Tuesday, July 03, 2012

၃-၆-၂၀၁၂ ( ညနေပိုင်း )

Posted by drmyochit Tuesday, July 03, 2012, under | No comments

-   မြန်မာ့ဒီမိုကရေစီ ဖခင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မှ အကျဉ်းသား ၈၀ အား လွတ်ငြိမ်းချမ်းသာခွင့်ပေး ဖတ်ရန်
-   NLD ပါတီ ကိုယ်စားလှယ်များ အရည်အချင်းပြည့် မီရေး ဆောင်ရွက်နေ ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား ဖတ်ရန်
-   ကုလား - ရခိုင် အဓိကရုဏ်း ဖြစ်စဉ် အစအဆုံး (ဗွီဒီယို) ဖတ်ရန်
-   ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မ တက်မီ ကော့မှူးသွားမည် ဖတ်ရန်
-   ရခိုင်ပြည်နယ်တွင် ကျောင်းများ တစ်ပတ် အတွင်း ဖွင့်မည် ဖတ်ရန်
-   ၅၉ နှစ် ပြစ်ဒဏ်ချခံရသော ယုံကြည်ချက်အကျဉ်းသား ကိုအေးအောင် ကလေးထောင်မှ လွတ် ဖတ်ရန်
-   “သောက်ကျိုးနည်း Burma က မှန်သလား Myanmar က မှန်သလားတဲ့ ဗျာတို့ရေ” ဖတ်ရန်
-   ဥရောပခရီးစဉ် အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်း မြန်မာ ဗမာ အသုံးအပေါ် မှတ်ချက်ပေးပြောကြား ဖတ်ရန်
-   ရန်ကုန်နှင့် ဘီလူးချောင်း ဓာတ်အားပေးစက်ရုံ ပြုပြင်ရေး ဂျပန်ကူညီမည်  ဖတ်ရန်
-   ဆက်သွယ်ရေးကဏ္ဍအတွက် နိုင်ငံတကာ တင်ဒါများခေါ်ယူမည် ဖတ်ရန်
-   ဘင်္ဂလားဒေရှ် အကျဉ်းသား ၃၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြည်နှင်ဒဏ်ပေး  ဖတ်ရန်
-   မျက်နှာမအီ မသာဒေါ်စု သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ) ဖတ်ရန်
-   ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၉ ရက် လွှတ်တော်တက်မယ် ဖတ်ရန်
-   အိုင်တီနည်းပညာနှင့်ပတ်သက်သော အခက်အခဲများကို Call Center မှ ဖြေရှင်းပေးမည် ဖတ်ရန်
-   တရားမဝင်ခိုးဝင်မှု အရေးယူခဲ့ကြောင်း လူဝင်မှုဝန်ကြီးပြော ဖတ်ရန်
-   ဟောလီးဝုတ် ကမ္ဘာကျော် တရုတ် မင်းသား ဂျက်ကီချမ်း ဇူလိုင် ၅ ရက်နေ့ မန္တလေး လာမည် ဖတ်ရန်
-   အလှူဒါန လက်နှင့်မကွာ ရွှေစင်င်္ကြာ ဖတ်ရန်
-   နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြား ဖတ်ရန်
-   မျော်လင့်ချက် စိမ်းစိုစိုဖြင့် ဖတ်ရန်
-   အမျိုးသမီးများနေ့ အမျိုးသမီးများ ယာဉ် အခမဲ့ စီးခွင့်ပြု ဖတ်ရန်
-   မြန်မာလား၊ ဗမာလားနဲ့ တိုင်းရင်းသား ပြဿနာ ဖတ်ရန်
-   ဇူလိုင် လ (၃) ရက် နေ့ ၊ မြန်မာအမျိုးသမီးများနေ့ ဖတ်ရန်
-   ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ညီလာခံ(ရီယို+၂၀) ဒုတိယနေ့ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်မိန့်  ဖတ်ရန်
-   ပြည်ပမှတင်သွင်းလာသည့် အငှားယာဉ်များကို အခွန် သုံးရာခိုင်နှုန်းသာ ကောက်ခံတော့မည် ဖတ်ရန်


ပြန်လည်ဆယ်ယူတော့မည့် ဓမ္မစေတီခေါင်းလောင်းတော်ကြီးသမိုင်း

Posted by drmyochit Tuesday, July 03, 2012, under | No comments



ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူတောမည့် သတင်းများ ကြားရပြီးခေါင်းလောင်းကြီး၏ သမိုင်စုံကို မသိ့သေးသူများအတွက် မျှဝေလိုက်ပါသည်။

