Monday, July 30, 2012
အမေရိကန်ရေတပ် ဆေးရုံသင်္ဘောသည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအတွက် ကမ္ဘောဒီးယားနိုင်ငံဆိပ်ကမ်းသို့ ရောက်ရှိမည်ဆိုခြင်း
Posted by drmyochit Monday, July 30, 2012, under | No comments
Xinhuanet.com;July-26(Thu)
          အမေရိကန် ရေတပ်မှ ဆေးရုံသင်္ဘော USNS Mercy (T-AH19) သည် ကမ္ဘောဒီးယား နိုင်ငံတစ်ဝန်းလုံး ရှိအဖွဲ့အစည်း များအား ဆေးဘက် ဆိုင်ရာကုသမှု၊ သွားဘက် ဆိုင်ရာကုသမှု၊ တိရစ္ဆာန် ဆေးကုသမှု နှင့် အင်ဂျင်နီယာ ဆိုင်ရာ အကူအညီများ အခမဲ့ ထောက်ပံ့ ကူညီရန် အတွက် ယခု သီတင်းပတ် အကုန် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကမ္ဘောဒီးယား နိုင်ငံ Sihanoukville Autonomous ဆိပ်ကမ်း၌ ကျောက်ချ ရပ်နားရန် စီစဉ်ထားကြောင်း အမေရိကန် သံရုံးမှ ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်သော သတင်းတစ်ရပ် အရ သိရှိရ ပါသည်။ အဆိုပါ သင်္ဘောခရီး စဉ်သည် ပစိဖိတ် မိတ်ဖက် အစီအစဉ် -၂ဝ၁၂ (Pacific Partnership Program-2012) အောက်ရှိ အစီအစဉ် တစ်ရပ်ဖြစ်လာ မည်ဖြစ်ပါသည်။ သင်္ဘောပေါ်တွင် နိုင်ငံပေါင်းစုံမှ စစ်ဘက် အမှုထမ်းများနှင့် အရပ်သား ၁,၂ဝဝ ကျော်ပါဝင်ကြောင်း အမေရိကန် သံရုံးမှ ထုတ်ပြန်သော သတင်းတွင် ဖော်ပြထားပါသည်။
          ပစိဖိတ် မိတ်ဖက် အစီအစဉ်သည် အာရှ-ပစိဖိတ် ဒေသတွင် အမေရိကန်-ပစိဖိတ် ရေယာဉ်စု၏ နှစ်စဉ် ပြုလုပ်သော အကြီးဆုံး လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေး မစ်ရှင် ဖြစ်ပါသည်။ ၄င်းအစီ အစဉ်တွင် အိမ်ရှင် နိုင်ငံနှင့် မိတ်ဖက် နိုင်ငံများ အကြား ပူးပေါင်း ဆောင်ရွက်မှုများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်း များပါဝင် ကြပါသည်။ အဆိုပါ ဆေးရုံ သင်္ဘောသည် သြဂုတ်လ ၁၁ ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံဆိပ်ကမ်းတွင် ကျောက်ချရပ်နား သွားမည် ဖြစ်ပါသည်။
          ဆေးရုံ သင်္ဘောကျောက်ချ ရပ်နားစဉ် အတွင်း သင်္ဘော ဝန်ထမ်းများသည် ဆေးဘက် ဆိုင်ရာ အခမဲ့ကုသ စောင့်ရှောက် မှုများအပြင် အမေရိကန်-ပစိဖိတ် ရေယာဉ်စု ခေတ်ပေါ် တေးဂီတ အဖွဲ့သည် ၂ ရက်ကြာ ဖျော်ဖြေမှု များပြုလုပ် ပေးသွားမည် ဖြစ်ပါသည်။ ကမ္ဘောဒီးယား နိုင်ငံသည် ၂ဝ၁ဝ ပြည့်နှစ် ပစိဖိတ် မိတ်ဖက် အစီအစဉ်တွင် လူပေါင်း ၁၄,ဝဝဝ ကျော်အား လက်ခံ၍ အခမဲ့ ဆေးကုသမှု များအား အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက် ပေးခဲ့သော ပထမဆုံး နိုင်ငံဖြစ်ပါသည်။
၂ဝ၁၃ ခုနှစ်တွင် ပိုလန်၌ အမေရိကန်တပ်များ စတင်တပ်စွဲထားရန်ရှိခြင်း
Posted by drmyochit Monday, July 30, 2012, under | No comments
Press TV.com;July-26(Thu)
          အမေရိကန် နိုင်ငံသည် ပိုလန်နိုင်ငံအား တိုက်လေယာဉ် နှင့်ပို့ဆောင်ရေး လေယာဉ်များ ထောက်ပံ့ရန် ပထမဆုံး အကြိမ်အဖြစ် အမေရိကန်တပ်ဖွဲ့တစ်ဖွဲ့အား စေလွှတ်ရန် ရှိကြောင်း သိရှိရပါသည်။ ၂ဝ၁ဝ ပြည့်နှစ် တွင်  F-၁၆ နှင့် C-၁၃ဝ လေယာဉ်များအား ၃ လတစ်ကြိမ် အလှည့်ကျ တပ်ဖြန့်ရန် ပိုလန်နိုင်ငံ၏ သဘော တူညီမှုအရ ၂ဝ၁၃ခုနှစ အစောပိုင်းတွင် အမေရိကန် ၏ပထမဆုံး လေတပ်ဆွယ်သည် ပိုလန်မြေပေါ်၌ တပ်စွဲထား ရှိမည်ဖြစ်ကြောင်း ပင်တဂွန်၏ ပြောရေးဆိုခွင့်ရ ဂျော့လစ်တယ်က ပြောကြားခဲ့ပါသည်။
          ပိုလန်သို့ အမေရိကန် လေတပ် တပ်ဆွယ် တစ်ခုရောက်ရှိ ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး၏ ခြေလှမ်း တစ်ခုဖြစ်လာ မည်ဖြစ်ပြီး နှစ်နိုင်ငံစစ်ရေး ဆက်ဆံမှုကို ပိုမိုအားကောင်း စေမည်ဖြစ်ကြောင်း ဂျော့လစ်တယ်က ထပ်လောင်း ပြောကြားခဲ့ပါသည် Fင်္-၁၆ တိုက်လေယာဉ် များအား အီတလီ မှပိုလန်သို့ ရွှေ့ပြောင်းခြင်းဖြင့် အမေရိကန် နှင့်နေတိုး အဖွဲ့၏ အကျိုးစီးပွားအား အကောင်းဆုံး ထိန်းသိမ်း နိုင်မည်ဟု အမေရိကန် စစ်ဘက်က အစောပိုင်းတွင် ပြောကြားခဲ့ပါသည်။ ၂ဝ၁၈ ခုနှစ်တွင် နေတိုး ဒုံးပျံကာကွယ်ရေး စနစ်တစ်ခုအား လက်ခံ ထားရှိရန် ပိုလန်က မျှော်လင့်ထားပါသည်။
ရုရှားသမ္မတနှင့် ဗီယက်နမ်သမ္မတတို့သည် ဆွေးနွေးပွဲများပြုလုပ်သွားမည်ဆိုခြင်း
Posted by drmyochit Monday, July 30, 2012, under | No comments
RIA Novosti.com;July-27(Fri)
          ရုရှား သမ္မတ ဗလာဒီမာပူတင်သည် ဗီယမ်နမ်သမ္မတ Truong Tan Sang နှင့် ဇူလိုင်လ ၂၇ ရက်နေ့တွင် တွေ့ဆုံသွား မည်ဖြစ်ကြောင်း ရုရှား အစိုးရ ထုတ်ပြန်သော ကြေညာချက် တစ်စောင်၌ ဖော်ပြထား ပါသည်။ ရုရှား သမ္မတဗလာ ဒီမာပူတင်နှင့် ရုရှားနိုင်ငံသို့ ဇူလိုင်လ ၂၆ ရက်နေ့တွင် ချစ်ကြည်ရေး ခရီးရောက် ရှိနေသော ဗီယက်နမ်သမ္မတ Truong Tan Sang တို့သည် နိုင်ငံရေး ဆိုင်ရာဆွေးနွေး ပွဲများတိုးမြှင့် လုပ်ဆောင်နိုင်ရေး၊ စီးပွားရေးဆိုင် ရာပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးနှင့် နိုင်ငံတကာ အရေးကိစ္စများ နှင့်ပတ်သက်၍ ဆွေးနွေးသွား မည်ဖြစ်ပါသည်။ ဗီယက်နမ် သမ္မတ Sang သည် ဇူလိုင်လ ၂၆ ရက်နေ့တွင် ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါ သည်။
