Friday, August 03, 2012

မြန်မာစစ်တပ်ကို အိန္ဒိယ ကူမည်

Posted by drmyochit Friday, August 03, 2012, under | No comments



ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗုဒ္ဓဂယာရှိ မဟာဗောဓိ ကျာင်းသို့ သွားရောက်စဉ် (ဓာတ်ပုံ- Getty Images)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိန္ဒိယသို့ ရောက်နေစဉ် အိန္ဒိယအစိုးရက အိမ်နီးချင်းမြန်မာနိုင်ငံကို စစ်ရေးအရ ကူညီမှုများ တိုးမြှင့်ပေးအပ်ရန်ဆုံးဖြတ်လိုက်သည်။
“မဟာဗျူဟာကျသော လှုပ်ရှားမှုတရပ်အဖြစ် မြန်မာစစ်တပ်ကို သင်တန်းများတိုးမြှင့်ပေးရန်နှင့် လက်နက်မဟုတ်သော စစ်သုံးပစ္စည်းများပေးအပ်ရန် အိန္ဒိယက ဆုံးဖြတ်လိုက်သည်” ဟု အိန္ဒိယသတင်းစာ ဟင်ဒူစတန်တိုင်းမ် ရေးသား ထားသည်။
မြန်မာစစ်တပ်တွင် အသုံးပြုရန်အတွက် တောတွင်းသုံး မြေထိုး၊ မြေကော်စက်များနှင့် အခြားအသုံးအဆောင်များကိုလည်း ပေးအပ်မည်ဟု ဆိုသည်။
အိန္ဒိယအနေဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသရှိ အိန္ဒိယခွဲထွက်ရေးသူပုန်အဖွဲ့များကို အပြီးတိုင် ခြေမှုန်းလိုနေရာ နယ်စပ်ဒေ သလုံခြုံရေးအတွက် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်ရေးကို တိုးမြှင့်လိုကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
အိန္ဒိယ အရှေ့မြောက်နယ်စပ် အာသံနှင့် မဏီပူရ် ပြည်နယ်များရှိ သူပုန်များ မြန်မာနယ်အတွင်း အခြေစိုက်ကြသည်ဟု အိန္ဒိ ယဘက်မှ ယုံကြည်နေသည်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ သြဂုတ်လ ၁ ရက်နေ့ ညနေကရောက်ရှိနေရာ ၄င်း၏ တ ပတ်ကြာခရီးစဉ်အတွင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး၊ အိန္ဒိယ ကြည်း၊ ရေ၊ လေ တပ်မှ ဦးစီးချုပ်များနှင့် တွေ့ဆုံမည်ဟု သိ ရသည်။
သူ၏ခရီးစဉ်သည် အစိုးရသစ်လက်ထက် ကာကွယ်ရေးဦးစီးချုပ်၏ ပထမဆုံးသော အိန္ဒိယခရီးစဉ်ဖြစ်သည်။
၎င်းသည် ယမန်နေ့က ဗုဒ္ဓဂယာသို့ သွားရောက်ခဲ့ပြီး ယနေ့တွင် နယူးဒေလီမြို့ရှိ အိန္ဒိယအာဇာနည်များ အထိမ်းအမှတ် မှတ်တိုင် India Gate တွင် ပန်းခွေချ ဂါရ၀ပြုခဲ့သည်။
၎င်းသည် ကာလ်ကတ္တားမြို့နှင့် ဗီဆက်ခပက်နမ် မြို့များရှိ အိန္ဒိယအရှေ့ပိုင်းဆိုင်ရာ ကြည်းတပ် ဦးစီးဌာန၊  ရေ တပ်ဦးစီးဌာနများသို့ သွားရောက်မည်ဖြစ်သည်။
ထို့အပြင် ဘန်ဂလောမြို့ရှိ အိန္ဒိယ ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) ၏ သုတေသန ဓာတ်ခွဲခန်းများသို့ သွားရောက်လေ့လာမည်ဟု သိရသည်။
အိန္ဒိယသည် ၁၉၉၀ မှစ၍ မြန်မာနိုင်ငံနှင့် စစ်ရေးအရဆက်ဆံရေးများကို တိုးမြှင့်လုပ်ဆောင်နေရာ နှစ်နိုင်ငံ ရေတပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်ခြင်း၊ နယ်စပ်ဒေသ လုံခြုံရေးအတွက် ၆ လတကြိမ် နယ်စပ်ဒေသများတွင် ဆွေးနွေးပြောဆိုခြင်း၊ တောတွင်း ပြောက်ကျား စစ်ဆင်ရေးအတွက် မြန်မာစစ်သည်များကို ခေါ်ယူသင်တန်းပေးခြင်း၊ တောတွင်း သွားလာရေးသုံး ယာဉ်များ၊ မြေထိုးမြေကော် စက်များ ပေးအပ်ခြင်း၊ စစ်ဆင်ရေးသုံး စက်ပစ္စည်းများနှင့် နည်းပညာသုံးပစ္စည်းများ ပေးအပ်ခြင်း၊ ထူးချွန် မြန်မာစစ်သည်များအား အိန္ဒိယသို့ခေါ်ယူ၍ သတင်းနှင့်နည်းပညာ သင်တန်းများ သင်ကြားပို့ချပေးခြင်းများ ရှိသည်။

ကင်တင်းနား ရောက်နေချိန် ရန်ကုန်မြို့ UNHCR ရုံးရှေ့တွင် သမ္မတကြီး ဦးသိန်းစိန် ကို ထောက်ခံကြောင်း ဆန္ဒပြ

Posted by drmyochit Friday, August 03, 2012, under | No comments



UNHCR မဟာမင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့်မြန်မာပြည်သူများအတူယှဉ်တွဲနေထိုင်မည့်အရေးကို ကန့်ကွက် သည့်အနေဖြင့် ယနေ့ သြဂုတ် ၃ ရက်တွင် နာရီဝက်ကြ
ာဆန္ဒပြမှုကို ရန်ကုန်ရှိ UNHCR ရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
လူ ၁၅ ဦးခန့်ရှိသော အဆိုပါ ဆန္ဒပြမှုကို နေ့လည် ၁ နာရီတွင်စတင်ခဲ့ပြီး နာရီဝက်အကြာတွင် စမ်းချောင်းရဲစခန်းမှူးက လာရောက်၍လူစုခွဲရန်ပြောဆိုခဲ့ကြောင်းသိရသည်။အဆိုပါဆန္ဒဖော်ထုတ်ရန် သက်ဆိုင်ရာသို့စာတင်ပြတောင်းဆိုခဲ့ပြီး သတ် မှတ်ရက်မရောက်မှီ တစ်ရက်အလိုတွင် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။





ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင်သို့ ရောက်ရှိ

Posted by drmyochit Friday, August 03, 2012, under | No comments


From:TheVoice

ဆူပူ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ် အခြေအနေ ထုတ်ပြန်ထားရသည့် ရခိုင်ပြည်နယ် စစ်တွေ လေဆိပ်သို့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ယနေ့ နံနက် ၈ နာရီခန့်တွင် ရောက်ရှိလာကြောင်း ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဋ္ဌ ဦးဦးလှသိန်း က ပြောကြားသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် စစ်တွေမြို့မှ တစ်ဆင့် နံနက် ၉နာရီ ၃၀မိနစ်ခန့်တွင် ဘူသီးတောင်မြို့နှင့် မောင်တောမြို့သို့ ထွက်ခွါသွားပြီဖြစ်ကြောင်း၊ အဆိုပါ မြို့များမှ အပြန်တွင် မြောက်ဦးမြို့သို့ သွားရောက်မည်ဖြစ်ပြီး ယနေ့ ခရီးစဉ်ရပ်နားမည်ဖြစ်ကြောင်း၊ ဒုတိယ သမ္မတနှင့် အတူ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး အပါအ၀င် ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိများ ပါဝင်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။


ဘင်္ဂလီများ၏ လူမျိုးဝါးမျို ကျူးကျော်သိမ်းပိုက်ခြင်းကို တားဆီးနိုင်မည့် ဗျူဟာများလိုအပ်နေ (ပထမပိုင်း)

Posted by drmyochit Friday, August 03, 2012, under | No comments


နိဒါန်း
မေလနှင့် ဇွန်လ အတွင်းက ရခိုင်ပြည်တွင် ဖြစ်ပျက်ခဲ့သော စစ်သွေးကြွ ရိုဟင်ဂျာခေါ် ဘင်္ဂလားဒေ့ခ်ျမှ တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ ရခိုင်များကို အကြမ်းဖက်သတ်ဖြတ်ကာ ရွာများကို မီးတိုက် ဖျက်ဆီးခဲ့ခြင်းသည် သွေးရိုးသားရိုး မဟုတ်ကြောင်း အား လုံး  သိရှိပြီးဖြစ်ပါသည်။ လူ့အခွင်အရေး အရေခြုံပြီး ရခိုင်ပြည်ကို ကျုးကျော်သိမ်း ပိုက်ရန်ခေတ်သစ်လှုပ်ရှားမှုတစ်ခုဖြစ်သည်။
ပြည် တွင်း အခြေစိုက် အင်ဂျီအိုများ၊ ပြည်ပ အင်ဂျီအိုများ နှင့် ပြည်ပအခြေစိုက် ရိုဟင်ဂျာခေါ် ဘင်္ဂလီများ စနစ်တကျ လှုပ်ရှား နေကြခြင်းဖြစ်သည်။ AZG, UNHCR, WFT, အပါအ၀င် တခြား INGOs၊ NGOs အမှု့ထမ်းများကို ထိုကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေး၊ တရားခွင်တင်ထားပြီး ဖြစ်ပါသည်။ သို့ရာတွင် အမျိုးသားလုံခြုံရေးကို ထိပါး စိန်ခေါ်နေသည့် ထိုအကြမ်းဖက် သမားများနှင့် သီးခြားရိုဟင်ဂျာ နိုင်ငံ ထူထောင်ရန်ကြိုးစားနေခြင်းကို ကာကွယ်တားဆီးရန်မှာ ဤမျှနှင့် မလုံလောက်သေးပေ။ အစိုးရအနေဖြင့် တိကျခိုင်မာသည့် (proactive strategy) ဗျူဟာများချမှတ် လုပ်ဆောင်ရန် လိုအပ်ပေသည်။ ရခိုင်အဖွဲ့အစည်းများ ပြည်သူများ ညီ၏ညွတ်စွာ စနစ်တကျလုပ်ဆောင် ကာကွယ်ရန် လိုအပ်ပေသည်။


အမျိုးသားထောက်လှမ်းရေးအဖွဲ့ဝင်များကို ပင်စင်ပေးနိုင်/မနိုင် လွှတ်တော်မှာ မေး

Posted by drmyochit Friday, August 03, 2012, under | No comments

  
 http://myanmartharkaung.blogspot.com

 လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးဖြစ်သော အရပ်ဝန်ထမ်းများ၏ တရားဝင်ခံစားခွင့်ရှိသည့် ပင်စင်နှင့် ဆုငွေ များကို ခံစားခွင့်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းနှင့် ပတ်သက်ပြီး ဦးစိုးစိုး (ထီးချိုင့်)မှ မေးမြန်းရာ- ကျွန်တော်၏ ယခုမေးမြန်းတင်ပြချက်များ သည် ပုဂ္ဂိုလ်ရေးမပါရှိပါ စည်းလုံးညီညွတ်ခြင်းကို အဓိကထားပြီး မေးမြန်းတင်ပြခြင်းသာဖြစ်ပါ ကြောင်းကြိုတင်တင်ပြလိုပါတယ်။ မေးမြန်းလိုတဲ့အချက်ကတော့ နိုင်ငံ တော်သမ္မတကြီးက လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီးဖြစ်သော အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်များ၊ ၎င်းတို့နှင့်အတူ တွဲဘက်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အရပ်ဘက်ဆိုင်ရာဝန်ထမ်းများရဲ့ ဘဝရပ်တည်မှုအတွက် တရား ဝင်ခံစားခွင့်ရှိသော ဆုငွေနှင့် ပင်စင်ကိစ္စရပ်များ ဖြစ်ပါ တယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော် ကာကွယ်ရေး နှင့်လုံခြုံရေးကိစ္စရပ်များအတွက် ယခင်နိုင်ငံတော် ကောင်စီလက် ထက် တွင် အမျိုးသား ထောက်လှမ်းရေးဥပဒေကို ၁၉၈၃ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေ ပုဒ်မ ၁၀ ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ သိရှိ ရပါတယ်။ ယင်းသို့ ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ကြိုးပမ်း ထမ်းဆောင်ခဲ့ ကြတဲ့အတွက် နိုင်ငံတော်နှင့်မိဘ ပြည်သူများအပေါ် ကျရောက်လာမယ့် အန္တရာယ် ဆိုးကြီးတွေက လွတ်မြောက်ခဲ့ကြတဲ့ သာဓကတွေ ရှိခဲ့ကြတယ်ဆိုတာ ဘယ်သူကမှ ငြင်းလို့မရတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဘင်္ဂါလီအရေး UNHCR ရုံးရှေ့မာ ဆန္ဒပြ (ဓါတ်ပုံ)

