဖြစ်သည့်အပြင် တည်းခိုနေထိုင်ရာ နေရာပြည့်စုံသူဖြစ်သဖြင့် NLD ပါတီဗဟိုမှ ဦးတင်ဦးနှင့်တာဝန်ရှိသူများ လာရောက်သည့်အခါ ဧည့်ခံကျွေးမွေး နေရာထိုင်ခင်း ပေးနိုင် သဖြင့် ၄င်း၏ပြောစကား အောင်မြင်သည်ဟု ထင်မြင်ခြင်း၊
            ( ၅ )      ပါတီသန့်စင်ဖို့ နိုင်ငံရေးမိစ္ဆာတွေ(မောင်းထုတ်ကြ)။          မြောင်းမြမြို့နယ် ကော်မရှင်တွင် အတည်ပြုတာဝန်ပေးအပ်ခဲ့သည့် ဥက္ကဌ ဦးရန်နိုင်ပါ ၁၉၉၀ ခုနှစ်က  NLD ပါတီတွင် ပါဝင်ခဲ့သည့် အစဉ်အလာ မရှိခဲ့သည့် အစ္စလာမ်ဘာသာဝင်တစ်ဦးအား နေရာပေးခဲ့ပြီး ယခင် NLD ပါတီဟောင်းတွင် အနစ်နာခံ ဆောင်ရွက်ခဲ့သည့် ဦးဘိုဖြူ(ခ)ဦးစိုးမင်းအနေဖြင့် နေရာပေးမခံရခြင်း၊
            ( ၆ )      ပါတီတွင် ၀င်မွှေ စုန်းမတွေကိုမြင်အောင်ကြည့်(မိအောင်ဖမ်းကြ)။    ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေး ဥပဒေရေးရာကော်မတီဝင်/မြောင်းမြမြို့နယ် NLD ညီလာခံ ကျင်းပရေးကော်မရှင် အဖွဲ့ဝင် ဗဟိုတရားရုံးချုပ်ရှေ့နေ ဒေါ်ခိုင်ဇင်ဦးသည် ၁၉၉၀ ခုနှစ် NLD လှုပ်ရှားမှုတွင် လုံးဝပါဝင်ပတ်သက်ခဲ့သူ မဟုတ်ဘဲ ယခုအခါမှသာ ပါတီသို့ဝင်ရောက်ခဲ့ပြီး စီးပွားရေးတောင့်တင်းသူတစ်ဦး ဖြစ်သည့်အပြင် တည်းခိုနေထိုင်ရန် နေရာပြည့်စုံသဖြင့် NLD ဗဟိုမှ ဦးတင်ဦး နှင့် တာဝန်ရှိသူများ လာရောက်သည့်အခါ ဧည့်ခံကျွေးမွေး နေရာထိုင်ခင်း ပေးနိုင်သူဖြစ်သဖြင့် ၄င်း၏ပြောစကား အောင်မြင်သည်ဟု ထင်မှတ်ခြင်း၊




            အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဧရာဝတီတိုင်း  NLD ပါတီဥက္ကဌ၊ NLD ပါတီရွေးချယ်ပွဲ ညီလာခံကျင်းပ ရေးကော်မရှင်အဖွဲ့(ဗဟို)မှ ဦးလှဖေအနေဖြင့် မြို့နယ်/ခရိုင် NLD ပါတီဝင်များထံ ပဏာမလျာထားရွေးချယ် သူများကို အတည်ပြုခန့်ထားခြင်းမပြုဘဲ ၄င်း၏တပည့်ရင်းဖြစ်သူ အိမ်မဲမြို့နယ် NLD ပါတီဥက္ကဌ ဦးမောင်မောင်ကြီးအား မြောင်းမြခရိုင် NLD ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ ဥက္ကဌ တာဝန်ပေးအပ်ခဲ့သဖြင့် ဦးလှဖေအပေါ် တရားမျှတမှုမရှိခြင်း၊ တပည့်မွေး ဆရာမွေးဖြစ်သည်ဟု ရှုံ့ချခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမကျေနပ်မှုနှင့်ပတ်သက်၍ မြောင်းမြ NLD ပါတီဝင် ဦးမြင့်ကျော်နှင့်အဖွဲ့မှ ဦးတင်ဦးထံ တင်ပြခဲ့သော်လည်း ထူးခြားခြင်းမရှိဘဲ ဦးလှဖေ၏ သဘောထားအတိုင်းပင် ပယ်ချခဲ့သဖြင့် ပါတီတွင်း ဒီမိုကရေစီမရှိကြောင်းနှင့် NLD (ဗဟို)ဦးတင်ဦး၏ သဘောထားကိုလည်း လက်မခံကြောင်းဖြင့် ရှုံ့ချခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။



            အဆိုပါ အခြေခံအကြောင်းအချက်များပေါ်မူတည်၍ မြောင်းမြမြို့နယ် NLD ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဌ၊ ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးရန်နိုင်အား လိုလားသူ ဦးမြင့်လွင် (တွင်း/မှူး)၊ အဖွဲ့ဝင်များ ဖြစ်သည့် ဗဟိုတရားရုံးချုပ်ရှေ့နေများဖြစ်သော ဒေါ်ခိုင်ဇင်ဦး ဦးမြင့်ဝေတို့အဖွဲ့နှင့် ဦးဘိုဖြူ(ခ)ဦးစိုးမင်းအား လိုလားသူ ဦးမြင့်ကျော်အဖွဲ့မှ ပါတီတွင်း စိတ်ဝမ်းကွဲပြားမှုဖြစ်ပေါ်ခဲ့ပြီး ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၏ အမျိုးသား လွှတ်တော်တွင် ရှင်းလင်းချက်

Posted by drmyochit Thursday, August 30, 2012, under | No comments

  

 

ဦးအောင်သောင်း တပည့် မှ မန္တလေး ပြည်ခိုင်ဖြိုး ရံပုံငွေ သိန်းထောင်ကျော် အလွဲသုံးစားလုပ်

Posted by drmyochit Thursday, August 30, 2012, under | No comments


 


ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စု ကြံခိုင်ရေးဖွံ့ဖြိုး ရေးပါတီကို ဗဟိုမှ ရံပုံငွေ ကျပ်သိန်းသုံးသောင်းကျော် ချထားပေးရာ စာရင်းမှန်ကန် စွာမပြနိင်ပဲ သိန်းနှစ်သောင်းကျော် အသုံးစရိတ်ပြထား ကြောင်း ပါတီခေါင်းဆောင် တစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ ကျပ်သိန်းနှစ်သောင်းကျော် ကွာဟမှုကြောင့် မန္တလေးတိုင်းဒေသကြီး ကြံ့ခိုင်ရေး ပါတီတာဝန်ခံ စက်မှုဝန်ကြီး ဟောင်း ဦးအောင်သောင်းမှ စိတ်ဆိုးဒေါသ ထွက်ပြီးဘဏ် စာအုပ်များ သိမ်းသွားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။ တပ်မတော် အစိုးလက်ထက် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရှိ စီပွားရေးလုပ်ငန်းများကို အသင်းအနေဖြင့် လုပ်ကိုင်ခဲ့ကြောင်း ပါတီအဖြစ် အသွင်ပြောင်းပြီးနောက် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ စီပွားရေး လုပ်ငန်းအဖြစ် အမည်ခံကာ  လုပ်ကိုင်စေကြောင်း ဦးအောင်သောင်းအနေဖြင့် အသင်း အမည်မခံဘဲ နယူးဒေလီ စက်သုံးဆီ ဆိုင်များဖွင့်ကာ အယ်ပိုင်း ဒေါက်တာစိုင်းစံထွန်းကို လုပ်ကိုင်စေကြောင်း ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ တပ်မတော်ပိုင်တဲ့ ဓါတ်ဆီဆိုင်များမှာ မြ၀တီဆိုင်အနေဖြင့် ဖွင့်ထားပြီး နယူးဒေလီ ဆီဆိုင်မှာ ပြည်ခိုင်ဖြိုးပါတီ ပိုင်ဆိုင်မှုများ ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ပြည်ခိုင်ဖြိုး အဖွဲ့ဝင် ဦးအောင်သောင်းမှ ပါတီပိုင်လုပ်ငန်းများနှင့်ပတ်သက်၍ ဒေါက်တာစိုင်းစံထွန်းအား အမည်ခံလုပ် ကိုင်စေသော်လည်း နောက်ကွယ်တွင် ၄င်း၏တပည့်ဖြစ်သူ အောင်ကျော်သာမှ လက်သိပ်ထိုး ကြိုးကိုင် ဆောင်ရွက်နေသည်ဟု မန္တလေးမြို့ခံ တစ်ဦးကဆိုသည်။ အောင်ကျော်သာဆိုသူမှာ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး ဘန်းပြ၍ တရားမ၀င်စည်းပွား ရေးလုပ်ငန်းများနှင့် မန္တလေးမြို့တွင်းနေ ပြည်သူလူထုအား ခြိမ်းခြောက် အကြပ်ကိုင်ဆောင် ရွက်မှုများအား ပြုလုပ်ခဲ့သည်ဟု လက်တွေ့ခံ စားခဲ့ရသော ၄င်း မန္တလေးမြို့  ခံမှ ဆက်ပြောသည်။ လက်ရှိအခြေ အနေတွင် ကြေနပ်မှုမရှိသော မန္တလေးပြည်သူအချို့ မှ သမ္မတကြီးထံ တိုင်ကြားထား ရှိသော်လည်း ထူးခြားမှုမရှိဘဲ ယခင်အတိုင်း ပြည်သူများအား စော်ကားသည့် အပြုအမူများ ပြုလုပ် လျက်ရှိကြောင်း သတင်းရ့ရှိသည်။

""ပတ်စ်ပို့အတုဖြင့် မြန်မာနိုင်ငံမှ မွတ်ဆလင် ၁၆ဦး ဒက္ကားလေဆိပ်တွင် ဖမ်းဆီးခံရ"