ရုရှားနှင့် ဗီယက်နမ် နိုင်ငံတို့ အကြား အပြန်အလှန် ကုန်သွယ်မှုသည် ၂ဝ၁၁ ခုနှစ်အတွင်း၌ အမေရိကန် ဒေါ်လာ ၃.ဝ၆ ဘီလီယံရှိ ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် တွင်ရှိခဲ့သည့် ပမာဏထက် ၅၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ဗီယက်နမ် နိုင်ငံ၌ ရုရှားနိုင်ငံ မှရင်းနှီးလုပ်ကိုင် နေသည့် စီမံကိန်း ၇၈ ခုရှိပြီး ၄င်းလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံ မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်ရှိပါသည်။ ရုရှားနိုင်ငံသည် ဗီယက်နမ်နိုင်ငံ ၏ ရင်းနှီး မြှုပ်နှံမှုဖြင့် လုပ်ငန်း ၁၄ ခုအား အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဆိုင်ရာ စက်မှုလုပ်ငန်း များမပါဝင်ဘဲ ရင်းနှီးမြှုပ်နှံ မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၇၈ သန်း ရှိကြောင်း ရုရှားအစိုးရ မှပြောကြား ခဲ့ပါသည်။ ရုရှားနှင့် ဗီယက်နမ် နိုင်ငံတို့သည် ခရီးသွား လာရေး လုပ်ငန်း၌လည်း ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။
“ တာလီဘန်တွေရဲ့ ကြေငြာချက် အပေါ် ဘယ်လိုပြင် ဆင်ကြမလဲ ရွှေမြန်မာ ”
Posted by drmyochit Monday, July 30, 2012, under | No comments
ဒီခေါင်းစဉ်ဟာ Breaking news ဆိုတာထက်ပိုအရေးကြီးဆိုတာ ပထမဆုံးအနေနဲ့ ပြောပါရစေ ။ အခုရေးမယ့်ဆောင်းပါးဟာ တကယ့်ကို အရေးကြီးတဲ့အချက်တွေနဲ့စဉ်းစားစရာတွေ ၊ ပြင်ဆင်စရာတွေ ပါဝင်လာပြီဖြစ်တဲ့အတွက် စာဖတ်သူများရော တာဝန်ရှိသူများရော အစိုးရပိုင်းကပါ ဒီ တာလီဘန်တွေရဲ့ကြေငြာချက်အပေါ် မပေါ့မလျော့ပဲ အများကြီး သတိထား ပြင်ဆင်ထားကြရမယ်ဆိုတာ ပထမဦးဆုံးပြောလိုပါတယ် ။
ဆေးဘက်ဝင် သဘောင်္းရွက်
Posted by drmyochit Monday, July 30, 2012, under | No comments
မျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြ၏။ ယခုအခါ ဖလော်ရီဒါတက္ကသိုလ်မှ သုတေသနပညာရှင် နမ်ဒန်းနှင့် ဂျပန်မှ သူ၏ လုပ်ဖော်ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ်များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘောရွက်ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1type cytokines များ ထုတ်လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြုလာနိုင်တော့မည်ဟု ဆို၏။ ကမ္ဘာ့နေရာ အနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။ ဒေါက်တာနမ်ဒန်းက ယခုသူ၏ သုတေသနမှ ရရှိသော ရလဒ်များသည် သြစတြေးလျနှင့် သူ၏ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိသည့် သတင်းအချက်အလက်များနှင့် ကိုက်ညီမှု ရှိသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါး များစွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုး များစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။ သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာ ထိတွေ့စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။
ပါကစ္စတန်-အမေရိကန် နားလည်မှုစာချွန်လွှာတွင် အာဖဂန်အမျိုးသားတပ်မတော်အတွက်သာ လက်နက်ပစ္စည်းများပေးပို့ရန်ခွင့်ပြုခဲ့ခြင်း
Posted by drmyochit Monday, July 30, 2012, under | No comments
Xinhuanet.com;July-27(Fri)
          နေတိုး ထောက်ပံ့ရေး လမ်းကြောင်း ကိစ္စနှင့်စပ် လျဉ်း၍ ပါကစ္စတန် နှင့်အမေရိကန် နိုင်ငံအကြား ပြုလုပ်ခဲ့သော နားလည်မှု စာချွန်လွှာ အရ ပါကစ္စတန် နိုင်ငံကို ဖြတ်ကျော်၍ စစ်ပစ္စည်းများ သယ်ယူ ပို့ဆောင်ခြင်းကို အာဖဂန် အမျိုးသား တပ်မတော် တစ်ခုတည်း အတွက်သာ သီးသန့်ခွင့် ပြုခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဇူလိုင်လ  ၂၆ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ နားလည်မှု စာချွန်လွှာ မူကြမ်းတွင် အာဖဂန် နစ္စတန်၌ တပ်ဖြန့်ချထားသည့် နေတိုး ဦးဆောင်သော နိုင်ငံတကာ လုံခြုံရေး အထောက်အကူ ပြုတပ်ဖွဲ့ (International Security Assistance Force-ISAF) အတွက် ကုန်ပစ္စည်းများ သယ်ဆောင်မည့် ကုန်တင်ယာဉ် များသည် ကုန်းလမ်းကြောင်း ၂ ခုကို အသုံးပြုမည် ဖြစ်ကြောင်း ဖော်ပြထား ပါသည်။
          ပါကစ္စ တန်အစိုးရ ဝန်ကြီးအဖွဲ့ က၄င်းသဘော တူညီချက်ကို ဇူလိုင်လ ၂၆ ရက်နေ့တွင် အတည် ပြုခဲ့ပြီးနောက် အဆိုပါ နားလည်မှု စာချွန်လွှာကို မကြာမီတွင် လက်မှတ် ရေးထိုးသွား မည်ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြား ရေးဝန်ကြီး ဌာနက ဇူလိုင်လ ၂၆ ရက်နေ့ တွင်ပြောကြား ခဲ့ပါသည်။ နားလည်မှု စာချွန်လွှာ မူကြမ်းတွင် ကုန်တင်ယာဉ်များ အနေဖြင့် ကုန်ပစ္စည်း ရွှေ့ပြောင်းတင်/ချမှုများ ပေးဆောင် ရမည်ဖြစ် သော်လည်း ကုန်သေတ္တာ များအတွက် အခွန်အခ ပေးဆောင်ရမည် မဟုတ်ကြောင်း၊ ကုန်ပစ္စည်းများ လျင်မြန်စွာ လွှဲပြောင်း ပေးပို့ရေး အတွက်လည်း အခွန်အခ များထပ်မံပေး ဆောင်စေမည် မဟုတ်ကြောင်း ဖော်ပြထား ပါသည်။