Posted by drmyochit Friday, August 03, 2012, under | No comments


 

ရိုဟင်ဂျာများ အကာအကွယ်အတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်း

Posted by drmyochit Friday, August 03, 2012, under | No comments


 From-
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်များကို အကာအကွယ်ပေးရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးသို့ အမေရိကန်နိုင်ငံ ၀ါရှင် တန် အခြေစိုက် အစ္စလမ် အဖွဲ့တဖွဲ့ဖြစ်သော Council on American-Islamic Relations (CAIR) အဖွဲ့က စာရေး သားပေးပို့၍ တိုက်တွန်း လိုက် သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျူးလွန်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံးသတ်ရန်၊ နိုင်ငံ တကာမှ အကူ အညီ ပေးရေးအဖွဲ့များနှင့် စောင့်ကြည့်လေ့လာသူများကို ခွင့်ပြုရန် တိုက်တွန်း ထားသော စာကို မြန်မာ သမ္မတ ဦးသိန်းစိန်သို့ လည်းကောင်း၊ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသူများကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးရန်စာကို ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ သို့ လည်းကောင်း ပေးပို့ကြောင်း သိရသည်။

နယ်စပ်ရေးရာ ဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး စစ်တွေ သွားရောက်

Posted by drmyochit Friday, August 03, 2012, under | No comments



(နေပြည်တော်   သြဂုတ်  ၂)
နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး၊ ပြည်နယ် ဝန်ကြီးချုပ်  ဦးလှမောင်တင်၊ အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ်ကိုကိုနိုင်၊ ဒုတိယ ဝန်ကြီးများ ဖြစ်ကြသော ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဦးဘုန်းဆွေ နှင့်  ဦးကျော်ကျော်ဝင်း၊ မြန်မာ နိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံရုံးများမှ  သံအမတ်ကြီး များနှင့် သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အ စည်းများမှ အကြီးအကဲများ နှင့်တာ ဝန်ရှိသူများ၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် အဖွဲ့ချုပ်မှ တာဝန် ရှိသူများ နှင့် ဘာသာရေး ခေါင်းဆောင်များ၊ ဌာန ဆိုင်ရာ အကြီးအကဲ များသည် ရခိုင်ပြည် နယ် စစ်တွေမြို့၌ ဖြစ်ပွားခဲ့သည့် ပကတိ အခြေအနေမှန် များအား သြဂုတ် ၁ ရက် နံနက် ၈ နာရီက စစ်တွေမြို့ ပတ်ဝန်းကျင် တစ်လျှောက် သွားရောက် ကြည့်ရှု လေ့လာ ခဲ့ကြသည်။

ရှေးဦးစွာ စစ်တွေမြို့နယ် ဘောဒူဖ ကျေးရွာ ကယ်ဆယ်ရေး စခန်း၌ တာဝန်ခံများ နှင့်တွေ့ဆုံ၍ နိုင်ငံတော် အစိုးရက လတ်တလော ဆောင်ရွက် ပေးလျက်ရှိသည့် နယ်မြေ တည်ငြိမ် အေးချမ်း သာယာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဆိုင်ရာများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ထောက်ပံ့ပေး အပ်မှု အခြေအနေများ   ရှင်းလင်း ပြော ကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးတို့က ဘောဒူဖ ကျေးရွာ ကယ်ဆယ်ရေး စခန်း၌ စားနပ် ရိက္ခာ များ ထောက်ပံ့ ပေးနေမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မိသားစု နေထိုင် နိုင်သည့် ယာယီ တဲများ ဆောက်လုပ် ပြီးစီးမှုနှင့် ပြည်တွင်း ပြည်ပ အကူအညီ အထောက် အပံ့များ ခွဲဝေဖြန့်ဖြူးမှု အခြေ အနေများ ကို ရှင်းလင်း ပြောကြားသည်။

သမ္မတနှင့် ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး တွေ့ဆုံမည်

Posted by drmyochit Friday, August 03, 2012, under | No comments



ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦးနဲ့ စိုင်းညွန့်လွင်တို့ အခု ရက်ပိုင်းမှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိပြီး အဓိက အချက် သုံးချက်ကို တင်ပြတောင်းဆိုသွားမယ်လို့ ပါတီပြောခွင့် ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။
အစောပိုင်းက ပြီးခဲ့တဲ့ အင်္ဂါနေ့က တွေ့ဆုံဖို့စီစဉ်ခဲ့ပေမယ့် သမ္မတက  မအားလပ်တဲ့အတွက် အစီအစဉ်ကိုဖျက်ခဲ့ရပါတယ်။ အခု ရုံးပိတ်ရက်တွေမှာ တွေ့ဖို့ရှိတယ်လို့လည်း (အက်စ်အန်အယ်လ်ဒီ) ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
 ဦးခွန်ထွန်းဦးတို့ဟာ သမ္မတနဲ့ တွေ့ဆုံတဲ့အခါ အဓိက အချက် ၃ ချက်ကို ဆွေးနွေးသွားမယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။ 

“နိုင်ငံရပ်ခြားကိုရောက်နေတဲ့ တိုင်းရင်းသားတွေ ပြည်တွင်းကို လွတ်လွတ်လပ်လပ် ၀င်ရောက်ခွင့်ပြုပြီးတော့မှ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းလုပ်တဲ့အခါ လွယ်လွယ်ကူကူလုပ်နိုင်ဖို့။ နိုင်ငံသားမဟုတ်တဲ့သူတွေက သန်းခေါင်စာရင်းမှာပါပြီးတော့မှ တိုင်းရင်းသားစစ်စစ်တွေက သန်းခေါင်စာရင်းမှာမပါဘဲ ကျန်နေခဲ့ရင် နိုင်ငံအတွက်ရော၊ တိုင်းရင်းသားတွေအတွက်ရော အရမ်းနစ်နာတယ်။ ဒါကြောင့် ပြန်ဝင်လာပြီး မှတ်ပုံတင်လုပ်ဖို့ပဲဖြစ်ဖြစ်၊ သန်းခေါင်စာရင်းမှာ နာမည်စာရင်း ပေးသွင်းရင်ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ သက်သက်သာသာ ဆောင်ရွက်ပေးနိုင်ဖို့” ကို ပထမအချက်အနေဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

စီးပွားရေးပြုပြင်ပြောင်းလဲမှု အလုပ်ရုံဆွေးနွေးပွဲ သမ္မတ ဦးဆောင်ကျင်းပမည်

Posted by drmyochit Friday, August 03, 2012, under | No comments


From:ခေတ်လူငယ်

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတော် သမ္မတ ဦးစီး၍ နေပြည်တော်၌ ကျင်းပရန် စီစဉ်ထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။ ယင်းအစည်းအဝေးပွဲ ကျင်းပနိုင်ရန် အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထု၏ တင်ပြချက် အကြံဥာဏ်များကို ရယူနိုင်ရန် ကဏ္ဍအလိုက် တာဝန်ယူထားသည့် ဝန်ကြီးများက ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၄) ခုတွင် တွေ့ဆုံပွဲများ ကျင်းပရန် စီစဉ်ထားသည်။ ယင်းတွေ့ဆုံပွဲများမှ ရရှိလာသည့် ရလဒ်ကို နေပြည်တော် တွေ့ဆုံပွဲတွင် ထပ်မံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ “ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေရဲ့ ထင်မြင်ချက်တွေရဖို့ သမ္မတကြီးက ဝန်ကြီးတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့သွားဖို့ လမ်းညွှန်ထားခဲ့တယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဆိုသည်။ လက်ရှိ နိုင်ငံတော်အစိုးရကို လွှတ်တော်၊ မီဒီယာ၊ ပညာရှင်များ၊ ပြည်ပမှ ရောက်ရှိလာသည့် အဖွဲ့များ စသဖြင့် အဖွဲ့အစည်း အသီးသီးမှ အကြံပြုချက်များ ပေးလျက်ရှိသည်။ ယင်းအကြံပြုချက်များကို အကောင်အထည်ဖော်ဖို့ရာတွင် ငါးပွက်ရာ ငါးစာချသကဲ့သို့ ဖြစ်မည်ကို စိုးရိမ်နေသည်။ ယင်းကြောင့် ယခုကဲ့သို့ အခြေအနေမှန်ကို သိရှိရန် တွေ့ဆုံပွဲများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ် ၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

တရုတ် နိုင်ငံ အနောက် တောင်ပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွား ၁ ဦးသေဆုံး ၂၅ ဦး ဒဏ်ရာရရှိ

Posted by drmyochit Friday, August 03, 2012, under | No comments



(ချန်ဒူး သြဂုတ် ၂)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ် ပြည်နယ်ရှိ အဆောက် အအုံ တစ်ခုတွင် သြဂုတ် ၂ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ရုံးတစ်ရုံး၏မြေအောက် ခန်းတွင်ပေါက်ကွဲ ခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှု ကြောင့် ပထမဆုံး ထပ်မှာ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး လေးထပ်မှ ရှစ်ထပ်အထိ ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှု ကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံး ခဲ့ပြီး ၂၅ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။ အခင်း ဖြစ်ပွားရာသို့ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် မီးသတ် သမား များနှင့် ရဲဝန် ထမ်းများ စေလွှတ် ထားကြောင်း သိရသည်။   

ဝါဆိုလပြည့်နေ့ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး သုံးသိန်းခန့် ဖူးမြော်

Posted by drmyochit Friday, August 03, 2012, under | No comments


ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာ သက္ကရဇ် ၁၃၇၄ ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်နေ့ဖြစ်သော သြဂုတ်လ ၂ ရက်နေ့တွင်ရွှေတိဂုံ စေတီတော်သို့ ဘုရားဖူး သုံးသိန်း ဝန်းကျင် တက်ရောက် ဖူးမျှော်ကြည်ညိုခဲ့ကြရာ ပုံမှန်ထက် ၁ဝ ဆ နီးပါး တက်ရောက် မှုရှိကြောင်းရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှတာဝန်ရှိသူများကပြောသည်။
“ပုံမှန်ဆိုရင်တော့ ရွှေတိဂုံစေတီတော်ကို တရက်ကို ဘုရားဖူး နှစ်သောင်းခွဲကနေ သုံးသောင်းကျော်အထိ လာဖူးတာ ရှိပါတယ်၊ အခု ဒီနေ့ ဝါဆိုလပြည့်နေ့မှာ ဘုရားဖူး သုံးသိန်း ဝန်းကျင်လာဖူးပါတယ်။ ပုံမှန်ထက် ၁ဝ များတယ်လို့ပြောရမှာပေါ့” ဟု ဂေါပက ရုံးအဖွဲ့မှူး ဦးဝင်းကြိုင် က ပြောသည်။ နိုင်ငံခြားသား ဘုရားဖူး ဧည့်သည်များလည်း ယခုနှစ် ပိုမို လာရောက်ကြသည်ဟုဆိုသည်။


ဓမ္မစကြာ အခါတော်နေ့ နံနက် ၅ နာရီ၌ ဆွမ်းတော်ကြီး ကပ်လှူခြင်း၊ နံနက် ၆ နာရီ ၃ဝ မိနစ်တွင် ဘာသာရေး အသင်းအဖွဲ့များက ရွှေကြာသင်္ကန်း ကပ်လှူပွဲ၊ အခမ်းအနား အဆောင်အယောင်များဖြင့် ဘုရားတပတ် လှည့်လည် ပူ ဇော် ခဲ့ကြသည်။