Posted by drmyochit Thursday, August 30, 2012, under | No comments



 
ဘင်္ဂလာဒေခ်ျ့  ပတ်စ်ပို့ အတုကိုင် ဆောင်ပြီးနိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာရန်ကြိုးစားသူ မြန်မာနိုင်ငံသား မွတ်ဆလင် ၁၆ဦးကို ဘင်္ဂလားဒေ့ခ်ျ ရဲတပ်ဖွဲ့မှ ဒက္ကားမြို့ နိုင်ငံတကာ လေဆိပ်တွင် ယမန်နေ့က ဖမ်းဆီးလိုက်သည်။ ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းများတွင်  ရိုဟင်ဂျာများ ဟု ဖေါ်ပြပြီး မြန်မာနိုင်ငံ အစိုးရက ဘင်္ဂလီများဟု ခေါ်ဆိုသူ ၁၆ ဦးအား  ဒက္ကားလေ ဆိပ်မှနေ၍ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ မထွက်ခွာမီ ဒက္ကားလေဆိပ်သို့ အ၀င်တွင် ဘင်္ဂလာရဲက ဖမ်းမိခြင်း ဖြစ်သည်။ သူတို့အား နိုင်ငံခြားသို့ ထွက်ခွာနိုင်ရန် စီစဉ်ပေးသူ ပွဲစား (၅) ဦးအားလည်း ဘင်္ဂလာရဲက ဖမ်းဆီးခဲ့ပြီး သူတို့အထဲမှ အမ်းဒီ န၀က်ခန် ဆိုသူထံမှာ တာကာငွေ ၂၆ သိန်း နှစ်သောင်း တစ်ထောင်တန်ဖိုးရှိ နိုင်ငံခြား ငွေများကို ဖမ်းဆီးမိခဲ့ သည်ဟု ဆိုသည်။သူတို့နည်းတူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၇) ဦးကိုလည်း ပတ်စ်ပို့ အတုဖြင့် ယမန်နေ့က ဖမ်းမိခဲ့သည်ဟု ရဲက ဆိုသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်နှင့် မလေးရှားနိုင်ငံ ကွာလာလာမ်ပူ မြို့ရှိ ယူအန်အိပ်ခ်ျစီအာရ် ရုံးများသည် ရိုဟင်ဂျာ ဆိုသူများကို ဒုက္ခသည်များ အဖြစ် အဆောတလျင် အသိအမှတ်ပြုပြီး  တတိယနိုင်ငံများသို့ ပို့ပေးသည်ဟု ဆိုသည်။ ကမ္ဘောဒီးယား ဖနွမ်းပင်ရှိ ယူအန်အိပ်ခ်ျစီအာ ရုံးသည် အမေရိကန် အပါအ၀င် တတိယနိုင်ငံသို့ ထွက်ခွာရန် အတွက် အလွယ်ကူဆုံး စခန်းတစ်ထောက်နားရာ နေရာဖြစ်သဖြင့် ကမ္ဘောဒီးယားသို့ သွားနေကြခြင်း ဖြစ်သည်ဟု သိရသည်။ ယခုလအတွင်း ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ အတုဖြင့် နိုင်ငံခြား တိုင်းပြည်များသို့ ထွက်ခွာရန် စီစဉ်ရာမှ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ရိုဟင်ဂျာဆိုသူ  ၃၈ ဦးထိ ရှိသွားပြီ ဖြစ်ကြောင်း The Daily Star သတင်းစာတွင် ဖေါ်ပြသည်။ သြဂတ်စ်လ ၁၁ ရက်နေ့ကလည်း ဒက္ကားလေဆိပ်မှ ပတ်စ်ပို့ အတုဖြင့် နိုင်ငံခြားသို့ ထွက်ခွာရန် စီစဉ်သူ မြန်မာနိုင်ငံသား မွတ်ဆလင် ၇ ဦးကို ဖမ်းမိကြောင်း ဒက္ကား လေဆိပ် လုံခြုံရေး တာဝန်ယူထားသော ပုလိပ်မင်းကြီး အာတီးကွာ ရာဟမန်က ပြောသည်။ ရိုဟင်ဂျာ ဆိုသူများသည် ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ဖြင့် နိုင်ငံခြားကို ထွက်ခွာသွားပြီးနောက် ရာဇ၀တ်မူများကို ကျူးလွန်ကြသည်ဟု အာတီးကွာ ရာဟမန်ကို ကိုးကားပြီး ယနေ့ထုတ် The Daily Star သတင်းစာက ဆိုသည်။ ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် လူဝင်မူကြီးကြပ်ရေး အရာရှိများကလည်း ရိုဟင်ဂျာ ဆိုသူများသည် ဘင်္ဂလာဒေခ်ျ့ ပတ်စ်ပို့ကို ကိုင်ပြီး နိုင်ငံခြားတွင် ရာဇ၀တ်မူများကို ကျူးလွန်ကြသဖြင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ၏ နာမည်နှင့် ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်နေကြောင်း ပြောကြားသည်ဟု သတင်းစာက ရေးသားသည်။ယခုအခါ ဆော်ဒီးအရေးဗီယား နိုင်ငံတွင် ဘင်္ဂလာဒေခ်ျ့ ခရီးသွား အထောက်အထားများဖြင့် ဖမ်းဆီး ခံထားရသူ ရိုဟင်ဂျာ (၇၀၀) ရှိပြီး ထိုသူများကို ပြန်လည် လက်ခံယူရန် ဘင်္ဂလာဒေခ်ျ့ကို ဆော်ဒီ တာဝန်ရှိသူများက ဖိအားပေးလျှက် ရှိနေကြောင်း ရေးသား ဖေါ်ပြထားပါသည်။

ထို့ကြောင့် မြန်မာပြည် စတုတ္တမဏ္ဍိုင်ဟု ခေါ်သည်..

Posted by drmyochit Thursday, August 30, 2012, under | No comments


 


သားကြီးလာရင် ဘာလုပ်မလဲ ကလေးအမေက သူ့ကလေး ငယ်လေးကို ခေါင်းလေးပွတ် ပြီးမေးတယ်။ မေမေ။ ။ဆရာဝန်ကြီးလုပ်ပါ့ လား.....သား ။ ။ ဟာဗျာ အပြင်ဆေးခန်းမှာ ထိုင်တယ် ဆေးဖိုး တွေအရမ်း ကောက်နေတယ် ပြောခံနေရဦးမယ်။ မေမေ။ ။ အင်္ဂျနီယာကြီး လုပ်မလား ဒါဆိုသား ။ ။ ဟာ မေမေကလည်း မုန်းတိုင်းမိလို့ တံတားကျိုးရင်တောင် မြန်မာ အင်္ဂျနီယာတွေက အသုံးမ ကျဘူးလို့ ပြောနေတာကို။ မေမေ။ ။ ဒါဆို စစ်ဗိုလ်ကြီးလုပ်သား။ ။ မေမေကလဲ့  အဆဲခံနေ ရဦးမယ်။မေမေ။ ။ဒါဆို ကျောင်းဆရာကွာသား။ ။မေမေကလဲ ကျောင်းတွေမှာ အပို ငွေမကောက် ရဘူးတဲ့ ၊ကျူရှင်လည်း မပြရဘူးတဲ့  ။တော်ကြာ ကျူရှင်ပြစား တယ်ဆိုပြီး လွှတ်တော်သွား တိုင်နေဦးမယ်မေမေ။ ။ဒါဆို မီးသတ်ဗိုလ်လုပ်သား ။ ။ ဟာ ပိုက်ဆံပေးမှ ရေထွက်တယ်နဲ့ ဟာသတွေမှာ ပြောတာ မေမေမသိဘူး လားမေမေ။ ။ဒါဆို လွှတ်တော် အမတ်လုပ်သား။ ။သား က အအိပ်မက်တယ် မေမေရ။မေမေ။ ။ဒါဆို သမ္မတ အကြံပေးလုပ်သား။ ။ဟာ ဦးကိုကိုလှိုင်ကို ပြောတာ မေမေ မသိဘူးလား။မြန်မာ မီဒီယာ က ဒီလောက်ကြောက်ဖို့ ကောင်းတာ။မေမေ။ ။ ဒါဆို သမ္မတ နားနေတဲ့ သူလုပ်သား။ ။ဟာ ဟိုမိန်းမ ထမိန်ထုပ်ဆွဲတဲ့  ရပ်ပါ လိုလို ဟစ်ဟော့ လိုလိုသူက အပြောမခံရဘူး။သမ္မတ ခြေအိတ်ချွတ်တဲ့ပုံကို အိုဘာမားနဲ့ နှိုင်းထားတာ မတွေဘူးလား မလုပ်ချင်ပါဘူး။မေမေ။ ။ဒါဆို ဘာမှမလုပ်ပဲနေတော့ ကွာသား။ ။ ဟာ ဗျာ မြန်မာနိင်ငံက ကာတွန်းဆရာတွေ့ လူပဲပြောင်းတာ မူ မပြောင်းဘူးဆိုပြီး ဘာမှ မပြောင်းလဲဘူးဆိုပြီး ကာတွန်း အဆွဲ ခံနေရဦးမယ်။ လူအပျက်တွေ(လူဗျက်)တွေ ပြောတဲ့  အစိုးရ အပုတ်ချတဲ့  အငြိမ့် ဟာသတွေ၊ အောက်ပိုင်း ဟာသတွေက နောင်တချိန် မြန်မာ့ သားကောင်း ရတနာများရဲ့  မြင့် မားတဲ့  မျှော်လင့် ချက်တွေကို ရိုက်ချိုးလျှက် ရှိပါတယ်။ဒါကို ကျနော်တို့  အချိန်မှီ မကုသနိင် ရင်တိုင်းပြည် အပေါ်မှာ ရိုးသားတဲ့  ၀န်ထမ်းတွေ၊သစ္စာရှိ သမာသမတ်ကျတဲ့  ၀န်ထမ်းတွေ နောင် မကြာမှီ နှစ်အတောအတွင်း မုချ ဆုံးရှုံးလာပါလိမ့် မယ်။

ပြည်တော်ပြန်ရှေ့နေ ထောင် ၆ လကျ

Posted by drmyochit Thursday, August 30, 2012, under | No comments


နိုင်ငံတော်သမ္မတရဲ့ ပြည်ပရာက် မြန်မာတွေ ပြန်လာကြဖို့ ဖိတ်ခေါ်ချက်နဲ့ ပြန်သွားတဲ့ ရှေ့နေ ဦးစောကျော်ကျော်မင်း ကိုမြောက်ပိုင်းခရိုင် တရားသူကြီးက မူလအမှုဟောင်းကို စစ်ဆေးပြီးတဲ့ နောက်အမြင့် ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၆ လစီရင်ပါတယ်။ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးက ချမှတ်လိုက်တာလို့ တရားခွင်ကို သွားနားထောင်တဲ့ ဦးစောကျော်ကျော်မင်းရဲ့ မိတ်ဆွေ ရှေ့နေ ဦးညီညီထွေးက ပြောပါတယ်။ “မြောက်ပိုင်းခရိုင် တရားသူကြီးက စွဲဆိုထားတဲ့ ပြစ်မှုဆိုင်ရာပုဒ်မ ၂၂၈ ပါ တရားစီရင်တဲ့ ပြည်သူ့ဝန်ထမ်းကို အေနှာင့်အယှက် ပေးတယ်ဆိုတဲ့ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။ ကိုစောကျော်ကျော်မင်းရဲ့ အြပုအမူတွေဟာ ဒီစွပ်စွဲချက်နဲ့ အကျုံးဝင်တယ်၊ ပြစ်မှုထင်ရှားတယ် ဆိုပြီး တော့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၆ လ ချလိုက်ပါတယ်”လို့  ပြောပါတယ်။ ဦးညီညီထွေးဟာ ဒီအမှုမှာ အမှုတွဲဖြစ်ပြီး ထောင်ဒဏ် ၆ လ ကျခံခဲ့ပြီး ဖြစ်ပါတယ်။ ဦးစောကျော်ကျော်မင်း ကတော့ ပြည်ပကို ရှောင်တိမ်းနေရာက  ဒီနှစ် ၅ လပိုင်းမှာ မြန်မာပြည်ကို အပြန်မှာ အမှုရင်ဆိုင်ရတာပါ။ သူတို့နှစ်ဦးဟာ ၂၀ဝ၈ ခုနှစ်တုန်းက အမျိုးသားဒီမိုကေ ရစီအဖွဲ့ချုပ်ဝင် ၁၁ ဦး ဘက်ကေန ရှေ့နေ လိုက်ပါဆောင်ရွက်စဉ်က တရားခွင်မှာ အေချအတင် ပြောဆိုတဲ့အေပါ် ပြည်သူ့ဝန်ထမ်းကို အနှောင့်အယှက် ဖြစ်စေတယ်ဆိုတဲ့ ပုဒ်မနဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။မနက် ၁၀ နာရီခွဲခန့်မှာ အမှုစီရင်ပြီးတဲ့နောက် ဦးစောကျော်ကျော်မင်းကို အင်းစိန်ထောင်တွင်းမှာ ချုပ်နှောင်ထား လိုက်ပြီဖြစ်ပါတယ်။ ဒီထောင်ဒဏ်ချ မှတ်မှုအေပါ် ရှေ့နေ ဦးညီညီထွေးက “ဒီလိုအမှုမျိုးဟာ ဒဏ်ငွေ ၂၀ဝ လောက်ရိုက်ပြီးတော့ လွှတ်ပေးလိုက်လို့ ရတဲ့အမှုမျိုး ဖြစ်ပေမယ့် အောက်ရုံး တရားသူကြီးက အမှုကို မြကီးကြီးအောင် လုပ်ပြီးတော့ တခမ်းတနားနဲ့ အဲဒီပုဒ်မနဲ့ အေရးယူနိုင်အောင် လုပ်တဲ့အမှု ဖြစ်တယ်” လို့ ဆိုပါတယ်။ဒီအမှုကို အယူခံဆက်တက်မယ်လို့ ဦးညီညီထွေးက ပြောပါတယ်။ ဒီအမှုကို ရှေ့နေ ဦးစောကျော်ကျော်မင်းဟာ သူကိုယ်တိုင် လျှောက်လဲသလို ရှေ့နေတဦးကိုလည်း ငှားရမ်းလိုက် ပါစေခဲ့တာ ဖြစ်ပါတယ်။ဒီနေ့ စီရင်ချက်နဲ့ ပတ်သက်လို့ ရှေ့နေ ဦးညီညီထွေးက “မြန်မာနိုင်ငံက တရားခွင်တွေမှာ ဖြစ်ပျက်တဲ့ ပြဿနာပေါ်မှာ ရှေ့နေတွ၊ အမှုသည်တွေပဲ အေရးယူခံရ တာမျိုးရှိပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက် လာတာမျိုးတို့လို၊ တရားသူကြီးတွေရဲ့ အပြု အမှုနဲ့ ပတ်သက်တာမျိုးတွေနဲ့ ပတ်သက်လို့ အေရးယူ အပြစ်ပေးနေတာမျိုး မေတွ့ရဘူး” လို့ ဝေဖန်ပါတယ်။အဲဒီနေ့က ဒီအမှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့ ရဲအရာထမ်း၊ အမှုထမ်းကိုလည်း အခုထိ တစုံတရာ အေရးယူမှုမရှိဘူးလို့ ဦးညီညီထွေးက ပြောပါတယ်။