          တောင်ဘက်လမ်းကြောင်း အနေဖြင့် ကရာချိ ဆိပ်ကမ်းမြို့မှ တစ်ဆင့် ဘလူချီစ တန်ပြည်နယ်ရှိ ချာမန် မြို့ကိုဖြတ်ကာ အာဖဂန် နစ္စတန်သို့ သွားရောက်သည့် လမ်းကြောင်းဖြစ်ပြီး မြောက်ဘက်လမ်းကြောင်း အနေဖြင့် ကရာချိမြို့မှ တစ်ဆင့် ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ တော်ခန်မြို့ ကိုဖြတ်ကာ အာဖဂန် နစ္စတန်သို့ သွားရောက်သည့် လမ်းကြောင်း ဖြစ်ပါသည်။ ပါကစ္စတန် နိုင်ငံအနေဖြင့် ကုန်ပစ္စည်း များလုံခြုံရေး နှင့် လျင်မြန်စွာ လွှဲပြောင်း ပေးပို့ရေး အတွက် အဆောက်အဦများ၊ လိုအပ်သည့် အထောက်အပံ့ များပေးအပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။
ဥရောပသမဂ္ဂသည် ခြိုးခြံချွေတာရေး အစီအစဉ်များအား အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် ဂရိနိုင်ငံအားတိုက်တွန်းပြောကြားခဲ့ခြင်း
Posted by drmyochit Monday, July 30, 2012, under | No comments
NHK.or.jp;July-26(Thu)
          ဥရောပ သမဂ္ဂသည် နှောင့်နှေး ကြန့်ကြာနေသော ခြိုးခြံ ချွေတာရေး အစီအစဉ်အား အမြန်ဆုံး အကောင် အထည်ဖော်ဆောင် ရွက်ရန်အတွက် ဂရိနိုင်ငံ အားတိုက်တွန်း ပြောကြားခဲ့ပြီး ဂရိနိုင်ငံသည် ယူရိုဇုန် အတွင်း၌ ရှိနေသေးကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso သည် ဂရိဝန်ကြီးချုပ် Antonis Samaras နှင့် ပထမဆုံး အကြိမ် ဆွေးနွေးပွဲအား အေသင်မြို့၌ ဇူလိုင်လ ၁၉ ရက်နေ့က ပြုလုပ်ပြီးနောက် ဂရိနိုင်ငံသည် ယူရိုဇုန်တွင် ရှိနေသေးသည့် ပူးတွဲ ကြေညာချက် တစ်စောင်အား ထုတ်ပြန်ခဲ့ပါသည်။ ဥရောပ သမဂ္ဂသည် ဂရိနိုင်ငံ အားအကူအညီ ပေးမှုကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားပါသည်။
          သို့သော် နိုင်ငံပိုင် ကုမ္ပဏီများအား ပုဂ္ဂလိက သို့လွှဲပြောင်းပေး မှုအပါအဝင် နှောင့်နှေး ကြန့်ကြာနေသော ခြိုးခြံ ချွေတာရေး အစီအစဉ်အား အမြန်ဆုံး ဆောင်ရွက်ရန်နှင့် ပြည်သူ့ ဝန်ထမ်း အရေအတွက်အား လျှော့ချရန် Barroso က ဂရိနိုင်ငံအား တောင်းဆိုခဲ့ပါသည်။ အဓိက ဆောင်ရွက်နေသည့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာ မှုအား အဖြေအမြန် ဆုံးရရှိရေး အကောင်အထည် ဖော်ရန် ၄င်းက ပြောကြား ခဲ့ပါသည်။ ဘဏ္ဍာရေး အကူအညီ များပြန်လည် ရရှိစေရေး ဥရောပ သမဂ္ဂမှ အဆိုပြု ထားသော ခြိုးခြံ ချွေတာရေး အစီအစဉ် အတွက် အခြေအနေ လွယ်ကူ ချောမွေ့စေရေး ဂရိအစိုးရမှ ဥရောပ သမဂ္ဂအား တောင်းဆိုထားကြောင်း သိရှိရပါသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ထိပ်တန်းလုံခြုံရေးအကြံပေးအရာရှိ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်း
Posted by drmyochit Monday, July 30, 2012, under | No comments
Xinhuanet.com;July-27(Fri)
          အမေရိ ကန်သမ္မတ ဘားရက်အို ဘားမား၏ ထိပ်တန်း လုံခြုံရေး အကြံပေးအရာရှိ Thomas Donilon သည် ဇူလိုင်လ ၂၆ ရက်နေ့က ဂျပန် ထိပ်တန်း အရာရှိများနှင့် ၄င်း၏ ဆွေးနွေးမှုတွင် အမေရိကန်-ဂျပန်မဟာ မိတ်ပြုခြင်း၏ မဟာဗျူဟာ နှင့်ပတ်သက်သော အရေး ပါမှုများကို အလေးထား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ Donilon သည် ဂျပန် နိုင်ငံသို့ သွားရောက်သည့် ၄င်း၏ တစ်ရက်ကြာ ခရီးစဉ်အတွင်း ကဏ္ဍ အသီးသီးတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက် မှုများအား ဆွေးနွေးရန် ဂျပန် ဝန်ကြီးချုပ် ယူရှီကိုနိုဒါနှင့် အခြားသော ထိပ်တန်း ဂျပန်အရာ ရှိများနှင့် တွေဆုံခဲ့ကြောင်း အိမ်ဖြူတော်မှ ထုတ်ဖော် ပြောကြားခဲ့ပါသည်။
          Mr Donilon သည် ၄င်း၏ ဆွေးနွေး မှုအတွင်း နှစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေး ဆိုင်ရာကိစ္စ ရပ်များနှင့် ပတ်သက်သော ညှိနှိုင်း တိုင်ပင်မှုများ၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင် နေခြင်း၏ အကျိုး ကျေးဇူးများနှင့် အမေရိကန်-ဂျပန်မဟာ မိတ်ပြုခြင်း၏ မဟာဗျူဟာ မြောက်အရေး ပါမှုများကို အလေးထား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ၄င်းအပြင် Donilon  သည် ကိုရီးယား ကျွန်းဆွယ်၊ အီရန်နှင့် အာရှရှိ ဒေသတွင်း လုံခြုံရေး နှင့် ပတ်သက်သော နျူကလီးယား မပြန့်ပွားရေး ကိစ္စရပ်များတွင် လုပ်ဆောင် နေဆဲဖြစ်သော ပူးပေါင်း ဆောင်ရွက်မှုများ၏ အကျိုးအမြတ် များကိုလည်း အလေးအနက် ဆွေးနွေးခဲ့ပါသည်။