ထို့နောက် အရှေ့ဘက်မုခ်ရှိ ကကုဿန် မြတ်စွာဘုရား၊ တောင်ဘက်မုခ်ရှိ ကောဏဂုံ မြတ်စွာဘုရား၊ အနောက်ဘက် မုခ်ရှိ က ဿပ မြတ်စွာဘုရား၊ မြောက်ဘက်မုခ်ရှိ ဂေါတမ မြတ်စွာဘုရား၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ဘုရား တို့အား ရွှေသ င်္ကန်းကပ် လှူပူဇော်မှုပြုလုပ်ကြသည်။
“ဘာသာရေး အသင်းအဖွဲ့တွေ၊ လူမှုရေး အသင်းအဖွဲ့တွေကလည်း စတုဒီသာ လှူဒါန်းတာတို့၊ သောက်ရေသန့် ဗူးတွေ လှူဒါန်း တာတို့၊အဖွဲ့လိုက်ဓမ္မစကြရွတ်ဆိုတာတို့တွေလာလုပ်ကြတယ်”ဟုဦးဝင်းကြိုင်ကပြောသည်။

ထို့အပြင် နေ့လည် ၁ နာရီတွင် ရွှေတိဂုံ စေတီတော် သြဝါဒ ဆရာတော်မှ ဘုရားဖူးများအား ဓမ္မစကြာတရား ဟောကြားပေးသည့် အ ပြင် ရှေးဟောင်း ရုပ်ပွားတော် တန်ဆောင်း၌ ဂေါပကအဖွဲ့မှ ကြီးမှူးကာ ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားနှင့် ဟောပြောပွဲတရပ် ကျင်းပပေးသည်။

ကုသိုလ်ဖြစ်အဖွဲ့အစည်း အကူအညီရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ အမိန့်ချ

Posted by drmyochit Friday, August 03, 2012, under | No comments


မြန်မာနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ Rohingya မူဆလင် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ ကုသိုလ်ဖြစ် အဖွဲ့အစည်း သုံးခုကို အကူအညီတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ချမှတ် လိုက်ပါ တယ်။

                                                                      AFP
၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်က ဘင်္ဂလားဒေ့ခ်ျနိုင်ငံ Teknaf ခရိုင်အတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည် နေအိမ်များကို တွေ့ရစဉ်။အဲဒီအဖွဲ့ တွေကတော့ ပြင်သစ်အခြေစိုက် MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ ACF ခေါ် ငတ်မွတ်ခေါင်းပါးမှု ကယ် ဆယ်ရေးအဖွဲ့နဲ့ ဗြိတိန်အခြေစိုက် Muslim AID UK အဖွဲ့တို့ ဖြစ်ပါတယ်။
ဒီအဖွဲ့တွေဟာ မြန်မာနယ်စပ်အနီး Cox's Bazaar ခရိုင်တွင်းက ဒုက္ခသည်တွေကို အကူအညီ ပေးနေတာကို ဆိုင်းငံ့ဖို့ အစိုးရက ပြောတာလို့ ဒေသ အုပ်ချုပ်ရေးမှူး Joymul Bari က AFP သတင်းဌာနကို ပြောသွားပါတယ်။အကူအညီပေးရေး အဖွဲ့တွေဟာ စာ ရွက်စာတမ်း အထောက်အထားမရှိတဲ့ ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေကို တရား မ၀င် ပံ့ပိုးကူညီ ပေးနေကြတာ ဖြစ်တယ် လို့လည်း Mr. Bari ကပြောပါတယ်။

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်စက်ရုံ(ချောက်) မီးလောင် (ဓါတ်ပုံ)

Posted by drmyochit Friday, August 03, 2012, under | No comments



Photo 


ထိုင်းနိုင်ငံ တောင်ပိုင်းအရေးနှင့် ပတ်သက်၍ လုံခြုံရေး ဆွေးနွေးပွဲအား ပြုလုပ်ခဲ့ခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments


angkokpost.com;July-31(Tue)
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အကြမ်း ဖက်မှု များမြင့် တက်နေ ခြင်းနှင့် ပတ်သက်၍ ဆွေးနွေး ရန်အတွက် ထိုင်း ဝန်ကြီးချုပ် ရင်လပ် ရှင်နာ ဝပ်ထ ရာသည် ဇူလိုင် လ ၃၁ ရက်နေ့ နံနက် ပိုင်းက လုံခြုံ ရေးအ စည်းအဝေး တစ်ရပ် ခေါ်ယူ ခဲ့ကြောင်း သတင်း ထုတ်ပြန် ချက်များ အရ သိရှိရ ပါသည်။ အဆိုပါ အစည်း အဝေးသို့ တက်ရောက် ကြသူ များတွင် လုံခြုံရေး ဆိုင်ရာ တာဝန် ယူရသော ဒုတိယ ဝန်ကြီးချုပ် Yutthasak Sasiprapa ၊ တောင်ပိုင်း ဒေသကြီး ကြပ်ရေး အတွက် တာဝန် ပေးအပ် ထားသူ ဒုတိယ ဝန်ကြီးချုပ် Chalerm Yubamrung ၊ ထိုင်း တပ်မတော် ဒုတိယ အကြီး အကဲ Daopong  Rattanasuban နှင့် အမျိုးသား လုံခြုံရေး ကောင်စီ အကြီး အကဲ Wichean Potephosree   တို့ပါ ဝင်ပြီး အစည်း အဝေးတွင်  တောင်ပိုင်း ဒေသ လုံခြုံရေး အကြီး အကဲ မစ္စတာ Chalerm  က ဦးဆောင် ဆွေးနွေး ခဲ့ကြောင်း သိရှိ ရပါသည်။

အတိုက် အခံ များသည် တောင်ပိုင်း အခြေ အနေနှင့် ပတ်သက်၍ အခြေ အတင် ဆွေးနွေးရန် အောက် လွှတ် တော်သို့ အဆို တင်သွင်း မှုပြု လုပ်မည် ဖြစ်ကြောင်း ဒီမို ကရက် ပါတီ အမတ် Jurin Laksanavisit  က ပြောကြား ခဲ့ပါသည်။ ထိုင်း နိုင်ငံ တောင်ပိုင်း အခြေ အနေမှာ တစ်နေ့ ထက်တစ် နေ့ဆိုး ရွားလာ ခဲ့ကြောင်း၊ ဇူလိုင်လ တစ်လ တည်းတွင် ဖြစ်စဉ် ၈ဝ ခု ဖြစ်ပွား ခဲ့ပြီး အစိုးရ အမှုထမ်း ၁၅ ဦး၊ အရပ်သား ၃၁ ဦးနှင့် စစ်သွေးကြွ ၁ ဦး၊ စုစု ပေါင်း ၄၇ ဦး သေဆုံး ခဲ့ကြောင်း မစ္စတာ Chalerm  က ပြောကြား ခဲ့ပါသည်။ တောင်ပိုင်း အခြေ အနေမှာ ဆိုးရွား လျက်ရှိ သော်လည်း ဝန်ကြီး ချုပ်သည် ၄င်း ဒေသသို့ တစ်ကြိမ် တစ်ခါမျှ သွားရောက် ခဲ့ခြင်း မရှိကြောင်း အတိုက် အခံ အမတ်  Jurin  က  စွပ်စွဲ ပြောကြား ခဲ့ကြောင်း လည်း သိရှိရ ပါသည်။

မြောက် ကိုရီးယား နိုင်ငံသည် အမေ ရိကန် နိုင်ငံအား ရင်ဆိုင် နိုင်ရေး အတွက် နျူက လီးယား လက်နက် တိုက်များ တည်ဆောက် သွားမည်ဟု ပြောကြား လိုက်ခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments

Yonhapnews.com;July-31(Tue)
မြောက် ကိုရီးယား နိုင်ငံသည် ၄င်း၏ ကွန် မြူနစ် အစိုး ရအား ဖြုတ် ချရန် ကြိုးစား နေသည့် အမေ ရိကန် နိုင်ငံ အပေါ် ၄င်း တို့၏ နျူ ကလီး ယား စွမ်းရည် များကို ပိုမို တိုးမြှင့် လုပ်ဆောင် မှုများဖြင့် တုံ့ပြန် သွားမည် ဟု ဇူလိုင် လ ၃၁ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။  မြောက် ကိုရီးယား နိုင်ငံ ခြားရေး ဝန်ကြီး ဌာန ပြောရေး ဆိုခွင့် ရှိသူက ပြောကြား ရာတွင် အမေ ရိကန် နိုင်ငံ၏ ရန်လို သည့် အပြုအမူ များအ ပေါ် တုံ့ပြန် သည့်အ နေဖြင့် အထက်ပါ ဆုံးဖြတ် ချက်အား  ခိုင်ခိုင် မာမာ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း မြောက် ကိုရီးယား ဗဟို သတင်း ဌာန အေဂျင် စီ၌ ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ မြောက် ကိုရီးယား နိုင်ငံ သည် အခြား နိုင်ငံ များနှင့် အသက် မွေးဝမ်း ကျောင်း အလုပ် အကိုင် အခွင့် အလမ်း ဆိုင်ရာများ ဆွေးနွေး နေစဉ် အမေ ရိကန် နိုင်ငံမှ ၄င်းတို့၏ စီးပွား ရေးဖွံ့ ဖြိုးမှုနှင့် အသက် မွေးဝမ်း ကျောင်းမြှင့် တင်ရေး ကိစ္စရပ် များနှင့် ပတ်သက်၍ ပြင်းပြင်း ထန်ထန် ပိတ်ဆို့ ဆောင်ရွက် မှုများ ပြုလုပ် ခဲ့ကြောင်း ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

မြောက် ကိုရီးယား အနေဖြင့် ၄င်း တို့၏ စီးပွား ရေးဖွံ့ ဖြိုးရေး အတွက် အမေ ရိကန်၏ အကူ အညီ မလို ကြောင်းနှင့် ၄င်း တို့၏ နျူ ကလီးယား စွမ်းရည် များနှင့် နည်းလမ်း များကို တိုးမြှင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အဆိုပါ ပြောဆို ခွင့်ရှိ သူက ပြောကြား ခဲ့ပါသည်။ မြောက် ကိုရီးယား နိုင်ငံ သည် အမေ ရိကန် နိုင်ငံ၏ အရေးယူ ပိတ်ဆို့ မှုများ ရင်ဆိုင် နေရ သော်လည်း စွမ်းရည် ပြည့်ဝသော ဆိုရှယ် လစ်နိုင်ငံ အဖြစ် ဧကန် မုချ တည်ဆောက် သွားမည် ဖြစ်ကြောင်း မြောက် ကိုရီးယား အရာရှိ တစ်ဦးက ဆက်လက် ပြောကြား ခဲ့ပါသည်။

အမေ ရိကန် သမ္မတ ဘားရက် အိုဘား မားက မြောက် ကိုရီး ယားနှင့် အတူ အီရန် နိုင်ငံ တို့၏ နျူ ကလီးယား လက်နက် များဖြင့် ကမ္ဘာအား ခြောက်လှန့် ရန်ကြိုး ပမ်းနေ မှုအား ခွင့်ပြု မည်မ ဟုတ်ကြောင်း ယခင် အပတ်က ပြောကြား ခဲ့ပါသည်။ အမေ ရိကန်၏ ရန်လို မှုများအား တုံ့ပြန် သည့်အ နေဖြင့် မြောက် ကိုရီးယား မှ အထက်ပါ နျူ ကလီးယား ရည်မှန်း ချက်ဆိုင် ရာဆုံး ဖြတ်ချက်အား ခိုင်ခိုင် မာမာ ချထား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။

တာဂျစ် ကစ္စ တန်နှင့် ဥဇဘက် ကစ္စတန် နိုင်ငံ တို့၏ CSTO အဖွဲ့မှ နုတ်ထွက် မည့်ဆုံး ဖြတ်ချက် အား တုံ့ပြန် ဆောင်ရွက်ရန် CSTO အဖွဲ့ အားဘီ လာရုဇ် သမ္မတ Alexander Lukashenko က တိုက်တွန်း ပြောကြား လိုက်ခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments

Xinhuanet.com;July-31(Tue)
စုပေါင်း လုံခြုံရေး သဘောတူ စာချုပ် အဖွဲ့မှ နုတ်ထွက် မည်ဆိုသည့် တာဂျစ် ကစ္စ တန်နှင့် ဥဇဘက် ကစ္စ တန် နိုင်ငံ တို့၏ ဆုံးဖြတ် ချက်အား တုံ့ပြန် ဆောင်ရွက် ရန်ဘီလာ ရုဇ်သမ္မတ Alexander Lukashenko က စုပေါင်း လုံခြုံရေး သဘောတူ စာချုပ် အဖွဲ့ (Collective Security Treaty Organization-CSTO) အဖွဲ့သို့ ဇူလိုင်လ ၃၁ ရက်နေ့ တွင် တိုက်တွန်း ပြောကြား ခဲ့ပါသည်။ တာဂျစ် ကစ္စတန် နိုင်ငံ၏ ပြောဆို ချက်နှင့် ပတ်သက်၍ စိတ်မ သက်မသာ ဖြစ်ရကြောင်း၊ တာဂျစ် ကစ္စတန် သမ္မတ၏ မိန့်ခွန်းအား မိမိတို့ အနေဖြင့် လျစ်လျူ မရှုထား သင့်ကြောင်း စုပေါင်း လုံခြုံရေး သဘောတူ စာချုပ် အဖွဲ့ (CSTO) အထွေထွေ အတွင်း ရေးမှူးချုပ် Nikolai Bordyuzha နှင့် ဇူလိုင်လ ၃၁ ရက်နေ့ တွင်ပြု လုပ်သော ဆွေးနွေး ပွဲ၌ Lukashenko  က ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။ အလား တူအဖွဲ့မှ နုတ်ထွက်မည် ဆိုသည့် ဥဇဘက် ကစ္စတန် နိုင်ငံ၏ ဆုံးဖြတ် ချက် ကိုလည်း အခြား CSTO အဖွဲ့ဝင် နိုင်ငံ များသို့ အကြောင်း ကြားရမည် ဖြစ်ကြောင်း Bordyuzha အား Lukashenko က ပြောကြား ခဲ့ပါသည်။

လက်ရှိ အချိန်သည် စိတ်အ နှောင့် အယှက် ဖြစ်စရာ အချိန် ဖြစ်ကြောင်း၊ တုံ့ပြန် မှုတစ်စုံ တစ်ရာ ပြုလုပ် ရမည် ဖြစ်ကြောင်း၊ မိမိ တို့၏ စည်းလုံး ညီညွတ် မှုအား ကြိုးပမ်း ထိန်းသိမ်း ရမည် ဖြစ်ကြောင်း Lukashenko  က ထပ်လောင်း ပြောကြား ခဲ့ပါသည်။ ဥဇဘတ် ကစ္စတန် နိုင်ငံ အနေဖြင့် CSTO အဖွဲ့မှ နုတ်ထွက် မည်ဆို သည့် အကြောင်း ကြားစာအား ရုရှား နိုင်ငံ မော်စကို မြို့ရှိ CSTO အဖွဲ့ ဌာန ချုပ်သို့ အစော ပိုင်းက ပြောကြား ခဲ့ပါ သည်။ ဥဇဘက် ကစ္စတန် နိုင်ငံ အနေဖြင့် CSTO အဖွဲ့ ပြိုကွဲ ရေးအား ခြိမ်းခြောက် လျက်ရှိ ကြောင်း ကျွမ်းကျင် သူများက သုံးသပ် ပြောကြား ခဲ့ပါသည်။ CSTO အဖွဲ့သည် အဖွဲ့ဝင် နိုင်ငံများ အကြား စစ်ရေး ဆိုင်ရာ မဟာ မိတ်အဖွဲ့ အစည်း ဖြစ်ပြီး ၁၉၉၂ ခုနှစ် မေလ ၁၅ ရက် နေ့တွင် စတင် လက်မှတ် ရေးထိုး ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ပါသည်။ CSTO အဖွဲ့ ဖွဲ့စည်း ခြင်းအား ဂုဏ်ပြု သည့်အ နေဖြင့် ၂ဝဝ၂ ခုနှစ် အောက်တို ဘာလ ၇ ရက်နေ့တွင် အာမေး နီးယား သမ္မတ၊ ဘီလာ ရုဇ် သမ္မတ၊ ကာဇက် စတန် သမ္မတ၊ ကာဂျစ် စတန် သမ္မတ၊ ရုရှား သမ္မ တနှင့် တာဂျစ် ကစ္စတန် သမ္မတ တို့က ပဋိ ညာဉ် တစ်ခုအား Tashkent ၌ လက်မှတ် ရေးထိုး ခဲ့ကြ ပါသည်။ ဥဇဘက် ကစ္စတန် နိုင်ငံသည် ၂ဝဝ၆ ခုနှစ် ဇွန်လ ၂၃ ရက် နေ့တွင် CSTO  အဖွဲ့သို့ ဝင်ရောက် ခဲ့ပြီး ၄င်း၏ CSTO အဖွဲ့သို့ ဝင်ရောက် ခြင်းအား ဥဇဘက် ကစ္စတန် ပါလီ မန်မှ ၂ဝဝ၈ ခုနှစ် မတ်လ ၂၈ ရက် နေ့တွင် အတည် ပြုပေး ခဲ့ကြောင်း သိရှိ ရပါသည်။ 

အီရန် အရေးနှင့် ပတ်သက်၍ စစ်ဘက် အရာရှိ များနှင့် သဘောထား ကွဲလွဲမှု များရှိ သည်ဟူသော သတင်းအား အစ္စရေး ဝန်ကြီးချုပ်မှ ငြင်းဆိုခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments

Xinhuanet.com;Aug-1(Wed)
အစ္စရေး နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ၏ နျူက လီးယား အဆောက် အဦ များအား တိုက်ခိုက်ရန်၊ သို့မဟုတ် တိုက်ခိုက် ခြင်းမ ပြုရန် စဉ်းစား နေဆဲ ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန် ယာဟုက ဇူလိုင်လ ၃၁ ရက်နေ့တွင် အစ္စ ရေး၏ Channel 2 ရုပ် / သံ လိုင်းနှင့် ပြုလုပ်သော အင်တာဗျူး တစ်ခုတွင် ပြောကြား ခဲ့ပါသည်။ ထို့ပြင် အစ္စရေး စစ်ဘက် အနေဖြင့် အီရန်ကို တိုက်ခိုက် မည့်အစီ အစဉ်အား ထောက်ခံ မှုမရှိ ဆိုသော သတင်း ကိုလည်း နေတန် ယာဟုက ငြင်းဆိုခဲ့ ပါသည်။ အီရန် နိုင်ငံ၏ ခြိမ်းခြောက် မှုများ ရှိလာ ပါက နိုင်ငံ ကာကွယ် ရေးအတွက် ပါဝင် လာမည့် အစ္စရေး နိုင်ငံသား များကို ရေတွက် ၍ပင် ရနိုင် မည်မဟုတ် ကြောင်း နေတန် ယာဟုက ပြောကြားခဲ့ ပါသည်။ အစ္စရေး စစ်ဘက် အရာ ရှိများမှ အီရန်အား တိုက်ခိုက် ရန် ဖြစ်နိုင် ချေရှိမှု အပေါ် ကန့်ကွက် လျက်ရှိ သည်ဟူသော ကန ဦးပေါ် ထွက်ခဲ့သော သတင်းများ ကိုလည်း နေတန် ယာဟုမှ ပယ်ချခဲ့ ပါသည်။

အစ္စ ရေးကြည်း တပ်အ ရာရှိချုပ်၊ စစ်ဘက် ထောက်လှမ်း ရေးအ ရာရှိချုပ်၊ လေတပ် ဦးစီး ချုပ်နှင့် မော့ဆက် အကြီး အကဲတို့သည် အီရန် နိုင်ငံအား အစ္စရေး တစ်နိုင်ငံ တည်းမှ စစ်ရေး တိုက်ခိုက် မှုကို ကန့်ကွက် ကြောင်း အမည် မဖော်သော အမေ ရိကန် သတင်း ရပ်ကွက်မှ သိရှိ ရပါသည်။ အမေ ရိကန်၏ ပံ့ပိုးမှု မရှိဘဲ အီရန် နိုင်ငံကို တိုက်ခိုက် ခြင်းသည် အီရန်၏ နျူက လီးယား အစီ အစဉ်ကို နှစ်အနည်း ငယ်သာ ရပ်တန့် သွားစေ မည်ဖြစ် ကြောင်းနှင့် အစ္စရေး နိုင်ငံ အတွက် ဒုက္ခ ရောက်စေမည့် နောက်ဆက် တွဲဖြစ် ရပ်များ ဖြစ်ပေါ် လာမည့် ဒေသ တွင်းပ ဋိပက္ခ တစ်ခု ကိုသာ စတင် ဖြစ်ပေါ် လာစေ မည်ဖြစ် ကြောင်း မော့ဆက် ညွှန်ကြား ရေးမှူး ဟောင်း Meir Dagan နှင့် ရှင်းဘက် အကြီး အကဲ ဟောင်း Yuval Diskin တို့ ၂ ဦးက လည်း သတိပေး ခဲ့ကြ ကြောင်းသိ ရှိရ ပါသည်။ 

ကာကွယ်ရေး ဦးစီးချုပ် India ခရီးစဉ်

Posted by drmyochit Friday, August 03, 2012, under | No comments



                                               ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ India နိုင်ငံကို တပတ်တာ အလည် အပတ် ခရီးစဉ်အဖြစ်ရောက် ရှိ နေပါတယ်။

ဒီခရီးစဉ်ကို အိန်ဒိယ ကာကွယ်ရေးဦးစီးချုပ်က ဖိတ်ကြားခဲ့ တာဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်ရဲ့ ပထမဆုံး Indiaခရီးစဉ်လည်း ဖြစ်ပါတယ်။

India ကာကွယ်ရေးဝန်ကြီး၊ ကြည်း၊ ရေ၊ လေ စစ်ဦးစီးချုပ်တွနေဲ့ မြန်မာ ကာချုပ်တို့ တွဆေုံ့ခဲ့ကြပြီး မြန်မာစစ်တပ်ကို သင်တန်းပေး လေ့ကျင့်ရေး၊ စစ်ဘက်ဆိုင်ရာ အထောက်အကူ ပစ်စည်းတွေ ပေးရေးကို ဆြေးနြေးခဲ့တယ္လို့ ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးနဲ့ သူပုန်တိုက်ဖျက်ရေး တို့အတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာအစိုးရသစ် တက်လာပြီးနောက် သမ်မတဦးသိန်းစိန်က ၂၀၁၁ အောက်တိုဘာလမှာ အိန်ဒိယကို သွားရောက်ခဲ့သလို၊ India ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကလည်း ၂၀၁၂ မေလမှာ မြန်မာနိုင်ငံကို သွားခဲ့ပါတယ်။

ရုရှား ရေတပ်အား ရေငုပ်သင်္ဘောသစ်များဖြင့် အားဖြည့်မည် ဆိုခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments

PressTV.com;July-31(Tue)
ရုရှား သမ္မတ ဗလာ ဒီမာ ပူတင်က ၄င်း၏ နျူ ကလီးယားရေတပ် ဖွဲ့ဝင် များ၏ စွမ်းဆောင် ရည်အား တိုးမြှင့်ရန် ကတိ ပြုခဲ့ ကြောင်းနှင့် မိမိတို့ နိုင်ငံ အနေဖြင့် ထိပ်တန်း ရေတပ် အဖြစ် ဦးဆောင် နေသော နိုင်ငံ  ၏ ဂုဏ် ဒြပ်အား ထိန်းသိမ်း သင့်သည် ဟုယုံ ကြည်ကြောင်း ဇူလိုင်လ ၃ဝ ရက်နေ့ ကပူ တင်၏ ပြောကြား ချက်ကို ကိုးကား၍ ရိုက်တာ သတင်း ဌာနက ဖော်ပြခဲ့ ပါသည်။ နိုင်ငံ မြောက်ပိုင်းရှိ Sevmash   သင်္ဘော ကျင်း၌ ကျင်းပသည့် ရုရှား နိုင်ငံ၏ နောက်ဆုံး မျိုးဆက် သစ်ရေ ငုပ် သင်္ဘော Prince  Vladimir အား စတင် တည်ဆောက် ပြီးစီးမှု အခမ်း အနား ကျင်းပစဉ် အတွင်း ရုရှား ရေတပ် အကြီး အကဲများ၊ အစိုးရ အရာ ရှိများနှင့် တွေ့ဆုံ စဉ်၌ ရုရှား သမ္မတ ဗလာ ဒီမာ ပူတင်က အထက်ပါ အတိုင်း မှတ်ချက် ပြုပြော ကြားခဲ့ ခြင်းဖြစ် ပါသည်။