အထူးသံတမန်ကိုဖီအာနန်နှင့် ဆီးရီးယားအတိုက်အခံအဖွဲ့တို့သည် ရုရှားနိုင်ငံသို့ လာရောက်မည်ဟုဆို

Posted by Anonymous Tuesday, July 03, 2012, under | No comments


ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်အထူးသံတမန် ကိုဖီအာနန်နှင့် ဆီးရီးယားအတိုက်အခံကိုယ်စားလှယ် အဖွဲ့ ၂ ဖွဲ့တို့သည် ဇူလိုင်လအတွင်း ရုရှားနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံက ဇူလိုင်လ ၂ ရက် နေ့တွင် အတည်ပြု ပြောကြားခဲ့ပါသည်။ အာနန်သည် ရုရှားနိုင်ငံဘက်မှ ဖိတ်ကြားချက်အရ ဇူလိုင်လ လယ်တွင် လာရောက်နိုင်ဖွယ်ရှိကြောင်း၊ ဆီးရီးယားအတိုက်အခံ ခေါင်းဆောင်မီချေးကီလိုသည် ယခု ရက်သတ္တပတ် နှောင်းပိုင်းတွင် ရုရှားနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကြောင်းနှင့် အတိုက်အခံဆီးရီးယား အမျိုးသားကောင်စီ၏ အကြီးအကဲသစ် အဗ္ဗဒူဘာဆက်ဆီဒါသည် ဇူလိုင်လ ၁ဝ ရက်နေ့တွင် ရုရှားနိုင်ငံသို့ စတင်လာရောက် မည်ဖြစ်ကြောင်း ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မီးခေးလ်ဘိုဒါနော့ဗ်က ပြောကြားခဲ့ပါသည်။

မြောက်ကိုရီးယားနိုင်ငံက အာကာသအစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟုဆို

Posted by Anonymous Tuesday, July 03, 2012, under | No comments

မြောက်ကိုရီးယား နိုင်ငံသည် ငြိမ်းချမ်းသော ရည်ရွယ်ချက်များ အတွက် ၎င်း၏အာကာသ အစီအစဉ်များကို ဆက်လက် ဖော်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ကိုယ်ပိုင် ကာကွယ်ရေးအတွက် နျူကလီးယား ဟန့်တား နိုင်စွမ်းကို လည်းမြှင့်တင် သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန်နိုင်ငံက ၎င်းတို့အပေါ် ရန်လိုသော မူဝါဒတစ်ရပ် ဆက်လက်ချမှတ်ပြုမူ နေသည့် ကာလပတ်လုံး ကိုယ်ပိုင်ကာကွယ်ရေးအတွက် နျူကလီးယား ဟန့်တားရေးကိုမြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့်ငြိမ်းချမ်းသော ရည်ရွယ်ချက်များ အတွက်အာကာသဖွံ့ဖြိုး တိုးတက်မှုကိုလည်း တဖြည်းဖြည်း တွန်းအားပေး လုပ်ဆောင် သွားမည်ဖြစ်ကြောင်းမြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။

ပါကစ္စတန်နှင့် အမေရိကန်နိုင်ငံတို့သည် NATO ထောက်ပံ့ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်း

Posted by Anonymous Tuesday, July 03, 2012, under | No comments


ပါကစ္စတန်နှင့် အမေရိကန်နိုင်ငံတို့သည် အာဖဂန်နစ္စတန်နိုင်ငံရှိ NATO တပ်ဖွဲ့ဝင်များအတွက် ၆ လ ကြာပိတ်ဆို့ထားသည့် ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ် နိုင်ရေး အတွက် ဇူလိုင်လ ၂ ရက်နေ့တွင် ဆွေးနွေးခဲ့ကြောင်း၊ သို့ရာတွင် ထောက်ပံ့ရေးလမ်းကြောင်းများပြန်လည် ဖွင့်လှစ်ရေးနှင့်ပတ်သက်၍ အပြီးသတ်ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်နိုင်ခဲ့ခြင်းမရှိကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးရုံး ပြောရေးဆိုခွင့်ရှိသူ မိုဇန်ခမ်က ပြောကြားခဲ့ပါသည်။ 