Donilon သည် အရှေ့ အာရှထိပ်သီး ညီလာခံ ကဲ့သို့သော ဒေသတွင်း အဖွဲ့အစည်းများ ၏ ဖွံ့ဖြိုးတိုးတက် နေမှုများကိုလည်း ဆွေးနွေးခဲ့ပြီး ပစိဖိတ် ဖြတ်ကျော် မိတ်ဖက်အဖွဲ့တွင် ဂျပန်နိုင်ငံ ၏စိတ်ပါ ဝင်စားမှု ကိုလည်း ၄င်းက ကြိုဆို လက်ခံခဲ့ပါသည်။  Donilon သည် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး   Koichiro Gemba နှင့် ပြုလုပ်သော ဆွေးနွေးမှု တွင် အာဖဂန် နစ္စတန် နိုင်ငံအတွက် ဂျပန်နိုင်ငံ၏ အကူအညီ ပေးမှုများ ကိုလည်း အသိအမှတ် ပြုကြောင်း ၄င်းက ထုတ်ဖော် ပြောကြားခဲ့ပါသည်။ Donilon သည် ဂျပန်နိုင်ငံသို့ မသွား ရောက်မီ ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ အထိ တရုတ်နိုင်ငံ သို့လည်း သွားရောက်ခဲ့ကြောင်း သိရှိရ ပါသည်။
မြန်မာပြည် အနောက်မြောက် ဖျား ရိုဟင်ဂျာနိုင်ငံ ထူထောင်ရေးအတွက် အာရပ် ၅ နိုင်ငံတွင် စစ်သင်တန်း တက်နေသည်ဆိုခြင်း
Posted by drmyochit Monday, July 30, 2012, under | No comments
မြန်မာနိုင်ငံ အနောက်မြောက် ဖျားတွင် အီဆလင်မစ်ရီ ပါပလီအော်ရိုဟင်ဂျာနိုင်ငံ  (Islamic Repubilc of Rohingya)ထူထောင်ရေး အတွက် ပါကစ္စတန်နိုင်ငံ၊ အာဖဂန်နီစတန်နိုင်ငံ ၊ပါလက်စတိုင်းနိုင်ငံ ၊ဘင်္ဂလာဒေရှ့် နိုင်ငံ နှင့် ဆောဒီအာရေဗျား  နိုင်ငံများတွင် လွန်ခဲ့သော (၁၉၉၉)ခုနှစ် မှစတင်ကာ စစ်သင်တန်းများ တက်ရောက် လျှက်ရှိနေကြောင်း ဘင်္ဂလားဒေရှ့် အစိုးရမှ ဖမ်းဆီးရမိသော အာမစ်ချားဆိုသူ၏ ထွက်ဆိုချက်များအရ သိရှိကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံထုတ် The Daily Matriteemi သတင်းစာဆောင်းပါးတွင် ဖေါ်ပြထားကြောင်း သိရှိရပါသည်။
နှစ်သီးစား သုံးသီးစား စစ်တပ်အရာရှိများ
Posted by drmyochit Monday, July 30, 2012, under | No comments
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ စစ်တပ်က ရာစုနှစ်ဝက်လောက် အုပ်ချုပ် စိုးမိုးခဲ့တာမို့ ဒီမိုကရေစီခေတ်ကို ပြောင်းနေပါတယ်ဆိုတဲ့ ဒီနေ့ခေတ် ဒီနေ့အချိန်ထိကို စစ်တပ်ကနေ အရပ်ဘက် အုပ်ချုပ်ရေး ဘက်ကို ပြောင်းလဲလာသူတွေ ဆက်လက် ရှိနေသေးသလို တိုးမြှင့်ထားတဲ့ ပင်စင်ခံစားခွင့်တွကေို နှစ်မျိုးနှစ်ထွေ ရယူခံစားနေကြတာဟာ တိုင်းပြည် ဘတ်ဂျက်လိုအပ်မှုကို ပိုပြီး ကြီးမားစေတဲ့အတွက် မလိုအပ်ဘဲ တိုင်းပြည်ဘဏ်ဍာတွေ ဆုံးရှုံးနေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ အခုရက်ပိုင်းမှာ ရှိလာခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ မိတ်တီလာအမတ် ဦးဝင်းထိန်ကတော့ ဒီလို တိုင်းပြည်ဘဏ်ဍာ ဆုံးရှုံးတာအပြင် ထိပ်ပိုင်း လူကြီး တဦးတည်းက ပင်စင် နှစ်မျိုး သုံးမျိုး ခွယူထားပြီး၊ အောက်ပိုင်းက လူတွကျေတော့ ပင်စင်အရ နည်းတာကြောင့် မမျှတမှုတွေ ဖြစ်နေတာတွေ ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။
NLD ပါတီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ပြည်ထောင်စုအဆင့် ဝန်ကြီးတွရေဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ်စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ်စည်းတွကေို လူသိ ရှင်ကြား ထုတ်ဖော် ကြေညာဖို့ အကြောင်း လွှတ်တော်တွင်း ဆွေးနွေးခဲ့ပါသေးတယ်။
ဒီလို ကိစ်စတွဟော လုပ်ထုံး လုပ်နည်း ကိစ်စတွဖြေစ်လို့ လွှတ်တော်တွင်းမှာ အကျအေလည် ဆွေးနွေးကြရဦးမယ်၊ ပင်စင် နှစ်မျိုး နှစ်ထွေ ရယူနေကြတဲ့ ကိစ်စဟာ တခြား ပင်စင် ခံစားသူတွကေို ထိခိုက်မှုတွေ ရှိနိုင်တာက တကြောင်း၊ ဒီထက် အရေးကြီးတဲ့ တခြားကိစ်စတွေ ရှိနေတာက တကြောင်းမို့ ထိပ်တန်း အရေးတကြီး ဆြေးနြေးစရာ ကိစ်စလို့တော့ သူ့အနေနဲ့ မယူဆဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။
စစ်တပ်ကနေ အရပ်ဘက်ကို ပြောင်းတဲ့သူတွဟော မဆလလို့ လူသိများတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက်ကဌ ဦးနေဝင်း လက်ထက် ကထဲက ရှိခဲ့တဲ့ ကိစ်စဖြစ်တယ်၊ အဲဒီခေတ်က စစ်တပ်ကနေ အရပ်ဘက်ပြောင်းရင် အစိုးရ အရာရှိလုပ်သူ လုပ်၊ အဲဒီကတခါ ပါတီဘက်ကူးလိုကူးနဲ့ ပင်စင်တွေ အမျိုးမျိုး ခံစားကြလို့ စစ်တပ်တွင်းမှာဆိုရင် နှစ်သီးစား၊ သုံးသီးစားလို့ ခေါ်တဲ့အထိ ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
အခုခေတ်မှာ ဒီလို နှစ်သီးစား၊ သုံးသီးစားတွဟော ရှိနေသေးတယ်။ စစ်ဘက်ကနေ အရပ်ဘက်ကို ကူးပြောင်းကြတဲ့ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်၊ သံအမတ်ကြီး စသူတွဟော အဲဒီလို နှစ်သီးစား သုံးသီးစားတွေ ဖြစ်ကြတယ်၊ နောက်ပိုင်းနှစ်တွမှောတော့ တဖြည်းဖြည်း လျော့သွားနိုင်တယ်လို့ ဦးဝင်းထိန်က ခန့်မှန်းပါတယ်။
ဦးနေဝင်းခေတ်ကနေ အခုခေတ်အထိ ကျင့်သုံးနေဆဲဖြစ်တဲ့ စာနဲ့ ရေးမထားတဲ့ လုပ်ထုံးလုပ်နည်းလို ဖြစ်နေတာမို့ အခုခေတ်အထိ အစဉ်အလာလို ရှိနေဆဲဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ် တယောက် လစ်လပ်တာနဲ့ စစ်တပ်ကနေ အစားထိုး ဝင်ရောက် နေရယူလိုက်တာ၊ သံအမတ်တယောက် လွတ်သွားတာနဲ့ စစ်တပ်ကနေ နေရာ ဝင်ယူတာတွကေို ဘယ်လောက် လက်ခံတယ် လက်မခံတော့ဘူး ဆိုတာတွကေို ကျယ်ကျယ်ပြန့်ပြန့် ဆြေးနြေးရဦးမယ္လို့ ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။
ဇူလိုင်၂၉ ရက်နေ့ ဗြဟ္မစိုရ်ခြေလှမ်း ဒိုင်ယာရီများ (Kyaw Thu, FFSS) ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