မိမိတို့ အနေဖြင့် နိုင်ငံ၏ မဟာ ဗျူဟာ မြောက် နျူ ကလီးယား တပ်ဖွဲ့ များ၏ တစ်စိတ် တစ်ပိုင်း ဖြစ်သော ရေတပ် ဖွဲ့၏ တိုးတက် မှုများနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြကြောင်း ပူတင်က ထပ်လောင်း ပြောကြား ခဲ့ပါသည်။  ရုရှား ရေတပ်သည် ကမ္ဘာ့ သယံ ဇာတ အရင်း အမြစ်များ ပေါကြွယ် ဝသော အာတိတ် ဒေသ အပါ အဝင် နိုင်ငံ၏ အမျိုးသား အကျိုး စီးပွား ကိုလည်း စောင့်ရှောက် ကာကွယ် လျက်ရှိ ကြောင်း ပူတင်က ပြောကြား ခဲ့ပါသည်။ ရုရှား နိုင်ငံသည် ၄င်း၏ နျူ ကလီးယား လက်နက်နှင့် လေကြောင်း အာကာသ ကာကွယ်ရေး စနစ် အသင့် ရှိမှုကို ဆက်လက် ထိန်းသိမ်း သွားမည်ဟု သမ္မတ ပူတင်က ကာကွယ်ရေး အစည်း အဝေး ပြုလုပ်စဉ် ပြောကြား ခဲ့ပြီးနောက် အထက် ပါမှတ်ချက် ထပ်မံ ထွက်ပေါ် လာခြင်း ဖြစ်ပါသည်။ 

တောင်ပိုင်းဒေသ အထူးစစ်ဆင်ရေးဌာန တစ်ခု ထူထောင်သွားရန် ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားခဲ့ခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments

 ထိုင်း နိုင်ငံ တောင်ပိုင်း စွန်း ဒေသ ငြိမ်းချမ်း ရေးဖော် ဆောင်ရာ တွင် ကြိုးပမ်း ဆောင်ရွက် နေမှု များအား ပေါင်းစပ် ညှိနှိုင်း ရန်နှင့် ကြီးကြပ် ဆောင် ရွက်ရန် အတွက် အထူး စစ်ဆင် ရေး ဌာန တစ်ခု ထူထောင် သွားရန် ဝန်ကြီး ချုပ် ယင်လပ်က ညွှန်ကြား ခဲ့သည်ဟု ဇူလိုင် လ ၃၁ ရက်နေ့ Bangkokpost  သတင်း တစ်ရပ် အရ သိရှိ ရပါသည်။ ယင်လပ် သည် တောင် ပိုင်းစွန်း ဒေသ အခြေ အနေအား အထူး အလေး ထားကိုင် တွယ်ဖြေ ရှင်းသွား ရန်အတွက် စစ်ဆင် ရေးဌာ နတစ်ခု ထူထောင် သွားရန် ဆန္ဒရှိ နေကြောင်း ဒုတိယ ဝန်ကြီး ချုပ် ဗိုလ် ချုပ်ကြီး ယူသာ ဆက်ဆာ ဆီပ ရာပါက ဇူလိုင် လ ၃၁ ရက်နေ့ တွင်ပြော ကြားခဲ့ ပါသည်။ အဆိုပါ အထူး စစ်ဆင် ရေးဌာန တစ်ခု ထူထောင် ရေးနှင့် ပတ်သက်၍ ဇူလိုင် လ ၃၁ ရက်နေ့ က ပြုလုပ် သော လုံခြုံ ရေးအေ ဂျင်စီ များအ စည်းအ ဝေးတွင် ယင်လပ် ကညွှန် ကြားခဲ့ ခြင်းဖြစ် ကြောင်း လုံခြုံရေး ကိစ္စများ ကိုတာ ဝန်ယူ ဆောင်ရွက် နေသော ဗိုလ် ချုပ်ကြီး ယူသာ ဆက်က ပြောကြား ခဲ့ပါသည်။ အဆိုပါ အစည်း အဝေးသို့ ဗိုလ် ချုပ်ကြီး ယူသာ ဆက်၊ ဒုတိယ ဝန်ကြီး ချုပ် Chalerm Yubamrung ၊ ကြည်း တပ် ဒုတိယ ဦးစီး ချုပ် Daopong Rattanasuban နှင့် အမျိုး သားလုံ ခြုံရေး ကောင်စီ Wichean Potephosree တို့ တက်ရောက် ခဲ့ကြ ပါသည်။ အဆို ပါစစ် ဆင်ရေး ဌာန သည် အမြဲ တမ်းထား ရှိမည့် ဌာန တစ်ခု ဖြစ်လာ မည်ဖြစ်ပြီး ပိုမို ထိရောက် အောင်မြင် စေရန် ပြဿ နာရပ် ဖြေရှင်း ရာတွင် ပါဝင် သည့် အေဂျင် စီများနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ တောင်ပိုင်း စွန်း နယ်စပ် ဒေသ ပြည်နယ်များ ဖြစ်သော နရာ ထီဝပ်၊ ပတ္တ နီနှင့် ယာလာ ပြည်နယ် တို့တွင် သောင်း ကျန်းသူ များက ပြောက်ကျား နည်း ဗျူဟာ သစ်များကို အသုံး ပြု၍ အကြမ်း ဖက်တိုက် ခိုက်မှု အရှိန်ကို တိုးမြှင့် လုပ်ဆောင် လာနေ သည့်အ တွက်ကြောင့် လက်ရှိ ထောက် လှမ်းရေး လုပ်ငန်း များသည် ထိရောက် မှုမရှိ ဖြစ်နေ ကြောင်း ဗိုလ် ချုပ်ကြီး ယူသာ ဆက်က ပြောကြား  ခဲ့သည် ဟုသိ ရှိရ ပါသည်။ 

တောင်တရုတ်ပင်လယ်တွင် မည်သည့်စစ်ရေးအရ ကြားဝင်စွက်ဖက်မှုကိုမဆို ကန့်ကွက်ကြောင်း တရုတ်က ပြောကြားခဲ့ခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments



Xinhuanet.com;July-31(Tue)
တရုတ် နိုင်ငံသည် တောင်တ ရုတ်ပင် လယ်ရှိ ကျွန်းစု များနှင့် ၄င်းတို့ အနီး အနားရှိ ရေပိုင် နက်များ အပေါ် ငြင်းပယ် ခြင်းမ ပြုနိုင်သော အချုပ် အခြာ အာဏာ ပိုင်ဆိုင်သည့် အခွင့် အရေးများ ရှိထားကြောင်း၊ ထို့ကြောင့် အဆိုပါ ဧရိယာတွင် မည်သည့် စစ်ရေး ဆိုင်ရာ ကြားဝင် စွက်ဖက် မှုကို မဆို  တရုတ် နိုင်ငံ အနေဖြင့် လက်သင့် ခံမည် မဟုတ်ကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီး ဌာန ပြောခွင့် ရပုဂ္ဂိုလ် Geng Yansheng က ဇူလိုင်လ ၃၁ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။

သက်ဆိုင် ရာစည်း မျဉ်းများနှင့် အညီ တရုတ် နိုင်ငံ၏ တရား စီရင် ပိုင်ခွင့် အောက်ရှိ ရေပြင် ပိုင်နက် များတွင် အမြဲတမ်း တိုက်ပွဲ ဝင်အ သင့်ရှိသော ကင်းလှည့် ဆောင်ရွက် သွားမည့် အစီ အစဉ် တစ်ရပ်အား စတင် လုပ်ဆောင် နေပြီ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် မေးမြန်း ချက်အား  Geng Yansheng က ပြန်လည် ဖြေကြားခဲ့ ပါသည်။ တရုတ် နိုင်ငံ၏ ရေကြောင်း သွားလာမှု ဆိုင်ရာ အခွင့် အရေး များအား ကာကွယ် စောင့်ရှောက် ရန်နှင့် တရုတ် နိုင်ငံ၏ အချုပ် အခြာ ပိုင်နယ် မြေများအား ထိန်းသိမ်း ရန်တို့ အတွက် အဆိုပါ ကင်းလှည့် ဆောင်ရွက် သွားမည့် အစီ အစဉ်အား ဖွဲ့စည်း ထူထောင် ထားခဲ့ ခြင်းဖြစ် ကြောင်း၊ သို့သော် အခြား သော မည်သည့် နိုင်ငံ ကိုမျှ ဦးတည် ပြုလုပ် ခြင်းမ ဟုတ်ကြောင်း၊ သို့မဟုတ် သီးခြား ရည်မှန်း ချက်ထား ရှိခြင်း မရှိကြောင်း   Geng Yansheng  က ပြောကြားခဲ့ ပါသည်။

ဂျပန်၏ ကာကွယ်ရေး အစီရင် ခံစာအပေါ် တောင် ကိုရီးယားက ကန့်ကွက်ခဲ့ သည်ဆိုခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments



NHK.com;July-31(Tue)
ဂျပန် နိုင်ငံ၏ နောက်ဆုံး ထုတ်ပြန် ခဲ့သော နှစ်ပတ်လည် ကာကွယ်ရေး အစီ ရင်ခံ စာတွင် ဂျပန် ပင်လယ်ရှိ အငြင်း ပွားလျက် ရှိသည့်  Islet ကျွန်းစုအား ဂျပန် ပိုင်နက် နယ်မြေ ဖြစ်သည်ဟု ဖော်ပြခဲ့ ခြင်းအား တောင်  ကိုရီးယား နိုင်ငံက ကန့်ကွက် ခဲ့ပါသည်။ ဇူလိုင်လ ၃၁ ရက် နေ့တွင် ထုတ်ပြန် ခဲ့သော ဂျပန် ကာကွယ်ရေး စက္ကူဖြူ စာတမ်း၌ Takeshimas  ကျွန်းစု ပြဿနာ ပြီးပြတ်အောင် ဖြေရှင်း နိုင်ခြင်း မရှိသေး ကြောင်းနှင့် ၄င်း ကျွန်းစုအား ဂျပန် နိုင်ငံ ကသာ ပိုင်ဆိုင် သင့်ကြောင်း ထပ်လောင်း ဖော်ပြ ထားပါသည်။

Dokdos  ကျွန်းစုနှင့် ပတ်သက်၍ အချုပ် အခြာ အာဏာပိုင် နယ်မြေ အဖြစ် ဂျပန် နိုင်ငံ၏ တောင်းဆိုမှု အပေါ် တောင်ကို ရီးယား နိုင်ငံ အနေဖြင့် စိုးရိမ် ပူပန်ကြောင်း တောင်ကို ရီးယား နိုင်ငံ ခြားရေး ဝန်ကြီး ဌာနက ထုတ်ပြန် ခဲ့သော ကြေညာချက် တစ်စောင်တွင် ဖော်ပြ ထားပါသည်။ ဂျပန် နိုင်ငံ အနေဖြင့် အပြု သဘော ဆောင်သည့် တုံ့ပြန် မှုအား ချက်ချင်း လုပ်ဆောင် သင့်ကြောင်း အဆိုပါ ဝန်ကြီး ဌာနက တိုက်တွန်း ပြောကြား ခဲ့ပါသည်။ တောင်ကို ရီးယား နိုင်ငံ ခြားရေး ဝန်ကြီး ဌာနသည် အထက်ပါ ကန့်ကွက် ချက်နှင့် ပတ်သက်၍ တရားဝင် ကန့်ကွက် မှုပြု လုပ်ရန် ဆိုးလ် မြို့ရှိ ဂျပန် သံရုံး ဒုတိယ အကြီး အကဲ   Takashi Kurai  အား ဆင့်ခေါ် ခဲ့ပါသည်။ Kurai က သတင်း ထောက် များအား ပြောကြား ရာတွင် ဂျပန် ၏ရပ် တည်ချက် သဘော ထားနှင့် ပတ်သက်၍ မိမိ အနေဖြင့် ဆွေးနွေး ပြောကြား ခဲ့ပြီးဖြစ် ကြောင်း၊ အဆိုပါ ကန့်ကွက် ချက်နှင့် ပတ်သက်၍ ဂျပန် အနေဖြင့် လက်ခံ နိုင်မည် မဟုတ် ကြောင်းကို တောင်ကို ရီးယား နိုင်ငံ ခြားရေး ဝန်ကြီး ဌာန အရာရှိ များအား ပြန်လည် ဖြေရှင်း ပြောကြား ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