ပြည်ထောင်စုအဆင့်ဆိုတာထက် ပြည်သူ့အတွက်သာဖြစ်စေချင်သည်

Posted by drmyochit Thursday, August 30, 2012, under | No comments



            လွန်ခဲ့သည့် အပတ်က သူငယ်ချင်းများ နှင့်အတူ ရခိုင်ပြည်နယ် မောင်တောမြို့သို့ ရောက်ရှိခဲ့သည်။ သူငယ်ချင်း များစုပေါင်း၍ တိုင်းရင်းသား ဒုက္ခသည်များအား သွားရောက် လှူဒါန်းခဲ့ကြသည်။ ဌာနဆိုင်ရာ အာဏာပိုင်များ၊ ဒုက္ခသည် စခန်းတာဝန် ခံများနှင့် တွေ့ဆုံ၍ ဒုက္ခသည်များအား ဆန်၊ ငါးပိ၊ ငါးခြောက်နှင့် ရန်ကုန် စက်ရုံထုတ် အဝတ်အထည်၊ လူသုံးကုန်များ နှင့်ငွေများ စုပေါင်းလှူဒါန်း ခဲ့ကြသည်။ ဒုက္ခသည်များနှင့် တွေ့ဆုံ မေးမြန်းခဲ့ရာ နိုင်ငံတော် အစိုးရ၏ အစီအစဉ်ဖြင့် ရွာများတွင် နေအိမ်များ ဆောက်လုပ်ပေးပြီး ပြန်လည် နေရာချထား ပေးလျက်ရှိ သော်လည်း အချို့မှာ မပြန်လိုကြကြောင်း၊ ဘင်္ဂါလီရွာ များကြားတွင် ရခိုင်တိုင်းရင်းသား ရွာတစ်ရွာ၊ ၂ ရွာခန့် စသည်ဖြင့် ကြားညှပ် တည်ရှိနေသဖြင့် ယခုကဲ့သို့ ပဋိပက္ခဖြစ်ပွားပြီး သည့်နောက်ပိုင်းတွင် လုံခြုံမှုမရှိ တော့ကြောင်း၊ သံသယ စိတ်ဖြင့်မနေလို တော့ကြောင်း '' နွားကွဲရင် ကျားကိုက်လိမ့်မယ်''ဟု ရခိုင် အမျိုးသမီး တစ်ဦးမှ ရခိုင်သံဝဲဝဲဖြင့် ပြောကြား ခဲ့သည်ကို အမှတ်ရနေမိသည်။ ''အော်သူ တို့တွေရဲ့အနာဂတ် ရင်လေးစရာ ပါလား''ဟူ၍ ကိုယ်ချင်းစာ စိတ်ဖြစ်ပေါ်မိခဲ့သည်။
            ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိပြီး ခေတ္တအဆက် ပြတ်နေခဲ့သည့် အွန်လိုင်းပေါ်သို့ ဝင်ရောက်ခဲ့ရာ အင်တာနက် စာမျက်နှာများပေါ်၌ ခုံရုံးအဖွဲ့နှင့် လွှတ်တော်အဖွဲ့၏ အခြေအတင် ဆွေးနွေးသည့် အရေးကိစ္စအား ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလျက် ရှိသည်ကို တွေ့လာရသည်။ လွှတ်တော်များမှ ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင် အဖွဲ့များကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်၊ မဖြစ်သည်နှင့် ပတ်သက်၍ အငြင်းပွားမှု အရှိန်မြင့်တက် လျက်ရှိကြောင်း သိရသည်။ လွှတ်တော် အဖွဲ့များ အနေဖြင့် ပြည်ထောင်စုအဆင့် သတ်မှတ်လို လျက်ရှိသော်လည်း ခုံရုံးအဖွဲ့ အနေဖြင့်မူ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်ညီညွတ်မှု မရှိသဖြင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဟု မသတ်မှတ် သင့်ကြောင်း အဆိုပြုခဲ့ရာမှ စတင်ခဲ့သည်။
            ဤနေရာတွင် မိမိအနေဖြင့် ဥာဏ်မီသလောက် ဖော်ပြရလျှင် ပြည်ထောင်စု အဆင့်ဆိုသည်မှာ အနိမ့်ဆုံး ဒုတိယဝန်ကြီးအဆင့်မှ စတင်အ ကြုံးဝင်သည်။ သို့ဖြစ်၍ လွှတ်တော်မှ ဖွဲ့စည်းလိုက်သည့် ကော်မတီဝင်များ၊ ကော်မရှင် အဖွဲ့ဝင်များ၊ ရေးရာကော်မတီ ဝင်များသည် ဒုတိယဝန်ကြီး အဆင့်နှင့်တစ်တန်း တည်းဖြစ်သွားမည်။ လွှတ်တော်မှ ဖွဲ့စည်းသည့် ကော်မတီဝင်များ အနည်းဆုံး ၄ဝဝ ကျော် ၅ဝဝ ခန့်ရှိရာ ၄င်းတို့အား ပြည်ထောင်စု အဆင့်အတန်း သတ်မှတ်ပါက ဒုတိယဝန်ကြီး တစ်ဦး၏ ခံစားရ ပိုင်ခွင့်အတိုင်း ချီးမြှင့်ပေး ရမည်ဖြစ်သည်။ ထိုအခါ တစ်ဦးလျှင် လစာမှာ ကျပ်သိန်း ၂ဝ ၊ မော်တော်ယာဉ် ၃ စီး၊ တစ်စီးလျှင် ဆီဂါလံ ၆ဝ နှုန်းဖြင့် ဆီဂါလံ ၁၈ဝ၊ နေထိုင်ရန် အိမ်ခန်း၊ အခမဲ့ ဆေးကုသခွင့်၊ လုံခြုံရေး အစောင့်အရှောက်များ စသည်ဖြင့် အကျိုးခံစားခွင့်များ ပေးရတော့ မည်ဖြစ်ရာ အင်အား ၅ဝဝ ခန့်အတွက် နိုင်ငံတော် အစိုးရမှ ကျပ်သိန်း ၁၃,ဝဝဝ (၁.၃ ဘီလီယံ)ခန့် ထပ်မံပေး ရမည်ဖြစ်ပြီး တစ်နှစ်အတွက် ကျပ် ၁၅ ဘီလီယံခန့် ထောက်ပံ့ပေး ရမည်ဖြစ်သည်။ လက်ရှိ အခြေအ နေတွင်ပင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလျှင် တစ်လ ၃ သိန်းနှုန်း လစဉ်ထောက်ပံ့ ပေးထားသည်။ လွှတ်တော် တက်ရောက်ပါက နေစရိတ်/စားစရိတ် အတွက် တစ်ရက်လျှင် ၁ဝ,ဝဝဝ ကျပ်နှုန်း နေ့စဉ် ထောက်ပံ့ပေးထားပြီး ခရီးစရိတ် အတွက်မူ ကုန်ကျသလောက် တင်ပြတောင်းခံ ခွင့်ရှိကြောင်း သိရသည်။ လက်ရှိအနေ အထားအတိုင်း လွှတ်တော် ကိုယ်စားလှယ် ၆ဝဝ ကျော် အတွက် တစ်လလျှင် ကျပ်သိန်း ၁,၈ဝဝ ကျော်ခန့်နှင့် တစ်နှစ်အတွက် ၂ ဘီလီယံကျော် (ခရီးစရိတ်၊ စားစရိတ် မပါ) ကို နိုင်ငံတော်မှ ထောက်ပံ့ပေး လျက်ရှိကြောင်း သိရသည်။ (အခြား ကော်မတီ၊ ကော်မရှင် အဖွဲ့များ၏ လစာများကို ထည့်မတွက်ထားပါ။)
            သို့ဖြစ်၍ ပြည်ထောင်စု အဆင့်သတ်မှတ်ပါက နိုင်ငံတော် ဘဏ္ဍာမှ အနည်းဆုံး ကျပ်သိန်း ၁၅ ဘီလီယံ ထပ်မံထောက်ပံ့ ပေးရမည့် အခြေအနေရှိသည်။ ဒီမိုကရေစီ နိုင်ငံတိုင်းသည် အစိုးရ၏ အခြေခံအဆောက် အဦမျာှးု Infrastructure နေရာတွင် ပုဂ္ဂလိက/အများပိုင် အခြေခံအဆောက် အဦများနှင့် အစားထိုး ဆောင်ရွက်ကြသည်။ ဆိုရှယ်လစ်၊ ကွန်မြူနစ် စနစ်များတွင် ပုဂ္ဂလိကစနစ် မရှိသလောက် နည်းပါးပြီး အခြေခံအဆောက် အဦတိုင်းကို အစိုးရမှ ဗဟိုဦးစီးစနစ်ဖြင့် ဆောင်ရွက်သော်လည်း ဒီမိုကရေစီ စနစ်တွင်မူ အစိုးရဌာ နများတွင် တတ်နိုင်သမျှ ဝန်ထမ်း အင်အားများကို လျှော့ချ၍ ပုဂ္ဂလိက လုပ်ငန်းများဖြင့်သာ အစားထိုး ဆောင်ရွက်ကြသည်။ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ကာကွယ်ရေး၊ ပြည်ထဲရေး၊ လူ့စွမ်းအား အရင်းအမြစ်များ နှင့်သက်ဆိုင်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကယ်ဆယ်ရေးနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာန များကိုသာ အဓိကအမာခံ ထားရှိဖွဲ့စည်းပြီး ကျန်ဌာန များကိုမူ အများအားဖြင့် လိုအပ်သည့် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဦးစီးရုံးအဖွဲ့ လောက်သာထားရှိကာ ပုဂ္ဂလိက လုပ်ငန်းများဖြင့် အစားထိုးကြသည်သာ။ ပုဂ္ဂလိက လုပ်ငန်းများနှင့် ဈေးကွက်များကို ယှဉ်ပြိုင်ထုတ်လုပ် ခွင့်ပေးထားပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာ စေရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများအား အထောက်အကူ ပေးရသည်။ နိုင်ငံသားတစ်ဦးချင်း ဝင်ငွေမြင့်မားစေရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရက မူဝါဒများ ချမှတ်၍ ပုဂ္ဂလိက လုပ်ငန်းများကို အထောက်အကူ ပြုပေးရသည်။ နိုင်ငံတော် ဘဏ္ဍာငွေအတွက် နိုင်ငံသားများ၊ စီးပွားရေး လုပ်ငန်းများ၊ ကုမ္ပဏီများက မှန်မှန်ကန်ကန် အခွန်ထမ်း နိုင်စေရန်အတွက် မူဝါဒစည်းမျဉ်း များချမှတ်၍ စနစ်တကျ စည်းကြပ်ကြရသည်။ ယနေ့ အခြေအနေ သည် ဥရောပနိုင်ငံများ၌ ငွေကြေးအကျပ် အတည်းနှင့် ရင်ဆိုင်နေရပြီး စီးပွားရေး ကျဆင်းနေသည့် ကာလဖြစ်သည်။ ဂရိ၊ စပိန်၊ အီတလီစသော နိုင်ငံများသည် စီးပွားရေး ကျဆင်းနေသဖြင့် အစိုးရမှ ခြိုးခြံချွေတာရေး မူများချမှတ်၍ လစာစရိတ်နှင့် ပင်စင်လစာ များလျှော့ချခြင်း၊ အစိုးရ အသုံးစရိတ်များ လျှော့ချခြင်းတို့ပြုလုပ်၍ ငွေကြေးကျပ်တည်းမှု ကို ကုစားနေကြသည့် ကာလဖြစ်သည်။
            မိမိတို့ မြန်မာနိုင်ငံတွင်လည်း အခြေခံအဆောက်အဦများ တိုးတက်အောင်နှင့် ဆင်းရဲမွဲတေမှု လျော့နည်း စေရေးအတွက် များစွာအချိန် ယူဆောင်ရွက် ရဦးမည်ဖြစ်သည်။ နိုင်ငံတကာ စာမျက်နှာရှိ အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံးနိုင်ငံစာရင်းမှ ပယ်ဖျက်နိုင်ရေး ကြိုးစားကြရဦးမည်။ နှစ်စဉ်ကြုံတွေ့ နေရသည့် သဘာဝ ဘေးအန္တရာယ်များနှင့် အခြားအကြောင်း ကြောင်းကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတွင်း ဒုက္ခသည်များအား ပြန်လည် ထူထောင်ရေးသည်လည်း လူသားချင်း စာနာထောက် ထားမှုအရ အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ၄င်းတို့မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပူးပေါင်းဆောင်ရွက် ရမည့်လုပ်ငန်း များဖြစ်သည်။ မဲဆန္ဒ နယ်အလိုက် ပြည်သူမှ ရွေးချယ်တင် မြှောက်ထားသည့် မိမိကိုယ်ကို ''ပြည်သူထဲက ပေါက်ဖွားလာသည့် ပြည်သူ့အစေခံများ၊ ပြည်သူ့အကျိုး အတွက်ပဲဖြစ်စေရမယ်'' ဟု ကြွေးကြော်ခဲ့ကြသည့် လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် လည်းအမှန်တကယ် ပြည်သူများကိုသာ အကျိုးပြုစေလိုသည်။ အငြင်းအခုံ ဖြစ်ပွားနေသည့် ကော်မတီ/ကော်မရှင်ဝင် များအား ပြည်ထောင်စု အဆင့် သတ်မှတ်ခြင်း/ မသတ်မှတ်ခြင်း ငြင်းခုံနေမည့်အစား ဆင်းရဲဒုက္ခ ရောက်နေသည့် ပြည်သူအကျိုးကိုသာ ရှေးရှု ဆောင်ရွက်သင့်သည်။ ၄င်းတို့အား ထောက်ပံ့ပေးရမည့် နိုင်ငံတော် ဘဏ္ဍာငွေမှ နှစ်စဉ်ကျပ်သိန်း ၁၅ ဘီလီယံ (ဒေါ်လာ ၁၉ သန်း)ခန့်အား ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ် ကဲ့သို့သော လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများအား လမ်းဖောက်လုပ်ခြင်းနှင့် ဒုက္ခသည်များ ထူထောင်ရေး ကိစ္စများတွင်သာ အသုံးပြုသွားပါက မိမိတို့ပြည်သူ များအတွက် နိဗ္ဗာန်တမျှ အကျိုးသက်ရောက် စေမည်ဖြစ်၍ ပြည်သူအတွက် သာဖြစ်စေချင်သည်။