Posted by drmyochit Monday, July 30, 2012, under | No comments
ဇူလိုင် ၃၀၊ ၂၀၁၂
၂၉. ၇. ၂ဝ၁၂ ရက်နေ့ နံနက် ၉းဝဝ နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူမှ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ် ၂၉ ရပ်ကွက် နာရေးကူညီမှုအဖွဲ့ ၆ လပြည့် အထိမ်းအမှတ် ရုံးခန်းသစ် ဖွင့်လှစ်ပွဲသို့ အသင်းသူ/သားများဖြင့် တက်ရောက်ချီးမြှင့် အားပေးစကားပြောကြားခဲ့သည်။
ဥက္ကဋ္ဌဦးကျော်သူမှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် “၆ လသား ရှိပြီဖြစ်သော ၂၉ ရပ်ကွက်၊ မြောက်ဒဂုံ နာရေးကူညီမှုအဖွဲ့သို့ မိမိရောက်ရှိရာ၌ အထူးဝမ်းသာ ကျေနပ်အံ့သြမိကြောင်း၊ ယခင်စတင် ဖွင့်လှစ်ချိန်ကာလများထက် ၂၉ ရပ်ကွက် မြောက်ဒဂုံနာရေးအသင်း၏ ရုပ်ဝတ္ထုအဆောက်အဦများ တိုးတက်မြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ ရုပ်ဝတ္ထု တိုးတက်မြင့်မားလာသလို စိတ်ပိုင်းဆိုင်ရာများလည်း တိုးတက်မြင့်မားမှုရှိရန်လည်း လိုအပ်ကြောင်း၊ ယခုကဲ့သို့ မြန်မာပြည်အရပ်ရပ် မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းတွင် လူမှုရေးအသင်းအဖွဲ့များ များပြားလာသည်မှာ အများပြည်သူလူထုတို့အတွက် များစွာအကျိုးရှိကြောင်း၊ ထိုကဲ့သို့ အသင်းအဖွဲ့များ ပေါ်ပေါက်လာမှုသည် ရည်ရွယ်ချက်၊ ဦးတည်ချက် မပျောက်ရန်လိုအပ်ကြောင်း၊ မိမိနာမည်ကြီးရေး၊ မိမိအသပြာကြေးငွေရရှိရေး၊ အခြားအသင်းအဖွဲ့များအား ဂုဏ်တုဂုဏ်ပြိုင် ယှဉ်ပြိုင်ရေး အစရှိသည့် အတ္တများကို ဖြုတ်ပြီး မိမိကိုယ်မိမိ ကြည်ညိုမှုရှိအောင် သီလလုံခြုံရေး၊ မြတ်စွာဘုရားဟောကြားထားသော ဗြဟ္မစိုရ်တရား လေးပါးအား အမိအရလက်ကိုင်ပြု၍ ကျင့်သုံးနိုင်ရန်နှင့် ယော ဆရာတော်ကြီး ဟောကြားထားသော ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဖြစ်ကြောင်း” စသဖြင့် တိုက်တွန်းနှိုးဆော် အားပေးစကား ပြောကြားခဲ့သည်။
မြန်မာ အားကစားသမား တဝက် အိုလံပစ်က ထွက်ပြီ
Posted by drmyochit Monday, July 30, 2012, under | No comments
မြန်မာ လှလှေော်မယ် ရွှဇေင်လတ်ဟာ ဒုတိယနေ့ ပွဲစဉ်အဖြစ်၊ မီတာ ၂၀၀၀ တဦးချင်း လှလှေော်ပွဲမှာ ဒီကနေ့ ယှဉ်ပြိုင်ရာ၊ လေးယောက်ပြိုင်တဲ့ သူ့အုပ်စုမှာ တတိယ နေရာသာ ရခဲ့တဲ့ အတွက် ကွာတားတက်ဖို့ လက်လျှော့ လိုက်ရပါတယ်။
မရွှဇေင်လတ်ဟာ ပထမနေ့ ပွဲစဉ်မှာ ရှုံးခဲ့တဲ့ အတွက် အကောင်းဆုံး အရှုံးသမား ရှစ်ယောက်ရဲ့ ပြိုင်ပွဲ အဖြစ် ဒီကနေ့ ပြန်ပြီး ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
အိုလံပစ်ပွဲနဲ့ မြန်မာ အားကစားသမားများ
မာရသွန် - နီလာစန်း
မီတာ ၄၀၀ အပြေး - သက်ဇော်ဝင်း
ဂျူဒို - အေးအေးအောင်
သေနတ်ပစ် - မောင်ကြူး
မြားပစ် - နေမျိုးအောင်
လှလှေော် - ရွှဇေင်လတ်
မြန်မာအနေနဲ့ အတော့်ကို ကြိုးစားရဦးမှာ ဖြစ်ကြောင်း ဦးနောတောင်က ပြောပါတယ်
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ
    * အိုလံပစ်ပြိုင်ပွဲဝင် မြန်မာအသင်း
    * အိုလံပစ် ပထမနေ့
    * အိုလံပစ် ပထမဆုံး ရွှတေံဆိပ် တရုတ်ဆွတ်ခူး
ဆက်စပ်အကြောင်းအရာများ
    * အားကစား,
    * အာရှ
မြန်မာ နိုင်ငံ ကို ကိုယ်စားပြု ပြိုင်ပွဲဝင်တဲ့ သေနတ်ပစ် Air Pistol သေနတ်ပစ် ပြိုင်ပွဲ မှာ မောင်ကြူး ယှဉ်ပြိုင်ရာ၊ အမှတ် ၆ဝဝ အနက် ၅၆၅ မှတ်သာ ရတဲ့ အတွက် ရှုံးနိမ့်ခဲ့ပြီး၊ ပြိုင်ပွဲက ထွက်သွားရပြီ ဖြစ်ပါတယ်။
၂၀၀၈ ဘေဂျင်း အိုလံပစ်မှာ ပါဝင် ယှဉ်ပြိုင်ခဲ့ဘူးတဲ့ မြားပစ်ပြိုင်ပွဲက ကိုနေမျိုးအောင်လည်း ပြိုင်ပွဲကနေ ထွက်ခွာသွားရ ပါပြီ။ နေမျိုးအောင်ဟာ မြားပစ်ပွဲမှာ အမှတ် ၇၀၀ အနက် ၆၄၆ မှတ် ရရှိပြီး၊ ဝင်ပြိုင်သူ ၆၄ ဦးမှာ အဆင့် ၅၆ ပဲ ချိတ်ခဲ့တာ ဖြစ်ပါတယ်။
အခု မြန်မာအသင်း ပြိုင်ဖို့ ကျန်ရှိနေသေးတဲ့ ပွဲတွကေတော့ အမျိုးသား မီတာ ၄၀၀ အတွက် ကိုသက်ဇော်ဝင်းနဲ့ မာရသွန် ပြေးပွဲအတွက် မနီလာစန်းတို့ ယှဉ်ပြိုင်ကြမယ့် ပွဲတွပေဲ ဖြစ်ပါတယ်။
ဂျူဒိုမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကျန်နေသေးတဲ့ မအေးအေးအောင်ကတော့ သြဂုတ်လ ၂ ရက်နေ့မှာ ကစားမှာ ဖြစ်ပါတယ်။ ဒီပွဲကို ယှဉ်ပြိုင်ဖို့ကတော့ သိမလွယ်လှဘူးလို့ လန်ဒန်ကို ရောက်နေတဲ့ အားကစား ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနောတောင်က ပြောပါတယ်။
တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့ကတော့ အိုလံပစ်ကို ထိုးဖေါက်နိုင်တဲ့ အဆင့်ကို ရောက်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အနေနဲ့ကတော့ အတော့်ကို ကြိုးစားရဦးမှာ ဖြစ်ကြောင်း သူက ပြောပါတယ်။
လျှပ်တစ်ပြက် ဂျာနယ်ကို အသရေဖျက်မှုနဲ့ စွဲဆိုမှု မြို့နယ်တရားရုံး လက်ခံ
Posted by drmyochit Monday, July 30, 2012, under | No comments
