Wednesday, December 19, 2012

အဖေနဲ့ သမီးပြန်ယူပြီး ကိုယ်ဝန်ဆောင်

Posted by drmyochit Wednesday, December 19, 2012, under | 4 comments


လွတ်လပ်သော လူ့အခွင့် အရေးပြည့်ဝစွာ ရရှိတယ် ဆိုသော အတိုက် အခံတို့ အများ အားကျ အတုယူ ပြောနေ ကြ သည့် အနောက်နိုင်ငံတွင် အဖေနဲ့သမီးပြန်ယူ၍ လူ့အခွင့်အရေးကို အပြည့်အ၀ အသုံးချ နေကြ သည်။

အဖေကြောင့် ရသော ကိုယ်ဝန်ကို လူသိရှင်ကြား ကြေညာ၍ လူ့အခွင့်အရေးဆိုတာ ဘာလဲကို ပြနေကြ သည်။ ထိုကဲ့သို့ အရှက်မရှိ သတင်းကိုလည်း မီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြ၍ မီဒီယာ လွတ်လပ်ခွင့် ဆိုတာ ဘယ်လိုပါဟု ဖော်ပြနေကြသည်။

သမီးကို မယားလုပ်၍ ရလာသောကလေးကို ဘယ်လိုဆွေမျိုးစပ်မည်နည်း။ သူ၏ သားသမီးလား။ မြေးလား။ သမီးအတွက်လည်း ယောင်္ကျားကလည်း ဒီလူ အဖေကလည်း ဒီလူ။ ဘယ်လိုဘယ်ပုံ ဆွေမျိုးစပ် မည်နည်း။ ထိုမိန်းကလေး၏ အမေနှင့် အစ်ကိုတွေကရော ဘယ်လို ဆွေမျိုးစပ်ကြမည်နည်း။

အဖေနဲ့ သမီးပြန်ယူပြီး ကိုယ်ဝန်ဆောင်တာလူ့အခွင့်အရေးလား?

အရက်မူး၍ သမီးမှားမသိလို့ ကျူးလွန်သည့် ဖြစ်ရပ်တွေသာ ကြားဖူးသည်။ ထိုကဲ့သို့ အဖေနဲ့သမီး သိပါ လျှက်နှင့် ကျူးကျူးလွန်လွန် ဖြစ်ကြ အကြင်မယား အဖြစ်နေကြသည်ကို မကြားဖူးသေး။ လူ့ယဉ်ကျေး အသိုင်းအ၀ိုင်းတွင် မကြုံဖူး မမြင်ဖူးသေး။ သို့သော် ထိုကဲ့သို့ ဖြစ်ရပ်မျိုးကို ယဉ်ကျေးပါ သည်ဆိုသော လူ့အခွင့် အရေးအပြည့်ရသည်ဆိုသော အတိုက်အခံတို့၏ အဆိုအရ အနောက်နိုင်ငံ များတွင် တကယ်ဖြစ် နေသည်။

အဖေနှင့်သမီး ပြန်ယူနေသည်။ မြန်မာပြည်တွင်လည်း ဒီမိုကရေစီလမ်းစဉ် ကိုလျှောက်လှမ်း တာ မကြာ သေး။ လူ့အခွင့်အရေး လွတ်လပ်ခွင့်ဆိုပြီး ဖော်ချွတ်ပြနေကြ၊ ယောက်ကျားနဲ့ မိန်းမ အိပ်တာကို လူသိရှင် ကြား သီချင်းလုပ်ဆိုနေကြသည်။ အနောက်နိုင်ငံ၏ အရှက်တရားကင်းမဲ့မှု အဖော်အချွတ်များကို အတုယူ နေကြသည်။