တူရကီ ဝန်ကြီး ချုပ်နှင့် အမေရိကန် သမ္မတ တို့သည် ဆီးရီးယား နိုင်ငံရေး အသွင် ကူးပြောင်းမှုနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments



Yahoo!News.com;July-31(Tue)
တူရကီ ဝန်ကြီးချုပ် တေရစ် အာဒို ဂန်နှင့် အမေ ရိကန် သမ္မတ ဘားရက် အိုဘားမား တို့သည် ဆီးရီးယား နိုင်ငံ၌ နိုင်ငံရေး အသွင် ကူးပြောင်း မှုအား အရှိန် မြှင့်တင် လုပ်ဆောင် ရေးအတွက် ၄င်းတို့ အနေဖြင့် မည်ကဲ့သို့ အတူ တကွ ပူးပေါင်း ဆောင်ရွက် မည်ကို တယ်လီ ဖုန်းဖြင့် ဆွေးနွေး ခဲ့ကြ ကြောင်း တူရကီ ဝန်ကြီးချုပ် ရုံးမှ ပြောကြားခဲ့ ပါသည်။ ယခင်က ဆီးရီးယား သမ္မတ ဘတ်ရှာ အယ်လ်အာ ဆတ်နှင့် ရင်းနှီးသော ဆက်ဆံ မှုများ ရှိခဲ့သူ တူရကီ ဝန်ကြီးချုပ် အာဒို ဂန်သည် ဆီးရီးယား နိုင်ငံ၌ လူထောင် ပေါင်း များစွာ သေဆုံး ခဲ့သော ၁၆ လကြာ ဆန္ဒပြ ဆူပူ အုံကြွမှု များဖြစ် ပေါ်ခဲ့ ပြီးနောက် အာဆတ်အား ဆီးရီးယား သမ္မတ ရာထူးမှ ဆင်းပေးရန် တောင်းဆို ခဲ့ပါသည်။

ဆွေးနွေးမှု များတွင် သမ္မတ အာဆတ် ရာထူးမှ နုတ်ထွက်ရေး အပါ အဝင် ဆီးရီးယား နိုင်ငံ အတွင်း နိုင်ငံရေး အသွင် ကူးပြောင်းမှု လုပ်ငန်း စဉ်အား အရှိန် အဟုန် မြှင့်တင် လုပ်ဆောင် ရန်ဆွေး နွေးခဲ့ကြောင်း တူရကီ ဝန်ကြီး ချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက် တစ်စောင်တွင် ဖော်ပြ ထားပါသည်။ အာဒို ဂန်နှင့် အိုဘား မားတို့သည် ၃၆ မိနစ်ကြာ တယ်လီ ဖုန်းဖြင့် ဆွေးနွေး မှုများ ပြုလုပ်ခဲ့ ကြကြောင်း တူရကီ မီဒီယာ များက ပြောကြား ခဲ့ပါသည်။ မကြာသေး မီက Aleppo တွင် ကြုံတွေ့ ခဲ့ရသော ဆီးရီးယား အစိုးရ၏ ရက်စက် ကြမ်းကြုတ် မှုများနှင့် အစိုးရ တပ်ဖွဲ့ များက ပြည်သူ များကို ပစ်မှတ်ထား တိုက်ခိုက် နေခြင်းကြောင့် ဆိုးရွား လာသော လူ့အခွင့် အရေး အခြေ အနေ များနှင့် ပတ်သက် ၍လည်း ၄င်းတို့၏ စိုးရိမ် ပူပန် မှုများ ကိုလည်း နှစ်နိုင်ငံ ခေါင်းဆောင် များက ထုတ်ဖော် ပြောကြား ခဲ့ကြကြောင်း ကြေညာ ချက်တွင် ဖော်ပြ ထားပါသည်။

အိုဘား မားနှင့် အာဒိုဂန် တို့သည် ဆီးရီးယား နိုင်ငံ၌ ဖြစ်ပွား နေသော အကြမ်းဖက် မှုများ၊ ဖိနှိပ်မှု များမှ လွတ်မြောက် ရန်ကြိုးပမ်း နေသော ပြည်သူ များကို အကူ အညီ ပေးရေး အတွက် လိုအပ် ချက်များ ကိုလည်း ဆွေးနွေးခဲ့ ကြပါသည်။ အာဒို ဂန်နှင့် အိုဘားမား တို့သည် တူရကီ အပါ အဝင် အိမ်နီးချင်း နိုင်ငံများ သို့ ထွက်ပြေး ရန်ကြိုး ပမ်းနေသော ဆီးရီးယား ပြည်သူ များအား အကူ အညီပေး ရေးတွင် ပူးပေါင်း ဆောင်ရွက် ရန် သဘော တူညီ ခဲ့ကြ ကြောင်း ကြေညာ ချက်တွင် ဖော်ပြ ထားပါသည်။ 

ဆီးရီးယား နိုင်ငံ၌ ဖြစ်ပွားနေသော အကြမ်းဖက်မှု များနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မိကြောင်း ကုလသမဂ္ဂ အကြီးအကဲက ပြောကြားခဲ့ခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments



PressTV.com;July-31(Tue)
ကုလ သမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဘန်ကီ မွန်းသည် ဆီးရီးယား နိုင်ငံ၌ ဖြစ်ပွားလျက် ရှိသော အကြမ်းဖက် တိုက်ခိုက် မှုများနှင့် ပတ်သက်၍ အလွန် အမင်း စိုးရိမ်ပူ ပန်မှုဖြစ် နေကြောင်း ထပ်မံ ပြောကြားခဲ့ ပါသည်။  မိမိတို့ အနေဖြင့် အလွန်အ မင်းစိုး ရိမ်ပူပန် မိကြောင်း၊ ၄င်းအဖြစ် အပျက် များသည် လက်မခံ နိုင်သော အခြေအနေ တစ်ရပ် ဖြစ်ကြောင်း ဘန်ကီ မွန်းက ဇူလိုင်လ ၃ဝ ရက်နေ့ တွင် သတင်း ထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ ပါသည်။ ဆန့်ကျင်ဖက် လက်နက်ကိုင် အုပ်စုများသည် ၄င်းတို့၏ တိုက်ခိုက်မှု များကို အရှိန် မြှင့်တင် လုပ်ဆောင် ခဲ့ကြောင်း၊ အခြေ အနေမှာ ဆိုးရွား သည်ထက် ပိုမို ဆိုးရွားလာ နေကြောင်း ဘန်ကီမွန်းက ထပ်လောင်းပြောကြား  ခဲ့ပါသည်။

အကြမ်း ဖက်မှုများ နေ့စဉ် ဖြစ်ပွား နေပြီး ဆီးရီးယား ပြည်သူများ သေကြေ ဒဏ်ရာ ရရှိမှု ပိုမို မြင့်တက်လာ ကာ ၄င်းတို့၏ အိမ်ရာ များနှင့် နိုင်ငံအား စွန့်ခွာ ထွက်ပြေး နေကြ ရကြောင်း ဘန်ကီ မွန်းက ပြောကြားခဲ့ ပါသည်။ ဆီးရီးယား နိုင်ငံ၌ တာဝန် ထမ်းဆောင်နေ သော ကုလ သမဂ္ဂ လေ့လာ စောင့်ကြည့်ရေး မစ်ရှင် အကြီး အကဲ ဗိုလ်ချုပ်ကြီး Babacar Gaye ၏ ယာဉ်တန်းအား တိုက်ခိုက်ခံ ရမှုနှင့် ပတ်သက် ၍လည်း ဘန်ကီ မွန်းက ရှုတ်ချခဲ့ ပါသည်။

ဆီးရီးယား နိုင်ငံသည် ၂ဝ၁၁ ခုနှစ် မတ်လ မှစ၍  အစိုးရ ဆန့်ကျင်ရေး ဆူပူအုံကြွ မှုများနှင့် ကြုံတွေ့ လျက်ရှိပြီး အနောက်  အုပ်စု နိုင်ငံ များက သမ္မတ ဘတ်ရှာ အယ်လ်အာဆတ်အား ရာထူးမှဆင်းပေးရန် ဖိအားပေး တောင်းဆိုနေသော်လည်း ရုရှားနှင့်တရုတ်နိုင်ငံတို့က အပြင်းအထန်ကန့်ကွက်လျက်ရှိကြောင်း သိရှိရပါသည်။

ခြံစည်းရိုးကျော်ဝင်လာသူများကို ပြင်းထန်သော အရေးယူမှု့ များ၊ ပစ်ခတ်မှု့ များပြုလုပ်သွားမည်

Posted by drmyochit Friday, August 03, 2012, under | No comments

Fromပြည်မြန်မာ

ရခိုင်အရေးအခင်း ဖြစ်ပွားပြီး မကြာမီမှာပြုလုပ်ခဲ့သည့် လုံ/ကာ အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ပြီးသည့်နောက်
သမ္မတ၏ အမိန့် ဖြင့် မိုင်းပေါင်း ( ၁၅၂ ) မိုင် အကွာအဝေးရှည်လျှားသော နယ်စပ်မျဉ်းတလျှောက် လုံခြုံစိတ်ချရသော ခြံစည်းရိုး ကာရံခြင်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။အဆိုပါသတင်းနှင့်ပတ်သတ်၍ နယ်စပ်ရေးရာနှင့် မြန်မာစက်မှု့ လက်မှု့  ဖွံဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် လူဝင်မှု့ ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီတို့ မှ ( ၃၀-၇-၂၀၁၂ ) ရက်နေ့ တွင် အတည်ပြုပြော ကြားခဲ့သည်။

" တိုင်းပြည်လုံခြုံရေးအတွက်ပါ... အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ခြံစည်းရိုးလိုပါဘဲ... လုံခြုံအောင်ဆောင်ရွက် သွားမှာပါ... " ဟု ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ မှ ပြောကြားသည်။

ခြံစည်းရိုးမှာ သုံးထပ်ပါဝင်ပြီး ခြံစည်းရိုးတလျှောက် နယ်စပ် လုံခြုံရေးကို တင်းကျပ်စွာ ကိုင်တွယ်မှု့ များဆောင်ရွက်နေပြီ ဖြစ် ကြောင်နှင့် ခြံစည်းရိုးကျော်ဝင်လာသူများကို ပြင်းထန်သော အရေးယူမှု့ များ၊ ပစ်ခတ်မှု့ များပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိ ရသည်။

သမ္မတ ဦးသိန်းစိန် မနက်ဖြန် စစ်တွေလာမည်

Posted by drmyochit Friday, August 03, 2012, under | No comments


From : narinjara
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စစ်တွေကို မနက်ဖြန် လာရောက်မည် ဖြစ်ကြောင်း သိရသည်။
“ ဟုတ်တယ်။ ကျွန်တော်တို့ တစ်မြို့လုံး လေဆိပ်ကို မနက်ဖြန် သမ္မတကြီးကို သွားကြိုဖို့ စီစဉ်နေပါတယ်” ဟု အမည် မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။
သမ္မတကြီးသည် သြဂတ်စ်လ ၃ ရက်နေ့ နံနက်တွင် စစ်တွေမြို့သို့ အထူး လေယာဉ်ဖြင့် ရောက်ရှိမည်ဟု သိရသည်။
သမ္မတ ဦးသိန်းစိန်အား စစ်တွေတစ်မြို့လုံး နိုင်ငံတော် အလံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြိုဆိုဖွယ်ရှိသည်ဟု စစ်တွေ အမတ် ဦးအောင်မြကျော်ကလည်း ပြောသည်။
ယခုအခါ စစ်တွေ လေဆိပ် အပါအ၀င် အရေးကြီးသော နေရာများကို လုံခြုံရေး တင်းကျပ်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ယခု ခရီးစဉ်သည် သမ္မတ ဦးသိန်းစိန်သည် ရခိုင်ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံး အကြိမ် စစ်တွေသို့ လာရောက် လည်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။