ကသာမြို့ ရွှေမေတ္တာလမ်းရှိ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ လုပ်ငန်းရှင် ဦးမြင့်မောင်က လျှပ်တစ်ပြက် ဂျာနယ်ကို အတွဲ သုံး အမှတ် ၈၄ နဲ့ ၈၈ ပါ ရေးသားချက်များနဲ့ပတ်သက်လို့  အသရေဖျက်မှု နဲ့တရားစွဲဆိုခဲ့ရာမှာ အမှုကို တရားသူကြီးက ပြစ်မှုဆိုင်ရာအမှုကြီး ၄၈၇/၁၂ နဲ့ လက်ခံလိုက်လို့  ဇူလိုင်လ ၃၀ ရက်နေ့ မှာ စတင်ကြားနာမဲ့ အကြောင်း တရားလို ဦးမြင့်မောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ဆွေ ကပြောပြပါတယ်။
RFA
လျှပ်တစ်ပြက် ဂျာနယ်၏ မျက်နှာဖုံး တစိတ်တပိုင်းပုံ ဖြစ်ပါသည်။
"ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ အသရေဖျက်မှုနဲ့ အရေးယူပေးပါရန်ဆိုပြီး ဦးတိုက်လျှောက်လိုက်တာ ဇူလိုင်လ ၁၆ ရက်နေ့က မြို့နယ် တရားသူကြီးက အမှုကို လက်ခံလိုက်ပြီပေါ့နော်။ လက်ခံလိုက်ပြီးတော့ ၃၀ ရက်နေ့မှာ ချိန်းပါတယ်။"
ဒါ့အပြင် လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နဲ့ ဆောင်းပါးရှင် ဟာဂျူလီ (ကသာ) တို့  ကိုလည်း တရားမကြောင်းနဲ့ စွဲဆိုထားတယ်လို့ သိရပါတယ်။
လျှပ်တစ်ပြက် ဂျာနယ် ဥပဒေ အကျိုးဆောင် ဖြစ်သူ ဦးသိန်းသန်းဦးက ဒီအမှုကိစ္စနဲ့ ပတ်သက်လို့   အခုလို အတည်ပြုပြောဆိုပါတယ်
"ဟာဂျူလီ (ကသာ) တယောက်ထဲကို ပြစ်မှုဆိုင်ရာ တရားရုံးမှာ ပုဒ်မ ၅၀၀ နဲ့ စွဲတယ်။ ဦးတိုက်လျှောက်ထားတာပေါ့ဗျာ။ အဲဒါကို လက်ခံလိုက်တယ်။ အဲဒါကို ဟာဂျူလီကတော့ ဖြေရှင်းရတော့မှာပေါ့။ နောက် ကိုမြတ်ခိုင်နဲ့ ဟာဂျူလီ နှစ်ယောက်ပေါင်းပြီးတော့ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ က နစ်နာကြေး ငွေ သိန်း ၅ ထောင် ရလိုမှု ဆိုပြီးတော့ ကသာခရိုင် တရားရုံးမှာ စွဲတာ။ အဲဒါကတော့ တရားမမှုပေါ့ဗျာ။"
နစ်နာကြေးငွေ သိန်းငါးထောင် ရလိုမှုနဲ့ စွဲဆိုတဲ့ တရားမမှုကို သြဂုတ်လ ကိုးရက်နေ့ ကသာခရိုင် တရားရုံးမှာ စတင် စစ်ဆေးမယ်လို့ သိရပါတယ်။
ိုးမခထံ ဧရာဝတီ တိုင်းက ပေးစာများ (ဇူလိုင် ၂၉ ၊ ၂၀၁၂ )
Posted by drmyochit Monday, July 30, 2012, under | No comments
ဧရာဝတိတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြိုနယ်တရားရုံးဍ် ဇူလိုင် ၂၅ ရက်နေ့ ညနေ ၃း၃၀ နာရီ အချိန်က မြိုနယ်တရားသူကြီးက ထောင်ဒဏ် ၉  လ ချမှတ်ခဲ့တယ်။ ချမှတ်ခံရသော ကိုမြအုန်းနှင့်  ဇနီး မကြည်ကြည်မာတို့မှာ မတရား အမှုဆင်ထောင်ချခြင်း ခံရတာ ဖြစ်ပါတယ်။တရားလိုဖြစ်သည့်
ဦးယဉ်ထွန်း (ကျုံပျော်သတင်းတပ်ဖွဲ့ တာဝန်ခံ) မှ ငွေချေးစာချုပ် အလွတ်တခုတွင် ၎င်းတို့အား လိမ်ညာ လက်မှတ်ထိုးခိုင်းထားပြီး ပုဒ်မ ၄၁၇ ဖြင့် ငွေသိန်း ၁၆၀ အတွက် တရားစွဲဆို ခြင်း ဖြစ်ပါတယ်။ အဆိုပါ ချေးငွေကို အတိုး ၅ ကျပ်နှုန်းဖြင့် ငွေတိုးချေးစားခဲ့ရာ အဆိုပါ လင်မယားက ပေးဆပ်ပြီး ဖြစ်တယ်လို့ဆိုပါတယ်။ ထိုသို့ ထောင်ချလိုက်သဖြင့် ထိုမိဘ ၂ပါးက မွေးထားသော မူလတန်းအရွယ် ကလေးသူငယ်လေးမှာ ထောင်ပြင်တွင် ခိုကိုးရာမဲ့ ကျန်ရစ်တယ်လို့ ဆိုပါတယ်။
ဟင်္သာတပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးကြည်စိုးက ၀န်ကြီးဆရာအဖြစ် အာဏာပြ
မျက်မြင်တဦး (ဟင်္သာတ)
နေပြည်တော်အစိုးရနှင့် ကျန်းမာရေးဝန်ကြီး၏ ဆရာတပည့်ဖြစ်သည်ကိုအကြောင်းပြပြီး အာဏာပြခြင်းနှင့် ဈေးသည်များအပေါ်နှိုင်ထက်စီးနှင်းလုပ်ခြင်းကိစ္စ …
ဆရာဝန်ကြီးက ဆေးရုံဝင်းထဲက ငုံးဥရောင်းတဲ့ ကလေးငယ်တွေကို ခေါ်ပြီး ဗန်းတွေ သိမ်း၊ ရဲလက်အပ်မယ်ဟု ခြိမ်းခြောက်တာတွေ လုပ်ပါတယ်။ ကလေးတွေက ဆေးရုံဝင်းထဲမှာ နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေကြတာ ဖြစ်ပါတယ်။ ဆေးရုံပေါ် တက်ရောင်းတာလဲ မဟုတ်ပါဘူး။
ဆေးရုံဝင်းထဲက စားသောက်ဆိုင်တွေ၊ ၀န်ဆောင်မှုဆိုင်တွေကို လစဉ်ကြေး ပျက်ကွက်တာနှင့် ဆိုင်ပိတ်ပစ်တာမျိုးလည်း လုပ်ပါတယ်။ ဆေးရုံအပြင်က ဆိုက်ကားဂိတ်ကို ရှုပ်လို့ ဆိုပြီး စည်ပင်ကို ဖျက်ခိုင်းထားလို့ ဆိုက်ကားသမားတွေ နေစရာ အဆောင်မဲ့၊ နေပူ မိုးရွာထဲမှာ ရပ်နားနေတာပါတယ်။
ဆေးရုံကို Round လှည့်နေစဉ်မှာ အသည်းအသန်လူနာတွေကို ဆေးရုံထဲ အရေးပေါ် ၀င်ခွင့်မရပါ။ Roundပြီးမှ ဆေးရုံ တက်ရပါတယ်။ လူနာတွေနဲ့ လူနာရှင်တွေအတွက် အလွန် စိတ်ပူပင်သောက ဖြစ်စေပါတယ်။
ဝန်ကြီးတွေကို သူပိုင်တယ်၊ တိုင်လို့ လာစစ်တဲ့သူတွေကလည်း သူ့တပည့်တွေချည်းပဲလို့ ပြောပါတယ်။ အာဏာလည်း အလွန်ပြပါတယ်။ ၀န်ထမ်းတွေ ဆေးပင်စင်တင်တဲ့အခါ ထောက်ခံစာ သွားတောင်းရင်လည်း ကင်ဆာဖြစ်နေတာတောင်မှ ကိုယ်တိုင် လာပြီး ပြရမယ်လို့ ဆင့်ခေါ်ပါတယ်။ အခြားဆေးစာတွေထက် သူကိုယ်တိုင် မြင်ရမှ ပေးမယ်လို့ ကပ်သပ်ပြီး ပြောသူ ဖြစ်ပါတယ်။
ရဲဝန်ထမ်းတွေ ဆေးခွင့်တင်ရင်တောင် ဟင်္သာတဆေးရုံမှာ မပြရင် မပေးနိုင်ဘူးဆိုပြီး သူ့ကိုယ်သူ လူမှန်ကြီးလို့ ပြောသော်လည်း မုဒိန်းမှုတခုမှာ တရားခံဖက်က ငွေယူပြီးတော့ မိန်းကလေးအသက်ကို အရွယ်ရောက်သူဖြစ်အောင် ပြောင်းပေးတာတွေ လုပ်ပါတယ်။
ဆေးရုံထဲက စာရိတ်မျှပေး ကျန်းမာရေး ဆေးခန်းတွေက အပြင်ဆေးခန်းတွေထက် ဈေး ၂ ဆ ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးရုံအုပ်ကြီးကို ဆေးဆိုင်က တလကို ငွေ ၁၀ သိန်းကျောင် ပေးဆပ်နေရလို့ ဈေးတင်ထားတာလို့ ပြောပါတယ်။