                                                                                                                                    ပြည်သူတစ်ဦး



ဆမ္မဆယ်လမ်းကြောင်းမှ တစ်နေ့လျှင်နွားကောင်ရေ တစ်ထောင်ဝန်းကျင် တရုတ်သို့တင်ပို့နေ

Posted by drmyochit Thursday, August 30, 2012, under | No comments



 
 ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနယ်ဆမ္မ ဆယ်ကျေးရွာမှတဆင့် တရုတ်ပြည်သို့ နွားကောင်ရေ တင်ပို့မှုများရှိ နေရာ တစ်နေလျှင် နွားကောင်ရေ (၁၀၀၀) ၀န်းကျင်တင်ပို့နေသည်ဖြစ်၍ နွားမျိုးပြုန်း တီးမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။  နောင်ချိုမြို့နယ်   ဆမ္မဆယ်မှတဆင့် တရုတ်ပြည်သို့ တင်ပို့ရာတွင်   (၁၂) ဘီးကားကြီးများဖြင့် တင်ပို့နေခြင်း ဖြစ်ပြီး  ကားတစ်စီးလျှင် နွားအကောင်ရေ (၂၀) မှ (၂၅)ကောင်အထိ တင်ဆောင်ကာတစ်နေ့လျှင်  ကားအစီးရေ (၅၀)အထိ သယ်ဆောင်နေ ခြင်းဖြစ်သည်။  “တစ်နေ့ကို ကားအစီးရေ (၅၀)လောက် တင်ပို့နေတော့ ကြာရင်နွားကောင်ရေ မျိုးတုန်းသွားမှာကို ဒေသခံတော်တော် များများက  စိတ်ပူနေကြတယ်”ဟု   ဆမ္မဆယ်ရွာခံ တစ်ဦးဖြစ်သူက ပြောသည်။ အဆိုပါ နွားများမှာ မြန်မာပြည် အလယ်ပိုင်းမှ  အများဆုံးဖြစ်ပြီး   ဈေးကောင်းပေး ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ တင်ဆောင်သော ကားများမှာ   ဆမ္မဆယ်မှ မူဆယ်အထိ  တစ်ကြောင်းလျှင် ကားတစ်စီးလျှင် ကျပ်(၈)သိန်း အထိကျန်ကြောင်း  ကားခေါင်မိုးပေါ်တွင်   နွားကြည့်ရန်အတွက်   လိုက်ပါသူ တစ်ဦးမှာ  တစ်ခေါက်လျှင် ကျပ်(၂) သောင်းဝန်းကျင် ရရှိကြောင်းကိုလည်း ယာဉ်မောင်းအသိုင်း အ၀ိုင်းကသိရသည်။ှ  “ဒီနွားတွေဟာ  ကျွန်တော်တို့ တောင်သူလယ်သမားတွေ့ရဲ့  ကျေးဇူးရှင်တွေပါ သတ်ဖို့ရာအတွက် သူများနိုင်ငံပို့ တာကြာလာရင်   နွားတွေမျိုးတုန်း သွားစိုးရိမ်ရတယ်၊  ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် မြန်မာပြည်မှာနွားမှ ကျန်ပါဦးမလားမသိဘူး”ဟု   နောင်ချိုမြို့နယ် သွေးလှုရှင်အဖွဲ့မှ လူငယ်တစ်ဦးက ပြောသည်။ အဆိုပါ ကားများမှာ ည(၉း၀၀)နာရီ ၀န်းကျင်တွင်  နောင်ချိုမြို့တွင်းမှ  ဖြတ်သန်းလေ့ ရှိကြောင်းကိုလည်း မြို့ခံများက ဆိုသည်။ နောင်ချိုမြို့နယ် အတွင်းတွင်   ၂၀၁၂ခုနှစ်အတွင်း   နွားခိုးသယ်ဆောင် မှုများအတွက် အရေးကြီး သယ်ဆောင်မှုပုဒ်မ (၈၁)နှင့်အမှုတစ်မှုပါ လူ(၅)ဦးအား   ဖမ်းဆီးထား ပြီးဖြစ်ကြောင်း နောင်ချိုမြို့နယ်ရဲစခန်းမှ   ဒုရဲအုပ်တစ်ဦးက   အတည်ပြုပြောကြားခဲ့သည်။ အဆိုပါနွားများ တင်ဆောင်နေသော နေရာမှာ   နောင်ချိုမြို့နယ် ဆမ္မဆယ်မှ သုံးဆယ်မြို့သို့ သွားသော ကားလမ်းဘေးတွင် တည်ရှိကြောင်းကိုလည်း ဆမ္မဆယ်ရွာခံများ ထံကသိရှိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ခ်ျ ပတ်စ်ပို့ဖြင့် နယ်စပ် ဖြတ်ကျော် ခရီးသွားလာခွင့် ပြန်လည် ဖွင့်လှစ်

Posted by drmyochit Thursday, August 30, 2012, under | No comments



 
ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ဆူပူအကြမ်း ဖက်မှုကြောင့် သုံးလကြာ ပိတ်ထားခဲ့ရသော မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ် ပတ်စ်ပို့ဖြင့်နေ့ချင်ပြန် နိုင်ငံ ဖြတ်ကျော်သွား လာခွင့်ကို ယမန်နေ့ သြဂတ်(စ်)လ ၂၈ ရက်နေ့က  ပြန်လည် ဖွင့်လှစ် လိုက်ပြီးဖြစ်ကြောင်း သတင်း ရရှိသည်။အခြေအနေ တည်ငြိမ်စ ပြုလာသည့် အတွက် မြန်မာ နစကနှင့် တက်ကနက် အခြေစိုက် ဘီဂျီဘီ အမှတ် (၄၂) တပ်ဖွဲ့တို့မှ ဆွေးနွေး ညှိနှိုင်းချက်အရ နှစ်နိုင်ငံ ပတ်စ်ပို့ဖြင့် သွားလာခွင့် ပြုထားသော နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။စတင် ဖွင့်လှစ်ခဲ့သည်  နံနက်ပိုင်း ၁၀နာရီမှ စတင်ပြီး ဘင်္ဂလာဒေခ်ျ့ တက်ကနက် မြို့မှနေ မြန်မာနိုင်ငံ မောင်တောသို့  ခရီးသွားသူ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသား ၃၆ဦး ရှိခဲ့ပြီး မြန်မာ နိုင်ငံ  မောင်တော ဘက်ကနေ ဘင်္ဂလာဒေခ်ျ့ဘက်သို့  ၀င်ရောက်လာသူ ခရီးသည် ၄၉ဦး ရှိကြောင်း သိရသည်။အ၀င်အထွက် ပြုလုပ်သူ အားလုံးမှာ နှစ်ဘက်နိုင်ငံက ထုတ်ပေးထားသော ပတ်စ်ပို့များကိုအသုံးပြု သွားလာခဲ့ကြသည်ဟု ဆိုသည်။ နှစ်နိုင်ငံ စီးပွားရေးအရ ကူးလူးဆက်သွယ်နေသည့် နယ်စပ်ဂိတ်ကို ကာလာတာရှည်စွာ ပိတ်ထားရသည့် အတွက် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ၏ အခွန်ဘဏ္ဍာဝင်ငွေမှာ အကြီးအကျယ် နစ်နာမှုဖြစ်ခဲ့ရဟု သိရသည်။

""ကော့သောင်း အာဏာပိုင်တို့ ဒေသခံ ဘိုးဘွားပိုင်မြေ သိမ်းဆည်းရောင်းချ""

Posted by drmyochit Thursday, August 30, 2012, under | No comments


 
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက် ကွင်းအမှတ်၂၄၊ ဦးဥာဏ်စိန်ပိုင် မြေဧက၈.၂၄ဧကကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်းပြီး သိမ်းဆည်းရောင်းချခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ထိုမြေကွက် ကိုမြို့အာဏာပိုင်များက၎င်းတို့ယခင်ကတည်းကသိမ်းဆည်းထားမည့်မြေကွက်ဖြစ်သည်ဟုဆိုပြီး ယခုအခါ အကွက်ရိုက် ရောင်းချကာ အိမ်ယာများပါ ဆောက်လုပ်နေပြီးဖြစ်သည်ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ဦးသန်းထွန်း က ပြောသည်။