မြန်မာပြည်၏ ဒီမိုကရေလမ်းစဉ်သည် ထိုသို့မဟုတ်။ ဒီမိုကရေ စနစ်စတင် ဖော်ဆောင်ကတည်းက ရည်ရွယ် ချက်သည် "စည်းကမ်းပြည့်ဝသော" ဒီမိုကရေ စနစ်ဆိုပြီး ဒီမိုကရေစီ ရှေ့တွင် စည်းကမ်း တကျ ရှိမှုကို ထည့်သွင်းထားသည်။

စည်းမရှိကမ်းမရှိ ဒီမိုကရေစီမဟုတ်။ ယခုလို ဆင်ဆာတွေ ကင်းလွတ်ပေး၊ မီဒီယာတွေ လွတ်လပ်ခွင့် ပေးထားခြင်းသည်လည်း အရှက်တရား မရှိ ဖော်ချွတ်ပြသဖို့ မဟုတ်။ ဒါကို မြန်မာမိန်းကလေးတွေ သတိချပ် မိဖို့လိုသည်။

ဆိုချင်သည်မှာ အနောက်နိုင်ငံများတွင် အဖေကို အဖေမှန်းမသိ သမီးကို သမီးမှန်းမသိ ထိုကဲ့သို့ ပြုမူ နေထိုင် နေကြသည်။

ထိုသို့ နေထိုင်ခြင်းကို လူ့အခွင့်အရေး ဒီမိုကရေစီဟုဆိုကာ မီဒီယာ စာမျက်နှာ ထက်တွင် ဖော်ပြ နေကြသည်။ မြန်မာလူမျိုးတို့ အနေနဲ့ ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို အတုမယူသင့်။ ထိုအရာသည် လူ့အခွင့် အရေးမဟုတ်။

မိမိတို့ယဉ်ကျေးမှု ၊ မိမိတို့ လူမှုဘ၀နှင့် ကိုက်ညီသော "စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ" လမ်းစဉ် ပေါ်တွင် လက်ရှိအစိုးမှ ဦးဆောင်လျှောက်လှမ်းနေချိန်တွင် မြန်မာပြည်သူ များလည်း စည်းကမ်းတကျ ပြုမူနေ ထိုင်၍ လိုက်ပါသင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။





4 comments:

ဒီ အရေးသားဟာ လုံးဝ ကိုကောင်းတဲ့အရေးအသားတစ်ခုပါ ဘာကြောင့်လည်းဆိုတော့ မြန်မာ နိုင်ငံမှာရှိနေကြတဲ့လူတွေက စာတက်မြောက်မှုက အင်မတန် ကိုနည်းပါတယ် ဘွဲ့ရပညာတက်တွေပေါတယ် ပေါတယ် နဲ့ လက်ကြောတင်းတယ်လို့မရှိကြပါဘူး အားရင် အရက်သောက်မယ် အမျိုးကောင်းသမီးတွေကို လိုက်နှေက်ယှက်မယ် ပျော်ပွဲရွှင်ပွဲတွေ ရှာမယ် အဲဒီလိုပဲအချိန်ကုန်နေကြတာ..သူများတွေအော် ရင်လိုက်အော်မယ် အကြောင်းရင်းကိုလည်းတိတိကျကျ မသိဘူး ........အ.ကြောင်းရင်းကိုတော့ မသိရင်နေပါ အရှေ့ကအော်တဲ့လူက ဘယ်နေရာမှသုံးစားလို့ရတဲ့ကောင်ဖြစ်နေရင် ကဲပါ နောက်လိုက်ကောင်းဖြစ်ချင်နေကြတဲ့သူငယ်ချင်းများအတွက်ပါ

အဖေကသမီးကိုပြန်ယူတယ်ဆိုတဲ့ဆိုတာခွေးတွေရဲ့ လုပ်ရပ်ပါ
လူအသိုင်းအဝိုင်းမှာနေရင်လူကျင့်ဝတ်ကိုလိုက်နာရပါမယ်
လူအသိုင်းအဝိုင်းမှာနေပြီးခွေးကျင့်ဝတ်ကိုယူရင်ခွေးနဲ့ ပဲနေသင့်ပါတယ်

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်