အထက်လူကြီးမင်းများ စုံစမ်းကြပါရန် တင်ပြပါတယ်။
 အလုပ်မလုပ်သည့် ဟင်္သာတစည်ပင်နှင့် အမှိုက်ပုံကြီးများ
ဆွေးမင်းထက်၊ င်္ဟသာတ၊ ဇူလိုင် ၂၉ ၊ ၂၀၁၂
ဧရာဝတီတိုင်းဒေသကြီး။ဟင်္သာတမြို့  အ.လ.က(၁) အမျိုးသားကျောင်းနှင့် ဟင်္သာတမြို့ ၏ တစ်ခုတည်းရှိသော မြို့ တော်ခန်းမနောက်ဘက်တွင် အမှိုက်ပုံကြီး သုံးပုံကိုဟင်္သာတစည်ပင်သာယာမှ ၀န်ထမ်းများ မျက်ကွယ်ပြုထားသောကြောင့် အလွန်ဆိုးဝါးညစ်ပတ် နံစော်ပြီး ပတ်ဝန်းကျင်ကို ထိခိုက်နေပြီ ဖြစ်ပါသည်။ ကျောင်းသူကျောင်းသားများ၏ ကျန်းမာရေး၊ မြို့အင်္ဂါရပ်နဲ့ မညီညွတ်ခြင်း၊ အများမြင်သောနေရာ VIP သွားသောနေရာများတွင်သာ ရှင်းလင်းပြီး ကျန်အမှိုက်ပုံများကို အပေါ်က သဲတွေအုပ်ပြီး ရှင်းသလိုလုပ်ပါတယ်။
ဒ့ါအပြင် သမိုင်းဝင် ငါးမျက်နှာစေတီတော်မြတ်ကြီး မုဒ်ဦးအ၀င်ပေါက်တွင်အမှိုက်ပုံကြီးများနှင့် ဘုရားဖူးဧည့်သည်များ ၀င်ထွက်သွားရာလမ်းကြောင်းတွင် ဆိုင်များ၏ ထီးများ၊ အမိုး အစွန်းများနဲ့ ပိတ်နေပါတယ်။ လမ်းကြောတွေပိတ်တယ်၊ ကားတွေကြောင့်လို့ ပြောတာ တွေကိုကြည့် လိုက်ရင် ကားတွေကြောင့်မဟုတ်ဘဲ စည်ပင်ရုံးက ဈေးကောက်များ စည်းကမ်းမဲ့ကောက်နေခြင်း၊ လမ်းဘေးဈေးရောင်းချခွင့်ကို ဗရမ်းဗတာ ခွင့်ပြုနေခြင်းတို့ကြောင့် လမ်းတွေ ကျဉ်း၊ ပိတ်၊ ကားတွေ ကြပ်ဖြစ်ကုန်တာ ဖြစ်ပါတယ်။
ဘုရားကြီးရပ်ကွက်ပိုင် စံထွန်းကွမ်းသီးဂိုဒေါင်မှထွက်သော ကွမ်းသီးချွတ်ဆေးရည်များ။ကန့်အရည်များ၊ အနံဆိုးအရည်များ ရပ်ကွက်ထဲဝင်ရောက်လို့
ပတ်ဝန်းကျင်က ထပ်ခါ ထပ်ခါ တိုင်ကြားသော်လည်း ပိုင်ရှင်များ၏ လာဘ်ပေးထားမှုတွေကြောင့် စည်ပင်က ဘာမှ အရေးယူဆောင်ရွက်ခြင်း မပြုပါဘူး။
တိုင်းစည်ပင်ဝန်ကြီးကလည်း ဟင်္သာစည်ပင် အလုပ်မလုပ်တာကို သိသော်လည်း ဘာမှ အရေးမယူပါ။  ဟင်္သာတ စည်ပင်အမှုဆောင်အရာရှိ ဗိုလ်ကြီးခင်မောင်မြင့်က နေပြည်တော် စည်ပင်သာယာမှ ဗိုလ်မှူးကြီးသိန်းညွန့် ၏ သားတပည့်ရင်းဖြစ်နေတာတွေကြောင့်လို့ ပြောပါတယ်။
ရွှေတိဂုံဘုရားရှိ စဥ့်ကူးမင်း ခေါင်းလောင်း ထိုးခွင့် ပိတ်တော့မည်
Posted by drmyochit Monday, July 30, 2012, under | No comments
န်ကုန် (မဇ္ဈိမ)။  ။ ရွှေတိဂုံ စေတီဘုရားရှိ သက်တမ်း ၂၃၄ နှစ် ရှိပြီး ဒုတိယ အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည့် စဥ့်ကူးမင်း ခေါင်းလောင်းအား သြဂုတ်လဆန်းမှ စတင်၍ ဘုရားဖူးများအား ခေါင်းလောင်းထိုးခွင့် ပိတ်တော့မည်
ဖြစ်ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။
ခေါင်းလောင်း၏ အောက်ခြေ အနားသက်တချို့ ပျက်စီးနေပြီး ခေါင်းလောင်း ရေရှည် တည်တံ့စေရန် အတွက် ရည်ရွယ်ကာ ထိုသို့ ခေါင်းလောင်းထိုးခွင့် ပိတ်လိုက်ခြင်းကြောင်း ၎င်းက ရှင်းပြသည်။
“ဘုရားဖူးတွေက ခေါင်းလောင်းတွေပေါ်မှာ ရေးခြစ်ကြတာတွေ ရှိတယ်။ ဒါကြောင့် အဲဒါတွေကို ဆေးပြန်သုတ်
လိုက်ရင် ရပေမယ့် ထိခိုက်ကျိုးပဲ့ ပျက်စီးသွားရင်တော့ နောင်လာ နောက်သားတွေကို ပြသဖို့ ခက်သွားလိမ့်မယ်။
နောင်လာနောက်သားတွေ ကြည့်လို့ရအောင် ထိန်းသိမ်းတဲ့အနေနဲ့ အခုလို စီစဉ်တာ ဖြစ်တယ်” ဟု ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင် က ပြောသည်။
ခေါင်းလောင်းထိုးခွင့် ပိတ်လိုက်သော်လည်း ခေါင်းလောင်းကို သံဇကာဖြင့်သာ ကာထားမည်ဖြစ်၍ ဘုရားဖူးများ ကြည့်ရှုခွင့် ရမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
အလေးချိန်အားဖြင့် ၂၄ တန်ရှိပြီး အမြင့် ၁၂ ပေ၊ မျက်နှဝ အကျယ် ၁၀ ပေ ရှိသည့် အဆိုပါ ခေါင်းလောင်းသည်
ရွှေတိဂုံစေတီ ရာဟုထောင့်တွင် တည်ရှိပြီး စေတီတော်တွင် ထားရှိသည့် ခေါင်းလောင်းများအနက် ဒုတိယ အကြီးဆုံး ခေါင်းလောင်း ဖြစ်သည်။
ရွှေတိဂုံ စေတီတော်တွင် ခေါင်းလောင်း အကြီး/အသေးပေါင်း ၃၅ လုံး ရှိပြီး တနင်္ဂနွေထောင့်ရှိ သက်တမ်း ၁၇၂ နှစ်ရှိ
သော သာယာဝတီမင်း ခေါင်းလောင်းမှာ ကြေးတန်ချိန် ၄၂ တန် ရှိကာ အကြီးဆုံးဖြစ်ပြီး ထိုခေါင်းလောင်းကိုမူ ဆက်လက် ထိုးခွင့်ပြုသွားမည် ဖြစ်သည်။
ဂျာမနီကာကွယ်ရေးဝန်ကြီးသည် အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်းသို့ အလည်အပတ်ခရီး သွားရောက်ခဲ့ခြင်း
Posted by drmyochit Monday, July 30, 2012, under | No comments
Press TV.com;July-27(Fri)
          ဂျာမနီ ကာကွယ်ရေး ဝန်ကြီး Thomas de Maiziere သည် ဂျာမနီ တပ်ဖွဲ့ဝင် ၅,ဝဝဝ နီးပါး တပ်စွဲထား ဆဲဖြစ်သော အာဖဂန် နစ္စတန် နိုင်ငံသို့ ရုတ်တရက် ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့ကြောင်း သိရှိ ရပါသည်။      Thomas de Maiziere သည် ဇူလိုင်လ ၂၅ ရက် နေ့တွင် အာဖဂန် သို့ သွားရောက်ခဲ့ပြီး နေတိုးအဖွဲ့ ၏ တောင်ပိုင်းဒေသ အကြီးအကဲ အမေရိကန် ဗိုလ်ချုပ် James Huggins နှင့် တွေ့ဆုံခဲ့ပါသည်။ အာဖဂန် တောင်ပိုင်းနှင့် အရှေ့ပိုင်း ပြည်နယ်များသည် တာလီဘန် စစ်သွေးကြများ ၏ အမာခံ နယ်မြေများ ဖြစ်ပါသည်။ ဂျာမနီ တပ်ဖွဲ့ဝင် အားလုံးနီးပါး မှာ အာဖဂန် မြောက်ပိုင်းတွင် တပ်ဖြန့်နေရာ ယူထားကြောင်း သိရှိရပါသည်။