ဦးသိန်းထွန်းက “ရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနတို့ ပေါင်းပြီးတော့ ရောင်းချထားတဲ့မြေကွက်မှာ အိမ် ယာတွေဘာတွေ ဆောက်နေတာ။ ဒါကို ဦးဉာဏ်စိန်က သူ့မှာ သက်သေအထောက်အထား စုံစုံလင်လင်နဲ့ ကျနော်တို့ဆီမှာ လာတိုင် တယ်”ဟု ပြောဆိုသည်။ယင်းကိစ္စနှင့်ပတ်သက်၍ ယခင် စစ်အစိုးရလက်ထက်ကတည်းက အာဏာပိုင် အဆင့်ဆင့်ကို ဦးဉာဏ်စိန်က တိုင်ကြားခဲ့သော်လည်းယနေ့အချိန်ထိတစုံတရာ ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက်ဒီမိုကရက်တစ်ပါတီ(မြန်မာ)ထံသို့ လာရောက် တိုင်ကြားရ ခြင်းဖြစ်ပြီး၎င်းပါတီအနေနှင့်လည်း သိမ်းဆည်းခံရသည့် ဘိုးဘွားပိုင်မြေ ပြန်လည်ရရှိနိုင်အောင် သမ္မတထံရောက်သည်အထိ အဆင့်ဆင့် တင်ပြ ပေးသွားမည်ဟု ဆိုသည်။ဆက်လက်၍ ဦးသန်းထွန်းက “ဦးဥာဏ်စိန်မှာ အဲဒီမြေကို သူပိုင်ဆိုင်ကြောင်းကို သက်သေအထောကအထားအစုံအလင်ရှိတယ်။

ကျနော်တို့တင်မှာက သမ္မတ၊ တိုင်းဝန်ကြီးချုပ်၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး စစ်ဗျူဟာ ခရိုင်ရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့ အဆင့်ဆင့် တင် ပေးသွားမှာတောင် အဆင်မပြေဘူးဆိုရင် ILO ကို ခေါ်ချလာမယ်”ဟု ဖြည့်စွက်ပြောသည်။ယင်းမြေကွက်များကို ဦးဉာဏ်စိန်က ၁၉၅၇-၅၈ခုနှစ်၌ ကော့သောင်းကျေးရွာ၊ မလိဝမ်းမြို့ မြေအခွန်တော်ရုံးတွင် အခွန်ပေးဆောင်ကာ ဦးပိုင်မြေအဖြစ်လည်း လျှောက်ထားခဲ့ပြီး ၁၉၅၈ခုနှစ်၊ဇူလိုင်လ ၂ရက်နေ့တွင် ဦးပိုင်မြေ လျှောက်ထားချက် ကျလာခဲ့သည်။၁၉၉၇ခုနှစ်မှာပင် ကော့သောင်းမြို့ပြလမ်း ပြုပြင်မည်ဆိုပြီး အက်တမန်ကုမ္ပဏီ(သူဌေးကျွန်း ဟိုတယ်ကုမ္ပဏီ) က လာရောက်ပြုပြင်ပေး ရာ စက်ယန္တရားနှင့် အလုပ် သမားတန်းလျားများ ယာယီထားရှိရန် ထိုမြေကွက်ကို ဦးဉာဏ်စိန်၏ ခွင့်ပြုချက်ဖြင့် အသုံးပြုလာခဲ့သည်။သို့သော် လမ်းပြုပြင်ရေး ပြီးစီးသွားသည့် ၁၉၉၈ခုနှစ်တွင် အက်တမင်းကုမ္ပဏီက ပြန်လည်ထွက်ခွာသွားသော်လည်း ကုမ္ပဏီမှ အလုပ် သမားခ မပေးဟုဆို၍ အလုပ်သမားများ ထွက်ခွာသွားခြင်းမရှိပဲ ယနေ့အထိ နေထိုင်နေဆဲဖြစ်သည်။၎င်းအပြင် မြို့နယ်အာဏာပိုင်အဖွဲ့အစည်းများ စစ်တပ်နှင့် ပူးပေါင်းပြီး ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်တွင် မြို့ပြတိုးတက်ရေးဆိုကာ မြေ ၃ဧကခန့် သိမ်းယူခဲ့သလို ကျန်ရှိမြေ ၅ဧကခန့်ကို မြို့အာဏာပိုင်များ အပါအဝင် ယခင် အက်တမင်းကုမ္ပဏီ တာဝန်ခံ ဦးညွှန့်လှိုင်တို့ ပူးပေါင်းသိမ်းဆည်းကာ အကွက်ရိုက် ပြန်လည်ရောင်းစားနေကြကြောင်းဦးသန်းထွန်းကပြောသည်။

(ကေအိုင်စီ)

အစိုးရတပ်များ ဖားကန့်ရှိ ကျေးရွာ ၁၁ ရွာရှိ ဒေသခံများအား တိမ်းရှောင်ရန် သတိပေးကြေငြာ

Posted by drmyochit Thursday, August 30, 2012, under | No comments


 
ကချင်ပြည်နယ် ဧရာမကျောက်စိမ်းတူးဖော် ရာဒေသဖြစ်သော ဖားကန့်မြို့ရှိ ကျေးရွာ ၁၁ ရွာကို မြန်မာအစိုးရတပ်ဖွဲ့များမှ အသံချဲ့စက် အသုံးပြုကာ မိမိနေအိမ်မှ ပစ္စည်းများတစ်ခု မကျန် သိမ်းဆည်း ကာ ပြောင်းရွှေ့သွားရန် ယနေ့မနက်တွင် လိုက်လံသတိပေးပြော ဆိုခဲ့ကြောင်း ဒေသခံများပြောသည်။သြဂုတ်လ ၂၇ ရက်နေ့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီးနောက် အစိုးရတပ်များမှ ဖားကန့်မြို့နယ် တွင်း မှော်မောင်းလယန်၊ မှော်မောင်ကုန်း၊ အင်ဗလခ၊ တောင်ပြို၊ မျောက်ဖြူ၊ ရှရော်ခ၊ ဆိုင်းဂျာဘွမ်၊ မနား၊ ကလောမှော်၊ ပီကျောင်၊ မှော်ဝမ်းကလေး စသည့်ကျေးရွာရှိဒေသခံများအား ပြောင်းရွှေ့ရန် သတိပေးခဲ့ခြင်း ဖြစ်ကြောင်း ဖားကန့်ဒေ သခံတစ်ဦးပြောသည်။“ဒီမနက် ၁ နာရီလောက်မှာ အဲလိုပြောတော့ ၂ နာရီခန့်ကတော့ ပစ္စည်းတွေသိမ်းပြီး 
တစ်ရွာလုံးက လူတွေ ပစ္စည်းတွေတင်ပြီးပြောင်းနေကြတယ်။ အခု ကျနော်တို့ ဖားကန့်မြို့ ငှက်ပျောတော ခရစ်ယာန်ဘုရားကျောင်း မှာ ရောက်နေတယ်။ ကျနော်တို့ရွာကတော့ အများပိုင်းက တနင်္ဂနွေနေ့က ပြောင်းပြီလေ။ ဒါပေမဲ့ အကုန်ပြောင်းတာက ဒီမနက်ပဲ။ ရွာမှာက ကျေးရွာကော်မတီ ၅ ယောက် ထက်ကျော်ပြီး မနေရဘူးတဲ့” ဟု မှော်မောင်းလယန်မှ ဒေသခံ တစ်ဦးကပြောသည်။ယခုလို အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA နှစ်ဖက်စစ်ရေးအရှိန်မြင့်နေချိန် မြန်မာအစိုးရ တပ်မှ ထိုသို့ ကျေးရွာများအား ပြောင်းရွှေ့ကြရန် ပြောဆို သတိပေးခြင်းသည် မကြာမီ ထိုးစစ်ဆင်တိုက်ပွဲများ ပိုမိုပြင်းထန်လာမည့် အလားအလာရှိကြောင်း ဖားကန့်ဒေသခံများ သုံးသပ်ပြောဆိုနေကြသည်။

လတ်တလောတိုက်ပွဲများတွင် အစိုးရတပ်များ အင်အားများထပ်မံတိုးချဲ့တိုက်ခိုက်နေပြီး ရဟတ်ယာဉ်များ လည်းအသုံးပြုလာကြောင်း KIO သတင်းအရသိရသည်။တိုက်ပွဲကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှစ၍ ဖားကန့်ရှိကျေးရွာများဖြစ်သော မှော်မောင်းလယန်၊ တောင်ပြို၊ ဗလခ၊ မျောက်ဖြူ၊ ရှရော်ခ၊ ဆိုင်းဂျာဘွမ်၊ ဆွတ်နန်ကောင်၊ စဗိခူး၊ မော် ၀မ်းကြီး၊ မော်ဝမ်းကလေး၊ မော်မောဘွမ်၊ မနားချောင်း၊ ကလောမှော်၊ ပီကျောင် စသည့်ကျေးရွာ များမှ ဒေသခံစစ်ပြေးဒုက္ခသည်များသည် လုံခြုံရာ ဖားကန့်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာကြသည်။

ထိုသို့ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များသည် ထပ်၍တိုးလာနေသောကြောင့် ယခုချိန်တွင် ဒုက္ခသည်ပေါင်း ၆၀၀၀ ကျော်ရှိနေပြီး ၄င်းတို့အတွက် အရေးပေါ်ကူညီထောက်ပံ့များလိုအပ်နေကြောင်း ဒုက္ခသည်များအား ကူညီပေးသူများပြောသည်။ ယခု ချိန်တွင် ဒုက္ခသည်များကို အသင်းတော်များနှင့် ကျောက်ကုန်သည် လောပန်းအချို့ ကူညီနေပြီး အကူညီမှုများ ဆက်လက်လို အပ်နေချိန်တွင် နောက်ထပ် ကျေးရွာ ၁၁ ရွာမှ ဒေသခံများကို တိမ်းရှောင်သွားကြရန် အစိုးရစစ်တပ်မှ လိုက်လံသတိပေးခဲ့ခြင်းဖြစ်သည်။

ဖားကန့်ဒေသသည် အဖိုးတန်ကျောက်စိမ်းများ ထွက်ရှိရာ ဒေသဖြစ်ပြီး မြန်မာနိုင်ငံအတွက်ဝင်ငွေ အကောင်းဆုံး ရရှိသောဒေသလည်းဖြစ်ကာ တူးဖော်ရရှိသောကျောက်များကို ရန်ကုန်မြို့တွင် လည်း ကျောက်မျက် ရတနာအရောင်းပြပွဲများ နှစ်စဉ်ကျင်းပလေ့ပြီး တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်းချီဝင်ရရှိသောနေရာဖြစ်ကြောင်း သိရသည်။