ဝါဆိုလပြည့် တရားဟောနေစဉ် သဲချောင်းကို ၀ိုင်းဝန်းတိုက်ခိုက်ရန် ဆူပူလိုသူများ ကြိုးပမ်း

Posted by drmyochit Friday, August 03, 2012, under | No comments


 From : narinjara

မကနေ့ ၀ါဆိုလပြည့်နေ့ ညနေဘက် စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှာ ဆရာတော် တရားဟောနေစဉ် အနီးအနားက ဆူပူ လိုသူ မွတ်ဆလင် ၂၀၀ ကျော်ခန့်ဟာ တုတ်ဓါးတွေနဲ့ တိုက်ခိုက်ရန် ၀ိုင်းဝန်းလာခဲ့တယ်လို့ သိရပါတယ်။
အခုလို ၀ိုင်းဝန်းလာတဲ့ အတွက် အနီးအနားက စစ်တပ်ကို ဖုံးနဲ့ အကြောင်းကြားလိုက်တဲ့ အတွက် တပ်ရင်းမှူးကိုယ်တိုင် ကားတွေ နဲ့ လာပြီး တားဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
“ ညနေ ၅ နာရီကျော် ဆရာတော် တရားဟောလို့ မပီးတပီးမှာ ဖြစ်တာပါ။ စစ်တပ်က ရောက်လာတဲ့ အတွက် လူစုကွဲပြီး ဘင်္ဂ လီတွေ ၀င်ပြေးသွားကြပါတယ်။ အခု စစ်တပ်နဲ့ လုံထိန်းတွေ ရွာထဲကို လိုက်သွားပါတယ်” ဟု သဲချောင်း ကျေးရွာ အုပ်ချုပ် ရေးမှူးက ပြောသည်။

မီးသတ်ယာဉ်အစီး ၁၀၀ တင်သွင်းမည်

Posted by drmyochit Friday, August 03, 2012, under | No comments


From : .The Voice

မြန်မာနိုင်ငံတစ်ဝန်းရှိ မီးသတ် စခန်းများ၌ လိုအပ်ချက်ရှိနေသော မီးသတ်ယာဉ်အသစ်အစီး ၁၀၀ကို မီးသတ်ဦးစီးဌာနက တင်သွင်းမည် ဖြစ်ရာ ပထမအသုတ်အနေဖြင့် အစီး ၂၀ ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား တင်ဒါတင် သွင်းရမည်ဖြစ် ကြောင်း မီးသတ်ဦးစီးဌာနရုံးချုပ်မှ ထုတ်ပြန်ကြေညာချက်များအရ သိရှိရသည်။

မီးသတ်ဦးစီးဌာနတွင် ဇူလိုင်လ ၁၆ ရက်နေ့တွင်ပြုလုပ်သော အိတ်ဖွင့် တင်ဒါအရ ရေဂါလန် ၈၀၀ မှ ၁၂၀၀ ဆံ့ မီးသတ်ယာဉ် အသစ် ၁၀၀ စီးကို ပစ္စည်း ၀ယ်ယူမှု စိစစ်ရေးကော်မတီက ရွေးချယ်ခွင့်ပြုခဲ့သည့် ကုမ္ပဏီအနေဖြင့် ယင်းမီးသတ်ယာဉ်များကို ငါးကြိမ် ထက် မများသော အသုတ်အလိုက်ဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ အပြီးပေးသွင်းရမည်ဖြစ် ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။


မီးသတ်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်၍ နိုင်ငံတော်က ခွင့်ပြုသတ် မှတ်ပေးသော တစ်စီးလျှင် ကျပ်သိန်း ၂၂၀ နှုန်းထက်နည်းသော ကျပ် ၁၉၆ သိန်းဖြင့် တင်သွင်းရန်ရှိကြောင်း၊ ယင်းတင်သွင်း လာခြင်းအပေါ် အခွန်ကင်းလွတ်ခွင့် ပြုသော်လည်း ပင်ရင်းမှ ဖြတ်တောက် ပေးသွင်းရမည့်အခွန် ၂ ရာခိုင်နှုန်း ဖြတ်တောက်ခြင်းကို ကုမ္ပဏီမှ သဘောတူရမည်ဖြစ်ကြောင်း ယင်းတင်ဒါ စည်းကမ်း ချက်အရ သိရှိရ သည်။

တင်သွင်းလာမည့် မီးသတ်ယာဉ် များမှာ ပြည်တွင်းစက်မှုဇုန်ထုတ် မီးသတ်ယာဉ်များ လုံးဝမဟုတ်ကြောင်း နှင့် အရည်အ သွေးမြှင့်ထုတ်လုပ်ထား သော ခေတ်မီမီးသတ်ယာဉ်များဖြစ် ကြောင်း၊ တင်သွင်းခွင့်ရရှိသော ကုမ္ပဏီ မှ တာဝန်ယူရမည်ဖြစ်ပြီး ယခုတင်သွင်း လာမည့် မီးသတ်ယာဉ်အစီး ၁၀၀ ကို မြန်မာတစ်နိုင်ငံလုံးသို့ နိုင်ငံတော်က ချမှတ်ထားသော ငါးနှစ်စီမံကိန်းအရ ပထမနှစ်အတွင်း ခွဲတမ်းချပေးပို့သွားရန် ရှိကြောင်း မီးသတ်ဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ မီးသတ်ယာဉ်များကို မီး သတ်ယာဉ်နှစ်စီးဆံ့ (နှစ်ယူနစ်) စခန်း ၁၀၃ ခုတွင် ဖြည့်ဆည်းသွားမည်ဖြစ် ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မီးသတ်စခန်းပေါင်း ၃၅၇ ခု၊ မီးသတ် ယာဉ်ပေါင်း ၁၂၀၀ ခန့်၊ အုပ်ချုပ် မှုနှင့် အထောက်အကူပြုယာဉ် ၆၀၀ နီးပါးရှိ ကြောင်း မီးသတ်ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်တွေမြို့ နေရာ (၂) ခုတွင် ပြဿနာ ဖြစ်ပွား

Posted by drmyochit Friday, August 03, 2012, under | No comments

From : narinjara

စစ်တွေမြို့တွင် ယမန်နေ့က လက်နက်ကိုင် တင်ဖွဲ့ဝင်များနှင့် မွတ်ဆလင်များ အကြားတွင် နေရာ (၂) ခု၌ ပြဿနာ ဖြစ်ပွားခဲ့ သည်ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။
ပထမ တစ်ခုမှာ စစ်တွေမြို့ သဲချောင်းတွင် ယမန်နေ့ နေ့လည် ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦး အောင်မြ ကျော်က ယခုလို ပြောသည်။




တရုတ်နိုင်ငံသည် လက်နက်ပြိုင်ဆိုင်မှုတွင်ပါဝင်မည်မဟုတ်ဟုဆို

Posted by drmyochit Friday, August 03, 2012, under | No comments


  
            တရုတ် နိုင်ငံ အနေဖြင့် နိုင်ငံ၏ လုံခြုံ ရေးလို အပ်ချက် များနှင့် အမျိုး သားရေး အင်အား တောင့်တင်း မှုအပေါ် အခြေ ခံ၍ လက်နက် များကို တပ်ဆင် ရန်ကြိုး ပမ်းနေ သော်လည်း ထိုကဲ့သို့ စစ်ဘက် ဖွံ့ဖြိုး တိုးတက် မှုများသည် မည်သည့် နိုင်ငံ ကိုမျှ ခြိမ်းခြောက် မှုမ ဖြစ်စေ ကြောင်းနှင့် လက်နက် ပြိုင်ဆိုင် မှုတွင် ပါဝင် သွားမည် မဟုတ် ကြောင်း တရုတ် ပြည်သူ့ လွတ် မြောက်ရေး တပ်မတော် စစ်ဦးစီး ဌာန၏ အရေးပေါ် တုံ့ပြန် ရေးရုံး ဒုတိယ ညွှန်ကြား ရေးမှူး ဗိုလ် မှူးကြီး Wu Xihua က ဇူလိုင်လ ၃၁ ရက် နေ့တွင် ပြောကြား ခဲ့သည်ဟု Xinhua သတင်း တစ်ရပ် အရ သိရှိ ရပါသည်။ တရုတ် တပ်မ တော်၏ ဖွံ့ဖြိုး တိုးတက် လာနေ မှုသည် မည်သည့် နိုင်ငံ ကိုမျှ ခြိမ်းခြောက် မှုမ ဖြစ်စေကြောင်း၊ ထိုကဲ့ သို့ဖွံ့ ဖြိုးတိုး တက်အောင် လုပ်ဆောင် ခြင်းသည် နိုင်ငံ၏ အချုပ် အခြာ အာဏာ ပိုင်ဆိုင်မှု၊ လုံခြုံ ရေးနှင့် ဖွံ့ဖြိုး တိုးတက် မှုအ ကျိုးစီး ပွားများအား ကာကွယ် ရန်အ တွက်ရည် ရွယ်ခြင်း ဖြစ်ကြောင်း ဗိုလ် မှူးကြီး Wu က (၈၅) နှစ် မြောက် တရုတ် ပြည်သူ့ လွတ်မြောက ရေးတပ် မတော် တည်ထောင် ခြင်းအ ခမ်းအ နားမ တိုင်မီ သတင်း စာရှင်း လင်းပွဲ၌ ထိုကဲ့သို့ မှတ်ချက် ပြုပြော ကြားခဲ့ ခြင်းဖြစ် ပါသည်။ သို့ရာတွင် တရုတ် စစ်ဘက် ခေတ်မီ စေရေး လုပ်ဆောင် ရာတွင် တိုးတက် မှုရှိ နေသော် လည်း တရုတ် စစ်အင် အားနှင့် ကမ္ဘာ့ ခေတ်မီ တပ်မ တော်များ အကြား ကွာဟ ချက်ကြီး မားနေ ဆဲဖြစ် ကြောင်း ဗိုလ် မှူးကြီး Wu က ပြောကြား ခဲ့ပါသည်။ တရုတ် နိုင်ငံသည် အိမ်နီး ချင်း နိုင်ငံ များနှင့် ချစ်ကြည် ရင်းနှီး စွာဆက် ဆံရေး နိုင်ငံ ခြားရေး မူဝါ ဒတစ် ရပ်ကို အမြဲ တမ်းချ မှတ်လုပ် ဆောင်လျက် ရှိကြောင်း ၄င်း ကပြော ကြားခဲ့ ပါသည်။ တရုတ် နိုင်ငံ သည် နိုင်ငံ၏ အချုပ် အခြာ အာဏာ ပိုင်ဆိုင် မှုအား ကာကွယ် စောင့်ရှောက် ရေးနှင့် ပိုင်နက် နယ်မြေ တည်တံ့ ခိုင်မြဲ ရေးတို့ အတွက် လိုအပ် ချက် များနှင့် အညီ သင့်လျော် သလို စစ်လက် နက်ပစ္စည်း တပ်ဆင် မှုများ ပြုလုပ် သွားမည် ဖြစ်သည့် အပြင် ငြိမ်း ချမ်းစွာ ဖွံ့ဖြိုး တိုးတက် ရေးလမ်း ကြောင်း ကိုလည်း ဆက်လက် ချမှတ် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း တရုတ် ပြည်သူ့ လွတ် မြောက်ရေး တပ်မ တော်၏ လက်နက် ထုတ်လုပ် တပ်ဆင် ရေး ဌာနမှ ဗိုလ် မှူးကြီး Lin Bai  ကပြော ကြားခဲ့ သည်ဟု သိရှိ ရပါသည်။ 

အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးအား ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ခန့်အပ်နိုင်ဖွယ် ရှိသည်ဟုဆို