          သို့သော်လည်း ဂျာမနီ တပ်ဖွဲ့ဝင် များသည် နိုင်ငံတကာ လုံခြုံရေး အထောက်အကူ ပြုတပ်ဖွဲ့ဝင်များ နှင့် အတူ တာဝန်ထမ်းဆောင် လျက်ရှိပြီး နိုင်ငံတစ်ဝန်း မည်သည့် နေရာတွင် မဆို တပ်ဖြန့်ချ ထားနိုင်ကြောင်း သိရှိ ရပါသည်။ အာဖဂန် နစ္စတန် နိုင်ငံအတွင်း အမေရိကန် ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၃ဝ,ဝဝဝ ခန့် ရှိ နေသော်လည်း အာဖဂန် ပြည်သူများ အနေဖြင့် မိမိကိုယ် မိမိ ယုံကြည်မှု နည်းနေသေးကြောင်း Thomas de Maiziere က ကဘူးလ်မြို့ ၌ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ် ယခုချိန် အထိ အာဖဂန် နစ္စတန်နိုင်ငံ တွင် အမေရိကန် ဦးဆောင်သော တပ်ဖွဲ့ဝင် အနည်းဆုံး ၂၅၈ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ အာဖဂန် နစ္စတန် နိုင်ငံတွင် စစ်ဘက်ဆိုင်ရာ ထိခိုက် ဒဏ်ရာရ မှုများ မြင့်မားလာခြင်း နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံအတွင်း ဆန့်ကျင်မှုများ အရှိန်မြင့် တက်လာခဲ့ ပါသည်။ အခြားသော နေတိုး အဖွဲ့ဝင် နိုင်ငံများ ကလည်း  ထို ရှည်ကြာသော အာဖဂန် စစ်ပွဲအား ဆန့်ကျင် ခဲ့ကြကြောင်း သိရှိရ ပါသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ Navipillay မှ ရခိုင်ဒေသအဓိကရုဏ်းအား ဘက်မလိုက်ဘဲ အမြန်စစ်ဆေးမှုပြုလုပ်သွားရန် တောင်းဆိုခြင်း
Posted by drmyochit Monday, July 30, 2012, under | No comments
Aljazeera.com;July-28(Sat)
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် လူမျိုးစု အဓိကရုဏ်း နှင့် ပတ်သက်၍ ဘက်မလိုက် ဘဲ အမြန်စစ် ဆေးသွားရန် ကုလသ မဂ္ဂလူ့အခွင့် အရေးအဖွဲ့ အကြီးအကဲ Navipillay  က ဇူလိုင်လ ၂၇ ရက်နေ့တွင် တောင်းဆိုခဲ့သည်။ အခင်း ဖြစ်ပွားစဉ် အစပိုင်း၌ မြန်မာ လုံခြုံရေး အဖွဲ့များသည် အများ ပြောပြချက် အရ လူနည်းစု မွတ်စလင် များကို တစ်ဖက်သတ် နှိမ်နင်း ခဲ့သည်ဟု သိရှိကြောင်း pillay က ပြောကြားခဲ့ ပါသည်။
၎င်းပဋိပက္ခ တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များအနေဖြင့် ခွဲခြား ဆက်ဆံခြင်း၊ ဘက်လိုက်ခြင်း များအပြင် လှုံ့ဆော်မှုတွင် ပါဝင် ပတ်သက်ခဲ့ကြောင်း ဘက်မလိုက် သူများ၏ တိုင်ကြားချက် များစွာကို ရရှိခဲ့ကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်ရေး ဆိုင်ရာ မဟာမင်းကြီးမှ ပြောကြားခဲ့ ပါသည်။ ပဋိပက္ခ အစပိုင်းတွင် အာဏာပိုင် များသည် မွတ်စလင်များ၊ အထူးသဖြင့် ရိုဟင်ဂျာ အဖွဲ့အစည်းဝင် များကို ပစ်မှတ်ထား၍ နှိမ်နင်းခဲ့သည် ဟု သတင်းအချက် အလက်များ အရ သိရှိရကြောင်း၊ ၄င်းပဋိပက္ခ သည် မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသတွင် ရခိုင် ဗုဒ္ဓဘာသာ ဝင်များနှင့် ရိုဟင်ဂျာ မွတ်စလင်များ အကြား ဇွန်လ အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တရားဝင် ထုတ်ပြန်ချက်များ အရ အနည်းဆုံးလူ ၇၈ ဦးသေဆုံးပြီး ၇ဝ,ဝဝဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ ရကြောင်း၊ တရားမဝင် ခန့်မှန်းချက် အရ သေဆုံးသူ မှာယခုထက် မက များပြားသည် ဟုသိရကြောင်း ပြောကြားခဲ့ ပါသည်။
ပဋိပက္ခ နှင့် ပတ်သက်၍ တားဆီးသွားရန် နှင့်ပါဝင် သူများအား အရေးယူသွားရန် pillay မှ အစိုးရအား တိုက်တွန်းခဲ့ပြီး အစိုးရနှင့် လွတ်လပ်သော သတင်း မီဒီယာအချို့ နှင့် သတင်း Website အချို့တွင် ရိုဟင်ဂျာ အပေါ် နိမ့်ကျစွာ စကားအသုံး အနှုန်းများ သုံးနှုန်း ခဲ့သည်ကို သူမအနေဖြင့် လွန်စွာ အံ့သြ တုန်လှုပ်မိကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ၏ ဖိတ်ကြားချက် အရ UN စုံစမ်း စစ်ဆေးသူ  Toma Ojea Quintano သည် ဇူလိုင်လ ၃ဝ ရက်မှ သြဂုတ်လ ၄ ရက်နေ့အထိ လာရောက် ကြည့်ရှုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရခိုင်ဒေသ ရှိ အဖွဲ့အစည်း အားလုံးအနေဖြင့် ကင်တားနားကို လွတ်လပ် ပွင့်လင်းစွာ ပြောကြားနိုင် ရန်မှာ အရေးအကြီး ဆုံးဖြစ်ကြောင်း pillay  မှ ထောက်ပြ ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ခန့်မှန်း ၈ဝဝ,ဝဝဝ ခန့် နေထိုင်လျက် ရှိပြီး နိုင်ငံသား အများစုမှာ ၄င်းတို့ကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံ မှ တရား မ ဝင်လာရောက် နေထိုင်သူ များဟုမြင်ပြီး ရန်လိုသည့် အမြင်များ ရှိကာ အစိုးရ ကလည်း နိုင်ငံခြားသားများ အဖြစ် မှတ်ယူထား သည်ဟု ဖော်ပြထားပါသည်။
 --ရခိုင်ပြည်နယ် ရှိ တိုင်းရင်းသား ညီအစ်ကိုများ အနေနှင့် ကင်တားနား လာတဲ့အခါ အဖြစ်အပျက် ဓာတ်ပုံ/ဗွီဒီယို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ အဖြစ်မှန်ကို ကမ္ဘာသိအောင် ဖော်ထုတ် ပြသကြပါ ရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။
ကိုဇံ
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်