ထိုးစစ်ဆင် ရှေ့တန်းတပ်များကို သမ္မတ အရေးယူရန် ကချင်များ တောင်းဆို

Posted by drmyochit Thursday, August 30, 2012, under | No comments


သမ္မတ၏ ညွှန်ကြားချက်အား မလိုက်နာဘဲ ကချင်ပြည်နယ်တွင် ထိုးစစ်များ ဆင်နွှဲလျက်ရှိသည့် အစိုးရ ရှေ့တန်းတပ်များကို “ထိရောက်စွာ အရေးယူပေးရန်” ကချင်အဖွဲ့အစည်းများ က တောင်းဆိုလိုက်ကြသည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်သည့် ကချင် အဖွဲ့အစည်း ၁၁ ဖွဲ့၏ ကြေညာချက်တွင် “KIO/KIA တပ်စခန်းများကို ဦးတည်ပြီး ရှေ့တန်းစစ်မျက်နှာတွင် တပ်ရင်းပေါင်း ၈၀ ကျော်တို့၏ မတရား ထိုးစစ်ဆင် တိုက်ခိုက်မှုကြီးများကို ချက်ချင်းရပ်တန့်ပေးရန်” တောင်းဆိုလိုက်သည်။ထိုးစစ်များ မဆင်နွှဲရန် ၂၀၁၁ ခုနှစ်၊ ဒီဇင်္ဘာလ ၁၀ ရက်နေ့က သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားသော်လည်း ထိုးစစ်များ ပြင်းထန်လာနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင် ကျောင်းသား လူငယ်များသမဂ္ဂ (AKSYU) အထွေထွေ အတွင်းရေးမှူး ကိုနော်ဆန့် က ပြောသည်။ “ထိုးစစ်ကတော့ ပိုပိုပြီး ဆင်လာတဲ့ အနေအထားရှိတယ်။ အဲဒါကို သမ္မတအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုတယ်။ ညွန်ကြားချက် မလိုက်နာရင် ဘယ်လို လုပ်မလဲ။ ဘယ်လို အရေးယူဆောင်ရွက်သွားမလဲ၊ ဘယ်အတိုင်းအတာ၊ ဘယ်အချိန်ကာလထိ ဒါကို ခွင့်ပြုဦးမှာလဲဆိုတာ စနစ်တကျနဲ့ သေသေချာချာ ထိထိရောက်ရောက် အရေးယူဖို့ လိုလာတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။ကချင် အမျိုးသားအစည်းအရုံး (KNO)၊ ကချင် အမျိုးသမီးအစည်းအရုံး (KWAT)၊ ကချင် သတင်းဌာန (KNG)၊ ကချင် လူမှုဖွံ့ဖြိုးရေးကွန်ယက် KDNG၊ ကချင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ KEO တို့ အပါအဝင် ကချင် ၁၁ ဖွဲ့တို့ ပူးပေါင်း၍ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ပြည်တွင်းစစ်၏ အရင်းခံပြဿနာများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား “စစ်မှန်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းဖြင့်” အဖြေရှာရန်လည်း တိုက်တွန်း ထားသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများအား စုံစမ်းရေးကော်မရှင်ဖွဲ့၍ စစ်ဆေးဖော်ထုတ်ရန်လည်း ကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုင်းအဝိုင်းသို့ တောင်းဆိုထားသည်။ စစ်ပြေးဒုက္ခသည် ၉၀,၀၀၀ ကျော်အတွက် ကုလမှ အကူအညီများပေးနိုင်ရေး အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ကာ ကချင်အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန်လည်း တောင်းဆိုကြသည်။“ကုလသမဂ္ဂ အနေနဲ့တော့ လက်ရှိ အခြေအနေထိ ကချင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင် ရွက်မှု တော်တော် အားနည်းနေတယ်။ မရှိသလောက်ပဲ။ ဒုက္ခသည်တွေရဲ့ လိုအပ်တဲ့ ကူညီထောက်ပံ့မှု ဆိုင်ရာ ဥပမာ တရုတ် အစိုးရနဲ့ ဆက်စပ်ပြီး ဆောင်ရွက်တာမျိုးတွေလည်း လုံးဝမရှိသလောက် တွေ့နေရတဲ့ အနေအထား ဖြစ်နေတယ်” ဟု ထုတ်ပြန်ကြေညာချက်အတွက် ပြောရေးဆိုခွင့်ရှိသူ ကိုနော်ဆန့် က ပြောသည်။ တရုတ်နယ်စပ်ရှိ ယာယီဒုက္ခသည်စခန်းတွင် နေထိုင်နေသော စစ်ပြေးဒုက္ခသည်များအား အတင်းအဓမ္မမောင်း ထုတ်ေ နခြင်းမှ ရပ်တန့်ပြီး အကူအညီများ ပေးရန် တရုတ်အာဏာပိုင်များအား ကချင်အဖွဲ့များက တောင်းဆိုထားသည်။

သုံးရက်အတွင်း ပြည်ထောင်စု အဆင့် ရာထူး (၃၀) အပြောင်းအလဲ ဖြစ်

Posted by drmyochit Thursday, August 30, 2012, under | No comments



နိုင်ငံတော် သမ္မတရုံး သြဂုတ် ၂၇ နှင့် ၂၈ ရက်နေ့များတွင် ထုတ်ပြန် ကြေညာချက်များ အရ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် အပါအဝင် ပြည်ထောင်စု အဆင့် ရာထူးနေရာ ၂၇ နေရာ အပြောင်းအလဲ ဖြစ်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက် များအရ သြဂုတ်လ ၂၇ ရက်နေ့တွင် ပြည်ထောင်စု ဝန်ကြီး ( ၉ ) ဦးကို နေရာပြောင်းရွှေ့  ခန့်ထားခဲ့ပြီး ဒုဝန်ကြီး ( ၁၅ ) ဦးကို အသစ် ခန့်ထားခဲ့သည်။ သြဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက် တွင်မူ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် တကွ ဝန်ကြီး ( ၂ ) ဦးအား ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ဖော်ပြ ပါရှိသည်။
ထူးခြားချက် အနေဖြင့် နေရာ ပြောင်းရွှေ့ ခံခဲ့သော ပြည်ထောင်စု ဝန်ကြီးများတွင် လေးဦးမှာ နိုင်ငံတော် သမ္မတရုံးတွင် ခန့်ထားခဲ့ခြင်း ဖြစ်ပြီး ယခင် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းကိုလည်း သမဝါယမ ဝန်ကြီးဌာနသို့ ပြောင်းရွှေ့  ခန့်အပ်ခဲ့သည်ကို ဖော်ပြပါရှိသည်။
ထို့အပြင် ဒုတိယ ဝန်ကြီး ၁၅ နေရာ အသစ်ခန့်အပ် တာဝန်ပေးအပ်ရာတွင် လည်း အမျိုးသမီး (၄)ဦး ထပ်မံပါဝင်ခဲ့ရာ အစိုးရ အဖွဲ့တွင် အမျိုးသမီး( ၆ ) ဦး အထိ ရှိလာခဲ့ပြီ ဖြစ်သည်။
သြဂုတ်လ ၂၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော အမိန့်အရ မြန်မာ့ အာမခံလုပ်ငန်းအထွေထွေ မန်နေဂျာ ဒေါက်တာမောင်မောင်သိမ်းကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်၎င်း၊ အငြိမ်းစားဗိုလ်မှုးချုပ်ဇင်ယော်နှင့် သံအမတ်ကြီးဦးသန့်ကျော်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်၎င်း အသီးသီးခန့်အပ်ခဲ့သည်။

"အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်းသည် ကာလရှည်ကြာစောင့်မျှော်ခဲ့ရသော အဓိကအပြောင်းအလဲဖြစ်"

Posted by drmyochit Thursday, August 30, 2012, under | No comments


Photo: "အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်းသည် ကာလရှည်ကြာစောင့်မျှော်ခဲ့ရသော အဓိကအပြောင်းအလဲဖြစ်"

မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မီဒီယာဥပဒေတို့ကဲ့သို့သော အရေးပါသည့် ဥပဒေများနှင့် ပတ်သက်၍ ငြင်းခုံဝေဖန်မှုများ ပြင်းထန်လာချိန်တွင် သမ္မတက အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်သည်။
''သမ္မတဦးသိန်းစိန် အစိုးရ ဝန်ကြီး အပြောင်းအလဲတွေဟာ ပြည်သူတွေကြား က သတင်းဌာန တွေကလာတဲ့ ထင်မြင်ချက်တွေအပေါ် မူတည်တုံ့ပြန်ခဲ့တာ ပါ''ဟု နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။
ယခုကဲ့သို့ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းအပေါ် သမိုင်းပညာရှင်နှင့် မြန်မာအရေး ကျွမ်းကျင်သူ ဒေါက်တာ သန့်မြင့်ဦးက ''ကာလရှည်ကြာ စောင့်မျှော်ခဲ့ရသော အဓိက အပြောင်းအလဲ''ဟု သုံးနှုန်းထားသည်။
''ပြောင်းလဲလိုက်တဲ့ သူတွေနဲ့ အသစ်ထပ်ခန့်တဲ့ သူတွေဟာ အဓိက စီးပွားရေးဝန်ကြီးဌာနတွေမှာပါ။ ဒါဟာ နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု အမှားတွေကို ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ပြီးနောက် စီးပွားရေး ပြန်လည်ဦးမော့လာဖို့ ဦးတည်ချက်ထားတဲ့ သမ္မတကြီးရဲ့လုပ်ဆောင် ချက်ပါ''ဟု ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ ထိပ်သီး လက်ထောက်သုံးဦးအား သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး များအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ရာ မီးရထားဝန်ကြီး ဦးအောင်မင်းလည်း အပါအဝင် ဖြစ်သည်။ ဦးအောင်မင်းသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးမည့် ငြိမ်းချမ်းရေးအဖွဲ့အား ခေါင်းဆောင်နေသူ ဖြစ်သည်။ ဤကြိုးပမ်းချက်သည် နိုင်ငံအား ထိခိုက်မှု တစ်စုံ တစ်ရာမရှိဘဲ အောင်မြင်မှု ရရှိစေမည့် အဓိကကြိုးပမ်းချက်ဟု ဆိုရ မည်။
အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အများစုမှာ အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်များ ရေးထိုးထားသော်လည်း မြောက်ပိုင်းရှိ ကချင်တိုင်းရင်းသား လက်နက်ကိုင်များနှင့်မူ တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေပြီး ကချင်အရပ်သား ထောင်ပေါင်းများစွာ နေအိမ် စွန့်ခွာရှောင်တိမ်း နေကြရသေးသည်။
ထို့အတူ အမျိုးသားစီမံကိန်း ရေးဆွဲရေးနှင့် စီးပွားရေးးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးတင်နိုင်သိန်းနှင့် စက်မှုဝန်ကြီး ဦးစိုးသိန်းတို့အား သမ္မတရုံး ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ခြင်းသည် သမ္မတအနေနှင့် စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် အလေးအနက် အာရုံစိုက်နေကြောင်း သိသာစေသည်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုနှင့် ပတ်သက်၍ ရင်းနှီး မြှုပ်နှံသူများအား ဆွဲဆောင် ရန် မည်သည့်မက်လုံးများ ဖန်တီးပေးရမည်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ များနှင့် ယှဉ်ပြိုင်ရာတွင် ပြည် တွင်းလုပ်ငန်းများအား မည်ကဲ့သို့ အကာ အကွယ် ပေးရမည်တို့ကို အဓိကထား ဆွေးနွေးသွားကြဖွယ် ရှိသည်။
''ဒါဟာ သမ္မတရဲ့ အားကောင်းမောင်းသန် ပြုပြင်ပြောင်းလဲရေး အစီအစဉ် တွေကို သက်သေ ပြနေတာပါပဲ။ ဒီပြင်ဆင်ဖွဲ့စည်းခြင်းမှာ စီးပွားရေး အခန်းကဏ္ဍတွေ အများကြီးပါနေတယ်။ ဒီအချက်ဟာ သမ္မတက စီးပွား ရေးပြုပြင် ပြောင်းလဲမှုအတွက် ဦးတည်ကြိုးပမ်းနေတာကို ပြသနေပါ တယ်''ဟု ဦးသန့်မြင့်ဦးက ပြောသည်။
သမဝါယမ ဝန်ကြီးအဖြစ် ရာထူးပြောင်းရွှေ့ခန့်အပ်ခံရသော ယခင် ပြန်ကြားရေးဝန်ကြီး ဦးကျော် ဆန်းမှာ ယခင်အစိုးရလက်ထက် မီဒီယာ များအား ထိန်းချုပ်ရာတွင် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်ခဲ့သူဖြစ်သည်။
ထို ရာထူးနေရာအတွက် အ လုပ်သမား ဝန်ကြီး ဦးအောင်ကြည် နှင့် အစား ထိုးခဲ့သည်။ ဦးအောင် ကြည်မှာ အဓိကအတိုက်အခံ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကျနေစဉ် အစိုးရ၏ ဆက်ဆံရေးဝန်ကြီးအဖြစ် သူမနှင့် ဆက်ဆံခဲ့ရသူ ဖြစ်သည်။
''ပြုပြင်ပြောင်းလဲရေးမှာ အဓိ ကအရေးပါတဲ့ ဝန်ကြီးလေးဦးကို သမ္မတရုံး ဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်လိုက်တာဟာ ဒီမိုကရေစီ အပြောင်း အလဲအတွက် ကောင်းတဲ့လက္ခဏာပါ'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။ ထို့အတူ အလုပ်သမား ဝန်ကြီး ဦးအောင် ကြည်အား ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းအား ကြိုဆိုရ မည်ဟု ထပ်မံဆိုသည်။
''သူ (ဦးအောင်ကြည်)ဟာ စစ်အစိုးရလက်ထက်မှာဆက်ဆံရေး ဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဆက်ဆံခဲ့သူပါ။ ပြီးတော့ လူထုနဲ့ ဆက်ဆံတဲ့ နေရာမှာလည်း အတွေ့အကြုံကောင်းတွေ ရှိမှာပါ'' ဟု ဦးမင်းသူက ဆိုသည်။
IGS Global Insight ၏ မြန် မာအရေး ကျွမ်းကျင်သူ Jan Zalewski  က အမှန်တကယ် ဖြစ် ပွားနေသည့် အကြောင်းအရာနှင့် အစိုးရအဖွဲ့ ပြင်ဆင် ဖွဲ့စည်းစေရန် စေ့ဆော်သည့်အကြောင်းအရင်းက မည်သို့ရှိသည်ကိုသိရှိရန် အလွန် ခက်ခဲနေသည်ဟု ဆိုသည်။ သို့ရာတွင် ယခု အပြောင်းအလဲသည် အစိုးရအဖွဲ့အတွင်း သမ္မတ၏အခန်း ကဏ္ဍကို ပိုမိုအားကောင်းမောင်းသန် ဖြစ်လာစေမည်ဟု သုံးသပ်သည်။
''ဒါဟာ ပြုပြင်ပြောင်းလဲမှု ခရီးရှည်အတွက် ကောင်းတဲ့ လက္ခဏာပါ။ ပြီးတော့ ဒါဟာ အစပဲ ရှိပါသေးတယ်'' ဟု ၄င်းကဆိုသည်။