Posted by drmyochit Friday, August 03, 2012, under | No comments



            အိန္ဒိယ နိုင်ငံတွင် ယခု ရက် သတ္တ ပတ် နှောင်း ပိုင်း၌် ပြုလုပ် မည့် အစိုးရ အဖွဲ့ အပြောင်း အလဲနှင့် ပတ်သက်၍ ထင်ကြေး ပေးမှုများ ထွက်ပေါ် နေစဉ် အိန္ဒိယ ဝန်ကြီး ချုပ် မန်မို ဟန်ဆင်း သည် ပြည်ထဲ ရေး ဝန်ကြီး ပီချီ ဒန်ဘာ ရန်အား ဘဏ္ဍာ ရေးဝန် ကြီးအ ဖြစ်ခန့် အပ်နိုင် ဖွယ် ရှိကြောင်း  Xinhua  သတင်း တစ်ရပ် အရ သိရှိရ ပါသည်။ စွမ်းအင် ဝန်ကြီး ဆူရှီလ် ကူမာ ရှင်ဒီအား  ပြည်ထဲ ရေး ဝန်ကြီး အဖြစ် ပီချီ ဒန်ဘာ ရန်၏ နေရာတွင် အစား ထိုးခန့် အပ်နိုင် ဖွယ်ရှိ ကြောင်းနှင့် ရှင်ဒီ သည် အာဏာ ရကွန် ဂရက် ပါတီ၏ အောက် လွှတ် တော် ဥက္ကဋ္ဌ ဖြစ်လာ နိုင်ဖွယ် ရှိကြောင်း လည်း သိရှိရ ပါသည်။ လက်ရှိ သမ္မတ ပရာ နက်မူ ခါဂျီး သည် အစော ပိုင်းက ဘဏ္ဍာ ရေးဝန် ကြီးနှင့် ကွန်ဂ ရက်ပါ တီ၏ အောက် လွှတ်တော် ဥက္ကဋ္ဌ ရာထူး ကိုရ ယူထား ခဲ့ပြီး လက်ရှိ အချိန်တွင် မန်မို ဟန်ဆင်း သည် ဘဏ္ဍာ ရေးဝန် ကြီးရာ ထူးနေရာ ကိုပူး တွဲတာ ဝန်ထမ်း ဆောင်လျက် ရှိပါသည်။ ပြည်ထဲ ရေးဝန်ကြီး ပီချီ ဒန်ဘာ ရန်သည် ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၈ ခုနှစ် နိုဝင် ဘာလ အထိ အိန္ဒိယ နိုင်ငံ၏ ဘဏ္ဍာ ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့ကြောင်း သိရှိ ရပါသည်။

မြောက် ကိုရီးယား နိုင်ငံသည် အမေ ရိကန် နိုင်ငံအား ရင်ဆိုင် နိုင်ရေး အတွက် နျူက လီးယား လက်နက် တိုက်များ တည်ဆောက် သွားမည်ဟု ပြောကြား လိုက်ခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments


Yonhapnews.com;July-31(Tue)
မြောက် ကိုရီးယား နိုင်ငံသည် ၄င်း၏ ကွန် မြူနစ် အစိုး ရအား ဖြုတ် ချရန် ကြိုးစား နေသည့် အမေ ရိကန် နိုင်ငံ အပေါ် ၄င်း တို့၏ နျူ ကလီး ယား စွမ်းရည် များကို ပိုမို တိုးမြှင့် လုပ်ဆောင် မှုများဖြင့် တုံ့ပြန် သွားမည် ဟု ဇူလိုင် လ ၃၁ ရက် နေ့တွင် ပြောကြား ခဲ့ပါသည်။  မြောက် ကိုရီးယား နိုင်ငံ ခြားရေး ဝန်ကြီး ဌာန ပြောရေး ဆိုခွင့် ရှိသူက ပြောကြား ရာတွင် အမေ ရိကန် နိုင်ငံ၏ ရန်လို သည့် အပြုအမူ များအ ပေါ် တုံ့ပြန် သည့်အ နေဖြင့် အထက်ပါ ဆုံးဖြတ် ချက်အား  ခိုင်ခိုင် မာမာ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း မြောက် ကိုရီးယား ဗဟို သတင်း ဌာန အေဂျင် စီ၌ ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ မြောက် ကိုရီးယား နိုင်ငံ သည် အခြား နိုင်ငံ များနှင့် အသက် မွေးဝမ်း ကျောင်း အလုပ် အကိုင် အခွင့် အလမ်း ဆိုင်ရာများ ဆွေးနွေး နေစဉ် အမေ ရိကန် နိုင်ငံမှ ၄င်းတို့၏ စီးပွား ရေးဖွံ့ ဖြိုးမှုနှင့် အသက် မွေးဝမ်း ကျောင်းမြှင့် တင်ရေး ကိစ္စရပ် များနှင့် ပတ်သက်၍ ပြင်းပြင်း ထန်ထန် ပိတ်ဆို့ ဆောင်ရွက် မှုများ ပြုလုပ် ခဲ့ကြောင်း ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

မြောက် ကိုရီးယား အနေဖြင့် ၄င်း တို့၏ စီးပွား ရေးဖွံ့ ဖြိုးရေး အတွက် အမေ ရိကန်၏ အကူ အညီ မလို ကြောင်းနှင့် ၄င်း တို့၏ နျူ ကလီးယား စွမ်းရည် များနှင့် နည်းလမ်း များကို တိုးမြှင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အဆိုပါ ပြောဆို ခွင့်ရှိ သူက ပြောကြား ခဲ့ပါသည်။ မြောက် ကိုရီးယား နိုင်ငံ သည် အမေ ရိကန် နိုင်ငံ၏ အရေးယူ ပိတ်ဆို့ မှုများ ရင်ဆိုင် နေရ သော်လည်း စွမ်းရည် ပြည့်ဝသော ဆိုရှယ် လစ်နိုင်ငံ အဖြစ် ဧကန် မုချ တည်ဆောက် သွားမည် ဖြစ်ကြောင်း မြောက် ကိုရီးယား အရာရှိ တစ်ဦးက ဆက်လက် ပြောကြား ခဲ့ပါသည်။

အမေ ရိကန် သမ္မတ ဘားရက် အိုဘား မားက မြောက် ကိုရီး ယားနှင့် အတူ အီရန် နိုင်ငံ တို့၏ နျူ ကလီးယား လက်နက် များဖြင့် ကမ္ဘာအား ခြောက်လှန့် ရန်ကြိုး ပမ်းနေ မှုအား ခွင့်ပြု မည်မ ဟုတ်ကြောင်း ယခင် အပတ်က ပြောကြား ခဲ့ပါသည်။ အမေ ရိကန်၏ ရန်လို မှုများအား တုံ့ပြန် သည့်အ နေဖြင့် မြောက် ကိုရီးယား မှ အထက်ပါ နျူ ကလီးယား ရည်မှန်း ချက်ဆိုင် ရာဆုံး ဖြတ်ချက်အား ခိုင်ခိုင် မာမာ ချထား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ ပါသည်။

တာဂျစ် ကစ္စ တန်နှင့် ဥဇဘက် ကစ္စတန် နိုင်ငံ တို့၏ CSTO အဖွဲ့မှ နုတ်ထွက် မည့်ဆုံး ဖြတ်ချက် အား တုံ့ပြန် ဆောင်ရွက်ရန် CSTO အဖွဲ့ အားဘီ လာရုဇ် သမ္မတ Alexander Lukashenko က တိုက်တွန်း ပြောကြား လိုက်ခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments


Xinhuanet.com;July-31(Tue)
စုပေါင်း လုံခြုံရေး သဘောတူ စာချုပ် အဖွဲ့မှ နုတ်ထွက် မည်ဆိုသည့် တာဂျစ် ကစ္စ တန်နှင့် ဥဇဘက် ကစ္စ တန် နိုင်ငံ တို့၏ ဆုံးဖြတ် ချက်အား တုံ့ပြန် ဆောင်ရွက် ရန်ဘီလာ ရုဇ်သမ္မတ Alexander Lukashenko က စုပေါင်း လုံခြုံရေး သဘောတူ စာချုပ် အဖွဲ့ (Collective Security Treaty Organization-CSTO) အဖွဲ့သို့ ဇူလိုင်လ ၃၁ ရက်နေ့ တွင် တိုက်တွန်း ပြောကြား ခဲ့ပါသည်။ တာဂျစ် ကစ္စတန် နိုင်ငံ၏ ပြောဆို ချက်နှင့် ပတ်သက်၍ စိတ်မ သက်မသာ ဖြစ်ရကြောင်း၊ တာဂျစ် ကစ္စတန် သမ္မတ၏ မိန့်ခွန်းအား မိမိတို့ အနေဖြင့် လျစ်လျူ မရှုထား သင့်ကြောင်း စုပေါင်း လုံခြုံရေး သဘောတူ စာချုပ် အဖွဲ့ (CSTO) အထွေထွေ အတွင်း ရေးမှူးချုပ် Nikolai Bordyuzha နှင့် ဇူလိုင်လ ၃၁ ရက်နေ့ တွင်ပြု လုပ်သော ဆွေးနွေး ပွဲ၌ Lukashenko  က ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။ အလား တူအဖွဲ့မှ နုတ်ထွက်မည် ဆိုသည့် ဥဇဘက် ကစ္စတန် နိုင်ငံ၏ ဆုံးဖြတ် ချက် ကိုလည်း အခြား CSTO အဖွဲ့ဝင် နိုင်ငံ များသို့ အကြောင်း ကြားရမည် ဖြစ်ကြောင်း Bordyuzha အား Lukashenko က ပြောကြား ခဲ့ပါသည်။

လက်ရှိ အချိန်သည် စိတ်အ နှောင့် အယှက် ဖြစ်စရာ အချိန် ဖြစ်ကြောင်း၊ တုံ့ပြန် မှုတစ်စုံ တစ်ရာ ပြုလုပ် ရမည် ဖြစ်ကြောင်း၊ မိမိ တို့၏ စည်းလုံး ညီညွတ် မှုအား ကြိုးပမ်း ထိန်းသိမ်း ရမည် ဖြစ်ကြောင်း Lukashenko  က ထပ်လောင်း ပြောကြား ခဲ့ပါသည်။ ဥဇဘတ် ကစ္စတန် နိုင်ငံ အနေဖြင့် CSTO အဖွဲ့မှ နုတ်ထွက် မည်ဆို သည့် အကြောင်း ကြားစာအား ရုရှား နိုင်ငံ မော်စကို မြို့ရှိ CSTO အဖွဲ့ ဌာန ချုပ်သို့ အစော ပိုင်းက ပြောကြား ခဲ့ပါ သည်။ ဥဇဘက် ကစ္စတန် နိုင်ငံ အနေဖြင့် CSTO အဖွဲ့ ပြိုကွဲ ရေးအား ခြိမ်းခြောက် လျက်ရှိ ကြောင်း ကျွမ်းကျင် သူများက သုံးသပ် ပြောကြား ခဲ့ပါသည်။ CSTO အဖွဲ့သည် အဖွဲ့ဝင် နိုင်ငံများ အကြား စစ်ရေး ဆိုင်ရာ မဟာ မိတ်အဖွဲ့ အစည်း ဖြစ်ပြီး ၁၉၉၂ ခုနှစ် မေလ ၁၅ ရက် နေ့တွင် စတင် လက်မှတ် ရေးထိုး ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ပါသည်။ CSTO အဖွဲ့ ဖွဲ့စည်း ခြင်းအား ဂုဏ်ပြု သည့်အ နေဖြင့် ၂ဝဝ၂ ခုနှစ် အောက်တို ဘာလ ၇ ရက်နေ့တွင် အာမေး နီးယား သမ္မတ၊ ဘီလာ ရုဇ် သမ္မတ၊ ကာဇက် စတန် သမ္မတ၊ ကာဂျစ် စတန် သမ္မတ၊ ရုရှား သမ္မ တနှင့် တာဂျစ် ကစ္စတန် သမ္မတ တို့က ပဋိ ညာဉ် တစ်ခုအား Tashkent ၌ လက်မှတ် ရေးထိုး ခဲ့ကြ ပါသည်။ ဥဇဘက် ကစ္စတန် နိုင်ငံသည် ၂ဝဝ၆ ခုနှစ် ဇွန်လ ၂၃ ရက် နေ့တွင် CSTO  အဖွဲ့သို့ ဝင်ရောက် ခဲ့ပြီး ၄င်း၏ CSTO အဖွဲ့သို့ ဝင်ရောက် ခြင်းအား ဥဇဘက် ကစ္စတန် ပါလီ မန်မှ ၂ဝဝ၈ ခုနှစ် မတ်လ ၂၈ ရက် နေ့တွင် အတည် ပြုပေး ခဲ့ကြောင်း သိရှိ ရပါသည်။ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်