အင်ဒိုနီးရှားနိုင်ငံသည် ဂျာမနီနိုင်ငံမှတင့်ကားများဝယ်ယူရန် ဆုံးဖြတ်ခဲ့ခြင်း

Posted by Anonymous Tuesday, July 03, 2012, under | No comments


အင်ဒိုနီးရှားနိုင်ငံသည် ဂျာမနီနိုင်ငံလုပ် Leopard  ပင်မတိုက်ပွဲဝင်တင့်ကားများ ဝယ်ယူသွားရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် နယ်သာလန်နိုင်ငံမှ အဆိုပါတင့်ကားများဝယ်ယူရေး အစိုးရ၏ ကနဦးအစီအစဉ်များ ကိုပယ်ဖျက်ခဲ့ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်နေ့တွင် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်ဟု သိရှိရပါသည်။ Leopard ပင်မ တိုက်ပွဲဝင်တင့်ကားများ ဝယ်ယူရေး အစီအစဉ်သည် ၂ဝ၁၂-၂ဝ၁၄ ကာလအတွက် ကြည်းတပ်အင်အားကို မြှင့်တင်ရေး အစိုးရ၏ မဟာဗျူဟာမြောက် စီမံကိန်းများအရ ဝယ်ယူခြင်းဖြစ်ကြောင်းနှင့် ခွဲဝေရရှိသောအသုံးစရိတ် အမေရိကန် ဒေါ်လာ သန်း ၂၈ဝ အား အဆိုပါတင့်ကားများ ဝယ်ယူရာတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း ဒုတိယ ကာကွယ်ရေးဝန်ကြီး ဂျက်ဖရီဂျန်ဆိုဒင်က ပြောကြားခဲ့ပါသည်။

ပထမဆုံးအနေဖြင့် ဂျာမနီနိုင်ငံမှတင့်ကား ၁၅ စီးအား ယခုနှစ် အောက်တိုဘာလတွင် လက်ခံရရှိလိမ့်မည်ဖြစ်ပြီး နောက်ထပ်အစီး ၁ဝဝ ကျော်အား ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ မတိုင်မီ တဖြည်းဖြည်းလွှဲပြောင်းလက်ခံ ရရှိမည်ဖြစ်ကြောင်း ၎င်းကပြောကြား ခဲ့ပါသည်။

ရန်စမှုများ ရပ်တန့်ရန် တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို တိုက်တွန်းပြောကြားခဲ့ခြင်း

Posted by Anonymous Tuesday, July 03, 2012, under | No comments

ဟောင်ယန်ကျွန်း ((Huangyan  Island) အငြင်းပွားမှုနှင့် ပတ်သက်၍ ရန်စသည့် သဘောသက်ရောက်သော ထင်မြင်ချက်များ ပေးခြင်းကိုရပ်တန့်ရန်နှင့် အခြေအနေကို ရှုပ်ထွေးစေခြင်းမှ ရှောင်ရှားရန် တရုတ်နိုင်ငံက ဇူလိုင်လ ၂ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံကို တိုက်တွန်းပြောကြားခဲ့ပါသည်။ ဟောင်ယန်ကျွန်းပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံ၏ အခိုင်အမာပြောကြားနေမှုသည် တရားဝင်ခိုင်လုံမှုမရှိဟု ဖိလစ်ပိုင် အထက်လွှတ်တော် ဥက္ကဋ္ဌ ဂျူယန်ပေါင်အန်ရေး၏ မကြာသေးမီက မှတ်ချက်ပြု ပြောကြားချက်ကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူဝေမင်းက ထိုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၉ ရက် လွှတ်တော်တက်မယ်

Posted by drmyochit Tuesday, July 03, 2012, under | No comments

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၉ ရက်နေ့မှာ လွှတ်တော် အစည်းအဝေးကို တက်ရောက် မှာဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ထုတ်ဖော် ပြောကြားပါတယ်။
ဇူလိုင် (၄) ရက်နေ့မှာ စတင်ကျင်းပမဲ့ လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးမှာ ခွင့် (၃) ရက် ယူထားပေမဲ့ ဒေါ်အောင်ဆန်း စုကြည် ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း NLD ပြောခွင့် ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။" လွှတ်တော်ကို ၉ ရက်နေ့တက် မယ်လေ။ ၄ ရက်၊ ၅ ရက်၊ ၆ ရက်ကိုတော့ ခွင့်တင်ထားပါတယ်"ဒီအတော အတွင်း ပြီးခဲ့တဲ့လက သွားရောက်ခဲ့တဲ့ ဥရောပခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ရှိကြောင်းလည်း သိရပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ Burma နဲ့ မြန်မာအသုံးအနှုန်း ကိစ္စအပြင် လွှတ်တော်ဆိုင်ရာ တာဝန်တွေ၊ NLD ရဲ့ တာဝန်ပေးအပ်မှုတွေကို အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို မယ်လို့ သိရပါတယ်။  

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်