PN-055
Ref: New York Times, BBC

 

မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မီဒီယာဥပဒေတို့ကဲ့သို့သော အရေးပါသည့် ဥပဒေများနှင့် ပတ်သက်၍ ငြင်းခုံဝေဖန်မှုများ ပြင်းထန်လာချိန်တွင် သမ္မတက အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

''သမ္မတဦးသိန်းစိန် အစိုးရ ဝန်ကြီး အပြောင်းအလဲတွေ ဟာ ပြည်သူတွေကြား က သတင်းဌာန တွေကလာတဲ့ ထင်မြင် ချက်တွေအပေါ် မူတည်တုံ့ပြန်ခဲ့တာ ပါ''ဟု နိုင်ငံတော်သမ္မတရုံး မှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။
ယခုကဲ့သို့ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းအပေါ် သမိုင်းပညာရှင်နှင့် မြန်မာအရေး ကျွမ်းကျင်သူ ဒေါက်တာ သန့်မြင့်ဦးက ''ကာလရှည်ကြာ စောင့်မျှော်ခဲ့ရသော အဓိက အပြောင်းအလဲ''ဟု သုံးနှုန်းထားသည်။
''ပြောင်းလဲလိုက်တဲ့ သူတွေနဲ့ အသစ်ထပ်ခန့်တဲ့ သူတွေဟာ အဓိက စီးပွားရေးဝန်ကြီးဌာနတွေမှာပါ။ ဒါဟာ  နှစ်ပေါင်းများစွာ စီမံ ခန့်ခွဲမှု အမှားတွေကို ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ပြီးနောက် စီးပွားရေး ပြန်လည်ဦးမော့လာဖို့ ဦးတည်ချက်ထားတဲ့ သမ္မ တကြီးရဲ့လုပ်ဆောင် ချက်ပါ''ဟု ဒေါက်တာ သန့်မြင့်ဦး က ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ ထိပ်သီး လက်ထောက်သုံးဦးအား သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး များအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ရာ မီးရထားဝန်ကြီး ဦးအောင်မင်းလည်း အပါအဝင် ဖြစ်သည်။ ဦးအောင်မင်းသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးမည့် ငြိမ်းချမ်းရေးအဖွဲ့အား  ခေါင်းဆောင်နေသူ ဖြစ်သည်။ ဤကြိုးပမ်းချက်သည် နိုင်ငံအား ထိခိုက် မှု တစ်စုံ တစ်ရာမရှိဘဲ အောင်မြင်မှု ရရှိစေမည့် အဓိကကြိုးပမ်းချက်ဟု ဆိုရ မည်။
အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အများစုမှာ အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်များ ရေးထိုးထားသော်လည်း မြောက်ပိုင်းရှိ ကချင်တိုင်းရင်းသား လက်နက်ကိုင်များနှင့်မူ တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေပြီး ကချင်အရပ်သား ထောင်ပေါင်း များစွာ နေအိမ် စွန့်ခွာရှောင်တိမ်း နေကြရသေးသည်။
ထို့အတူ အမျိုးသားစီမံကိန်း ရေးဆွဲရေးနှင့် စီးပွားရေးးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးတင်နိုင်သိန်းနှင့် စက်မှုဝန်ကြီး ဦးစိုးသိန်းတို့အား သမ္မတရုံး ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ခြင်းသည် သမ္မတအနေနှင့် စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် အလေးအနက် အာရုံ စိုက်နေကြောင်း သိသာစေသည်။ နိုင်ငံခြား  ရင်းနှီး မြှုပ်နှံမှုနှင့် ပတ်သက်၍ ရင်းနှီး မြှုပ်နှံသူများအား ဆွဲဆောင် ရန် မည်သည့် မက်လုံးများ ဖန်တီးပေးရမည်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ များနှင့် ယှဉ်ပြိုင်ရာတွင် ပြည် တွင်းလုပ်ငန်းများအား မည်ကဲ့သို့ အကာ အကွယ် ပေးရမည်တို့ကို အဓိကထား ဆွေးနွေးသွားကြဖွယ် ရှိသည်။
''ဒါဟာ သမ္မတရဲ့ အားကောင်းမောင်းသန် ပြုပြင်ပြောင်းလဲရေး အစီအစဉ် တွေကို သက်သေ ပြနေတာပါပဲ။ ဒီပြင်ဆင် ဖွဲ့စည်းခြင်းမှာ စီးပွားရေး အခန်းကဏ္ဍတွေ အများကြီးပါနေတယ်။ ဒီအချက်ဟာ သမ္မတက စီးပွား ရေးပြုပြင် ပြောင်းလဲမှုအတွက် ဦးတည် ကြိုးပမ်းနေတာကို ပြသနေပါ တယ်''ဟု ဦးသန့်မြင့်ဦးက ပြောသည်။
သမဝါယမ ဝန်ကြီးအဖြစ် ရာထူးပြောင်းရွှေ့ခန့်အပ်ခံရသော ယခင် ပြန်ကြားရေးဝန်ကြီး ဦးကျော် ဆန်းမှာ ယခင်အစိုးရလက်ထက် မီဒီယာ များအား ထိန်းချုပ်ရာတွင် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်ခဲ့သူဖြစ်သည်။
ထို ရာထူးနေရာအတွက် အ လုပ်သမား ဝန်ကြီး ဦးအောင်ကြည် နှင့် အစား ထိုးခဲ့သည်။ ဦးအောင် ကြည်မှာ အဓိကအတိုက်အခံ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကျနေစဉ် အစိုးရ၏ ဆက်ဆံရေးဝန်ကြီး အဖြစ် သူမနှင့် ဆက်ဆံခဲ့ရသူ ဖြစ်သည်။
''ပြုပြင်ပြောင်းလဲရေးမှာ အဓိ ကအရေးပါတဲ့ ဝန်ကြီးလေးဦးကို သမ္မတရုံး ဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်လိုက်တာဟာ ဒီမိုကရေစီ အပြောင်း အလဲအတွက် ကောင်းတဲ့လက္ခဏာပါ'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။ ထို့အတူ အလုပ်သမား ဝန်ကြီး ဦးအောင် ကြည်အား ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းအား ကြိုဆိုရ မည်ဟု ထပ်မံဆိုသည်။
''သူ (ဦးအောင်ကြည်)ဟာ စစ်အစိုးရလက်ထက်မှာဆက်ဆံရေး ဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဆက်ဆံခဲ့သူပါ။ ပြီးတော့ လူထုနဲ့ ဆက်ဆံတဲ့ နေရာမှာလည်း အတွေ့အကြုံကောင်းတွေ ရှိမှာပါ'' ဟု ဦးမင်းသူက ဆိုသည်။
IGS Global Insight ၏ မြန် မာအရေး ကျွမ်းကျင်သူ Jan Zalewski က အမှန်တကယ် ဖြစ် ပွားနေသည့် အကြောင်းအရာနှင့် အစိုးရအဖွဲ့ ပြင်ဆင် ဖွဲ့စည်းစေရန် စေ့ဆော်သည့်အကြောင်းအရင်းက မည်သို့ရှိသည်ကိုသိရှိရန် အလွန် ခက်ခဲနေသည်ဟု ဆိုသည်။ သို့ရာတွင် ယခု အပြောင်းအလဲသည် အစိုးရအဖွဲ့အတွင်း သမ္မတ၏အခန်း ကဏ္ဍကို ပိုမိုအားကောင်းမောင်းသန် ဖြစ်လာစေမည်ဟု သုံးသပ်သည်။
''ဒါဟာ ပြုပြင်ပြောင်းလဲမှု ခရီးရှည်အတွက် ကောင်းတဲ့ လက္ခဏာပါ။ ပြီးတော့ ဒါဟာ အစပဲ ရှိပါသေးတယ်'' ဟု ၄င်းကဆိုသည်။

ပြည်တွင်းရေကြောင်းသွား သဘောင်္များ ဂျပန်က အသစ်လဲပေးမည်

Posted by drmyochit Thursday, August 30, 2012, under | No comments



From :ရန်ကုန်တိုင်းမ်
ပြည်တွင်းရေကြောင်းသွား သင်္ဘောများကို အသစ်လဲပေးမည့် အစီအစဉ် အပါအဝင် သဘောင်္ကျင်း တည်ဆောက်ရေး လုပ်ငန်းများကို ODA အစီအစဉ်ဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ သဘောင်္တည်ဆောက်ရေးဌာန ညွှန်ကြားရေးမှူး Mr Shinichiro Otsubo က ပြောကြားသည်။ သြဂုတ် ၂၄ ရက်က ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ကုန်းလမ်း၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဆိုင်ရာ ဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ပို့ဆောင်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာအသုံးချရေး အလုပ်ရုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ပထမအဆင့် ပြည်တွင်းရေကြောင်းသွား သဘောင်္တွေကို အသစ်လဲပေးသွားပါမယ်။ ဒုတိယအဆင့်က ပင်လယ်ကမ်းရိုးတန်းသွား သဘောင်္တွေ အန္တရာယ်ကင်းရှင်းဖို့နဲ့ ဒလသဘောင်္ကျင်းကို အဆင့်မြှင့်ပေးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးသွားပါမယ်” ဟု Mr Shinichiro Otsubo က ပြောကြားသည်။ ယင်းကဲ့သို့ ကူညီဆောင်ရွက်ပေးရာတွင် အဆင့်သုံးဆင့်ဖြင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကာ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အကူအညီပေးမည့် ODA ချေးငွေများဖြင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “ပထမအဆင့်ဖြစ်တဲ့ ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေတဲ့ ရေယာဉ်ကို ဒီဇိုင်းရေးဆွဲနေပြီး လာမယ့်နှစ် မတ်လပိုင်းမှာ ပြီးမယ်။ သဘောင်္ တည်ဆောက်တာကတော့ တစ်နှစ်ကြာမယ်။ ခရီးစဉ်ပြေးဆွဲဖို့ အတွက်ကတော့ နှစ်နိုင်ငံ လုပ်ထုံးလုပ်နည်းတွေအပေါ် မူတည်ပါတယ်” ဟု ယင်းကထပ်မံ ပြောကြားသည်။ လက်ရှိတွင် ပန်းဆိုးတန်း-ဒလ ခရီးစဉ် ပြေးဆွဲခြင်းများကို ပြည်တွင်းရေကြောင်းပိုင် ရေယာဉ်များဖြင့် နေ့စဉ် ပြေးဆွဲလျက်ရှိပြီး တစ်နေ့လျှင် ခရီးသည် ၃၅၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ အဆင့်မြင့်အရာရှိတစ်ဦးက “ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးကတည်းက ကူညီထောက်ပံ့မှုတွေ အရင်တုန်းကထက် ပိုပြီးတော့ပေးတယ်။ ကဏ္ဍအစုံမှာ ပေးတယ်။ အဲဒီထဲကမှ သူတို့က ကျွန်းနိုင်ငံ ဖြစ်တဲ့အတွက် ပြည်တွင်းရေကြောင်းသွား ကူးတို့ဆိပ်တွေကို စိတ်ဝင်စားတယ်။ သူတို့ကိုယ်တိုင်က ကူးတို့ဆိပ် ရေယာဉ်တွေအတွက် အကူအညီ ပေးချင်တယ် ဆိုပြီးတော့ ကမ်းလှမ်းတယ်။ လက်ရှိမှာတော့ ပန်းဆိုးတန်း-ဒလ ရေယာဉ်ကို လက်ရှိ ရန်ကုန်မြစ် အခြေအနေ၊ ခရီးသည်စီးနင်းမှု၊ မြစ်အတွင်း ရေစီးရေလာ အခြေအနေတို့ကို လေ့လာပြီး ရေယာဉ် တည်ဆောက်ပေးဖို့ ရှိတယ်။ ပြေးဆွဲဖို့ကတော့ ၂၀၁၅ ခုနှစ်မှာ ဖြစ်မယ်လို့ ထင်တယ်” ဟု ပြောကြားသည်။ ယင်းအပြင် လက်ရှိတွင် ပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရန် ဂျပန်နိုင်ငံ ကုန်းလမ်း၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေးဆိုင်ရာ ဝန်ကြီးဌာနသို့ နည်းပညာများ ကူညီဆောင်ရွက်ပေးနိုင်ရန် တောင်းဆိုထားကြောင်း Mr.Shinichiro Otsubo က ဆိုသည်။ အလားတူ ဒလသဘောင်္ကျင်း အဆင့်မြှင့်တင်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ နည်းပညာရှင်များ မြန်မာနိုင်ငံသို့ စက်တင်ဘာတွင် လေ့လာမှုများ လာရောက်ပြုလုပ်မည် ဖြစ်ကြောင်းသိရှိရသည်။

FEC ရုပ်သိမ်းလျှင် ကိုင်ဆောင်သူများ မနစ်နာစေရေး ပေါက်ဈေးနှင့် လဲပေးမည့်အပြင် လုံလောက်သော အချိန်ပေးမည်

Posted by drmyochit Thursday, August 30, 2012, under | No comments



From:မြ၀တီ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြားခံငွေကြေးအဖြစ် အသုံးပြုနိုင်ရန် FEC ကို ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က စတင်ထုတ်ဝေ အသုံးပြုခဲ့သည်။ ရည်ရွယ်ချက်မှာ နိုင်ငံတော်အတွက် နိုင်ငံခြားသုံးငွေများ ရရှိစေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်သူများ လွယ်လင့်တကူ အသုံးပြုနိုင်စေရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်မှစတင်ကာ နိုင်ငံခြားငွေလဲနှုန်းစနစ်ကို ယခင်ကျင့်သုံးခဲ့သည့် SDR နှင့် ချိတ်ဆက်သည့် စနစ်အစား နှုန်းရှင်စနစ်သို့ ပြောင်းလဲကာ နေ့စဉ် နိုင်ငံခြားငွေလဲနှုန်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထုတ်ပြန် ပေးလျက်ရှိသည်။ ထို့ပြင် နိုင်ငံပိုင်ဘဏ်များအပြင် ပုဂ္ဂလိကဘဏ် များကိုလည်း နိုင်ငံခြားငွေလဲကောင်တာများ ဖွင့်၍ နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်နိုင်ရန် ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်သောင်းအထိ အထောက်အထား တင်ပြရန် မလိုဘဲ ရောင်းဝယ်လဲလှယ်ခွင့် ပြုခဲ့သည်။ နိုင်ငံသားများကိုလည်း တရားဝင်ရရှိသည့် နိုင်ငံခြားငွေအနက် အမေရိကန်ဒေါ်လာ တစ်သောင်းအထိ လက်ဝယ်သုံးလ ကိုင်ဆောင်ခွင့်ပြုပြီးဖြစ်၍ FEC ကို ကြားခံငွေကြေးအဖြစ် သုံးစွဲရန် မလိုအပ်တော့၍ FEC ကို ဥပဒေနှင့်အညီ အဆင့်ဆင့် ရုပ်သိမ်းသွားတော့မည် ဖြစ်ကြောင်း သိရသည်။ FEC ရုပ်သိမ်းလျှင် လက်ဝယ်ကိုင်ဆောင်သူများ မနစ်နာစေရန် ညီမျှသည့် ဒေါ်လာတန်ဖိုးဖြစ်စေ၊ ယင်းနေ့တွင် ဖြစ်ပေါ်သည့် ငွေလဲနှုန်းအရ ညီမျှသည့် ငွေကျပ်ကိုဖြစ်စေ လဲပေးမည့်အပြင် လုံလောက်သော အချိန်ကာလကိုလည်း ပေးမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ FEC ကို အစိုးရပေးဆောင်ရမည့် ဘေလ်များ၊ MFTB၊ MICB ဘဏ်တို့တွင် နိုင်ငံခြားက လွှဲပို့သော ငွေများ ပြန်ထုတ်ပေးသည့် နေရာမျိုးတွင်သာ သုံးစွဲလေ့ရှိသဖြင့် FEC ရုပ်သိမ်းပါကလည်း သက်ရောက်မှုရှိမည်မဟုတ် ကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်း မှသိရကြောင်းသိရှိရသည်။

ဆန်ဈေးမတက်ရန် အရန်ဆန်တန် ၅၀၀၀ ကို လာမည့်လအတွင်း ထပ်မံထုတ်ရောင်းမည်

Posted by drmyochit Thursday, August 30, 2012, under | No comments


From:Popular

စက်တင်ဘာလအတွင်း အရန်ဆန်တန်ချိန် ၅၀၀၀ ဝန်းကျင်ကို ထပ်မံထုတ်ရောင်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ် ငန်းအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။ ယင်းသို့ရောင်းချရန် စီစဉ်ရခြင်းမှာလည်း ပြည်တွင်း၌ ရေလွှမ်းမိုး၍ သယ်ယူပို့ဆောင်မှုများ အဆင်မပြေဖြစ်နေချိန် ပြည်တွင်း ဆန်ဈေးနှုန်းများ ကြီးမြင့်လာမှု မဖြစ်ပေါ်စေရေးအတွက်ကို ရည်ရွယ်၍ ထုတ်ရောင်းချခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ “ဈေးသိပ်မမြင့်ရန်အတွက် အရန်ဆန်ကို ထုတ်ရောင်းတာ ဖြစ်တယ်။ အဲလိုမျိုးပဲ ဆန်စပါးပေါ်ချိန်မှာ ဈေးသိပ်မကျသွားအောင် အတွက်ကိုလည်း အရန်ဆန် ထပ်ဝယ်မယ့် အစီအစဉ်တွေကို ဆောင်ရွက်နေတယ်” ဟု ဥက္ကဋ္ဌဦးချစ်ခိုင်က ပြောကြားသည်။ ယခုရောင်းချမှုမှာ ဒုတိယအကြိမ် ရောင်းချမှုဖြစ်ပြီး သြဂုတ်လအတွင်း အရန်ဆန်တန်ချိန် ၄၆၀၀ ကျော်ကို ပထမအကြိမ်အဖြစ် ထုတ်ရောင်းချပြီး ဖြစ်ကြောင်း သိရသည်။ ရောင်းချမှုကို ဈေးနှုန်းအဆိုပြုလွှာဖြင့် ရောင်းချမည်ဖြစ်ပြီး ဝယ်ယူလိုသူများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းသို့ လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။ ရောင်းချမည့် အရန်ဆန်များအား မြန်မာနိုင်ငံသားများအနေဖြင့် မည်သူမဆို တန် ၅၀ မှ တန် ၁၀၀၀ ထိကို ဝယ်ယူနိုင်ကြောင်းသိရှိရသည်။

တရုတ်ကုမ္ပဏီတစ်ခု ဆီးဂိမ်းဖွင့်ပွဲ၊ ပိတ်ပွဲ အစီအစဉ်များ ဆောင်ရွက်ခွင့်ရဖွယ်ရှိ

Posted by drmyochit Thursday, August 30, 2012, under | No comments

From:7day

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲ၊ ပိတ်ပွဲ အစီအစဉ်များကို တင်ဒါခေါ် ယူထားရာ တရုတ်ကုမ္ပဏီတစ်ခုမှ ရရှိဖွယ်ရှိကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကပြောသည်။“ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ ပိတ်ပွဲ အစီအစဉ် အားလုံးကိုလည်း တတ်ကျွမ်းတ ကုမ္ပဏီတွေ၊ အထူးသဖြင့် ဈေးလည်းသက်သာ၊အလုပ်လည်းဖြစ်တာကတော့ တရုတ်ကုမ္ပဏီတွေ များပါတယ်။ အားလုံးပြီးခဲ့တဲ့ ရက်ကလည်း တင်ဒါခေါ်ပြီး ဆောင်ရွက်ထားတာ ရှိပါတယ်။ဒီတင်ဒါ အောင်မြင် ဖို့ကလည်း တရုတ်ကုမ္ပဏီတွေထဲကလို့ ယူဆရပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ယခု ၂၃ ရက်တွင် နေပြည်တော်၌ပြုလုပ်ခဲ့သည့် ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး အားကစားသမားဆုများ ချီးမြှင့်ခြင်း အခမ်းအနားတွင် ပြောကြားသည်။နေပြည်တော်တွင် ပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ ပိတ်ပွဲအစီအစဉ်များအတွက် နည်းပညာများ ပံ့ပိုးမှုအတွက် တင်ဒါခေါ်ယူခဲ့ရာတွင် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၁ ခုလျှောက်ထားပြီး GMS (game management system) အတွက်ကိုမူ ကုမ္ပဏီ ၉ ခု လျှောက်ထားမှု ပြုလုပ်ထား ကြောင်းအားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။“သြဂုတ် ၁ ရက်က တင်ဒါပိတ်ပြီး ဖြစ်ပါတယ်။ ၁၆ ရက်ကစပြီး တင်ဒါတွေကို ဖွင့်ပြီးတော့ သက်ဆိုင်ရာ ဌာနအကြီးအကဲတွေနဲ့ ကျွမ်းကျင်တဲ့ပညာရှင်တွေက ဖွင့်ဖောက် စစ်ဆေးနေပါပြီ။ မကြာမီ ပဏာမရွေးချယ်တဲ့ ကုမ္ပဏီတွေကို ခေါ်ပြီးတွေ့ဖို့နဲ့ ခိုင်မာမှုအခြေအနေအထောက်အထားတွေ စစ်ဆေးဖို့ ရှိပါတယ်”ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။

တခြားနိုင်ငံများက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ ပိတ်ပွဲ အစီအစဉ်များမှ သင်ခန်းစာများစွာ ရရှိပါကြောင်း၊ ၂၀၁၃ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနားတွင် ပုံမှန်အစီအစဉ်များ၊ မြန်မာ့ရိုးရာအက ဖျော်ဖြေမှုများအပြင် ခေတ်မီက ကွက်များလည်းပါဝင်မည်ဖြစ်ကြောင်း၊ အထူးပြုလုပ်ချက်များ အပါအ၀င် အသက်သာဆုံးနှင့် အကောင်းဆုံးဖြစ်အောင် အစီအစဉ်များ ရေးဆွဲပြီးဖြစ်ကာ

ကုန်ကျစရိတ်နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။၂၀၁၃ ဆီးဂိမ်း ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများ လက်ခံကျင်းပမည့် နေပြည်တော်တွင် တည်ဆောက်နေသည့် ပရိသတ်သုံးသောင်းဆံ့ဝဏ္ဏသိဒ္ဓိအားကစားကွင်းသည် ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး အခြားအားကစားရုံများသည် ရာခိုင်နှုန်းထက်ဝက်ခန့် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။၂၀၁၁ ခုနှစ် ဒီဇင်ဘာလက အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၆)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနားများတင်ဆက်မှုသည် နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြု၍ ၎င်းတို့နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ ကိုယ်စားပြု ပုံရိပ်များကိုပုံဖော်ဖျော်ဖြေခဲ့သဖြင့် ကြည့်ရှုသူပရိသတ်အများစု ကြိုက်နှစ်သက်ခဲ့ကြသည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အင်ဒိုနီးရှား ဆီးဂိမ်းပြိုင်ပွဲတစ်ခုလုံး၏ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော် ရှိခဲ့ကြောင်း သိရသည်။ယင်းပြိုင်ပွဲအတွက် အင်ဒိုနီးရှားအစိုးရ၏ ပြင်ဆင်မှုမှာ ၂ နှစ်နီးပါး ကြာမြင့်ခဲ့ကြောင်း သိရသည်။




Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်